မြန်မာဂဇက်အယ်ဒီတာ့သင်ပုန်း – ၂၀၂၂ ဖေဖော်ဝါရီ“Sino-Russian မဟာမိတ်”လွန်ခဲ့သောနှစ်ငါးဆယ်၏ဖေဖော်ဝါရီလ ၂၁က သမ္မတရစ်ချက်နစ်ဆင်သည် ချိုင်းနားပြည်သို့ဆိုက်ရောက်သွားပြီးချူအင်လိုင်း၊မော်စီတုံးတို့နှင့်တွေ့ဆုံခဲ့သည်။ စစ်အေးခေတ်၏အကြီးဆုံးပြိုင်ဖက်ရုရှားနှင့်ချိုင်းနားကြား သူတို့ချင်းဝေးကွာအောင်ပြုနိုင်ခဲ့၏။ ယခုမူကားပြောင်းပြန်။ ဆောင်းအိုလံပစ်ဖွင့်ပွဲဖေဖော်ဝါရီ၄ရက်နေ့က သမ္မတရှီနှင့်သမ္မတပူတင်တို့ကိုယှဥ်တွဲလျှက်တွေ့ကြရ၏။ ယိုင်နဲ့သွားသော အမေရိကား၏စူပါပါဝါကို ဖိနင်းရင်း ကမ္ဘာသစ်အတွက် နိုင်ငံပါဝါစဥ်စာရင်းသစ်ပြုစုရန်အသင့်ပြင်လာနေကြပုံဖြစ်ပါသည်။ရုရှားသည် ဒုကမ္ဘာစစ်ပြီးခေတ်တွင် အမေရိကား၏အဓိကပြိုင်ဖက်ဖြစ်ပြီး စစ်အေးခေတ်တလျှောက် ၁၉၄၅-၉၁လုံးတွင် ကြီးစွာခြိမ်းခြောက်နိုင်ခဲ့သူဖြစ်၏။ ၁၉၈၉ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် စစ်အေးနေရာတွင် အစွန်းရောက်ဘာသာရေးအခြေပြုအရှေ့အလယ်ပိုင်းအာရပ်နိုင်ငံများ၏ စစ်ပူတို့ဖြည့်ဝင်လာသည်။ အီရတ်စစ်၊အာဖဂန်စစ်၊အာရပ်ရုန်းကန်မှုများနှင့်ဆီးရီးယားစစ်ပွဲတို့နောက် အိုင်းစစ်၏ထိပ်တန်းခေါင်းဆောင် ကေးလက်ဖ်၂ဦးလုပ်ကြံခဲ့ရပါသည်။ အာဖဂန်နစ္စတန်သို့ဝင်ရောက်ထားမှုကို အစိမ်းဖြတ်,ဖြတ်ကာ အမေရိကန်တို့ထွက်ခဲ့ချိန်ဝယ် အရှေ့တွင် နဂါးကြီးမှာအမောက်ထောင်ထ ရုပ်လုံးကြွနေပါပြီ။ “အနောက်ဆင်း၍အရှေ့တက်”အနောက်နိုင်ငံတို့၏အဓိကနိုင်ငံရေးအယူအဆ လွတ်လပ်ကမ္ဘာနှင့်ဒီမိုကရေစီမှာ မြန်မာ၊လစ်ဗျား၊ယီမင်၊အီသီယိုးပီးယား၊အဇာဘိုင်ဂျန် စသည့်ကမ္ဘာအနှံ့နိုင်ငံများသာမက အမေရိကပြည်တွင်း၌ပင် ကြီးစွာခြိမ်းခြောက်ခံထားရကား တသွေးတသံတမိန့်ဆန်သည့် အော့တိုကရေစီတို့ခေတ်နှင့်အတွေးအခေါ်တို့တင်လာသည်မှာ မှားသည်ဟုမဆိုနိုင်ရာ။ အိန္ဒိယ၏ဒီမိုကရေစီမှာလည်း ဝန်ကြီးချုပ်မိုဒီ၏အမျိုးသားရေးအကြောင်းပြတင်းကြပ်မှုများကြောင့် ၂၀၂၁အတွင်းအဆင့်တခုချခံလိုက်ရသည်။ ကမ္ဘာ့နိုင်ငံရေးတို့သည် အော့တိုခရေစီသို့ဦးတည်နေသည်မြင်ရမည်။လွတ်လပ်ကမ္ဘာခေါင်းဆောင်အမေရိကားတွင် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကိုပစ်ပယ်ပြီး အာဏာကိုအကြမ်းနည်းနှင့်သိမ်းရန်အထိ ပြင်ဆင်မှုများဖြစ်ခဲ့သည်။ ရုန်းကန်မှုများအတွင်း […]