မြန်မာတွင် နရသီဟပတေ့(၁၂၃၈-၁၂၈၇)ခေါ် တရုတ်(မွန်ဂို)ပြေးမင်းလက်ထက်မှစခဲ့သော သင်္ကြန်၏ရိုးရာဓလေ့များမှာ သက်တမ်းနှစ်၈၀၀ခန့်ရှိပြီဖြစ်၍ သင်္ကြန်သည်အမျိုးသားရေးမာန် လက္ခဏာဆောင်သည်။သိကြားမင်းသည် တနှစ်တခါသင်္ကြန်တွင်း လူ့ပြည်ဆင်းသည်။ သာဝတိံ၏တရက်သည်လူ့ပြည်နှစ်၁၀၀ဖြစ်ရကား တနှစ်တခါဆိုလျှင် နတ်ပြည်၁၄.၄မိနစ်တခါ ဆင်းနေရမည့်သဘောသက်ရောက်ငြား သင်္ကြန်၏ သြဇာ အလှနှင့်ဓလေ့ကို ရိုးရာဟုသာမှတ်၍ ရှေ့သို့ဆက် နှစ်ကူးပြောင်းလိုက်ကြရန်သာဖြစ်ပါ၏။ တနှစ်တာအတွက် မကောင်းသူများကိုခွေးသားရေ၊ ကောင်းသူကိုရွှေပေနှင့်မှတ်တမ်းတင်သည်ဆိုပါစို့။“မီဒီယာ၊ဆယ်လဘ်နှင့်သြဇာရှင်”ယခင်လိုပေရွက်စာအုပ်မလို ကလောင်ကညစ် အဆစ်ဆောင်ရန်မလို လက်ကိုင်ဖုံး၊ ကွန်ပြူတာနှင့် တက်ဘလက်သင်ပုန်းတို့ဖြင့် လိုရာဆွဲခြစ် မှတ်တမ်းတင်နိုင်သောခေတ်ရောက်နေပါပြီ။ ဓာတ်ပုံ အသံတင်မက ဗီဒီယိုပါကျန်ရစ်အောင်ထားပစ်နိုင်သည်။ သိကြားမင်းဖြစ်ရန်မလို လူတိုင်း နည်းပညာစွမ်းအားဖြင့် မိုင်သောင်းချီဂွင်အတွင်း ကမ္ဘာအနှံ့ ဖြစ်ပျက်အချက်အလက်တို့ကို အချိန်တပြေးညီ မှတ်တမ်းတင် သိမ်းဆည်းနိုင်သည်။မီဒီယာ၏အလုပ်မှာ ကောင်းဆိုးမဟူ အဖြစ်အပျက်ကို မူလအချက်အလက်ယူ မှတ်တမ်းတင်ရန်ဖြစ်သည်။ ကြားခံသူဖြစ်သဖြင့် သက်တမ်းကြာသည်နှင့်အမျှ ချိတ်ဆက်ပေးနိုင်မှု နယ်ပယ်ကျယ်သည်။ ထိုလက်လှမ်းမှီမှုကြောင့် မီဒီယာကိုသုံးကာ အပြန်အလှန်မိတ်ဆက်အကျိုးရှိသည်တို့လုပ်နိုင်သည်။ သက်တမ်းကြာရပ်တည်နိုင်ခြင်းတွင် စိတ်ချယုံကြည်ခြင်းအစမ်းအသပ်ခံပြီးသဘောရှိသဖြင့် များစွာသော […]