kaiJuly 10, 20247min14470
“CARE Community Briefing: 2023 Annual Hate Crime Report”– by SweSwe Aye CARE Community ကကျင်းပသော 2023 Annual Hate Crime Report နှင့်ပတ်သက်သော ဆွေးနွေးပွဲကို ၂၀၂၄၊ ဇူလိုင်၉က ကျင်းပခဲ့သည်။ CARE ဆိုသည်မှာ Department of Justice (DOJ)- Office of the Attorney General တို့ပါဝင်သည့် Community Awareness, Response and Engagement (CARE) State of California ဖြစ်သည်။ CA Civil Rights Department မှ CA vs. Hate program […]


kaiJune 25, 20242min4080
အမေရိကသမ္မတ၏ပေါ်လစီသည် တကမ္ဘာလုံး၏ နိုင်ငံရေးစီးပွားရေးလူမှုရေး စစ်ရေးများသို့ သိသာစွာသက်ရောက်နိုင်ပါသည်။ သမ္မတဖျက်လျှင် ကမ္ဘာပျက်ပါလိမ့်။ တနည်းအားဖြင့် အမေရိကား၏သမ္မတရွေးပွဲသည် ကမ္ဘာ့သမ္မတရွေးပွဲဟုပင်ဆိုနိုင်သည် တမုံ့။ “မိရိုးဖလာ ကွန်ဆာ့ဗေးတစ်မြန်မာတွေ” မြန်မာနိုင်ငံမှ အမေရိကားသို့ပြောင်းရွေ့အခြေချလာသူတို့မှာပြည်သူပိုင်သိမ်း၊ မြန်မာ့ရှယ်လစ်ပါတီလမ်းစဉ်ပါတီ၏ ပေါ်လစီများ ၊ လူမျိုးရေးအဓိကရုန်း၊ ဦးသန့်၊ အလုပ် သမား၊ ၁၉၈၈ အရေးတော်ပုံနှင့် ၂၀၀၇ သင်္ကန်းရောင်တော်လှန်ရေး စသည်တို့ကြောင့် မိခင်နိုင်ငံမှ ထွက်ခွာ၍ ရောက်ရှိလာသူအများစုဖြစ်ပေရာ ဆိုရှယ်လစ်၊ အစိုးရထိန်းချုပ်မှုများခြင်း၊ အာဏာရှင် စသည်များကို မကြိုက်မနှစ်သက်သူအများစုပါ။ သို့နှင့် သဘာဝအလျှောက် ညာ/ ရှေးရိုးစွဲများဖြစ်ကြ၏။ကမ္ဘာ၏ ခေတ်အခြေအနေမှာမူ ပြောင်းပြန်ဖြစ်သည်။ နောက်ပိုင်းမျိုးဆက် (Millenials, Gen Z-er )များသည် မိရိုးဖလာဘာသာရေး၏အစွဲမရှိ ဘာသာမဲ့များလာသည်ဟု Pew ဆန်းစစ်ချက်များကပြဆိုသည်။ အထူးသဖြင့် ဥရောပနှင့် ဖွံ့ဖြိုးတိုးတက်လာသော အရှေ့အာရှနိုင်ငံများသည် စံချိန်တင်ဘာသာမဲ့များဖြစ်လာနေကြသည်။ […]


kaiJune 24, 20245min4250
ယခုလမှာတော့ Activism လုပ်ငန်းအတွက် အထူးအရေးပါတဲ့ recording ၊ တနည်းအားဖြင့် မှတ်တမ်းတင်ခြင်းအကြောင်း တင်ပြရင်း အင်္ဂလိပ်စာ လေ့လာကြပါစို့။ recording လုပ်တယ်ဆိုတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ တိမ်မယောင်နဲ့ နက်ရှိုင်းလှပါတယ်။ recording လုပ်လိုသူတိုင်း သိထားအပ်တဲ့ လိုက်နာကျင့်သုံးအပ်တဲ့ expressions လေးများကို ဦးစွာဖော်ပြပေးလိုပါတယ်။ ပထမဆုံး ဝေါဟာရလေးကတော့ information ပါ။ information က အရေးကြီးပါတယ်။ ပညာရှင်တယောက်က information is power လို့ ဆိုဘူးပါတယ်။ မှန်ပါတယ်။information က သိပ်ကို အရေးကြီးတဲ့အတွက် မြန်မာစစ်အစိုးရကဆိုရင် disinformation အကြီးအကျယ် လုပ်လေ့ရှိပါတယ်။ ဗြောင် မလိမ်နိုင်ရင်တောင် အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားလေ့ရှိပါတယ်။ တိုင်းသူပြည်သားတွေကို အမှောင်တွင်းမှာ ထားခဲ့ပါတယ်။ အတိတ်က အောင်မြင်ခဲ့သော်လည်း […]


kaiJune 18, 20244min6160
Haitian Flag Day (ဟေရှန်အလံနေ့) – by SweSwe Aye Leimert Park, Los Angeles- မေလ ၁၈ရက်နေ့ နံနက်တွင် Los Angeles နေရာအသီးသီးမှ လူများသည်  Haitian Flag Day ကို ဂုဏ်ပြုရန်အတွက် People’s Plaza တွင် စုရုံးခဲ့ကြသည်။ ထိုလူအုပ်စုတွေထဲမှာ Caribbean ရွှေ့ပြောင်းနေထိုင်သူ လူမည်းများ၊ အာဖရိက လူမည်းများ၊ အရှေ့အလယ်ပိုင်းမှအခြေချနေထိုင်သူများနှင့် အာရှသားများ ပါဝင်ခဲ့သည်။ ဟေရှန်အလံအပါအဝင် နိုင်ငံအသီးသီး၏အလံအမျိုးမျိုးကို ထင်ရှားစွာပြသခဲ့ပြီး မတူကွဲပြားပြီး တက်ကြွသောအသိုင်းအဝိုင်းကို မီးမောင်းထိုးပြခဲ့သည်။ Global Urban Cultural Community မှစီစဉ်သော Haitian အလံနေ့အခမ်းအနားသည် ဟေတီတော်လှန်ရေး၏သမိုင်းဝင်အဓိပါယ်ကို အလေးအနက်ပြုကာ လူမည်းလွတ်မြောက်ရေး၏ ခွန်အားကြီးသော သင်္ကတတစ်ခုအဖြစ် […]

Moorefield-S1-09-1280x853.jpg

kaiJune 7, 202416min6350
“West Virginia ရှိအန္တရာယ်အများဆုံးအလုပ်နေရာများထဲမှတစ်ခုဖြစ်တဲ့ အသားစက်ရုံကြီးဟာ ဆယ်စုနှစ်ပေါင်းများစွာမှာ ရွှေ့ပြောင်းနေထိုင်သူအလုပ်သမားတို့ရဲ့လုပ်အားကနေ အမြတ်ထုတ်ခဲ့သည်။” – by Allen Siegler MOOREFIELD( မိုးဖီး)— ၂၀၂၀ခုနှစ်၏ မိုးရွာထားသောနေ့လယ်ခင်းတခုမှာဖြစ်သည်။ အနောက်ဗာဂျီးနီးယား(West Virginia)ကြက်သားစက်ရုံသည် ညစ်ပေလျက်ရှိသည်။ သားသတ်ရုံမှာ ချွန်မြသောသံချိတ်များ၊ အရိုးဖယ်အသားထွင်သောလွှများနှင့် ကုန်ပစ္စည်းများကိုတင်ပြီး သယ်ပို့သည့် ရွေ့လျားစက်များရှိသည်။ သီတင်းပတ်တိုင်းမှာ ကြက်အကောင်ရေသန်းချီသတ်ရသော သားသတ်စက်သည် တိရစ္ဆာန်တို့မှထွက်သောအညစ်အကြေး၊သွေး၊ ဇီဝအကြွင်းအကျန်တို့ဖြင့် တောက်လျှောက်ပေကျံ နေလျက်ရှိသည်။  ထိုနေ့မှာ Hardy County ၏ အကြီးဆုံးအလုပ်ရှင်ပိုင်ဆိုင်သော အသားစက်ရုံမှ စက်များကို သန့်ရှင်းရေးအလုပ်သမားများက ဆေးကြောသန့်ရှင်းရေးပြုလုပ်နေကြသည်။ ထိုသန့်ရှင်းရေးအလုပ်သမားအများစုမှာ ဟစ်စပန်းနစ်(Hispanic)များဖြစ်ကြပြီး ၎င်းတို့ထဲမှာ လူအများမှာ အမေရိကားသို့ရွှေ့ပြောင်းအခြေချလာသူများဖြစ်ကြသည်။  .ပေါ်တူရီကန်လူမျိုး (Puerto Rican)အမျိုးသားတစ်ဦးသည် မထင်မှတ်ဘဲ လည်ပတ်လျက်ရှိသော ကုန်ပစ္စည်းများကိုတင်ပြီး သယ်ပို့သည့် ရွေ့လျားစက်ကို သန့်ရှင်းရန် ဒူးထောက်လျက်ရှိသည်။   […]

MyanmarGazette-May-2024-17-1280x2001.jpg

kaiMay 23, 20242min20680
“မြန်မာဂဇက် မေ/ဇွန်၂၀၂၄ ထွက်နေပါပြီ” (မြန်မာများအတွက် … မြန်မာ့ဂဇက်)✔ Los Angeles က Azusa ရွှေတိဂုံစေတီတော်၁၁ကြိမ်မြောက်ဘုရားပွဲမျက်နှာဖုံးသတင်း။✔ မြန်မာမွတ်စလင်လူမှုအဖွဲ့အစည်းဖြစ်တဲ့ Burmese Welfare Association ရဲ့ ၂၅ကြိမ်မြောက်Annual EID ထွက်ပွဲတော်အခမ်းအနားနဲ့ အသင်းရဲ့နာရေးကူညီမှုစကားမျက်နှာဖုံးသတင်း။✔ Burmese Christian Church Los Angeles ရဲ့ မိခင်များနေ့အခမ်းအနားမျက်နှာဖုံးသတင်း။✔ Fremont to Freedom of Myanmar ကစီစဉ်ရဲ့ သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရန်ပုံငွေရုပ်ရှင်ပွဲ✔ BACC, San Jose ရဲ့ မိခင်များနေ့အခမ်းအနား။✔ New York City မှာကျင်းပခဲ့တဲ့ MAHAA ကစီစဉ်တဲ့ အေးချမ်းမေနဲ့ခင်ဘုဏ်းရဲ့ Two ladies show ရန်ပုံငွေအခမ်းအနား။✔ မျိုးသန့်ထွန်းစစ်ကိုင်းရဲ့ ဝန်ကြီးချုပ်ဦးနုနဲ့ သူု့ဆောင်ရွက်ချက်။✔ Parami […]


kaiMay 23, 20243min6620
Seeing is believingဟု ပရက်စလေသီချင်းလုပ်ဆိုခဲ့သည်။မြန်မာတို့ကမူ ရူပါရုံ၊သဒ္ဒါရုံ၊ဂန္ဓာရုံ၊ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံငါးပါးကို စိတ်ဟုခေါ်သော ဓမ္မာရုံဖြင့် ဆုံးဖြတ်သိတတ်စေသည်ဟူ၏။ နားလည်လွယ်အောင်ဆိုရလျှင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တို့မှ အာရုံခံအနေဖြင့် သတင်းပေးပို့ခြင်းကို ဦးနှောက်မှ ဘာ/ဘယ်ဟုဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။လူ့ခန္ဓာ၏ သတင်းပို့/အမိန့်ပေးလမ်းကြောင်းများသည် နှူရွန်ခေါ်လျှပ်စီးဓာတ်နှင့် ဓာတုအချက်ပြချက်တို့ဖြစ်သည်။ လူ့ဦးနှောက်သည် ၁၂-၂၅ဝပ်မျှ LEDမီးလုံးတလုံးမီးထွန်းစာမျှသော စွမ်းအင်ကိုထုတ်သုံးကာ အမိန့်ပေးမောင်းနှင် လူရှင်သန်နေခြင်းဖြစ်ပါသည်။ အစိုးရတို့၏ ဥပဒေတို့အလိုအရ ဦးနှောက်သေပါလျှင် လူသေသည်ဟု တရားဝင်ဆုံးဖြတ်ကြလေ၏။ တနည်းအားဖြင့် ဦးနှောက်(ဝါ) ဓမ္မာရုံသည် လူ့အသက်ဖြစ်သည်။ “ခေတ်ယောင်၏ အစ” Apple Vision Pro (ဓာတ်မျက်မှန်)ကိုအမေရိကားအတွက်သာဟူ၍ ဖေဖော်ဝါရီ ၂ ၂၀၂၄ မှစထုတ်ဝေဖြန့်ချိခဲ့သည်။ကင်မရာ ၁၂လုံး၊ မိုက်ခရိုဖုံး ၆လုံးပါ ပထမမျိုးဆက် Gen 1 ဖြစ်ပါသည်။ […]


kaiMay 23, 20241min4530
နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ရင်း အင်္ဂလိပ်စာသင်ကြားကြပါစို့ (၅) ယခုလမှာ activism လုပ်ငန်းတွေ အောင်မြင်ဖို့ အထူးအရေးကြီးတဲ့ communication အကြောင်းကို ဖေါ်ပြလိုပါတယ်။ Activism ဆိုတာ တကယ်တော့ လူထုရဲ့နှလုံးသားအတွက် တိုက်ပွဲဝင်နေတာပါ။ မိန်းခလေးတယောက်ရဲ့ နှလုံးသားကို ပိုင်ဆိုင်လိုသူတယောက်ဟာ ရုပ်ချောရုံနဲ့၊ အလုပ်ကြိုးစားရုံနဲ့ မလုံလောက်သေးပါ။ အပြောကောင်းဖို့ လိုပါတယ်။အလားတူပါဘဲ။ Activism လုပ်ငန်း အောင်မြင်ရေးအတွက် စွမ်းဆောင်ရုံနဲ့၊ ကြိုးစားရုံနဲ့ မလုံလောက်သေးပါ။ မိမိရဲ့ စွမ်းဆောင်ချက်များကို အများက မြင်လာအောင်၊ သိလာအောင် communicate လုပ်ပေးနိုင်မှ ထောက်ခံလိုသူများ၊ အားပေးလိုသူများ သိသိသာသာ များလာပြီး အောင်မြင်လာမှာ ဖြစ်ပါတယ်။ communication အောင်မြင်ဖို့ ပထမဆုံးလိုအပ်မှုက clarity ပါ။Clarity in communication is the ability […]


kaiMay 22, 20244min10520
” Asian American, Native Hawaiian and Pacific Islander Heritage Month” by SweSwe Aye ၁၉၇၈ခုနှစ်က US Congress တွင် Asian/Pacific American Heritage Week အတွက် Resolution ကို သမ္မတ Jimmy Carter က လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့ပြီး ၁၉၉၂ခုနှစ်မှ စတင်ပြီး နှစ်စဉ်မေလကို Asian American, Native Hawaiian and Pacific Islander Heritage Month အဖြစ် United States တွင်သတ်မှတ်ထားခဲ့သည်။ Asian American Pacific Islander Month ဟူသောအမည်မှ ” Asian American, Native […]


kaiMay 16, 20245min15550
မြန်မာအမေရိကန်ဒုတိယမျိုးဆက် panelists ၁၀ဦးပါဝင်သော ” 2nd Generation Burman American Empowering the Burmese Community” – စွမ်းအားမြှင့်တင်မည် မြန်မာကွန်မြူနတီ” ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄၊ဧပြီ၇က Langley Center, Monterey Park, California တွင်ကျင်းပခဲ့သည်။ United States တွင်မွေးဖွားသော အထက်တန်းကျောင်းသားကျောင်းသူများဖြစ်ကြသည့် KaiTamsin Bwor, Kathy Arfa Htwe, Sandy Htwe, Rebecca Liu, Nora Maung, Minrama Naing, Asiah Thazin Silva, Christina Tun, ThaingahMoun Win နှင့် အလယ်တန်းကျောင်းသားကျောင်းသူများဖြစ်ကြသော Joyce Lahpai နှင့် David Gampung […]


kaiMay 13, 20241min5250
“ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး “တဲ့..။ မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုတာကို.. ‌ရှင်းပြတဲ့.. စကားပုံပါ..။ တကယ်က.. မှားပါတယ်..။ “butterfly effect,” အရ… ကမ္ဘာ့ဘယ်နေရာမှာမဆို.. ဖြစ်ပျက်လှုပ်ရှားနေတာအားလုံးက.. အဆက်အစပ်ရှိပါတယ်..။ ရန်ကုန်ဗန္ဒုလပန်းခြံထဲ.. လိပ်ပြာအတောင်ခတ်တာ.. အမေရိက.. ဖလော်ရီဒါမှာ.. မုန်တိုင်းဝင်လာနိုင်တာမျိုး.. ဤဒွန္ဒယာလောကပါ..။ ဆိုတော့… အခုနောက်တဆင့်ထပ်မြင့်သွားပါပြီ..။ နေမင်းကြီးမှာ.. မုန်တိုင်းဆင်တာ.. ကမ္ဘာမှာ.. အော်ရိုရာ.. အလင်းမျှင်တွေ.. ပြန့်ပွားထွက်လာတာမျိုးတဲ့..။ ထောင်လိုက်.. ကန့်လန့်ကာ(curtains ) လို.. လှိုင်းတွန့်… ရွေ့လျှားနေတာမို့.. အလင်းမျှင်တို့ရဲ့.. ကန့်လန့်ကာလို့.. အနုပညာဆန်ဆန်လေး.. ခေါ်ပါ့ မယ်..။ နေမင်းမှာ.. မီးလျှံတွေဟုန်းဟုန်းထ… မီးမုန်တိုင်းဘာကြောင့်ဆင်တယ်.. သေခြားမသိရပေမယ့်.. အဲဒီမုန်တိုင်းအရှိန်ကြောင့်.. နေမင်းအလင်းမှုန်တွေက. ကမ္ဘာကို.. တနာရီမိုင်သန်းချီနှုန်းနဲ့.. လာရိုက်ခတ်..။ ကမ္ဘာရဲ့.. သံလိုက်လှိုင်းက.. တုံ့ပြန်တာမှာ.. ကမ္ဘာ့လေထုထဲက.. […]