MyitthaNovember 20, 20115min1142
ရန်ကုန်မြို့ တရုပ်တန်းရပ်ကွက်  စဥ့်အိုးတန်း အောက်လမ်း နဲ့ကမ်းနား လမ်း ထိတ်ရှိ  ခိန့်ဟုတ်ဗုဒ်ဓဘာသာ ဘုရားကျောင်းတွင်၊ မကြာခင် ရက်ပိုင်းကပင် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယင်းအခမ်းအနားက ဓာတ်ပုံများကို မန်းတလေးဂေဇက် ရွာသူရွာသား များ ရှုစားနိုင်ရန်တင်လိုက်တာပါ ပုံအကြီး ကြည့်ချင်ရင် ပုံများကို “ကလစ်” ကစား ပါ၊    ပဌမတွင် ပုံသေးသွားပြီး နောက်ထပ် ကလစ်လုပ်ရင် ပုံအကြီးကြီးထွက်လာမယ်             Email တခုမှ


ေအမီNovember 10, 20111min33232
အေမီ သဘောကျမိတဲ့ စာလေးကို ပြန်ရှဲ လိုက်တာပါ။ အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ နေရာယူထားသူ တစ်ယောက်ဟာ အထက်လူကြီး အဆင့်လား၊ ခေါင်းဆောင်လား ဆိုတာ အမေရိကန်ပြည်ဖွား ဗြိတိသျှ Selfridges Departmental Stores များတည်ထောင်သူ Gorden Selfridge ပြောပြတဲ့ အောက်ပါ အချက်တွေနဲ့ ချိန်ထိုးခွဲခြားလို့ရပါတယ်။ အထက်လူကြီးက လူတွေကို မောင်းသည်။ ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။ အထက်လူကြီးက အာဏာကို အားကိုးသည်။ ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။ အထက်လူကြီးက ကြောက်အောင် လုပ်သည်။ ခေါင်းဆောင်က စိတ်အားထက်သန်အောင် လုပ်သည်။ အထက်လူကြီးက “ငါ” ဟု သုံးသည်။ ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။ အထက်လူကြီးက ပြသနာ ဖြစ်လျှင် […]


KyaemonNovember 9, 201110min24554
စာရေးသူတဦးက တရုပ်ကြီးကြောင့်လို့ ထင်မြင်ယူဆ တယ်၊ တရုပ်ကြီးကိုကုန်ပစ်စည်း သယံဇာတ ရောင်းရင် ဈေးနှိမ်ခံရတယ်လို့သူက မြင်တယ်၊ တရုပ်ကြီးကိုဘဲ လုံးဝ  ဥသုံ အားကိုး ပြီးကုန်သွယ်တာ မကောင်း၊ အနောက်နိုင်ငံနဲ့ကုန်သွယ်ရင် တဟုန်တည်း ချမ်းသာ လာလိမ့်မယ်လို့လဲ ပြော၊ ———————————————————————–  အမေရိကန်ထောက်လှမ်းရေး အဖွဲ့ရဲ့အမြင် ကရော ဘယ်လိုလဲ? ———————————————————————- အောက်ပါ link ကို နှိပ်ပြီး CIA  ရဲ့ဖြစ်ရပ်မှန်မှတ်တမ်း Fact Book ကို ဖွင့်ကြည့်ပါ၊ Burma Economy 2011 http://www.theodora.com/wfbcurrent/burma/burma_economy.html   အများသိထားတဲ့ အတိုင်း တော်တော် များများ ကိုက်ညီနေတာ တွေ့ပါလိမ့် မယ်၊ ၁၊ စစ်အစိုးရ နဲ့လက်ဝေခံ စားဖား Cronies တို့ ၂၊ […]


တစ်ဦးဆောင်သော်မရ အများဆောင်သော်ရ၏ ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း ကျနော်တို့ မနှစ် 2010တုန်းက ပရဟိတ အဖွဲ့ကလေးဖွဲ့ဖြစ်တယ်။ ခုဆိုရင် ကျနော်တို့အဖွဲ့လေးဟာ အဖွဲ့ရယ်လို ပီပီသသ ဖြစ်လာပြီး ၂ရဦးအထိရှိလာပြီဖြစ်တယ်။ ဒါပေမယ့် ခုချိန်ထိ အဖွဲ့ရဲ့ အမည်နာမ မရှိသေးပါဘူး။ တပိုင်တနိုင်အားဖြင့် လှုပ်ရှားနေတဲ့ အဖွဲ့ကလေးပါ။ အဓိက လှူဒါန်းဖြစ်လာတာကတော့ ပညာရေးဘက်အပိုင်းပါ။ ကျနော်တို့ ဖားကန့်မှာဆိုရင် ရာသီအစလို့ပြောလို့ရတဲ့ အောက်တိုဘာ လကနေစပြီး ရာသီသိမ်းချိန်ဖြစ်တဲ့ မေလအထိ အဖွဲ့ဝင်များဆီက လစဉ်လစာငွေများထဲကနေ စေတနာ ရှိသလောက်လှူဒါန်းထားတာတွေကို ကောက်ခံပြီး စုပေါင်းထားခဲ့တာပါ။ 2010ထဲမှာတော့ ကျနော်တို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားပြင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စတင်လှူဒါန်းဖြစ်ပါတယ်။ ခုလက်ရှိလည်း 2011ခုနှစ်အတွက် စတင်ကောက်ခံနေကြပါပြီ။ နောက် အဖွဲ့ကိုလည်း ရေရှည်တည်တံ့စေချင်တဲ့အတွက် ကျနော်တို့ ဆက်လက် ကျိုးစား […]


zoeNovember 7, 20118min17232
တနင်္ဂနွေနေ့ က ထိုင်ပေ နဲ့ ၂၅မိုင် (၄၄.၃ ကီလိုမီတာ) အကွာမှာ ရှိတဲ့ ကျုံးလိ မြို့ Jhongli  Jhongliရတနာဝါသ ဘုန်းတော်ကြီးကျောင်း (Yatanavasa Buddhist Temple) www.yatanavasatemple.ning.comမှာကျင်းပတဲ့ ဘုံကထိန်စုပေါင်း အလှူပွဲကို ရောက်ခဲ့ပါတယ် ။ မနက် ၉နာရီ မှာ ကျင်အန်း Jingan MRT Jingan_Station ဂိတ် မှာ အဝေးပြေး e-go ဘတ်စ စီး သွား ပါတယ် ။ ၉ နာရီခွဲ လောက်မှာ ကျုံးလိ မြို့ Jhongli  ကိုရောက်ပါတယ် ။ မြို့တွင်း ဘတ်စ စီး ပြီး ဘုန်းကြီးကျောင်း ကို ရောက် ပါတယ် ။ ၁ဝနာရီ လောက် […]


Ma MaOctober 21, 20111min46332
ရွာသူားတွေကို ဖြန့်ဝေဖို့ ခါတော်မီ အိုင်ဒီယာလေးတစ်ခု ခေါင်းထဲရောက်လာတယ်။ သီတင်းကျွတ်ပြီဆိုတာနဲ့ ပလူပျံလာတဲ့ မင်္ဂလာဆောင်ဖိတ်စာတွေကိုကြည့်ပြီး ဘယ်သူ့သားလဲ၊ ဘယ်သူ့သမီးလဲ၊ ကိုယ်နဲ့ ဘယ်လိုဆက်နွယ်နေသလဲ ဆိုတာတွေ ဦးဏှောက်ထဲထည့် ဖော်မြူလာထုတ်ပြီး လက်ဖွဲ့ဖို့ တွက်ချက်ရတာလေးကို မျှဝေချင်ပါတယ်။ ဖိတ်စာတစ်စောင်ရောက်လာပြီဆိုရင် မင်္ဂလာဆောင်သွားဖို့ မသွားဖို့ (သွားနိုင် မသွားနိုင်) ဆိုတာနဲ့အတူ ဘယ်လောက်လက်ဖွဲ့ရမလဲဆိုတာကို တခါတည်း တွဲပြီးစဉ်းစားရတော့တာပဲ။ အဲဒီမှာ ဘယ်လောက်လက်ဖွဲ့မလဲ ဆိုတာက အဓိက ပြဿနာကြီးပေ့ါ။ ဒီခေတ်ကြီးရဲ့ ကုန်ကျစရိတ်တွေက သိတော်မူကြတဲ့အတိုင်းမို့လို့ နည်းမှာကို စိုးရိမ်ရတဲ့အပြင်၊ လူမှုရေး စီးပွားရေး ဆက်စပ်နေသူများဆိုရင်တော့ ပိုလို့သာ သတိထားရတော့တာပေ့ါ။ ဆွေတွေမျိုးတွေဆိုရင် ကိုယ့်အသိုင်းအဝိုင်းထဲကမို့ ဘယ်သူက ဘာပစ္စည်း လက်ဖွဲ့မယ် စသဖြင့် လိုအပ်ရာရာလေးတွေကို တစ်ယောက်တစ်မျိုး ဝိုင်းဝန်းဖြည့်ဆည်းပေးကြတာမို့ တကယ့်ကို ပျော်ဖို့တောင် ကောင်းသေးတယ်။ ဒါ့အပြင် […]


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် နှင့် ရန်ကုန် မြို့တော်ဝန်ခင်ဗျား. (၁) ရန်ကုန်မြို့တွင်းလမ်းများ အသေးစား ပြုပြင်ဖာထေးရာတွင် အခြား နိုင်ငံများ နည်းတူ ယာဉ်အသွားအလာ နည်းပါးသော ညအချိန် များ တွင်သာ ပြုပြင်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ယာဉ် အသွားအလာပိတ်ဆို့မှု လျှော့နည်းရ်ျ အများပြည်သူစိတ်ချမ်းသာစွာ ခရီးသွားလာနှိုုင်မည်ဖြစ်ပါသည်။ (၂) ရန်ကုန်မြို့ လမ်းများ နှင့် အများပြည်သူ သွား လာ သောနေရာများ ၊ဥပမာ ပန်းခြံ၊ အင်းယားကန်ဘောင် ၊ ဘတ်စ်ကား မှတ်တိုင် အစရှိသည်တို့တွင် အမှိုက်ပုံး များ ထား ရှိပေးရျ် အမှိုက်ပုံးတွင်းသာ အမှိုက်ပစ်ရန် အသိပေး ပညာပေး များ လုပ်ပေးစေ လိုပါသည်။ အမှိုက်ပုံးများအား အကြည်ရောင် ထား ရှိခြင်းဖြင့် မသမာ […]


water-melonOctober 13, 20111min49634
ခေတ်ရေစီးကြောင်း တိုးတက်လာတာနှင့်အမျှ ဆုတ်ယုတ်မှုတွေလည်း တိုးတက်လာပြီတယ်။ ပြောချင်တာတော့ ခေတ်စားနေတဲ့ စပွန်ဆာ ကိစ္စလေးပါဘဲ။ မော်ဒယ်လောကမှာ အသုုံးများသလို ပြင်ပလောကမှာလည်း ရှိပါတယ်။ မြန်မာပြည်မှာက မိန်းကလေးတော်တော်များများက မော်ဒယ်ဖြစ်ချင်ကြပါတယ်(ကောင်းသောမြန်မာမိန်းကလေးများမပါပါ)။ ဟိုတစ်လောက ကြားလိုက်ရသေးတယ်။(…….)မော်ဒယ်သင်တန်းတက်နေတဲ့ ကောင်မလေးတစ်ယောက်က သူ့ကိုစပွန်ဆာရှာပေးပါတဲ့။ သွားရောပေါ့ဗျာ မြန်မာမိန်းကလေး ဆိုတဲ့ ဂုဏ်ပုဒ်က ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတယ်။ ဒီလိုမိန်းကလေးတွေရှိနေလို့လဲ စပွန်ဆာတွေက ငမ်းငမ်းတက်နေကြတာလေ။ စပွန်ဆာတွေက ဘာလိုချင်လဲဝယ်ပေးမယ်။ ပြီးရင်သူ့လိုအင်ဖြည့်ပေါ့။ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတစ်ယောက် ပါဘဲ သူကအဆိုတော် ဖြစ်ချင်တာ။စပွန်ဆာလည်းရရော သီချင်းခွေထွက်သွားတယ်။ ပြီးတော့သူနဲ့စပွန်ဆာ ဇာတ်လမ်းခွေက မြင်မကောင်းအောင် ပလူပျံလာတယ်။ တကယ်တော့ စိတ်မကောင်းဘူး တို့မြန်မာမိန်းကလေးတွေ ဒီလိုဖြစ်ကုန်ပြီလား။ ဘာလို့လဲ အဝတ်အစားတွေကို လန်ပျံလျှံကျအောင် ဝတ်တတ်ကြတယ်။ ဗိုက်ဖော်ချက်ဖော် အကုန်ဖော်ကြတယ်။ ရိုင်းရိုင်းပြောရရင် ယောက်ျားမရမှာစိုးနေကြတာလား။ facebook မှာဆိုပိုဆိုးတယ် […]


kaiOctober 11, 20115min21417
အမေရိကပြည်ထောင်စုမှာ..(တရားဝင်စာရင်းအရ) မြန်မာ ၁သိန်းကျော်နေထိုင်ပါသည်။ အောက်မှဇယားကြည့်ပါ..။ စာရင်းသည် ပြိးခဲ့သောနှစ်၂၀၁ဝက သန်းကောင်စာရင်း ကောက်ယူထားချက်အရဖြစ်ပြီး အစိုးရမှတရားဝင်ထုတ်ပြန်ထားသောစာရင်းဖြစ်သည်။ အမေရိကနိုင်ငံ၏ လက်ရှိလူဦးရေမှာ312,397,089 ယောက်.. ၃၁၂သန်းကျော်ရှိသည်။ STATE Burmese (including Two or more race) ALABAMA (AL) 146 ALASKA (AK) 30 ARIZONA 2,675 ARKANSAS 53 CALIFORNIA (CA) 17,978 COLORADO (CO) 1,822 CONNECTICUT (CT) 763 DELAWARE (DE) 51 DISTRICT OF COLUMBIA 134 FLORIDA 2,578 GEORGIA 2,646 HAWAII (HI) 281 IDAHO 399 […]


ba gyiOctober 10, 20111min1353
ပြီးခဲ့တဲ့ (7/8/9) လပိုင်းတွေကအပျော်လေးတွေ ကြားရ၊ မြင်ရတာနဲ့ကို သူတို့နဲ့လိုက်ပျော်မိပါတယ်၊ ခုတော့ နဲနဲ အသားကျသွားသလိုပါပဲ၊ လမ်းမှာ ဘိုးဘိုး၊ ဖွားဖွားတွေ အချင်း ချင်း တွေ့ပြီ ဆိုရင် မိရိုးဖလာ နှုတ်ဆက်ကြမေးကြပေါ့ ———၊ ဦး—– ၊ ဒေါ်—— နေကောင်းရဲ့လား၊စခန်းဝင်ဖြစ်သေးလား ( တရားစခန်းပျောတာ ) ခုတော့ နှုတ်ဆက်ပုံပြောင်းသွားတယ် —- — ဦး (အ ဝှာ ကြီး )—နေကောင်းရဲ့လား—-ခု—တော့်- ပင်စင်ဘယ်လောက်တိုးသွားလည်း? အားလုံးဘယ်လောက်ရလည်း ?.ဝမ်းသာပါ့ တော် —– ကိုယ့်ဟာလေးနဲ့ကိုယ် ဆေးဘိုလေးခုသာခံသာပေါ့ ၊ ကဲ ကြားရ နားဝ ဘယ့်ဂလောက် စိတ်ချမ်းသာစရာလည်း လို့–။ ဒါတောင် ကျုပ်တို့ သမ္မတ ကြီးက အကင်းလေးပဲ( တို့) […]


naungOctober 7, 20111min933
ကျွန်တော်ပြောချင်တာက ရန်ကုန်မှာဆိုရင် ဦးကျော်သူတို့ဦးဆောင်ပြီးတော့ ရန်ကုန် နာမှုကူညီရေးအသင်းကနေ အစပြုပြီး လူမှုရေးအသင်းတွေ၊ မန္တလေးမှာဆိုရင် ဆရာတော် ဦးတိက္ခ ဦးဆောင်တဲ့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကနေ အစပြုပြီး လူမှုရေးအသင်းအဖွဲ့တွေ ပေါ်လာပါတယ်။ အဲဒီလို ပေါ်ပေါက်လာတဲ့အတွက် ပြည်သူလူထုမှာ အရင်လိုနာရေးကိစ္စပေါ်ပေါက်လာရင် စည်ပင်သာယာမှာ သွားပြီး ယာယီကားကို သွားငှားစရာမလိုတေ့ာပါဘူး။ နီးစပ်ရာ အသင်းမှာဘဲ အကူအညီတောင်းလိုက်ရင် အသင်းက အဆင်ပြေအောင် ဆောင်ရွက်ပေး၊ ကူညီပေးသွားကြတာပါ။ တော်တော်ကို အဆင်ပြေပါတယ်။ စိတ်လည်းချမ်းသာပါတယ်။ ဦးဆောင်ပြီး ဆောင်ရွက်နေသူတွေကိုကော၊ လှူဒါန်းကြတဲ့ ကုသိုလ်ရှင်တွေကိုပါ ကျေးဇူးလည်းတင်ပါတယ်။ သာဓုလည်း ခေါ်ဆိုပါတယ်။ နောက်ပိုင်း မန္တလေးမှာဆိုရင် အသင်းတွေမှာ နာရေးကိစ္စတစ်ခုတည်းအတွက်တင်မဟုတ်ဘဲ၊ အရေးပေါ်ကူညီမှုအနေနဲ့ လူနာတင်ကားတွေထားပေးလာကြပါတယ်။ အဲဒီလိုလူမှုကူညီရေးအသင်းတွေက ရန်ကုန်၊ မန္တလေးတင်မကဘဲ မြန်မာနိုင်ငံအနှံအပြားမှာ ရှိနေပါတယ်၊ ကူညီပေးနေကြပါတယ်။ နိုင်ငံတော်အနေနဲ့ နေရာဒေသတိုင်းမှာ […]


etoneOctober 5, 20111min35624
ဒီနေ့မနက် … အီးမေးလ်ထဲ ဝင်လာတဲ့ စာလေးတစ်ဆောင်ဖတ်ပြီး … စိတ်မကောင်းဖြစ်မိတယ် … အိမ်ရှင် အမျိုးသမီးက အိမ်ဖော်ကလေးငယ်တစ်ဦးကို အလုပ်လုပ်တာ …စိတ်တိုင်းမကျသဖြင့် နှိပ်စက်ညှင်းပမ်းတာပါ .. ။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%   အိမ်ရှင်အမျိုးသမီးက အသက် ၁ဝ နှစ်အရွယ် အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းချ . . . စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း တိုက်မ ၈ဂ(၃) လွှာ၌ နေထိုင်သူအိမ်ရှင်အမျိုးသမီးက အသက် (၁၀) နှစ်အရွယ်အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းချသည့် ဖြစ်စဉ် စက်တင်ဘာလ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ အမှိုးသမီးက အသက်(၁၀) နှစ်အရွယ်ခန့်ရှိ မစန်းစန်းမိုးဆိုသူ […]


ပြိုင်ပွဲဆိုတာ မြင်းတွေအတွက်ပဲ။ အနုပညာသမားတွေအတွက်မဟုတ်ဘူး လို့ဟန်ဂေရီလူမျိုး ဂီတဆရာနှင့်စန္ဒယားဆရာ Bela Bartok ကတစ်ခါတုန်းကပြောခဲ့ဖူးတယ်။ ကျွန်မကတော့သဘောတူတယ်။ နောက်ပြီးဆက်ပြောလိုက်ချင်သေးတယ်။ ပြိုင်ပွဲဆိုတာ ကလေးတွေအတွက်လည်းမဟုတ်ဘူး လို့။ အထူးသဖြင့် အဲဒီပြိုင်ပွဲဟာ ကိုယ်မဟုတ်တဲ့တခြားလူတစ်ယောက်ပုံစံမျိုးဖမ်းပြရတာမျိုးဆိုရင်ပေါ့။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က တီဗွီဖွင့်ကြည့်မိတော့ အသက် ၈ နှစ်သမီးလောက် ကလေးတစ်ယောက် တောက်ပြောင် ဆန်းပြားတဲ့ဒီဇိုင်းနဲ့ အဝတ်အစား၊ မိတ်ကပ်တွေအပျံစားလိမ်းထားတာတွေ့လိုက်သည်။ ကလေးမလေးက အချစ်သီချင်းတစ်ပုဒ်ကို တကယ့်ခံစားမှုအပြည့် ညုတုတု ပုံစံမျိုးနှင့်ဆိုနေသည်။ သူကလေး ကနေပုံကလည်း တကယ့်ဖိတ်ခေါ်သည်အကထက်မလျော့။ အနှီမိန်းကလေးသာ အသက်ဆယ်နှစ်လောက်ပိုကြီးနေပါက (အကယ်၍ကျွန်မသမီးသာဆိုပါက + ၂ဝ နှစ်ပေါ့) လက်ခံနိုင်စရာ အကြောင်းရှိပေမည်။ အခုတော့ အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးအတွက် ၎င်းအိုက်တင်များသည် အတော်ပင် စိတ်မချမ်းသာစရာဖြစ်နေတော့သည်။ သူ့အရွယ်ကလေးနှင့်ပင်မလိုက်ချေ။ ၎င်းကား အလားအလာရှိသူ ကြယ်ပွင့်သစ်များကို ရှာဖွေသည်ဆိုသော “talent […]