etoneJuly 14, 20111min48028
သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ ကျွန်မ အင်္ကျ ီချုပ်ဆိုင် တစ်ဆိုင်ကို ရောက်သွားခဲ့ပါတယ်… ။ ကြောင်ချစ်တတ်လွန်းတဲ့ ကျွန်မတောင် အတော်လေး မျက်လုံးပြူးသွားရတဲ့ အဖြစ်ပါ … ။ ကြောင်အကောင် လေးဆယ်ကျော် မွေးထားတာပါ … အရောင်သွေး စုံလင်စွာနဲ့ …. အရွယ်စုံကြောင်တွေပါပဲ… ။ လုပ်တဲ့လုပ်ငန်းက အင်္က ျီ ချုပ်တဲ့ လုပ်ငန်းမို့ … ဘာလို့များ ဒီလို မွေးပါလဲ မေးတော့… ချစ်လွန်းလို့ မွေးရာကနေ … တစ်ကောင်က နှစ်ကောင် … နှစ်ကောင်က သုံးကောင်ထိဖြစ်လာတာ … အကောင်လေးဆယ်ကျော် အထိပါတဲ့… အဲ့ဒီအင်္က ျီ ချုပ်ဆိုင်က ရှစ်လွှာမှာ ဟောလ်တိုက်ပ် အနေနဲ့ တလွှာလုံး ဝယ်ထားတာပါ … ဒါပေမဲ့ […]


etoneJuly 8, 20111min33739
မိန်းမဆိုတဲ့ အမျိုးက အနေထိုင် ၊ အသွားအလာက စလို့ … စကားပြော ၊ ရယ်မောလျှင်တောင် အပြောမလွတ်တာမို့ … အစစအရာရာ ထိန်းသိမ်းရပြန်တယ် … ။ ဆီလို အပေါက်ရှာ ပြောချင်နေတဲ့ ပတ်ဝန်းကျင်ကြားမှာ … အပြောမတတ်လျှင် ဆဲသလို ၊ အထိုင်မတတ်လျှင် ဖြဲသလို ဖြစ်တာမို့ နေရာဒေသနဲ့ အချိန်ကို လိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းနေရပြန်တယ် …. ။ လက်လှုပ်လက် ၊ ခြေလှုပ်ခြေ ပြောနေတဲ့ ကြားမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးပြောပြီး ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ပါဘူး ခံယူထားတဲ့ ဂျစ်ကန်ကန် ကျွန်မလည်း နေရထိုင်ရ စိတ်ကျဉ်းကြပ်လှပါရဲ့ …. ။   အရင်ခေတ်တွေကလို မိန်းကလေးဆို အိမ်တွင်းမှာပဲ နေစေပြီး …ပညာစုံသင့်ခွင့်မရပဲ […]

doctor.jpg

  မြန်မာနိုင်ငံ ဆရာဝန်များအသင်း အရှုပ်တော်ပုံကဒီလိုပါ။ ဆရာဝန်အသင်းတိုက်က ဦးအရှုပ်ဆိုတဲ့လူ တော်ပုံများ သူငယ်စဉ် ဆယ်တန်း ကျောင်းသားဘဝကထဲက ၆ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်တယ်။ ဆေးကျောင်းမှာလည်း နှစ်တိုင်း Roll number 1 ရတယ်။ ဒါတင်မက မဟာဘွဲ့၊ FRCP ဆိုတဲ့ အင်္ဂလန်က သမားတော်ဘွဲ့လည်းရတယ်။ စစ်ဗိုလ်ချုပ်ကြီးတဦးနဲ့လည်း ဆွေမျိုးနီးစပ်တော်တယ်။ သူများတွေ တော်ပုံများ ပြောပါတယ်။ ဘာရယ်ဟုတ်ပါဘူး၊ မန်းဂေဇက်ရွာထဲမှာ ဆရာဝန်၊ ဆရာဝန်တွေနဲ့ပတ်သက်သူ၊ သူတို့ကို စိတ်ဝင်စားသူ ဘယ်နှစ်ယောက်များ ရှိလည်းလို့သိချင်လို့ စိတ်ဝင်စားမဲ့ ခေါင်းစဉ်လေးနဲ့ လှုပ်ကြည့်လိုက်တာပါ။ လွန်တာရှိ ဝန္ဒာမိပါ။ 😉

index.jpg

MDY Leaks ဇွန်လ၂၉ ဒီပို့စ်တင်တာ ၁ဝရက်လောက်ရှိပြီ၊ မှတ်ချက်များလည်း ရတန်သလောက် ရပြီမို့ သဂျီးအကြောင်း သဂျောင်းအကြီး ပေါင်းစည်း မောင်းတီး ပါတော့မယ်။ မီညောင် မီညောင်…… အများစိတ်ဝင်စားတဲ့ သဂျီး အီရပ်ပြန်ဆိုတာ ဒီလိုပါ။ သူက တခုခုလုပ်ရင် ရိုုးအီသွားမှ ရပ်ပြီးပြန်ပါတယ်။ ဒါကြောင့် အီရပ်ပြန်လို့ နာမည်တွင်ပါတယ်။ အမေရိကန်ဝင်တိုက်တဲ့ အီရတ်နိုင်ငံ မဟုတ်တာ စာလုံးပေါင်း သတ်ပုံမှာ တွေ့နိုင်ပါတယ်။ ကျနော်က အီသွားရင် ရန်လုပ်ပြီးမှပြန်လို့ အီရန်ပြန်တွင်တာပါ။ စကားစပ်လို့ ပြောရရင် သဂျီးကတော်ကတော့ အီသွားရင် ဂျစ်ကြပြီးမှပြန်လို့ အီဂျစ်ပြန် ခေါ်ပါတယ်။ သဂျီးဦးခိုင်နဲ့ကျနော် အသက်ပေးချစ်ပုံက ဒီလိုပါ။ မြန်မာပြည်မှာရှိစဉ် အသက်ဆိုတဲ့ ဇယားမလေးကို အခကြေးငွေပေးပြီး ချစ်ကြပါတယ်။ (မှတ်ချက် – သဂျီးလူပြိုဘဝတုန်းကပါ၊ အခုတော့ […]


etoneJune 24, 20111min31419
  ပြီးခဲ့တဲ့ weekend က အိမ်မှာသုံးဖို့ လိုတာလေးတွေဝယ်ရအောင် ကျွန်မဈေးဝယ်ထွက်ခဲ့တယ်… ။ လိုချင်တာလေးတွေ ပြည့်ပြည့်စုံစုံဝယ်ပြီး …. မေ့လျှော့ကျန်ခဲ့လေသော ပစ္စည်းများ မရှိရအောင် ပြန်စဉ်းစားရင်း တဖြည်းဖြည်း လမ်းလျှောက်နေလေရဲ့… ။ အကျင့်ကိုက ဈေးဝယ်ရန်လိုသော ပစ္စည်းများကို စာရွက်နဲ့ မှတ်တဲ့ အလေ့အထမရှိတာကြောင့် … ဦးနှောက်ထဲပေါ်သမျှနဲ့ …မြင်သမျှကို ချိန်ကိုက်ရင်း…..  ။ လျှပ်တပြတ်ကျွန်မ သတိရလိုက်ပါတယ်… ဆပ်ပြာခရမ်ကုန်နေပြီဆိုတာကိုပေါ့ … ။ ဆပ်ပြာတန်းဘက်ကို သွားပြ ီး ဘယ်ဆပ်ပြာခရမ်သုံးလျှင် ကောင်းမလဲ တွေးပါတယ်…ဝယ်နေကြအမျိုးစားက ရိုးသွားပြီထင်လို့ ကျွန်မနောက်တမျိုးစားသုံးလျှင်ကောင်းမလားတွေးရင်း ဆပ်ပြာခရမ် တံဆိပ်တွေ ကိုလိုက်ကြည့်ပါတယ်….. ။ ဆိုဒ်တွေနဲ့ တံဆိပ်တွေက အစုံပေါ့ … ။ နာမည်ကြီး တံဆိပ်တွေရော … အသစ်ထွက်တဲ့ […]


ကြောင် ..ဋီကာ..။။။။။။။။။။။ ဆန်းပြာသိုလအတွင်းမှာတော့ ….ဖော်သင်းကွဲနေကာ မတော်ညှင်းဆဲနေရှာတယ်….ဓမ္မတာမဟုတ်မှန်း တစ်ခါခါအဟုတ်ဆန်းရင်ဖြင့်….ဘရုပ် တန်းသွပ်ချာ ကရွတ်ဆန်းသဘွတ်မှာကွယ်….လည်ကာသာရှုပ်ထွေး။။။ ညောင် အော်လို့အမြီးတန်းရင်ဖြင့်….လူ့ရပ်ခန်းနေရာ မောင်းထုတ်ကြရှာ….ကြွက်သရမ်းယုတ်မာကို သဘောက်ကြောင်….. ငဲ့ကွက်လို့သာ….။။။။။ ကိုရွှေကြွက်လမ်းထွက်လာလျှင်….သူအစာမထင်ဘု ဘော်ဒီ အမိကြွက်မဒီတွေတောင်….ဝကစ်ကစ်ဆူဖြို; ဗိုက်အဆီတစ်ရစ်တိုးအောင်….ဆန်အိုးနဲ ဇလုံ ပန်းကန် ဆွဲမှောက်လှန်ပြန်….ဒါပေမယ့်ကိုကြောင်မှန်ရယ် ဘာဝနာခံရှုပွား။။။။ လူကများမနေသာ…..ရိုက်ထုတ်မှသာ ထိုချိန်မှကြောင်အဝှာမှာ….ပျင်းဆန့်ထလာ ဂျူတီပျက်ကြောင်ငနာကို….ကြက်မွှေးပါကြိမ်တစ်လုံးနဲ့ နင်းတုတ် မှသာ….ဒီချိန်မှကြောင်အဝှာကွယ် ဟန်ရးပြကာ။။။။။ တချက်ခုတ် အဟုတ်မညှာလျှင်…တစ်လုပ်စာကြွက်ယုတ် တစ်ချက်ခုန်အသက်ပြုတ်မယ်လို့….လက်သဲထုတ်အမြီးထောင် ကျားသို့ယောင်ယောင်…..အသွင် တော့ဤသို့ဆောင်တယ် ကြွက်က လှောင်….ကြောင်စုတ်။။။။ ညဉ့်နက်ထိအိမ်ဘက်မလာ…..မ.. လိုက်လို့သာ အထီးတွေရန်ရှာလို့…..သူတို့မှာအိပ်ပျက်ကြရှာ အဝေမတည့်သူတို့စွာလျှင်…ကုတ်ဖဲ့ကာကိုက်ခဲ။။။ နံနက်တော့သူ မပါသလိုကွယ်….လူ့ပေါင် မှာခေါင်းခွေ့လို့ အမျိုးမျိုးသရုပ်ဆောင်….ဆိုးတဲဒီ ကြောင်။။။။ လူချစ်အောင်မျက်နှာသေနဲ့….အမျိုးမျိုးဟန်ဆောင် ကြွက်ခုတ်မယောင်….ကြောင်အိမ်တွင်း ငါးကြော်ကောင်ကို…..မြင်ယောင်ကာလျှာသပ် လူ့နေရပ်အိမ်တစ်ဆောင်မှာ….ငပျင်းကြောင်တစ်ကောင်ရှိနေလို့ အစာဝ ကြွက်အမောင်ရယ်…..ဗလတောင်ဝဖီး။။။ တော်ပြီဟဲ့ဒီအကောင်…..မမွေးတော့ပေါင် ကြွက်ညှပ်နဲ့ ငါထောင်လျှင်….ဒီအကောင်မလိုဘူးကွဲ့လေး။။။။။။။ စာနာတတ်ဤလူ့ဘောင်မှာ….ကြောင် မပါကောင်းမယ်ကွဲ့လေး။။။။။။။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


လင်းဝေJune 13, 20111min24715
စိုးမြတ်သူဇာ ရဲ့ လပ်ထပ်မယ်ဆိုတဲ့ သတင်းပါပဲ။ ( အတင်းလို့ပဲပြောလို့ရမှာပေါ့လေ။) အတည်ပြုဖို့ရာကတော့ ကာယကံရှင်များကသာ ဟုတ်ပါတယ်ပြောမှဖြစ်မှာမို့။ ထွက်လာတဲ့ အတင်းရင်းမြစ်ကတော့ ခိုင်လုံသော နေရာကဖြစ်ပြီး လုပ်ငန်းတွေခွဲနေတာလည်း မြင်နေရတာမို့ပါ။ အတင်းပြောတာတော့ မဟုတ်ပါဘူး။ သင်ခန်းစာယူစရာ စဉ်းစားစရာကောင်းလို့ သံဝေဂ ရလို့ပါ။ ( ဒီလိုပဲ ပြောကြတာပဲလေ ) း) မထူးဆန်းပေမယ့် ထူးဆန်းတာလေးပါ။ အောင်အောင်အင်တာပရိုက်စ် ဆိုတာသိကြပါသလား။ AA Companies ပေါ့လေ။ အဲဒီက အမျိုးသမီးကြီး ဒေါ်ခင်မြင့်မြင့် ဆိုတာ ဆုံးသွားတာ နည်းနည်းတော့ ကြာပါပြီ။ သူ့ယောကျာင်္း ဦးမြတ်သင်းအောင် ကျန်ခဲ့တာပေါ့။ သနားပါတယ် အသက်ကြီးမှ တကိုယ်တည်းဖြစ်ရှာတာပေါ့။ ဘိုးတော်က မြန်မာစက်မှုလုပ်ငန်းရှင်များအသင်း က ဥက္ကဌလားမသိပါဘူး။ MIA ပွဲတွေမှာ တက်တက်စကားပြောတာတော့ တွေ့မိတယ်။ ကိုယ်လည်း […]


etoneJune 8, 20111min1889
ပိုက်ဆံက လူသားတွေအတွက် အရေးကြီးဆုံး မဟုတ်လျှင်တောင် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု အနေနဲ့ ပါဝင်နေပါတယ်… ။ ပိုက်ဆံရှိတဲ့လူတွေကို သူ့လောက်မရှိတဲ့လူတွေထဲက တချို့ ကပ်ဖားတွေက ပင့်ကြတယ် မြှောက်ကြတယ်… ။ အရေးကြုံလျှင် အခွင့်ရေး အကူညီလေးများပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ပါ… ။ တကယ်တမ်း အလကားနေရင်း ပင်မြှောက်တာတွေ လုပ်နေတာနဲ့ ကိုယ့်အတွက် တိုးတက်ရာ တိုးတတ်ကြောင်း အချိန်တွေ ကုန်ဆုံး နေခဲ့တယ်ဆိုတာ သတိမထားမိလိုက်ကြဘူး … ။ နာရီတွေကိုသာ ရပ်တန့်အောင်လုပ်လို့ ရမယ် အချိန်ကို ဘယ်သူကမှ ရပ်ပစ်လို့မရ့ပါဘူး … ။ ဖားကျွတ်လူတွေက …မျှော်လင့်ချက်နဲ့ လုပ်ပေးခဲ့သမျှ တကယ်တမ်း အကူညီလိုတဲ့ အခါ တောင်းကြည့်ပါဦး … ကိုယ့်ကို ဖုတ်လေတဲ့ ငပိ ရှိတယ်တောင် ထင်ခံရမှာ […]


zaw mgMarch 16, 20111min570
ဂျီတော့ထက်သာသည့်ဆားဗစ် မြန်မာ့ဆက်သွယ်ရေး လုုပ်မည် ဖော်ပြပါ မတ်လ (၂) ရက် နေ့စွဲနှင့်ထုုတ်ပြန်သည့် မြန်မာ့ဆက်သွယ်ရေးလုုပ်ငန်း ထုုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်နှင့် အိမ်သာနတ်တိုု့ ဆက်သွယ်မေးမြန်းလိုုက်ပါသည်။အိမ်သာနတ်။ ။ ဟုုတ်ကဲ့ ဦးတင့်လွင်ခင်ဗျာ အခုုကြေညာချက်ကိုု ဘာလိုု့ထုုတ်ပြန်ဖြစ်သလဲဆိုုတာ ဦးစွာ သိပါရစေခင်ဗျာ။ ဦးတင့်လွင်။ ။ ကျနော်တိုု့ မြန်မာ့ဆက်သွယ်ရေးကနေ ဒီ VoIP တွေကိုု လုုပ်စားနေတဲ့ ကုုမ္ပဏီ ၁၈ ခုုကိုုစပြီးနှိပ်ကွပ်ရာကနေ စိတ်ကူးစရတာဗျ။ အခုုဆိုု ရန်ကုုန်၊ မန္တလေးမြို့တွေမှာ Pfingo အကောင့်တွေကိုု စီးပွားဖြစ်ရောင်းနေတဲ့အေးဂျင့်တွေ ရှိတယ်လေ။ လူတွေက အင်တာနက်ကနေ နိုုင်ငံခြားနဲ့ စကားပြောလိုု့ ရနေတော့ ကျနော်တိုု့ ဆက်သွယ်ရေးက ဖုုန်းခေါ်ခတွေကျတယ်ဗျာ။ လက်ကိုုင်ဖုုန်းတွေဆိုုလဲ အက်ဖ်အီးစီ ဒေါ်လာတွေနဲ့ ကောက်တော့ အဲဒီ့မှာလဲ ဝင်ငွေထိခိုုက်လာတယ်ဗျာ။ […]


erosMarch 4, 20111min18815
အချိန်ကား နေမွန်းတည့်ခါနီး ၁၂ နာရီထိုးလုထိုးခင်။ နေရာကား လှိုင်မြို့ နယ်အတွင်းရှိ လမ်းသွယ်လေး နေရာတနေရာ။ အဆိုပါ လမ်းသွယ်လေးသည် လူအသွားအလာပြတ်၏။ လမ်းသွယ်လေးသည် ကားတစီးစာ ဝင်နိုင်သောပမာဏသာရှိပြီး ကားမောင်းဝင်နိုင်သော နေရာကား တိုတောင်းလှပြီး လမ်းအဆုံး၌ ညာဖက်သို့ ချိုးဝင်သွားသော လူသွားနိုင်လောက်သော လမ်းလေးရှိလေသည်။ မလှမ်းမကမ်းတွင် စက်ရုံကြီးတခု၏ နောက်ကျောအားတွေ့ရလေသည်။ လမ်းသွယ်လေး အတွင်းပိုင်းတွင် နေအိမ်တန်းလျားတခုရှိလေသည်။ ထိုလမ်းသွယ်လေး၌ လူမနေသောအဆောက်အဦးတခုရှိ၏။ ထို အဆောက်အဦး၏ နံဘေး၌ ကွက်လပ်တခုရှိလေသည်။ ထိုကွက်လပ်ငယ်တွင် ယောက်ျားအနည်းငယ်နှင့် မိန်းမတချို့ တို့ ပါဝင်သော အုပ်စုတစု သည် ကျိတ်ကျိတ် နှင့် လှုပ်ရှားနေလေသည်။ ၎င်းအုပ်စုမှ ဖြစ်ဖွယ်ရာရှိသော မိန်းမတယောက်သည် သူတို့၏လုပ်ရပ်အား လုံခြုံမှု မရှိ၍ ပတ်ဝန်းကျင်နှင့် လမ်းပေါက်ဝအား ကျီးကန်တောင်းမှောက် ကြည့်နေလေသည်။ […]


nigimi77February 26, 20111min30916
အတူနေတာ လလေး နဲနဲ လောက်ကြာတော့ ရွှေကို်ယ်တော် အင်ဒို ကုလားက သူ ့မယားကို ကုလားငို၊ ငိုပြပါတယ်။ အင်ဒိုမှာ သူ စက်ရုံလေးထောင်ထားတယ်ပေါ့။ လုပ်ငန်းက အောင်မြင်စပြုလာပြီပေါ့။ အခု ထပ်ပြီး စက်တွေ တို းချဲ ့ရာမှာ ငွေလိုအပ်တော့ ဒီမှာ ရတဲ့ လစာတွေကို ပို ့လိုက်တာတောင်မှ လိုအပ်သေးတယ်ပေါ့။ ဒါကြောင့် အတိုးနဲ ့ ချေးငှားပေးနိုင်မလားပေါ့။ ၃ဝ တိုးနဲ ့။ ဒီလိုနဲ ့ပဲ မြန်မာ မယားလေးမှ တဆင့် တစ်စက်ရုံးလုံးကို ဝါဒဖြန် ့လိုက်တာ ဘယ်လိုဖြစ်သလဲဆိုတော့ ဆရာတွေ က နိုင်ငံခြားသားတွေပေါ့။ မဟုတ်တာ လုပ်မှာ မဟုတ်ဘူးပေါ့။ သူတို ့ရတဲ့ လစာငွေကလဲ တလကို […]


nigimi77February 23, 20111min22816
အဆိုပါ နိုင်ငံခြားသား ပညာရှင်ဆိုသူများဟာ မြန်မာပြည်ဟာ ဖြင့် တကယ့်ကို နတ်ဘုံ နတ်နန်းပါပဲ။ သူတို ့ဟာ အရည်အချင်းပေါ်မူတည်ပြီး  $ 900 ကနေ $ 1800 ကြား ရကြပါတယ် (ကိုရီးယား၊ ဂျပန်နှင့် ဥရောပနိုင်ငံသားများ မပါ) ။ မြန်မာပြည်မှာတော့ Facilities အပြည့်အဝ ရကြတာပေါ့။ နေစရာ အိမ်၊ အကြိုအပို ့ ဖယ်ရီ၊ အိမ်ဖော် အစရှိတာတွေ ထားပေးတယ်။ စားစရာကျွေးတယ်။ စားရိတ်ငြိမ်းပေါ့။ သူတို ့ရွာမှာ သားကြီး မယားကြီးတွေရှိနေတော့ ဒီ လစာထဲက 80% ကို ဖယ်ထားပြီး ကျန်တာကိုတော့ ဝတ်မယ် စားမယ် သောက်မယ် သုံးမယ်ပေါ့။  အဲ…. 10% က ဒို […]