ဇီဇီDecember 29, 20175min107312
ကျော့်မယ် အမလိုချစ်ရတဲ့ အမကြီးတစ်ယောက် တောင်ကြီးမြို့ မယ်ရှိတယ်ဗျ! အရင် ခင်ဇော်ရဲ့ ထမင်းဆိုင်တွေ အတွက် ကူပေးနေကျ အမပါ။ သူ့ အစွမ်းကတော့ အစားအသောက် တစ်ခုကို တစ်ခါစားဖူး ဖတ်ဖူး ကြားဖူးပြီးရင် ရအောင် ချက်နိုင်စွမ်းရှိတာပါပဲ! စိတ်ကလည်းမြန်ချက်! ကိုယ်တွေနဲ့ ဘာမှ သေချာမပြောရသေးခင် “ချက်ပြုတ်ပို့ဆောင်” အလုပ်တွေကို စလုပ်တော့တာပါပဲ! ကိုယ့်မယ် ခုမှ စားညွှန်းရေးပေးဖို့ စာလိုက်စီပေးနေရတုန်း!! ဆိုတော့ အောက်ပါ အချက်တွေကို အရင်မှတ်ပါ! ၁)တောင်ကြီး မြို့တွင်းသာ ပို့ပေးနိုင်မယ့် အစားအသောက်တွေက သူ့ ဝေါမှာ အရင်ကြည့်ပါ! အစာပလာ ပါဝင်ပစ္စည်း ကောင်းကောင်းသုံးပါတယ်၊ အချိုမှုန့် မသုံးပါ! ၂) ဆိုင်ရာ ပိုင်ရာ ကားဂိတ်ထိ သွားယူနိုင်ကြရင်တော့ စားချင်တဲ့ အစားအသောက်စာရင်း နဲ့ […]


ဂေဇက်ရွာ အလှူပွဲကြီး ကျင်းပရန် ရက်ပိုင်းသာလိုပါတယ်။ ယခုဓါတ်ပုံများမှာ လှူဒါန်းမည့် ပဲခူးအင်းတကော်မှာ ဆောက်လုပ်ဆဲ ဒေါ်ကုသလစာရီ (ခ) မ ချစ်မြတ်နိုး ကျောင်း သာသနိက အဆောက်အဦးပါ။ အလှူရှင်များ စေတနာ ထက်သန်မှုကြောင့် အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ လာမည့်နှစ်ကူးမှာ မြန်မာဂေဇက်ဂရု အလှူအဖြစ် ရည်ရွယ်ထားတဲ့ ယခင်ပို့အဆက် update ဖြစ်သည်။ ပထမလှူငွေ ၂၅သိန်း (သို့မဟုတ်) ပထမ၁ဝဦး အလှူငွေကို ၁၀၀% ထပ်ပေါင်းပေးမည့် သူရှိတာမို့ မိမိ တရာလှူတိုင်း နှစ်ရာ အလှူငွေဖြစ် ဆပြန်တိုးမည့် သဘောပါ။ လှူမည့်ငွေကို ဒီမှာဖြစ်စေ၊ ဖဘမှာဖြစ်စေ ပြောပြီး အောက်ပါ ဘဏ်အကောင့်များထဲ ပေးပို့လှူဒါန်းနို်င်ပါသည်။ (ဘဏ်လွှဲသည့်အခါ အလှူရှင် နာမည်နှင့် မြန်မာဂေဇက် ဟု အမှတ်သားပြုပေးပါရန်) အားလုံးပဲ […]


ဒီလိုဗျာ.. .. လာမည့် နှစ်သစ်ကူး အရင်တုံးက လုပ်သလို စုပေါင်းရွာအလှူ ပြုချင်တယ်။ အဲဒါ ဒီဇင်ဘာလကုန် သို့မဟုတ် ဇန်နဝါရီလဆန်း မှန်းတယ်။ အလှူက ပဲခူး အင်းတကော်မှာ ရှိတဲ့ ဆရာမ ချစ်မြတ်နိုး (ခ) ဒေါ်ကုသလစာရီကျောင်း လိုရာသုံးဖို့ပါ။ ဆရာမက လူသိထင်ရှား ကြော်ငြာကောက်ခံတာ တားမြစ်တာမို့ ကိုယ်ချင်းကိုယ်ခြင်းပဲ ကောက်ပါမည်။ အယင်က ပတ်ဘလစ်ဖွင့်လဲ ရွာထဲကလူပဲ အများဆုံးလှူတာပါ။ ရှင်းအောင်ထပ်ပြောရလ ျင် ယခု အလှူကောက်တာ ကိုယ့်သဘောနဲ့ပါ။ ဆရာမ ဝေနေယျအချို့ကို အသိပေးတာကလွဲလို့ ခွင့်ပြုချက် မယူထားပါဘူး။ ရငွေကို သဘာဝတရားရိပ်သာ အကောင့်ထဲသွင်း ဒါမှမဟုတ် ရွာသူအန်တီဝေါင်း ဘဏ်အကောင့်ထဲ လက်ခံဖို့ ကြံထားပါတယ်။ သဘာဝ ရိပ်သာ အကောင့်ထဲ ထည့်လျင် ပိုရှင်းတာမို့ […]


ဇီဇီNovember 14, 20172min26566
Immunity Juices ၄ မျိုး အကြောင်း (https://tasty.co/compilation/immunity-juices-4-ways)  မပြောခင် ပွါးပါရစေအူးး ခင်ဇော် ဒီနှစ်ထဲ ချုချာချက်က တစ်နှစ်လုံး အအေးမိတာက အမြစ်မပြတ်ဘူးး! အာ့ ဓာတ်ကြမ်းတိုက်ပြန်တော့ အာရုံကြောယောင်သတဲ့။ ပိုလီကလင်းနစ်ထိရောက်နေတော့ အအေးမိတာလောက်လေးနဲ့ ကြေနပ်ပြီး နေရတော့တာပဲ။   အာ့ တဂျီး အကြံပေးတဲ့ အတိုင်း “ဂျပန်တွေရဲ့ ရှေးရိုး လူပမာစာ…။ တမငိုးဇာကေး..တဲ့..။ ဆာကေး.. ဆန်ဝိုင်ကို.. မိုက်ခရိုဝေ့ဗ်ထဲထည့် အပူပေး..။ ပြီးရင်..အရက်ထဲ.. သကြားတဇွန်းနဲ့ ကြက်ဥတလုံး..ဖေါက်ထည့်ပြီး.. ဂလုပါ…တဲ့..။ ရောဂါလည်းပျောက်.. အားလည်းရှိ..။” Tamagozake (卵酒 or 玉子酒?) is a drink consisting of heated sake, sugar and a raw […]


Mon LayOctober 27, 20174min3981
ဥရောပရဲ ့နွေရာသီဆိုရင် လမ်းတစ်လျှောက်မှာ အလှဆင်ထားကြတဲ့ပန်းလေးတွေပါ..မြင်ဖူးစေချင်လို့ပါ…ဓါတ်ဖမ်းချင်စရာတွေကြီးပါပဲ။


ေမာင္ရိုးOctober 26, 20171min371712
#ဥယျာဉ်မှူး     အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ပုံပြင်မျှသာဖြစ်ပါသည် ။ ပုံပြင်ကို စကားပြောအဖြစ်ရေးရပါလျှင် အဖိုးကြီးတစ်ယောက်အသွင်ပြောဆိုရမည်ဖြစ်သဖြင့် မိမိ၏ အသက်အရွယ်အား မေ့လျော့နေစေခြင်းအလို့ငှါ ဝတ္ထုဇတ်လမ်းသဖွယ် ရေးသားလိုက်ရပါတော့သည် ။ အကယ်၍ . . . ဖေါ်ပြပါ အကြောင်းအရာတို့သည် တစ်စုံတစ်ဦး တစ်စုံတစ်ရာနှင့် အခြေအနေတစ်ချို့တိုက်ဆိုင်ခဲ့မည်ဆိုပါက ကြံကြံဖန်ဖန်တိုက်ဆိုင်မှုမျှသာ သဘောထားစေလိုပါကြောင်းးးးး . . . မိမိစိတ်သဘောဖြင့် ဖတ်ရှုရင်းခံစားဒေါသထွက်မည်ဆိုပါကလည်း လွတ်လပ်စွာ ဒေါသကြီးနိုင်ပါကြောင်းးးး . . . ဖတ်ရှုပြီးသော ပုံဝတ္ထုအား ဒေါသအလျောက်ဆဲမည်ဆိုပါကလည်း လွတ်လပ်စွာဆဲဆိုနိုင်ပါကြောင်းးး . . . . အောက်ဖေါ်ပြပါ ပုံဝတ္ထုအား ကျနော်မောင်ရိုးသည် ခရစ်သက္ကရဇ် 2007 ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအပြီးတွင် သီတဂူဆရာတော်ဘုရားကြီးဟောကြားတော်မူသော ” ဧကရဇ်မင်း၏ […]


သုရွင္October 24, 20171min4977
အကြီးဆုံးသောအမှား ******************* မင်းမှားနေတယ်လို့ သိလိုက်တယ်ဆိုရင် ဒါဟာ အနည်းဆုံး တော့ မင်းအနေနဲ့ အခွင့်အလမ်းတစ်ခုကို ရရှိလိုက်တာပဲဖြစ်ပါတယ်။ အမှန်ကိုစတင်လို့ရပြီဆိုတဲ့ အခွင့်အရေးပါ။ လူတိုင်းဟာ အမှားကို ကြောက်ကြပါတယ်။ အမှားရဲ့နောက် ဆက်တွဲ ရလာဒ်တွေကို ကြောက်တာဆိုရင်ပိုမှန်ပါတယ်။ ပေးဆပ်ရမှု၊ ဆုံးရှုံးမှု၊ နာကျင်မှု၊ ကြေကွဲဝမ်းနည်းရတာတွေပါ။ ပြောမှား၊ ဆိုမှား စတဲ့ သေးငယ်တဲ့အမှားတွေကနေ အလုပ်မှား မိတာ၊ သွားလာမှားတာ ၊ လမ်းမှားတာ နောက်ဆုံး ဘဝတစ်ခုလုံး ချိုးကွေ့သွားလောက်အောင် ဆုံးဖြတ်ချက်မှား တာမျိုး ရှိတတ်ပါတယ်။ မှားသွားတာကို သိလိုက်ရချိန်မှာ စိတ်ဓါတ်ကျ ပြီး စိတ်ဆင်းရဲရပါတယ်။ မမှားခဲ့ ရင်ကောင်းမှာပဲ ဆိုတဲ့ နောင်တလည်း ရတတ်တယ်။ မှားမှန် စောစောသိတာဟာ ပိုကောင်းပါတယ်။ နောက်ကျမှ သိလေ ပေးဆပ်ရတာ ပိုပြီး […]


ဇီဇီOctober 19, 20172min406113
အစ က တဂျီးရယ် သနပ် ခေတ်စားတုန်း သနပ် အကြောင်း ရေးပါ့လား လာမြှောက်ပေးတယ်လေ။ :a: ခင်ဇော်က သနပ်သာ ကြိုက်တာ မလုပ်တတ်ဘူးး ပလိုစီဂျာ နည်းနည်းများတယ်။ နောက်ပြီး သနပ်က အခြေခံအရ ဗမာ့နည်းမဟုတ်ဘူးလားလို့။ 😀 အာ့နဲ့ လွယ်လွယ်ကူကူ အိမ်မှာ လုပ်စား ဗမာ့ချဉ်ဖတ်များ စုပေးမယ်ပေါ့။ အာ့ကျ “ကောင်းတယ် ကောင်းတယ်” တဲ့။ ဟို ထောက်ပြုတ်ဝက်မည်းတို့ ထောင်ထွက်ဝက်ဖြူ တို့ နာမည်တွေပါ ချဉ်ဖတ်ထဲ လာထည့်ခိုင်းနေလို့ ပြေးပေါက်မှားနေသေးး!! :kwi: ခင်ဇော်လည်း ကိုယ်တိုင်က သာ ချဉ်ဖတ်ရယ်။ ချဉ်ဖတ်နည်းတွေလည်း လည်တည်တည်။ ငါးပိရည်သမားမို့ အတို့အဖြစ် ချဉ်ဖတ် မျိုးစုံတော့ စားဖူး ကြိုက်ဖူးတာပေါ့လေ။ 😐 ဘိလပ် လို […]


ကြောင်တွေဟာ တနေ့ပျမ်းမ ျှ ၁၅ နာရီ အိပ်ပြီး အချို့ဆို ၂၄နာရီ အချိန်အတွင်း နာရီ၂ဝတောင် အိပ်နိုင်ကြသည်။ မေးစရာ ပေါ်လာတာ ကြောင်တွေ ဘာကြောင့် နင်းကန် အိပ်သနည်း…။။ ။။။။ ကြောင်အိပ် တရေးတမော ပထမဆုံး သိရမှာ ကြောင်များသည် အာရုဏ်ဦး နဲ့ ညနေစောင်း အချိန်မှာ အတက်ကြွဆုံးပဲ၊ တနေ့လုံး များသောအားဖြင့် အိပ်ပြီး နေရောင် ဖျော့တော့လာချိန်တွင် ပြန်လန်းဆန်းလာသည်။ ပထမဆုံးအကြိမ် လသားကြောင်လေး အိမ်တွင်မွေးသူအဖို့ ဒီအချက်ဟာ အံ့အားသင့်စရာ ဖြစ်တတ်သည်။ တလောကလုံး တနေ့တာ လှုပ်ရှားဖို့ ပြင်ဆင်ချိန်မှာ ကြောင်ကိုတော့ မနက်စာ စားပြီးတာနဲ့ တနေကုန် ဇိမ်ဆွဲ အိပ်နေတာ သင်တွေ့လိမ့်မည်။ ။။။။။ စွမ်းအင် ထိန်းထားဖို့ ကြောင်တွေမှာ မုဆိုး ကိုယ်ခံနာ […]


Mon LaySeptember 22, 20171min36046
“ကျနော်က စိတ်ထဲမှာ ရှိတာကို ပြောရဲတဲ့ ဝန်ထမ်းကို အမြဲရွေးချယ် ခန့်ထားတယ်။ ဥပမာ ပြောရရင် ကျနော်တို့ရဲ့ အထွေထွေ မန်နေဂျာဆိုရင် သူ့ကို အလုပ်ခန့်ဖို့ တွေ့ဆုံမေးမြန်းတော့ ကျနော်ပေးတဲ့ လခနဲ့ဆို ကျနော့်ဆီမှာ မလုပ်နိုင်ဘူး လို့ ကျနော့်မျက်နှာကို ကြည့်ပြီး ပြောတယ်။ သူ့ရဲ့ ပွင့်လင်းမှုကို ကြည့်ပြီး ကျေလည်း ကျေနပ်တယ်။ အံ့လည်း အံ့ဩတယ်။ သူတောင်းတဲ့ လခ အတိုင်းနဲ့ နောက်တနေ့ အလုပ် စဆင်းဖို့ ပြောလိုက်တယ်” ဟု သူက ပြောသည်။ အဲ့စကားကိုပြောတဲ့သူကတော့ ခုလက်ရှိ Adventure Myanmar Travel ပို်င်ရှင်လည်းဖြစ်၊ Amazing ဟိုတယ်တွေရဲ ့ပိုင်ရှင်လည်းဖြစ် တဲ့ ဦးအောင်မျိုးမင်းဒင်ပဲဖြစ်ပါတယ်။ အမှန်ပဲ..လူဆိုတာ အမှန်ကိုသတ္တိရှိပြီးပြောရဲရမယ်။ ရိုးသားဖြောင့်မတ်ရမယ်။   […]


ဦးကြောင်ကြီးကား နှယ်နှယ်ရရ မဟုတ်၊ သားဖွားမီးယပ် အိုဂျီ ဆရာဝံ ဖြစ်သည်။ သို့သော်လည်း အအို ဦးစားမပေး အပျိုသာ ဦးစားပေး ရွေးကုသည်။ အအိုဆိုတာ ပြုစုမည့် လင်ယောက်ျားရှိတယ်၊ အပျိုကျတော့ ဘယ်သူ့ သွားအားကိုးမလဲ။ ငယ်စဉ်ထဲက ဝါသနာ ပါလွန်းရွေ့ တနေ့ ငါကြီးလာ ဆရာဝံ လုပ်မယ်၊ သေသေချာချာ စောင်မကြည့်ရှုမယ် စိတ်ဝယ်မှန်းကာ ပညာထူးချွန်အောင် ကြိုးစားသည်၊ ဆေးကျောင်းဝင်ခွင့်ရကာ အနှီဘာသာရပ်ဝယ် ထူးချွန်သောကြောင့် ဂုဏ်ထူး ပထမအဆင့်နှင့် အောင်သည်။ ထို့နောက် မာစတာဘွဲ့ရပြီး အိုဂျီ အထူးကု ကြောင်ကြီးဟု ပျိုပျိုတို့အလယ် ထင်ရှားလေသည်။ သိပ်သဘောကောင်း စေတဏှာပါတာ၊ ကြည့်ပေးတာများ အသေးစိတ်၊ သိပ်ကြင်နှာတတ်တဲ့ ဆရာဝံ….။ သို့သော် လောကနိယာမ အများကြိုက်လျင် အနည်းမုန်းသည်မို့ သူ့အား […]


Mon LayAugust 15, 20171min5012
#Water boom @Yangon ဒီတစ်ခေါက်လည်းမွန်လေး Water boom ကို Team Building အတွက်တစ်ဖန်ရောက်ရှိလာခဲ့ပါတယ်… ဒုတိယအကြိမ်ရောက်လာခဲ့တော့..ပထမအကြိမ်တုန်းကစီးခဲ့..ရင်ထိတ်ခဲ့တာတွေကအရမ်းကိုပျော်စရာဖြစ်နေတော့တာပေါ့..အထူးသဖြင့် Octopus Slideတွေပေါ့..ပထမအကြိမ်မစီးရဲဘူးဖြစ်နေခဲ့တာ… ဒုတိယကြိမ်ကျအရမ်းကိုစီးကောင်းလို့၃ခါတောင်စီးခဲ့တာ..ဒါတောင်လှေကားတွေအမြင့်ကြီးတက်ရလို့..မတက်ရဘူးဆို…ဘယ်နှစ်ခါပြန်တောင်စီးမလဲမသိ😜😜 အရမ်းပျော်ဖို့ကောင်းပါတယ်…ပြည့်ပြည့်စုံစုံလေးသိချင်ရင်တော့ ပထမအကြိမ်သွားတုန်းကreviewလေးကိုပြန်ရှာဖတ်လို့ရပါတယ် မန်းလေးမှာလည်းဖွင့်နေပြီကြားပါတယ်..မန်းလေးရောက်လို့အချိန်ရရင် မန်းလေးwater boomလည်းသွားဆော့ပါဦးမယ် #ချစ်ရတဲ့သူတွေနဲ့အတူဆော့ပြီးအပျော်ကြီးပျော်နိုင်ကြပါစေ


နိုင်ငံတော်၏ကြောင် အာဏာရသည်မှာ တနှစ်စွန်းခဲ့ချေပြီ၊ ပြောင်းလဲချိန် တန်ပြီ ကြွေးကြော်သံနှင့်အတူ ယခင်သမတ ဘပြောင်အား အလဲထိုး အနိုင်ရ တက်လာခြင်းဖြစ်သည်။ လပေါင်းများစွာ ဟိုလုပ်ဒီလုပ် ယားလို့ပင် မကုတ်အား… ပွင့်လင်းမြင်သာမှုထက် ပိုအရေးကြီးသော တိုင်းရေးပြည်ရာများ ရှိနေသည်။ လူထုနှင့် ကင်းကွာနေပြီ၊ အာဏာရှင် ဆန်တယ် ဝေဖန်မှု မြင့်တက်လာရကား တခုခုလုပ်ရန် ဆုံးဖြတ်လိုက်ရပေသည်။ တခုခုကား ပိတ်သက်ကျီးနှင့် ပြန်လည် ထိတွေ့ရန် ဖြစ်သည်။ ခေတ်ခြင်း မတူတော့ပြီမို့ ယခင်လို သိန်းသောင်းချီ လူထုစည်းဝေးပွဲထက် လက်တဆုပ်စာ ဇကာတင် ပုဂိုလ်များနှင့် တွေ့ဆုံခြင်းသာ သင့်တော်မည်။ တီဗွီ၊ အင်တာနက်တို့မှ တိုက်ရိုက် ထုတ်လွှင့်လျင်လဲ လူအများထံ ရောက်သည် မဟုတ်ပါလော။ ။။။။။ သို့သော် သို့သော်….. ထိုင်နေအကောင်း ထသွားမှအကျိုး၊ တွေ့ကာမှ […]