`ငါကံကောင်းနေသေးတယ်´ဆိုတဲ့ စာလေးကို ရေးသူ ဘုန်းသုခေဆိုတာ စမ်းချောင်းမြို့နယ် ဓမ္မစေတီစာသင်တိုက်က ဆရာတော် ဦးသုခေဓိတ ဖြစ်ပါတယ်။ စာသင်သား ၁၀ဝ ကျော်ကို စည်းကမ်းတကျ ပရိယတ်သင်ပေးရုံသာမက အနီးပတ်ဝန်းကျင်က ရပ်ကွက်သူားတွေကိုလည်း ဝိပဿနာတရားဟော အဘိဓမ္မာသင်တန်းပေးဆိုတာတွေကို ဓမ္မပူဇာမပါ အပတ်စဉ် ဟောကြားသင်ပြပေးနေပါတယ်။ ဆရာတော်ရဲ့ တပည့်စာသင်သားတွေဟာ စည်းကမ်းသေဝပ်စွာနေကြရပါတယ်။ မနက် တန်းဆွမ်းခံထွက်ချိန်ကလွဲလို့ အပြင်မှာ ဦးပဉ္ဖင်းတွေကိုရင်တွေကို မမြင်တွေ့ရပါ။ စာသင်စာကျက် ဝေယျာဝစ္စတွေလုပ်နဲ့ မအားလပ်ကြရပါဘူး။လူတွေနဲ့ ရောနှောခြင်းမရှိရပါဘူး။ ဒါပေမယ့် နာဂစ်ကြောင့် ကျောင်းတိုက်ရှေ့လမ်းမကြီး သစ်ပင်တွေ လဲပြိုပြီး ပိတ်သွားတာလို လိုအပ်တဲ့အချိန်တွေမှာ စာသင်သားတွေထွက်ပြီး သစ်ပင်တွေ ရှင်းလင်းဖယ်ရှားပေးတာမျိုး လုပ်ပေးစေပါတယ်။ သင်္ကြန်တွင်းမှာ ပဏ္ဍိတာရာမဆရာတော်ကြီးရဲ့ ဩဝါဒခံယူပြီး တရားစခန်းဖွင့်လှစ်ပေးလေ့ရှိပါတယ်။ ကျမထက်အသက်ငယ်ပေမယ့် ဆရာတော့် သင်တန်းမှာ ကျမအားလပ်တိုင်း သွားတက်လေ့ရှိတော့ ကျမရဲ့ ဆရာ […]