manawphyulayApril 28, 20121min1063
မလေးရှားအဝင် ကြုံတွေ့ပုံလေးများ ကျွန်တော်တို့ စီးလာတဲ့ ဗင်ကားလေးဟာ ထိုင်းနိိုင်ငံနယ် စပ်လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ ချောချောချူချူနဲ့ အထွက်တုံးထုပြီးတဲ့နောက် တော်တော်လှမ်းလှမ်းကို သွားရတဲ့ မလေးရှားနိုင်ငံ ဆာဒါအို လူဝင်မှုကြီးကြပ်ရေးဂိတ်ကိုရောက်ခဲ့ပါတယ်။ ရောက်တာနဲ့ တစ်ပြိုင်နက် ကားပေါ်မှ အားလုံးဆင်းပြီး အဝင်တုံးထုဖို့ တန်းစီရပါတယ်။ ဘာလာလုပ်တာလဲ မေးခွန်းကိုတော့ အလည်အပတ်လို့ဖြေရင်းငြိမ်သက်နေခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်န့လာတယ်ဆိုတာ ပြောလို့ မရဘူးလေ။ အဲဒီ အချိန်တုန်းက မလေးရှားမှာ တရားဝင် အလုပ်လုပ်တဲ့ ခေတ်မှ မဟုတ်သေးတာလေ။ အဝင်တုံးထုပြီးတဲ့အခါမှာတော့ ကားပေါ်မှ အထုပ်အပိုးတွေကိုချခိုင်းပြီး ခွေးနဲ့ လှည့်ပတ်စစ်ပါတော့တယ်။ ခွေးက အထုပ်တစ်ထုပ်နားရောက်တော့ တရူးရူးနဲ့ နမ်းနေပါတော့တယ်။ အင်း ဘာဖြစ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်နေရတာပေါ့။ ကျွန်တော်တို့နဲ့ အတူတူ ပါလာတဲ့ကောင်လေး တစ်ယောက်ရဲ့ ကြိမ်ခြင်းတောင်းကြီးပေါ့ဗျာ။ အရင်ခေတ်ကဆိုတော့ နိုင်ငံခြားကို […]


ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်မှ အနားယူပြီး ပင်စင်လစာ ရရှိရန်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လစဉ် အချိုးကျ သတ်မှတ်နှုန်းထား ပမာဏကို […]


                 “ပိတ်ချင်းမြောင်ဂူအတက်နဲ့အထွက်လမ်း ”   ကျနော်တစ်ယောက်ထဲ ဂူအမြင့်ဆုံးနေရာအထိတက်လာခဲ့ပါတယ်။ အပေါ်ဆုံးမရောက်ခင်မှာအတော်လေးအသက်ရှုကျပ်သလို မတ်စောက်တဲ့လှေခါးအတက်မှာ အတော်လေးမောပါတယ်။ အသက်ရှုမဝလို့ ဟောဟဲလိုက်နေတာ လူမြင်ရင် ရီစရာ။ လူက ဝဝ ကင်မရာပေါက်စနဲ့ ဟိုနားရပ်လိုက် ဟိုအပေါ်တက်လိုက်နဲ့ ဓါတ်ပုံရိုက်နေတဲ့ ကျနော်ကို ကြည့်ပြီး ပြုံးသွားတဲ့တစ်ယောက်ကို မောမောနဲ့မြင်လိုက်ပါသေးတယ်။ အပေါ်ဆုံးရောက်တော့ ဗေဒင်လက္ခဏာဟောတဲ့သူတစ်ယောက်ကိုဘဲတွေ့ရပါတယ်. ကျနော်အစကထင်တာ ဒီအပေါ်ဆုံးရောက်ရင် အခြားတစ်ဖက်က ပြန်ထွက်လို့ရတယ်လို့ထင်မိပါတယ်။ ဒါပေမယ့် လာလမ်းအတိုင်းပြန်လှည့်ခဲ့ရပါတယ်။ အထွက်ဝမှာတော့ ဒီလမ်းခရီးမှာ ကျနော်ဒုတိယမြောက်အနှစ်သက်ဆုံးပုံလေးတပုံရခဲ့ပါတယ်။ ခံစားမျှဝေလိုက်ပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)


ပုိင္ေလးApril 28, 20121min887
ဗုဒ္ဓ၏ ဦးခေါင်းရိုးတော် ဟောင်ကောင်တွင် အပူဇော်ခံ ဗုဒ္ဓ မြတ်စွာဘုရား၏ ဦးခေါင်းရိုး ဓါတ်တော်မှာ ဗုဒ္ဓဟူး နေ့က ဟောင်ကောင်ကျွန်းတွင် ပထမဆုံး အကြိမ်အဖြစ် လူပရိသတ်များ ကြည်ညိုနိုင်ရန် ထားရှိ အပူဇော် ခံခဲ့ကြောင်း သိရသည်။ ဆယ်ရက်တာ ကြာမြင့်မည့် အဆိုပါ အပူဇော်ခံပွဲတွင် ဟောင်ကောင်နှင့် မကာအိုသို့  ပြည်မကြီးမှ ပထမဆုံး အကြိမ်အဖြစ် ကြွချီ အပူဇော်ခံခြင်းလည်း ဖြစ်သည်။ ယင်းဓါတ်တော်မှာ ဟောင်ကောင်သို့ ဗုဒ္ဓဟူးနေ့  ညနေ ၃ နာရီအချိန် က ရောက်ရှိခဲ့ပြီး ဟောင်ကောင် နိုင်ငံတကာ လေဆိပ်တွင် သံဃာများ ခြံရံပြီး ပူဇော်ခဲ့ကြသည်။ ဓါတ်တော်ကြုတ်ကို ၁.၂၈ မီတာ အမြင့်ရှိသည့် အာသောက စေတီ ပုံတော်ဖြင့် ရံ ပြီး ကျည်ကာမှန်ဖြင့် […]


phone_kyawApril 28, 20121min611
UK PM. CAMERON, THE LADY AND THE PRESIDENT – သို ့မဟုတ် – MISSION IMPOSSIBLE II                                                                         တောသားလေးမောင်လူအေး တင်ပြသည်။ မင်္ဂလာပါ ပုရိဿတ်တို ့-           ကျနော် ယခုဒီစာကို ရေးနေသော အချိန်မှာ ဧပြီလ -၁၆- ရက်နေ ့ မွန်းလွဲ တစ်နာရီ အချိန် ဖြစ်ပါသည်။ ထုံးတမ်း အစဉ်အလာအရ နှစ်ဟောင်းကို ကျော်ပြီး နှစ်သစ်ဦးသို ့ ဝင်ရောက်ခဲ့ပြီမို ့ မြန်မာနိုင်ငံသားများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေဟု ခပ်တိုတိုပဲ ဆုတောင်းပေးလိုက်ပါသည်။           ပြီးခဲ့သော ဆောင်းပါးမှာ THE LADY နှင့် THE […]


ကထူးဆန္းApril 27, 20121min25546
http://www.tripadvisor.com/ShowTopic-g294190-i9408-k5360622-Where_to_bring_your_Medical_School_Other_supplies-Myanmar.html Where to bring your Medical/School/Other supplies ” Apr 24, 2012, 10:48 PM this is a thread (spurred by utahlover) to post your information or thoughts about where to bring much-needed school, medical, or ‘other’ supplies to donate to clinics, buddhist temples, schools, or other spots while you’re visiting Myanmar. Solid information (or even good […]


moethuzarApril 27, 20121min26319
စာရေးဆရာတစ်ယောက် ပြောတာ မှတ်သားဖူးပါတယ်။ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရတွေဟာ ပြည်သူလူထုက သူတို့ကို အားကိုးယုံကြည်လာအောင် လူမျိုးခြား မုန်းတီးရေး ကိုဦးတည်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒကို  သွတ်သွင်းလေ့ရှိကြတယ်တဲ့။ ပြီးရင် လိုရင်လိုသလို လူမျိုးရေး- ဘာသာရေး အဓိကရုဏ်း ဖန်တီးပြီး နိုင်ငံရေး အာရုံပြောင်းအောင် လုပ်လေ့ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ခေတ်ကစလို့ ဒီနေ့ထိ  ဗုဒ္ဓဘာသာဝင်တွေ နဲ့  အစ္စလမ်ဘာသာဝင်တွေကို ရန်တိုက်ပေးတဲ့ နည်းကို ကျင့်သုံးနေတာ အထင်အရှားပါပဲ။ ရလဒ်ကတော့ လူနည်းစုဖြစ်တဲ့ မူစလင်တွေသာ မြေစာပင်ဖြစ်ရတာ အမြဲပါပဲ။ လူနည်းစုကိုစွတ်စွဲပြီး မြေနိမ့်ရာ လှံစိုက်တာကတော့ အင်မတန်သေးသိမ်တဲ့ လုပ်ရပ်ပါပဲ။ (သတိရတာလေးတခု ပြောရရင် ဆူနာမိကာလ ထိုင်းနိုင်ငံကမ်းခြေက မြန်မာအလုပ်သမားတွေကို ပစ္စည်းတွေ ခိုးနေတဲ့လူတွေ လို့စွတ်စွဲတာ သတင်းတွေထဲပါလာတော့ မြေနိမ့်ရာ […]


kotun winlattApril 27, 20121min19511
အခြားသောချောင်းများကဲ့သို့ပင် ရွှေလေးတန် အမည်ရှိသောချောင်းသည် မြောက်မှ တောင်သို့ စီးဆင်းနေပေသည်။ ထိုရွှေလေးတန်ချောင်းကြီးအတွင်းတွင် ငါးရံ့၊ ငါးဖယ်၊ ငါးပြေမ၊ လိပ်၊ ပုစွန်၊ ကဏန်း၊ မိကျောင်း အစရှိသည့် ရေသတ္တဝါမျိုးစုံတို့သည် ပျော်ပျော်ရွှင်ရွှင် ကျက်စားလျှက်ရှိကြ ၏။ အနှီရေသတ္တဝါ အစုအပေါင်းတို့ကိုမူ ငါးဇင်ရိုင်းဘုရင်ကြီးက အုပ်ချုပ်တော်မူသည် ဟူသတတ်။ အခါတစ်ပါးတွင် ငါးဇင်ရိုင်းဘုရင်ကြီးသည် သူ၏ရွှေလေးတန်ချောင်းကြီး ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရန် စဉ်းစားမိပြီး ငါး၊ လိပ်၊ ပုစွန်စသော မှူးမတ်အပေါင်းကိုဆင့်ခေါ်ကာ“အဘယ်သို့လုပ်ရမည်နည်း”ဟု မေးသည်။ ထိုအခါ ငါး၊ လိပ် အမတ်အပေါင်းတို့သည် အချင်းချင်းကျွတ်စီ ကျွတ်စီ တိုင်ပင်ကြ၏။ လက်သီးလက်မောင်းတန်း၍ အော်ကြီးဟစ်ကျယ်ဆွေးနွေးကြ၏။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဟစ်ကာ ရန်ဖြစ်ကြကုန်၏။ ဤသို့လျှင် သုံးပတ်ခန့်အခြေအတင် ဆွေးနွေးပြီးသကာလ ငါးဇင်ရိုင်းဘုရင်ကြီးနှင့် ဆွေမျိုးနီးစပ်လည်းတော်သော အမတ်ဗိုလ်ပါအလယ်တွင်လည်း ရာထူးကြီးသော ငါးပူတင်းတစ်ကောင်၏ […]

IMG_03111.jpg

ဒီနှစ်ဆန္ဒပြမှုဟာ မနှစ်ကလောက်တော့ မဆိုးလောက်ဘူးလို ့တော့ ထင်ရတယ်.. ဘာကြောင့်လဲဆိုတော့ ညနေ ရနာရီလောက်အထိ လိုင်းကား၊ အိမ်ကားတွေ သွားနေကြသေးလို ့.. လက်ရှိအစိုးရရဲ  ့လုပ်ဆောင်ချက်တွေ၊ မသမာသောနည်းနဲ ့နောင်နှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေအပေါ် အတိုက်ခံပါတီက သန် ့ရှင်းစေခြင်း လို ့အဓိပ္ပါယ်ရတဲ့ (Bersih) ဆန္ဒပြပွဲတရားဝင်ပြုလုပ်မှာကြောင့် ဒီကနေ ့ကနေ စပြီး အဲ့ဒီ လွတ်လပ်ရေးကွင်းဝန်းကျင်လမ်းတွေကို ပိတ်ထားလိုက်ပါပြီ.. အစောကလေးတင် အဲ့ဝန်းကျင်ကိုရောက်ခဲ့လို ့ ရွာသူားတွေကို သိစေလိုတဲ့ မြင်စေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ ့ဒီပို ့စ်ရေးလိုက်တာပါ.. ကျနော်အဲ့ဝန်းကျင်သွား ဓါတ်ပုံရိုက်ပေမယ့် ဘယ်ရဲမှ မြန်မာပြည်မှာလို စစ်ဆေး မေးမြန်းခြင်းမရှိပါဘူး.. ရဟတ်ယာဉ်တွေလည်း ဒီညနေပိုင်းကစပြီး လွတ်လပ်ရေးကွင်းဝန်းကင်မှာ ၁၅မိနစ်တစ်ခါလောက် ဝဲနေပါပြီ.. ဒီဝန်းကျင်တည်းခိုခန်းတွေမှာလည်း အခန်းတိုင်းလူပြည့်နီးနီးလို ့သတင်းရပါတယ်..  ဒီပို ့စ်ကိုဖတ်ဖြစ်တဲ့ မလေးရှားရောက် […]


Swal Taw YwetApril 27, 20123min1252
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၁) by May Aye Oo on Wednesday, April 25, 2012 at 4:51am ·  ဘဝဆိုတာ ဖယောင်းတိုင်လေးလိုပဲ.. မကြာခင်မှာ ငြိမ်းသွားမှာ..။ ကိုယ့်ပတ်ဝန်းကျင်ကို အလင်းရောင်ပေးပါ..။ ပတ်ဝန်းကျင်ကိုတော့ လောင်မြှိုက်မပစ်ပါနဲ့။ ငြိမ်းသွားရင်လဲ အနွေးဓါတ်လေးကျန်နေအောင်ပြင်ဆင်ထားခဲ့ပါ..။ အရှင် ဧသက     ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး။ ၅ – ၉ ဧပြီလ-၂၀၁၂  မြောင်ရင်းရွာ၊ ထုံးဘိုမှာ ကျမတို့ရဲ့ ယဉ်ကျေးလိမ္မာ သင်တန်းက တတိယအကြိမ် ဖြစ်သွားပါပြီ။ ဒီတစ်ခေါက်မှာတော့ ပုညကြိယ ဝတ္တု ၁ဝပါး ယှဉ်ပြိုင်ခြင်း၏နိဂုံး (သီတဂူ ကမာ္ဘဗုဒ္ဓတက္ကသိုလ် […]


uncle kyawApril 27, 20121min15710
ရွာသားရွာသူ အပေါင်းတို့ရေ..ကြုံဘူးရင်ပဲ ဖြစ်ဖြစ် ဘာကြောင့်ဖြစ်တယ်ဆိုတာ သိရင်ပဲ ဖြစ်ဖြစ် ပြောပေးကူညီကြပါဦး…ခုတစ်လော gtalk ကို sign out လုပ်လိုက်ပေမဲ့ တခြားသူတွေ ရဲ့ account မှာ off line မဖြစ်ပဲ on line မှာ ကျန်ကျန်နေတယ်ဗျ…အရင် တစ်ခါမှ မဖြစ်ဖူးတော့ တစ်စုံတစ်ဦးကများ hack လေသလားလို့ သံသယ ဖြစ်ပြီး pw ကို ပြောင်းလိုက်ပေမဲ့ ခဏပဲ နောက် အဲလိုပဲ ပြန်ပြန် ဖြစ်နေတယ်..ပြသနာ တစ်စုံတရာ ရှိမရှိ၊ ဘယ်လို ဖြေရှင်းရမယ် ဆိုတာလေးများ သိခဲ့ရင် ပြောပြပေးကြပါဦး…နောက်ပြီး တစ်ချို့ ပို့စ် တွေကို မန့် လို့ မရဘူး ဖြစ်နေသေးသဗျ…ဘာဖြစ်မှန်းကို တိတော့ဝူး…အန်ကယ် ညစ်..ညစ်..