ကျွန်တော်သားက အိမ်မှာရှိတဲ့ဘုရားစင်ပေါ်ကဘုရားရုပ်ပွားတော်ပေါ်မှာ ကပ်နေတဲ့ အိမ်မြောင်ကို သရေကွင်းနဲ့ပစ်နေပါတယ်။ ကျွန်တော်က မိဘဆိုတော့….ငါ့သား အဲလိုမလုပ်ရဘူး။ ဘုရားရုပ်တုကို မှန်သွားရင် ငရဲကြီးလိမ့်မယ်။ လို့ပြောဆိုပါတယ်။ အဲဒီတုန်းက ဘာမှပြန်မပြောပေမယ့်…လေးငါးရက်လောက်ရှိလာတဲ့ တစ်နေ့…. အဖေအဖေ…ဘုရားကြီးနားမှား ကျောက်ဆင်းတုဘုရားတွေကို တူနဲ့ထုပြီး ဆောက်တွေနဲ့ထွင်းနေတာ..နှာခေါင်းကိုချော်ထုမိရင် သူတို့ငရဲမကြီးဘူးလားလို့ လာမေးပါတယ်။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ အဲဒီဘုရားဆင်းတုတွေက အနေကဇာတွေမတင်ရသေးဘူး။ ဒါကြောင့်တန်ခိုးမရှိသေးဘူး။ အသက်မဝင် သေးဘူး။ အိမ်ကဘုရားက အနေကဇာတင်ပြီးပြီ။ အသက်ဝင်လို့ တန်ခိုးရှိနေပြီလို့ ပြောလိုက်ပါတယ်။ ကျွန်တော်က အဖေလေ။ဘယ်ရမလဲ။ အဲအဲဒီလိုပြောလိုက်တော့ သားကပြန်ပြောပါတယ်။ အဖေတဲ့…အိမ်ကဘုရားက အနေကဇာတင်ပြီးလို့ အသက်ဝင်ပြီးတန်ခိုးရှိနေပြီဆိုတော့.. အနေကဇာတင်တယ်ဆိုတာ..ဘုန်းကြီးတွေက ရွတ်ဖတ်ပေးရတာမဟုတ်လား။ အဲလိုဆိုရင် ဘုရားမှာ အသက်ဝင်ဖို့..တန်ခိုးရှိဖို့က ဘုန်းကြီးတွေပေးမှ ရမှာလားတဲ့။ ဘုန်းကြီးတွေမပေးရင် တန်ခိုးမရှိတော့ဘူးလားတဲ့။ ကိုကြီးကြောင်တို့ရေ..ကျွန်တော်ဘာပြန်ပြောလိုက်ရမလဲ…ရယ်စရာမဟုတ်ပါဘူးနော်။ စဉ်းစားစရာပါ ကိုကြီးကြောင်တို့..အဖွဲ့သားနောင်ရင်းများတို့ရေ….ပြသနာ တစ်။