kaiSeptember 6, 20181min182613
စက်တင်ဘာ.. ၂၀၁၈ ထုတ်..မြန်မာ့ဂဇက်ထွက်နေပါပြီ.. ► 8888 အမှတ်တရ ပွဲကျင်းပသည့်သတင်းများ ► မသန္တာအောင် (ဆေးပညာဘွဲ့) ရဲ့ Antiphospholipid Syndrome ဆေးပညာဆောင်းပါး။ ► ဒေါက်တာအောင်ဇော်ထိုက်ရဲ့ Pulmonary Embolism ဆေးပညာဆောင်းပါး။ ► ဝင်းဗိုလ်ရဲ့ Scarborough Fair ဂီတဆောင်းပါး။ ►တိမ်မည်းရဲ့ ဆေးခြောက်အိမ်မှာဘယ်လိုစိုက် ဆောင်းပါး။ ►လစဉ်ဖော်ပြနေက ျ ဆရာမျိုးကေ ျာ်မြင့်ရဲ့အင်္ဂလိပ်စာသင်္ခန်းစာဆောင်းပါး။ ကဗျာ၊ ကာတွန်း၊ ကမ္ဘာ၊ မြန်မာသတင်းဒိုင်ယာရီ၊ ဗေဒင် သုတ၊ ရသစုံလင်စွာဖြင် ၂၀၁၈ စက်တင်ဘာလထုတ် မြန်မာ့ဂဇက်ထွက်နေပါပြီ။ အမေရိကားရှိ မြန်မာစတိုးဆိုင်များ၊စားသောက်ဆိုင်များတွင် ရယူပါ။ https://issuu.com/myanmargazette/…/myanmar_gazette_sept_2018


ko sixSeptember 4, 20181min16913
======================== တစ်ချို့အတွက် ကံတရားက ပွဲမပြီးသေးဘဲနဲ့ မီးသေလိုက်ရတာမျိုး ရှိတယ်။ ဒါဟာ ဒေါ်လာဈေးတက်တာနဲ့တော့ ဘာမှမဆိုင်ဘူး။ တစ်ချို့ဆိုတဲ့ ရာခိုင်နှုန်းက မင်းနဖူးမှာ ပါလာတာဆိုရင်တော့ ခါးပြီ။ ဒီလိုမျိုး စိန်ခေါ်ပွဲက ငါတို့အားလုံး ဂလက်ဒီရေတာ အကျဉ်းသားတွေပဲ။ မင်း သိထားဖို့က ကိုယ့်အသက်ကို သတ်တဲ့လက်နက်ဟာ ဖြူစင်တဲ့ ကိုယ့်နာမည်ပဲ ဖြစ်ရမယ်လို့ပေါ့။ လူတိုင်းသေရမယ်ဆိုတာ ရိုးရှင်းတဲ့ ခက်ဆစ်ပဲ။ ရှင်သန်နေတဲ့ကာလတစ်လျှောက် ခံနိုင်ရည်ကို ဆေးသွားတင်ထား။ မြေကြီးပေါ်မှာမွေးခဲ့တဲ့ဘီလုံးငှက်တွေတောင် ကောင်းကင်ကို ပိုင်စိုးနိုင်သေးရင် မင်းကလူမဟုတ်ဘူးလား။ ငါတို့အားလုံးဟာ ခဏလေးနေပြီးရင် အသက်ကို ထိုးအပ်ရမယ့်အတူတူ သောကတွေကို ပန်းနဲ့ဖုံးထား။ လောဘတွေကို ပရဟိတနဲ့ဖျော်လိုက်။ ဒေါသတွေကို မြောင်းထဲစွန့်ပစ်။ မောဟတွေကို အိပ်မက်ထဲမှာ ချန်ခဲ့။ နောက်ဆုံး အစားတစ်လုတ်အတွက် အစွယ်ထုတ်ဖို့ ဝန်မလေးကြတဲ့ ဒီတိရိစ္ဆာန်ရုံမှာ တကယ့်ကို […]


သင့်အေးရိပ်September 2, 20181min677315
ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”     ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀ဝ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary […]


ko sixSeptember 2, 20181min6245
================= ကိုစစ်(Physics) (1) ငါဟာ မြေဩဇာချို့တဲ့နေတဲ့ ပထဝီဝင်တစ်ခုဖြစ်ကြောင်း မှော်ကြာတစ်ပွင့်လို ရင်ဖွင့်ပါရစတော့။ တောင်တန်းတွေဟာ လူအထင်ကြီးအောင် တည်ဆောက်ထားခဲ့တဲ့ ငါ့ရဲ့ ညံ့ကွက်တွေပါ။ ချောက်ကမ်းပါးတွေဟာ လူလူသူသူဖြစ်အောင် စတေးခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ ထောက်ခံစာတွေပါ။ မြစ်ချောင်းတွေဟာ လုပ်ကွင်းလုပ်ကွက်ဖြစ်အောင် ပုံဖော်ခဲ့ရတဲ့ ငါရဲ့မျက်ရည်တွေပါ။ မီးတောင်တွေဟာ ရဲရဲရင့်ရင့်မြင့်မားအောင် တောက်လောင်ခဲ့ရတဲ့ ခံပြင်းတဲ့ ငါ့ရဲ့မြိုသိပ်ခြင်းတွေပါ။ သစ်တောတွေဟာ ပရဟိတလုပ်နိုင်အောင် ရှင်သန်ခဲ့ရတဲ့ ခြေထိုးခံ ငါ့ရဲ့ ဘဝခြောက်တောတွေပါ။ ပင်လယ်တွေဟာ လူတောတိုးနိုင်အောင် လှိုင်းထခဲ့တဲ့ ငါ့ရဲ့ ငံကျိကျိအော်ဟစ်သံတွေပါ။ ဘာပဲဖြစ်ဖြစ် ငါဟာ လူမသိသူမသိနဲ့ မီးသင့်ကျောက်လို မာမာကျောကျော အေးခဲနေခဲ့တာ မြောက်ပြန်လေတွေ တိုက်မလာသေးခင်အထိပေါ့။ (2) ညက မှော်ဆန်တယ်ပဲပြောရမလားပဲ။ ဝင်ရိုးစွန်းအရပ်လို အဆုံးမဲ့ညသံသရာကို မောင်းနှင်နေတယ်။ ပစ်တင်လိုက်တဲ့မြားတွေက မမြင်နိုင်တဲ့ ညနက်နက်မှာ […]


Mon LaySeptember 1, 20185min7734
#ပို်င် ထန်းတော  🍶🌴🌱🍀 ပုဂံမှာ ထန်းတော တော်တော်များများရှိတာကို ထန်းတောသွားတဲ့နေ့ကမှသိလိုက်ရပါတယ်။ အစက အညာလက်ဆောင်ထန်း တောရယ်၊ ပို်င်ရယ် အဲလောက်ပဲသိခဲ့တာ။ သွားတော့မှ လှိုင်တို့ တခြားထန်းထောတို့ထပ်ရှိသေးတာတွေ့ခဲ့ရတယ်။ #ဘယ်လိုသွားလို့ရလဲ 🚘 သူက ပုဂံ-ကျောက်ပန်းတောင်းကားလမ်းဘေးမှာရှိတာပါ။ ပုဂံ မြို့ဟောင်းကနေဆို ၁နာရီလောက်ကားနဲ့သွားရင်ရောက်ပါတယ်။ မွန်လေးတို့ကတော့ ကားကြီးကွင်းကနေသွားခဲ့တာဆိုတော့ နာရီဝက်မောင်းရင် ရောက်ပါပြီ။ လမ်းမှာ အညာလက်ဆောင် ထန်းတောကိုလှမ်းမြင်တော့ ဓါတ်ဖမ်းချင်တာနဲ့ ကားခဏရပ်ပြီး ဓါတ်ဖမ်းခဲ့ပါသေးတယ်။ 😁📸 သူကလင့်စင် လိုပုံစံမျိုးလုပ်ထားတာပါ။ အပေါ် မြင်ကွင်းကောင်းကောင်းမြင်နိုင်ဖို့ ထန်းပင်အမြင့်ပေါ်မှာကွပ်ပျစ်လေးတွေ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ #ပို်င် ထန်းတော 🍶🌴🌱🍀 အဝင်ဝမှာ ပိုင်ထန်းတဲ ဆိုင်းဘုတ်နှင့် အတူ မြေအိုးလေးကို ချိတ်ဆွဲထားတာက အညာထန်းတောများ၏ အမှတ် သင်္ကေတ တစ်ခုဖြစ်ပါလိမ့်မယ်။ စဝင်လိုက်တာနဲ့ ညာဘက်ခြမ်းမှာ ထန်းလျက်ချက်လုပ်နေတာကို […]


kaiAugust 31, 20181min4101
ကျွန်ုပ်တို့၏ ချစ်လှစွာသော သမ္မတကြီးထရမ့် သမ္မတရာထူးမှပြုတ်တော့မည်လော..? ဤခေတ်ကမ္ဘာသူားတို့ အသိချင်ဆုံးမေးခွန်းတခုဖြစ်ပေလိမ့်မည်။ “သူလိုလူစား တယောက်သာရှိသည်” သမ္မတထရမ့်သည် သူ၏စိတ်တွင်ရှိသည့်အတိုင်း Twitter တွင်ရေးချတတ်သူဖြစ်၍ လူထုနှင့်ပွင့်လင်းမြင်သာအရှိဆုံးသမ္မတတဦးဖြစ်သည်ဆိုရမည်။ သူစိတ်တိုင်းမကျသူကို မကျသည့်အတိုင်း ပြောတတ်ကာ သည်းညည်းမခံ၊ တန်ပြန်အရေးယူဆောင်ရွက်ခြင်းလည်းပြုတတ်သည်။ “ဒူးကိုလိုသော်ခေါင်းကိုမှန်း၍ ရင်၌ထိ၏” နည်းဗျူသာသည် သူရေးသားသောစာအုပ် The Art of the Deal အတိုင်း မူလအဓိကဖြစ်ဟန်ရှိသည်။ ထိုနည်းဖြင့် နိုင်ငံခြားရေးပေါ်လစီကို အကောင်အထည်ဖေါ်ဟန်ရှိရာ ဒူးနေရာသို့ရည်ရွယ်ပါလျှင် ဦးခေါင်းနေရာမှန်း၍ တိုက်ခိုက်ပြောဆိုနေပြီး ရင်ဘတ်နေရာလောက် ဖမ်းချ,အလျှော့ပေးလိုက်လျှင် ထိုထိုသူတို့ဝမ်းသာအားရ ပြေး၍ချည်းကပ်ကြရသည်မဟုတ်ပါလား။ မြောက်ကိုရီးယားအကြီးအကဲ ကင်ဂျုံအွန်းအား ပါစင်နယ်အထိတိုက်ခိုက်ပြောဆိုကာ စစ်ကြီးဆင်နွှဲမယောင်ပြုပြီး ရုတ်တရက်တွေ့ဆုံဆွေးနွေးကြရအောင်ဟုပြောကာ သူလိုချင်သည့်ဖက်ဆွဲယူသွားသည်က အဖြစ်တခုဖြစ်သည်။ ထိုနည်းတူကို အီရန်နှင့်လုပ်နေသော်ငြား ကမ္ဘာ့အကောင်းဆုံး Deal လုပ်နိုင်သည့် အကြာဆုံးမြို့ပြယဉ်ကျေးမှု ဘေဘီလုံဒေသသားများအား လိုရာတွန်း-ဆွဲခြင်းမပြုနိုင်သေး။ နိုင်ငံရေးသမားများ၊ […]


CourageAugust 31, 20181min38317
ပေါက်ပန်းလေးဆယ် စကားဝိုင်း – ၂ (ဗုံးခွဲခြင်း)           ‘ကိုယ်တော်ရာ ကျွန်တော်တော့ဖြင့် ဟိုနေ့ကလုပ်သွားတဲ့ ရသစာပေစကားဝိုင်းမှာ ဦးဆောင်ဆွေးနွေး သွားတဲ့သူကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထက် သမ္မတဟောင်းကြီးကဆွေးနွေးတာကို ပိုပြီးမြင်ချင်တာပဲဗျာ’ ‘ဖူး… ဖလူး… ဖူး’ ကျွန်တော့စကားအဆုံးတွင် တူးဝေးကိုယ်တော်တစ်ယောက် သောက်နေသော ကော်ဖီများပါးစပ်အတွင်းမှ ထွက်ကျလောက်အောင်ပင်သီးသွားသည်။ ‘ဘာတုံးဟ မင်းစကားကြီးက အလန့်တကြားနိုင်လိုက်တာ။ ငါသောက်နေတဲ့ အိတ်စ်ပရစိုတောင်သီးတယ်’ တူးဝေးကိုယ်တော်ရဲ့စကားအဆုံးမှာ အားရပါးရရီမိသည်ကတော့ ကျွန်တော်။ ‘ဟား…ဟား…ဟား။ ဖြစ်မှဖြစ်ရလေကိုယ်တော်ရာ အိတ်စ်ပရစိုတဲ့။ နတ်စ်ကော်ဖီတောင် နို့စိမ်းမပေါက်နိုင်လို့ ပလိန်းပဲသောက်နေရတာများ’ ‘ဟ ဟိတ်ကောင်ရ။ လူဆိုတာကိုယ်ထင် ကုတင်ခြေလေးချောင်းကွ။ ငါ့ပါငါနတ်စ်ကော်ဖီကို အိတ်စ်ပရစို အထင်နဲ့သောက်ရတာ ဘုဂရုစိုက်မတုံး’ ‘ထားပါလေ ထားပါ။ ခင်များပြောသလိုပဲ ကိုယ်ထင်ကုတင်ခြေလေးချောင်းပေါ့’ တူးဝေးကိုယ်တော် ကော်ဖီကို အားပါးတရမော့သောက်လိုက်ပြန်ကာ ‘နေစမ်းပါဦး မောင်ကာကြီးရ။ ဘာတဲ့မင်းစကားကြီးက […]


Mon LayAugust 30, 20188min7802
အစကတော့ ပုဂံကိုသွားတဲ့အခါ စလေကို မသွားဘူးလုပ်ထားတာ။ ဒါပေမယ့် မရောက်ဖူးတော့ အချိန်လည်းရတော့ သွားခဲ့လိုက်ပါတယ်။ သွားချင်နေတာလည်းပါတာပေါ့နော်။😁😁 ဆလွန်းကားကို စလေအသွား၊ အပြန်နဲ့ ကားကြီးကွင်း အရောက်ပြန်ပို့ခ စုစုပေါင်း (၃၅၀၀၀)ကျပ်ကျပါတယ်။ #ဘယ်လိုသွားလဲ🚘 ပုဂံကနေ မကွေးတိုင်းကိုဖြတ်၊ ချောက်မြို့ကိုဖြတ်သန်းပြီး ၂နာရီအကြာမှာ စလေမြို့ကို ရောက်ရှိလာပါတယ်။ ရန်ကုန် – စလေ ဆိုရင် ပြည့်ဖြိုးအောင် – 09 8601651 ကားရှိတယ်။ မနက် (၈)ခွဲကားနဲ့ ည (၈)ခွဲကားဆို စလေအထိ တိုက်ရိုက်ရောက်ပါတယ်တဲ့။ #စလေမြို့🏙 စလေမြို့လေးဟာ ဧရာဝတီမြစ် ရဲ့ အရှေ့ဘက် ကမ်းမှာတည်ရှိပြီး ပုဂံ ရှေးဟောင်းမြို့တော်ရဲ့ တောင်ဘက် 34 မိုင်အကွာ မှာတည်ရှိပါတယ်။ ရန်ကုန်မှလာလျျှင် ရေနံချောင်း ၊ ဂွေးချို လမ်းခွဲ( […]


ဇီဇီAugust 30, 20187min16227
ခုတလော ရောဂါထနေတာတော့… အိမ်တွင်းစိုက်ပျိုးလို့ရတဲ့… စိုက်သင့်တဲ့… စိုက်နိုင်တဲ့ အပင်တွေ ပေါ့လေ။ ရောဂါလေးစကတည်းက ရှာဖွေမှတ်သား စမ်းသပ်ထားတာလေးတွေ ရောဂါငြိမ်မသွားခင် ရေးပါရစေလားးး 😛 အိမ်တွင်း အိပ်ခန်းတွင်း ရေချိုးခန်းတွင်း မီးဖိုခန်တွင်း ထားလို့ရတာ အများကြီးရှိတာမို့ ဖတ်သူတွေ အဆင်ပြေအောင် စဉ်ကြည့်တဲ့အခါ … နာဆာက မှတ်ချက်ပြုထားတဲ့ အပင်တွေ ကို စာရင်း စဉ်ရင်း သိမှတ်ဖွယ်ရာတွေ ရေးသွားတာ ကောင်းမယ်လို့ တွေးမိတယ်။ စပြီ။ ၁၉၈ဝ နှစ်များဆီက နာဆာက space station တွေ အတွက် လေထုကို သန့်ရှင်း သန့်စင်စေတဲ့ အပင်များအကြောင်း စတင်လေ့လာခဲ့ပါတယ်။   ၁) Aloe Vera   မြန်မာလို ရှားစောင်းလက်ပတ် ပင်ပေါ့နော်။ မှတ်မိနေသေးတာတော့ […]


kaiAugust 30, 20183min5082
ယခင်လတွေက Simple sentence လေးတွေအကြောင်း အတော်လေးပြည့်ပြည့်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ compound sentence လေးတွေအကြောင်းဖော်ပြလိုပါတယ်။ Simple sentence လေးတွေကိုလူကြိုက်နည်းပါးတယ်။ ဒါပေမဲ့ compound sentence လေးတွေကိုတော့ လူအများစုက နှစ်သက်ကြပါတယ်။ သဘာဝပေါ့နော်။ စုံတွဲလေးတွေကိုလူတိုင်းလိုလို သဘောကျကြပါတယ်။ The whole world loves a lover လိ့ အင်္ဂလိပ်ဆိုရိုးစကားရှိပါတယ်။ compound sentence ဆိုတဲ့ အတိုင်း ဝါကျနှစ်ခုကို conjunction လေးတွေသုံးပြီး ဆက်ထားတာကို လူတိုင်းသဘောကျကြတယ်ထင်ပါရဲ့။ compound sentence တိုင်းမှာ FANBOYS လို့ မှတ်ရလွယ်အောင် အမည်ပေးထားတဲ့ conjunction လေးတွေပါရပါတယ်။ compound sentence တိုင်း မှာ အနည်းဆုံးကတ္တားနှစ်ခုနှင့် ကြိယာနှစ်ခု ပါကိုပါ ရပါတယ်။ […]


  “မဟုတ်ဘူး…ဒါက Red Riders တွေနဲ့ ကျင်းပတဲ့ မော်ဒန်ဈာပန ကွ။” ကျုပ်လည်း ထပြီး ကျုပ် အခေါင်းသေတ္တာပေါ် ထိုင်ချလိုက်တယ်။ ပြီးတော့ ကျုပ် မျက်မှန်ဝိုင်းလေး မျက်လုံးမှာ ညှပ်ပြီး လူအုပ်ကို စိန်းစိန်းဝါးဝါး တစ်ချက်ကြည့်ထည့်လိုက်တယ်။ ကျုပ်က ညအိပ်ဝတ်စုံနဲ့။ ဒါပေမဲ့ အုတ်ဂူထဲမှာ အေးမှာစိုးလို့ သားမွေးကုတ်ကြီး တစ်ထည်တော့ ထည့်လာသေးသဗျ။ နွေခေါင်ခေါင်မှာ သားမွေးကုတ်ကြီးနဲ့ ဆိုတော့ ဟိုလူစု နည်းနည်းတော့ ရှိန်သွားမလားပဲ။ သေချာတာ တစ်ခုကတော့ ဟို အစိုးရအကြံပေး အဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး အသုဘကို ဘယ်သူမှ စိတ်မဝင်စားတော့တာပဲ။   “သွားကြ..သွားကြစမ်းကွာ…ဒီ အုတ်ဂူနေရာကို ကျုပ်ပိုက်ဆံပေးဝယ်ထားတာ။ ကျုပ်က တရားဝင် သေပြီးသား။ ကိုယ့်ဟာကိုယ် ပျော်စရာလေး လုပ်နေတာ..ဘာဖြစ်လဲ။ ကျုပ်ပိုင်တဲ့ […]


zaw linAugust 27, 20181min8086
တပ်မတော်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ••••••••••••••••••••••••••••••••••••••••• တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊ Senior General Min Aung Hlaing Page နှင်​့ မြဝတီ သတင်​း Page တို့အား Facebook Team မှ ဖျက်​သိမ်​းခဲ့မှုကို ကန်​့ကွက်​​ကြောင်​း သ​ဘောထား ထုတ်​ပြန်​ခြင်​း ၁။တပ်​မ​တော်​ ကာကွယ်​​ရေးဦးစီးချုပ်​ရုံး Page၊Senior General Min Aung Hlaing Page နှင်​့ မြဝတီ သတင်​း Page တို့သည်​ နိုင်​ငံ​တော်​လုံခြုံ​ရေးနှင်​့ ကာကွယ်​​ရေး သတင်​းများ၊သတင်​းမှန်​ပြန်​ကြားခြင်​းများ၊တပ်​မ​တော်​၏ ​လှုပ်​ရှား​ဆောင်​ရွက်​မှုများ နှင်​့ သဘာဝ​ဘေးအန္တရာယ်​ ကျ​ရောက်​သည်​့အချိန်​တွင်​ တပ်​မ​တော်​ က ပါဝင်​ကူညီကယ်​ဆယ်​ ​ဆောင်​ရွက်​မှုများအား ​ဖော်​ပြ​ပေးလျက်​ရှိသည်​့ Page များသာ ဖြစ်​ပါသည်​။ ၂။Facebook Team မှ စွပ်​စွဲထားသလို […]


Mon LayAugust 27, 201813min12284
ပုဂံကိုတော်တော်များများရောက်ဖူးကြပါတယ်။ Blogger တွေရေးတဲ့ စာတွေလိုက်ဖတ်လည်းမိုးတွင်းဆိုဘယ်သွားရင်ကောင်း မလဲဆို ပုဂံပဲပြောကြပါတယ်။ မွန်လေးတို့သယ်ရင်းတွေပိတ်ရက်ကို ပုဂံသွားမယ်လုပ်တော့ တော်တော်များများက ပုဂံကိုရောက် ဖူးပြီးသားတွေပဲ။ အဲထဲကမှ မွန်လေးနဲ့ မွန်လေးသယ်ရင်းတစ်ယောက်က ရောက်တော့ရောက်ဖူးတယ်။ ဒါပေမဲ့ ကလေးဘဝတွေ ကဖြစ်နေတော့ သိပ်မမှတ်မိတော့လို့ ငါတို့၂ယောက်ထဲဆိုလည်းသွားမယ်ကွာ..ချ..ဆိုပြီး ပိတ်ရက်၃ရက်ပိတ်တဲ့အချိန်မှာ ပုဂံကို ထွက်လာခဲ့ပါတယ်။😝 ပုဂံreview တွေလိုက်ဖတ်ကြည့်တော့ နေရာအစုံကို သေသေချာချာရေးထားတာတွေ့ပါတယ်။ ကိုယ်လည်း၃ရက်တောင်အချိန်ရမှာဆိုတော့ သွားမယ်ကွာဆိုပြီး လမ်းကြောင်းတွေဆွဲ၊ကားလက်မှတ်တွေကောက်ဖြတ် (မိတ်ဆွေတစ်ယောက်ဆီကယူ)၊ဟိုတယ်ဘွတ်ကင်တွေတင်တာပေါ့။☺️ #ဘယ်လိုသွားခဲ့လဲ🚍 သက်သာချင်တာလဲပါတော့ အသွားကို ရိုးရိုး ရွှေမန္တလာ (၁၁၀၀ဝ ကျပ်) နဲ့သွားပြီး အပြန်ကို အထူးကားပုဂံမင်းသား (၁၈၅၀ဝကျပ်)ကားနဲ့သွားခဲ့ကြတယ်။ ကြာချိန်ကတော့ ၉နာရီပါ။ ပုဂံဆိုအကောင်းဆုံးကားကိုရွေးပေးချင်တာတော့ JJပါ။ ပုဂံမှာလာကြိုတဲ့ဖယ်ရီကအစ mini bus နဲ့။ ဈေးတော့ နည်းနည်းများတယ်။ တခြားကားတွေလည်းဖယ်ရီရှိပါတယ်။ Famous လည်းကောင်းတယ်။ […]