Ma MaAugust 10, 20131min84825
  မနက်စောစော အိပ်ယာကမနှိုးတဲ့ မေမေ့ကို စိတ်ဆိုးမိတယ်။   စာမေးပွဲနီးနေပြီမို့ ကျူရှင်နောက်ကျလို့ မဖြစ်ဘူးလို့ ပြောထားရဲ့သားနဲ့။   မေမေကတော့ ပြောပါတယ်။ ညက စာကျက်တာ ညဉ့်နက်သွားလို့ မနှိုးသေးတာတဲ့။   ပြောသာပြောရတယ်…. ကိုယ်ကအခုမှနိုးတာ။ မေမေက မနက်စာ အဆာပြေ ထမင်းကြော်လို့တောင် ပြီးနေပြီ။   မျက်နှာသစ် သွားတိုက်ပြီး အဝတ်အစား မြန်မြန်ဆန်ဆန်လဲရမယ်။ နောက်ပြီးရင် ညက ဖတ်ပြီး မသိမ်းရသေးတဲ့ စာအုပ်တွေကို လွယ်အိတ်ထဲ အမြန်ထည့်မှ။   စိတ်ထဲကနေ လုပ်စရာတွေကအစီအစဉ်ချရင်း လက်ကလည်း မရပ်မနားလုပ်လိုက်တယ်။   ၁၅မိနစ်လောက် အကြာမှာတော့ ……. `မေမေရေ- သမီးကျူရှင်သွားတော့မယ်။´ မေမေ လုပ်ပေးထားတဲ့ မနက်စာ အဆာပြေတောင် မစားတော့ပဲ  စက်ဘီးဆွဲပြီး ထွက်လာခဲ့လိုက်တယ်။ […]


Kyi LwinAugust 10, 20131min5245
ဒါဟာ ကဗျာမဟုတ်ဘူးနော်။ (၈ ရက် ၈ လ ၈၈ ခုနှစ်၊ ည ၁၁ နာရီ ၄၅ မိနစ်)။ ဩဂုတ်လ ရှစ်ရက် မိုးစက် ဖွဲဖွဲ အောက်မှာ နေ့လည် ၂ နာရီလောက်က စ ဝင်ရောက်လာတဲ့ သက်တန့်ရောင် လူလှိုင်းများ။ တငွေ့ငွေ့နဲ့လောင်ခဲ့တဲ့ မီး၊ ပွဲပြီး မီးသေ မဖြစ်ခဲ့တဲ့ မီး။ စက်မှု ကျောင်းသားနဲ့ အရပ်သား စကားများကြရာက မတရားဘက်လိုက်မှု ရဲ့ တရားဥပဒေမဲ့တာက တစ်ကြောင်း၊ စားဝတ်နေရေး ကြပ်တည်းတာက တစ်ကြောင်း၊ ဆိုရှယ်ကျကျ လစ်တတ်တဲ့ ဆိုရှယ်လစ် ကွက်ကြားမိုးက တစ်ကြောင်း၊ နောက်ဆုံးတော့ တောင့်မခံနိုင်တဲ့ အဆုံး တွန်းလှန်မှု အစ ဖြစ်ခဲ့ရ။ ဘာဆို ဘာမှ […]


Kyi LwinAugust 10, 20131min2501
မင်္ဂလာပါ မန်းဂေဇက် သူကြီးနဲ့တကွ ရွသားများ။   ဖတ်စေချင်လို့ သူများရေးတဲ့စာတွေကို  ကော်ပီလုပ်ပြီး ပို့လိုက်ပါတယ်။ သည်းခံဖတ်ပေးကြပါရန် ။ ရွှေတို့ရဲ့မြန်မာ အေးချမ်းစေကြောင်း ဆုမွန်တောင်းလျှက်။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ရန်ကုန်မြို့။


alinsettAugust 10, 20131min181652
ဤအဖြစ်အပျက်သည် ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ရဲသော အနေအထားဖြစ်သည် ။   ကျွန်မ၏ တစ်ဖက်သတ် စွဲလမ်းမှု သည် ပုန်းလျှိုးကွယ်ဝှက်လျက်သာ မီးခိုးငွေ ့တွေလိ်ု ပါးလျ ပျောက်ကွယ်သွားလိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်ပဲ ။   အခုတော့ ကျွန်မ မျှော်လင့်ဖို့ ့မဝံ့ရဲခဲ့သော အခြေအနေက တကယ်ဖြစ်လာခဲ့ပြီပေါ့ ။   မောင် . . . . ။   မောင် ကျွန်မ ဆီကို တကယ် လာတယ်ပေါ့နော် ။   ဘုရားရေ . . . ဒါ . . . ကျွန်မ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော် ။ […]


  ဒီဆီဆေး ကားလေးကို အထီးကျန်လို ့ အမည်ပေးထားခဲ့ပါတယ်..။ အမေရိကန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ဝယ်ယူသွားခဲ့ပါတယ်..။ ပန်းချီကားဝယ်ပြီးတော့မှ ပန်းချီဆရာနဲ ့စကားနည်းနည်း ပြောခွင့်တောင်းလို ့စကားပြောဖြစ်ပါတယ်..။ သူမက မေးခွန်းတခုဘဲ မေးချင်ပါတယ်.. ကျေးဇူးပြုပြီး ဖြေပေးနိုင်မလားတဲ့… သူမ မေးခဲ့တဲ့ မေးခွန်းက … ဘာလို ့ အထီးကျန်လို ့ အမည်ပေးခဲ့တာလဲတဲ့….။ ကျနော်ပြန်ဖြေပေးပါတယ်…။ ပန်းချီကားမှာ သုံးထားတဲ့ အရောင်ကြောင့် ကိုယ်ဒီနာမည်ပေးခဲ့တာပါလို ့…။ စကားဆုံးတော့ လက်ကိုဆွဲနုတ်ဆက်ပါတယ်… သူ သိချင်တာလည်း ဒီအဖြေပါဘဲတဲ့…။   ။ ကျနော့်ရဲ ့ပန်းချီအယူအဆက နည်းနည်းသူများနဲ ့ ကွဲချင် ကွဲပြားနေပါလိမ့်မယ်.. မတူကွဲပြားမှုတွေ ဖွဲ ့စည်း အားပြိုင်နေတာ အနုပညာပါ…။ အမှန်ဆို ဒီပန်းချီကားက […]


  – – – – – ဘာနာမည်ပေးရမှန်းမသိတာနဲ့ ဇူး လို့ပဲ ပေးလိုက်တယ်ယယ ရန်ကုန်တိရိစာ္တန်ရုံအတွက် ဓာတ်ပုံလိုတယ် ဆိုလို့ အကူအညီပေးတဲ့ အနေတဲ့ ရိုက်ပေးလာခဲ့တာပါ.. ကျနော့ post လေးကို အားပေးတဲ့ သူများအတွက် အကြင်နာလေး ပေးချင်ပါတယ်.. အာာာာာာ မွာာာားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး                          


marblecommetAugust 10, 20131min51014
တိတ်ဆိတ်ဆွံ့အနေတဲ့ ဝန်မခံခြင်းများကြားမှာ လိုချင်ရှာဖွေမိတဲ့ အမှန်တရားတွေရှိတယ် ကျယ်ကျယ်လောင်လောင် ထုဆစ်ခဲ့တဲ့ သံယောဇဉ်ကြိုးများအတွက် ဘယ်တော့မှ သော့မခတ်ခဲ့ဘူး အက်ဆစ်မိုးရေတွေကိုလည်း ချိုမြိန်ခဲ့ဖူးတယ် ရွက်သစ်မိုးစိုတွေကိုလည်း ဘုရားမှာ လှူဖူးတယ် ငါဆုတောင်းခဲ့တာ မင်း မသိနိုင်သလို မင်း ဆုတောင်းခဲ့တာလည်း ငါနဲ့ ပေါင်းဖို့မဟုတ်ဘူး ငါ နှစ်သက်တဲ့ စီးကရက်ကို မင်းမုန်းတယ် မင်း ကြိုက်တဲ့ ကွာစေ့ကျ လက်သည်းစူးတယ် ငါ သောက်တဲ့စကော့တလန်စမ်းရေကို မင်းက ချဉ်တယ် မင်း သောက်တဲ့ဒိန်ချဉ်ကို ငါက ချဉ်တယ် ငါ့ ကာရံတွေကို မင်းက အာခံတယ် မင်း စာသံတွေကို ငါက ဆူညံတယ် မင်းက ရုပ်ရှင်ရုံသွားဖို့ ငါ့ကိုခေါ်တယ် ငါနဲ့ စာအုပ်အဟောင်းတန်းသွားဖို့ မင်းက မသိ မင်းကျောင်းသွားဖို့ မင်းမုန့်ဖိုးရတဲ့ ၅၀၀ဝ […]


johnnydeerAugust 10, 20131min3053
ပထမအဆင့် လိမ်ပါတယ်ခင်ဗျ…နောက် ဝိုက်ပါတယ်…အားမရသေးဘူး… ခိုးပါတယ်ခင်ဗျာ…ပြီးတော့.ပေါ်တင်တွယ်တယ်ခင်ဗျ…အုပ်စုလိုက်ပါခင်ဗျာ…စားမာန်ခုတ်ပြီး အချင်းချင်းတွယ်ကြပါတယ်…တဆင့်တက်ပါတယ်…နောက်ဆုံး ဘာမှမလုပ်ပဲ အပျောက်ရှင်းလိုက်ကြပါတယ်… ဝသွားတဲ့သူတွေ ဘေးထွက်ထိုင်ပါတယ်ခင်ဗျ…မတွယ်ရသေးတဲ့သူတွေကလဲ အံတခဲခဲနဲ့ နွားသိုးကြိုးပြတ်ဝင်လာပါတယ်…ကိုယ့်လူကို ကာဗာပေးပါတယ်ခင်ဗျ…ဒိုင် တဘက်ထဲကို ပင်းပြီး ညစ်နေပါတယ်…. ပရိတ်သတ် ဒေါသတချောင်းချောင်း ထွက်နေပါပြီ…ထိုညစ်တဲ့ အဖွဲ့ က ပရိတ်သတ်ကို ဒါပဲထင်တယ်ဆိုပြီး ခါးကော့ပြသွားကြပါတယ်… ဒိုင်မမြင်ချင်ယောင်ဆောင်နေပါတယ်…ဒီလောက်ညစ်တဲ့ အဖွဲ့ကို ဘယ်သူ့မှ အနီကဒ်မပြပါဘူး…လူချင်းလဲပြီးပဲ ကစားခိုင်းပါတယ်…ရှေ့တန်းကလဲ တွယ်တယ်…အလယ်တန်းကလဲ တီးတာပါပဲ…နောက်တန်းကလဲ မခေပါဘူး…လူမသိသူမသိ အကုန်သွပ်ပါတယ်…ဂိုးစောင့်တဲ့ ဘဘကြီးကတော့ ဘာမဆို လာထားဆိုတဲ့ အစားထဲကပါပဲ… တဘက် အသင်းကတော့ အလဲလဲ အကွဲကွဲပါပဲ…ဒဏ်ရာရတဲ့သူတွေ...ဆေးရုံရောက်သူတွေ… အနီကဒ်ပြခံရသူတွေ အများကြီးပါခင်ဗျာ…ကွင်းထဲတောင် လူသိပ်မကျန်တော့ပါဘူး…ပြောနေရင်း ပရိတ်သတ် ဒေါသတချောင်းချောင်းထွက်လာကြပါတယ်…ဆူပူရမ်းကားအဖျက်သမားတွေလို့ သတ်မှတ်လိုက်ကြပါတယ်… ဒီလိုနဲ့ မြန်မာ့ဘော့လုံးညစ်ပွဲကြီးဟာ 20း10 အချိန်မှာ ပထမပိုင်းပြီးဆုံးသွားပြီး 20း15 ဒုတိယပိုင်းမှာတော့ ဘယ်သို့ဘယ်ပုံလာမည်မသိရကြောင်းပါခင်ဗျား…အားလုံး ဆက်လက်ရှုစားကြပါဦးခင်ဗျား…


johnnydeerAugust 10, 20131min3284
Connection ကောင်းအောင်…နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား…မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… လမ်းတွေ ကောင်းအောင်….နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား..မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… မီးရထား System ကောင်းအောင်….နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား..မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… ဘာပဲဖြစ်ဖြစ် အရှိတရားကို ရဲရဲလက်ခံလိုက်ကြပါ…ကိုယ်မတတ်ရင် မတတ်ဖူးပေါ့…ကိုယ်မလုပ်နိုင်သေးရင် မလုပ်နိုင်သေးဖူးပေါ့…ကိုယ့်ရဲ့မူရင်း အရှိတရားက ဘာ ဆိုတာ ကိုယ်ကိုတိုင် ရှင်းရှင်းလက်ခံ သဘောပေါက်မှသာ ကိုယ်ဘာဆက်လုပ်သင့်တယ်…ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်…လိမ်စရာ မရှိ ကိုယ့်ပေါင်ကိုတော့ လှန်မလိမ်ကြပါနဲ့… ကျွန်တော်တို့ ကားမပြောနဲ့ ဆိုင်ကယ်လေးတောင် မထုတ်နိုင်သေးပါဘူး… အဏုမြူ ဓာတ်ပေါင်းဖို မပြောနဲ့ ရေအားလျှပ်စစ်မှာတပ်တဲ့ စက်ပစ္စည်းတွေတောင် ဝယ်နေရတုန်းပါ… လေယာဉ်ပျံကြီးမပြောနဲ့ […]


စူးရဲAugust 9, 20131min65319
တတိယနှစ်ကျောင်းပိတ်လို့သူပြန်ရောက်တဲ့ အချိန်တွေမှာတော့ အေးစက်မာကြောတဲ့ သူ့ရဲ ့ပြောဆိုဆက်ဆံမှုတွေက ကျွန်တော့နှလုံသားကိုဆွံ့အစေခဲ့သလို  နှစ်ပေါင်းများစွာခိုင်ခိုင် ခံ့ခံ့နှောင်ဖွဲ့ခဲ့တဲ့ သံယောဇဉ်အရံအတားတွေကိုလည်း ပြိုလုမတတ်ယိမ်းယိုင်သွားစေခဲ့ပါတယ်….။ ငယ်စဉ်တောင်ကျေး ခလေးဘဝထဲကသန့်ရှင်းစင်ကြယ်မှုများနဲ့ချစ်ခဲ့ရသူ ငယ်ချစ်ဦးကို လွယ်ကူစွာ မေ့ပြစ်နိူင်ဖို့ ကျွန်တော့ရဲ ့ဦးနှောက်က ကျွန်တော့်ရဲ ့ စိတ်ကို အမိန့်ပေးစေခိုင်းနိူင်ခြင်းမရှိခဲ့ပါဘူး …။ နောက်ဆုံးနှစ် ရဲ ့နှစ်ဦးပိုင်းမှာသူ့ဆီကို သူ့ရဲ ့ဆန္ဒနဲ့ ဆန့်ကျင်စွာပဲကျွန်တော်ရန်ကုန်ကိုအရဲစွန့်စွာ လိုက်သွားခဲ့ပါတယ် ။   .ကြီးကျယ်ခန်းနားတဲ့ တက္ကသိုလ်ကျောင်းဝန်းကြီးတစ်ခုလုံးရဲ ့အရိပ်အမိုးအောက်မှာ ငယ်ချစ်ဆိုသောအရောင်ဖျော့ဖျော့ဂုဏ်ပုဒ်တစ်ခုကိုပဲ အဖေါ်ပြုပြီး အတန်းဆင်းမဲ့ သူ့စာသင်ခန်းရှေ ့မှာ အမိန့်ချခံရသူတရားခံတစ်ဦးလို    သက်ပြင်းပေါင်းများစွာချရင်းစောင့်စားနားထောင်ခဲ့ရပါတယ်….။ “နင့်ကြောင့်ငါ့ကိုအိမ်ကကျောင်းထုတ်ပြစ်လိမ့်မယ်”….ငါရှိတဲ့နေရာဘယ်တော့မှမလာပါနဲ့ … ငါ့ကိုလည်း  အနှောက်အရှက်မပေးပါတော့နဲ့ ဆိုတဲ့  စကားတွေနဲ့အတူ ကျွန်တော့်ဓါတ်ပုံနဲ့  စာတွေကို ပြစ်ချပေးရင်း ကျောခိုင်းထွက်ခွာသွားပါတော့တယ်…။ တုန်ရီနေတဲ့လက်တွေနဲ့သူထားရစ်ခဲ့တဲ့ ပစ္စည်းတွေကိုကောက်ယူရင်း    ဒီဝန်းကျင်နဲ့ဝေးရာအရပ်ကိုပဲ ကျွန်တော်ရောက်ချင်နေမိတယ် […]


ကာရံAugust 9, 20131min3383
ဘာကြောင့်များ အခါနှောင်းခဲ့လေရော့သလဲကွယ် ငါတို့ကြိုးစားခဲ့တာ ရိုးသားတဲ့စိတ်နဲ့ပါကွာ အခုတော့ မတိုးပွားသေးတဲ့ စိတ်ဓါတ်တွေက တိုင်းပြည်ကို ဒုကွများပေးဝေခဲ့လေရော့သလား သူငယ်ချင်း မြေနိမ့်ရာလှံစိုက်တက်တဲ့ စိတ်ရိုင်းတွေက ယနေ့ထိတိုင် မကုန်သေးပါလားလေ ခေတ်ကိုက ပြောင်းနေတာမဟုတ်ပါဘူး စိတ်ဓါတ်ကိုက အိုဟောင်းတဲ့ တစ်နေရာမှာ ခိုအောင်နေသေးလို့ပါ… မိုးစက်မိုးပေါက်လေးတွေများလာရင် အင်း အိုင် စမ်းချောင်းဖြစ်ပါတယ်သူငယ်ချင်း မင်းတို့ရဲ့ စာနာစိတ်လေးတွေ နည်းနည်းစီစုပေါင်းတက်ရင်လေ ငါတို့ တိုင်းပြည်လေးလဲ တစ်နေ့တိုးပွားမယ်ဆိုတာ……….                                                                               ပိတောက်မိုး


who whoAugust 9, 20131min3381
ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။ ဘယ်လိုကြောင့်များပါလိမ့် ။ ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။ ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။ ခုလည်းကြည့်ပါဦး။ စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။ မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ဝင်ရောက် လာပါတယ်။ ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် […]


Kyi LwinAugust 9, 20131min3724
ငွေရတုပွဲကြီး ဝှဲချီးကျင်းပနေချိန်မှာ ဒီဆောင်းပါးလေးဖတ်ဖြစ်တယ်။ စဉ်းစားစရာလေးတွေပါတယ်။ ဖတ်သင့်တယ်ထင်လို့ ကူးယူဝေမျှပါတယ်။ ၈၈ တို့ ဘယ်သွားမလဲ မကြာသေးမီက ဖေ့စ်ဘွတ်စာမျက်နှာကနေ ABSDF အဖွဲ့ဝင်ဟောင်း ကိုသီရိညွန့် ရှစ်လေးလုံးငွေရတုနဲ့ပတ်သက်ပြီး ရေးလိုက်တဲ့ သူ့သဘောထားကို ဖတ်ရတယ်။ မိမိတို့ရည်မှန်းချက် ပြီးဆုံးအောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘဲ၊ ကျဆုံးသွားသူတွေ၊ ခန္ဓာကိုယ် စွန့်လွှတ်ခဲ့သူတွေ၊ ဒီနေ့အထိ တောထဲတောင်ထဲ၊ ကတုတ်ကျင်းတွေမှာ ဒုက္ခခံရပ်တည် နေကြသူတွေကို အားနာလို့ ပြည်တွင်းက ရှစ်လေးလုံး ငွေရတုပွဲကြီးကို မတက်ရောက်နိုင်တဲ့အကြောင်း၊ အဝေးကပဲ အမျှဝေ ကုသိုလ်ကောင်းမှုပြုလုပ်သွားမယ်လို့ ရေးထားတာ ဖတ်ရတော့ကိုယ်နဲ့ စိတ်တူကိုယ်တူ ခံစားချက်တူ ရဲဘော် တွေအများကြီး ရှိနေတာပဲလို့ ပီတိရင်ဘတ်နဲ့ခံစားပြီး ကျေနပ်ခဲ့ရတယ်၊ ဝမ်းသာ ဝမ်းနည်းလည်း ဖြစ်ရတယ်။ လွန်ခဲ့တဲ့ ဇွန်လက ကိုမိုးသီးဇွန်က အီးမေးလ်ပို့တယ်။ “ကိုမွန်းအောင်နဲ့ ခင်ဗျားကို […]