Mon LayApril 6, 20181min2540
ရန်ကုန်နောက်ဖေးလမ်း ကြား ဥယျာဉ်စီမံချက်၏တစ်စိတ် တစ်ပိုင်းဖြစ်သော ပန်းဘဲတန်းမြို့ နယ် ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းကြား (အလယ်ဘလောက်) ရှေးဟောင်းဓာတ်ပုံလမ်းကို ရုပ် ရှင်သရုပ်ဆောင် အေးဝတ်ရည် သောင်းနှင့် ကလေးငယ်များက ကမ်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့တယ်လို့ သတင်းမှာသိလိုက်ရတော့ အတော်လေးဝမ်းသာသွားရပါတယ်။ မွန်လေးတို့ငယ်ငယ်တုန်းကဆို အိမ်ရှေ ့မှာ ကွင်းပြင်ကြီးရှိလို့ အစ်မတွေ အစ်ကိုတွေနဲ့ တစ်နေကုန် တစ်နေခမ်းဆော့လိုက်ကြရတဲ့ကစားနည်းတွေ၊ တချို ့ကစားနည်းတွေဆိုမှတ်တောင်မမှတ်မိတော့ဘူး။ နွေရာသီကျောင်းပိတ်ရက်ဆို နေ့လည်တည်းကကစားဖို့ထွက်သွားလိုက်တာ ညမိုးချုပ်တော့ မှအိမ်ပေါ်တက်တဲ့အထိ။ ပြီးတော့အဲ့ကွင်းပြင်ရှိလို့ အိမ်ကနေမြောင်းဟိုဘက်ခြမ်းက တိုက်တွေ၊လူသွားတာတွေတောင်လှမ်းမြင်လို့ရသေးတယ်။ ခုများကျတော့အဲ့အိမ်ရှေ ့မှာ ၅ထပ်တိုက်ကြီးဆောက်လို့၊ မြင်ကွင်းတွေလည်းပိတ်လို့၊ အရှေ ့တိုက်ကနေ ကိုယ့်အိမ်ထဲကိုချောင်းကြည့်မှာစိုးလို့ အပင် တွေစိုက်ရတာကတစ်မျိုး၊ လိုက်ကာတွေနဲ့ ကာရတာကအလုပ်တစ်ခု။ ခုခေတ်ကလေးတွေခမျာကြည့်ကြည့်နေတာ သူတို့အတွက် ဆော့စရာကွင်းပြင်မရှိတော့ ကားပါကင်လွတ်ရင်ဆော့ကြတယ်။ မလွတ်ရင်မဆော့ကြတော့ဘူး။ ရပ်ကွက်မှာ […]


သာယာလှပတဲ့ တနင်္ဂနွေနေ့လေး တစ်နေ့မှာ တိမ်စင်တဲ့ ကောင်းကင်ကြီးကလည်း နေရောင်လက်နေတဲ့ အ မိုးခုံး ကြီးတစ်ခုလို အုပ်မိုးလို့ပဲ။ ဟောဟို ရင်ပြင်ထဲမှာတော့ ရွက်ကြွေတွေ လေပြေထဲမှာ လွင့်ခနဲ ဝဲခနဲ။ ကြည့်ရတာ အကုန်လုံး အရောင်ဖျော့ဖျော့ လင်းလက်နေကြသလိုပဲ။ ရေခဲမုန့်ဆိုင်လေးရဲ့ ခေါင်မိုး၊ ရေသောက်စင်လေးရဲ့ မှန်ကူကွက်တွေ၊ လေလွင့် ကြောင်တစ်ကောင်ရဲ့ မျက်လုံးအစုံ..၊ နောက်ဆုံး ခိုတွေ တရုန်းရုန်းနဲ့ နာရီစင်ရဲ့ အောက်ခြေတောင် ခပ်ဖျော့ဖျော့ လင်းလက်နေကြတာ။ ပိတ်ရက်ဆိုတော့ လည်ကြပတ်ကြတဲ့ မိသားစုတွေ၊ ကမာ္ဘလှည့် ခရီးသွားတွေ ရင်ပြင်ထဲမှာ ဟိုသွား ဒီသွား။ ပျော်နေကြသပေါ့။ လမ်းထောင့် တစ်နေရာက လူတစ်ယောက်ကဖြင့် ပူပေါင်းတွေနဲ့ တိရိစာ္ဆန်ရုပ်ကလေးတွေ လုပ်ရောင်းလို့။ တကျွိကျွိမြည်သံတောင် ကြားနေရသေး။ ကလေးတစ်သိုက်ကတော့ သူ့ဘေးနား ဝိုင်းလို့ပေါ့လေ။ အဲ့ဒီဘေး […]


“ဟိတ်ကောင် ငကြောင်ကြီး။” ရွာလူရှုပ်လူပွေကြီး ဥငယ်လိမ္မာ၏ အသံဖြစ်သည်။ “ဂျာဂျ” ကြောင်ကြီးမှ ပြန်ထူးသံ ဖြစ်သည်။ “ဟိတ်ကောင် မင်းလိုကောင်ကို လူမထင်ဘူးကွ။ လူလို့လည်း မသတ်မှတ်ဘူး။” ဥငယ်လိမ္မာကား လွန်စွာ စိတ်ဆိုး ဒေါသထွက်နေပုံ ရသည်။ ခြစ်ဆရာ ကြောင်ကြီး အပြုံးမပျက် “ဟုတ်ကဲ့ အဖေ။” “ဘာကွ မင်းငါ့ကို အဲလို မခေါ်နက်။” ဥငယ်လိမ္မာ ပို၍ဒေါဖေါင်းလာသည်။ “ဟုတ်ကဲ့ မကြိုက် နောင်မခေါ်ပါဘူး။ အနော် ပြောချင်တာ အနော်ကလည်း ဥငယ်လိမ္မာကို လူလို့ မသတ်မှတ်တာကြာပြီ။ အခုမှ မုန့်ဗူး။” ရုပ်ရည် သနားကမားနှင့် ကြောင်ကြီးမှ အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။ “ဘာ…………………….စ်။ မင်းငါ့ကို ဘယ်လိုပြောတယ်။ ပြန်ပြောစမ်း။” သူများသားသမီးကို မှိုချိုးမျှစ်ချိုး ပြောပြီး သူ့အလှည့်ကျ မခံနိုင်သော […]


kaiMarch 30, 20182min3452
ယခင်လက စတင်လေ့လာခဲ့ကြတဲ့ Prepositions လေးတွေအကြောင်းကို ဆက်လက်မှတ်သားကြရအောင်။ တလုံးတည်းမဟုတ်ဘဲ နှစ်ခု၊ သုံးခုတွဲပြီး သုံးရတဲ့ Prepositions လေးတွေကို ကြည့်ကြရအောင်။ ဥပမာ – in front of , in the front of, in back of, in the back of ဒီနေရာမှာ the လေးထည့်ပေးထားတာနဲ့ the မပါတာ ဘယ်လိုကွာခြားသလည်းဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ အောက်ပါဝါကျလေးခု ကို ကြည့်ပါ။ -the dog in front of the car -the dog is in the front of the car […]


kaiMarch 29, 20181min3562
မစ္ဆရိယခေါ်သံ J Calling ဥပါယ်တံမျဉ်နှင့် မုဒြာရဲ့ခေါ်သံရုပ်ရှင်ကား၂ကားတင်ပြီးနောက်ဝယ် မြန်မာလူထုအတွက် စိတ်ဓာတ်ရေးရာနှင့်အတွေးအခေါ်ကိုယ်ကျင့်တရားပိုင်း၏ညွှန်ဆရာတဆူဖြစ်သော ရုပ်ရှင်နယ်ပယ်၏အခြေအနေတို့ ပွင့်ပေါက်ထွက်လာသည်။ မတ်လ ၂၃ရက်နေ့က ကျင်းပပြီးစီးခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပြီး ရွာသား/မြို့သားသမုတ်သံများ၊ အပြန်အလှန်စာများ၊ ရုပ်သံများ၊ လျှို့ဝှက်အုပ်စုဖွဲ့ပြောစာများ အားလုံးခြုံငုံသုံးသပ်ကာ လူအများစုကောက်ချက်ချမိကြသည်ကား ဆိုင်ရာပညာရပ်နယ်ပယ်တွင်ရှိသောသူတချို့ ဣဿာမစ္ဆရိယစိတ်များနေကြသည်ဟူ၍ဖြစ်၏။ တကယ့်အခြေအနေကိုကြည့်ပါ။ ရုပ်ရှင်နယ်ပယ်တွင်အသုံးပြုသည့် ကင်မရာ၊ ဖလင်၊ အသံဖမ်း မီးထိုးစက်ပစ္စည်းများမှသည် ယုတ်စွ အလင်းအမှောင်မီးလုံး။ မိတ်ကပ်သုံးပစ္စည်းများအထိ ပြည်တွင်းဖြစ်မရှိ။ နိုင်ငံခြားမှ မှာယူရပါသည်။ အဆိုပါနိုင်ငံခြားဟူသည် ဆိုင်ရာပစ္စည်များကို ရမ်းသမ်းထုတ်လုပ်ထားခြင်းမဟုတ်။ ဆိုင်ရာနယ်ပယ်တွင်ကျွမ်းကျင်သူများက အကြိမ်ကြိမ်အခါခါစမ်းသပ် ဈေးကွက်တင် အောင်မြင်ပြီးမှ စီးပွားဖြစ်ထုတ်ရောင်းကြခြင်းဖြစ်သည်။ ဟောလိဝုဒ်၊ ဘောလိဝုဒ်တို့တွင် ရုပ်ရှင်တခုဖြစ်လာရန်အတွက် ဝတ္တု၊ဇတ်ညွှန်း၊တည်းဖြတ်၊ထုတ်လုပ်၊ရုံတင်၊ဖြန့်ဝေ သာမကငွေကြေးရင်းနှီးမြုတ်နှံမှုအပိုင်းတွင်ပင် လုပ်ထုံး၊ဥပဒေများနှင့် စနစ်တကျရှိသည်။ ရုပ်ရှင်လောကတွင်ထိုထိုထုံးများကို နတ်သိကြားပေးထားခြင်းဖြင့် မိုးပေါ်မှရခဲ့သည်လည်းမဟုတ်ပါလေ။ ရုပ်ရှင်ပေါ်စ ၁၈၉၅ မှစ၍အဆင့်ဆင့်တိုးတက်ပြောင်းလဲပြင်ယူလာခဲ့သည်ဖြစ်ပါ၏။ ထိုအတွေ့အကြုံတို့မှ […]


  ပထမခွက်အဖြူ လေးက မန်းလေးက ကော်ဖီဘားမှာ ကျပ်၂၀၀၀ ဒုတိယခွက်အညို လေးက မန်းလေး လေဆိပ်မှာ ကျပ်၄၀၀၀ ကက်ပချိနို ကော်ဖီခြင်းအတူတူ အရသာခြင်းအတူတူ ဈေးကွာသွားတယ်။ အခင်းအကျင်းနဲ့ နေရာကွာရင် တန်ဘု်းလဲကွာတတ်ပါတယ်။ လူတိုင်း လူတိုင်း မိမိရဲ့အခင်းအကျင်းနဲ့နေရာကို သတိထားသင့်ပါတယ်။ ဒါမှတန်ဘိုးမြင့်လာမှာပါ။    


အလှူတခု ဖြစ်မြောက်ခဲ့ပါပြီ။ ရွာဓါးများရဲ့ ဆိတ်စေတဏှာ ထက်သန်စွာ ပါဝင်လှူဒါန်းမှုကြောင့် ပဲခူး အင်းတကော်ရှိ ဆောက်လုပ်ဆဲ ဆရာမ ချစ်မြတ်နိုး၏ သုညတဓမ္မ တရားရိပ်သာအတွက် အုပ်တချပ် ပန်းတပွင့် ဖြစ်နိုင်ခဲ့ပါသည်။ ဤကောင်းမှု အကြောင်းပြု၍ လူအား၊ ဆိတ်အား၊ ကိုယ်အား၊ နှုတ်အား၊ ငွေအား ပါဝင်ဖြည့်ဆည်းကြသောများသည် ဆင်းရဲကင်းရာ သုညတနိဗာန် မရောက်မှီစပ်ကြား သံသရာဝဲဂယက်၌ မွန်မြတ်သည့် အထက်ဘုံများတွင်သာ စံစားခံစားနိုင်ကြပါစေသောဝ်။ “ကြောင်ကြီးဘုန်းရိပ် ဇဗ္ဗူ ထိပ် သုညတိတ်ဆိတ် နေရပါလို၏” ဤစာဖတ်၍ သဒ္ဓါပေါက် ထပ်မံလှူဒါန်းလိုသူများ ရှိပါလျင် ဖေါ်ပြပါ ဘဏ်အကောင့်များသို့ ပေးပို့လှူဒါန်း နိုင်ကြပါသည်။   May Pwint Phyu Than 24850105701201001 KBZ bank May Pwint Phyu […]


KyaemonMarch 24, 201833min5971
  ။ပြီးခဲ့တဲ့ဆောင်းပါး#၇၃မှအဆက်၊ ၊မြစ်ဆုံလျှပ်စစ်စွမ်းအားအပိုအလျံကိုဘာလုပ်မှာလဲဆိုတာကိုဗီဒီယိုတို့နဲ့ ၊၊ကျယ်ကျယ်ပြန့်ပြန့်ဖြေခဲ့တယ်၊ ဥပမာ ၁၊အိမ်နီးချင်းကိုရောင်းနိုင်၊ ၂၊အအေးခန်းလုပ်ပြီးသားငါးသစ်သီးအစားအစာကိုကြာရှည်ခံနိုင်အောင် သိုလှောင်နိုင်လို့ကြိုက်ဈေး၊ရနိုင်၊ခပ်ဝေးဝေးကိုတင်ပို့ရောင်းချနိုင်၊၊ ၃၊ရေခဲတုံးလုပ်ပြီးပင်လယ်ငါးလိုက်ဖမ်းနိုင်၊ ၄၊စက်ရုံမှာဓာတ်အားပေးလာလို့လူတွေအလုပ်မပြတ်လုပ်နိုင် ၊ဓာတ်အားအမြဲရမှာဖြစ်လို့လူတွေကစက်ရုံအလုပ်ရုံလာတည်ထောင်ရင်းနှီးဖြစ်၊ ၅။မြို့တိုင်းရွာတိုင်းမီးတွေရ၊သက်သာနှုန်းနဲ့ချပေးနိုင်၊ရှိရင်းစွဲမီးခနှုန်းမတက်ရ ၊ဘဲနဲ့၊မီးခနှုန်းကိုတောင်လျှော့ချပေးနိုင်၊ ၆၊ယာဉ်အမျိုးစုံကရေနံဓာတ်ဆီ၊ဒီဇယ်ဓာတ်ဆီတွေကိုသုံးနေရာမှရေအားလျှပ်စစ်ကိုပြောင်သုံးလို့ သဘာဝ ၊ဝန်းကျင်ကပိုသန့်ရှင်းနိုင်တယ်၊၊ဓာတ်ဆီဈေးတို့ထက်ရေအားလျှပ်စစ်ဈေးနှုန်းကပိုသက်သာ၊ လျှပ်စစ်စွမ်းအားသုံးကားအတွင်းကဘတ်ထရီတွေ၊ ၊ဓာတ်အားသွင်းစခန်း   လျှပ်စစ်စွမ်းအားသုံးစက်ဘီးအတွင်းကဘတ်ထရီတွေရှိတယ်၊ ၊ချာချင်သွင်းရင်းတပြည်လုံးက၊လျှပ်စစ်သုံးကားတွေ၊စက်ဘီးတွေ ၊မှငွေအလုံးအရင်းရမယ်၊ရွှေဖြူဆိုတဲ့ရေအားလျှပ်စစ်မယူတတ်ရင် ၊ရေတွေ က၊ပင်လယ်ထဲစီးဆင်းသွားပြီးလေလွင့်သွားမှာပါ။       ၊လျှပ်စစ်သုံးကားလိုလိုချင်ဖြစ်အောင်နော်ဝေးအစိုးရကဖန်တီးစီမံ ၊လျှပ်စစ်ကားခေတ်သို့ပြောင်းလဲဖို့နော်ဝေကတွန်းအားပေး ၊လျှပ်စစ်ကားထုတ်လုပ်ဖို့ကုမ္ပဏီတွေကပြိုင်ဆိုင်ကြ   ၊လျှပ်စစ်ကားကိုဘယ်လိုထုတ်လုပ်ကြတယ်ဆိုတာ   https://www.youtube.com/watch?v=56-nV2t1V_I ၊တရုပ်ပြည်သူတွေကလျှပ်စစ်စွမ်းအားသုံးကားတွေကိုကြိုက်နှစ်သက်သွားပြီ ၊လွန်စွာမှဈေးနှုံးသက်သာတဲ့လျှပ်စစ်သုံးကား၃စီး   ဈေးနှုံးအသက်သာဆုံးလျှပ်စစ်ကား၁ဝစီး ၊Amsterdam Holland ၊ဟော်လန်နိုင်ငံလေဆိပ်မှာ ၊ဘီဝိုင်ဒီတရုပ်နိုင်ငံလုပ်လျှပ်စစ်ကား၃၅စီးပြေးစွဲ  https://www.youtube.com/watch?v=CmOgTC_QN98 ၊ဓာတ်အားနဲ့ဓာတ်ဆီ၂မျိုးလုံးသုံးကားတွေထုတ်ဖို့ တရုပ်ဘီဝိုင်ဒီကBogota Columbia ၊၊တောင်အမေရိကတိုက်၊ကိုလန်ဘီယာနိုင်ငံ ၊ကိုစက်ရုံသွားတည်ထောင်   လျှပ်စစ်ဓာတ်အားသုံးဘတ်စကားတွေ၊မလေးရှားကိုရောက်ပြီ ၊အဆင့်မြင့်ကိုတက်လှမ်းဖို့တရုပ်ဘီဝိုင်ဒီကရည်မှန်း ၊ဥရောပတိုက်အလယ်ပိုင်း၊Hungary ၊ဟန်ဂါရီနိုင်ငံမှာ၊ တရုပ်နိုင်ငံဘီဝိုင်ဒီကားအဖွဲ့က ၊လျှပ်စစ်သုံးကားစက်ရုံတည်ထောင် […]


Mon LayMarch 21, 20181min5074
သတင်းတစ်ခုကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း New York, Washington DC,  Pairs, Hong Kong နဲ့ Shanghai တို့လို့ အမိုးဖွင့်ဘတ်စ် ကား (Hop on, Hop of) ကားတွေပြေးဆွဲနေပါပြီတဲ့။ ရန်ကုန်၊ မန္တလေး၊ ပုဂံ နဲ့ပြင်ဦးလွင်မြို့တို့ရဲ ့ နံနက်ခင်း အလှနဲ့ညနေခင်းအလှကို အမိုး ဖွင့်ကားနဲ့ လိုက်လံကြည့်ရှုနိုင်ပါပြီတဲ့။ နာမည်လေးကတော့ မင်္ဂလာဘတ်စ်ကားပါတဲ့။ သူများနိုင်ငံတွေက Attraction သွားလို့ရတဲ့နေရာတွေကို Taxi ခသက်သာအောင် ပြေးဆွဲပေးနေတာပါ။ ဝင်ကြေးတွေလည်းတခါတည်းရောင်းတတ် သလို တစ်နေရာကိုဝင်လည်ချင်ရင် အဲ့နေရာမှာဆင်းခဲ့ရုံပဲ။ ပြီးမှ နောက်တစ်ကားအလာကို နောက်တစ်နေရာဆက်သွားဖို့တက်စီးလိုက် ရုံပဲ။ ခုကရန်ကုန်မြို့မှာ စမ်းသပ် ပြေးဆွဲမည့် ညနေပိုင်းထွက်မယ့်အမိုးဖွင့်ကားကညနေမှ ရွှေတိဂုံဝင်လည်ပြီး မနက်ပိုင်းထွက်မယ့်ကားက မနက်ပိုင်းမှာကြည့် မြင်တိုင်က လက်မှုလုပ်ငန်းတွေ ကို […]


introMarch 21, 20181min7546
ယနေ့ ၂၁-၃-၂၀၁၈ နေ့စွဲပါ နိုင်ငံတော် သမတရုံး သတင်း ထုတ် ပြန်ချက်အရ ကျွန်တော်တို့ရဲ့ သမတကြီး ဦးထင်ကျော်သည် ရာထူးမှ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ နီးစပ်တဲ့ အသိုင်းအဝိုင်း စကားများအရ ကျန်းမာရေး အခြေအနေကြောင့် လို့လဲ သိရပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လည်း ဩစတြေးလျ နိုင်ငံကနေ မတ်လ (၂၀) ရက်နေ့က နေပြည်တော် သို့ ပြန်လည် ရောက် ရှိလာပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို သမတရုံး website မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ http://www.president-office.gov.mm/?q=briefing-room/news/2018/03/21/id-13603  


Mon LayMarch 20, 20181min4703
ဒီခရီးစဉ်လေးကတော့ ဟိုးခပ်ငယ်ငယ်တုန်းက ကျိုက်ထီးရိုးနဲ့ သာမညကို အတူတူဆက်သွားခဲ့ဖူးတဲ့ခရီးစဉ်လေးပါ။😊😊 နှမြောစရာကောင်းတာကတော့ ခုချိန်မှာ သာမညဆရာတော်ဘုရားကြီးလည်းပျံလွန်သွားတော့ လုံးဝကိုပျောက်ကွယ်သွားခဲ့တဲ့ ခရီးစဉ်ဆိုလည်းမမှားပါဘူး။ 😞😞 အရင်ကဆို သာမညဆရာတော် ဘုရားကြီးရဲ ့ဂုဏ်သတင်းကျော်ဇောမှုကြောင့် ပြည်တွင်း ခရီးသွားကုမ္ပဏီတွေက သာမည ခရီးစဉ်ဆိုပြီး ဆွဲခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနယ် နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း သာမညတောင်ကို မဖြစ်မနေသွားရောက်ပြီး မျက်နှာကြည်လင်နေတဲ့ ဆရာတော်ကို ဖူးမြော်ကြလို့ သာမညတောင်ဟာ ရာသီမရွေး အထူးပင်စည်ကားခဲ့သောနေရာ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သာမညတောင်ကို လာရောက်လည်ပတ်ကြတဲ့ လူထုပရိသတ်ထောင်ပေါင်းများစွာကို သက်သတ်လွတ် ထမင်းဟင်းများနဲ့  ကျွေးမွေးဧည့်ခံလို့ မွန်လေးငယ်ငယ်တုန်းက စားခဲ့ဖူးပါတယ်။ အရမ်းလည်းအရသာရှိပါတယ်။ ပဲဟင်းကိုထမင်းနဲ့ရွှဲရွှဲလေးစားရတာဘယ်လောက်တောင် အရသာရှိလဲဆိုတာ ခုစာဖတ်နေတဲ့သူကို စားကြည့်စေချင်ပါတယ်။ အဲလို သာမညကိုလာရောက် သူ လူထုမင်းပရိသတ်တွေကို သက်သတ်လွတ်ထမင်း ဟင်းနဲ့ ဧည့်ခံကျွေးမွေးတာ တစ်ရက်ကို ဆန်တင်း […]