kaiDecember 22, 20231min7000
Technology နှင့် အင်္ဂလိပ်စာ သင်ကြားခြင်းအကြောင်း ပြောကြမည်ဆိုလျှင် Technology နှင့် ခလေးငယ်များအကြောင်းကို ချန်ထား၍ မရပါ။ အထူးသဖြင့် ယခုအချိန်မှာ Christmas နှင့် နီးနေပြီဖြစ်၍ ခလေးများအတွက် လက်ဆောင်များ ဝယ်ယူရန် စဉ်းစားနေချိန်လည်း ဖြစ်ပါသည်။ ဒီတော့ ယခု ခေတ်စားနေသော electronic toys များ၊ အထူးသဖြင့် စကားပြောနိုင်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများကို မြန်မာခလေးများအတွက် ဝယ်ယူပေးသင့်၊ မပေးသင့် ယခုဆောင်းပါးတွင် ဖော်ပြလိုပါသည်။အချို့မိဘများက မိမိကိုယ်တိုင် အင်္ဂလိပ်စကား မကျွမ်းကျင်လှပါ။ အသံထွက်လည်း မမှန်လှပါ။ ဒီတော့ ဒီလိုစကားပြောတတ်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများကို အားကိုးခြင်ကြပါသည်။ သို့သော် ထို စကားပြောနိုင်သော အရုပ်လေးများ၊ စာဖတ်ပြနိုင်သော စာအုပ်လေးများမှာ ခလေးငယ်များနှင့် မသင့်တော်သည့်အတွက် […]


kaiDecember 21, 20238min6840
Japan-ASEAN summit aims to advance ‘security cooperation’Dec 16 | http://tinyurl.com/2zhumdntSoutheast Asian and Japanese leaders on Saturday will commit to strengthening “maritime security cooperation,” according to a draft statement, at a summit in Tokyo focused on boosting economic ties but also guarding against China’s growing regional assertiveness. Hungary blocks $54bn EU financial aid for UkraineDec 15 […]


kaiDecember 21, 20231min4050
Dec 21 ။ ဇန်နဝါရီ ၇ ရက်မှာကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို အတိုက်အခံဘက်က ကန့်ကွက်ဆန့်ကျင်မှုတွေကြားမှာပဲ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ သူ့ရဲ့အာဏာရ အဝါမီလိဂ် ပါတီ မဲဆွယ်စည်းရုံပွဲတွေကို တရားဝင် စတင်လိုက်ပါတယ်။ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ ၂၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဟားမက်စ်အဖွဲ့ပိုင် အစိုးရမီဒီယာရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ဆူဒန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြီးဖြစ်လာနေတာကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တချို့နေရာတွေမှာ ယာယီရပ်ဆိုင်းလိုက်ရပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာနေတာကြောင့် ကလေးတွေ သန်းနဲ့ချီပြီး အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့အပေါ် စိုးရိမ်ကြောင့် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF ပြောပါတယ်။Dec 20 ။ စီးပွားကျဆင်းမှုတွေနဲ့ မနှစ်က ရင်ဆိုင်ခဲ့ရပြီး ဒေဝါလီခံထားရတဲ့ […]


kaiDecember 21, 20233min19940
” ရန်လိုရွံမုန်းခြင်းတွေကို လူမျိုးစုတွေအားလုံးပူးပေါင်းပြီး တွန်းလှန်ကြဖို့” – SweSwe Aye Ethnic Media Services, CAIR San Diego နှင့် Catalyst တို့ပူးပေါင်းကျင်းပသည့် လူထုအခြေပြု အဖွဲ့ခေါင်းဆောင်များနှင့် မီဒီယာများတွေ့ဆုံပြီး လူမျိုးအသီးသီး၏လူမှုနယ်ပယ်များတွင်ဖြစ်ပွားနေသည့် ရန်လိုရွံမုန်းခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာသည့် ” Foster အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ၉ က El Cajon, California တွင် ကျင်းပခဲ့သည်။ Ethnic Media Services Co-Director Julian Do က ” ရန်လိုရွံမုန်းခြင်းကို တိုက်ဖျက်ဖို့အတွက် လူမျိုးစုတွေအားလုံး အတူပူးပေါင်းကြဖို့လိုပါတယ်။ ဒီဆွေးနွေးပွဲဟာ သြဂုတ်၃၊ ၂၀၂၃ ကျင်းပခဲ့တဲ့ အစည်းအဝေးရဲ့ လေးလပတ် အစည်းအဝေးဖြစ်ပြီး နောက်မှာလဲ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်” […]


kaiDecember 6, 20233min14810
Stop AAPI Hate နဲ့ AAPI Equity Alliance တို့ ရဲ့ ရန်လိုရွံမုန်းခြင်းများအကြောင်း ထုတ်ပြန်ချက်များ။ ရန်လိုရွံမုန်းခြင်းများကို ဆွေးနွေးရာ၌ အများပြည်သူနှင့် ပညာရပ်ဆိုင်ရာပိုင်းတွင် ရန်လိုရွံမုန်းခြင်းရာဇဝတ်မှုများကိုသာ အဓိကအာရုံပြုကြသော်လည်း Stop AAPI Hate ကို သတင်းပေးတိုင်ကြားခြင်းတွင် Hate crimes (ရန်လိုရွံမုန်းခြင်းရာဇဝတ်မှုများ) အပြင် Hate acts (ရန်လိုရွံမုန်းခြင်းမြောက်သောအပြုအမူများ) များပါဝင်နေရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို Stop AAPI Hate က ယခုလို ခွဲခြားရှင်းပြထားခဲ့သည်။ HATE ACT (OR ACT OF HATE)- လူတဦး(သို့) လူအုပ်စု၏ အမှန်တကယ်(သို့) လက်ခံထားသောဝိသေသ (များ)ကို ဆန့်ကျင်ပြီး ထိုလူတဦး(သို့) လူအုပ်စုကို ရန်လိုရွံမုန်းခြင်းရာဇဝတ်မှုများနှင့်ရန်လိုရွံမုန်းခြင်းဖြစ်ရပ်များအပါအဝင် အန္တရာယ်ဖြစ်စေသော အတွင်းကြိတ်ပြီးဖြစ်စေ၊ အပြင်ကိုထုတ်ပြီးဖြစ်စေ […]


မြန်မာပြည်သတင်း ဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Nov 23 ။ မြန်မာပြည်တဝန်းမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်လာတာကြောင့် အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃၃၅,၀၀၀ ထပ်တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UN OCHA)က သတင်းထုတ်ပါတယ်။ ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ တလကျော်အတွင်း အရပ်သား ၆၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်း(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)က ပြောပါတယ်။ Nov 22 ။ မြန်မာပြည်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ လူဦးရေထူထပ်တဲ့ မြို့ပြနေရာတွေအထိ ကျယ်ပြန့်လာနေပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးကျယ်ဆုံးနဲ့ […]


kaiNovember 24, 20232min9300
ယခုလတွင် အားလုံးက မျှော်လင့်တောင့်တနေကြသည့် ChatGPT အကြောင်း ဖော်ပြပေးမည် ဖြစ်ပါသည်။ ChatGPT မှာ တကယ်တော့ Chat Generative Pre-trained Transform ၏ အတိုကောက် ဖြစ်ပါသည်။ တနည်းအားဖြင့် A large language model – based chatbot ဖြစ်ပြီး Open AI မှ November 30, 2022 နေ့တွင် စတင်ခဲ့ပါသည်။ ChatGPT Website ကို သွားခဲ့လျှင် အောက်ဖော်ပြပါ introduction ကို အားလုံး တွေ့မြင်ရပါလိမ့်မည်။ Introduction ChatGPTWe’ve trained a model called ChatGPT which interacts in a conversational […]


kaiNovember 24, 20231min5030
နိုဝင်ဘာ၁၅ရက်နေ့က ဆန်ဖရန်စစ္စကို/ဝုဆိုက်ဒ်တွင် ကမ္ဘာ့ထိပ်တန်းဆုံးနိုင်ငံကြီးနှစ်နိုင်ငံ၏ သမ္မတ၂ပါးတွေ့ကြသည်။ တွေ့ဆုံပွဲဖြစ်မြောက်ရန် နှစ်ချီပြင်ဆင်ထားခြင်းဖြစ်ပြီး ကြားမတိုင်မှီက ဆိုင်ရာနိုင်ငံထိပ်တန်းနိုင်ငံရေးသမားများ အပြန်အလှန်ကူးလူသွားလာ အကြိုသဘောတူညီချက်များရယူထားကြပြီးဖြစ်ပါသည်။ သမ္မတနှစ်ဦးတွေ့ကာ ကမ္ဘာသိပြောလိုက်ကြခြင်းဖြင့် အတည်ပြုလိုက်ခြင်းသာ။ သဘောတူချက် အဓိက၃ချက်သာတွေ့ရပြီး နံပါတ်တစ်မှာ အမေရိကားမြေတွင် အမေရိကန်နှစ်စဉ်၁သိန်းကျော်သေဆုံးစေနေသော မူးယစ်ဆေးဖန်တ‌နေယ်/အို့ပီရွိုက်တို့အား ထိမ်းချုပ်ကန့်သတ်ရန်ဖြစ်သည်။အမေရိကားမြေသို့ ဝင်လားသောအဆိုပါမူးယစ်ဆေးဝါးများ၏အဓိကလမ်းကြောင်းမှာ တောင်ဖက် မက်ဟီကိုပြည်နယ်စပ်မှဖြစ်ပြီး အဆိုပါတောင်ဖက်ပြည်ထောင်များသည် ဘိန်းစိမ်းအား ဓာတုဆေးဝါးဖြင့်ကျားကန်အဆင့်မြှင့်ရာဝယ် လိုအပ်သော ကမ်မစ်ကယ်ကုန်ကြမ်းများအား ချိုင်းနားပြည်မှတင်သွင်းကြရသည်ဖြစ်ပါ၏။ ထိုတင်သွင်းနေမှုကို ထိန်းချုပ်ပေးရန် သမ္မတဘိုင်ဒန်မှ သမ္မတရှီအားတိုက်ရိုက်တောင်းဆိုခဲ့ပြီး အပြန်အလှန်အဖြစ် ချိုင်းနားအနောက်ဖက်ဝီဂါများအရေးအခင်းကြောင့် ၂၀၂၀ကထဲက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားသော ချိုင်းနားဝန်ကြီးဌာနအောက် သိပ္ပံစမ်းသပ်ဓာတ်ခွဲခန်းတို့အား ဒဏ်ပယ်ဖျက်ပေးမည်ဖြစ်လေသည်။ ဖန်တ‌နေယ်/အို့ပီရွိုက်တို့မှာ မူလဘိန်းစိမ်းအား ကမ်မစ်ကယ်တချို့ဖြင့်ပြုပြင်ချက်လုပ်၍ အဆင့်မြင့်မူးယစ်ဆေးဝါးဖြစ်စေခြင်းဖြစ်ပါသည်။ ဒေတာအချက်အလက်များအရကောက်ရလျှင် ကမ္ဘာတွင် ဘိန်းအထုတ်ဆုံးတိုင်းပြည်၂ခုမှာ အာဖဂန်နစ္စတန်နှင့် မြန်မာပြည်ဖြစ်သည်။ ၂၀၂၂ တွင် အာဖဂန်ပြည်အားအုပ်ချုပ်ထားသော တာလီဘန်တို့၏အထူးအမိန့်အရ ဘိန်းစိုက်ပျိုးမှုအား လျှော့ချပစ်ခဲ့ရာ […]


kaiNovember 17, 20234min26530
နှစ်စဉ်နှစ်တိုင်း United States မှာကျင်းပတဲ့ မက်ဆီကန်တွေရဲ့ ပွဲတော်တခုဖြစ်တဲ့ Dia de los Muertos – Day of the Dead လို့ခေါ်တဲ့ သေဆုံးသွားပြီးသူတွေအတွက် သတိတရနဲ့ သေသူနဲ့ရှင်သူတွေ ပွဲတော်အတူဆင်နွှဲမှုကို ဖော်ကျူးပြသတဲ့ပွဲတော်ကို နိုဝင်ဘာ၁ရက်နဲ့၂ရက်တွေမှာ မြို့အသီးသီးမှာ ခမ်းခမ်းနားနားကျင်းပခဲ့ကြပါတယ်။ US မှာ San Francisco မြို့ရဲ့ Mission District မှာ ၁၉၇၀အစောပိုင်းနှစ်တွေထဲက စတင်ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီ့နေ့ပွဲတော်မှာ ဘာတွေလုပ်ကြသလဲဆိုရင် သေဆုံးပြီးသူတွေရဲ့ဓာတ်ပုံတွေနဲ့ သူတို့တဦးချင်းစီအတွက့် Mexican ကျေးလက်အနုပညာပုံစံ ပန်းချီ၊ ဆေးရေး၊ လက်ဖြစ်အနုပညာလက်ရာ အသေးစိတ်တွေ၊ သေဆုံးသူတွေအတွက် ဖယောင်းတိုင်၊ ပန်းပွင့်၊ ပန်းအိုး၊ သစ်သီးတွေ စသဖြင့် အသက်ရှင်နေဆဲလူတဦးလို လေးစားအသိအမှတ်ပြုမှုကို ပြသတဲ့အနေနဲ့ Altar စင်တွေ […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Oct 18 ။ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင်းက ဟိုတယ်တွေမှာ သီတင်းကျွတ် ပိတ်ရက်အတွက် အခန်းကြိုတင်မှာယူမှုတွေကြောင့် အခန်းအားလုံး ပြည့်နေပြီဖြစ်ကြောင်းဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)က ပြောပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ ထောပတ်သီးတွေကို ထိုင်းနဲ့ ဘာရိန်းနိုင်ငံအပြင် အိန္ဒိယနိုင်ငံနဲ့ ပြင်သစ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူတွေဆီကသိရပါတယ်။ မြန်မာပြည်မှာ ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အဓိက စိုက်ပျိုးကြပါတယ်။ Oct 17 ။ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် အာဏာသိမ်းမြန်မာစစ်တပ်ကို ရှုတ်ချကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။ စကစဟာ အွန်လိုင်းငွေလိမ် ရာဇဝတ်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီးအဲဒီလုပ်ငန်းဟာ အကြီးဆုံး […]


kaiOctober 31, 20239min19870
On September 11, 2023, a remarkable event took place, which exemplified unity, peace, and understanding amidst the backdrop of one of the historic tragic dates in American history. American Muslim Voice organized a multi-faith picnic, inviting people from various community, religious backgrounds to come together in an act of solidarity and hope. This event served […]


kaiOctober 31, 20232min15360
ပြီးခဲ့တဲ့ စက်တင်ဘာ(၂၁)ရက်က အမေရိကပြည်ထောင်စုရဲ့ Census Bureau ကြီးက လွန်ခဲ့တဲ့(၃)နှစ် ၂၀၂၀၊ ဧပြီ(၁)ရက်နေ့မှာကောက်ခံခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုကရရှိတဲ့ (လူမျိုစုပေါင်း စုံ ၁၅၀၀ ခန့်) အတွက်ကိန်းဂဏန်းများကိုထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထုံးစံကတနှစ်လောက်အတွင်း မှာ အဲ့ဒီလိုပြန်တမ်းများကိုထုတ်ပြန်လေ့ရှိခဲ့ပေမဲ့၊ (၂၀၂၀)ခုနှစ်အတွက်ကိုတော့ (၃)နှစ်ကျော်မှထုတ် ပြန်နိုင် ခဲ့တဲ့အတွက်ထူးခြားတယ်လို့ဆိုရပါမယ်။ အရင်သမ္မတဟောင်းထရမ်းလက်ထက်မှာ နိုင်ငံသား ဖြစ်မှုမဖြစ်မှုတွေနဲ့မဲ့ဆန္ဒနယ်နဲ့ပါတ်သက်တဲ့မတော်သြဇာလွှမ်းမို့မဲ့ အဖြစ်တွေကတိကျမှန်ကန်တဲ့သန် ခေါင်စာရင်းထွက်လာပါ့မလားဆိုတဲ့သံသယစိုးရိမ်စိတ်တွေ ကျွမ်းကျင်သူပညာရှင်များထဲတောင်အ တော်ကြီးစိုးခဲ့ပါတယ်။ သန်းခေါင်စာရင်းဥပဒေကတားမြစ်ပြီး၊ ကတိကဝတ်ပြုထားတဲ့ အချက်အလက် တွေကိုလွှမ်းမိုးမဲ့အရိပ်အယောင်တွေရှိခဲ့တဲ့အတွက်၊ တရားမဝင်ရောက်လာသူများက သန်းခေါင်စာ ရင်းမေးခွန်းလွှာတွေကိုဖြေကြားပြန်ကြားဖို့အတော်တွန့်ဆုတ်ခဲ့ပါတယ်။ ဆိုင်ရာတွေ၊ ဒေသဆိုင်ရာ ကွန်မြူနီတီအဖွဲ့အစည်းတွေရဲ့အားပေးမှုတွေကအတတ်နိုင်ဆုံးတည့်မတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုမကြုံစဖူးကြာမြင့်ရခြင်းကို www.census.gov မှာထဲထဲဝင်ဝင်လေ့လာပေမဲ့ အကြောင်းရင်းအစစ် အမှန်ကို ဖေါ်ပြခြင်းအလျင်းမရှိပါဘူး။ ဆိုင်ရာဌာနတွေကိုစာရေးသူကိုယ်တိုင်ဆက်သွယ်ခြင်း၊ လူထု outreach တွေမှာမေးခွန်းမေးခဲ့ပေမဲ့ တိကျရေရာတဲ့အဖြေမရတာတော့ ထင်ရှားနေပါတယ်။ အားလုံးမှတ်မိကြမယ်ဆိုရင် အဲ့ဒီ Census 2020 […]