အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်း အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ရေးဟာ အဓိက အကျဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ကာကွယ် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေနဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ် နိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုများ ထိရောက်စွာနှိမ်နင်းနိုင်ဖို့အတွက် Terrorist Intelligence Unit တွေကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ ဖွဲ့စည်းထားကြပါတယ်။ ဒီယူနစ်တွေက Terrorist Intelligence Process တွေကို အသုံးပြုပြီး သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သတင်းရယူခြင်း၊ အကြမ်းဖက်သမားဟု သံသယဖြစ်နိုင်ချေ ရှိသူများနှင့် ထောက်ခံအားပေးနေသူများကို ဖော်ထုတ်ခြင်း၊ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်အဖွဲ့အစည်းများအား ဖော်ထုတ်ခြင်း၊ ပုဂ္ဂိုလ်ရေးဆက်နွယ်မှု၊ ဘဏ္ဍာရေး ဆက်နွယ်မှု၊ ဖြစ်စဉ်ဆက်နွယ်မှု စသည်များကို […]