ကြောင်ဝတုတ်September 20, 20121min72729
ကလင်…. ကလင်…. ကလင်…. စားပွဲပေါ်မှဖုန်းလေးမြည်လာသည်… ထုံးစံအတိုင်းဖြစ်နေကြ ကွန်ပျူတာပြသနာများအတွက် မေးမြန်းမှုပင်ဟု တွက်ထင်ပြီး ဖုန်းအားကောက်ကိုင်လိုက်သည်… “ အခွန်ဆောင်ထားတဲ့စာရွက်တွေ HR အခန်းမှာလာပြီးယူလို့ရပြီနော်… ” “ အော်… အင်း လာခဲ့မယ်… ခဏလေးပါ… ” လုပ်လက်စလေးကို လက်စသပ်… အောက်ထပ်ကိုပြေးဆင်းသွားပြီး… ဝင်ငွေခွန်ပြေစာယူရန် HR အခန်းထဲသို့ တံခါးလေးခေါက်ပြီးဝင်သွားလိုက်သည်… HR Officer အနားတွင် ရုံးမှအရာရှိတစ်ယောက် ပြေစာထုတ်ယူရင်းစကားစမြည်ပြောနေသည်… သူ့ကိစ္စပြီးပါစေလို့ ခဏစောင့်ရင်း… ကိုယ့်အလှည့်ရောက်လို့ လက်မှတ်လေးထိုးနေတုန်း… သူက စကားစ၏… “ ဘယ်လိုတုန်းဗျ… ကိုအိုင်တီရ… ကျွန်တော်အခုပဲပြောနေတာဗျ…” “ ဟုတ်… ဘာကိုလဲအစ်ကို…” “ ဒီလိုဗျာ… အစိုးရက တစ်နှစ်ကို တစ်ဆယ့်လေးသိန်းနဲ့အထက်ဝင်တဲ့လူတွေကို အခွန်ဆောင်ခိုင်းတယ်…” “ အင်း…” ခေါင်းတစ်ချက်ညိတ်ပြီး ထောက်ခံလိုက်သည်… […]


ကြောင်ဝတုတ်September 13, 20123min58034
၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့မှာ ကာလီဖိုးနီးယားအခြေစိုက် Apple ကုမ္ပဏီမှ မျိုးဆက် (၅)ခုမြောက် iPhone ကို စတင်မိတ်ဆက်ခဲ့ပါတယ်…. အိုင်ဖုန်းဖိုက်ရဲ့ မျက်နှာပြင်ကို ကန့်လန့်ဖြတ်တိုင်းရင် ၄လက်မအရွယ်အစားရှိလာပြီး၊ Resolution အားဖြင့် 1136 x 640 ရှိလာကာ၊ ppi အနေနဲ့တော့ iPhone 4 ရော iPhone4S ရောနဲ့အတူတူ 326 ppi အဖြစ်ရှိပါတယ်… အပြောင်းအလဲသိပ်မရှိပါဘူး… Resolution နဲ့ မျက်နှာပြင်အရွယ်အစားအရ iPhone 4/4S တို့ထက် 0.32 လက်မပိုပြီး ရှည်လာတာကိုတွေ့ရပါတယ်… အရပ်နဲနဲပိုရှည်လာသော iPhone ပေါ့… Display ကိုတော့ဖြင့် Apple ရဲ့နာမည်ကျော် မျက်ကြည်လွှာဖန်သားပြင် (Retina Display) ကိုပဲအသုံးပြုထားတာကိုတွေ့ရပါလိမ့်မယ်… Two in One Pixel လို […]


ကြောင်ဝတုတ်September 4, 20121min537
အရင်ဆုံးပြောချင်တာတစ်ခုက ဒီစာရေးတဲ့နေတဲ့အချိန် ဆိုဒ်ပေါ်တင်သင့်မတင်သင့် တော်တော်ကြီးစဉ်းစားတယ်… ရေးပြီးတော့လဲ ပြောသင့်မပြောသင့်သေသေချာချာဆုံးဖြတ်ပြီးမှ ပြောသင့်တယ်ထင်လို့ပြောပါတယ်… အမှားတစ်စုံတစ်ရာပါခဲ့မယ်ဆိုရင်… တွေးခေါ်ရေးသားသော ကျွန်ုပ်၏ တာဝန်သာဖြစ်ကြောင်း ပြတ်ပြတ်သားသားတာဝန်ယူပါသည်… အရင်ဆုံးပြောချင်တာက… ဂဇက်ဆိုတဲ့ရွာကြီးအကြောင်းပါ… ဂဇက်ဆိုတဲ့အွန်လိုင်းရွာကြီးကို ကျွန်တော်တို့အားလုံး မြတ်နိုးစွာ ဒီမိုရွာကြီးဟု နှစ်နှစ်သက်သက်လက်ခံထားသည်…  ဟုတ်ပါပြီ… ဒါဆိုရင် ရွာသူရွာသားတွေရော ဘယ်လောက်တောင်ဒီမိုဆန်နေကြပြီတုန်း… ဒီမိုဆိုတာကို ဘယ်လောက်အထိ လက်ခံထားနိုင်ကြပြီတုန်း… သေသေချာချာပြန်စဉ်းစားကြည့်ရအောင်… အရင်ဆုံး ကျွန်တော်စိတ်မကောင်းစွာတွေ့ရတာက ရခိုင်အရေးဆွေးနွေးတိုင်း ဂဇက်မန်ဘာဝင်တွေ တော်တော်များများ အားရဝမ်းသာဝိုင်းဆဲကြတဲ့အဖြစ်… ဒီမိုရွာမှာ သူ့အမြင်ကိုရေးရင် ကိုယ့်ဘက်ကလဲ ခိုင်မာတဲ့အထောက်အထားနဲ့ တိတိပပချေပနိုင်ရင်ချေပ… မချေပနိုင်တဲ့အနေအထားဆိုရင် ပါးစပ်ပိတ်ပြီး ဒေါင့်မှာသွားထိုင်နေရုံပဲ… ပုဂ္ဂိုဟ်ရေးမနှစ်သက်မှုတစ်ခုနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်သော အခြားသူတစ်ဦးဦးကို ဆဲရေးတိုင်းထွာတာ… ခါးအောက်ပိုင်းမိုးမွှန်အောင်ဆဲတာမျိုးက လူကြီးလူကောင်းဆန်သော အပြုအမူ မဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်… အခုအချိန်မှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော်တို့နိုင်ငံ ဒီမိုနိုင်ငံအဖြစ်ဦးတည်နေတယ်… အဲဒီတော့ […]


ကျွန်ုပ်သည် ပေတံတစ်ချောင်းဖြစ်သည်… ကျွန်ုပ်၏အတိုင်းအတာဖြင့် အခြားအခြားကိုတိုင်းတာသောအခါ… ကျွန်ုပ်ထက် ရှည်သည်လဲရှိ၏… တိုသည်လဲရှိ၏…   ကျွန်ုပ်သည် ထီးတစ်ချောင်းဖြစ်သည်… ကျွန်ုပ်၏အကာအကွယ်ဖြင့် အခြားအခြားကိုကာကွယ်သောအခါ… ကျွန်ုပ်လက်လှမ်းမီသည်လဲရှိ၏… မမီသည်လဲရှိ၏…   ကျွန်ုပ်သည် ထောင်တန်တစ်ရွက်ဖြစ်သည်… ကျွန်ုပ်၏တန်ဖိုးဖြင့် အခြားအခြားကိုဝယ်ယူသောအခါ… ကျွန်ုပ်ပေးချေနိုင်သည်လဲရှိ၏… မပေးချေနိုင်သည်လဲရှိ၏…   ကျွန်ုပ်သည် နာရီတစ်လုံးဖြစ်သည်… ကျွန်ုပ်၏မိနစ်စက္ကန့်ဖြင့် အခြားအခြားကိုစောင့်ဆိုင်းသောအခါ ကျွန်ုပ်စောင့်ဆိုင်းနိုင်သည်လဲရှိ၏… မစောင့်ဆိုင်းနိုင်သည်လဲရှိ၏…   ကျွန်ုပ်သည် လူသားစင်စစ်တစ်ဦးဖြစ်သည်… ကျွန်ုပ်၏အတ္တဖြင့် အခြားအခြားကိုနှိုင်းယှဉ်သောအခါ… ကျွန်ုပ်သည်းခံနိုင်သည်လဲရှိ၏… သည်းမခံနိုင်သည်လဲရှိ၏…   ကြောင်ဝတုတ် ဩဂုတ်လ၊ ၂၀၁၂


ကြောင်ဝတုတ်တစ်ကောင် အသိုက်ပြောင်းမှာမို့ အလုပ်တွေမဟာဒယားရှုပ်တာမို့ ရွာထဲကို မနက်စောစောအိပ်ယာနိုးချိန်လေး ဖုန်းနဲ့ခဏတဖြုတ်ဝင်ကြည့်ရုံကလွဲရင် ကော်မန့်လေးတောင်မပေးနိုင်တဲ့ ဘဝမို့ မမနောဖြူပြောသလို ကြောင်ဝတုတ်တစ်ကောင်ပျောက်ခြင်းမလှပျောက်နေတာပါ… သို့ပေသည့် အိတုန်းလေးရဲ့ “ရထားတဲ့ဘွဲ့က ဓာတ်ပုံချိတ်နိုင်ဖို့ပဲလား” ဆိုတဲ့ပိုစ့်ကို ဖတ်ပြီးတော့ ပရောဂအမှန်ဖြစ်သမို့တုန်ဆင်းလာ ရကြောင်းဝန်ခံပါရစေ… အိတုန်းရဲ့ပိုစ့်လေးက ကျွန်တော့်ကိုလွန်ခဲ့တဲ့ ဆယ်စုနှစ်တော်တော်ကျော်ကျော်ကို ပြန်ခေါ်သွားတယ်… ကျွန်တော် (၁၀)တန်းအောင်တော့ (အခုတက္ကသိုလ်ဝင်တန်းပေါ့) အမှတ်ပေါင်းက အင်ဂျင်နီယာလိုင်းကို (၃)မှတ်လိုနေတယ်… ဆရာဝန်ဖြစ်ဖို့နဂိုကတည်းက ဝါသနာမပါသူမို့ အင်ဂျင်နီယာမဖြစ်တာကို ဝမ်းနည်းမိပေမယ့် ဘဝအတွက်တစ်ခုခုကိုရွေးချယ်ဖို့ အချိန်လို့ပြောရမည်မို့ ကိုယ်ဘာလုပ်မလဲကို အရင်ဆုံးစဉ်းစားရပါတယ်… ဘူမိဗေဒကိုစိတ်ဝင်စားခဲ့ပေမယ့် အဖေဖြစ်သူကိုယ်တိုင် ဂျော်လောဂျစ်မို့သူ့သားကို ဂျော်လောဂျစ်ဖြစ်ဖို့ အားမပေးပါဘူး… အဓိကအကြောင်းအရင်းက ပျက်စီးမှာစိုးလို့၊ ပင်ပန်းမှာစိုးလို့ပါ… မိဘရဲ့မေတ္တာပေါ့… တကယ်တော့ ဘယ်မှာနေနေ ပျက်စီးချင်သူက ပျက်စီးမှာပါပဲ… ဘယ်အလုပ်လုပ်လုပ် အတိုင်းအတာတစ်ခုအထိတော့ ပင်ပန်းပါတယ်… ဒါကတစ်ပိုင်းပါ… အဲဒီအချိန်မှာ ကျွန်တော်ရွေးချယ်မှုတစ်ခုလုပ်ရပါတယ်… အသင်ဘာလုပ်မလဲ… […]


မနေ့က သူငယ်ချင်းလူပျိုကြီးနှစ်ယောက်နှင့် ဘီယာဆိုင်လေးထိုင်ရင်း ဘဝမှာဖြတ်သန်းခဲ့ဖူးသော အချစ်ဒသနများ၊ အချစ်ဟုထင်မှတ်မိသောအချစ်မဟုတ်သောအကြောင်းအရာများ၊ ငယ်ရွယ်နုပျိုစဉ်မှာ ကြုံတွေ့ခဲ့ရသောအချစ်စမ်းမှုများအကြောင်းကို ရောက်တတ်ရာရာပြောဆိုမိကြသည်ပေါ့… အရင်တုန်းက ကျွန်တော်ရေးဖူးသလိုပေါ့ဗျာ… When I was younger… ကျွန်ုပ်ရမ်းကားစဉ်အချိန်တုန်းက… ကျွန်တော်တို့လူပျိုပေါက်အချိန်တုန်းက Rocker ကြီးတွေခေတ်စားသကိုး… အခု Punk တို့ Rapper တို့ခေတ်စားသလိုပဲ… တေးဂီတရဲ့ Fashion ထဲမှာ ကျွန်တော်တို့စီးမျောခဲ့ဖူးပါတယ်… Jeans ဘောင်းဘီကျပ်ကျပ်၊ အရိုးခေါင်းပုံတို့ လျှပ်စီးပုံတို့ပါတဲ့ T-Shirt အနက်လေးတွေဝတ်တဲ့အရွယ်… အိမ်နဲ့အတိုက်အခံလုပ်ပြီး ဆံပင်ရှည်ရှည်ထားတတ်တဲ့အရွယ်ပေါ့… အဲဒီနောက်မှာ မကောင်းတဲ့အကျင့်တစ်ခု ပါလာတာက စီးကရက်စသောက်ခြင်းပေါ့ဗျာ… စီးကရက်လေးကို ဟန်ပါပါခဲထားခြင်းကလဲ စတိုင်တစ်ခုကိုဖန်တီးခြင်းပေါ့… ကျွန်တော်အသက် ၁၅၊ ၁၆ လောက်… နေတဲ့မြို့က တောင်ကြီးမြို့… ရာသီဥတုအေးအေးနဲ့ သိပ်ပြီးစတိုင် ထုတ်လို့ကောင်းသကိုး… အဲဒီလိုပဲ ကားနဲ့ဆိုင်ကယ်သာရှိတဲ့မြို့ဆိုတော့လဲ ဘယ်သွားသွား၊ […]


လွန်ခဲ့တဲ့(၃)လကျော်က နေ့လေးတစ်နေ့… သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးမှာဆုံဖြစ်ဖို့ချိန်းထားကြတယ်… နယ်မှာတာဝန်ကျနေတဲ့သူငယ်ချင်းမို့ ကျွန်တော်နဲ့မတွေ့ဖြစ်တာ (၂)နှစ်လောက်ရှိပြီ… ကျွန်တော်ကလဲ သူငယ်ချင်းကိုတွေ့ချင်တာတစ်ကြောင်း၊ ကျွန်တော်ထိုင်နေကျလက်ဘက်ရည်ဆိုင်လေးမှာချိန်းပြီး ညနေစာ အတူတူသွားစားမယ်ဖို့ရည်ရွယ်ချိန်းဆိုလိုက်မိပါတယ်… ညနေပိုင်း(၄)နာရီခွဲလောက် သူငယ်ချင်းရောက်လာတော့… သူနဲ့အတူတူ သူငယ်ချင်းရဲ့ညီမအငယ်ဆုံးလေး (၇)တန်းကျောင်းသူတစ်ယောက်ပါလာတယ်… ကျွန်တော်နဲ့လဲ ငယ်ငယ်တုန်းက သိကျွမ်းပြီးသားမို့ ကလေးက သိပ်မစိမ်းနေပေမယ့်တွေ့ခါစမှာတော့ ခပ်ရှိန်ရှိန်ဖြစ်နေပါတယ်… ကျွန်တော်သတိထားလိုက်မိတာက ကလေးမလေးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့… ကျွန်တော်က ကလေးမလေးကို ကြောင်တောင်တောင်ဖြစ်မနေအောင်…စကားတွေပြောရင်း ငိုနေရတဲ့အကြောင်းအရင်းကို အဖေကြီးရိုက်လို့လား… အမေကြီးဆူလို့လားစသည်ဖြင့်…ကလေးမလေးစိတ်ရွှင်လာအောင် စကားတွေပြောမိရာက သူငယ်ချင်းမှတစ်ဆင့် ကလေးမလေးရဲ့ပြသနာ အရင်းအမြစ်ကိုသိလာရပါတယ်… “ ဒီလိုကွာ… ငါ့ညီမလေးက အငယ်ဆုံးလဲဖြစ်… ငါတို့နဲ့ကျတော့ အသက်ကလဲကွာ… အိမ်မှာက မိဘတွေနဲ့ပဲနေရတာများတော့ သူ့ခမျာအပေါင်းအသင်းမက်သကိုး… ခက်တာက လက်ရှိသူ့နားက အပေါင်းအသင်းတွေက သူ့ကိုကျဉ်ထားကြတယ်… အခုလဲသူ့အပေါင်းအသင်းတွေက ဝိုင်းပြောကြလို့ ဝမ်းနည်းပြီးအိမ်မှာငိုနေလို့ စိတ်ပြေလက်ပျောက်ဆိုပြီး…ငါခေါ်လာတာ…” “ […]


မနေ့ညနေက ကျွန်တော်အလုပ်ချိန်အပြီး အလုပ်ရဲ့ပင်ပန်းမှုတွေကိုဆေးကြောမယ်ဆိုတဲ့အကြံနဲ့ မြို့ထဲမှာအလုပ်လုပ်တဲ့သူငယ်ချင်းလူပျိုကြီးနှစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောဖြစ်ကြတယ်ပေါ့… လူပျိုကြီးဖြစ်ရခြင်းအကြောင်းအရင်းများပြောကြားရင်းပေါ့… အချစ်ကိုကိုးကွယ်ပြီးအရမ်းခံစားတတ်သောကြောင့်ဖြစ်သောလူပျိုကြီး၊ အချစ်အပါးမှာအလွဲလွဲအချော်ချော်ဖြစ်တတ်သောကြောင့်ဖြစ်သောလူပျိုကြီး၊ ပထမဆုံးအသဲကွဲဖူးသောအတွေ့အကြုံဖြင့် အချစ်ကိုကြောက်သွားသောကြောင့်ဖြစ်သောလူပျိုကြီး၊ လူမှု အိမ်ထောင်အရှုပ်အရှင်းများကိုမြင်ကာထိပ်လန့်သောကြောင့်ဖြစ်သောလူပျိုကြီး၊ ယောင်္ကျားကြီးတန်မယ့် အရှက်လွန်သောကြောင့်ဖြစ်ရသောလူပျိုကြီး၊ အချစ်ကိုစမ်းလှေနံနှစ်ဘက်နင်းရာမှ ခြေချော်လက်ချော်ဖြစ်ကာ အစွံထုတ်မရသောကြောင့်ဖြစ်သောလူပျိုကြီး စသည်စသည်ဖြင့် ည(၈)နာရီခန့်အထိစကားဖောင်ဖွဲ့ကြပြီးနောက် အသီးသီးအိမ်အပြန်လမ်းသို့ မြန်းခဲ့ကြသည်… ကျွန်တော်ကားငှားအပြန် ကားပေါ်မှာ… “ ချစ်သူကို ရွှေနန်းထက်မှာထားချင်တယ်… အလှလေးပွန်းပဲ့သွားရင်တောင် ရင်ကျိုးရချည်ရဲ့…” တိုက်တိုက်ဆိုင်ဆိုင် ပိုစ့်ထဲထည့်ရေးခဲ့သူ ဦးဘလက်ကြီးကိုတောင်သတိရလိုက်မိသေးတယ်ဗျာ… အဲဒီနောက် ခေတ်ပေါ်သီချင်းတစ်ပုဒ်ကို FM ကတာဝန်မပျက် ဆက်လက်ထုတ်လွှင့်သေးတယ်… အဲဒီတော့မှ ကျွန်တော်မျက်လုံးပြူးပြီး တစ်နေ့လုံးအလုပ်လုပ်ထားသမျှနဲ့ပင်ပန်းပြီး အိပ်ချင်နေတဲ့သူကျွန်ုပ် မျက်လုံးပြူးသွားမိပါတော့တယ်… သီချင်းစာသားကို အမှတ်တမဲ့ကြားလိုက်ရသလို ခေတ်ပေါ်သီချင်းတွေကို နားမထောင်ဖြစ်တော့တဲ့သူအနေနဲ့ သီချင်းစာသားက တော်တော်ကိုအထိတ်အလန့်ဖြစ်စေခဲ့တယ်ဆိုတာတော့ဖြင့် ဝန်ခံပါတယ်… သီချင်းက စုံတွဲ သီချင်းပါ… ယောင်္ကျားလေးအဆိုရှင်ကတလှည့်… မိန်းကလေးအဆိုရှင်ကတစ်လှည့် […]


“ အစ်ကိုရှာခိုင်းတဲ့စာချုပ်ကို ရှာမတွေ့ဘူးအစ်ကို ” “ ဟေ… ဒါထက်နေပြည်တော်က ဆောက်လုပ်ရေးဝန်ကြီးဌာရုံးဖုန်းရော…” “ အဲဒါလဲ…ရှာမတွေ့ဘူးအစ်ကို…” “ ဟင်… အဲဒီလိုတော့မဟုတ်သေးဘူးလေ… အဲဒါတွေမင်းမသိဘူးလား…” “ ဟုတ်မသိဘူးအစ်ကို…” “ မင်းက အဲဒါတွေမသိဘူးပြောရအောင် Admin အလုပ်တွေမင်းလုပ်နေတာမဟုတ်ဘူးလား…” “ ဟုတ်တော့ဟုတ်ပါတယ်အစ်ကို… ကိုချစ်ထွန်းက အဲဒီဖုန်းနံပါတ်တွေနဲ့ စာချုပ်တွေကိုသူသိမ်းထားတာပါ…” “ ကိုချစ်ထွန်းသိမ်းထားပေမယ့် မင်းတို့က Department တစ်ခုထဲလေကွာ… သူမရှိရင် မင်းသိရမှာပေါ့…” “ သူသိမ်းထားပြီး သူပဲပင်တိုင်လုပ်နေတာဆိုတော့ ကျွန်တော်လဲသေချာမသိဘူးအစ်ကို… နောက်တစ်ခုက သူကကျွန်တော့်ကို အဲဒီအကြောင်းတွေကို ပေးမသိဘူး…” “ အဲဒီအကြောင်းကို မင်းပေးမသိတော့ သူခွင့်ယူရင်အလုပ်လုပ်မရဘူးလား…” “ ဟုတ်ကဲ့.. သူ့ဖုန်းဆက်မေးတော့လဲ ဖုန်းပိတ်ထားလို့ဆက်သွယ်လို့မရဘူး…” “ ဒါဆိုရင် ဖိုင်တွေကို အကုန်မတွဲဘူးလား… သူ့အကြောင်းအရာနဲ့သူ သေချာဖိုင်တွဲမထားဘူးလား…” […]


“ အလုပ်ထွက်စာပါအစ်ကို…” ကျွန်တော်မော့ကြည့်လိုက်မိသည်… မွန်မွန်ဆိုသောမိန်းခလေးတစ်ယောက်… ကျွန်တော့်ထက် တစ်နှစ်မျှသာငယ်သော်လဲ အလုပ်ရာထူးအရတလေးတစား “အစ်ကို”ဟု သူခေါ်လေ့ခေါ်ထရှိသည်…   “ ဘာလို့အလုပ်ထွက်ချင်ရတာလဲ… မွန်မွန်…”   “ ညီမဆက်မလုပ်ချင်တော့ဘူး… ရုံးထဲကလူတွေကိုလဲညီမရင်မဆိုင်ချင်တော့ဘူး…”   “ ရုံးကလူတွေက မွန်မွန့်ကို ဘာပြောလို့လဲ… မွန်မွန်အလုပ်မှာအဆင်ပြေနေသားနဲ့…”   မွန်မွန်ငြိမ်ကျသွားသည်… ထို့နောက်…   “ အားလုံးနဲ့ညီမအဆင်ပြေပါတယ်… ဒါပေမယ့်ဟိုနေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး… ညီမအလုပ်ဆက်လုပ်ချင်စိတ်မရှိတော့လို့ပါအစ်ကို…” ကျွန်တော်နားလည်လိုက်ပါပြီ… သူ့အလုပ်ထွက်စာကိုလက်ခံထားပြီး… နောက်ထပ်(၃)ရက်ခန့် စဉ်းစားစေလိုကြောင်းနဲ့ အကယ်၍အလုပ်မထွက်လိုသေးလျှင် ပြန်လာနိုင်သေးကြောင်းပြောပြီပြီး မွန်မွန်ကို အိမ်သို့ပြန်စေပါသည်… အခန်းအတွင်းမှထွက်သွားသော မွန်မွန်ကိုကြည့်နေရင်း ကျွန်တော့်စိတ်ထဲတွင် မည်သည့်အခါမှပြန်မလာသောထွက်သွားခြင်းကို ခံစားမိလိုက်ပါသည်….   လွန်ခဲ့သော ဆယ်နှစ်ခန့်ကအဖြစ်အပျက် အကျိုးအကြောင်းတိုက်ဆိုင်သဖြင့် ဒီနေ့ကျွန်တော်တွေးလိုက်မိ၏… အဲဒီနေ့က မွန်မွန်ဘာကြောင့်အလုပ်ထွက်သွားခဲ့သလဲ… အဲဒီနေ့မတိုင်ခင် (၃)ရက်လောက်က မွန်မွန်ရုံးကနေခွင့်ယူခဲ့သည်… အကြောင်းကား […]


မြန်မာနိုင်ငံကြီးသာ ပန်းခင်းကြီးတစ်ခင်းဆိုရင်ဖြင့်- ပြည်သူတွေဟာ ပန်းပွင့်လေးတွေဖြစ်လာကြမှာပါ… ညှိုးနွမ်းနေတဲ့ပန်းပွင့်လေးတွေမဖြစ်ချင်သလို… မြေဩဇာ မရတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူး… နေရောင်မရတဲ့ လောင်းရိပ်အောက်မှာ မဖူးပွင့်ချင်သလို… သွေးစွန်းတဲ့ပန်းပွင့်လေးတွေလဲ မဖြစ်ချင်ပါဘူးဗျာ… ကျွန်တော်တို့နေတဲ့ ပန်းခင်းကြီး ပိုပြီးလှပတာ… ပိုပြီးအရောင်အသွေးစုံလင်တာ… ပိုပိုလှတဲ့ပန်းလေးတွေပဲ မြင်ချင်မိတာ ကျွန်တော်တို့ရဲ့စိတ်ဆန္ဒပါဗျာ… ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေနဲ့ဥယျာဉ်မှူးကြီးဖြစ်နေတော့ ကျွန်တော်တို့ဘဝက ဘယ်မှာ သိပ်ပြီး လန်းဆန်းနိုင်ပါ့မလဲ… ဥယျာဉ်မှူးကြီးရဲ့အဖေ ဥယျာဉ်မှူးဟောင်းကြီး ဖဲရိုက်၊ အရက်သောက်လို့ တင်သွားတဲ့အကြွေးတွေကို သားဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဥယျာဉ်မှူးကြီးက အကြွေးတွေထိုးဆပ်နေမှတော့ ကျွန်တော်တို့ ပန်းခင်းလေးဟာလဲ… သိပ်ပြီးတော့မလှပတော့ဘူးလေ… ဥယျာဉ်မှူးဟောင်းကြီးလက်ထက်တုန်းက ရှိသမျှရောင်းပြီး အရက်သောက်ဖဲရိုက်လို့… အဝီစိတွင်းလေးက မော်တာလေးလဲမရှိတော့ဘူး… ပန်းခင်းဘေးမှာ ထိုင်စရာခုံတန်းလေးလဲ ခြံစည်းရိုးတွေပေါက်ပြဲလို့ အပြင်ကလူတွေဝင်လာပြီး ထင်းစိုက်ဖို့ ဖြုတ်ယူသွားကြပြီ… နောက်ဆုံးကုန်းကောက်စရာမကျန်တော့လို့ အရိပ်ရတဲ့ ဗံဒါပင်ကြီးကိုတောင် ခုတ်ရောင်းလိုက်ရတယ် မဟုတ်လား… […]


ဒီကောင် ကြောင်ဝတုတ်… ကိုယ့်ဟာကို ဝတ္တုဆက်မရေးပဲ… ရူးကြောင်ကြောင်ထပြီး စိတ်ပေါက်ရာနောက် ကောက်ကောက်လိုက်တယ်လို့ ဆိုချင်ဆို… ကြိုပြီးတောင်းပန်ထားချင်တာကတော့ စိတ်နောက်နောက်နဲ့ပြောတဲ့စကား အမှားတစ်ထောင်ဆိုတော့ မှားရင်လဲ မလိမ်မိုး မလိမ်မာလေးမို့ ခွင့်လွှတ်ကြပါတော့ဗျာ… ကဲ… စပြောရရင်… ဟိုလူသဂျီး… အစကိုဆွဲထုတ်စေချင်ပေမယ့်… ဘယ်သူမှထုတ်တာမတွေ့ရတော့ ကျုပ်မှာ အိပ်မပျော်နိုင်… အစဆွဲထုတ်မယ်လို့ စဉ်းစားပြန်တော့ မပြည့်ဝတဲ့ဗဟုသုတနဲ့ တစ်ထွာတစ်မိုက်ဦးနှောက်က မလိုက်နိုင်… အဲဒီတော့ သဂျီးဆိုတဲ့လူပြောတဲ့စကား ပြန်စဉ်းစားရအောင်လေ… ဘာတဲ့…   “ စနစ်ကြောင့်မဟုတ်ဘူး…” သူကဘာကိုဆိုလိုချင်မှန်းသေချာမသိ… ဒါပေသည့် သဂျီးရယ်လို့ရာထူးကို ကိုယ့်ဟာကိုယ်ယူထားမှတော့ ကြယ်လေးလုံးတစ်ဦးတည်းပိုင်ဆိုင်ထားမှဖြင့် ပေါက်လွှတ်ပဲစားဖြင့် မပြောနိုင်ကောင်းရဲ့ဆို မီရာအတွေးနဲ့စဉ်းစားကြည့်တော့… သူပြောလိုက်တိုင်း နိုင်ငံတော်ရဲ့အုပ်ချုပ်မှုဟာကွက် တွေနဲ့ပတ်သက်တိုင်း ဒင်းကဒီစကားပြောလေ့ရှိတယ်… ဟုတ်ပါပြီ… ဒါဆို နိုင်ငံတော်ရဲ့စနစ်က မှားခဲ့လား… မမှားခဲ့ဘူးလားပြန်ကြည့်ဖို့လိုလာပြန်ရော… ယနေအချိန်အထိ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ဆက်ပြောင်းခဲ့တယ်ပေါ့ […]