Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


mgsaiSeptember 18, 20151min5227
ကျွန်မနာမည်လား မိချမ်းလေ မွေးတာကတော့ ဧရာဝတီတိုင်းက မြို့တစ်မြို့ပေါ့။ ပညာလား . . . သင်ခဲ့တယ်လေ ၆တန်းလောက်ထိ။ အဖေက တံငါလုပ်တယ် အမေကတောင်သူလုပ်တယ်ပေါ့။ အဖွားတို့ဘာတို့လဲရှိတယ်။ မောင်နှမကလဲ ၈ ယောက်ဆိုတော့ ကျောင်းကလဲ အဆင်ပြေတဲ့နှစ်တက်တယ် အဆင်မပြေတဲ့နှစ်တော့ မတက်ပဲ အိမ်မှာဝိုင်းကူပေါ့။ ၆ တန်းရောက်တော့ အသက် ၁၅ နှစ်ဖြစ်နေပြီလေ။ အင်း အခုအငယ်ကောင်လေးတစ်ယောက်တော့ ၁ဝ တန်းဆိုလားပဲ။   အိမ်ထောင်လားကြနေပြီလေ။ ကလေးတင်သုံးယောက်နဲ့ တစ်ဗိုက်။ ယောက်ျားက ပန်းရံနောက်လိုက်။ ရွာက ဘုန်းကြီးကျောင်းကို ပန်းရံလာလုပ်ရင်းနဲ့ ညားကြတာ။ အခုနေတာက လှိုင်သာယာမှာ။ တဲငှားနေတယ်လေ။ မထူးဆန်းပါဘူး တစ်ချို့ဆိုမိသားစု နှစ်စုလောက် အဲဒီတဲလေးကို ငှားပြီးနေကြတာ။ အော် ကျွန်မရဲ့ တစ်နေ့တာကို သိချင်တယ် ဟုတ်လား။ […]

Chicken-Shit.jpg

mgsaiSeptember 16, 20151min4896
ကိုရီးယားဆိုရိုးပုံပြင်လေးတစ်ခုဖြစ်ပါတယ်။ တစ်ခါတုန်းက လူစည်ကားတဲ့ ဈေးလမ်းမကျယ်တစ်နေရာမှာ ခွေးချေးပုံတစ်ပုံ ကျနေသတဲ့။ ခွေးချေးပုံက လမ်းလယ်မှာဆိုတော့ ဈေးထဲကို လာကြတဲ့ လူတွေ၊ကြက်တွေနဲ့ အခြား ခွေးတွေပါမကျန် ခွေးချေးပုံလဲ မြင်ရော ကြောက်ကြောက်လန့်လန့်နဲ့ ရှောင်သွားကြတယ်။ အဲဒီအချိန်မှာ ခွေးချေးပုံက သူ့ကိုယ်သူပြန်စဉ်းစားတယ်။ ” ကြည့်စမ်း ငါဟာလောကကြီးမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ အရာပါလား။ ငါ့ကိုတွေ့သမျှ လူတွေ၊ တိရစာ္ဆန်တွေ အကုန်လုံး ငါ့ကို ကြောက်လို့ ရှောင်ကွင်းသွားကြတာပါလား” ဆိုပြီးတွေးနေတယ်။ ဒီလိုနဲ့ ခွေးချေးပုံဟာ ကြုံးဝါးလိုက်တယ်။ ” ငါဟာ ဒီလောကမှာ ကြောက်စရာ အကောင်းဆုံးအရာဖြစ်တယ် ” ဆိုပြီးတော့ပေါ့။ ဒီအချိန်မှာ အနားမှာ ဟိုသွားဒီသွား လုပ်နေတဲ့ ကြက်တစ်ကောင်က အနားကပ်လာတယ်။ ” ဒီမယ် ချေးပုံ မင်းကို ဒီလူတွေ တိရစာ္ဆန်တွေ […]


yiwaiNovember 24, 20131min4474
“မိစ္ဆာစီးနင်းခံ ည” (ဝါ) “အမှောင်ငတ်သူ….” ———————————–   အရောင်တွေ မည်းနက်နေသည်လား။ အမည်းရောင်တွေလေပဲလား။ အမြင်အာရုံတစ်ခုလုံးသည် အမည်းရောင်၏ ဖုံးအုပ်ထားမှုအောက် ကျရောက်နေသည်။   “အရောင်တွေဆာလိုက်တာ”   ရေဆာသည်ဆိုသည့် ခံစားချက်လိုပင် သူယခု အရောင်တွေ ဆာနေသည်။ ကြည့်လေရာမြင်လေရာတိုင်းသည် အမည်းရောင်။ ပိန်းပိတ်အောင် ထူထပ်နေသည့်အမှောင်မဟုတ်။ အမှောင်အုပ်ဆောင်းအောက် ကျရောက်နေသည့် ကြက်တစ်ကောင်ပမာ ခံစားနေရသည်။ အောက်အီးအီးအွတ်ဟု ကြက်ကအော်လျှင် လူအများက ကြားနိုင်သေးသည်။ သူသည်ကော။ ဒီအမည်းရောင်အုပ်ဆောင်းအောက်က လွတ်ဖို့ ဘယ်လိုအော်ရမလဲ ဟု အပြင်းအထန်စဉ်းစားနေမိသည်။ ငှက်ဆိုသည်မှာ ပျံရင်းသေ၊လူဆိုသည်မှာ ကြံရင်းသေသတဲ့။ ရှေးခေတ်စာပေမှာ ဖတ်ခဲ့ဖူးသည်။ ယခု သူ အမည်းရောင်အုပ်ဆောင်းအောက် မနေချင်သည့်အတွက် ကြံစည်ရပေတော့မည်။ သူက လူကိုး။ …………….. “အရောင်တွေ ဆာလိုက်တာ”   […]


yiwaiNovember 21, 20131min3902
“ရုပ်သေးရုပ်ပွဲတော်” ======================== တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။ “ဘယ်တော့လာမှာလဲ” “ဘယ်တော့လာမှာလဲ” တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။ လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။ “မလာသေးဘူးလား” “ခုထိ မလာသေးဘူးလား” “မျှော်ရတာ ပင်ပန်းလှပြီ” လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။ “ဟော ဟိုနားမှာ ဟေ့” “ဒီမှာဟ ဒီမှာ” ……………………………..။  “အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို […]


iris21December 9, 20111min4418
၂၀၁၁ လည်းကုန်ခါနီးသလို ခောတ်ကြီးကလည်းတိုးတက်လာပါတယ်။ လိုက်မမှီနိုင်အောင်ပါပဲ။ အဲဒီလိုပါပဲ လူတွေရဲ.စိတ်ဓါတ်(အချို.လူတွေကိုပြောပါတယ်)တွေကလည်း လိုက်မမှီနိုင်အောင်ပါပဲ။တိုးတက်လာပုံပြောပါတယ်။ (၁၁)လပိုင်းရဲ.ဒုတိယသီတင်းပါတ်မှာပါ။ဆိုင်ကယ် accidentနဲ. လူတစ်စု ဆေးရုံကိုရောက်လာပါတယ်။အပြင်ဆေးရုံဖြစ်လို. လက်ခံကုသမပေးပါဘူးဆိုတော. ဘာမှမဖြစ်ပါဘူးတဲ.။အမှုလည်းမလုပ်ပါဘူးတဲ.။တစ်ဖက်က တစ်ယောက်ကတော. ခေါင်းနည်းနည်းမူးတယ်ဆိုပါတယ်။ဘယ်သူမှားတယ် မှန်တယ်ဆိုတာအိုင်းတို. အလုပ်မဟုတ်လို. မမေးမိပေမဲ. ဆိုင်ကယ်ချင်းဖြစ်တာတူတူကို ခေါင်းမူးတယ်ဆိုတဲ.ဘက်က တင်းမာတဲ.ပုံပါပဲ။ဆေးရုံကြီး သွားပါဆိုတာ ဘယ်လိုမှပြောလို. လက်မခံပါဘူး။တစ်ဖက်ကတော. ခေါင်းမူးတယ်ဆိုတဲ. သူတွေကို ဒီမှာပဲcheck လုပ်ပေးမယ်။လိုအပ်တာမှန်သမျှပေါ.။ခေါင်းထဲမှာသွေးခဲတယ်၊တစ်ခုခု မကောင်းခဲ.ရင် ပျောက်သည်အထိ ကုပေးမယ်လို.ဆိုပါတယ်။နှစ်ဦးနှစ်ဖက် သဘောတူကြပြီး Skull X-ray အရင်ရိုက်ပါတယ်။ ရိုက်တော.အကောင်းပါပဲ အရိုးအက်တာ ဘာညာမရှိပါဘူး။ မကျေနပ်ပဲ CT ရိုက်မယ်ဆိုတော.လည်း တစ်ဖက်က ရိုက်ပေးရှာပါတယ်။ခေါင်းမူးတဲ.လူလည်း သက်သာသွားပါပြီ။အခြေအနေ အကုန်ကောင်းပြီဆိုတော. ဗွေဖောက်လာပါတယ်။ အခုကိစ္စကို ဆေးလည်းဆက်မကုပေးနဲ.တော.။ဖြစ်လာသမျှ သူတို.ဘက်က ကိုယ်.ဘာသာကုမယ် လျှော်ကြေးအနေနဲ.သာ ပေးတော.ဆိုပြီး ဖြစ်သွားပြန်ပါတယ်။တစ်ဖက်ကလည်း ဘာမှမဖြစ်လို.သာ လူလည်ကျမှန်းသိတော. […]


iris21October 18, 20111min48112
ဒေါက်ရောဂါဆိုတော. မကြားဖူးဘူးဟုထင်ကြလိမ်.မည်။ ကိုကိုတွေနှင်. မရင်းနှီးတောင် မမတို.တော.သိကြသည်။အထူးသဖြင်. ဒေါက်ဖိနပ်ကြိုက်သောမမများနဲ.တော.ရင်းနှီးလိမ်.မည်။ အိုင်းတစ်ယောက်ကတော. အတော်ကိုရင်းနှီးနေသည်. စကားလုံးဖြစ်သည်။ဒေါက်ဖိနပ်စီးခြင်းသည် ကျန်းမာရေးအတွက်မသင်.တော် ဆိုသော်လည်း မစီးပဲမနေနိုင်သည်. အကြောင်းပြချက်လေးတွေက ရှိနေတော.လည်း …အထူးသဖြင်. ဒေါက်စီးလို. ခါးနာတာထက် ကိုယ်.ကိုယ်ကို ယုံကြည်မှုရှိလာတယ်လို. ခံစားရခြင်း၊အရပ်ပုသောကြောင်.ရှည်ချင်ယောင်ဆောင်လိုခြင်း(ကိုယ်.ကိုယ်ကိုပြောတာပါ)၊ဒေါက်ဖိနပ်သံ တခွပ်ခွပ် ကိုဂီတသံကဲ.သို. သာယာမိနေခြင်း တို.ဖြစ်သည်။အိုင်းတို.များ ဒေါက်ဖိနပ်ဘယ်လောက်ကြိုက်သလဲဆို သိတတ်တဲ.အရွယ်တည်းက ဒေါက်ဖိနပ် စီးချင်တယ်ဆိုပြီး ဖိနပ်ဆိုင်ရှေ.မှာ မဝယ်ပေးမချင်း အိမ်မပြန်ပဲ စိတ်ကောက်ပြပါသတဲ.။ အဲလောက်တောင် ဝါသနာကြီးပေမဲ. ခုနေခါမှာတော. လေးထပ်အဆောက်အအုံကြီးကို နေ.စဉ် တက်လိုက်ဆင်းလိုက်နှင်. ခါးနာရောဂါရလာပါသည်။အဆစ်အမြစ်တွေ ရောင်ကာ အလွန်ကြိုက်သော ဒေါက်စီးဖို. မပြောနှင်. ပါးပေ.ဆိုတဲ. ဖိနပ်ပါးများနဲ. ဆေးတွေမှီဝဲရလောက်အောင်ကို အခြေအနေက ဆိုးနေပါသဖြင်. ဒေါက်ရောဂါဆိုတာလည်းရှိနေပါကြောင်း……….


iris21September 16, 20111min3044
M-O-T-H-E-R (M) is for the million things she gave me, (O) means only that she’s growing old, (T) is for the tears she shed to save me, (H) is for the heart of purest gold, (E) is for the eyes,with love-light shining, (R) means right and right,she’ll always be, Put them all together,they spell (MOTHER) […]


fattyMarch 31, 20111min3896
ဒီခေတ်လူငယ်တွေ အတော်ခက်ကြသကိုး …. လူကြီးတွေ ပြောဆိုဆုံးမပြန်ရင်လည်း .. ပြန်မပြောနားမထောင်။ ပြန်မပြောနားမထောင် တာ အပြင်တခုတိုးလာတယ်ဗျ .. ပြုံးစိစိလုပ်နေလိုက်သေးတယ် ..။ အစကတော့ကျုပ်နားမလည်ဘူး … ကျုပ်သားကိုကျုပ် တခုခုဆုံးမလိုက်ရင် ပြန်လဲမပြော နားလဲမထောင် ပြုံးစိစိနဲ့မို့ သူ့ကိုမေးယူရတယ် .. ဘာလုပ်တာလဲကွ မင်းဟာက ပြုံးစိစိနဲ့ … ဘာအဓိပ္ပါယ်လဲ ..။ ဆိုတော့ .. ဒီလိုဖေကြီးရ .. တဲ့ ဖေကြီးတို့ခေတ်မှာ management သင်ခဲ့ရလို့လား …။ leadership ကောသိရဲ့လားတဲ့ ….။ အတော်ကြီးကြယ်တဲ့အကောင် ….။ ငါသာသောက်ဖြစ်မရှိလို့ ပြည်နယ်ဝန်ကြီးတို့ဘာတို့မဖြစ်တာ .. ပါကွာ .. ငါနဲ့သောက်ဖော်သောက်ဖက်တွေ ဖဲရိုက်ဖော်ရိုက်ဖက်တွေ .. ရွာတုန်းကကြက်တိုက်ဖော်တိုက်ဖက်တွေ အခုကြီးပွါးနေကြတာမှ ဒုနဲ့ဒေး …။ အဲသလိုပြောလိုက်တော့ […]


Ma MaFebruary 22, 20111min52913
ပထမဦးဆုံး ကမာ္ဘကသိတဲ့ တောမြို့လေးမှာ မွေးဖွားလာခဲ့ရတာကိုလည်း ကျေနပ်တယ်။ ထက်မြက်သွက်လက်ပြီး မိသားစုအပေါ် လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်တဲ့ ဖခင်ရရှိခဲ့တာကိုလည်း ကျေနပ်တယ်။ သားကိုသခင်၊ လင်ကို ဘုရားလို ပြုစုပြီး တည်ငြိမ်အေးချမ်းတဲ့ မိခင်ရရှိနေတာကိုလည်း ကျေနပ်တယ်။ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ မောင်နှမတွေ အများကြီးရှိတာကိုလည်း ကျေနပ်တယ်။ မောင်ငယ်၊ ညီမငယ်တွေကို ညှာတာတတ်တဲ့ အစ်ကိုတွေ၊ အစ်မတွေဆီမှာ အငယ်ဖြစ်ရတာကိုလည်း ကျေနပ်တယ်။ ကိုယ်ကလည်းချစ်တဲ့၊ ကိုယ့်ကိုလည်းချစ်တဲ့ တူတွေ၊ တူမတွေ အများကြီးရှိတာကိုလည်း ကျေနပ်တယ်။ မိသားစုတာဝန်ကို ကြီးလေးတယ်လို့ထင်ပေမယ့် အဲဒါကို ထမ်းဆောင်နေနိုင်တာကိုလည်း ကျေနပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြောမနာဆိုမနာနဲ့ မောင်နှမအရင်းတွေလို ခင်မင်ခဲ့ရတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ အများကြီးရှိခဲ့တာကိုလည်း ကျေနပ်တယ်။ စားချင်တာစား၊ သွားချင်ရာသွားပြီး ဒီနေ့စလင်းဘော်ဒီ ခေတ်မှာ ပုလင်းဘော်ဒီ ဖြစ်နေတာလည်း […]


sniqueOctober 15, 20101min4243
ထုံရီဝေမူး သေအံ့လူးလူး အသိစိတ်တွေ လျှပ်ပြာရစ်ချို၊ ညှို ့မှိုင်း ကောင်းကင်မှာ ဝဲလို ့ လွင့် ချင်ရာ လွင့်နေတဲ့ အတ္တ၊ ချည်တိုင်ကို လိုက်ရှာနေ လေရဲ ့ နီထုံ အုံ ့ဆိုင်းနေ တဲ့ ၊ အနာဂတ် ကို လက်မခံနိုင်ခြင်း အပြည့် နဲ ့ ငါ့အတိတ်တောင် ငါမေခဲ့ အရိုင်းအစိုင်းအရေကို ခြုံ လို ့ နောင်တ သွေးစတွေစွန်းထင်နေတဲ့ မိစ္စာကောင်၊ တစ်စစ နဲ ့ ငါ့အတွင်း သဏ္ဍန် ကို ဝါးမြို လိုက်ပုံက မှော်ဝင် နေ ့ရက်တွေ ပြိုးပြိုးပျက် ထိန်ဝါ သွားလေရဲ ့။ အက်ကြွေ ဝိဉာဉ်၊ တစ်ပိုင်းတစ် […]