CCI11192013_0001

 

 

ဟုတ်ပါတယ်။ ၂၀၁၂ ခုနှစ်ကပါ။ ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဟာ ယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာ မစ်ရှင်အတွက်နဲ့

နေပြည်တော်မှာ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ သမ္မတကြီးက ၂၀၁၃ ဒီဇင်ဘာလမှာ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကြီး အတွက် အားကစားဝတ်စုံတွေ

အကူအညီပေးနိုင်မလား လို့ တောင်းခံခဲ့ပါတယ်။

 

အဲ့သည့်နှစ် နိုဝင်ဘာလထဲမှာပဲ ဖြစ်ပါတယ်..ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ပွဲတခုမှာ မြန်မာသမ္မတကို ထိုစဉ်က

ဂျပန်ဝန်ကြီးချုပ်ဖြစ်တဲ့ နိုဒ က ဂျွန်းကို ကိုရှိနို ဆိုတဲ့ ကမ္ဘာတန်း လက်ခံတဲ့ ဒီဇိုင်နာက မြန်မာအသင်းအတွက် ၀တ်စုံတွေ

ဒီဇိုင်းရေးဆွဲပေးသွားဖို့အတွက် တာဝန်ယူပေးမယ်လို့ ကတိက၀တ်ပြုခဲ့ကြောင်း အသိပေးခဲ့ပါတယ်။

 

Collar

Collar

အဲ့သည့်နောက်မှာတော့ မြန်မာနိုင်ငံအားကစား ၀န်ကြီးဟာ ကျေးဇူးတင်လွှာနဲ့အတူ ၀တ်စုံပေါင်း ၂၄၀၀ ကို မှာယူခဲ့ပါတယ်။

ချက်ခြင်းဆိုသလိုပဲ ဂျပန်အစိုးရဟာ ၀တ်စုံတွေကို ချုပ်လုပ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းတွေကို

အလျင်အမြန် ရှာဖွေခဲ့ပါတယ်။ အစောပိုင်းကတော့ ဂျပန်နိုင်ငံရဲ့ နည်းပညာထောက်ပံ့မှုနဲ့ အတူ မြန်မာပြည်တွင်းမှာ

ချုပ်လုပ်စေပြီး နည်းပညာဖလှယ် သင်ယူစေနိုင်ဖို့ ရည်စူးခဲ့ပေမယ့်လည်း မြန်မာနိုင်ငံတွင်း လက်ရှိ ချုပ်လုပ်မှုနည်းပညာနဲ့

ထုတ်လုပ်နိုင်မှု နှုန်းထားအရဆိုရင် အခက်အခဲတွေ တွေ့ကြုံလာနိုင်တာကြောင့် .. ဂျပန်ပြည် တွင်းမှာ ပဲ ထုတ်လုပ်ဖို့

ဆုံးဖြတ်ခဲ့ကြပြီး တတ်နိုင်သလောက် ၁၀၀% Made in Japan ဖြစ်အောင် စီမံခဲ့ကြပါတယ်။

 

လက်ရှိဂျပန်ဝန်ကြီးချုပ် မှ ဒီဇိုင်နာ ဂျွန်ကို ရဲ့ လက်ရာကို မြန်မာသမ္မတ အား ၀တ်ဆင်ပြနေစဉ်

လက်ရှိဂျပန်ဝန်ကြီးချုပ် မှ ဒီဇိုင်နာ ဂျွန်ကို ရဲ့ လက်ရာကို မြန်မာသမ္မတ အား ၀တ်ဆင်ပြနေစဉ်

 

 

 

တကယ်တော့ အားကစားဝတ်စုံတွေဆိုတာ

ပေါ့ပါးမှု တောက်ပမှု

လွယ်ကူစွာသယ်ယူ ရွှေ့ပြောင်းနိုင်မှု

ဝတ်ရ ချွတ်ရတာ အဆင်ပြေမြန်ဆန် လွယ်ကူစေမှု စတဲ့ ဂုဏ်သတ္တိတွေ ကိန်းရပါတယ်.။

 

5

 

ပေါ့ပါးမှု တောက်ပမှု အတွက်ကိုတော့ ဂျပန်နိုင်ငံ ဖုကုအိ စီရင်စု မှာရှိတဲံ SEIREN Co., Ltd ရဲ့ အရောင်ကွဲပေါင်း ၁၆.၇၇သန်း ထိ

ရိုက်ထုတ်နိုင်တဲ့ Viscotecs နည်းပညာ ကိုသုံးပြီး 3D ပုံရိပ် များ ဖန်တီး ခဲ့ပါတယ်။ ၀တ်ရချွတ်ရ လွယ်ကူစေဖို့အတွက်တော့

အင်္ကျီရင်ဘတ်ဇစ်ကို ဆွဲဖြဲယုံနဲ့ ဇစ်မပျက်သွားဘဲ ဘယ်ခြမ်းညာခြမ်း သပ်သပ်စီ ဖြစ်အောင် စီမံထားတဲ့ ..YKK easy separating fasteners သုံးထားပါတယ်။

ချွေး စုတ်ယူမှု နဲ့ အနားသတ်အစွန်းများအတွက်တော့ Toray and Teijin Frontier ကို သုံးထားပြန်ပါတယ်။

 

6
ပေါ့ပါး တောက်ပမှု ဘက်ကပြောကြတမ်းဆိုရင်ဖြင့် ကမ္ဘာတန်း အကောင်းဆုံး အရည်အသွေး နဲ့ ထုတ်လုပ်ထားတာမို့

အခြား ပြိုင်ပွဲဝင် နိုင်ငံများ ရှေ့မှောက်မှာ ၀ံ့ကြွားနိုင်မှာ မလွဲပါဘူးလို့ ဂျပန်နိုင်ငံဘက်က ယုံကြည်လျက်ရှိပါကြောင်း လည်း သိရှိရပါတယ်။

ဒီအထိကတော့ ပြီးခဲ့တဲ့ စနေနေ့ နိုဝင်ဘာ၁၆ က လုပ်ခဲ့တဲ့ အားကစားဝတ်စုံ မိတ်ဆက်ပွဲမှာ ဝေခဲ့တဲ့ စားပွဲတင်ပြက္ခဒိန် မှာ

ပါဝင်တဲ့ စာသားကို ဘာသာပြန်ဆိုထားတာပါ….။

 

7

 

ကျနော် ဒါတ်သေသွားရိုက် စပ်စုခဲ့တာအရ (မြင်တွေ့ကြားသိကို)ပြောရရင်တော့ … သတင်းထောက်တယောက်က မေးပါတယ်..

ဒီဝတ်စုံတစုံ အတွက် မြန်မာကျပ်ငွေနဲ့ ဆို ဘယ်လောက်ကျသင့်မလဲ ဆိုတာပါ… ဟုတ်ကဲ့ ခန့်မှန်း ၃သိန်းကျပ် လောက်ကျပါတယ်။

အစုံပေါင်း ၂၄၀၀ အတွက် စုစုပေါင်း ငွေကျပ် သိန်း ၇၂၀၀ လောက်ကို လှူဒါန်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

main sponsor တချို့ရဲ့ အမှတ်တံဆိပ်တွေကိုလည်း အဆိုပါ ၀တ်စုံပေါ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

 

ဒီလို သယ်ယူခဲ့တာပါ

ဒီလို သယ်ယူခဲ့တာပါ

ဝတ်စုံအကြောင်း ပြောရရင်တော့ မြန်မာနိုင်ငံတော်အလံ မှာသုံးထားတဲ့ အရောင် တွေဖြစ်တဲ့ အ၀ါ အစိမ်း နဲ့ အနီ ကို ပဲ

အသုံးပြုထားတာပါ…။ အနီရောင်ကိုတော့ highlight lining လောက်ပဲ သုံးပြီး ကျန်တဲ့ အ၀ါနဲ့ အစိမ်းကိုတော့ ၀တ်စုံရဲ့

အဓိက အရောင်တွေအဖြစ် သုံးသွားပါတယ်။ အစိမ်းခံ အပေါ်မှာ အ၀ါရောင် အကွက်အကွက်တွေနဲ့ … မျက်စိထဲ ကရ၀ိတ်ကြီး

ပြေးမြင်မိတုန်း… အကွက်တို့ရဲ့ နာမည်ကို ကြားလိုက်ရတော့ … ကြက်သီးတောင် ထသွားရဲ့ဗျာ… ဘာတဲ့…

 

Digital Peacock တဲ့ခည …


9

 

ဒီဇီုင်နာ コシノジュンコ အကြောင်းကတော့ အဲ့သည့်နေရာတွေမှာ ရှိပါရဲ့ဗျို့..

20131029-00000129-mycomj-000-view

 

http://junkokoshino.com/

 

Junko Design

Junko Design

http://ja.wikipedia.org/wiki/%E3%82%B3%E3%82%B7%E3%83%8E%E3%82%B8%E3%83%A5%E3%83%B3%E3%82%B3

(သူ့အကြောင်းက ကြုံမှ သပ်သပ် ရေးပါဦးမယ်ဗျာ)

သူ့ ဒီဇိုင်းဖက်ရှင်ရှိုးပွဲ ပုံတွေလည်း သပ်သပ် တင်ပါဦးမယ်..

 

 

 
တော်သေးဘီ

ခင်တဲ့
ဂီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011