ဒီတခေါက် ဇာတိမြေ အပြန်ခရီးမှာ နေ့လည်ပိုင်းကျတော့ အဖေ့ဆီစက်လုပ်ခဲ့ရာ တရုတ်တန်းရပ်ကွက်ကလေးကို ပဲ့ထောင်နဲ့ ကူးခဲ့ကြပါတယ်။
ရောက်တဲ့ အချိန် ကလေးတွေ နည်းနေလို့ သာကူကျိုနေတဲ့ အဖွဲ့ကို မေးကြည့်တော့ ညနေ ၃နာရီမှ လာလို့ ခေါ်ထားတယ်တဲ့။ အခုက ၂နာရီပဲ ရှိသေးတယ်။စောနေသေးတော့ အနီးအနားကို လိုက်ကြည့်ဖို့ ထွက်ခဲ့ပါတယ်။
မထွက်ခင် ရောက်နေတဲ့ ကလေးတွေကို
`အခုစောသေးတယ်။ သားတို့ သမီးတို့ ဒီနား တ၀ိုက်မှာ အမှိုက်တွေ ပွနေတာပဲ၊ဆရာမ ဟိုဖက်သွားတုံး အမှိုက်ကောက်ထားကြနော်။ အမှိုက်ကောက်ပြီးရင် ဘယ်မှာ ပစ်မလဲ´
`မြစ်ထဲ ချပါမယ်´
`မြစ်ထဲ အမှိုက်ချရင် အဲဒီအမှိုက်ဘယ်ရောက်သွားမလဲ´
`ရေထဲ မျောသွားပါမယ်´
`မျောပြီးရင်ကော´
တချို့က နည်းနည်း တွေ သွားကြတယ်။
`ကမ်းပေါ် တနေရာရာမှာ တင်သွားပါမယ်´
`အဲသလို အမှိုက်တွေ တင်တင်လာရင် ဘာဖြစ်သွားမလဲ´
`မြစ်ကြီး ကောသွားပါမယ်´
`အေး၊ဒို့ မြစ်ကြီးကောသွားရင် အခုမြင်နေရတဲ့ သင်္ဘောတွေ သွားလို့ မရတော့ဘူး။ဒါ့ကြောင့် သားတို့ သမီးတို့ အမှိုက်တွေ မြစ်ထဲ မချကြနဲ့နော်။အခု လည်း မချနဲ့၊နောင်လည်း မချနဲ့´
`ဟုတ်ကဲ့ပါဆရာမ´
ကလေး တယောက်ကတော့ မေးလာပါတယ်။
`ဆရာမ၊ဒါဆို ဘယ်မှာ သွားပစ်ရမလဲ´
ကျမလည်း တော်တော် အကြံအိုက်သွားပါတယ်။ဟုတ်တယ်လေ၊သူတို့မှာ အမှိုက်ပစ်စရာ သတ်မှတ်ပေးထားတဲ့ အမှိုက်ပုံလည်း မရှိ၊အမှိုက်ဆိုတာ မပစ်ရပြောရုံ၊ကောက်ပေးရုံနဲ့မပြီးသေးဘူး။ဒီအမှိုက်တွေကို ဘယ်လို စနစ်တကျ စွန့်မယ်၊ဘယ်လို ပြန်အသုံးချမယ် ဆိုတာက ပိုအရေးကြီးပါတယ်။
အခုတော့ လောလောဆယ်ပြဿနာ ကို ကျမတို့ စက်ဘေး မြေကွက်လပ်မှာပဲ အမှိုက်သွားပုံကြလို့ ကလေးတွေကို ပြောပြီး ဖြေရှင်းလိုက်ရပါတယ်။

အမှိုက်ကောက်တဲ့ ကလေးများ

အမှိုက်ကောက်တဲ့ ကလေးများ

ရွာထဲ တပတ်လှည့်ပြီး ပြန်လာတော့ ကလေးတွေ အတော်စုံနေပါပြီ။
မနှစ်က စာစီစာကုံးရေးခိုင်းတော့ ဒီနှစ်လည်း ရေးခိုင်းမယ် ထင်ပြီး ကလေး တချို့က ကြိုရေးကျင့်ထားကြတယ်တဲ့။စာရွက်လေးတွေ လာပေးပါတယ်။
(ကျမက ဒီနှစ်တော့ ရွာသူားတွေ အကြံပေးတဲ့ အတိုင်း ကလေးတွေကို ပုံပြောခိုင်းမယ်လို့ ပြောပြလိုက်ပါတယ်။ဆုချဖို့ကတော့ တူ၊တူမတွေဆီက အလှူခံတဲ့ စာအုပ်၊ပေတံ၊ခဲတံ၊ဘောပင်တွေရယ်၊ကဇီ့လက်ဆောင်တွေရယ်၊မိတ်ဆွေ တယောက်ရဲ့ အမ အမေရိကားက ပြန်လာတော့ မြန်မာပြည်က ကလေးတွေအတွက် ဆိုပြီး မုန့်တွေ သယ်လာတယ်။အဲဒါကြားလို့ ကျမ ကလေးတွေ အတွက် တောင်းထားတာရယ် ဆုချပါမယ်)

ကလေးတွေကို `ကဲ ၊ပုံပြောပြချင်တဲ့သူ ထွက်ခဲ့´ ဆိုတော့ အားလုံးနောက်ဆုတ်သွားပါတယ်။
ဒါနဲ့ ကျမကပဲ စပြီး `
`ပုံပြောတယ်ဆိုတာ မခက်ပါဘူး။
ဆရာမ ပြောပြမယ်၊နားထောင်ကြ၊
ဟိုရှေးရှေးတုံးက ရေကန်ကြီး တကန် ဘေးမှာ သစ်ပင်ကြီး တပင်ရှိတယ်။အဲဒီ သစ်ပင်ပေါ်မှာ ချိုးငှက်တကောင်နေတယ်။ ပိတုန်း တကောင်လည်း နေတယ်။တနေ့တော့ လေပြင်းပြင်းအတိုက်မှာ ပိတုန်းလေးဟာ ရေကန်ထဲကို ပြုတ်ကျပြီး ရေနစ်ပါလေရော။
´
အဲသလောက်ပြောလိုက်တာနဲ့ နောက်က ကြွက်စီကြွက်စီ ကြားလိုက်ရပါတယ်။
`သစ်ရွက်လေး ချွေချပေးတာ ´တဲ့။
ဒီပုံကို သူတို့ သိတယ်လေ။သူတို့ ဖတ်စာအုပ်ထဲက ပုံပြင်ပဲ။
`ပုံပြောတယ် ဆိုတာ လွယ်ပါတယ်။သိပြီးသားတွေပဲ ပြောရတာလေ´
ပုံကို ဆုံးအောင်ပြောပြလိုက်ပြီးတော့
`ကဲ ၊အဲသလိုမျိုး ပုံပြောပြမယ့်သူထွက်´ ဆိုတော့ ပထမ မလှုပ်ကြပါဘူး။
နောက်မှ သူရဲကောင်းမလေး တယောက်ထွက်လာပါတယ်။
Photo Essay လေး ဆက်ကြည့်ကြပါနော်။

ပုံပြောချင်တဲ့သူ ထွက်ခဲ့ လို့ ဖိတ်ခေါ်လိုက်တာ ဘယ်သူမှ ရှေ့မထွက်ရဲကြဘူး။

ပုံပြောချင်တဲ့သူ ထွက်ခဲ့ လို့ ဖိတ်ခေါ်လိုက်တာ ဘယ်သူမှ ရှေ့မထွက်ရဲကြဘူး။

 

ပုံပြောတယ်ဆိုတာ ဒီလိုဆိုပြီး ချိုးငှက်နဲ့ ပိတုန်း ပုံပြင်လေး ပြောပြလိုက်တယ်။

ပုံပြောတယ်ဆိုတာ ဒီလိုဆိုပြီး ချိုးငှက်နဲ့ ပိတုန်း ပုံပြင်လေး ပြောပြလိုက်တယ်။

 

သူရဲကောင်းမလေး ထွက်လာပြီ။နာမည်လေးက သဇင်အေးတဲ့။

သူရဲကောင်းမလေး ထွက်လာပြီ။နာမည်လေးက သဇင်အေးတဲ့။

 

ဆင်မျောက်ခါ ဘယ်သူ အသက်ပိုကြီးသလဲ ပြိုင်တဲ့ ပုံပြင်လေးကို လက်ဟန်ခြေဟန် နဲ့ ပြောပြတဲ့ သဇင်အေး

ဆင်မျောက်ခါ ဘယ်သူ အသက်ပိုကြီးသလဲ ပြိုင်တဲ့ ပုံပြင်လေးကို လက်ဟန်ခြေဟန် နဲ့ ပြောပြတဲ့ သဇင်အေး

 

ကေဇီ့လက်ဆောင် အေဘီစီဒီ ဆက်တဲ့ အရုပ်၊ အမေဂျီးကားက လာတဲ့ မုန့်၊ဗလာစာအုပ် ၁ဒါဇင်၊ဘောပင် ၁ဒါဇင်၊ခဲတံ ၁ဒါဇင် နဲ့ အကျီင်္ တွေ ဆုချလိုက်ပါတယ်။

 

သူလေးက ဒုတိယထွက်လာပြီး ကြက်ကလေးနဲ့ ကြက်မကြီး သားအမိ ကြောင်ကြီး မမြင်အောင် ကောက်ညှင်းပေါင်းအိုးကြီးထဲ ပုန်းနေရင်း မေမေရေ အီးပေါက်ချင်တယ် ဆိုတဲ့ ပုံပြင်လေး ပြောပါတယ်။

သူလေးက ဒုတိယထွက်လာပြီး ကြက်ကလေးနဲ့ ကြက်မကြီး သားအမိ ကြောင်ကြီး မမြင်အောင် ကောက်ညှင်းပေါင်းအိုးကြီးထဲ ပုန်းနေရင်း မေမေရေ အီးပေါက်ချင်တယ် ဆိုတဲ့ ပုံပြင်လေး ပြောပါတယ်။

 

ဒုတိယ ကလေးကိုတော့ စာအုပ်၁ဒါဇင် ၊ဘောပင်ခဲတံ ၆ချောင်းစီ၊ကေဇီရဲ့လက်ဆောင် ကပ်ခွာအရုပ်လေးတွေ၊ကွတ်ကီးစ် နဲ့ အကျီင်္လေးတွေ ဆုချပါတယ်။

 

ဒီကလေးကို မှတ်မိကြပါသလား၊ကျမကို ဆရာမလို့ နှုတ်ဆက်သွားသူလေးပါ။မိချောင်းကြီးက မျောက်ရဲ့ အသည်းနှလုံးကို စားချင်တော့...

ဒီကလေးကို မှတ်မိကြပါသလား၊ကျမကို ဆရာမလို့ နှုတ်ဆက်သွားသူလေးပါ။မိချောင်းကြီးက မျောက်ရဲ့ အသည်းနှလုံးကို စားချင်တော့…

 

ဆုတွေကတော့ အစုံပါပဲ။

 

ဆုရကလေး

 

ဆုရကလေး

ဆုရကလေး

 

အခုတော့ ပုံပြောပြချင်သူတွေ အများကြီး ထွက်လာလို့ အကုန်လုံးကို နားမထောင်နိုင်တော့ပဲ ရွေးပြီး ပြောခိုင်းရပါတယ်။

အခုတော့ ပုံပြောပြချင်သူတွေ အများကြီး ထွက်လာလို့ အကုန်လုံးကို နားမထောင်နိုင်တော့ပဲ ရွေးပြီး ပြောခိုင်းရပါတယ်။

 

ပုံပြောတဲ့ ဆရာလေး

ပုံပြောတဲ့ ဆရာလေး

 

ဟိုးချေးချေးဒုံးက....

ဟိုးချေးချေးဒုံးက….

 

ခြင်္သေ့ကြီးရဲ့ ပါးစပ်ကို နမ်းကြည့်ပြီး ယုန်ကလေးက အရှင်မင်းကြီး၊ကျွန်တော်မျိုး နှာစေနေပါတယ်ဘုရား လို့ ပြောလိုက်တယ်တဲ့။

ခြင်္သေ့ကြီးရဲ့ ပါးစပ်ကို နမ်းကြည့်ပြီး ယုန်ကလေးက အရှင်မင်းကြီး၊ကျွန်တော်မျိုး နှာစေးနေပါတယ်ဘုရား လို့ ပြောလိုက်တယ်တဲ့။

ခြင်္သေ့ကြီးက မစင်တွေပေနေတဲ့ ၀က်ကို ငါ အရှုံးပေးပါတယ်၊မင်းနဲ့ မပြိုင်တော့ပါဘူးဆိုပြီး....

ခြင်္သေ့ကြီးက မစင်တွေပေနေတဲ့ ၀က်ကို ငါ အရှုံးပေးပါတယ်၊မင်းနဲ့ မပြိုင်တော့ပါဘူးဆိုပြီး….

 

လာတဲ့ ကလေးတိုင်းကို စာအုပ်၊ဘောပင်၊ခဲတံနဲ့ အကျီင်္လေးတွေ ဝေပေးတယ်။လူကို ထိန်းရတာခက်တော့ တန်းစီခိုင်းရတယ်။အမှန်တော့ မထိုင်ခိုင်းချင်ပါဘူး။စနစ်တကျစီဖို့ အချိန်မရလို့ ကူတဲ့သူတွေက ကလေးတွေကို ထိုင်ခိုင်းကြတဲ့အတိုင်းပဲ ပေးလိုက်ရတယ်။

လာတဲ့ ကလေးတိုင်းကို စာအုပ်၊ဘောပင်၊ခဲတံနဲ့ အကျီင်္လေးတွေ ဝေပေးတယ်။လူကို ထိန်းရတာခက်တော့ တန်းစီခိုင်းရတယ်။အမှန်တော့ မထိုင်ခိုင်းချင်ပါဘူး။စနစ်တကျစီဖို့ အချိန်မရလို့ ကူတဲ့သူတွေက ကလေးတွေကို ထိုင်ခိုင်းကြတဲ့အတိုင်းပဲ ပေးလိုက်ရတယ်။

 

ထီးလေး ၁၀ချောင်း ၀ယ်သွားတာ ပေးဖို့ မေ့ကျန်နေတော့ ရှေ့ဆုံးပုံပြောဖို့ ထွက်တဲ့ ၇ယောက် နဲ့ တက်တက်ကြွကြွ အမှိုက်ကောက်တဲ့ ၃ယောက် ကို ဆုချလိုက်တယ်။

ထီးလေး ၁၀ချောင်း ၀ယ်သွားတာ ပေးဖို့ မေ့ကျန်နေတော့ ရှေ့ဆုံးပုံပြောဖို့ ထွက်တဲ့ ၇ယောက် နဲ့ တက်တက်ကြွကြွ အမှိုက်ကောက်တဲ့ ၃ယောက် ကို ဆုချလိုက်တယ်။

 

ဆုရတဲ့ ကွတ်ကီးကို ဘာလုပ်မလဲ မေးတော့ ဘုရားဆွမ်းတော်ကပ်မယ်။အဖေနဲ့ အမေကို ကျွေးမယ်တဲ့.

ဆုရတဲ့ ကွတ်ကီးကို ဘာလုပ်မလဲ မေးတော့ ဘုရားဆွမ်းတော်ကပ်မယ်။အဖေနဲ့ အမေကို ကျွေးမယ်တဲ့.

ပုံပြောပြကြတဲ့ ကလေးတွေ အများကြီးပါပဲ။ အကုန်တောင် လိုက်မမှတ်မိတော့ပါဘူး။တော်တော်ကောင်းတဲ့ ပုံပြင်တွေ ပြောပြသွားကြပါတယ်။(ထူးခြားတာကတော့ အရင်နှစ်က ဆုတွေရတဲ့ တင့်ဇော်ထွန်း ဆိုတဲ့ ကလေး လာတာတော့ တွေ့ပြီး ပုံပြောရမယ် ဆိုတော့ ခဏစောင့်ကြည့်ပြီး ပျောက်သွားတယ်။သူက လူရှေ့ စကားပြောရမှာ ရှက်တယ်ထင်ပါရဲ့။
အမှန်တော့ Public speaking ဆိုတာ ကလေးတွေ တတ်ဖို့ တော်တော် အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်)
ဆုချစရာတွေ ပေးပြီးတဲ့နောက်မှာ ကလေးတွေကို စုပြီး
`အခု သားတို့ သမီးတို့ ဆုတွေရတာ ဘာလို့လဲ´
`ပုံပြောပြတတ်လို့ပါ´
`အရင်နှစ်တွေက ဆုရတာရော´
`စာတတ်လို့ပါ၊´`ကျောင်းနေလို့ပါ´
`အေးဟုတ်တယ်။ သနားလို့ ပေးတာ မဟုတ်ဘူးနော်၊ဆင်းရဲလို့ ပေးတာလည်း မဟုတ်ဘူး၊သားတို့ သမီးတို့ အရည်အချင်းရှိလို့ ဆုရတာနော်၊နောင်လည်း ဒီလို ဆုရအောင် ကြိုးစားကြမယ်မလား´
`ကြိုးစားပါမယ်´

ကလေးတယောက်ကတော့ `နောင်နှစ်ကျရင် သီချင်းဆိုခိုင်းပါဆရာမ´တဲ့။
ဖိုးဆိုချင်လေး ထင်ပါရဲ့။
ကဲ၊နောင်နှစ် ဘာလုပ်ခိုင်းရရင် ကောင်းမလဲ၊အကြံပေးကြပါအုံး။

About padonmar

has written 219 post in this Website..

THAKHIN CJ #12112010 (5/2/16)