Dark side of Apple Inc.

ムラカミNovember 16, 201121min21160
Apple product တခုခုသုံးနေတဲ့ လူတိုင်း အားပါးတရ ဆဲသွားနိုင်ပါကြောင်း ..
ဦးစွာ ပဏာမ ပြောပါရစေ။ ကျနော် the dark side of Apple Inc. ကိုတူးဆွချင်လို့ပါ။

သည်နေရာမှာ
1) Technical Point of View
2) Marketing Point of View
3) User Point of View ၃ခုနဲ့ ပြောချင်တယ်ဗျ...


ကွယ်လွန်သွားရှာပြီဖြစ်တဲ့  ex-CEO: Steve Jobs ကို ဝေဖန်တာပါမယ်ဗျာ .. သူနဲ့ Apple ရဲ့ policy
ကို ရှုံ့ချတာပါမယ် ... social status ကိုပြချင်လို့ ကိုယ်နဲ့ ကိုက်မကိုက် မသိဘဲ ဝယ်သုံးနေကြတဲ့
userတွေ (အထူးသဖြင့် local က) ကို ရိတာပါမယ်ဗျာ ...အဲ့ဒါကြောင့် ကြို ပြောထားတာ ...
အဆဲခံချင်လို့ပါ လို့ ..

Appleဘယ်ကစ
Steve [Jobs], Steve [Woz]niak, Ronald [Wayne] ဆိုတဲ့ လူ ၃ယောက် က 1976 မှာ စတင်တည်ထောင်တယ်
လို့တော့ လူတိုင်း သိထားကြပါလိမ့်မယ် ... ကန့်လန့်ကာ နောက်ကွယ်က စတုတ္ထမြောက် ပုဂ္ဂိုလ် ရှိသေးတာ
ကိုလည်း ပြောချင်တာရယ်ကိုပါ ....


Woz

 

Jobs ကို အသာထားလို့ Woz ကနေစ ပြောပါ့မယ် ...သူဟာ electrical engineer တယောက်ပါ
circuit ပိုင်း အထူးကျွမ်းကျင်သူ ဖြစ်ပြီး သူဟာ ရိုးရှင်းတဲ့ ပါရမီရှင် တီထွင်သူတယောက်သာဖြစ်ပါတယ်
ငွေကြေး ချမ်းသာ ကြွယ်ဝဖို့ ကမာ္ဘကျော်ဖို့ စိတ်ကူးရှိတဲ့လူ မဟုတ်ဘဲ သူနဲ့ သူ့သူငယ်ချင်းတွေအတွက်သာ
တကိုယ်ရေသုံး ကွန်ပြူတာ ဖန်တီးချင်တဲ့သူပါ
(နောက်ပိုင်း ဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး Woz အကြောင်း ဖော်ပြပါဦးမယ်..)

Wayne
 
Wayne သူကတော့ Atari ဆိုတဲ့ Game ထုတ်လုပ်တဲ့ company မှာ Jobs နဲ့အတူ လုပ်ဖူးတဲ့ ဝန်ထမ်းဖြစ်ပါ
တယ် .. Apple အတွက် သူလုပ်ခဲ့တာကတော့ partnership agreement နဲ့ Apple I အတွက် manual
ကိုရေးခဲ့တာပဲဖြစ်ပါတယ်.. သူဟာ စတည်ထောင်စ Apple မှာ share 10% ကိုရခဲ့သူပါ ...သို့သော်
တည်ထောင်ပြီး ၂ပါတ်အတွင်းမှာပဲ အဲ့သည့် ၁၀% သောရှယ်ယာကို ကျန်၂ယောက်ဆီ ဒေါ်လာ ၈၀ဝထဲနဲ့
ပြန်ရောင်းချပြီး ထွက်ခွာခဲ့သူဖြစ်ပါတယ် ..(နောက်ပိုင်း venture capitalist ဝင်လာလို့ ၁၅၀ဝဖိုး ချက်
လက်မှတ် တစောင်ရရှိခဲ့ပါတယ်..) ဆိုတော့ စုစုပေါင်း ဒေါ်လာ ၂၃၀ဝထဲနဲ့  Apple ရဲ့ stock 10% ကို
လက်လွှတ်ခဲ့ရသူပါ..ခုချိန်ထိသာ အဲ့သည့် ၁၀% ကို ဆက်ထိန်းထားမယ်ဆိုရင်သူဟာ 35 billion
ကြွယ်ဝသူ ဖြစ်နေပါပြီ  ..ဒါပေမယ့် wayne ကတော့ သူ့ရဲ့ အဲ့သည့်အချိန်က  အခြေအနေ အလားအလာ
အရ သူလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက် အတွက် နောင်တ ရမနေဘူးလို့ ဆိုပါတယ်...သူဟာ Atari မှာပဲ ပြန်အလုပ်
လုပ်ခဲ့ပြီး ယခု retired ဖြစ်ပါတယ် ...Apple အောင်မြင်လာကာစ မှာ Jobs ကသူ့ကိုပြန်ခေါ်ဖို့ ကြိုးပမ်းခဲ့
ပေမယ့် သူကငြင်းဆန်ခဲ့သူပါ ... ထူးခြားချက်ကတော့ သူဟာ Apple product တခုမှ ဝယ်ယူသုံးစွဲဖူးခြင်း
မရှိပါဘူး ..သည်နှစ် iPadII လက်ဆောင်ပေးခြင်း မခံရမီအထိပေါ့ (Wayne အကြောင်းကတော့
သည်မှာတင် ပြီးပါပြီ)

Mike
 
လူသိနည်းသေးတဲ့ စတုတ္ထ လူ အကြောင်းစပါမယ် ... [Mike] Markkula ဖြစ်ပါတယ်. .သူဟာ အဲ့သည့်အချိန်
တုန်းက Intel က Marketing Managerပါ ...(အားကျထှာ ...) Apple ကို စထောင်ပြီးတဲ့အချိန်မှာပဲ
ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့တာပါ ...quarter of million မတည် ထည့်ဝင် ခဲ့ပါတယ် ...angel investor
လို့ကိုဆို နိုင်ပါတယ် အဲ့သည့် အချိန်က Apple ရဲ့ share ၃ပုံ၁ပုံကို ပိုင်ဆိုင်ပါတယ် ....
သူဟာ Jobs နဲ့ Woz အလွန် employee #3 ဖြစ်လာပါတယ်..၂၁ နှစ်နဲ့ ၂၅နှစ် အရွယ်သာ ရှိသေးတဲ့
တည်ထောင်သူ၂ယောက် အတွက် Wayne နောက်ပိုင်း adult supervisionလုပ်ပေးခဲ့တဲ့ လူလည်းဖြစ်ပါတယ်..
သည် ၃ယောက်ထဲမှာ business skillအပြည့်ရှိတဲ့လူ ဖြစ်ပါတယ် ..
(အသက် ၃၂ မှာကိုယ်ပိုင်ငွေ ဒေါ်လာသိန်းချီ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ဧရာမ IBM ကြီးက mkt mgr ဆိုမှတော့ဗျာ..)
သည့်အပြင် သူဟာ technical skill လည်း မြင့်မားတဲ့သူဖြစ်ပါတယ် ..သို့သော် သူ့ skillက software ဘက်
နီးစပ်ပါတယ် ... သူဟာ Apple II အတွက် program ရေးသားမှုတွေ နဲ့ beta tester တာဝန်ကိုလည်း ယူ
ထားသေးပါတယ်. တပြိုင်တည်းမှာ သူဟာ Jobs နောက်က second CEO အနေနဲ့ managerial support
ကိုပေးခဲ့သူပါ...


Steve
 
ကဲ ဒါဆို Jobs အကြောင်း စပါမယ် ...သူဟာ အရာရာကို တော်လှန်ပစ်ချင်စိတ်ကြီးခဲ့သူပါ ....
သူများ မြင်တဲ့ သာမာန်အမြင်ထက် ထူးကဲတဲ့ အမြင် ရှိသူပါ ...ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေတဲ့သူပါ..
design ကို အလွန်အကျွံ ဦးစားပေးလေ့ ရှိသူပါ ..ပြင်းပြင်းပြပြ ဦးဆောင်တတ်သူပါ ..
(ဒါတွေကို တခုချင်း ဥပမာတွေ သက်သေ သက်ကာယတွေ ထုတ်ရေးနေရင် ပြီးတော့မှာမဟုတ်လို့
သည်မှာ ဖြတ်ချလိုက်ပါမယ် .. သက်သေလိုချင်ယင် ဆြာပေ့ စုံထောက်ကြီး ဦးလန်ဘား ကိုမေးပါ..)
သည်နေရာမှာပြောချင်တာက ...Jobs ဟာ ဘယ်တုန်းကမှ တီထွင်သူInventor သိပ္ပံပညာရှင် မဟုတ်ခဲ့ပါဘူး
(ဟို သိပ္ပံပညာရှင်ကြီးနဲ့ တတန်းထဲ ထားတယ်ဆိုတဲ့ လူတွေကို သိစေလိုပါသည် ...)
နောက်ပြီး Woz လို electrical engineer မဟုတ်သလို Mike လိုလည်း marketing pro မဟုတ်ပါဘူး
နောက်ဆုံး သူ့ပြိုင်ဘက် Bill Gates လိုလည်း software engineer မဟုတ်ပါဘူး..
(coding Error တက်တိုင်း သည် problem ကတော့ S.Jobs ခေါ်ရှင်းခိုင်းတောင် ချက်ခြင်းပြီးမှာမဟုတ်ဘူး
လို့ ညည်းတတ်တဲ့ programmer တွေကို မှတ်ပါနော်......)
profession title အရ ..မဟုတ်ခဲ့ပေမယ့် လုံးဝမတတ်ဘူး လို့တော့ မဆိုလိုပါဘူး ခင်ဗျား
သူ ဒါတွေကို နည်းနည်းစီ(တချို့ skillတွေကိုလည်း များများစီ) တော့ တတ်ပါတယ် ...

ဒါဆို Jobs က ဘာလဲ ....သူဟာ Innovator ပါ ..Artist ပါ ...
Mr.Perfectionist ပါ အတော်ဆုံးသော Leaderပါ
 ... အကောင်းဆုံးသော CEO, decision maker ပါ.. ..
Apple ရဲ့ စတင်မှု ဟာအသက် ၂၁ အရွယ် တော်လှန်တီထွင်
လိုစိတ်ပြင်းပြပြီး အမြင်စူးရှလွန်းတဲ့ ချာတိတ်လေးတယောက်
ဘေးမှာ ပါရမီရှင် အင်ဂျင်နီယာတယောက်
ငွေကြေး စိုက်ထုတ်ပေး ထိန်းမတ်ပေးပြီး သင်ကြားပေးမယ့် လူတယောက် .....
ကစခဲ့တယ် လို့ ဆိုနိင်ပါတယ်

ကောင်းပါပြီ ကျနော်တို့ Apple က စထုတ်ခဲ့တဲ့ ပစ္စည်းတွေအကြောင်း စပါမယ် ..
 Apple I ထုတ်ပြီး ၁နှစ် အကြာမှာ Apple IIလာပါပြီ ..
သည်မှာတင်ကို ပြိုင်ဘက်တွေနဲ့ ကွဲပြားခြားနားမှုတွေကို Apple က ချပြလာနိုင်ပါပြီ ...
storage device အတွက် အဲ့သည့်ခေတ်က ကက်ဆက်တိပ် တွေသုံးခဲ့ကြရပါတယ် ..
Apple II ကတော့ တမူထူးခြားစွာ 5" 1/4 floppy disk ကို စတင် မိတ်ဆက်လာနိုင်ပါပြီ ...
အဲ့သည့်ခေတ်က Apple II ကို ဝယ်ယူသင့်တဲ့ တခြားသော အကြောင်းပြချက်ကတော့ VisiCalc ဆိုတဲ့
calculator spreadsheet program ပါဝင်တာပါပဲ ...အိမ်သုံးနဲ့ ရုံးသုံး တွေအတွက် သင့်တော်တယ်
ဆိုတဲ့  အသိအမှတ်ပြုမှု စတင် ခံရပါတော့တယ်..
 


Apple III
1980မှာ Apple III လာပါပြီ .. အခြေအနေမကောင်းခဲ့ပါ ... IBM နဲ့ Microsoft ကို ယှဉ်ပြိုင်ဖို့ အတွက်
အပြောင်းအလဲ  လိုလာပါပြီ ..တကယ်လည်း အကြီးအကျယ် သော အချိုးအကွေ့ အပြောင်းအလဲ
ဖြစ်ခဲ့ပါတယ် ..
 

အပြောင်းအလဲ ဟာ Xerox က စခဲ့တာပါ ..တီထွင်ဖန်တီးမှု ကို အသားပေးတဲ့ Xerox ဆိုတဲ့ Firm အကြောင်း
နည်းနည်းပြောရပါမယ် ...တကယ့် သိပ္ပံပညာရှင်တွေ စုစည်းတဲ့နေရာပါ ...အဓိက အနေနဲ့ကတော့
printing လုပ်ငန်းတွေဖြစ်တဲ့ photo copier တွေ printer တွေ ထုတ်ပါတယ် ...printer control unit
အနေနဲ့ computer ဘက်ကို ဇောက်ချလေ့လာ ဖြစ်တယ် တီထွင်ဖြစ်တယ် ဆိုပါတော့ ...

သူတို့ဟာ အစောပိုင်းကတည်းက လုပ်ငန်းအကြီးစား ဖြစ်ပြီး ဓနငွေကြေး R & D ကလည်း တောင့်တင်းတော့
High-tech လောကမှာ နေလို လလို ထွန်းတောက်ခဲ့ပါတယ်...
သူတို့ဟာ Graphic User Interface နဲ့ Mouse ကိုတီထွင်ခဲ့တဲ့ သူတွေပါ. ...
Invention ကို တတ်ပြီး Marketing မတတ်တော့ စားသုံးသူလက်ထဲ ကုန်ပစ္စည်းကို မထည့်ပေးနိုင်တာကို
Steve Jobs နဲ့ Bill Gates တို့က အခွင့်ကောင်းယူ နိုင်ခဲ့တာပါ ...
သည်နေရာမှာ ကြုံလို့ ပြောရမယ်ဆိုရင် လမ်းရိုးကြီးအတိုင်းလျောက်တဲ့ Industry firms ကြီးတွေနဲ့
စိန်ခေါ်တော်လှန်ဖို့ အားသန်တဲ့ လူငယ်တွေ ကြားက တိုက်ပွဲ လို့ ဆိုနိုင်ပါတယ်...
IBM တို့လို Xerox တို့လို နေရာမျိုးတွေ မှာ part-time လေး လုပ် program လေး ဝင်ရေး
စတဲ့ ဘာမှ မဟုတ်တဲ့ချာတိတ်တွေက giant-killers တွေ ဖြစ်လာကြတာပါ....
IBM သာ အနာဂါတ်ကို ကြိုတင် မှန်းဆကြည့်နိုင်ခဲ့ရင် MS ဆိုတာ ပေါ်လာမှာ မဟုတ်ပါဘူး..

Pirates
Apple အကြောင်း ပြန်ဆက်ပါမယ် Steve တို့ လူတသိုက်ဟာ အဲ့သည့် Xerox ကို ချီတက်သွားကြပါတယ်
Xerox ကြီး ဘယ်လောက် သဘောကောင်းသလဲ (ပိန်းသလဲဆို) သူက သူ့ရဲ့ တီထွင်ဖန်တီးမှုတွေကို
နည်းပညာ ပြတိုက်ကြီးလို ဖွင့်ပြီး FOC ပြသထားပါသတဲ့ ...
အကြံကြီးတဲ့ Steve ကတော့ Xerox ရဲ့ facility တွေအားလုံးအသုံးပြုပြီး ၃ရက်ကြာ လေ့လာခွင့် အတွက်
Apple ရဲ့ share ၈ပုံ၁ပုံ ပေးပြီး ကမ်းလှမ်း ခဲ့ပါတယ် .... ဟိုဘက်ကလည်း လက်ခံခဲ့ပြီး သမိုင်း အချိုးအကွေ့
ဟာ အဲ့သည်မှာ စတင်ပါတော့တယ် ....
(တချိန်တည်းမှာလိုပဲ Bill Gates ဟာ IBM အတွက် DOSကိုရေးသားနေပြီ ဖြစ်ပါတယ် ....သူကလည်း
Xerox ကိုရောက်ရှိ အတုခိုး ခဲ့ပြီး ဖြစ်ပါတယ် ...)

Lisa
 

ရလာဒ် အနေနဲ့ကတော့ Apple ဟာ LISA နဲ့ Macintosh ဆိုတဲ့ prototype ၂မျိုးကို စတင် အသက်သွင်း
နိုင်ပြီဖြစ်ပါတယ် ...LISA ကို ဦးဆောင်သူက Steve ဖြစ်ပြီး low-budget Macintosh ကိုဦးဆောင်သူက
Jef Raskin ဆိုတဲ့ apple engineer တယောက်ဖြစ်ပါတယ်..အဲ့သည်မှာ ပဲ Apple အတွင်းမှာ အဖွဲ့၂ဖွဲ့
ဗြန်းဗြန်းကွဲပြီး နောက်ဆုံးမှာ LISA က အနိုင်ရရှိသွားပါတော့တယ် ...1983 မှာ ထွက်ရှိခဲ့တဲ့LISAဟာ
သမိုင်းမှာ GUI ပါပြီး consumer ကို ပထမဆုံးရောင်းတဲ့ personal computer အဖြစ် နာမည်တွင်သွားပါတယ်

Macintosh

 
ဒါပေမယ့် ဈေးကြီးလွန်းခြင်း နဲ့ program limit ရှိခြင်းတို့က financial အရ အောင်မြင်ခြင်းတော့ မရှိခဲ့ပါဘူး.
Steve ဟာ အင်မတန်  ထက်မြက်တဲ့လူ တယောက်ဖြစ်တော့ ဒီ risk ကို ကြို မြင်ခဲ့ပုံရပါတယ် ...
သည်တော့ low-cost Macintosh project ကို ၁၉၈၁ ကတည်းက လက်လွှဲ ဦးဆောင်ထားခဲ့ပြီး သူ့ရဲ့
ဝှက်ဖဲ အနေနဲ့ရော plan-B အနေနဲ့ပါ ဆက်လက် develop လုပ်ခဲ့ပါတယ် ...
LISA ထွက်ပြီး ၁နှစ်အကြာမှာ ဆက်တိုက်ဆိုသလို Macintosh ကိုပွဲထုတ်ပါတော့တယ် ...
Technical အရရောMarketing အရပါ သင်ခန်းစာ နဲ့ အတွေ့အကြုံကောင်းကောင်း ရပြီးသွားတဲ့ Steveဟာ
ဒေါ်လာ ၁သန်းခွဲတန် TVကြော်ငြာ နဲ့ Macintosh ကို ပွဲထုတ် လာပါတယ် ... IBM ကို ကောင်းကောင်း သမ
ထားတဲ့ ကြော်ငြာ ဖြစ်ပါတယ် ...စက်ရုပ်ကြီးတွေလို ခံစားချက်မဲ့ အသက်မဲ့ တောင့်တောင့်ကြီးတွေ ကြားက
နေ Macintosh က ဖောက်ထွက်လာတဲ့ ပုံစံ လုပ်ထားတာပါ ...
စစချင်း ရောင်းကောင်းခဲ့တဲ့ Macintosh ဟာလည်း ထင်သလောက်ကြီး ရောင်းအားတက်လာခဲ့တာမဟုတ်
ပါဘူး ဘာကြောင့်လည်းဆို သူသည်လည်း ဈေးကြီးနေသေးပြီး software limit ဖြစ်နေသေးလို့ပါ ..


Software company Vs Computer company
သည်နေရာမှာ Gates နဲ့ ယှဉ်ထိုးပြီး ပြောပါ့မယ် .. Steve ကိုယ်တိုင်ပြောဖူးတဲ့ မှတ်ချက်ပါ
Microsoft(MS) ဟာ software companyဖြစ်ပါတယ်.. အတိအကျဆိုရရင် ကမာ္ဘ့ပထမဆုံး
software companyပါ ..သူတို့ဟာ ပီစီ လုပ်မရောင်းပါဘူး ...PC တွေပေါ်မှာ တင်တဲ့ OS အစ အခြား
software အလယ် Game အဆုံး license ယူ ရောင်းတဲ့ program development company သာဖြစ်ပါတယ်
Apple ကတော့ hardware မှာ software ပါ ထည့် ရောင်းတဲ့ Computer Companyလို့ခေါ်ရမှာဖြစ်ပါတယ်.
PC ကိုပဲ အစိတ်အပိုင်းတွေသက်သက်ပဲ ဆင်ပြီးရောင်းတဲ့ firm ကိုပြပါဆိုရင် Dell ကိုလက်ညှိုးထိုးရပါမယ်..

ဆက်ပါဦးမယ် ..designပိုင်းမှာ ခိုးချရ (တရားစွဲလို့မရအောင် တူတော့မတူဘူး သို့သော်
ဆင်တော့ဆင်တယ် ဆိုတာမျိုး ဖြစ်အောင်)အဆန်းထွင်ရ သူများထက်သာအောင် လုပ်ရ ဒါတွေနဲ့ပဲ
အချိန်ကုန်နေရတဲ့ Apple ဟာ သူတကိုယ်ထဲ software တွေ အများကြီး bundle upလုပ်ဖို့ မဖြစ်နိုင်တော့
တဲ့အခါ ...MS နဲ့ကလည်း အစကတည်းက ယဉ်သကို ဖြစ်ထားလို့ သွား မအပ် ချင်တဲ့အခါ...
(Gates ကလည်း LISA ကိုခိုးချပြီး IBM အတွက် NEC အတွက် program တွေ DOS တွေ ရေးရောင်းနေပြီကိုး ..)

Pagemaker

 

3rd Party developer ကိုရှာဖွေရပါတော့တယ် ... ကံကောင်းချင်တော့ Aldus နဲ့ ချိတ်ဆက်မိသွားတာပါပဲ
Aldus ဆိုတဲ့ firm ဟာ ၁၉၈၅ မှာ ကမာ္ဘ့ပထမဆုံး DTP software ဖြစ်လာမယ့် pagemaker ကို Macintosh
ပေါ်မှာ ရေးသား ထုတ်ဝေခဲ့ပါတယ်..(Windows 1.0 ပေါ်မှာကတော့ 1987မှာ ဖြစ်ပါတယ်)
Steve ရဲ့ design ပိုင်း  font(typeface)ပိုင်း ကောင်းမွန်မှုတွေရယ် ..Aldus ဘက်ကရတဲ့ new tech;ဖြစ်တဲ့
laser printing နည်းပညာရယ်ကြောင့် Apple တခေတ်ဖြစ်လာခဲ့တယ် လို့ ဆိုရပါမယ် ..
ဒါကို Aldus DTP ဟာ Apple savior ဖြစ်ခဲ့တယ် လို့ အဲ့သည့်အချိန်က Appleရဲ့ Marketing Head
 ဖြစ်ခဲ့တဲ့ Guy Kawasaki က ပြောပါတယ်..(ငြင်းနိုင်ပါတယ် ...) .သူက သည်ဖြစ်ရပ်အပေါ်မှာ
Key Person အနေနဲ့ Apple technician တယောက်ကို ညွှန်းပါတယ် ..သူဟာ Pagemaker ကို Apple
ပေါ်တင် run နိုင်အောင် တာဝန်ယူရတာပါ ....Guy ရဲ့ စကား အရ ပြောရရင် project fail ဖြစ်ရင်
သည်လူ့တာဝန်ဖြစ်ပြီး Project အောင်မြင်ရင် Apple ရဲ့ အောင်မြင်မှု အားလုံးရဲ့ အောင်မြင်မှု ဖြစ်တယ်
လို့ ဆိုခဲ့တာပါ (သူ့နာမည် မေ့နေပါသည် ပြန် recall ရရင် ပြန်တင်လိုက်ပါမည်..)


Problems
Jobs ဟာ Macintosh ကိစ္စမှာ သက်သက် နာမည်ကောင်းဝင်ယူသလို ဖြစ်လာခဲ့ပါတယ်..
ရုံးတွင်း tension တွေက သူ့ကို board of director က ယုံကြည်မှု ကင်းမဲ့လာစေပါတယ်..
နောက်တချက် သူ့အောက်က လုပ်ရည် ကိုင်ရည်ရှိတဲ့လူတွေကို လည်း ပိုနေရာပေးလိုတာတွေရှိလာပါတယ်
အဲ့သည်တော့ President အဖြစ် တာဝန်ယူထားတဲ့ John Sculley က Jobs ကို force to resign လုပ်စေပါ
တော့တယ် ...John Sculley ဆိုတာ တချိန်က Jobs ကိုယ်တိုင်  Appleထဲ ဆွဲသွင်းလာခဲ့တဲ့ လူဖြစ်ပါတယ်
..သူဟာ Pepsi ရဲ့ ဥက္ကဌဟောင်းပါ

John Sculley
 


Sculley အကြောင်းဆက်ရရင် သူသည်လည်းပဲ နာမည်ကျော် Marketer တယောက်ဖြစ်ပါတယ်ခင်ဗျား..
Pepsi ဟာ Coca Cola ကို ဘယ်တော့မှ မကျော်တက်နိုင်တဲ့ အကောင်းဆုံးပြိုင်ဘက် မဟုတ်ပါလား...
Coca Cola ထက် သေးငယ်တဲ့ Pepsi ရဲ့ ရောင်းအား ကို Blind test လုပ်တဲ့ campaign နဲ့ ဆွဲတင်ယူပေး
ခဲ့တဲ့သူပါ ...သည်နည်းက ကမာ္ဘကျော်ခဲ့လို့ ခေါင်းစဉ်နဲ့ မဆိုင်ပေမယ့် နည်းနည်း မိတ်ဆက်ပေးချင်ပါတယ်
အချိုရည် formula အရ သံပုရာ ပိုပါဝင်ပြီး ပိုချိုတဲ့ pepsi ကို တံဆိပ်မတပ်ထားတဲ့ ခွက်တွေမှာ cola နဲ့
အတူယှဉ်ထားပြီး လူစည်ကားရာတွေမှာ ဘယ်နဲ့ ညာဘယ်ဟာ ပိုကြိုက်လဲ ဆိုပြီး blind test research
လုပ်ခဲ့တာပါ ...မှန်းထားတဲ့အတိုင်း Pepsi ကိုပိုရွေးချယ်ကြပါတယ် ...ဒါကို တရားဝင်ချပြ ပြီး market share
ကို ဆွဲတင်ခဲ့တာပါ ..
Steve က အသက် ၄၄နှစ် ရှိပြီဖြစ်တဲ့ Sculley ကို Apple ဆွဲသွင်းလာတုန်းက စကားကလည်း
ကမာ္ဘကျော်ခဲ့ပါတယ် ...ခင်ဗျားရဲ့ ကျန်တဲ့ သက်တမ်းမှာ သကြားခတ်ထားတဲ့ ရေ ကို ကလေးတွေကို
ရောင်းပြီး ကုန်ဆုံး ချင်လား ..ဒါမှမဟုတ် သမိုင်းသစ်တခု ကို ရေးချင်တာလား ...ဆိုပြီးတော့ပါ ...

Steve ကို အလုပ်ထုတ်ခဲ့တဲ့ Sculley ရဲ့လုပ်ရပ်ကို အတော်များများကရှုံ့ချ ကြပါတယ် ...
Power Battle လို့လည်း သတ်မှတ်ကြပါတယ် .... ဆိုးတာက Jobs ဘက်က ဘယ်သူမှ
မရပ်ကြတာပါ .... Steve Wozniak ကလည်း ပြန်မလာသေး (Airplane crush ဖြစ်ပီး အချိန်အတော်ကြာ
memory lost ဖြစ်ခဲ့ပါတယ်) Mike Markkula, Jef Raskinတို့ ကလည်း မရှိကြတော့ ပါဘူး ...
သည်အလုပ်ထဲ ကိုယ့်ကို ဆွဲသွင်းပေးတဲ့လူကို ပြန်ထုတ်ပစ်တယ် ဆိုတာမျိုးတို့
အမေရိကန် သမိုင်းဝင် နာမည်ကျော် billy the kid ကို pat garret က ပစ်သတ်သလို နှိုင်းပြောတာတို့
အတော် အသံတွေ ကျယ်လောင် ခဲ့ပါတယ် ... ကျနော့် ကိုယ်ပိုင် အမြင်ကတော့ သည်အခြေအနေ သည်
အနေအထားမှာ Sculley က ဒါပဲ လုပ်စရာ ရှိခဲ့တာပါ..



Steve ခေတ်လွန် Apple အကြောင်းကို ဖတ်ကြည့်တော့ wiki ရဲ့ အလို အရဆို သည်လို ရေးထားတာ
တွေ့ရပါတယ် ...
1986–1993: Rise and fall
1994–1997: Attempts at reinvention


rise and fall
 မှာ ခုနောက်ပိုင်း ထွက်လာတဲ့ Mac OS series တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ Powerbook series
ထွက်ပေါ်လာခဲ့တာဖြစ်ပြီး .. MS ကို စ ရန်ဆောင်လာခဲ့တာတွေ့ရပါတယ်..  LISA မှာတုန်းက တကြိမ်

Windows 95 ထွက်လာတော့ တကြိမ် ပါ ..MS ကို တရားစွဲဖို့ အထိ လုပ်ပြီးတော့မှ မခိုင်လုံလို့
နောက်ဆုတ်သွားခဲ့ရတာပါ..နောက်ပိုင်း Apple ဟာ တဖြည်းဖြည်း စိုက်ဆင်း လာခဲ့တဲ့အတွက်
Sculley ကို Michael Spindlerနဲ့ အစားထိုးခဲ့ပါတယ်..

attempts at reinvention
မှာတော့ Tablet တွေ PDA တွေ ထုတ်ဖို့ ကြိုးစားခဲ့တာပါ ...ဒါတွေဟာ ယနေ့ iPad ရဲ့ ၆၃မကျတဲ့
နောင်တော် ကြီးတွေဖြစ်ခဲ့ပါတယ်... သည်အတွက်  Spindler လည်း သက်ဆိုးမရှည်ခဲ့ပဲ Gil Amelio
နဲ့ အစားထိုး ခံခဲ့ရပါတယ်..သူဟာ အကြီးအကျယ် အပြောင်းအလဲတွေ လုပ်ခဲ့တဲ့သူပါ...လူအများအပြားကို
အလုပ်တွေထုတ်ခဲ့သလို Mac OS ကို ပိုကောင်းအောင် အကြိမ်ကြိမ် လုပ်ခဲ့ပါသေးတယ် ...နောက်ဆုံးမှာ
Steve Jobsတည်ထောင်ထားတဲ့NeXT ဆိုတဲ့ company ကို ဝယ်ယူခဲ့ပါတယ် ..Jobs လည်း အကြံပေး
အနေနဲ့ Apple ကို ပြည်တော်ပြန်ခဲ့ပါတယ် ...၃နှစ်အကြာ stock value တက်မလာဖြစ်ပြီးနောက်မှာတော့
Amelio နေရာကို Jobs ပြန်ရောက်လာခဲ့ပါတော့တယ် စစချင်းတော့ interim အနေနဲ့ပါ ...

လူမှန်နေရာမှန် ပြန်ဖြစ်လာပြီ လို့ ဆိုလို့ရပါတယ်..ဈေးကွက်မှာ သည်နှစ်ပိုင်းတွေအတွင်း
ပြသနာထူနေတဲ့ Appleဟာ မဟာပြိုင်ဘက် MS ကို dominant ခွင့်ပေးလိုက်ရတာ Sculley က
Steve ကို အလုပ်ထုတ်ခဲ့တာ တခုတည်းကြောင့် လို့ ပြောလို့မရပါဘူးခင်ဗျ
(Steve ဟာ တကယ့် great ကြီးပါ .... ကိုးကွယ်စရာ iGod mode တော့ မဟုတ်သေးဘူးဆိုတာပြောချင်လို့ပါခင်ဗျား..)

Coordination

 
1997မှာ  Apple နဲ့ MS ကြားက ပူးပေါင်းဆောင်ရွက်မှု တခု ထွက်ပေါ်လာပါတယ် ..အဲ့ဒါကတော့
MS ရဲ့ နာမည်ကျော် Office Software ကို Mac ပေါ်မှာ သုံးနိုင်ရေးအတွက် လုပ်ဆောင်ခဲ့တာပါ..
Steve ဟာ ကိုယ်ပိုင် office software ရေးသားတာထက် လူအများ အသားကျပြီးသား stable ဖြစ်ပြီးသား
MS Office ကို ဝယ်သုံးခြင်းက ပို ကိုက်မယ် ကိုယ့် workforce ကို တခြား research ဘက်မှာ လှည့်သုံးလို့
ရမယ် ဆိုတာ တွက်ခဲ့မိလို့ပါပဲ MS ကလည်း Mac ပဲဖြစ်ဖြစ် PC ပဲဖြစ်ဖြစ် Office ဆိုရင်တော့ MS Office
ပဲသုံးကြသည် ဆိုတဲ့ dominance အတွက် လက်ခံခဲ့တာဖြစ်ပါတယ်..
သည်အထိဖြစ်ရပ်တွေရဲ့ အကြမ်းဖျင်း ကိုတော့ Pirates of Silicon Valleyဆိုတဲ့ ရုပ်ရှင် မှာ ကြည့်နိုင်ပါတယ်..
(ရုပ်ရှင်ကြည့်ပြီး ရေးထားတာ မဟုတ်ကြောင်း တော့ ပြောပါရစေ..)
ကဲ အဲသည့်နောက်ပိုင်း ကနေ ယနေ့ ထိ အခြေအနေ ကိုပြောပါမယ် ..
Pixar နဲ့ 3D Cartoon ရုပ်ရှင်တွေထုတ်လုပ်ပြီး အောင်မြင်ခဲ့တဲ့ Steveဟာ Apple ပြန်ရောက်လာတဲ့အခါမှာ
အရုပ်ပြီးတော့ အသံ ဘက်လှည့်ပါတယ် ...Apple Store ကို အဲ့ဒီ နှစ်မှာပဲ စတင်ခဲ့တာဖြစ်ပါတယ် ...

ဒါဟာ ယနေ့အချိန်ထိ အောင်မြင်မှုအတွက် ပထမဆုံးခြေလှမ်းဖြစ်လာပါတယ်..
နောက်ပိုင်းမှာ  Jonathan Ive ဆိုတဲ့ engineer ရဲ့ ဦးဆောင်မှု
နဲ့အတူ iPod, iPhone တို့ကို ခြေဦးလှည့်ပါတော့တတယ်..


အရုပ် အသံ ပြီးတော့ အခါမှာ အထိအတွေ့ touch ဘက်ကို လှည့်လာပါပြီ ..
(သေသွားလို့ဗျ ...မသေရင် iScent တို့ iSmell တို့ iTaste တို့ ထွက်လာမလား မသိ...)
ရှေ့မှာ ဆိုခဲ့သလိုမျိုး PDA တွေလည်း လုပ်ထားဖူးပြီး သင်ခန်းစာတွေ တပုံတပင်နဲ့ ဆိုတော့
ဝက်ဝက်ကွဲ အောင်မြင်တာ ဆြာတို့ အမြင်ပါပဲ ....

iSuccess
သည်ဖြစ်စဉ်ကို သုံးသပ်ပါဆိုရင် Steve ဟာ သူ့ရဲ့ major rival တွေဖြစ်တဲ့ PC line ကလူတွေ မလုပ်တာ
ကို လုပ်မယ် ဆိုပြီး စဉ်းစားခဲ့တာပါ ...သည်လူတွေ ဘယ်သူမှ mp3 ထုတ်ရောင်းဖို့ မတွေး ထားပါဘူး
mp3 ကိုမှ သီချင်းဖွင့်ယုံတင်မကဘဲ online ကနေ ဝယ်ယူနိုင်အောင် copyright ကိစ္စတွေပါ ထည့်သွင်း
ပြီး itunes+ apple store + ipod ဆို လုပ်ချလိုက်တာပါခင်ဗျား....
(ပြည်တွင်းမှာ internet သုံးရခက်ချိန် ..itunes ကနေ သီချင်းတွေ ဝယ်လို့ မရဘဲ နဲ့များ ဈေးကွက်တွင်းမှာ
အလွယ်တကူရတဲ့ mp3s player တွေအစား ဈေးပိုကြီးပြီး function စုံအောင် မသုံးရတဲ့ iPod ဝယ်သုံးပြီး
ကြွားလုံးထုတ်ကြတဲ့သူတွေ ကိုတော့ ရယ်ချင်မိတာ အမှန်ပဲဗျ.... )

 

iPhone လည်း သည်လိုပါပဲ ...major rivalတွေ မလုပ်တာ ကို လုပ်ချလိုက်တာပါ ..(မလုပ်တာ လို့ပဲ
ပြောပါသည် လိုက်မလုပ်ဘူး အာမမခံပါ ..) phone technology အရပြောရရင် modern world ရဲ့
လိုအပ်ချက် နဲ့ Java ဖုန်းတွေ  Simbian ဖုန်းတွေရဲ့ limitationကို မြင်လိုက်မိတဲ့အချိန်မှာ သည်အခွင့်အရေး
ကို အမိအရ ဆုပ်ယူ နိုင်ခဲ့တာပါ...touch ဆိုတဲ့ တချက်တည်းနဲ့ တင် တော်တော်အထင်ကြီးစရာကောင်း
နေပါပြီ ..design က အပြစ်ပြောစရာမရှိ ပေါ့ပါး သေးငယ် ခိုင်ခံ့ ..နောက်ဆုံးတချက် battery life
ဘယ်သူမှ မယှဉ်သာအောင် မြင့်မား ..ကဲ ဘယ်သူ iPhone မလိုချင်တာရှိသလဲ ....


iPad ကတော့ ခြားနားပါတယ် ... tablet PC ဆိုတဲ့ စကားနဲ့ tablet device ဆိုတဲ့ စကား ကွာခြားပါတယ်.
Steve ရဲ့ product intro ကိုကြည့်ရင် သိသာပါတယ် ..ဒါဟာ PC အစားထိုး ပစ္စည်းမဟုတ်ပါ ...laptop
killer device မဟုတ်ပါ ...laptop နဲ့ smart phone ကြားက ပေါင်းကူးပစ္စည်း သာဖြစ်ပါတယ် ...
ခုနောက်ပိုင်းထွက်တဲ့ windows 7 tablet တွေကိုတော့ laptopအစားထိုးပစ္စည်းတွေလို့ ခေါ်ဆိုနိုင်ပါတယ်
(tablet လိုချင်လို့ ဘာကောင်းလဲ လုပ်ပါဦး ဆိုတဲ့ဘော်ဒါများ tablet PC Vs tablet Device ကွဲအောင်
ရှာဖတ်စေချင်ပါသည် ...)

Marketing
လက်ရှိမှာ Apple ဟာ Brand တန်ဖိုးအမြင့် ဆုံးသော brand ပါ..ဒါပေမယ့် သူ့ရဲ့ dark side ကိုပြောရရင်
ပထမဆုံးအနေနဲ့ ရန်လိုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ် ..သူ့ရဲ့ကြော်ငြာတွေမှာ IBM, MS, Dell တခုခုကို
တိုက်ခိုက်နေလေ့ ရှိပါတယ် .. နောက်တချက် Apple ဟာ Evangelism Marketing method  ကိုသုံးပါတယ်


apple user တွေဟာ Apple ကို ဘာသာရေးလောက်နီးနီး ယုံကြည် ကိုးကွယ် တဲ့သဘောမှာရှိပါတယ်..
သူတို့ လည်း aggressive ဖြစ်ပြီး Mac Vs PC ဆိုတာမျိုးလုပ်လေ့ ရှိပါတယ် သူတို့ သည်သာ better
ဆိုတာမျိုး အမြဲ ပြောလေ့ လုပ်လေ့ ရှိပါတယ် ...
ပေါ့ပေါ့ပါးပါး လူငယ်လေး နဲ့ ခပ်ဝဝ ထုံထုံထိုင်းထိုင်း ရုံးဝန်ထမ်း ရုပ်နဲ့လူကြီး သည် icon 2ခုဟာ
mac vs pc ကို ကိုယ်စားပြုပါသတဲ့...
(မကြာသေးခင်က Android fans တွေက စက်ရုပ် အစိမ်းလေးက ပန်းသီးကို သေးနဲ့ပန်းတဲ့ပုံ တွေထွက်
လာတော့ သူတို့ ဆတ်ဆတ်ထိမခံ နာကြသေးတာ မှတ်မိပါသေးသည်...)

Evangelism သဘောအရ ...ကျောင်းသားဘဝမှာ Apple product သုံးတယ် tech ကို စိတ်ဝင်စားတယ်..
apple ကိုလည်း ရေလည်ကြွေတယ်... အဲ့ ...နောက်ဆုံး apple မှာ ဝင်အလုပ်လုပ်တယ် share ထည့်တယ်
သည်လိုမျိုး တွေ အထိ ဖြစ်လာအောင် ကောင်းကောင်း brainwash လုပ်ကြပါတယ်..
သည်အကြောင်း Macheads ဆိုပြီး ရုပ်ရှင်ရိုက်ထားတာရှိပါတယ်..
 
နောက်တချက်က ဈေးများပါတယ် ... သူ့ရဲ့ဘယ် product မဆို ပြိုင်ဘက် ပစ္စည်းတွေရဲ့ average ထက် သိသိသာသာ
များပါတယ် ... user side က ကြည့်ပြီးပြောရရင် ဈေးကြီးတာမှ ကောင်းတယ်ထင်ရင်လည်း မပြောတတ်ပါ
(Critism တွေလာပါပြီ ..)

iMac

 

iMac ကနေစပြောပါ့မယ် ... တကိုယ်ရေသုံး ကွန်ပြူတာတွေထဲမှာ windows ဟာ over 80% ပါ ...
Mac OS က10%မပြည့်ပါဘူး ...ဆိုတော့ ...ယနေ့ထက်ထိ software limitation ရှိနေတုန်းပါ...
data transfer speed ပိုမြန်တယ် processing ပိုမြန်တယ်  သည်အချက်တွေကို ချီးကျူးမယ်ဆိုရင်
ဟုတ်ကဲ့ service features တွေနည်းတာလည်း ထည့်ပြောဦးမှ မျှတာပါမယ်ခင်ဗျ..
သုံးရပိုလွယ်တယ် ဆိုတဲ့အချက် ကို လက်ခံပါတယ် ...

ကွန်ပြူတာ မတတ်တဲ့လူ၂ယောက်ကို mac and pc တလုံးစီချပေးပြီး သုံးခိုင်းရင် mac သမားကအရင် တတ်သွားမယ်
ဆိုတဲ့ အယူအဆ ကို လက်ခံပါသည် မငြင်းလိုပါ ....power user ဖြစ်လာရင်တော့ shortcuts တွေ ပိုများတာ
registry ဝင်ကလိလို့ ရတာ customize လုပ်လို့ရတာ windows က ပိုသာတယ်လို့ ပြောချင်ပါသည်..
B2B ထဲကမို့ user တွေမေ့ထားကြတဲ့ နောက်ထပ် Giant ကြီးတကောင်ဟာ
Oracle ဖြစ်ပါတယ် Mac Vs Pc ဆိုတဲ့နေရာမှာ သူ့ကြောင့် အင်အားချိန်ခွင်လျှာ ပြောင်းနိုင်ပါတယ်

iPod

 

အသစ်ထွက်ထားတဲ့ touch နဲ့ touch nanoတို့ဟာ ဈေးကွက်ထဲမှာ ပန်းပန်နေဆဲပါ ...
ခုနောက်ပိုင်း rival တွေကလည်း လိုက်ထုတ်လာကြပါပြီ ....နဂို ကတည်းက mp3 playerထုတ်စားလာတဲ့
Sony တို့လို ပြိုင်ဘက်တွေကလည်း ပိုကောင်းအောင် လုပ်လာကြပါပြီ....what next? ဆိုတာ
အင်မတန်ပြောရခက်ပါတယ် ...3D playersတွေ ခေတ် စလာပါပြီ ...Apple ဘယ်လိုတုန့်ပြန်မယ်ဆိုတာ
မသိသေးပါ ...

iPhone

 
သူ့ကို Steve Jobs' greatest hit လို့ တင်စားချင်ပါတယ်..သည်ရက်ပိုင်းကလေးကမှ 4GSထွက်ထား
ပြီးသားပါ ... ဒါပေမယ့် သိပ်မကြာခင်မှာ iPhone သေဆုံးသွားမယ် သူ့သခင်နောက်လိုက်သွားမယ်
ဆိုတဲ့ ခန့်မှန်းချက်ကို ပြောရင် အံ့ဩမလား ?
Data တွေရဲ့အလို အရတော့ ..global market မှာ android 43% Symbian  22% Apple 18% RIM12%
Others 6% ဖြစ်ပါတယ်..Apple ကလွဲလို့ တခြား phone maker အတော်များများက Smart ဖုန်းထုတ်မယ်
ဆို Android နဲ့ ထုတ်ကြပါတယ် ...သည်တော့ Android = 2x of iPhone ၂ဆ ဖြစ်လာပါတယ်..


RIM ဆိုတာ နာမည်ကျော် blackberry တွေ သုံးတဲ့ ဖုန်း OS ဖြစ်ပါတယ် ....(သူလည်း revolution မလုပ်
နိုင်ရင် မကြာခင် သေသွားနိုင်ပါတယ်..) Symbian တွေကတော့ Java J2ME တွေဖြစ်ပြီ း smartphone
တွေ မဟုတ်လို့ ....ခေတ်နဲ့ မလျော်ညီတော့ ပါဘူး ...အနာဂါတ် phone OS market ရဲ့ အပြောင်းအလဲ
ဆိုတာကို ဘယ်လို မြင်ရမလဲဆိုရင် Symbian တွေရဲ့ share အားလုံး နဲ့ RIM share တချို့ တဝက်ကို ဘယ်သူ
စားသွားမလဲ ဆိုတာ ကြည့်ရမှာပါ ... ဖုန်း maker အနေနဲ့ ပြောရရင် global leader ဟာ Nokia သာဖြစ်
ပါတယ် ..basic-function-phone တွေပါထည့်သွင်းတွက်ချက်ထားတာပါ ..သူဟာ သည်နှစ် ဖေဖော်ဝါရီမှာ
ကြေညာချက် တခုထုတ်ပြန်ခဲ့ပါတယ် ...အဲ့ဒါကတော့ နောက်ထုတ်မယ့် Nokia smartphoneတွေမှာ
Windows 7 Mobile version ကိုသုံးမယ် ဆိုတာပါပဲ ..


နောက်ဆုံးမှာ သမိုင်းဝင် မဟာပြိုင်ဘက်ကြီးဟာ သည်ဈေးကွက်ကို ဝင်လုဖို့ လာနေပါပြီ  ..သူ့လက်တွဲဖော်
ကလည်း global leader ဆိုတော့ .....MS ရဲ့ mobile OS ဘယ်လောက် ကောင်းမလဲ ဆိုတာMS
ဘယ်လောက် diversify လုပ်ထားတယ် ဆိုတာကို တွက်ကြည့်ရင် သိပါတယ်. ..
Internet explorer, MS Office, Bing Search engine,xBox , hot mail, Live exchange server,
silverlight,zune store,  alliance with Facebook မကြာသေးခင်က ဝယ်ယူထားတဲ့ Skype ကဲ လုံလောက်ပြီလား
နောက်ထပ် သတင်း ကတော့ HTC, Toshiba နဲ့ Sharp တို့ကလည်း Windows Phone 7.5နဲ့ smartphone
ထုတ်မယ် ကြေညာလာပါတယ်
(ခု Toshiba ကထုတ်ထားတဲ့ Windows Phone ဟာ အလွန်ကောင်းပါတယ် touch featureမှာ iPhone ကို
ထက်ပို ကောင်းသေးတယ်လို့ ယူဆသူတချို့ ရှိပါတယ်)

... မပြီးသေးပါ ..နောက်ဆုံး smartphone market ထဲကိုခုန်ဆင်းလာတဲ့
Dell, Acer, Asus တို့ကလည်း Windows phone 7 နဲ့ smart ထုတ်မယ်တဲ့ ...ကဲ .. Jobs မရှိတော့တဲ့အပြင်
တကမာ္ဘလုံးနဲ့တယောက် ဖြစ်လာတဲ့ပွဲမှာ iPhone ဆက်လက် အောင်ပွဲခံမလား ဆိုတာ ......

iPad
 

Tablet လောကမှာ သူက leaderပါ ...ဒါပေမယ့် သူသည် tablet device သာဖြစ်ပါတယ်..
tablet pc လိုချင်ရင်တော့ Android နဲ့ Windows 7 tablet ကိုရွေးရမှာပါ ...
ရှေ့လျောက် shape လုပ်သွားမယ့် တိုးတက်ပြောင်းလဲလာမယ့် ခေတ်ရဲ့ လိုအပ်ချက်ဟာ deviceလား
pcလား ..မသိသေးပါဘူး CEO အသစ် Tim Cook ဟာ Google နဲ့ Microsoft နဲ့ အပြိုင် အနာဂါတ်ကို
shape လုပ်နိုင်မလား ..?

Closing the platform
ပညာရှင်တွေရဲ့ အလိုအရဆိုရင်တော့ Apple ဟာ major policy changes တွေ ကြီးကြီးမားမား လိုအပ်နေ
ဆဲပါ ... အနီးစပ်ဆုံး ပြောရရင် iPhone/ iPad မှာ Adobe ရဲ့ Flash Plug-In ထည့်သွင်းဖို့ ငြင်းဆန်နေခြင်းပါ
သည်တော့ flash video တွေဟာ သည် device တွေပေါ်မှာ အလုပ်မလုပ်ပါဘူး...youtube နဲ့ iTunes
ဟာ not everything ပါ...ဒါ user တွေကို သက်သက် limitation တွေ လုပ်သလို ပိတ်လှောင် သလို
ဖြစ်နေပါတယ် ..
developer side ကပြောပါ့မယ် ...iPhone/iPad application development အတွက်
xCode SDK လိုပါတယ် ...အဲ့ဒါ Macပေါ်မှာသာ run ပါတယ်...windows ပေါ်မှာ အလုပ်မလုပ်ပါ...
သွင်းလို့လည်း မရပါ ...windows base developer တွေ ကို iDevices တွေက မကြိုဆိုကြဘူးပေါ့ဗျာ...
iDevice development လုပ်ချင်ရင် Mac ဝယ် ဆိုတာမျိုးချိုးထားတာပါ ...
Android နဲ့ Windows Phone development မှာ 3rd party developer အနေနဲ့ အားသာချက်တွေ အများကြီးရှိပါတယ် ...
MS ဆို သူ့ရဲ့ နာမည်ကျော် Visual Studio ကိုသုံးပြီး develop လုပ်လို့ရတဲ့အတွက် production speedy
ဖြစ်ပါတယ် ...tools တွေ အလျှံပယ် ဖြစ်လို့ ပိုကောင်းတာတွေ မျှော်လင့်လာနိုင်ပါတယ် ....

Google ဟာ Cloud OS နဲ့ ပါတ်သတ်ပြီး web application တွေနဲ့ အင်အားကောင်းနေတဲ့အချိန် ..
MS ဟာ Facebook နဲ့ partner လုပ်ပြီး social media ရဲ့ အားကို သုံးဖို့ ကြိုးပမ်းနေတဲ့အချိန် ...
Apple ကတော့ တချိန်က apple savior ဖြစ်ဖူးတဲ့ တကမာ္ဘလုံးက standard အနေနဲ့ လက်ခံသုံးစွဲနေတဲ့
flash ရဲ့ပိုင်ရှင် Adobe နဲ့ ရန်ဖြစ်ပြီး support မပေးနိုင်ဘူး ငြင်းဆန်နေတာ ..iCloud ဟာ iDevice
သုံးစွဲသူတွေအတွက်ပဲ ကွက်ပြီး service ပေးတာ ... စိတ်ပျက်စရာကောင်းပါတယ်...
 
Apple Store ရဲ့ မူဝါဒ ဆိုင်ရာကလည်း anti-internet လို့ ဝေဖန်သူတွေက ဆိုပါတယ်..
business သုံးနိုင်တဲ့ Apps တွေကို free download  တင်မပေးနိုင်ဘူး လုပ်လို့
ပြသနာပွေဖူးပါတယ်.. platform တခုကို ပိတ်ထားခြင်းဟာ ရောင်းရရင် အကျိုးအမြတ်
အလွန်များပေမယ့် အရောင်းနည်းနည်း ကျတာနဲ့ ကိုယ့်ဟာကိုယ် သတ်သေသလို ဖြစ်တတ်ပါတယ်
သည်ပိုစ့်ကို ရေးမယ်ပြောတာ ၁လ ရေးပြီးတာ ၂ပါတ်ကျော်ကြာနေပေမယ့် မတင်ဖြစ်ခဲ့တာက
Steve ရဲ့ နောက်ဆုံး business meeting video leak ဖြစ်လာတာကို ကြည့်ဖြစ်သွားလို့ပါပဲ ...
ထိုင်ခုံပေါ်တောင် မြဲအောင် မထိုင်နိုင်တော့တဲ့အခြေအနေပါ ..  Apple ဟာ သည်လိုလူကို
ကူညီနိုင်ဦးမလား မေးနေတဲ့အခန်း ကိုကြည့်ရတာ အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်
Apple ရဲ့ အနာဂါတ်အတွက် မချင့်မရဲဖြစ်စရာလို့ ဆိုချင်ပါတယ်။
ကွယ်လွန်သူကို မကောင်းပြောတာမဟုတ်ပေမယ့် (သဘောမတူနိုင်တဲ့အချက်တွေ ရှိပေမယ့်)
ဘာပဲဖြစ်ဖြစ် Steve ကိုတော့ တကယ် လေးစားတာအမှန်ပါခင်ဗျား..


Steve-Jobs-iCame-iSaw-iConquered-iLeft-iCameBack-iMac-iTunes-iPod-iPhone-iPad-iRetire-and-iDied



P.S S.Jobs အကြောင်း အကောင်းတွေချည်းရေးတဲ့ ကြောင်ညီနောင် တသိုက်နှင့် သူကြီးကို လှမ်းရိခြင်း
မဟုတ်ကြောင်း သည်နေရာက ပြောလိုပါသည် ။

60 comments

  • inz@ghi

    November 16, 2011 at 6:48 pm

    တင်တော့တင်လိုက်ပီ ..
    အဲပဲလ် ယူဇာတွေ ဆီက ဆဲစာလေးတွေ မျှော်နေပါသည်…

    တားတားက အခြေခံလောက်ပဲ ပေါ့၂ပါး၂ ရေးနိုင်တာမို့
    ဆြာကြီးတွေ အချိန်ကုန်ဖတ်မိရင် တောင်းပန်ပါသည်…
    လေ့လာသူလယ်ဗယ်လောက်ပဲ ရည်ရွယ်ပါသည်

  • nozomi

    November 16, 2011 at 7:23 pm

    တကယ့်သမိုင်းကြောင်းကြီး တစ်ခုပဲဗျ

    ဆရာသစ် စာတွေတင် နားမလည် တာ မဟုတ်ဘူး ၊ ဆရာအင် စာတွေကလဲ ကျွန်တော်တို့လို အိုင်တီ ဝ လုံးတန်း အတွက် တော်တော်မြင့်တာပဲ

    သဘောကျလို့ နောက်ထပ်ဖတ်ရအောင် ကူးသွားပါသည်
    ဗဟုသုတ ရလို့ ကျေးဇူးတင်ပါသည်၊ နောက် ဒါမျိုးလေးတွေ ရေးပေးပါဦး

    ဒီပို့စ် ဖတ်ပြီးမှ သူကြီး အိုင်ပက် ပေးရင်တောင် ငြင်းဘို့ စိတ်ကူးမိပါသည်

    • inz@ghi

      November 16, 2011 at 7:33 pm

      အောင်မယ်ငီး အဲ့လို တန်းမညှိပါနဲ့ဆြာသစ်နဲ့တော့…
      ဂီဂီ ချေးစိမ်းပန်း ပီး ဂိနေပါ့မယ်ဗျ…

  • ပေါက်ဖော်

    November 16, 2011 at 8:08 pm

    ပန်းသီးပစ္စည်းတွေကို ဘဇာကြောင့် အထင်ကြီးကြသလဲ စဉ်းစားလို ့မရအောင်ပါပဲဗျာ
    တစ်ကယ်ဆို..ပြည်တွင်းမှာ…တော်တော်တိုင်ပတ်တဲ့ ဟာတွေပါ….
    တော်တော်ဂဂျီဂဂျောင်များတယ်….ထောင်ဖောက်ရတာနဲ ့…ထောင်မဖောက်တတ်လို ့..
    ဆိုင်သွားပြရင်လဲ အနဲဆုံး သောင်းဂဏန်း ပလုံဦးမယ်……..

    ဒါကြောင့်ကျုပ် အိုင်မဖုန်းတာ..{အမှန်တိုင်းပြောရရင်တော့ အိုင်ဖုန်းချင်ပါတယ်..အသပြာ မချိလို ့မဖုန်းတာပါ..အလကားပေးရင်..ဖုန်းပါတယ်.(.အီဂါး..စကားချပ်)}

    ကဂီပြောသလိုဆို..နောင်ရေး..ရင်လေးဖွယ်..ပန်းသီးပါပဲ..
    သားတို ့တော့..ဉာဏ်တိန်လို ့.ကဇာဂီပေးသလောက် မရခဲ့တာ ဝန်ခံပါတယ်..
    အပြန်အလှန်ဆွေးနွေးဖို ့တော့ ကြောင်တစ်အုပ်နဲ ့..သဂျိုင်ခီးတို ့ပဲ..စောင့်ပေရော့..

    • inz@ghi

      November 16, 2011 at 8:22 pm

      ကိုယ့်ဆြာတို့ …
      အရူးကွက်နင်းပီး အင်ဂျီးကို ကြောင်တသိုက်နဲ့ သဂျိုင်ခီး နဲ့ လွှတ်ထားခဲ့တယ်ပေါ့ ဝမ်းနည်းထှာ….

      apple products တွေကို လူအထင်ကြီးတာ တကယ်ကောင်းလို့ဗျ …..quality ပိုင်းရော designပိုင်းပါ …..
      design ပိုင်းဆိုတာ product က လှလားမလှလား ကိုပဲ ပြောတာမဟုတ်ဘူးဗျ user ဘယ်လို ဘယ်လောက် အံဝင်ခွင်ကျ သုံးနိုင်မလဲ
      user interface ပေ့ါ … ဒါ ဆိုတာကိုပြောတာပါဗျာ …. ကော်ဖီမစ် အထုပ်မှာ ဖောက်ရလွယ်အောင် ဒါးရာလေးပေးထားတာကအစ က
      use interface အတွက် အကျုံးဝင်ပါတယ်…

      Perfect ဆိုတဲ့အဆင့်ထိ အကောင်းဆုံး ထုတ်ထားလို့ …(သည်အတွက်လည်း jobs က သူ့ engineers တွေကို ရေလည် မောင်းတယ်ဗျ…)
      အနီးဆုံးပြောရရင် သူက ITလောကရဲ့ Sir. Ferguson ပဲ

      သည်တော့ သူ့ ပစ္စည်းတွေ လူတွေ သိပ် အထင်ကြီးတာပေါ့…

      သို့သော် ကျနော့်အနေနဲ့ ဆိုရင် သူ့ policy ပိုင်းကိုတော့ မကြိုက်ဘူးဗျ …..
      ၁)သူ့ပြိုင်ဘက်ကို တိုက်ခိုက်နှိမ့်ချချင်စိတ်
      ၂)အကျိုးစီးပွားကို ကာကွယ်လိုမှုအတွက် Platform ကို ပိတ်ဆို့ ထားတဲ့ ကိစ္စတွေပေါ့….

      user ကို limited feature ပဲ ပေးသုံးမယ် ….
      ငါအကောင်းဆုံးလုပ်ထားတယ် ..ဒါပဲသုံး ပိုမလိုချင်နဲ့ ဆိုတာမျိုး လုပ်တတ်လို့ပါ…

      သဘောထားကွဲလွဲနိုင်ပါသည်

      • ပေါက်ဖော်

        November 16, 2011 at 8:43 pm

        အဲလိုရှင်းရှင်းလင်းပါ ကဇာရေ
        တားအနေနဲ ့တော့.. Policy ၁ ကိုဘာမှမပြာလိုပါဘူး….
        ၂ အချက်ဖြစ်တဲ့.. Platform ကို ဖွင့်မပေးထားတာ ဘဝင်မကျကြောင်းပါ.
        အကျိုးစီးပွားအတွက်..တော်တော်အတ္တကြီးတယ်လို ့ဆိုမလားပဲဗျ.
        ဒါကြောင့်လဲ Android က 43% နေရာယူထားတာထင်ပါ့..

        ကြိုက်ပြီ ကဇာရေ..
        နောက်ဗဟုသုတလေးတွေလဲ ဆက်လက် တူးဆွနိုင်ပါစေဦး….
        တားတို ့..မူကြိုလေးတွေ..အားပေးရအောင်..မှတ်သားရအောင်လို ့ပါ ခင်ည

  • windtalker

    November 16, 2011 at 9:09 pm

    အဝေးကြီး ဘဲ
    အလှမ်းဝေးတဲ့ မန်းတလေး က နေ
    အရမ်းဝေးတဲ့ အကြောင်းအရာတွေ ကို ဖတ်ရှုပြီးသကာလ
    အက်ပဲ ပလောဒက်များကို သွားရည်ကျနေမိပါကြောင်း

  • Thanlwinoo

    November 16, 2011 at 9:32 pm

    ကျေးဇူးပါ ကိုအင်ဇာဂီ.. (အီတလီတိုက်စစ်မှူးတော့ မဟုတ်ပါဘူးနော်?)။
    Google ရဲ့ Android O/S ကို Samsung, HTC, Motorola, Intel, Google တွေ ဝိုင်းသုံးလိုက်တာ ၂၀၀၉ မှာ စမတ်ဖုန်းအားလုံးရဲ့ ၄% ပဲရှိရာကနေ ၂၀၁ဝမှာ ၃၃% ၂၀၁၁မှာ ၄၃% နဲ့ Market Share အများဆုံးပါ..။ Microsoft နဲ့ Nokia တို့ Giant နှစ်ခုပေါင်းလိုက်ပြီဆိုတော့ Windows O/S ဖုန်းတွေလာဦးမှာပါ..။ Apple တော်တော်လုပ်ရပါဦးမယ်..။
    အကျိုးအမြတ်ကိုကြည့်ရင်တော့ Apple iphone တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ Handset စုစုပေါင်းရဲ့ ၄.၅%သာရှိပေမယ့် အမြတ်က Mobile Industry တစ်ခုလုံးရဲ့ ၅၂%ဆိုတော့ ကျန်တဲ့လူတွေထက် အပြတ်အသတ်သာနေပါတယ်..။
    ဖုန်းထုတ်လုပ်သူတွေအချင်းချင်း ကိုယ့်ဟာသူခိုးချတယ်နဲ့ အပြန်အလှန်စွပ်စွဲနေတာတွေလည်း တော်တော်လေး တွေ့ရပါတယ်..။
    ဘယ်လိုဘဲဖြစ်ဖြစ် ဈေးကွက်ကို တစ်ဦးတစ်ယောက်ကို ချုပ်ကိုင်ခွင့်ပေးမထားဘဲ လွတ်လပ်စွာ ပြိုင်ဆိုင်နိုင်ကြလို့ ကျွန်တော်တို့လို စားသုံးသူတွေ ပိုကောင်းတဲ့ပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲလာနိုင်တာ ကျေနပ်စရာပါ..။

    • inz@ghi

      November 17, 2011 at 9:14 am

      မှန်ပါတယ် ကိုရင်ရေ

      အဲ့သည့် သူတပါးထက် အပြတ်အသတ် မြတ်နေတဲ့အချက်ကပဲ ထောက်ပြချင်စရာဖြစ်လာခဲ့သကိုးဗျ…
      ခုထိလည်း အွန်လိုင်း စတိုးတွေမှာ Apps တွေ other digital contents တွေ အများဆုံး ရှိတဲ့ နေရာဟာ
      itunes က ဦးဆောင်နေဆဲပါ ဒါပေမယ့် ခုကနေ ဆက်သွားဖို့ ခက်တာကို ဆွေးနွေးချင်တာပါ
      ကျနော် အထက်မှာ ရေးခဲ့သလို အကျိုးအမြတ်ကာကွယ်လိုမှု အားကြီးခဲ့တာတွေ …
      လက်တဆုံး နှိုက်တာတွေ ကြောင့် ဆိုပါတော့ဗျာ

      စာ သိပ်ရှည်သွားမှာ ဆိုးလို့ ကျနော် ချန်ခဲ့တဲ့ အချက် ၂ခု ရှိတယ်ဗျ …အဲ့ဒါက
      ၁) price policy
      ၂) kill-the-cashcow အထှာ တို့ပဲ …

      ၁။အကြောင်းကတော့ဗျာ သူတို့က စဖြန့်ရင် အထက်ဈေးနဲ့ သူများလိုက်လုပ်လာရင်
      ဈေးတွေ ဖြုတ်ချပစ်တယ်။ သည်တော့ evangelism အတော်လေး strong ဖြစ်တာ
      တောင်မှ အတော်များများသော ကနဦး ဝယ်ယူသူတွေက ဈေးကြီးမိထားတော့
      တင်းတယ်ဗျ။ ရေရှည်မှာ ယုံကြည်မှု ကင်းမဲ့လာကြတယ်ဗျ။ user အချင်းချင်းကြားမှာကို
      ငါက တကယ့် fan စစ်စစ် ။ နင်က opportunistic ဆိုတာမျိုး ဖြစ်လာလို့ပါပဲ။
      သည်တော့ apple ဘာပြန်လုပ်ပေးသလဲဆိုရင် ကနဦး ဝယ်ယူသူတွေကို
      itunes store ကနေ download လုပ်ဖို့ US $100ဖိုးထင်တယ် point ပြန်ပေးတာပါပဲ
      စားသုံးသူအပေါ် စေတနာသန့်သန့် cash back ပြန်လုပ်တာမဟုတ်ဘဲ
      company အနေနဲ့ လွန်ကျူးထားမှုအပေါ်မှာတောင်marketing အရ
      loyalty program တခုဖန်တီးအမြတ်ထုတ်တာ သက်သက်လို့ ဝေဖန်ကြပါတယ်

      ၂။ကတော့ new product launch နဲ့ ပါတ်သတ်မယ်ဗျ။ apple လက်ကိုင်ထားတာက
      ကိုယ့်ကို ငွေရှာပေးနေတဲ့ အကောင်းဆုံး သော product ကို ကိုယ်တိုင် သတ်မယ်
      ကိုယ်တိုင် မသတ်ရင် သူများသတ်သွားမယ် ဆိုတာပါပဲ။သတ်တယ်ဆိုတာ
      မွမ်းမံပြင်ဆင်ထားတဲ့ အသစ် ကို ထုတ်လုပ်ပြီး အဟောင်းကို ဆက်မထုတ်တော့တာကို
      တင်စားပြောဆိုတာပါ ။တခါတခါမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ကနဦး product တွေရဲ့
      service features တွေကို လျော့ပီးထုတ်တတ်တယ်။ next version ကျမှ ထည့်မယ်ပေါ့။
      အကောင်းဆုံး ဥပမာက iPAD စထွက်တော့ camera နဲ့ HDMI port မပါဘူး ..Steve လို
      လူမျိုးက ဒါမျိုး မေ့ကျန်မယ့် လူစားမဟုတ်ပါ ။ ဝေဖန်သံတွေ အတော်ညံခဲ့ပေမယ့်
      တခြား features တွေ အလွန်ကောင်းမွန်တာမို့ ရောင်းကောင်းခဲ့ပါတယ်.. သို့သော်
      HP ကနေFlash support, HDMI(+), Camera(+) တဲ့ Windows 7 tablet ထုတ်လိုက်တဲ့အချိန်မှာတော့
      ချက်ခြင်း ဆိုသလိုအထက်ပါ feature တွေပါဝင်တဲ့ iPAD-II ကို release လုပ်ပစ်ပါတယ်။
      ဒါမျိုး iPhone 3GS တုန်းကလည်း လုပ်ခဲ့ပါသေးတယ်… 3G ကို သိပ်မသိသာတဲ့ မွမ်းမံမှု အသေးစား
      ထည့်သွင်းပြီး အဖြူရောင်နဲ့ပါရနိုင်တဲ့ 3GS ကို ထုတ်ခဲ့တာပါ။ တကယ်တော့ အဲ့သည့်အချိန် သူတို့
      လက်ထဲမှာ 4G ကအချောသတ် နီးပါး ရှိနေပြီးဖြစ်ပါတယ်။ 3G ရှိလျက်နဲ့ 3GS ဝယ်ယူအားပေးခဲ့တဲ့
      ပရိတ်သတ်စစ်စစ်တွေဟာ ဘာမှမကြာဘူး 4G ထွက်လာတော့ ဝမ်းနည်းပက်လက် ဖြစ်ကြရပါတယ်
      ယုံကြည်မှု ပျက်ပြားကြပါတယ်။ ခုလည်း 4GSထွက်လာပေမယ့် 5G ရှိနေတယ်မဟုတ်လား
      ဆိုပြီး မယုံမရဲ ဖြစ်နေကြတာ အများကြီးပါ။ 3Gခေတ်နဲ့ မတူတော့တာက ယနေ့ခေတ်မှာ
      သူ့ကို ယှဉ်နိုင်တဲ့ တခြား ရွေးစရာ တပုံတပင် ရှိလာပြီ မို့လို့ပါ။ လည်သလို လုပ်ခဲ့တာ ရေတိုအောင်မြင်မှု
      ရခဲ့ပေမယ့် longterm success ကိုထိန်းဖို့ ခက်ပါလိမ့်မယ်ခင်ဗျား..

      (သို့သော် ကနေ့ခေတ်smartphone market ကိုတော့ apple က shape လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါသည်)

  • blackchaw

    November 16, 2011 at 9:39 pm

    ဒါမှ အင်ဇာဂီ အစစ်ဗျ။
    ဟိုမှာ အပျော်အပျက်တွေ လျှောက်ရေးနေတာ
    အီတလီက ဘောလုံးသမား အင်ဇာဂီဖြစ်ရမယ်။
    ဟားဟား နောက်တာနော်။

  • MaMa

    November 16, 2011 at 9:49 pm

    ဒီပိုစ့်ကတော့ မောင်မောင်ဇာတို့လို လူကြီးတွေအတွက်မို့ အန်တီတို့ ဝ လုံးတန်း တောင် မရောက်သေးတဲ့ မူကြိုလေးတွေ လက်ရှောင်ပါတယ် ရှင့်။ 😀

    • inz@ghi

      November 16, 2011 at 10:19 pm

      မောင်မောင်ဇာ က လူဂျီးဟုတ်ရဘာဘူးဂျာ ….ချာတိတ်သာသာပါ….
      ကံဇာတ်ဆြာ အလိုကျ …လူဂျီးတွေကြားမှာ ပဲကြီးလှော်ဝင်နှိုက် ကပ်တီးမူးလဲလုပ်
      (အဟဲ ဂယ်က ကတ်တီးမူးလဲ လုပ်တာများပါတယ်. ….) အဲ့လို ဖြတ်သန်းရတဲ့ ချာတိတ်ပါ

      ကြီး၂ကျယ်ကျယ် ပြောရရင် သည်ပို့စ်က လူငယ်တွေ အတွက် ရည်စူးတယ် ပြောရမှာပါ …
      ကျနော်တို့ အရွယ်တွေ အပါအဝင်ပေါ့…
      ဘာလို့လဲဆို ….

      ၁)ပညာရှာတဲ့လူငယ် ပညာရစေချင်ပါသည်… (ကိုယ်တွေတုန်းက တကယ် မျက်စိသငယ် နားသငယ်မို့ပါ ….
      ဘယ် စီနီယာမှလည်း ချရေးမပြပေးပါ …)

      ၂) ပိုက်ဆံရှိသားသမီးများ(သူရို့ မိဘတွေ ဘယ်လို ချမ်းသာတယ် တော့ ဉာဏ်မမီလို့ မပြောပါ…)
      သုံးချင်ရာ ဝယ်သုံးနိုင်ပေမယ့် best-fit ဖြစ်မယ့် product ကို ဝယ်ဖြစ်စေချင်လို့ပါ …
      မသုံးတတ် မပြုတတ်….(service ကလည်း အပြည့်အဝမရတဲ့ product ကိုဝယ်သုံးပြီး ..)
      technical ပိုင်း အနည်းငယ်မျှသာ နားလည်သည့် လူတွေကြားပင်လျင် ရယ်ပွဲဖွဲ့ခံထိမှာမျိုး မကြုံစေချင်ပါ….
      သူရို့ ဘက်က လိုက်ပြောတာမဟုတ်ပါဝူး …တခါတခါ group pressure ဆိုတာ ရှိပါတယ်. …လေ့လာသင်ယူချင်ပေ
      မယ့်လည်း ဘယ်သူကတော့ ဘာဝယ်ကိုင်တယ် ဟဲ့ ကြားရင် ငါ့သားငါ့သမီးမျက်နှာမငယ်ရအောင် ဝယ်ပေးမဟဲ့
      ဆိုတဲ့ မိဘတွေ ရှိတတ်တော့ …သူရို့ရဲ့တလွဲစေတနာက သူရို့ကို ရယ်ပွဲဖွဲ့ ခံ မထိစေချင်လို့ပါ …
      (သူရို့ သားသမီးကလည်း အထိုက်အလျောက်လေ့လာလိုစိတ်ရှိမယ်ဆိုရင်ပေါ့)

      ၃) နောက်ဆုံးနဲ့ အရေးအကြီးဆုံး ကျနော့် target ပါ…..ကျနော်တို့ field ထဲက လူများပဲဖြစ်ပါတယ်…
      ရေလိုက်လွဲတတ်ကြပါတယ်. ..(ကျနော်လည်း လွဲဖူးလို့ သိတာပါ ….)
      ကျနော်တို့ကို ကောင်းကောင်း brainwash လုပ်နေတာကို သိလျက်နဲ့ …
      မိုက်မဲစွာ ဖက်တွယ်မိဖူးတဲ့ကိစ္စပါ …. technically ကောင်းတယ် ညံ့တယ် ဆိုတာလေးပဲ သိလို့ မပီးတဲ့ခေတ်…
      သည်field မှာ ဒါကိုင်မှ ဆြာကျတဲ့ပုံထွက်မှာလား ….ဒါဝယ်ဖို့ ငွေစုရမှာလား ….ဆိုတာမျိုးတွေ တွေးနေတဲ့
      ကျနော့် သူငယ်ချင်းတွေ အတွက်ပါ ….။

      ကျနော် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ရှိပါတယ်…. ကျနော့်မူပိုင်မဟုတ်ပါ ..ကျနော် သင်ယူခဲ့တဲ့ထဲက တခုပါ
      အကောင်းဆုံး BEST ဆိုတာ real life မှာ မရှိပါဘူးတဲ့ …အသင့်တော်ဆုံး best-fit ဆိုတာပဲ ရှိတယ်
      ဆိုတဲ့ စကားပါ …

      ကျနော်တို့အားလုံး အသင့်တော်ဆုံးလမ်းကို ရွေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ….

      ခင်တဲ့
      Inz@ghi…

      (ဟိတ်လူတွေ ဟိုဘက်ပို့စ်မှာတော့ ရဝူးနော် …ဆော်မှာပဲ…..နာမည်တောင် ၅မျိုးရနေပီ …
      ဟွင်းဟွင်း….)

  • မှော်ဆရာ

    November 16, 2011 at 10:30 pm

    မဆိုင် မဆိုင် ဒါ စက်ကြာမင်းနဲ့မဆိုင်
    မင်းမြတ်စက်ကြာ မှော်ဆရာ

  • blackchaw

    November 16, 2011 at 10:40 pm

    “အကောင်းဆုံး BEST ဆိုတာ real life မှာ မရှိပါဘူးတဲ့ …အသင့်တော်ဆုံး best-fit ဆိုတာပဲ ရှိတယ်
    ဆိုတဲ့ စကားပါ …ကျနော်တို့အားလုံး အသင့်တော်ဆုံးလမ်းကို ရွေးနိုင်ကြပါစေ”

    ကောင်းလိုက်တဲ့ thinking
    လက်ခုတ်တီးပြီး အားပေးပါတယ်ဗျာ။

  • အေမီ

    November 16, 2011 at 10:45 pm

    ဘရာသာ အင်ဇာဂီ……………
    စာတွေက မြင့်တယ်နော်……..အေမီ လိုငချွတ်လေး ကြိုးစားပန်းစားဖတ်လိုက်ရပါတယ်။ ဗဟုသုတရစေလို့ ကျေးဇူးပါ။

    • inz@ghi

      November 16, 2011 at 10:50 pm

      တိန် …
      ခေးရယ်. … ကိုကိုဂီကလေ … အဲ့လိုပဲ စိတ်သိပ်နှံ့တာ ဟုတ်ဝူးရယ်…
      ဂေဇက်က အစ်ကိုအစ်မတွေက အပျင်းပြေ ဆို လွှတ်ထားပေးလို့
      ဆိုးသွမ်းသောင်းကျန်းနေတာပါ. …

      ထင်ရာလျောက်ပြော ..လူဂျီးဒွေက နားအေးပီးရော လွှတ်ပေး..
      ဂလိုနဲ့ ကိုဂီ့ဘွရီးကို ဖြတ်သန်းလာခဲ့တာပါ…
      အသည်းငယ်တတ်တဲ့ ကြက်မောက်သီးလေးဘာ….
      သင်္ဘောသီးတွေလို တော်ကီလည်း ကောင်းဝူးမလား…

      တနားထှာ ..

      • ကိုရင်စည်သူ

        November 17, 2011 at 12:47 am

        အဟယ်…
        ကအင်ကြီးက ပန်းသီးတွေအကြောင်း
        မရေးစဖူး ရေးနေပါ့လား.. (မီးခလေးရေးလိုက်တာနဲ့ ဒင်းကြီးနော်.. မသိတာခက်လို့)
        ကိုရင့်မှာ ပန်းသီးက ထုတ်တဲ့ အိုင်ဆိုလို့..
        အိုင်ပေါ့ခ်မပြောနဲ့ … အိုင် လက် ဖြူ တောင် မရှိပါဘူးကွယ်.. 🙁 🙁
        ဟွန့် ကအင်ကြီး ကိုရင်လည်း ပန်းသီးနဲ့ ပတ်သက်တဲ့ ပို့စ်ရေးမယ်..
        အိုင်တီနဲ့တော့ မဟုတ်ဘူး…
        ပန်းသီး ဘယ်လိုအသုံးဝင် ဘယ်လို ယတြာစွမ်းပုံကို… အဟွမ်း….
        ဒါနဲ့…
        မီးခလေး.. အဲ့အမွှေးတွေနဲ့ ကြက်မောက်သီး ကအင်ဂျီး ရေးတဲ့ ပန်းသီးတွေကို မယုံနဲ့နော်.. 😳 … 😳 … 😳
        သူက အောက်လမ်းတွေသိပ်တတ်တာ… ကိုရင်တို့လို
        အထက်လိုင်း သင်္ဘောသီးတွေကို ပစ်တာယုံလိုက်…။ 🙂 🙂

        တော်ကီလည်းမကောင်း ဂေါ်ဖီလည်းမရောင်းတဲ့..
        ကိုရင်စည်

      • အီးတီ

        November 17, 2011 at 4:31 am

        ကျွန်တော်တော့ iphone design ကိုကြိုက်တယ်။ ရိုးရိုးရှင်းရှင်းနဲ ့ ဆွဲဆောင်မှုအပြည့်ရှိတယ်။
        တခြား ဖုန်းဒီဇိုင်းတွေကိုကြည့်တော့ iphone လောက်မလှဘူးလားလို ့။ အထဲက app တွေက
        တော့သိပ်ကွာမှာ မဟုတ်ပါဘူး။ မကိုင်ဘူးတော့လည်း မသိဘူးဗျ။ အရှေ ့ကျွန်းကနေ iphone
        တစ်လုံးလောက် ဝယ်ပြီးပို ့လိုက်ပါလား ဆြာအင်။ အရင်ပိုစ့်တုန်းက laptop အကြောင်ရေးသလို
        ဖုန်းအကြောင်းလေးရေးပေးပါလား။ ကျွန်တော့်လို ဉာဏ်တိမ်တဲ့သူအတွက် ဗဟုသုတရတာပေါ့
        ဗျာ။ ၅မည်ရ ဆြာအင်ကြီးကို လေးစားပါတယ်။

        • inz@ghi

          November 17, 2011 at 9:25 am

          smartphone မှန်ရင် ဒါမျိုးဖြစ်ရမယ် ဒါတွေ ပါရမယ် ဆိုတာမျိုး Apple က definition ချပြလိုက်သလို
          ကိုးဗျ။ ဒါကြောင့် ဆြာ့ စိတ်ထဲ သူသည်သာ အလှဆုံးရယ် ဖြစ်ပီး တခြားဖုန်းတွေ ထောင့်မကျိုးတော့တာ
          Paid Apps တွေကတော့ ကွာခြားမယ်ဗျ …အစားစားပါပဲ။ ကိုရင်အီးတီ သိချင်တဲ့ ဖုန်းအမျိုးအစားရှိရင်
          ဝယ်ပို့လိုက်လေ ..ဂီဂီ အနစ်နာခံသုံးစွဲပီး review ရေးတင်ပေးပါ့မယ်…feature reviewပီးရင်
          (သုံးလို့ဝရင်) တစစီဖြုတ်ပီး ဘာတွေ ပါတယ်ဆိုတာပါ ဒါ့ပုံရိုက်တင်ပီး ဖုန်းကို ကိုရင့်ဆီ ပြန်ပို့လိုက်ပါ့မယ်
          ခစ်ခစ်…

  • ကိုရင်စည်သူ

    November 17, 2011 at 1:46 pm

    ဟာ.. ဟာ.. ဟာ…
    ခုမှ သတိထားကြည့်မိတယ်…
    စတိဂျော့ဗ် ငယ်ငယ်တုန်းကရုပ်က..
    ဒို့ ကအင်ကြီးနဲ့ တစ်ရုပ်တည်းပဲ… အဲ..အဲ..
    စတိဂျော့ဗ်.. သေလို့ဝင်စားတာများလား… 🙄 🙄 🙄
    ဒါမှမဟုတ်… ဘယ်လိုများတော်စပ်ကြတာလဲ..
    ဟိုကလည်း အိုင်တီနဲ့ မာကက်တင်းမှာ ဆြာ..
    ဒို့ ကအင်ကြီးကလည်း အဲ့လိုင်းမှာ ချွန်တယ်..
    ဘမျိုး ဘိုးတူတွေများလား… 🙄 🙄 🙄
    အဲ့ဒါ သတိရသွားလို့ လာရေးတာဗျို့… 🙂 🙂

    • inz@ghi

      November 17, 2011 at 1:48 pm

      ဘာမှ ဆင်ဝူး …သူကမျက်နှာပြဲပြဲ
      ဂီ ကမျက်နှာ သွယ်သွယ်လေး….

      မသိခက်မယ် ကရင်စီ
      ခင်ဗျာ့ ကျုပ်ကို ပန်ခရိယ ကင်ဆာနဲ့များ ငယ်ငယ်နဲ့ ဂန့်စေချင်ရော့သလားကွယ်..

      • windtalker

        January 1, 2012 at 7:59 pm

        ပန်ခရိယ မကြိုက်လဲ
        တစ်ခြားဟာစဉ်းစားကြသပေါ့ကွယ်
        ဟီဟိ

  • kai

    November 17, 2011 at 4:06 pm

    ကျုပ်က.. နကိုကတည်းက အပ်ပဲအင်ပါရာကို မကြိုက်တဲ့သူဆိုတော့.. သူ့ပရော့ဒတ်ဘာမှကို ဝယ်မသုံးပါဘူး..။
    အဲဒါကြောင့်.. သူ့သမီးအပ်ပဲပရောဒတ်သုံးနေတာထိုင်ကြည့်နေရတဲ့..ဘီလ်ဂိတ်ကတောင်.. ထမင်းဖိတ်ကြွေးသင့်တယ်.. ပြောချင်တာပါ…။ 🙂
    ဗီဒီယိုဖြတ်တာမှာ.. ပန်းသီးမှပန်းသီးဖြစ်ကြတဲ့အချိန်တောင် ဝင်းဒိုးနဲ့ အဒိုဘီနဲ့.. ရအောင် ဖြတ်ခဲ့တာပါ..။
    ဒါပေမဲ့.. စတိ့ဂျော့စ်ကိုတော့ အလွန်လေးစားပါတယ.်.။ 😆

    အိုင်ဖုံးမဝယ်ပဲ.. အန်ဒရွိုက်ပဲဝယ်တယ်ဗျို့..။
    အိုင်ပက်မဝယ်ပဲ.. အန်ဒရွိုက်တဲဘလက်ဝယ်မယ်လုပ်နေပြန်တယ်.။
    (ကြုံရင်.. အန်ဒရိုက်ပေါချောင်ကောင်းလေးများညွှန်ပါဦး.. ကလိချင်လို့.. – စကားချပ်)

    စာဖတ်ပြီး.. ပြောစရာလေးရှိသဟ..ဆို ..တေးထားပြီ.. မန်းထားတာတွေဆက်ဖတ်တော့.. ကိုရင်ဂျာ.. မန်းထားတာက..ကိုယ်ပြောမှာ ဖြစ်နေတာမို့.. ပြောစရာကို မရှိအောင် ပြည့်စုံတယ်ထင်တာပဲ..။
    (မားကက်တင်းဆြာ ပီသပါပေတယ်..- စကားချပ်)

    ဆိုတော့..
    – ဆန်ဖရန်ကစခဲ့တဲ့.. အက်ပဲက.. ဂေးတွေရဲ့..အလံ..ရိန်းဘိုးကာလာ ယူထားတာမို့.. ပြဿနာတက်ပြီး.. ရိန်းဘိုးကာလာ ဖြုတ်လိုက်ရတယ် ဆိုတာ ..ဟုတ်သလားရယ်..။
    – အက်ပဲလ်အိုအက်စ်က.. Unix base ဖြစ်တယ်ဆိုတာ.. ဟုတ်သလားရယ်..။
    – အက်ပဲမှာ စတိဗ်ဂျော့မရှိတုံး.. ပြုတ်မလိုလိုဖြစ်တော့.. မိုက်ခရိုဆော့ဖ်က ဝင်ကူပေးပြီး..ရှယ်ယာတွေဝယ်ပေးလိုက်တယ်ဆိုတာ.. ဟုတ်မဟုတ်ရယ်..။
    – အိုင်ကျုးန်ကလည်း.. အင်တာနက်နဲ့.. အမ်ပီသရီးသီချင်းတွေ ရှယ်နေတဲ့.. (နာမယ်မေ့နေ)ဝက်ဆိုက်ကြီးကျတော့မှ.. အခြေအနေကြည့်ပြီး.. ဂျော့စ်က လှမ်းဆွဲလိုက်တာ.. ဟုတ်မဟုတ်ရယ်..။


    အဲဒါလေးတွေ.. ရှင်းပြပါဦး..
    Still Hungry, Still Foolish 😆

    • inz@ghi

      November 17, 2011 at 5:08 pm

      Android ကစမန့်ပီနော….
      http://reviews.cnet.com/best-android-phones/
      C Net ကိုပဲ ရီဖားလုပ်လိုက်ပါတယ်ခင်ဗျား..

      Android မှာတော့ ကျနော်ကတော့ Sharp ကထုတ်တဲ့ Galapagos သုံးပါတယ်…
      ထုံးစံအတိုင်း လိုင်းခပ်ပျော့ပျော့ softbank ပေါ့သဂျီးရယ် 003HS, 005HS ၂မျိုးထွက်ပါတယ်
      003 က camera ပိုကောင်းပါတယ် 005ကတော့ slide keyboard ပါဝင်တာမို့
      ဘလက်ဘယ်ရီ ကို ဘေးတိုက်ထားသုံးတဲ့ပုံပါပဲ ကျနော်က 005ပါ
      သူ့ ဘာလို့ ရွေးသလဲဆို

      1) 3Dရလို့ပါ 2D, photo, movie တွေကိုပင်လျင် virtual 3D
      ပြောင်းပြီး ကြည့်လို့ရပါတယ်
      3D အစစ်တွေဆိုရင်တော့ တကယ့် galapagos tv တွေလိုကောင်းပါတယ်
      2) HDMI port ပါဝင်ပါတယ်
      3)keyboard ပါတဲ့ ဟာယူတော့email, messaging အတော် အဆင်ပြေလို့ပါ …
      ကျန် feature တွေကတော့ သာမန်ပါပဲ
      (အမေရိကားမှာ သည်နှစ်ကုန်လောက် ရမယ် ဖတ်ဖူးပါသည်)

      Windows phone ဘက်ပြောရရင်တော့ အရှေ့ကျွန်းမှာ IS12T အလွန်ကောင်းပါသည် AU ပါ
      (အစက အဲ့ရာဝယ် မလို့ အားလုံးက ဆော့ဖ်ဘန့်မို့ လိုက် ဘန့်လိုက်ရတာ)
      အမေရိကားမှာတော့ Dell Venue Pro (Lightening) က ကောင်းပြီး အတော်ဈေးချိုတယ် ပြောပါသည်

      ဂေးကိစ္စ ကတော့ ကြားဖူးပေမယ့် မသေချာပါ
      (ရှာဖတ်လိုက်လည်း ရသားကို သဂျီး သက်သက် ရစ်တာ)

      OS က Unix-based ဆိုတာဟုတ်ပါတယ် …customized ပါ opensource မဟုတ်တော့ပါ Kernel
      မဖွင့်ပေးထားပါ

      MS ကရှယ်ယာ ဝင်ဝယ်ထားဖူးတာ ဟုတ်ပါတယ်
      နောက်ပိုင်း အစိုးရ အန်တီ-ပိုက်ရိတ်စီ အဖွဲ့အစည်း တခုခုက ပြန်ယူထားလိုက်ပါသည်…ယခု မပိုင်တော့ပါ

      အိုင်ကျူန်း ကိစ္စကတော့ တားတားလည်း မတိပါ ခင်ညား
      (မောထှာ)

  • yaungchikha

    November 17, 2011 at 4:36 pm

    ကျမတို့ ကွန်ပျူတာစသင်တဲ့ 1993 လောက်ကဆို Apple computer တွေနဲ့သင်ရတာပေါ့၊ နောက်ပိုင်း Apple ကွန်ပျူတာက အပိုပစ္စည်းတွေ ဝယ်ရတာ အဆင်မပြေတာနဲ့ IBM တွေနဲ့ အစားထိုးသုံးဖြစ်ကြရင်းနဲ့ လူနည်းစုလောက်ပဲ Apple ကွန်ပျူတာတွေ သုံးဖြစ်ကြမယ်ထင်တယ်၊ ဒါပေမယ့် ကျမတို့ဆီမှာတော့ Apple Brand တရားဝင်ဖွင့်တဲ့ဆိုင်မရှိသေးဘူးထင်တယ်၊ Jailbreak လုပ်ပြီးဆော့ဝဲတင်ရတာ၊ တချို့ ကိုယ်နဲ့သက်ဆိုင်တဲ့ ဆော့ဝဲတွေတင်လို့အဆင်မပြေတာလေးတွေတော့ အသုံးပြုတဲ့ User တွေအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်ရမယ်ထင်တယ်၊ အခုလို နည်းပညာပိုင်းနဲ့ပတ်သက်ပြီး တင်ပေးတဲ့ အင်ဇာဂီလည်း နောက်ထပ် အခုလိုမျိုး ဗဟုသုတရစရာ လေးတွေတင်ပေးပါဦး၊ ကျမကတော့ Apple Brand ကို ကြိုက်ပါတယ်၊ ဝယ်သုံးဖို့ကတော့ စဉ်းစားရဦးမည်………..:)…….:)

    • inz@ghi

      November 18, 2011 at 7:07 pm

      ဟဲဟဲ …. ကျနော်လည်း တူတူပဲဗျ…
      Apple ကရည်းစားဦး …… အဲ့ ရည်းစားဦးက အချိုးမပြေတော့ …
      iCandy တွေဘာတွေ လျောက်ထုတ်ပီး တိုင်ပတ်နေတဲ့ကာလ ….
      ဘွ လက်တွဲဖော် အဖြစ် Dell ကိုရွေးလိုက်တယ် ….ခုထိလက်တွဲတုန်းပဲ….
      လူကြီး သဘောတူလို့ ပေးစားတဲ့ Lenovo လေးကိုတော့
      မချစ်သော်လည်း အောင့်ကာ နမ်းရပါတယ်ခည..

      တခါတခါလည်း ရည်းစားဦးဆီ တချက်ကလေး စောင်းငဲ့ကြည့်မိပါသည် …
      သို့သော် ..သို့သော် …….

  • yaungchikha

    November 17, 2011 at 4:56 pm

    ကျမတို့ဆီမှာတော့ Apple Brand တရားဝင်ဖွင့်တဲ့ဆိုင်မရှိသေးဘူးထင်တယ်၊ Jailbreak လုပ်ပြီးဆော့ဝဲဒေါင်းရတာ၊ iTunes ဆော့ဝဲတင်ရတာနဲ့ တချို့သက်ဆိုင်တဲ့ software တင်လို့ အဆင်မပြေတာ အသုံးပြုတဲ့ User တွေအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်ရမယ်ထင်တယ်၊ အခုလို နည်းပညာပိုင်းနဲ့ပတ်သက်ပြီး တင်ပေးတဲ့ အင်ဇာဂီလည်း နောက်ထပ် အခုလိုမျိုး ဗဟုသုတရစရာလးတွေတင်ပေးပါဦး၊ ကျမကတော့ Apple Brand ကို ကြိုက်ပါတယ်၊ ဝယ်သုံးဖို့ကတော့ စဉ်းစားရဦးမည်………..:)…….:)

    • htoosan

      November 18, 2011 at 9:44 pm

      Apple Brand တရားဝင် ဟုတ်မဟုတ်တော့ မသိဘူး .. စိန်ဂေဟာ အောက်ထပ်မှာ ihub ဆိုတဲ့နံမည်နဲ့ apple brand တွေရောင်းတဲ့ဆိုင် တစ်ဆိုင်တော့ရှိတယ်။
      46 လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ Apple Service ဆိုပြီး jailbreak ဘာညာနဲ့ ကြော်ငြာ လဲတွေ့မိတယ်။

  • ပေါက်ဖော်

    November 17, 2011 at 8:38 pm

    ရေးတဲ့လူတွေမပြောနဲ ့..
    နာတို ့ဖတ်တဲ့လူတွေတောင် ဖတ်ဖတ်ကိုမောနေတာဘဲ….
    ပန်းတီးတွားချားဦးမယ်..အမောပြေ
    😀

  • ရာဇဝင်လူဆိုး

    November 17, 2011 at 10:41 pm

    တကယ်ကို အပေးကောင်းတဲ့ပိုစ့် အဖြစ်မှတ်ယူတယ်ဗျာ။ ဒါမျိုးတွေ များများရေးဖို့….. အင်ကြီးရေ…. ဆက်လုပ်။

  • မင်းပြည့်ရှိန်

    November 18, 2011 at 12:25 am

    ကျေးဇူး အများကြီး တင်ပါသည် ကိုဂျီး အင်ဇာဂီ
    လေ့လာလို့ ကောင်းလိုက်တာဗျာ..
    လာမယ့် ၂၀၁၅ မှာ ဘာညာ ဘာညာ လုပ်စားကြမယ့်
    အနော်တို့လို လူငယ်များ အတွက် ခုလို ပို့စ်လေးတွေ များများရေးပြီး
    ပညာပေးပါဦးလို့ဗျာ…

  • ကြောင်ကြီး

    November 18, 2011 at 11:02 am

    မစ္စတာဂီ ရေးထားတာ သိပ်ပြည့်စုံလွန်းနေတော့လည်း ဘာဝင်ငြင်းရမှန်းတောင် မသိဘူး။ စတိဂျော့ဗ်ကို သဘောကျတာ သူ့ရဲ့စွန့်ဦးတီထွင် ထိုးဖောက်နိုင်စွမ်းအတွက်ပါ။ ကမာ္ဘပေါ်မှာ အအောင်အမြင်ဆုံး နည်းပညာ ကုမ္မဏီတခုကို မွေးဖွားဦးဆောင်နိုင်တယ်၊ သမားရိုးကျ လမ်းစဉ်များကနေ ဖောက်ထွက်အနိုင်ယူပြတယ်၊ အတွေးအခေါ် လွတ်လပ်ပွင့်လင်းတယ်၊ အကျင့်စာရိတ္တပိုင်း ကောင်းတယ်ဗျာ။ (ဘီလ်ဂိတ်လည်း အလားတူပဲ၊ တချိန်လုံး နည်းပညာ အသစ်ထွင် စီးပွားရှာဖို့ စဉ်းစားနေတော့ သူများတွေလို ရှုပ်ရှုပ်ပွေပွေလုပ်ဖို့ အချိန်မပေးနိုင်ဘူးနဲ့တူဒယ်)
    အက်ပဲလ်ကျသွားနိုင်မလားဆိုတာ ဘယ်အရာမဆို အမြင့်ဆုံးတက်ပြီးရင် ပြန်ကျတာ သဘာဝမို့ အခုအချိန်သည် အမြင့်ဆုံးအမှတ်ကိုရောက်နေသလား၊ ထပ်တက်ဖို့ရှိသေးလား၊ ကျသွားရင်ရော ဘယ်လိုကျမှာလည်း၊ စဉ်းစားဖို့သာရှိပါတယ်။ အက်ပဲလ်က တယ်လီဗေးရှင်း itv နည်းပညာအသစ်နဲ့ နောက်တမျိုးကြိုးစားနေတယ်။ iproduct iservice ဆိုတာကလည်း လုပ်တတ်ရင် အဆုံးမရှိပါဘူး။ အခုအချိန်အထိတော့ အိုက်ပဒ်၊ အိုင်ဖုံး များကို ဈေးတူယှဉ် ဖိုက်နိုင်သူ မတွေ့သေးဘူး။ အောက်ဈေးချဝင်ရတဲ့ သူချည်ပဲ။ ဈေးတူရင် အက်ပဲလ်ကိုပဲ ရွေးကြမှာပါ။ အနည်စု ကိုယ့်လိုအပ်ချက်နဲ့ ကိုက်သူများကတော့ တမျိုးပေ့ါနော်။ ဥပမာ – ဘလက်ဘယ်ရီဆားဗစ်ကို data processing အတွက်ကောင်းလို့ အချိန်နဲ့တပြေးညီ သတင်းအချက်အလက်ရလိုသူများ ပိုနှစ်သက်ကြပေမဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ဆို ပိုလှ၊ ပိုပေါ်ပြူလာဖြစ်တဲ့ အိုင်ဖုံးကို ရွေးကြဖို့များတယ်။ တကိုယ်ရည်သုံး လိုအပ်ချက်က တမျိုးလေ။ လောလောဆယ်မှာ အက်ပဲလ်လို ဂရက်ဖစ်ဒီဇိုင်း အရည်အသွေးကောင်းတဲ့ ကွန်ပြူတာများလည်း မရှိသေး (ရှိလည်း အိုင်ဖုံးဥပမာလို ဈေးခြင်းတူရင် အက်ပဲလ်ကိုသာ ရွေးကြတယ်။ စီးပွားရေး လုပ်ငန်းသုံးများတော့ မသိပါ။ တဦးချင်းလေ့လာလိုသူများကို ပြောပါသည်။) သူတို့ကလည်း လူငယ်ဆယ်ကျော်သက်တွေဆိုတော့ ရှေ့လျောက် brand royalty ကလည်း ကြာရှည်ခံအုံးမယ်။
    အခြားကွန်ပြူတာကုမ္မဏီများနဲ့ ဈေးကွက်ကွဲပြားမှုသည် အက်ပဲလ်တံဆိပ် ကြာရှည်ခံဖို့ အဓိကကျတယ် ထင်တယ်။ အက်ပဲလ် ဘယ်လောက်နာမည်ကြီးကြီး တန်ဖိုးနည်း ဈေးကွက်ကို ဝင်မလုဘူး။ ipone, ipad မပေါ်ခင် imac ကွန်ပြူတာ, ipod mp3 player ခေတ်ကထဲက ပရီမီယံကြေးဆော်ပြီး တန်ဖိုးမြင့်ဈေးကွက်မှာနေတယ်၊ မတူတဲ့ ဆားဗစ်တွေပေးထားတယ်။ ဥပမာ ကွန်ပြူတာဝယ်ရင် တသက်စာ anti-virus software update လုပ်ခွင့်၊ itunes music library (သူ့ခေတ်အခါကပေါ့လေ)။ ဈေးအပေါဆုံး အိုက်မက်ကွန်ပြူတာတောင် ဈေးအများဆုံး pc ကွန်ပြူတာလောက်ရှိတယ်။ မားကက်တင်း သဘောမှာ ကိုယ့်ဂွင်ထဲကို ပြိုင်ဖက်ဝင်လာရင် သူ့နယ်ထဲကိုလည်း တန်ပြန်ဝင်ပေးရတယ်။ ဒါမှ နောက်တန်းကပို့ပေးမဲ့ ထောက်ပံ့ရေးစနစ်တွေပျက်ဆီး၊ လိုက်လာမဲ့စစ်ကူတွေ ဖရိုဖရဲဖြစ်ပြီး အကြံအစည်ပျက်မှာ။ စီးပွားရေးကော်ပိုရေးရှင်းကြီးများ ဒါကြောင့် မပိုင်ဘဲနဲ့ ပြိုင်ဖက်ဂွင်ကို သွားမဆော်ဘူး။ သူ့စည်းကိုယ့်စည်းထား စားသောက်ကြတယ်။ ဈေးကွက်တခုလုံး ကျနေမှ၊ ကုမ္မဏီအနေနဲ့ မလုပ်မဖြစ်မှသာ အရဲစွန့်တိုးလေ့ရှိတယ်။ အက်ပဲလည်း တကိုယ်ရေသုံးအိုင်တီဈေးကွက်မှာ ဒီသဘောပဲ။ ဘီလူးစည်း လူ့စည်းထား လှုပ်ရှားတယ်၊ သူများကိုလည်း စားသောက်ခွင့် ပေးထားတယ်။ ကိုယ်ကတော့ အဆီတုံး၊ အသားတုံးကြီးတွေကို မောင်ပိုင်စီးအုပ်တာပေါ့နော်။ ကိုင်အားသာတဲ့ အပိုင်းကလည်း ဒီဖက်မှာ သေချာတာကိုး။ ကျန်သူများလည်း ဈေးကွက်ထဲက ရထားတဲ့ဝေစုအတွက် ကိုက်ကြခဲကြရင်းနဲ့ အန္တရာယ်များ စွန့်စားရမဲ့ တန်ဖိုးမြင့်ဈေးကွက်ကို မစဉ်းစားတော့ဘူး။ ဝင်မယ်ဆိုရင် ကနဦး သုတေသန ကုန်ကျစရိတ်က အတော်ကုန်မှာကိုး။ မိမိက ဝင်ဖို့ အာသီသရှိတောင် ရှယ်ယာပိုင်ရှင်တွေက သဘောတူအုံးမှ။ ငွေရှင်ကြေးရှင်ဆိုတာ အမြတ်သေချာမှ လုပ်တာ။ ဂုဏ်သိက္ခာအတွက်၊ တခေတ်ပြောင်းဖို့ ဘာညာကွိကွ သွားမပြောနဲ့၊ နွားကို ပလာတာကျွေးတာထက် ဆိုးသွားမယ်။ စတိဂျော့ဗ်တောင် ကိုယ်ပိုင်လုပ်အား အရင်းအနှီးနဲ့ စခဲ့ရတာလေ။ အခြား နည်းပညာကုမ္မဏီများ (မိုက်က္ကရိုဆော့ဖ်၊ ဂူဂဲလ်) လည်း ဒီသဘောပဲ။ အောင်မြင်ဖို့ လမ်းစပေါ်မှ စပ်တူလုပ်အရင်းအနှီးထည့် စွန့်စားယူမဲ့သူတွေ ပေါ်လာမှာ။
    လောလောဆယ်မှာတော့ အက်ပဲလ်နဲ့ ထိပ်တိုက်တွေ့နိုင်တာ ဂူဂဲလ်ကုမ္မဏီပဲ မြင်တယ်။ လူငယ်တွေအုပ်ချုပ်တယ်၊ အက်ပဲလ်လိုပဲ တီထွင်ဆန်းသစ် စွန့်စားရဲတယ်၊ အောင်မြင်နေတယ်၊ အရင်းအနှီးရှိတယ်။ ရေရှည်မှာ အက်ပဲလ်ရှေ့ဆက်လှမ်းမဲ့ အိုင်ဈေးကွက်အသစ် နည်းပညာအသစ် တခုခုမှာ ထိပ်တိုက်တွေ့မယ်ထင်တာပဲ။ အမေရိကန်အစိုးရက ပါးနပ်ရင် နှစ်ဖက်ရင်ဆိုင်မတွေ့အောင် အပေါ်ကနေ လမ်းလွှဲညွှန်ကြားပေးလို့ရတယ်။ နှစ်ဖက်စလုံးက ငွေကုန်ကျခံစခဲ့ပြီးရင်၊ အကောင်ကြီးဖြစ်လာလို့ ထုံးစံအတိုင်း ငွေကြေးထက် ဂုဏ်သိက္ခာပြိုင်ဆိုင်မှုတွေပါလာရင် အထိန်းရခက်သွားပြီ။ အက်ပဲလ်အတွက် နောက်ထွက်မဲ့ အိုင်ဖုံး၊ အိုင်ပတ်ဒ် ဗားရှင်းအသစ်များကနေ ရှေ့အလားအလာကို မြင်နိုင်မယ်ထင်တယ်။ ဈေးကွက်ဝေစု၊ ပြိုင်ဆိုင်မှု၊ ရှယ်ယာဈေးနှုန်းများအားလုံး အမြင့်ဆုံးရောက်နေချိန်မှာ လုံးလုံးလျားလျား ဦးဆောင်သူအသစ်နဲ့ အက်ပဲလ်ကုမ္မဏီကို အားလုံးက အသေအချာ စောင့်ကြည့်လျက်ရှိပါတယ်ခင်ဗျား။

  • nigimi77

    November 18, 2011 at 12:13 pm

    ငဇာဂီ ရယ်။

    တော်ပါ့ ။

    တော်တော် လေ့လာနိုင်သကိုး ။

  • memeseku

    November 18, 2011 at 2:00 pm

    စာဖတ်အားကိုလေးစားပါတယ်။

  • FattyCat

    November 18, 2011 at 4:24 pm

    Steve Jobs အကြောင်းအမှတ်တရရေးထားဖူးတဲ့ ကြောင်တစ်ကောင်ရဲ့ခံစားချက်လေးတော့ ဖတ်ကြဦးနော်

    ၂၀၀၁ ခုနှစ်လောက်က Motorola V3 နဲ့ Mobile ကိုစပြီး ဆက်ဆံခဲ့ဖူးတဲ့သူတစ်ယောက်
    ၂၀၀ရ ခုနှစ်မှာ Blackberry ကို တော်တော်လေးသဘောကျခဲ့တယ်။ Business Style ဖုန်းစစ်စစ်လို့ ခံစားခဲ့ရတယ်။
    ၂၀၀၉ မှာ မထင်မှတ်ပဲ iPod Touch 2G လေးကို စတင်ပြီး စွဲလန်းမိခဲ့တယ်။
    ၂၀၁ဝ မှာ iPhone 3G, ၂၀၁ဝ နှစ်လည်လောက်မှာ iPhone 3Gs နဲ့ အခု ၂၀၁၁ မှာ iPhone4 ကို လက်ရှိ ကိုင်စွဲအသုံးပြုနေသူတစ်ယောက်ရဲ့ ခံစားမှုသက်သက်ကို ပြောပြချင်ပါတယ်။
    Android ကို 1.6 Apad လို့ခေါ်တဲ့တရုတ် Tablet, 2.2.3 ကို Samsung Galaxy တွေနဲ့ စမ်းသပ်ခဲ့ဖူးတယ်။ လက်ထဲမှာလဲ Samsung Galaxy လေးရှိနေသေးတယ်။
    နှိုင်းယှဉ်ခံစားကြည့်ပါတယ်။ (ကြွားပြောနေခြင်းမဟုတ်ပါ..မသုံးဖူးပဲရမ်းဖြီးလိုက်တယ်လို့ မထင်စေလိုသဖြင့် ပြောခြင်းဖြစ်ပါတယ်)

    Android OS ကို Mircosoft ရဲ့ Windows OS လိုပဲ သဘောထားကြည့်လိုက်ရအောင်…
    PC တွေရဲ့ ၈၀% ကျော်မှာ Windows OS ကို အသုံးပြုကြတယ်။ အခုလဲ Google ရဲ့ Android က Smartphone တော်တော်များများရဲ့ နေရာကိုယူထားတယ်။ Nokia ရဲ့ Java သာသာ Sybiam ကို ခဏထားလိုက်ဗျာ။

    Apple ရဲ့ iOS ကို iDevice တွေမှာပဲ သုံးလို့ရတယ်။ အဲဒီအတွက် Standard တစ်ခုဖြစ်သွားတယ်။
    Android ဟာ အခုအချိန်အထိ ထုတ်လုပ်သူတွေ Customize လုပ်ထားပြီး Standard အတိအကျမဖြစ်နိုင်သေးပါဘူး။ Samsung ကလဲ သူ့ Android, Sony ကလဲ သူ့ Android
    အဲဒီတော့ Standard မဖြစ်တဲ့ Setting တွေနဲ့ Software တွေကို ရင်ဆိုင်နေရတုန်းပါပဲ။
    ဥပမာ…Samsung မှာ Proxy Setting ပါပေမယ့် တခြား Android သုံးဖုန်းတွေမှာ Proxy Setting မပါခဲ့ပါဘူး။ အဲဒီအတွက် User တစ်ယောက်နေနဲ့ စိတ်ထဲမသက်သာခဲ့ဘူး။ Samsung ရဲ့ Proxy Setting ဟာလဲ Application အားလုံးအတွက် အလုပ်မလုပ်ခဲ့သလို ထင်သလောက် အသုံးမတည့်ခဲ့ဘူး။
    နောက်တစ်ခုက Stability ပါ။ Android OS က Root မလုပ်ထားတဲ့အချိန်မှာတောင် Jailbreak လုပ်ထားတဲ့ iOS ရဲ့ Stability ကို မမီပါဘူး။
    ဒါဆိုရင်..Android က Microsoft Windows လိုပဲ Error များများ၊ ဈေးကွက်နေရာများများရထားတဲ့ Mobile OS ပေါ့။
    iOS က Platform ကို ကန့်သတ်ထားတယ်။ ဒါပေမယ့် Stable ဖြစ်တယ်။
    iPhone 4G ဟာ CPU 800MHz ကို သုံးထားပြီး Memory 512 MB ပဲရှိတဲ့ Device တစ်ခုဖြစ်ပြီး
    Hardware Specification တူတဲ့ တခြား Android Phone နဲ့ ယှဉ်ကြည့်ရင် Performance မှာ မယှဉ်နိုင် လောက်အောင် ပိုကောင်းတယ်ဆိုတာငြင်းချင်တဲ့သူရှိရင် Angry Birds ကိုပဲ အရင်ဆုံး ပစ်ကြည့်ကြရအောင်။
    iPhone ဟာ Hardware ပိုင်းမှာရော၊ OS ပိုင်းမှာပါ ပိုကောင်းတဲ့ Design နဲ့ Quality ရှိတယ်လို့ User တစ်ယောက်အနေနဲ့ ခံစားရပါတယ်။
    အဲဒီတော့ တစ်ချိန်က Windows OS က Mac OS ကို ကျော်တက်သွားတဲ့ Software ရှားပါးမှုပြသနာကို iOS မှာ Apple က ရှင်းလင်းထားပြီးသားလို့ မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် iOS Application က Android Application ထက် အဆပေါင်းများစွာ ပိုများလို့ပါ။ အားမနာတမ်းထပ်ပြောရရင် အသုံးတည့်တဲ့ Application တွေပိုပြီးများပါတယ်။
    Sony PSP ကို အရင်တုန်းက စွဲစွဲမြဲမြဲကစားခဲ့ပါတယ်။ အခု PSP ကို စွန့်လွှတ်ပြီး iPhone နဲ့ ဂိမ်းကစားနေတယ်လို့ပြောရင် Mobile Gaming ကိုပါ iPhone က လွှမ်းမိုးထားနိုင်ခဲ့တယ်။
    Android မှာ Mobile Gaming ကို အစားထိုးဖို့ Smart Phone အနည်းငယ်သာရှိသေးတယ်ဆိုတာ ဝန်ခံရမှာပါ။
    အဲဒါဆိုရင် iOS က အရင် Mac OS လိုမဖြစ်သလို..Android ကလဲ Microsoft Windows လို ဖြစ်မလာနိုင်ဘူးလို့ မြင်ပါတယ်။
    ရှင်းရှင်းပြောရရင် Crack Application မှာတောင် iOS အတွက်က Android ထက်ပိုများပါတယ်။

    နောက်တစ်ခု Apple ရဲ့ Device တွေနဲ့ OS တွေရဲ့ Interface ဟာ အလွယ်ဆုံးသုံးနိုင်အောင် Design ချထားတယ်လို့ပြောရင် လက်ခံကြမှာပါ။ နောက်တစ်ခုက Apple Product အားလုံးမှာ ဘယ်တော့မှမရိုးတဲ့ ဒီဇိုင်းရှိတယ်ဆိုတာ လက်ခံရမှာဖြစ်ပါတယ်။ အခုအချိန်အထိ Apple G4 Computer တွေရဲ့ ဒီဇိုင်းဟာ ခေတ်မီနေသေးတယ်ဆိုတာပါပဲ။
    အဲဒါကြောင့် အနုပညာဆန်တဲ့ Computer လေးလို့ ကျွန်တော် တင်စားမိပါတယ်။
    နောက်တစ်ခုထပ်ပြောမယ်ဆိုရင် ဈေးအရမြင့်တဲ့ Apple Product တွေဟာ သာမာန်သုံးပစ္စည်းတွေဆိုတာထက် Luxury တွေလို့ မြင်မိပါတယ်။ ဥပမာ ကားစီးတဲ့ လူတွေအများကြီး ရှိတဲ့အထဲမှာ ဘီးလေးဘီးပါတာခြင်းအတူတူ လူ (၂)ယောက်ပဲစီးလို့ရတဲ့ Lamborghini တို့ Ferrari တို့လိုကားတွေကို ဈေးကြီးကြီးပေးစီးကြသလို။ Smart Phone ချင်းအတူတူ iPhone လေးကို ကိုင်တဲ့ Feeling လေးအတွက် ပေးရတာနဲ့ တန်အောင်ပြန်ပေးထားတဲ့ ကန့်သတ်မှုတွေနဲ့ Service တွေကို ကျေကျေနပ်နပ်သုံးပြီး Apple ကမ္ဘာလေးထဲမှာ ပျော်ပျော်ကြီးနေပါတော့မယ်…

    (အင်ဇာဂီပြောသလို သူကြီးအားဦးထိပ်ထားပြီး ကြောင်ညီအစ်ကိုများနှင့်တစ်တပ်တစ်အားပါဝင်ခြင်းမဟုတ်ပါ…
    ရင်ထဲခံစားရသမျှကို ပွင့်ပွင့်လင်းလင်းရေးသားလိုက်မိခြင်းဖြစ်ပါသည်။ ယခု ရန်ကုန်မြို့နှင့် အဝေးတစ်နေရာမှ ခနော်နီခနော်နဲ့ အင်တာနက်ကလေးဖြင့်ရေးသားလိုက်ခြင်းဖြစ်ပါသည်)

    ကြောင်ဝတုတ်
    ခေတ္တ ရခိုင်ပြည်

    • inz@ghi

      November 18, 2011 at 6:55 pm

      အားပါးပါးစ်.. …
      မြင့် သထက် မြင့်လာပါ ပီ ဆြာတို့ ….

      သဂျီး ဂီဂီ့ကို သည်တိုင်း ပစ်ထားတော့မှာလား ….

      သည်ည်နေ ရထားစီးရင်း ကိုကြောင်ကြီးကို ပြန်မန့်သင့် မမန့်သင့်
      စဉ်းစားတုန်း ရှိသေး နောက်ထပ် ကြောင်ညီကို တယောက်ကပါ ဝင်မန့်သွားပီကိုးဗျ…..

      အစ်ကို ပြောတဲ့ အချက်တွေ အားလုံး ကို ကျနော် လက်ခံပါတယ်ခင်ဗျား ….
      ကျနော်ဟာလည်း အရင် က iPhone 3GS, 4G user တယောက်ပါပဲဗျ….
      အစ်ကိုပြောသလို gaming လည်း ကျနော် အတော်စွဲခဲ့ပါသည် …
      စွဲဆို ကျနော်က Fifa 2011 ကန်ခဲ့တာကိုးဗျ….
      3GS နဲ့ 4G မှာတောင် ဘယ်လိုကွာသလဲ ကျနော် ယှဉ်သုံးဖူးပါသည် …

      သို့သော် အစ်ကိုရေ့ …. ပြောရရင် ခုအနေအထားက
      လွန်ခဲ့တဲ့ နှစ် ၂ဝကျော်က အနေအထားနဲ့ တထပ်တည်းနည်းပါး တူနေတယ် လို့ ဆိုချင်ပါတယ်ဗျား…
      Apple ဟာ laser jet printing ကို Adobe နဲ့ပူးတွဲအောင်မြင်မှုရပီး
      daisy printing ပဲပေးနိုင်တဲ့ pc တွေကို ကျော်လွှားခဲ့ပါတယ်…

      ဒါပေမယ့် သည့်ထက်ပို ဘာမှ မလုပ်နိုင်တော့လို့ Strategic Breakpoint ရောက်ခဲ့ပြီး
      နောက်ဆုတ်ပေးခဲ့ရတာပါ ……Jobs မရှိတော့တာလည်း ပါမယ် လို့ ငြင်းနိုင်ပါသေးတယ်ခင်ဗျ…

      iPhone, iPad ဟာလည်း သည်လို အနေအထားပါပဲ …လောလောဆယ် peak ပါ…
      (Gartner ရဲ့အလိုအရတော့ မဆိုသလောက်ကလေး ကျနေပါတယ် လက်ရှိမှာပါ
      အခိုက်အတန့် လည်း ဖြစ်ချင်ဖြစ်မှာပါ….)

      Gaming အရပဲပြောကြဦးစို့
      Sony လည်း Tablet လိုက်ထုတ်နေပါတယ် …smartphone လိုက်ထုတ်နေပါတယ်..
      သူ့မှာ Playstation family ရှိပါတယ် (PS Phone တောင် ကြေညာထားပီနော့်)
      သိတဲ့အတိုင်း MS ဟာ X-box ပိုင်ပါတယ် ….Xbox live server ရှိပါတယ်…
      နောက် လက်တလောလေးကမှ အောင်မြင်နေတဲ့ kinect ကိုတီထွင်အောင်မြင်ထားပါတယ်….
      Nintendo ဟာ အချိန်မရွေး Toshiba နဲ့ Strategical Alliance လုပ်သွားမယ့်လူပါ…

      တခြား တခုပြောရရင်လည်း ဈေးကွက် ဖြန့်ကျက်ထားမှုမှာ Apple က အားနည်းနေသေးတာပါပဲ…
      Google ဟာ Youtube ပိုင်ရှင်ပါ …. iTV ကို သူ အဓိကထား ယှဉ်ပါလိမ့်မယ်…

      ကျနော်ပြောချင်တာက Apple Inc. ခင်းကျင်းထားတာတွေက ဒါအကုန်ပါပဲ…
      B2C မှာ ပန်းပန်နေပေမယ့် B2B မရှိတဲ့အတွက် သူ ကျပ်တည်းလာဦးမှာပါပဲ …..

      B2B အကြောင်းတွေတော့ သီးခြားရေးရဦးမယ်ထင်ပါ့…..

      B2B ကို သပ်သပ်ရေးရဦးမယ်ထင်ပါတယ် …
      အချိန်နည်းနည်းပေးပါဗျာ အချက်အလက် ခိုင်ခိုင်မာမာနဲ့ တင်ဆက်သွားပါ့မယ်..
      (ခေါင်းစဉ်ကို ကြောင်ညီအစ်ကို တို့ဖို့ … MS နဲ့ Apple Inc. ဘာကွာ သလဲ ဆိုပေးရင်
      ဆြာကိုသစ်မင်း လိုက်ရိုက်မလားပဲဗျာ …)

      ခင်တဲ့…
      Guy Inz@ghi

  • Gipsy

    November 18, 2011 at 6:16 pm

    ဟူး….. ဖတ်လို့ကောင်းလိုက်တာ.. မောသွားတယ်….၊
    တစ်ကယ်တော်တဲ့ ဇာဇာဂီ ပါလား….။

  • inz@ghi

    November 18, 2011 at 9:30 pm

    စိတ်မကောင်းလို့ ရေးပြီးမှ မတင်ဘူး လုပ်ထားတဲ့ ပိုစ့် …
    ရေးမယ့်ရေးတော့လည်း anti-apple ဖြစ်သွားရတဲ့ ပိုစ့် …..

    ကျနော် တကယ် Steve ကို လေးစားအားကျတဲ့ ချာတိတ်ပါဗျ….
    သူ့ဘဝကို သူ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ သည်ထဲမှာပါပါတယ်…
    ကျနော် လင့် တွေ ထည့်ပါရစေ
    http://meacham.posterous.com/a-sisters-eulogy-for-steve-jobs-steves-last-w
    http://www.minecraftforum.net/topic/755518-steve-jobs-last-words-revealed-by-his-sister/
    http://www.dailymail.co.uk/news/article-2055438/Steve-Jobs-final-words-Oh-wow-revealed-sister-Mona-Simpsons-eulogy.html

    အဆင်ပြေရာ သာ ရှာဖတ်ကြည့်ပါတော့ဗျာ..
    ကျနော်ကတော့ ဘယ်ဗားရှင်း ဖတ်မိသလဲမသိပါ. ..
    ကျနော်သိတာတော့ Steve က သူ့ဘဝကို စတေးပီး ဆွဲတင်ခဲ့ရသလို ခံစားရလို့
    စိတ်မကောင်းဖြစ်ရတာပါ …. အဲ့သည့်တချက် က ပိုဆိုးတယ်ဗျ…
    MS ရော Google မှာပါ နံပါတ်၁တွေ မရှိရင် မသိသာမယ့် အနေအထားမှာ …
    အဲ့သည်က နံပတ်၁တွေထက် သာလွန်ကောင်းမွန်တဲ့ Steve က မနက် အလုပ်ချိန် အစ ကနေ
    ည၁ဝနာရီထိ ….အပြည့်အဝ ရုန်းကန်ပေးပြီး ဆွဲတင်ခဲ့ရတာကိုပါ …

    MS ရော Google ပါ …သေလောက်အောင် လုပ်ခဲ့ရတာ မရှိဘူးရယ်လေ …
    အစောပိုင်းခေတ်မှာ Apple က ဘယ် company ထက်မဆို သာလွန်ကောင်းမွန်တဲ့
    HR ရှိခဲ့တာ ကျနော်လက်ခံပါတယ် …သမိုင်းကလည်း ပြောပါတယ် …..
    Steve က Gates ကို သည်လိုချဲ ခဲ့တယ်ဆိုတာ…

    ယနေ့ခေတ်ကတော့ ခြားနားသွားပြီဗျာ …
    Jonathan Ive လို ပါရမီရှင်မျိုး ရှိနေဆဲပါ …
    သေချာတယ် …
    ရှေ့က example အရ သူသည် သေလောက်အောင် ကြိုးစားပေးမှာမဟုတ်ပါ…
    သူ့ သိက္ခာအရတော့ ကြိုးစားမှာ ဖြစ်ပေမယ့် အသေခံပြီးတော့ တော့ ရုန်းတင်ပေးမှာ
    မဟုတ်လို့ပါ ….

    ကိုကြောင်ဖက်တီး ကို ကပ်ပြီးပြောတာမဟုတ်ပါဗျား …
    မတည်ငြိမ်သေးတဲ့ Android ကို တမာ္ဘလုံးက ဝိုင်း အဖြေရှာနေပြီး ..
    တည်ငြိမ်နေတဲ့ iOS ကိုတော့ 10% သော Mac user တွေက develop
    လုပ်နေကြတာကိုပါ…

    နောက်နေ့ B2Bရေးပါ့မယ်ဗျာ …
    သည် စာစုလေး ဖတ်ကြည့်ကြပါစေ …

    thank you, Steve.
    we love u too although we are not your fans.

  • blackchaw

    November 18, 2011 at 9:46 pm

    ဂိုင်းရေ။
    တကယ်ကိုယ်နားလည်တဲ့ နယ်ပယ်မဟုတ်ပါဘူး။
    ဒါပေမယ့် ဂိုင်းကိုလေးစားရကောင်းမှန်းလောက်တော့သိပါတယ်။
    ဂိုင်းတို့လေ့လာထားတာတွေ ပြန်ရှယ်ပေးနေတာ ကျေးဇူးတင်ကြောင်း
    တကယ်လေးလေးစားစားပြောချင်ပါတယ်ဗျာ။

    • inz@ghi

      November 18, 2011 at 9:52 pm

      အန်ကယ်ဘလက်ရယ် …
      တားတားလဲ အန်ကယ်တို့ ကျပ်လိုက် ကွေးနေအောင်ကလိုက်….
      ဟီး …..

      ငတ်လို့ လုပ်စားမှတော့ ဖတ်ထားရတာပေါ့အန်ကယ်ရယ်…
      ငတ်ရင် ဘူကျွေးမှာတုန်း ..တားတားမှာ ကြင်သူသက်ထားကလည်းမရှိ ….
      ကိုယ့်မိဘဆင်းရဲတာ ကိုယ် ၆၃မကျလို့ မဟုတ်ဝူး ..ကိုယ့် ယောက္ခမ မချမ်းသာတာ
      ကိုယ် ၆၃ မကျတဲ့ အတွက်လို့ ခံယူထားတော့လည်း ခုထိမစွံပြန်. …
      (သနားထှာ…)

      ဒါနဲ့ …
      အန်ကယ်တို့ ဖီလ်းထဲက အရာတွေလည်း မျှပါဦးခင်ဗျာ…
      အန်ကယ်တို့က စီနီယာကြီးတွေပါဗျာ …ပညာယူချင်လို့ပါ…

  • inz@ghi

    November 20, 2011 at 5:23 pm

    ဘယ်ငတိက နာ့ကို ပေါ်တင် မဝေဘန်ရဲလို့ …
    အနီပြတာလဲကွ …ငါ့လခွားတဲ့မှပဲ …
    ဂီဂီတဲ့ကွ…
    ဘောပွဲရှုံးလို့ ဘူနေတာတွေ
    နင်တို့ဆီရောက်မယ်နော် … အပုန်းတွေ ကျပ်ကျပ်သတိထားကြ…

    ခွီး …

  • manawphyulay

    November 20, 2011 at 7:08 pm

    ဒီလိုကျတော့လည်း တစ်ယောက်ချင်းဆီ လေ့လာစရာမလိုတော့ပဲ အကုန်စုပြုံပြီး အကြောင်းလေးတွေ သိရတော့ ဘယ်သူ့ကို အားကျပြီး ဘယ်သူဖြစ်ချင်မှန်းတောင်မသိတော့ဘူး။ သူတို့လိုပဲ သေရင်တောင် နာမည်ကျန်ဖို့ မနည်းကြိုးစားရဦးမှာပါလား…..

    • inz@ghi

      November 21, 2011 at 6:33 am

      ဂီ့ကို အားကျ တိရား …ဟီး…….
      😀

  • ကြောင်လတ်

    November 21, 2011 at 9:48 am

    ငဇာဂီ…ငဇာဂီ….
    နာဖုန်းတစ်လုံးဝယ်ချင်လို့ တူ့ ကိုအားကိုးတဂျီးမေးတုန်းက
    အိုင်ဖုန်းတစ်လုံးသာ ဝယ်လိုက်ပါဗျာဆိုပြီး နာ့ကိုဂျောက်တွန်းတယ်…
    တေ နာ ဂေါင်…… ကဲမှတ်ပရား
    ကြောင်လိုဆဲလိုက်အုန်းမယ်
    ခွီးညောင်း….ဝရောင်း ဝင်းရောင်း ….ဝင်းအောင်…..

    • inz@ghi

      November 21, 2011 at 9:57 am

      ဟုတ်ရယ်လေ လို့….
      ခုလက်တလောတော့ တူဘဲ အကောင်းဆုံးဟာ ….
      အဲပဲလ်ကြီး ဂွမ်းမယ်ဆိုလည်း နောက် ၅နှစ်ကနေ ၁ဝနှစ်လောက်ထိတော့ ခံဦးမှာပဲကို
      ကကြောင့်ဖုန်းလည်း အဲ့လောက်ဆို ဂွပ်လောက်ပီ…

      အကောင်းလဲပြောရသေးတာပဲကို ..ဟာဘဲကို ဟာဘဲကို…

  • thit min

    November 21, 2011 at 10:46 am

    ကိုဇာဂီရေ
    အာရုံတွေ မအားတာနဲ့ လူမှုရေးအကန့်တွေ “ဟာ” ကုန်တာ ဆောရီးပါညီ။
    ခုဖတ်လိုက်ပါပြီ.
    တော်တော်ကောင်းမွန်တဲ့ လေ့လာမှုနဲ့ ပြည့်စုံတဲ့ ပို့စ်လေးပါ။

    “လူတွေဟာ အကုန်လုံးတော့ မသိနိုင်ပါဘူး။
    ဒါပေမဲ့ တခုခု လောက်ကိုတော့ သေသေချာချာ သိဘို့လိုတယ်” ဆိုတဲ့
    အယူအဆအရ ကိုဇာဂီလေး ကို လေးစားပါတယ်။

    ကိုယ်မှန်တယ်လို့ ထင်တဲ့ လမ်းကြောင်းပေါ်ကို အောင်မြင်အောင် ရှောက်နိုင်ခဲ့တဲ့ သူတို့
    သူတို့ လို လူမျိုးတွေဟာ လောကကြီးအတွက် တကယ်ကိုလိုအပ်ပါတယ်။
    မှန်ရင် လောကကိုတိုက်ရိုက် အကျိုးပြုမယ်။
    မှားရင် ကောင်းသောသင်ခန်းစာများပေးပြီး အကျိုးပြုပါတယ်။
    အတုယူစရာတွေ ကျန်စမြဲမို့ ခုလိုစာမျိုးတွေ ဟာ လည်း လိုအပ်လှပါတယ်။

    အဲဒီ လိုအပ်ချက်ကြီးကို လှလှပပ ခမ်းခမ်းနားနား ခင်းကျင်းသွားတဲ့ အင်ဇာဂီ ဆိုတာ “အချို”
    မှန်း သိလိုက်ပါကြောင်း (^^)
    ခင်မင်စွာ။

    P.S နည်းပညာပိုင်း၊ဈေးကွက်ပိုင်း တွေကတော့ အပေါ်က လက်စွမ်းထက်လှတဲ့ ဆရာများရဲ့ ကော်မန့်နဲ့ကိုအင်ဇာ
    ရဲ့ မူရင်းစာစုများကပြည့်စုံစေခဲ့ပီမို့ အုံး မစားတော့ပါဘူးလို့..

  • Wai Phyoe

    December 30, 2011 at 1:19 pm

    ပော့ကောင် မင်းapple ကိုဖဲ့ချင်ရင် apple product သုံးနိင်အောင်ပဲအရင်ကြိုးစားလိုက်အုံး
    မင်းအဘmp3ဆိုတာသီချင်းပဲနားထောင်လို့ရတာ မင်းလိုငမွဲကြိုက်ရင်တော့မပြောတတ်ဘူးပေါ့ကွာ
    user တွေကိုတော့မစော်ကားနဲ့ပေါ့ကွာ အဆင့်ရှိရှိနေစမ်းပါ

    • inz@ghi

      December 30, 2011 at 1:24 pm

      ကျုပ်ကိုပြောတာလားဗျ….?

    • water-melon

      January 1, 2012 at 7:31 pm

      လူကြီးလူကောင်းတွေ စကားပြောနေတယ်လေကွာ
      အစာခြောက်လဲကျွေးထားတယ် အရိုးလည်းပေးကိုုက်ထားတာကို
      ဟောင်ပွမ်ဟောင်ပွမ် မလုပ်စမ်းနဲ့ သင်းကွပ်ပြစ်လိုက်မယ် ဘာမှတ်နေလဲ

  • memeseku

    December 31, 2011 at 11:38 am

    စိတ်မပူနဲ.ကိုဇာ… ကျနော်အနီကစ်ပေးလိုက်တယ်…… မှတ်ကရော….. .ငဒူကောင်…..ဟိုဟာသုံးလဲပိုက်ဆံတောင်းဒီဟာသုံးလဲပိုက်ဆံတောင်.နဲ.အလကားဖုန်း

    • inz@ghi

      December 31, 2011 at 11:55 am

      ကျနော် စိတ်မကောင်းဖြစ်ရတဲ့ ကွန်းမန့်ပါဗျာ ..

      ဗမာလိုရေးထားတာလေးတွေ တောင် သေချာ ဖတ်မိဟန်မတူဘူး …
      နည်းပညာပိုင်းအရ …ပညာရပ်ဆိုင်ရာအရ ..ကျနော့် အယူအဆ ကို လက်မခံနိုင်တဲ့ ရွာသူားတွေနဲ့ ကျနော်ယဉ်ကျေးစွာ
      ဆွေးနွေး တိုင်ပင် နှီးနောခဲ့တာ အပေါ်မှာ ညီမလည်း တွေ့မှာပါ …

      ခုဟာက ပလိန်းကြီး …ပါဆင်နယ်လ်အရ တိုက်ခိုက်တာမို့ပါ…ကျနော် ..စိတ်မပူသလို
      စိတ်လည်းမဆိုးပါဘူး ….. ကျနော့် အို်င်တီ ဘဝဟာ Apple နဲ့ စခဲ့ပြီး …အဆင်မပြေလွန်းလို့ microsoft အခြေပြု
      programmer လုပ်ခဲ့တာ …မကြာမကြာ apple ကို ကျနော် သံယောဇဉ်မကုန်လို့ ပြန်ပြန်လှည့်ကြည့်ဖူးတယ်..
      (ရည်းစားဦးကိုး …) …နောက်ဆုံး ၂၀၁ဝမှာ ကျနော့်ကို သုံးပါလို့ လာပေးတဲ့ Mac ကို သူများပေးပစ်တာ …
      ကျနော် ၁နှစ်ထက်ပိုပြီး iPhone 3GS, 4G ၂လုံးလုံး ကို ဆက်မသုံးတာ …ကျနော် တွေ့ခဲ့ရတဲ့ ..experience ကြောင့်ပါပဲ…

      ကျနော် user, developer, marketer အနေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရလို့ အသေအချာ ပြုစုထားတဲ့ဆောင်းပါးပါဗျာ.
      အဆဲခံ ရသလို ရေးတော့ စိတ်မကောင်းတာတော့ အမှန်ပဲ …..
      ကြွားတယ် မာန်တက်တယ် ဆိုတဲ့ပုံစံမျိုး ကျုပ် တုန့်ပြန်ရင် ရတာပေါ့ဗျာ ….

      ခုဟာက စိတ်မကောင်းဖြစ်ရုံသက်သက်ပါ. ..သူ့ ခညာ ..သနားပါတယ်…ဗမာလိုရေးထားတာတောင် လုံးစေ့ပတ်စေ့
      နားမလည်နိုင်တဲ့ဘဝ …… ဆက်ပြောရင် လည်းနားလည်မှာမဟုတ်လို့ မပြောတော့ပါဘူးကွယ်…..

      အားပေးတာ ကျေးဇူးနော် ညီမ..
      ခင်တဲ့ ဂီ..

  • Khin Latt

    January 1, 2012 at 7:06 pm

    ဂီဂီ ရေ – ကောင်းလိုက်တဲ့ Post လေး။
    အစ်မ အတွက် Apple နဲ့ ပါတ်သက်ပြီး ထပ်ပြီး ဗဟုသုတပွါး စေပါတယ်။
    အထူးကျေးဇူး ပါဘဲ။
    မင်းကို ကြည့်ရတာ ဘက်စုံထူးချွန် ထင်ပါရဲ့။ Joker လို့ ဆိုသင့်/ မသင့် ???? 😉 jk
    ဂေဇက် မှာ ဒီလို လူမျိုး ရှိနေတာ မင်္ဂလာတစ်ပါးပါဘဲ။
    နှစ်သစ်မှာ စကား အမှန်ပြောပါ၏။ 🙂

  • Wai Phyoe

    January 3, 2012 at 3:01 pm

    တော်တော်အသုံးမကျသောအတွေးခေါ်ပာုကျွန်တော်ထင်ပါသည်။
    Apple သည်လက်ရှိအချိန်ထိအောင်မြင်မှူအပေါင်းသရဖူဆောင်းနေဆဲဖြစ်ပါသည်။
    ဘာကြောင့်နည်း အဘယ့်ကြောင့်နည်း……..?လူတိုင်းသိပါသည် apple product
    များအားသာချက်ကိုပြောရလျှင် ၁၀ရက် ၁ဝလီကြာသွားနိုင်ပါသည်။အထက်ပါpost
    မှာလည်းနိင်ငံခြားweb site တခုမှ apple အတိုက်ခံများရေးသားသွားသည်ကို ဘာသာ
    ပြန်ကော်ပီကူးချပြီး ဆရာကြီးလုပ်သွားသည်မှာ computer programmer များအဖို့ရယ်
    စရာကြီးဖြစ်နေပါသည်(တမျိုးပြော၇ရင်ငပေါကြီးပေါ့ကွာ)။Apple အကြောင်းသုံးဖူးသူတိုင်း
    သိပါသည်။
    ၁.”i-cloud အား i-deivce များအတွက်သာဖြစ်သည်မှာစိတ်ပျက်စရာကောင်းသည်”ပာုရေးသားချက်မှာ
    ရယ်စရာအကောင်းဆုံးဖြစ်ပါသည်။i-cloud အားမကြာသေးမှီအချိန်မှစတင်ခဲ့ပြီးfinancial အရဒေါ်လာ
    ၃.ရဘီလျှံကုန်ကျခဲ့ပါသည်။Apple စေတနာပာုပြောနိုင်ပါသည်။ ထိုသို့service များသင်တို့တွေ့ဖူးပါလား
    nokia အပါအဝင်အခြားsmart phoneများဝေးစွ။ထိုသို့အကုန်ကျများစွာကုန်ခံထားသည့် service ကို
    apple လောက်မစွမ်းဆောင်နိုင်သည့် smart phone များကapproach မလုပ်နိုင်ပါ။သို့သော် သင်က
    အထက်ပါအတိုင်း စိတ်ပျက်စရာပာုထင်ပါက သင်ကိုယ်တိုင်သိန်းရာချီကုန်ခံပြီးဖွင့်ထားသည့်အင်တာနက်ဆိုင်
    ကိုလာလာ အလကားသုံး ကျ ပာုသင်ပြောနိုင်ပါသလား။အပာတ် …… i-cloud က dollar ၃.ရ billion နော်။
    2.”ဘာမှ access လုပ်လို့မရ ဘဲ i-pod ကိုင်ပြီးကြွားလုံးထုတ်နေတဲ့လူတွေကိုရယ်ချင်ပါတယ်တဲ့” ကျွန်တော်ဖတ်ပြီး
    ရီမိသည်မှာကျော့တောင်အောင့်ပါသည်။စာရေးသူက မသုံးဘူးပဲ ရမ်းရေးလိုက်သည်နှင့်တူပါသည်။မြန်မာပြည်
    တွင် wi-fi free zone များပေါ်ပေါက်လာသည်ကို ထိုဆရာကြီးမသိရှာနှင့်တူပါသည်။i-pod internet access
    လုပ်နှုန်းမှာ တခြားsmart phone များနှင့်မယှဉ်ပါနဲ့အုံး computer ထက် ၂ဆမြန်ပါတယ်။ကွန် စုတ်တဲ့burma
    ပြည်နဲ့ကွက်တိပါပဲ၊၊ internet သုံးလို့ရတယ်/comand and conquer လိုဂိမ်းကြီးကိုတောင်တချက်မထစ်ပဲဆော့လို့
    ရတယ်။အသုံးဝင်တဲ့applications များစွာကိုတချိန်ထဲသုံးလို့ရတယ်။VZO ထက်ကောင်းတဲ့ face time နဲ့မျက်နှာပါ
    မြင်ပြီးချက်လို့ရတယ်။you tupe/facebook/အကုန်သုံးလို့ရတယ် i map သုံးပြီးမြေပုံရှာလို့ရတယ်။လက်နဲ့တချက်
    မထိတထိတို့တာနဲ့ ဘယ်smart phone နဲ့မှာမယှဉ်နိူင်တဲ့ interact system ဒါတွေတင်မပြီးဘူး လက်သည်းခွံရဲ့လေး
    ပုံတပုံ camera လေးရဲ့ resolution က panasonic အိမ်သုံးcamera ထက်တောင်လွန်နေပြီ။ကျွန်တော်ရေးသားခဲ့သည့်
    အားသားချက်မှာအနည်းငယ်မျှသာဖြစ်ပါသည်။ဒါတောင် i pad တို့ i phone တို့မပါသေးပါ။
    ဒါကို apple i-pod နှင့် mp3 ယှဉ်ပြီး mp3 ထက်ဈေးအများကြီး ကြီးပြီး function မစုံ ဆိုတဲ့စာသားတွေ့သွားတော့
    ဪဒီလို ဘုမသိ ဘမသိ ကိုယ်မသိတိုင်း သူများမသိဘူးထင်ပြီး internet ပေါ်တက် အရှက်မရှိ လျှောက်ရေး
    လက်ဆော့ ဆရာကြီးလုပ်တဲ့လူတွေကြောင့် မြန်မာပြည်ကြီးမတိုးတက်ပဲ နိုင်ငံတကာက ငပေါတွေလို့သတ်မှတ်နေ
    တာပဲကိုလို့တွေးမိပါသေးတယ်။ဒါတောင် technical point of view လို့ရေးထားတော့ ပာား ပာား ပာား ပာား ပာုအော်ရီမိပါသည်။
    ၃.လူတော်တွေကတောင် master inventor ပာု Steves ကိုသမုတ်ခဲ့ကြပါသည်။ပာုတ်ပါသည်။မှန်ပါသည်။လူတိုင်းက
    ထိုသို့ပင်သတ်မှတ်ကျပါသည် စာဖတ်သူမသိသေးလျှင် Steves ရဲ့ personal biography ကိုမွှေနှောက်နိုင်ပါသည်။
    သင်လက်ဖျားခါသွားပါလိမ့်မည်။ကျွန်တော်ပြောနေလျှင် အထက်ပါစာရေးသူတိုင်း လက်ဆော့ရေးနေမည်ပာုအထင်ခံ
    ရမှာစိုးလို့မရေးတော့ပါ။အရိုးဆုံးတခုပြောရလျှင်ယခုသင့်လက်ထဲတွင်ကိုင်ထားသော mouse မှာ Steveရဲ့တီထွင်မှူထဲကအသေးဆုံးပါ။mouse မရှိသောလောကကိုသင်စဉ်းစားဖူးပါလား………………?
    ၄.Limitation မှာ IT သမားတွေအတွက် အရေးပါလှပါသည်။ကောင်းကျိုးဆိုးကျိုးပာု၂ ဖက်ရှိစမြဲပါ။Limit မရှိ ရှိသမျှsoftware applicationအကုန်ပေး run
    ကောင်းကျိုးကဘာလဲ—-ရှင်းပါတယ်အကုန်သုံးလို့ရတာပေါ့ ဆိုးကျိုးကဘာလဲ——virus တွေခြိမ်းခြောက်တာကောင်းကောင်းကြီးခံရတာပေါ့ ပြီးတော့
    securtiy က လဲquality ကျတာပေါ့။တခြားမကြည့်နဲ့ window တင်ထားတဲ့ pc နဲ့ Android သုံးထားတဲ့ smart ph တွေပဲကြည့် virus မကိုက်ခံရဘူးသေး
    တဲ့စက်ရှိရင်ပြပါ။ကျုပ်တို့burma ပြည်မှာက online သိပ်မကျယ်ပြန့်သေးလို့ bank တွေpersonal file တွေသိ်ပ် အhackမခံရသေးတာ တခြားတိုင်းပြည်မှာ
    အhack ခံရလို့ မွဲသွားတဲ့သူတွေ အရှက်ကွဲတဲ့လူတွေဒူနဲ့ဒေး။အဲ့ဒါတွေကိုဘယ်သူဘာလုပ်ပေးလဲ ရှင်းပါတယ် ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး antivirus လေး
    ထည့်လိုက် online security လုပ်နဲ့ပဲ အချိန်ကုန်နေကျ money ကုန်နေကျတာ။
    Apple product တွေကတော့ရှင်းတယ် စာဖတ်သူတုို့ virus ပါတယ်ထင်တဲ့ document ဒါမှမပာုတ် သီချင်းကြိုက်တာသွားပြီးi-podထဲ ဖြစ်ဖြစ် i-pad ထဲဖြစ်ဖြစ်
    sync လုပ်လိုက်……..အဖြေကဘာလဲ ဘာ virus program မှ အဲ့ဒီစက်ပေါ်မှာအလုပ်မလုပ်နိင်ပဲဂိကုန်တယ်။virus ကပာိုသီချင်းလို သေးသေးလေးပဲလား ကြီးကြီးလား တောင်
    ဖြစ်သွားအုံးမယ် ရတယ် အကုန်ထည့် Don’t Care ပဲ ပာဲ ပာဲ မိုက်တယ်နော်။ကြားရတာတော့စိတ်မကောင်းပါဘူး android ဖုန်းတွေကတော့ gone gone gone ပေါ့။
    ၅. Adobe company က ထုတ်တဲ့ flash ကဘာလို့ပေးမrun လဲ steve က Sပေါ Sရှူးမှမပာုတ်တာ သူ.user တွေပိုသုံး၇ရင် သူတောင်ပိုအောင်မြင်သေးတယ် ဘာလို့လဲ….
    Adobe Photoshop တို့ flash တို့ဆိုတာနာမည်ကြီးပြီးအသုံးဝင်တဲ့ software တွေပါသူပါလို့ကန့်တာလဲ………..လူတွေကအပြစ်တင်ကြတယ်(ငပေါတွေပေါ့)
    အဖြေက—————ဒီadobe ကစထုတ်ခဲ့တဲ့photoshopဆိုတာ Thomas Knoll စရေးခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး နောက်ပိုင်းတော့အောင်မြင်လာပါတယ် flash လဲဒီလိုပါပဲ
    ဒါပေမဲ့ ခုချိန်ထိ flash မှာအားနည်းချက်တွေကများလွန်းလှပါတယ် သုံးနေတဲ့လူတွေဆိုရင်သိမှာပါ flash က ပုံတွေကို2D 3D လှည့်ပြနိုင်ပါတယ် animation နဲ့ပေါ့
    အဲ steve ရဲ့ touch system က 3D ကော 2Dကောကို object တွေသုံးပြီးanimated လုပ်နိုင်ပါတယ်။ ကဲ flash သုံးဖို့လိုသေးလား………………………?ကိုယ့်ကိုကိုပဲဖြေလိုက်
    ကျပါတော့
    ၆.အင်း…………….နောက်တချက်ကဈေးကြီးတယ်ဆိုပဲ ပာဲပာဲ လေးဘီးကားနဲ့ မားစီးဒီးနဲ့ကတော့ဈေးကွာတာပေါ့နော့
    လေးဘီးကားစီးနေတဲ့လူတွေကတော့ မားစီးဒီးစီးနေတဲ့လူတွေကိုဘယ်အကောင်းမြင်မလဲ ဒီတော့ ဆီစားတယ် အင်ဂျင်မကောင်းဘူးပါဘူး ပေါ့ကွာ
    ဒါပေမဲ့သူတို့ကော မစီးချင်ဘူးလားဆိုတော့ စိတ်ထဲမှာတော့ စီးချင်တာပေါ့ကွယ် သူတို့ဘလိုပြောပြော မာစီဒီးကောင်းတယ် ဆိုတာတစ်လောကလုံးသိပါကြောင်း။

    University of computer ကျောင်းသားလေး
    မောင်ဝေဖြိုး

  • Mr.Smith

    January 3, 2012 at 5:35 pm

    ဘာ ပို့စ်ကြီးလဲပာ
    သူများsite ထဲကပာာကြီးcopy ကူးပြီး ဆရာကြီးပုံစံနဲ့လျှောက်ရေးထားတယ်
    ရှက်ဖို့ကောင်းလိုက်တာကွာ

    • ဆူး

      January 3, 2012 at 5:46 pm

      မူရင်း လင့်လေး မျှဝေပေးပါအုန်း.. အဲဒီ ဂိဂိ ဆော်ပလော် တီးချင်လို့ပါ..
      ရွာသားကျော် ဗိုလ်စိန်ငဖော် တို့ နူးဘာ ပါတီ ဂိုဏ်းချုပ်ကြီး ဒီမှာ ငြိနေတယ်။
      ဆွဲကြ လွဲကြ ပါအုန်း။

    • ငပေါက်ဖော်

      January 3, 2012 at 5:55 pm

      ဦးစမစ်သ်ရေ..
      ဘယ်ဆိုဒ်ကဟာကို ဘလိုများကူးမိလို ့လဲ အတင်းရှက်ခိုင်းနေတာလဲ
      သူများဆိုဒ်ဆိုတာကို လင့်ခ်ပြပါ ဘယ်မတုန်း
      အခုလို လက်လွတ်စပယ် ယိုးမစွတ်သင့်ပါကြောင်း ပြောပါရစေခင်ဗျ

  • Mr.Smith

    January 3, 2012 at 5:43 pm

    ပို့စ်ရေးတယ်ဆိုတာ သူများကိုစော်ကားတာမကောင်းပါဘူး
    မကြိုက်ရင်လဲနေပေါ့ လူဆိုတာကို့အကြိုက်နဲ့ကိုပါ
    apple product သုံးတဲ့လူတွေကိုပါ ကြွားလုံးထုတ်တယ် ဘာတွေရယ်ချင်တယ်ဘာတွေရေးတာ
    တော့ရိုင်းတာပေါ့
    ကိုယ်ကျတော့ရိုင်းပြီး တချို့မခံနိုင်တဲ့လူတွေ ပြန်ပြောတာကျတော့ personal ကိုစော်ကားတယ်လို့
    ပြောတာတော့ ရှေ့နောက်မညီ ပဲ human right ကိုဖောက်ချိုးနေတာပါပဲ
    ဒီလို user တွေကိုစော်ကားတဲ့ post မျိုးတွေရတာ ရင်ထဲတကယ်မကောင်းလှပါဘူး
    ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ အားနည်းချက်ပါ ကိုယ်မသိတိုင်း ကောင်းကောင်းမသုံး
    ဖူးတိုင်း ဆရာကြီးလုပ်ပြီး စော်ကားတတ်တဲ့အကျင့်ပါ
    အားလုံးဒီလိုအကျင့်မျိုးနဲ့ကင်းဝေးပြီး ဒီလိုလူမျိုးကိုရှောင်နိင်ကြပါစေလို့………………….

    • windtalker

      January 3, 2012 at 8:10 pm

      မစ်စတာ စမစ် ရဲ ့
      စကားတွေ က ရှေ ့နဲ ့နောက် နဲ ့မညီပါလား
      ဂေဇက်ထဲမှာ စာရေးတာဘဲ ၊ အပြင်မှာ ဘယ်သူ သိမှာလဲ ဆိုပြီး
      ယောက်ျား နာမည် နဲ ့ မိန်းမ စကားတွေ တက်ပြောနေပါလား

      ပထမ ကွန်မင့် က
      “ ဘာ ပို့စ်ကြီးလဲပာ
      သူများsite ထဲကပာာကြီးcopy ကူးပြီး ဆရာကြီးပုံစံနဲ့လျှောက်ရေးထားတယ်
      ရှက်ဖို့ကောင်းလိုက်တာကွာ ”
      အဲဒီလို မန် ့ပြီးရင် ၊ လာခဲ့လေ … ကူးလာတယ် ဆိုတဲ့ မူရင်း ကို ပြလေ
      လျှာအရိုးမရှိ ၊ လက် လပရိုစီ မဖြစ်တိုင်း တိုက်ပင်းလျှောက်မရိုက်နဲ ့
      တစ်ကယ်ဆိုရင် ဒုတိယ ကွန်မင့် ကို က ပေးမလာသင့်ဘူး

  • Mr.Smith

    January 3, 2012 at 6:04 pm

    ပြဆိုတော့လဲပြရတာပေါ့ ကလေးတို့ရယ်
    အန်ကယ်က ဘယ်တော့မှလူတစ်ဖက်သားကိုရမ်းမယိုးစွပ်ဘူးကွဲ့
    ဒဲ့ပဲပြောတယ် နောက်ထပ်ဒဲ့တခုပြောလိုက်အုံးမယ် သူများ site တင် copy ကူးချရုံမကဘူး
    Dark Side of Apple ဆိုတဲ့Title ကြီးပါ စော်ရလုပ်ထားတယ် ကလေးတို့ရေ သတိသာထား
    အန်ကယ်တို့ ဂေဇက်မှာ သူများပာာ မကူးရ ဆိုတဲ့စည်းကမ်းကိုချိုးဖောက်နေတယ့်လူတွေတ
    ပုံကြီး တခုထဲတောင် မပာုတ်ဘူး ဒါတွေအကုန် ကူးထားတာ မောင်ရင်ငပေါက်ဖော်ေ၇…http://forbes.com/sites/…/10/…/the-dark-side-of-apple-part-12/
    http://www.smh.com
    http://www.triplepundit.com/…/dark-side-apples-supply-chain-core/

  • Wai Phyoe

    January 5, 2012 at 12:42 pm

    စိတ်မပူနဲ့ အန်ကယ်စမစ်ရေ အဲ့ဒီ ငအူကို အနီကစ်ပေးလိုက်တယ် မှတ်ကရော့
    ပြဆိုလို့လဲ လင့်ခ် ပြပေးသေး တယ် အဲ့ဒါကို လာပြီးမူရင်းပြတယ် လင့်ခ်ကြီးပေးထားတာကို
    ကလစ်လေးနိပ်ရုံကို ကိုယ့်ပာာကိုယ် ဝင်မကြည့်ပဲ သူ့လင်ထိလို့ အခြောက်မလို ဘာထဖြစ်မှန်းလဲမသိဘူး
    windtalker ဆိုတဲ့အတိုင်း လေပဲပွားတတ်တယ်နဲ့တူတယ် အပာတ်

Leave a Reply