အမျိုးသမီးအများစုအတွက် ခရီးသွားလာကြတဲ့အခါအမှာ အသုံးပြုတဲ့ယာဉ် ကား/ရထားများအပြင်လမ်းမကြီးငယ်များပေါ်
မှာပါကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်လျှက်ရှိကြတာကို အခုအခါ တော်တော်များများတွေ့မြင်လာရပါတယ် ညနေပိုင်းလို
လိုင်းကားကြပ်ချိန်/မီးရထား ကြပ်ချိန်များမှာ မိန်းခလေးအများစုဟာ ဒီလိုအဖြစ်မျိုးတွေနဲ့ရင်ဆိုင် တွေ့နေရတတ်တာပါပဲ
အများအားဖြင် အမူးသမားနဲ့ တဏှားရူးတွေဟာ ဒီလိုအကွက်ကောင်းကိုချောင်းပြီး မိန်းခလေးတွေအပေါ်  ကျူးလွန်း
တတ်တာပဲလေ  ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်တစ်ခုကတော့ …..///
““ကိုကျော်မြင့်သန်း””  ဒီဘိုတော်နဲ့က ဘော်ဒါဘော်ကျွတ်တွေပဲလေ တစ်ခါတစ်ရံ ရုံးကနေ စောစောအပြင်ထွက်ဖြစ်တဲ့
ရက်တွေဆို ဒီဘိုးတော် လင်မယားနဲ့ဆုံနေကျ သူငယ်ချင်းဆိုပေမယ့်  သူကအသက်ကြီးပါတယ်လေ ကျုပ်ကတော့ သူ့ကို
““ကိုမြင့်သန်း””လို့ခေါ်လိုက်တာပဲ သူတို့လင်မယားသဘောကောင်းကြပါတယ် ကိုမြင့်သန်းကသာ နည်းနည်းလေး စိတ်
ဆတ်ပေးမယ် သူ့မိန်းမကတော့ခပ်အေးအေးရယ် ကျုပ်တိုနှစ်ယောက်ဘီယာထိုင်သောက်လဲလိုက် အရက်ဆိုင်သွားလဲလိုက်
လက်ဖက်ရည်ဆိုင်ထိုင်လဲ လိုက်ရှာတာပါပဲ အရက်ထိုင်သောက်လို့ ရေချိန်လွန်ပြီဆိုမှဖြင့် မိန်းမလုပ်သူခမျာ ကိုမြင့်သန်း
ကို တွဲပြီးပြန်ရရှာလေတာပဲ ဒါပေသိ ဆိုးသည်ကောင်းသည် တစ်ခွန်းမပြော ယောကျားအပေါ်အတော်ချစ်ရှာတာပဲဗျ
သူတို့လင်မယားက မြို့ထဲက အရောင်းဆိုင်တစ်မှာအလုပ်လုပ်နေကြတာလေ ဆိုင်ဖွင့်ချိန် မနက်(၉)နာရီ  မှီအောင်သွား
ညကျတော့ လဲ (၉)နာရီ လောက်ပြန်တတ်ကြတာ အခါတိုင်းရက်တွေက မြို့ထဲသွားရင်လိုင်းကားပေါ်မှာဆုံတတ်သလို
ရံဖန်ရံခါ အလုပ်နောက်ကျလို့ မြို့ထဲကအပြန် ဆူးလေ ကားဂိတ်မှာဆုံချင်ဆုံတတ်ကြတာကလားဗျ အဲလိုဆုံတဲ့အခါမှာတော့
ကျုပ်တို့ နှစ်ယောက်သား ဘယ်ဆိုင်သွားပြီး စည်းစိမ်ယူရင်ကောင်းမလဲ တိုင်ပင်တိုင်း မျက်လုံးလေကလယ်ကလယ်နဲ့
သူ့မိန်းမ ခမျာ ဘာမှဝင်ပြောရှာသည်မဟုတ် …မိန်မလုပ်သူခမျာ အဲသလောက် အလိုလိုက်ရှာသည်။။။
တစ်နေ့ …..
ဆူးလေးကားဂိတ်မှာအလုပ်ကအပြန်ည(၈)နာရီခွဲသာသာ မှာပေါ့ ကျုပ်ရပ်နေတာအတော်ကြာပြီ အထူးကားတွေလာတိုင်း လူကအပြည့် “အထူး”ကားသာဆိုတာပါ ညနေပိုင်းကနေစပြီး တင်လိုက်တဲ့လူကအပြည့်အသိပ် “တော်တော်လေး ထူပြီး ကား
နေအောင်” တင်ကြတော့တာပါပဲ တစ်ကားဆိုက်လိုက် ပြေးတက်လိုက် လူပြည့်သွားလိုက်အပေါက်ဝကနေလှည်ပြန်လိုက်  …ဟောနောက်တစ်ကားလာပြီ
သူလဲ“အထူး”ကားပဲလေ ကားရပ်တဲ့နေရာထိပြေးလိုက်သွားလိုက် အပေါက်ဝရောက်တော့ တက်မရတော့လို့ ပြန်လှည့်
လာလိုက် ဒီလိုနဲ့ ဘယ်နှစ်စင်းမြောက်မှန်းမသိတော့ ကျုပ်ခြေထောက်တွေလဲ ကားရပ်တိုင်းပြေးပြေးလိုက်ရလို့ တော်တော်
ညောင်းနေပြီလေ ငုတ်တုတ်သာထိုင်ချလိုက်ချင်တော့တယ် ဒီအချိန်မှာပဲ ကျုပ်အနားကို သူတို့လင်မယားရောက်လာပြီး
““ဟ..ကောင်ရ ခုထိမပြန်ရသေးဘူးလား””
ကျုပ်လဲ လှည့်ကြည့် မိတော့မှ ကိုကျော်မြင့်သန်းတို့လင်မယားလေ
““ဟုတ်ပကိုကျော်မြင့်သန်းရာ တော်တော် စိတ်ကုန်နေပြီး ကားတွေကြပ်လွန်းလို့ မတက်နိုင်ဘူးဖြစ်နေတယ်””ဟုတ်တယ်လေ ကားဆိုက်လာသမျှနောက် ပြေးပြေးလိုက်ရတာလဲတော်တော်မောနေပါပြီ ကျွန်တော်ပြေးလိုက်သမျှခရီးဆန့်
ကြည့်ရင်တောင် အိမ်ရောက်လောက်ပြီဗျ  ဒီပုံဆိုအိမ်ပြန်ဘို့တောင်မလွယ် တက္ကစီငှားဖို့ကျပြန်တော့ င၀ိုင်း  ကုန်မှာလဲ
ကြောက်တာကိုးဗျ ဒီလောက်တော့ ဒုက္ခရောက်မှာပဲလေ ကိုယ့်ရှေ့မှာ မိန်းခလေးတွေများ  တိုးတိုးတက်သွားလိုက်တာ
အောင်မလေး လေနတ်သမီး တွေကျနေတာပဲ လှစ်ခနဲလှစ်ခနဲ သူတို့နဲ့ယှဉ်တိုးဖို့ကျတော့ ကျုပ်စိတ်မရဲတာတော့ အမှန်ပဲဗျ
““ငါ့ကောင်ရာ မင်းပုံနဲ့ဆိုဒို့လင်မယားအိမ်တောင်ရောက်မှာမဟုတ်ဘူး နည်းနည်းတော့ အားစိုက်တိုးတက်မှပေါ့ကွ””
““ဟာမိန်းခလေးတွေများတယ်ဗျ ကျွန်တော်တိုးတက်လို့ မတော်ထိမိခိုက်မိရင် ပြသနာတက်မှာပေါ့ဗျ””
““ဟိတ်ကောင်ရာ အသားယူပြီးသက်သက်လုပ်တာမှမဟုတ်ပဲ ဒီလိုပဲ လိုင်ကားစီးပြန်နေရတာပဲ သူတို့နားလယ်ပါတယ်
မင်း ကားပေါ်ရောက်မှ ထောက်လှမ်းရေးသာမလုပ်မိစေနဲ့  ဟေ့ကောင်ရေ””
““ဟာ ..ကိုမြင့်သန်းရာ မဟုတ်ကဟုတ်ကဗျာ””
““လာပါကွာ..ဒီတစ်ခါကားလာရင် မင်းကိုငါတွန်းတင်ပေးမယ် ရအောင်တက် မိန်းမ နင်ကအရှေ့ကနေတက်နော်””
ဒီလိုနဲ့ ကားတစ်စီးဆိုက်လာတယ်လေ ရိုးရိုးကားပဲဗျ  မှတ်တိုင်မရောက်ခင်ထဲက လူကပြည့်နေပြီးသား ကိုမြင့်သန်းရော
သူ့မိန်းမပါ လှုပ်လှုပ်ရှားရှားဖြစ်ပြီး ကားထိုးဆိုက်လောက်မယ့်နေရာကိုစိတ်ထဲက တွက်ချက်နေကြတယ်ထင်တယ် ကျုပ်လဲ
အိတ်ကိုလက်ကကိုင်ထားရာက  ကောက်လွယ်လိုက်တယ် ကျုပ်လဲ အသင့်ပြင်ထားရတော့မယ် လေ..။။
““မိန်းမပြေးလိုက်ဟေ့……ဟာ ဟေ့ကောင်လာလေ””
ကျုပ်လဲ ကိုယ်မြင့်သန်းဆွဲခေါ်ရာကို  လိုက်ပါရင်းကားထိုးဆိုက်လိုက်တာနဲ့ တက်ဘို့အသင့်ပြင်ထားလိုက်တယ် လိုင်းကား
တိုးရတာကလဲပညာတော့ပါသားဗျ သိပ်ပြီးယောကျားမိန်းမ ခွဲခြားမနေနဲ့  လေဒီးဖတ်(စ်) တွေဘာတွေနောက်ထား လိုင်းကား
တံခါးပေါက်နားရောက်အောင်သွား တံခါးနားက လက်ကိုင်သံတိုင်ကိုသေချာကိုင်မိရင် ခင်ဗျားသေချာပြီ  ဒီလိုင်းကားနဲ့လိုက်
လို့ရပြီ သံတိုင်ကိုင်မိရုံနဲ့လဲ မပြီးသေးဘူးနော် ခြေတစ်ဖက်က ခြေနင်းခုံပေါ်ရောက်အောင်တင်ထားရမယ် တက်နင်းခြင်နင်း
ကြပေစေ  သီးခံလိုက်  အောက်ကခြေထောက်ကိုအားပြုပြီးသံတိုင်ကိုင်ကာ ရှေ့ကလူရဲ့ ကျောကုန်းကို ပခုံးစောင်နဲ့ အတင်း
ကာရောသာ စွတ်တွန်းတော့ဗျို့  အဲလိုသာအားစိုက်လိုက်ရင် အရှေ့ကလူရောကိုယ်ပါ တစ်ခါတည်း စွပ်ကနဲဝင်သွားလိပ်မယ်
အောင်မယ် ကောင်မလေးတွေကလဲ တိုးနေတုန်းသာအတိုးခံရလို့  ဖြည်းဖြည်းလုပ်ပါသေပါပြီအော်တာဗျ ကားပေါ်
ရောက်သွားတော့လဲ စောစောကဘာမှမဖြစ်ခဲ့သလိုပဲ အေးအေးဆေးဆေးပဲလေ  ..ကျုပ်လဲ ကိုမြင့်သန်းအားကိုးနဲ့ တိုးတက်
လိုက်တာ ကားပေါ်တော့ရောက်ပါရဲ့  ကိုမြင့်သန်း  မိန်းမက ရှေ့ကနေတိုးသွားလိုက်တာ ကားရဲ့ဟိုးအနောက်ကိုရောက်သွား
လေရဲ့ ကျုပ်ကတော့ အပေါက်နားက သံတိုင်ကိုကိုင်ကာ  ပေကပ်ရပ်ကျန်နေခဲ့တယ်လေ  ဆက်လဲမတိုးနိုင်ဘူး ကိုမြင့်သန်း
ခမျာတော့ သူ့မိန်းမဆီလဲမရောက်  ကားအလယ်လောက်ကကျုပ်နဲ့ခပ်နီးနီးမှာ လူကြားထဲညပ်နေလေရဲဗျို့ ဒီလိုနဲ့
သုံးယောက်သား စကားလဲလှမ်းပြောမရ မျက်စမျက်န နဲ့ပဲ ပြောပြီးသူတို့လင်မယားနှစ်ယောက်စာပါ ကားခပေးလိုက်မယ်
ပြောလိုက်တာပေါ့  ကားစပါယ်ယာလဲ  ကားအရှေ့ကနေ စပြီးပိုက်ဆံကောက်လာလိုက်တာ ကျုပ်နားကိုရောက်တယ် ဆိုရင်ပဲ
ကားခ ပိုက်ဆံထုတ်ပေးလိုက်တယ် လေ….။။
““ဒီမှာ (၃)ယောက်ခ အလယ်မှာ အင်္ကျီအပြာနဲ့တစ်ယောက်ရယ် ဟိုနောက်နားက အ၀ါရောင်လေးနဲ့အမရယ်….”””
ဘာတုန်းဟ ကားကထွက်တာ မှ (၁၅)မိနစ်လောက်ပဲမောင်းရသေးတယ် အခုမှ ကျောက်တိုင်မီးပွိုင့်မှာရပ်တုန်း ကာခပေးရင်း
နဲ့ ကိုယ်ပေးထားတဲ့လူတွေ ထဲက   ကိုမြင့်သန်းမိန်းမကို  စပါယ်ယာကိုပြရင်း  သူ့ကိုလှမ်းကြည့်
လိုက်တော့  ကျုပ်ကိုမျက်စ မျက်နတွေနဲ့ ဘာတွေပြောနေတယ်မသိ ဒီမိန်းမ ဘာဖြစ်နေတယ်မသိ  ကျုပ်လဲ လက်ဟန်
ခြေဟန် တွေနဲ့ပြန်မေးရတော် တာပေါ့ဗျာ ပြန်ပြောရတာပေါ
ဒီတော့မှသူပြန်ပြောတာကို သဘောပေါက်ရတော့တယ် ဟုတ်ပ
ကြည့်လိုက်ပါအုံး ကိုမြင့်သန်း  မိန်းမရဲ့  နောက်တည့်တည့် မှာ လူတစ်ယောက် အသက်ကတော့ငါးဆယ်လောက်ရှိမယ်
ထင်တာပဲ  မျက်မှန်ကြီးလဲတပ်ထားသေးတယ် အိတ်တစ်လုံးကလွယ်ထားသေးတယ် ဒီလူကြီးရပ်နေတဲ့ပုံက ပုံစံမကျ
ကိုမြင့်သန်းမိန်းမရဲ ဖင်နောက်တည့်တည့်မှာ လူကြပ်တာကိုအကြောင်းပြုပြီး   ကိုမြင်သန်းမိန်းမရဲ ဖင်နှစ်လုံးနောက်မှာ
တည့်တည့်လှည့်လို့ သူ့ခါးကိုအတင်းဖိကပ်ထားလေရဲ့  လူဒီလောက်ကြပ်နေရင်တောင် သူလွယ်ထားတဲ့အိတ်ကလေး အရှေ့မှာ ခံထားလိုက်လဲရတာပါပဲ ဒါပေမယ် ဒီလို ကားတွေပေါ်မှာ မိန်းခလေးတွေကိုမဖွယ်မရာလုပ်နေသူတစ်ချို့ရဲ့
မလုံမလဲမျက်လုံးတွေကိုတွေ့ဘူးခဲ့လေတော့ ဒီလူကြီးမျက်လုံးကလဲအ၇ှက်သိက္ခာမဲ့တဲ့ တဏှာရူး မျက်လုံးမျိုးပါပဲ
အင်းပြောရမယ်ဆိုရင်တော့ ကိုမြင့်သန်းမိန်းမကို  ဒီလူကြီး ထောက်လှမ်းရေးလုပ်နေပြီဆိုတာပေါ်လွင်လှပါတယ်..။။
ကျုပ်လဲ ခဏတော့ ကြည့်နေမိတယ် ဒီအချိန်မှာပဲ ကိုမြင်သန်းမိန်းမခမြာ လူကြပ်ကြပ်နဲ့လှုပ်လို့မရ လှည့်ထွက်လိုလဲမရ
သူနောက်က တဏှာရူးကိုမျက်နှာထိမျက်နှာထားနဲ့  မော့ကြည့်တော့လဲ ဟိုတဏှာရူးက မသိသလိုလုပ်နေတယ်လေတော့
ကျုပ်လဲ မနေသာဘူလေ  ဒီကိစ္စ ကိုမြင့်သန်းကိုပြောမှ ဖြစ်ခြေတော့မယ်ဗျ  ဒီလိုနဲ့ ကိုမြင့်သန်း အနားကိုရောက်အောင် တစ်မှတ်တိုင်ကားရပ်တိုင်း  လူဆင်းလူတက်နဲ့ ရောပြီးနေရာရွှေ့လာလိုက်တော့တယ်။။။
““ဟ  ငါ့ကောင်အပေါက်ဝကနေ ဒီဘယ်လိုရောက်လာတာတုန်းကွ””
ကျုပ်လဲဘေးလူကြားမှာစိုးတာနဲ့ လေသံတိုးတိုးနဲ့ပဲ ကိုမြင်သန်းနားကပ်ပြီးပြောလိုက်ရတယ် လေ
““မေးမနေနဲ့ ခင်ဗျားကားမှတ်တိုင်မှာ ကျုပ်ကိုပြောတဲ့…ထောက်လှမ်းရေးဆိုတဲ့ငနဲတော့ ခင်ဗျားမိန်းမနောက်မှာ
ထောက်လှမ်းနေလေရဲ့””
““ဟေ …ဟုတ်လား ဘယ်မအေ…””
““ဟာတိုးတိုးလုပ်ပါဗျ ခင်ဗျားမိန်းမကတော့လက်ဟန်ခြေဟန်နဲ့ပြောတာပဲ သိပ်တော့မသေချာဘူး အရမ်းကာရော ထိုးကြိတ်
မနေနဲ့အုံးဗျ  ရန်ဖြစ်ရင်မကောင်းဘူးနော်””
““အော်…အေး ပါကွ ဒီကိုယ်မေ#&%ကောင်တော့ ဟုတ်ရင်တွေ့မယ်  မင်းဒီမှာအခြေနေကြည့်နေ..ငါရောက်အောင်
သွားမယ်””
ပြောလဲပြော ဒီလောက်ညဖက် အတက်သာရှိပြီးအဆင်းနည်း တဲ့လိုင်းကားပေါ်မှာ ဒီလူကြီးမိန်းမဇောနဲ့ နေရာရွှေ့သွားလိုက်
တာများ မြန်ချက်ဗျာ သူအတိုးခံရတဲ့ လူတွေရောခြေထောက်အနင်းခံရတဲ့  လူတွေကလဲ သူ့ကိုဝိုင်းသြဘာပေးကြတော့
တာပဲလေ
““ဘယ်လိုဖြစ်လို့  ဒီလောက်တိုးနေရတာလဲ ဒီမှာသေတော့မယ် ””
ခပ်စွာစွာ မိန်းခလေးက ရန်တွေလိုက်တဲ စကားကိုပြန်မပြောအားပဲ သူ့မိန်းမနားကလူကြီးဆီရောက်အောင်  တိုးတိုက်ဝင်
သွားတဲ့ ကိုကျော်မြင့်သန်းကိုသာ ကျွန်တော်လိုက်ကြည့်နေမိတော့တယ်..တော်ကြာချကြရင် ကျုပ်လဲ ၀ိုင်းတွယ်ရအောင်
နေခဲ့လို့မဖြစ် လိုက်သွားမှပဲလေ ဘယ်ရမလဲကျုပ်လဲတိုးတာတော့တာပဲဗျို့ ကျုပ်လူတိုးဝင်သွားတဲ့ အချိန်မှာပဲ ကိုမြင့်သန်း
က သူမိန်းမနောက်က လူဆီရောက်နေပါပြီ ကျုပ်လှမ်းကြည့်လိုက်တော့ ရန်ဖြစ်တာလဲမတွေရပါ သူမိန်းမကိုလဲ သူရှိရာဘက်
ဆွဲခေါ်ထုတ်တာလဲမတွေ့ …ဟာဒီလူကြီးဘာတွေသွားလုပ်နေတယ်မသိဘူးအနားရောက်ခါမှ တစ်ခုခုတော့လုပ်မှပေါ့..။။။။
ဒီအချိန်မှာပဲ သိပ်ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကိုကျုပ်တွေ့လိုက်ရတော့တာပဲဗျို့  ……/////
ကိုကျော်မြင့်သန်းဟာ လူတွေကိုတိုးသွားနေရာကနေ တစ်ဖြည်းဖြည်း သူ့မိန်းမကို ထောက်လှမ်းရေးလုပ်နေတဲ့လူကြီးရဲ့
နောက်ဖက်ရောက်အောင်သွားနေတာကိုတွေ့ရတယ်ဗျ…
ဟောဒီလူကြီးနောက်ကိုသူရောက်သွားပြီ ဒီလိုအနေအထားဆိုအပိုင်ပဲဗျ
ဆံပင်ဖုတ်နောက်လှန်ဆွဲ  မျက်နှာကို လက်ကျဲကြီးနဲ့ အားပါပါအုပ်ရိုက်ပြီး တံခေါက်ခွက်ဆောင့်နင်းလိုက်ရင်
ဒီလူဖင်ထိုင်သွားမှာပဲလေ ..။။
ဟုတ်မှာပါ….ဒီအတိုင်းလုပ်မလို့ သွားတာနေမှာ ကျုပ်လဲသူ့နောက်မှီအောင်လိုက်တိုးရတော့တာပေါ့ သူအနားရောက်ချိန်
မှာတော့ ကျုပ်ရဲအထင်နဲ့ အမြင်ဟာ ပါစင်အောင်လွဲတော့တာပဲဗျို့ ကျုပ်ဘယ်လိုမှ မျှော်လင်မထားတဲ့ လုပ်ရပ်ကို လုပ်နေ
တဲ့ ကိုကျော်မြင့်သန်းရဲ့အပြုအမှုကို တွေ့လိုက်ရတော့ ရယ်ချင်စိတ်ကိုမနည်း ထိမ်းထားလိုက်ရတယ် ကျုပ်ကလဲ ဒါမျိုးဆို
အရယ်(ရီ)ကခပ်သန်သန်ရယ်လေ  ဒီလူကြီးလုပ်နေပုံက သူမိန်းမကိုယ်လဲ လွတ်ရာကျွတ်ရာဆွဲမခေါ်  ဟိုတဏှာရူးကိုလဲ
ရန်မရှာပဲ သူ့မိန်းမကို ထောက်လှမ်းရေးလုပ်နေတဲ့ တဏှာရူးရဲ့ နောက်တည့်တည့်ကိုရောက်အောင်သွားလို့ သူ့ ဖွားဖက်
တော် နဲ့ပြန်ပြီး  ယောကျားခြင်း ထောက်လှမ်းရေးပြန်လုပ်နေတာကြီးကိုတွေ့လိုက်ရတော့ တာပါပဲဗျာ။။
တစ်ခါတစ်ခါ ကားဘရိတ်ဆောင့်အုတ်လိုက်တဲ့ အခါများဆို ဒီလူကြီးခါးကိုတောင်လက်နှစ်ဖက်နဲ့ဆွဲပြီး အတင်း ဖိကပ်
ထားလိုက်သေးတယ် ကျုပ်ကိုလဲအသာနေဆိုတဲ့သဘောနဲ့ မျက်စိတစ်ဖက်မှိတ်ပြလိုက်သေးရဲ့  ဒီတဏှားရူးလဲ ပထမတော့
မရိပ်မိသေးဘူးဗျ နောက်မှ သူနောက်ကနေ ထူးထူးခြားခြားအထိအတွေ့ကြီးနဲ့ အတင်းကြီကို  ဖိကပ်ထားတာကြီးကို သတိ
ထားမိသွားဟန်တူပါတယ် အရှေ့က သူရဲ့ တဏှာပေမကို စိတ်မရောက်အားတော့ အနောက်ကအန္တရာယ်ကြီးကိုလွတ်အောင်
ရှောင်ဘို့ ကျိုးစားရှာပါတော့တယ် မျက်မှန်အောက်က မျက်လုံးကြီးပြူးထွက်လာတဲ့ အထိသူနောက်က အန္တရာယ်ကောင်
ကိုကျော်မြင့်သန်းကို လှည့်လှည့် ကြည်ပါတယ် ဟိုလူကလဲ သူလှည့်ကြည့်လေတိုင်းမသိချင်ယောင်ဆောင်ပြီး  အတင်း
ခါးအောက်ပိုင်းကို အနောက်ကနေ ဖိကပ်နေပါတော့တယ် ဒီတဏှာရူးကြီးလဲ ဟိုဘက်ကို ဖင်လေးလှည့်ေ၇ှာင်လိုက် ဒီဘက်
ကိုခါးလေးလိမ်ရှောင်လိုက်နဲ့ ဘယ်လိုမှ မလွတ်သာဖြစ်နေတဲ့အပြင် သူ့ရဲ့နဖူးက ချွေးသီးချွေးပေါက်တွေဟာ ဇီးကင်းခန့်
ကျဆင်းလာပြီး တစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေပါတော့တယ်  ခဏခဏလဲလှည့်လှည့်ကြည့်ပါတယ် ဒီလူကြီးသူ့ရှေ့က
ကိုကျော်မြင့်သန်းမိန်းမကိုလဲ ဂရုမပြုအားတော့ ကျုပ်လဲရယ်(ရီ)ချင်စိတ်ကို မနည်းထိမ်းထားရတယ် ကျုပ်မျက်နှာမချိုမချဉ်
ဖြစ်နေတာကို ဒီလူကြီးတွေ့သွားတယ် ထင်ပါရဲ့ ကျုပ်ကိုလဲ ဘုကြည့် ကြည့်ပါတယ် သူနောက်ကကိုကျော်မြင့်သန်းကိုလဲ
ဘုရှိုး  ရှိုးပါတယ်  ဟိုလူကလဲ သူမဟုတ်သလိုဘာလိုနဲ့ မတည့်  တည့်အောင် အနောက်ကနေ လိုက်ပြီး ဖိနေပါတော့တယ်
သူတို့နှစ်ယောက်အတွဲလိုက်ကြီး ဖားပူးတွဲ  ပူးနေသလိုကြီးကိုအနီးနားက ခရီးသယ်တွေလဲ သတိထားမိလာပါတော့တယ်
ခရီးသယ်တွေလဲ သူတို့ဖားပူး အတွဲကြီးကို မသင်္ကာသလိုပုံစံတွေနဲ့ကြည့်ကြကာ အနည်းငယ်လွတ်ရာကို ရှောင်ပေးကြ
ရှာပါတယ် ကိုကျော်မြင့်သန်းရဲ မိန်းမဟာလဲ သူယောကျားလုပ်ပုံကိုကြည့် ပြီး ပါးစပ်အဟောင်းသားနဲ့ဖြစ်နေရှာပါတယ်
ကျုပ်လဲမျက်နှာလွဲနေလိုက်တယ်လေ တော်ကြာအကျယ်ကြီး ထရယ်(ရီ)မိတော့မယ်ဗျ မအောင်နိုင်တော့ဘူး  ကျုပ်ကသာ
ရယ်(ရီ)ချင်နေတာ ဟိုလူကြီးခမျာ လက်ကိုင်ပုဝါကြီး ထုတ်ထုတ်ပြီးချွေးတွေသုတ်လိုက် ခါးလေးလိမ်ပြီးရှောင်လိုက် ဖင်လေးနွဲ့ပြီးရှောင်လိုက် အရှေ့ကို တိုးပြေးလိုက် နဲ့ ပုံပျက်ပန်းပျက်ကြီးကိုဖြစ်နေပါတော့တယ် …။။။
ကမ္ဘာအေးဘုရား မှတ်တိုင်ကိုအရောက်မှာတော့ တစ်လမ်းလုံး အနောက်ကအန္တရာယ် ကိုဘယ်လိုမှ သီးမခံနိုင်တော့တဲ့
တဏှာရူး အဖိုးကြီးလဲ ဟန်တောင်မဆောင်နိုင်ပဲ  ကားအနောက်ကနေ လှမ်းအော်လိုက်တာကတော့
““စပါယ်ယာညီလေး   ခဏခဏ အကိုဆင်းမယ်””…………စပါယ်ယာကလဲပြန်ပြောရှာပါတယ်
““ဟာ…ဆင်းမယ်ဆိုစောစောထဲကထွက်ထားပါလားဗျ ..ခင်ဗျားကို မှတ်တိုင်အော်ပြီးပါလားမေးနေတာကို နားလေးနေလား””
““အေးပါကွာ….ပါတယ်ပါတယ်….ခဏလေးပါ အကိုတိုးချင်လို့””
““မြန်မြန်တိုးဗျာ  နောက်ကားပါတယ်ဗျ””
လူတွေလဲ ဖားပူးအတွဲကြီးပြုတ်ပြီးထွက်ပြေးသွားတဲ့လူကြီးကို ရှောင်လဲရှောင်ပေး လိုက်လဲကြည့်ကြရင် ပြုံးစိစိ   ကြီးတွေ
ဖြစ်နေကြပါတော့တယ်    ဒီလူးကြီးကားအောက်ရောက်လို့ ကားမှတ်တိုင်ကစထွက်တယ်ဆိုရင်ပဲ ကျုပ်ဟာ ကိုကျော်မြင့်သန်း
ကိုလှည့်ကြည့်ပြီး နှစ်ယောက်သားအကြည့်ချင်းဆုံစဉ်မှာတော့  တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကျယ်လောင်
စွာ  သံပြိုင် ဟားတိုက်လို့ ရယ်(ရီ)မောမိပါတော့တယ် ကိုကျော်မြင့်သန်း မိန်းမခမျာမှာတော့  ရှက်နေရှာပါတယ် လိုင်ကားပေါ်
က ခရီးသယ်တွေကတော့ ကျုပ်တိုနှစ်ယောက်ကိုကြည့်ကာ လူထူးလူဆန်းတွေကို တွေ့ရသလို အူလယ်လယ်ဖြစ်နေကြပါတော့တယ်ခင်ဗျား…။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com

   Send article as PDF