( ကျောင်းတက်လာကြ ငယ်သူငယ်ချင်းတွေ – ၂ ) ကျနော် မတူပီကျောင်းတက်နေစဉ်ကာလတုန်းက ကစားဖော်အပေါင်းအသင်းအများစုက ကျောင်းဆရာ သားသမီးတွေချည်း။ ကျောင်းအုပ်ဆရာကြီးက ချင်းပြည်မြောက်ပိုင်း တီးတိန်ဖက်က။ မြို ့နယ်ပညာရေးမှူးက ဖလမ်းလူမျိုး။ တီးတိန်နဲ ့ ဖလမ်းဟာ မြေပုံထဲမှာ နယ်မြေခြင်းထိစပ်တဲ ့ မြို ့နယ် နှစ်ခုဖြစ်ပေမယ် ့ စကားမတူပါဘူး။ နောက်ပြီး ဆရာကြီးနဲ ့ ပညာရေးမှူး နှစ်ယောက်စလုံးဟာ ဗမာလို လည်လည်ဝယ်ဝယ်ပြောရတာခက်နေတော ့ သူတို ့ နှစ်ယောက် အချင်းချင်းဆုံရင် အင်္ဂလိပ်လိုပြောတာများပါတယ်။ ကျောင်းအုပ်ကြီးက ဟိုခေတ်တုန်းက ရ တန်းအောင်ဆိုလား။ သိပ်တော ့မမှတ်မိတော ့ဘူး။ ဒါပေမယ် ့ သူတို ့ရဲ ့ အင်္ဂလိပ်စာ အရေးအပြောကတော […]


မြို  ့ထဲလမ်းမို ့ အရှိန်လျှော ့ပြီးမောင်းတုန်း ရုတ်တရက် .. ရှေ ့နားက ညာဖက်လမ်းသွယ်ကနေ ဆိုင်ကယ်တစ်စီး ကားရှေ ့ကိုဖြတ်ဝင်လာပြီး လမ်းမကြီးတိုင်း ကျနော ့ရှေ ့တူရှူကိုမောင်းသွားတယ်။ ဆိုင်ကယ်ပေါ်မှာက ၁၆/၁ရနှစ်အရွယ် ကောင်လေး ၂ယောက်။ ဒီလမ်း ဒီလိုအထာကို သိထားတာမို ့ ကားကို ကမန်းကတန်း ဘယ်ဖက်တဖက်ယာဉ်ကြောပေါ်ဆွဲလိုက်ရတယ်။ ဒေါသက ရုတ်တရက် ငယ်ထိပ်ပေါ်တက်ပြီး Jamesbond လို Transporter မင်းသားလို လုပ်ထည် ့လိုက်ရကောင်းမလား တွေးမိသေးတယ်။ လုပ်လိုက်မိလို ့ကတော ့ ခုချိန် တောတွင်းပျော်တစ်ယောက် ငပိကြော်အရသာအကြောင်း ကောင်းကောင်းရေးနေတတ်လောက်ပြီ။ အဲလိုကောင်လေး ၂ယောက် အကွေ ့ကအထွက်  အရှိန်မများခင် ကိုယ်က ကိုယ် ့ကားအရှိန်နဲ ့ သူတို […]


ကျောင်းဖွင် ့ရာသီ ကျောင်းသူကျောင်းသားတွေ ကျောင်းတက်ကျောင်းဆင်း သွားလာနေတာတွေ ့ရတော ့ ခုခေတ်ကျောင်းသားလူငယ်တွေ ကျောင်းတက်သွားလာရတာ အဆင်ပြေလာကို တွေ ့ရတော ့ တောတွင်းပျော် ငယ်ဘဝတုန်းက နယ်က ကျောင်းလာတက်ကြတဲ ့ သူငယ်ချင်းတွေကို သတိရလာပြန်တယ်။ ခုတောတွင်းပျော်နေတဲ ့ ဒေသက အရင်က အနက်ရောင်နယ်မြေ ဒါမှမဟုတ် အညိုရောင် သတ်မှတ်ခံရတဲ ့ရွာ။ ဟိုတုန်းက ကျေးရွာတွေတိုင်းမှာ စာသင်ကျောင်းရှိဖို ့ဆိုတာ အလွန်ခက်ခဲပါတယ်။ နှစ်ရွာပေါင်း သုံးရွာပေါင်း ခနော်ခနဲ ့ စာသင်ကျောင်းတစ်ကျောင်းဆိုသလို။ ကျောင်းဆရာ/မ ဆိုတာကလည်း ရှားတယ်။ ဟိုတုန်းကများဆို ၈ တန်းအောင် ရွာခန် ့ ဆရာ/မတွေ ရဖို ့တောင် အနိုင်နိုင်။ မိဘတွေဆိုတာကလည်း စာမတတ်တာတွေများတော ့ သားသမီး […]


( တောအကြောင်း တောင်အကြောင်း – 3 ) တောနက်တွင်းမှ လုပ်ကြံမှု ဒီလို စာသားခေါင်းစဉ်နဲ ့ စလိုက်တော ့နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားတတ်ကြတဲ ့ မိတ်ဆွေတွေ တချိန်က ABSDF ( မြောက်ပိုင်း ) ကျောင်းသားအဖွဲ ့တွေရဲ ့ ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် မသတီစရာ ပွဲစဉ်ကြီးကို မြင်ယောင်မိကြမှာပါ။ တကယ်က ဘာမှမဆိုင်ပါဘူး … ကိုယ် ့ Post လေးကို လူတွေစိတ်ဝင်စားအောင် စကားခင်းတာ ??? ၂၀၀ရ ဖေဖော်ဝါရီလနှောင်းပိုင်းလောက်မှာ Sungai Mas နယ်မြေကို ကျနော်အပါအဝင် လူ ၅ ယောက် စခန်းပြောင်း ရှေ ့ပြေးအနေနဲ ့ရောက်သွားခဲ […]


( တောအကြောင်း တောင်အကြောင်း – 2 ) Maran Road Camp မွန်းလွဲ ၂ နာရီထိုးလောက်ကျတော ့ ကျနော်တို ့နှစ်ယောက် ပင်မစခန်းကနေ စထွက်လာတယ်။ ကျနော်တို ့စခန်းနဲ ့အနီးဆုံးတောင်ကို မိနစ် ၂ဝ ကြာလောက်ဖြတ်ကျော်ပြီးတော ့ Sungai Mas ( ရွှေချောင်း ) နားကို ကပ်လာတယ်။ ချောင်းဘေးကားလမ်းမတစ်လျှောက်မှာ ဆင်ချေးပုံတွေ ဟိုနားတစ်ပုံ ဒီနားတစ်ပုံတွေ ့လာရတယ်။ ဆင်ခြေရာ အကြီးအသေးတွေကို ခန် ့မှန်းရေကြည် ့တော ့ ဒီအုပ်စုက အတော်များပုံရတယ်။ လမ်းဘေးနားတစ်လျှောက် ဝါးရုံပင်တွေကိုလည်း ဆွဲချိုးထားတာက အတော်များများ … တစ်ချို ့က ကားလမ်းပေါ်ကန် ့လန် ့ဖြတ်။ ဒီနားတဝိုက်မှာက […]


( တောအကြောင်း တောင်အကြောင်း – 1 ) ကျနော်တို ့ Air putih က hutan lipar သစ်လုပ်ကွက်ကုန်သွားတော ့ ကျနော် ့ကားရယ် နောက်ကားတစ်စီး ( သူလည်းမြန်မာပါပဲ ) kemaman cherul က ကျနော်တို ့ရဲ ့ ပင်မစခန်းကို ပြန်လာခဲ ့ရတယ်။ Air putih မှာကျန်ခဲ ့တဲ ့ ကားတစ်ချို ့နဲ ့ ဘူဒိုဇာ excavator တစ်ချို ့က kuantan နားက gambang ကိုပြောင်းဖို ့ကျန်ခဲ ့တယ်။ ကျနော်တို ့ကို ပင်မစခန်းပြန်လှည် ့ခိုင်းတာက စခန်းမှာ ကျန်ခဲ ့တဲ […]


ချင်းပြည်နယ်နဲ ့ ဆက်စပ်နေတဲ ့ အနောက်ဖက် အိန္ဒိယနိုင်ငံထဲက ပြည်နယ်က Mizo Ram လို ့ခေါ်တယ်။ Ram ဆိုတာက ပြည် မီဇိုး ပြည်နယ်ပေါ ့။ ဒီပြည်နယ်ထဲမှာ လုရှေ ခေါ် လုရှိုင်း ခေါ် lu sei လူမျိုး ကသည်းလူမျိုး မဏီပူရ် စသည်လူမျိုးကြီးတွေ အများကြီးရှိတယ်။ အားလုံးက ချင်းမျိုးနွယ်တွေ။ ခရစ်ယာန်တွေ။ မြန်မာပြည်ဖက် ချင်းလူမျိုးတွေနဲ ့ ဘာသာစကား ယဉ်ကျေးမှု အမျိုးအနွယ် ဆက်စပ်မှုရှိတဲ ့ အိန္ဒိယနိုင်ငံသားတွေပါ။ ကျနော် အဓိကပြောချင်တာက .. တဖက် လုရှေလူမျိုးတွေအကြောင်း။ ချင်းလူမျိုးတွေဟာ ဇာတိမွေးရပ်မြေကို အလွန်သံယာဇဉ်ကြီး ခင်တွယ်တတ်ကြတဲ ့လူမျိုးတွေ။ ဘယ်လောက်ခရီးဝေးဝေးဖြစ်ဖြစ် ရပ်ဝေးမှာ ဆုံးပါးခဲ ့ရင် […]


( 21 /1 /2017 ) နံနက် ရ နာရီခွဲလောက်က ကားမီးလောင်မှု ဖြစ်ပြီး ကျား ၁ ဦး မ ရ ဦး စုစုပေါင်း ၈ ဦးမီးလောင်သေဆုံးပြီး အမျိုးသားတစ်ဦး အသက်ရှင် လွတ်မြောက်ခဲ ့ပါတယ်။ ဒီသတင်းနဲ ့ပတ်သက်ပြီး ဝေဖန်သူတွေ ကော်မန် ့ပေးသူ အတော်များများက ရှေးရိုးစွဲယုံကြည်မှုတွေနဲ ့ လူ ၉ ယောက်အတူ ကားမစီးကောင်း မတော်တဆဖြစ်တတ်တယ်ဆိုတဲ ့ အမြင်တွေနဲ ့ ရေးသားနေကြတာ တွေ ့ရပါတယ်။ ၉ ဂဏန်းနဲ ့ပတ်သက်ပြီး တောတွင်းပျော်လည်း ခံလိုက်ဖူးသဗျ ဟီး! ဇာတ်ကြောင်းလေးက ဒီလိုပါ .. တောတွင်းပျော် ဆယ်တန်းအောင်တော ့ GTI […]


ဆိုင်ကယ်ထိုးရပ်လိုက်တာနဲ ့ အနားကို ကုလားလေးနှစ်ယောက် ရောက်လာတယ်။ ဆိုင်ကယ်တောင် စက်မသတ်ရသေးဘူး တစ်ယောက်က ကျနော ့ ဘယ်လက်ကောက်ဝတ်ကနေ လာကိုင်ပြီး ” ဆရာ ဘာယူမှာလည်း .. ဘာကြည် ့မှာလည်း မေးလို ့ရတယ်နော်။ မဝယ်လည်းရတယ် ” ကျနော်က သူတို ့ဆိုင်တဖက်က ဓါတ်ပုံဆိုင်ကို ပုံကူးဖို ့လာတာ။ သူတို ့ဆိုင်ထဲ ဝင်ဖို ့ အစီအစဉ်ကမရှိ။ ” ငါ ့ညီ .. အကိုက ဟိုဆိုင်မှာ ပုံကူးမလို ့လာတာ ” ” ပုံကူးလည်း ကူးပေါ ့ဆရာ။ ကျနော်တို ့ ဆိုင်ကိုလည်း ဝင် လေ ့လာလို ့ ရတယ်ဆရာ။ မဝယ်လည်း […]


ပြီးခဲ ့တဲ ့နှစ် နှစ်ကုန်ပိုင်းလောက်က fb မီဒီယာတွေမှာ ပွတ်ပွတ်ညံအောင် တက်လာခဲ ့တဲ ့ သတင်းတွေရှိခဲ ့တယ်။ ဒီသတင်းတွေ အထဲမယ် ဖိုးတစ်ခေတ်အကြောင်းလည်း ထိပ်သီးသတင်းလို ဖြစ်ခဲ ့တယ်။ ထိပ်သီးလို ့ပြောရတာက fb က ဖိုးတစ်ခေတ်အကြောင်းပါတဲ ့သတင်းတွေမှာ မြန်မာတွေရဲ ့ အဆဲစွမ်းရည်ကောင်းကောင်းပြသနိုင်ခဲ ့ကြလို ့။ 🙁 တဖက်က လူမျိုး ဓလေ ့စရိုက် ယုံကြည်ကိုးကွယ်မှုမတူညီတာကို နားလည်ခွင် ့လွှတ်ပြီး လေးစား အသိအမှတ်ပြုတတ်ဖို ့တွေ အလွန်ခေါင်းပါးနေတာတွေတွေ ့ခဲ ့ရတယ်။ အခြေအမြစ်မရှိတဲ ့သတင်းတွေ မှန် မမှန် မစီစစ်ဘဲ ဝုန်းဒိုင်းကြဲနေတာတွေ။ ဒီတုန်းက ဖိုးတစ်ခေတ်နဲ ့ ပတ်သက်ပြီး အထင်ကရဖြစ်နေတဲ ့ […]