Green RoseMarch 12, 20132min32517
      ရာသီဥတုက ပူလွန်းလို့ ဒီလိုဒီလိုလေးတွေကို မြင်ရရင် နည်းနည်း အပူလျော့သလိုခံစားရတယ်။ ဒီဓါတ်ပုံတွေက Green Rose အိမ်နီးချင်း ထိုင်းနိုင်ငံဆီသွားတုန်း လည်ရင်းပတ်ရင်း ရိုက်ခဲ့တာလေးတွေပါ။ အဆူလည်း ခံရပါရဲ့ လူမပါပဲ တွေ့ရာတွေ မြင်ရာတွေ လျှောက်ရိုက်နေလို့လေ။ သူတို့ဆီမှာ ထိုက်သင့်တဲ့အခကြေးငွေယူပြီး ထိုက်သင့်တဲ့ ဝန်ဆောင်မှုရှိတာကိုလည်း အားကျမိတယ်။ ဒီမှာလည်း ဒီလိုပြင်ဆင်ပြီး ဒီလိုဝင်ငွေရှာနိုင်မယ်ဆိုရင်……။ လူူတော်တော်များများကိုလည်း အလုပ်ပေးနိုင်မယ်။ ဝင်ငွေလည်း တိုးမယ်။ အဲဒီ့ပုံလေးတွေ ရိုက်ယူခဲ့တဲ့နေရာက Bang Pa-In Palace လို့ခေါ်တဲ့ Summer Palace ထဲမှာပါ။ 17 ရာစုအတွင်း King Prasart Thong လက်ထက်က Chao Phraya မြစ်အတွင်း Bang Pa-In island […]


Green RoseJanuary 9, 20134min25819
ဒုက္ခ….. ဒုက္ခ…..အခုမှ…….ဒုက္ခ…. ဟိုခလေးလေး ငိုနေတာ ဘယ်လိုမှ လျစ်လျူမရှုနိုင်ပါလား။ Green Rose တို့ သူငယ်ချင်း ၂ ယောက် ရုံးပိတ်ရက် ချိန်းပြီး ဟိုသွား၊ ဒီသွား၊ ဟိုဝယ်၊ဒီဝယ်နဲ့ မိုးလင်းကတည်းက အိမ်ကထွက်လာကြတာ အခု ည ရ နာရီ ကျော်လောက်မှ ၂ ယောက်သား လမ်းခွဲခါနီး လမ်းဆုံတစ်ခုနားက ကြေးအိုးဆိုင်မှာ ကြေးအိုးဝင်သောက် နေကြတာပါ။ ထိုင်မိတာက လမ်းမဘက် ကပ်နေတဲ့ စားပွဲဖြစ်နေပြီး အဲဒီ့ခလေးလေးက Green Rose တို့ စားပွဲနဲ့ ကပ်ရပ်စားပွဲက လူတွေကို ဆိုင်အပြင်ဘက်ကနေ မကြား တကြား၊ မပွင့်တပွင့်လေသံလေးနဲ့ တစ်ခုခု ပြောနေတာကို သတိထားလိုက်မိတာပါ။ ပုံမှန်ဆိုရင် မသိချင်ယောင် ဆောင်လိုက်မိမှာပေမယ့် အမှတ်မထင် အဲဒီ့ခလေးလေးရဲ့ မျက်နှာပေါ်က […]


Green RoseDecember 19, 20121min36732
ဒီအကြောင်းအရာလေးက ခေါင်းထဲကိုဝင်လာနေတာ တော်တော်ကြာပါပြီ။ ဒီရက်ပိုင်းထဲမှာမှ တွေ့ရမြင်ရတာလေးတွေ များလာလို့ ယုံကြည်ချက်လေး ပိုပြီးခိုင်မာလာတာနဲ့ ရေးဖြစ်သွားတာပါ။ Green Rose အခုတလော ညီမငယ်၊ မောင်ငယ်လေးတွေနဲ့ စကားပြောကြည့်ရင်း ကနေ Green Rose တို့ မြန်မာပြည် ပညာရေးစံနစ်ကို ပြောင်းသင့်ပြီလို့ ့ပိုပိုပြီး ယုံကြည်လာတယ်။ ပညာရပ်တွေကို အင်္ဂလိပ်လို သင်ကြားနေတဲ့ ရည်ရွယ်ချက်ကို တဖြည်းဖြည်းနဲ့ နားမလည်နိုင်တော့ဘူး မိခင်ဘာသာစကားမဟုတ်တော့ အင်္ဂလိပ်လိုတွေသင်ရတဲ့အခါ ဘာသာပြန်ဖို့ကိုပဲ တော်တော်ကြိုးစား ယူနေရတာ ဒီပညာရပ်ကို လုံးစေ့ပတ်စေ့ သေသေချာချာ ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲ။ အခု လူငယ်လေးတွေကိုကြည့်. .. အပြင်သင်တန်းတွေမှာမှ ထပ်ပြီးမဆည်းပူးရင် ဘွဲ့ရလူငယ်တစ်ယောက်ရဲ့ အင်္ဂလိပ်စာအနေအထားဟာ အင်မတန်အားနည်းတာကို တွေ့နေရပါတယ်။ ပညာသင်ကြားရေးပိုင်းမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း..ကျောင်းက ကလေးတွေ ပုံစံခွက်နဲ့ ဒါမေးရင်၊ […]


Green RoseDecember 15, 20121min28618
“Myanmar, I come from Myanmar..” အဲဒီ့လိုဖြေလိုက်ရတဲ့အချိန် Green Rose ရဲ့ရင်ထဲမှာ ဘာကိုုဂုဏ်ယူမိမှန်းမသိ ဂုဏ်ယူနေမိတာ.. ဘာကိုကျေနပ်နေမှန်းမသိ.. ကျေနပ့်နေမိတာ.. Green Rose အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရဖို့အကြောင်းလေးတစ်ခုရှိလာတယ်။ အမေ့ရဲ့ ကျန်းမာရေးအတွက် Medical Check up လုပ်ဖို့လိုအပ်တယ်လို့ ဆရာဝန်တစ်ယောက်က အကြံပေးလာတော့ အမေက Bangkok ကဆေးရုံတစ်ခုမှာ သွားလုပ်မယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီ့မှာ Green Rose  လည်းအလုပ်ကခွင့်ယူဖို့ကိစ္စ Passport ကိစ္စတွေ လုံးပမ်းရပါတော့တယ်။ တဖက်ကလည်း အဲဒီ့ကို ရောက်ဖူးတဲ့ သူတွေဆီကနေ သိသင့်သိထိုက်တာတွေ မေးရ မြန်းရ စုံစမ်းရပါတော့တယ်။ Green Rose ရော အမေရော တစ်ခေါက်မှမရောက်ဖူး တဲ့အပြင် ဟိုမှာကိုယ်သွားချင်တဲ့ နေရာတွေကို အချိန်ပေးပြီး […]


Green RoseNovember 13, 20121min49736
                   `Green Rose…. နင့်ကို ဆရာက လာခဲ့ဦးတဲ့ ´… လေ့ကျင့်ခန်းစာအုပ်လေး ကိုင်ပြီး ပြန်ဝင်လာတဲ့သူငယ်ချင်းက ပြောလို့ ဆရာ့ဆီသွားလိုက်တော့ ဆရာက ဘာမပြော ညာမပြောနဲ့  Green Rose ကိ ုဟိုဖက်လှည့်ဆိုပြီး ခြေသလုံးကို ၃ ချက်တိတိ ရိုက်ပါတယ်… ပြောစရာလည်း မလိုပါဘူး.. Green Rose ကိုယ်လုပ်ထားတဲ့ ကိစ္စ ကိုယ်သိတာပေါ့။  ပြီးတော့ Green Rose ရဲ့လေ့ကျင့်ခန်းစာအုပ်လေးကို ပြန်ပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းစာအုပ်လေး ကိုဖွင့်ကြည့်ပြီး Green Rose ပျော်လိုက်တာများ……            အဲဒီ့တုန်းက Green Rose က တတိယတန်း၊ နယ်မြို့လေးက ကျောင်းလေးတစ်ကျောင်းမှာ။           တရက် Green Rose တို့အိမ်စာတွေ […]


Green RoseSeptember 25, 20121min67248
ဒီရက်ပိုင်းမှာ အလုပ်တွေက ရှုပ်လိုက်တာ။ ဘာတွေဘယ်လို ရှုပ်နေမှန်းမသိပါဘူး။  ဟိုတနေ့ကဆိုရင် မနက် Breakfast စားပြီးကတည်းက ညနေ ၃ နာရီလောက်အထိ ဘာမှမစားဖြစ်ဘူး။ အလုပ်တွေရှုပ်နေတုန်းတော့ ဆာတာကိုလည်း သတိမရမိပါဘူး။ ညနေ ၃ နာရီလောက် အလုပ်နည်းနည်းပါးသွားတော့မှ ဗိုက်ဆာတာကို သတိထားမိသွားတာ။ ထမင်းမစားရသေးမှန်းသိလို့ ရုံးကအစ်မက ခေါက်ဆွဲကြော်ဝယ် ပေးထားတယ်။ စားစရာက လက်တစ်ကမ်းမှာရောက်နေပြီး၊ စားဖို့အတွက် လက်ထဆေးတော့မှ အဲဒီ့လက်ဆေးနေတဲ့ အချိန်ခဏလေးကိုတောင် သည်းမခံနိုင်လောက်အောင် ဗိုက်ကအရမ်းဆာလာတာ။ အဲဒီ့ခဏလေးမှာ စဉ်းစားလိုက်မိတာက ကမာ္ဘ့နေရာအနှံအပြားမှာ ဖြစ်နေတဲ့ အစားအစာ ငတ်မွတ်ခေါင်းပါးမှုဆိုတာကိုပါ။ အဲဒီ့က ခလေးတွေ၊ လူကြီးတွေ ဘယ်လိုများနေပါ့မလဲလို့ တွေးမိသွားတဲ့အခါ.. …. အခု Green Rose က စားချင်တာလည်း ဝယ်စားနိုင်တယ်။ စားစရာတွေလည်း လက်တစ်ကမ်းမှာရှိတယ်။ နောက်ပြီး […]


Green RoseSeptember 4, 20121min15913
       တရက်မှာရုံးကို Green Rose နဲ့ သင်တန်းတစ်ခု အတူတက်ခဲ့ဖူးတဲ့ မိတ်ဆွေ တစ်ယောက်ရောက်လာပါတယ်။ အလုပ်ကိစ္စနဲ့ပါ။ အဲလိုနဲ့ အလုပ်လေးတွေလုပ်ရင်း သူဖုန်းဆက်စရာ ကိစ္စရှိတော့ Green Rose တို့ရုံးကဖုန်းကို ခွင့်တောင်းပြီးဆက်ပါတယ်။ Green Rose က သူ့ခါးကြားက Hand Phone ကြီးကိုမြင်နေရတော့ နည်းနည်း အူယားလာပါတယ်။ ဘယ့်နယ့် ဒီလူက ဖုန်းကြီးရှိရက်နဲ့ သူ့ဖုန်းနဲ့တော့ မခေါ်ပဲ သူများဖုန်းနဲ့ ခေါ်နေတယ် ၊ ဒါသက်သက်ကြောတာပဲ လို့စိတ်ထဲက ထင်မိတယ်။ ဒါပေမယ့် ပြောတော့မပြောမိပါဘူး။ နောက်တော်တော်ကြာတော့သူ့ဖုန်းက ဘာဖြစ်နေမှန်းမသိဘူး အထွက် Call ခေါ်လို့မရဘူး အဲဒါ ကြည့်ပေးပါဦးလို့ပြောလာပါတယ်။ အဲဒါနဲ့ Green Rose လည်း မတတ်သည့်ပညာ မနေသာပေါ့လေ ဟိုကလိ ဒီကလိ […]


Green RoseMay 25, 20121min44670
စာရေးမယ်ရေးမယ်နဲ့ အကြောင်းအရာတွေက ခံစားလိုက်ပျောက်သွားလိုက်ဖြစ်နေတာ။ တစ်ခုခုကို တွေ့မြင်လိုက်ရတဲ့ အချိန်မှာ ဖြတ်ကနဲပေါ်လာတဲ့ အတွေးလေး တစ်ခုကို စာအဖြစ်ပြန်ရေးပြဖို့ တော်တော်မလွယ် တာပါ။ တွေးမိတဲ့အချိန်က လမ်းပေါ်မှာ သွားလာနေရင်းမျိုး ဖြစ်ဖြစ်နေတာများတယ်။ နောက် အားသွားတဲ့အချိန် ကျပြန်တော့လည်း ခံစားချက်က ပေါ့သွားသလိုဖြစ်နေတော့ မရေးဖြစ်ပြန်ဘူး။ စာရေးနိုင်တဲ့သူတွေကို တကယ်အားကျတယ်။ အကြောင်းအရာ တော်တော်များများကို ခဏခဏ ပြန်မခံစားမိပေမယ့် အခုရေးမယ့် အကြောင်းအရာ ကတော့ နှစ်ရှည်လများ ရင်ထဲမှာ တစိုက်မတ်မတ် ခံစားလာမိ နေတာလေးတွေ ဖြစ်နေတယ်။ လမ်းပေါ်မှာတွေ့နေရတဲ့ အရွယ်စုံ ပုံစံစုံ တောင်းရမ်းစားသောက်နေသူတွေပါ။ Green Rose က အရင်တုန်းက တောင်းစားတဲ့သူကိုဆိုရင် သနားဖို့ပဲသိတာ။ တခြား ရှည်ရှည်ဝေးဝေး ဘာမှ မတွေးမိခဲ့ပါဘူး ။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်မိခဲ့တာလေးက လမ်းဘေးမှာတောင်းစားနေတဲ့သူတွေအကုန်လုံးကို […]


Green RoseMarch 10, 20121min16814
One of my friends forwarded this joke to my mail. I don’t know the source of this joke. Just want to share MG villagers. Have a nice day to you all. ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊ ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။ သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန်ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့ လူတွေကတော့ နှစ်လုံး သုံးလုံးများ […]


Green RoseJanuary 20, 20121min17112
Green Rose တို့က မွေးချင်းမောင်နှမ သုံးယောက်ပါ။အဖေနဲ့အမေမှာ  အဖေက စည်းကမ်းကြီးပေမယ့်  အဓိကအိမ်မှာ Green Rose တို့မောင်နှမတွေကို အုပ်ချုပ်ဖို့ အမေကပဲ တာဝန်ယူပါတယ်။ သိပ်ကြီးတဲ့ကိစ္စကလွဲပြီး အဖေကတော့ ဝင်မပါတတ်ပါဘူး၊ အားလုံးကိုတော့ သိပါတယ်။ အဲ့ဒီမှာ မောင်နှမသုံးယောက်ရဲ့ စရိုက်က တစ်မျိုးစီပါ။ GreenRoseက တစ်ခုခုဆိုရင် အမေဆူရင်လည်း ပြန်မပြောတတ်ပါဘူး။ လိုချင်တာရှိရင်တောင် ပူဆာဖို့ ဝန်လေးတတ် ပါတယ်။ ပူဆာရင်လည်းတစ်ခါ နှစ်ခါအပြင် ပိုမပြောတတ်ပါဘူး။ တစ်ခါတစ်ရံမှ ပူဆာပြီး မရရင်ရှက်လည်းရှက်၊ ဝမ်းလည်းနည်းတတ်ပြီး၊ စိတ်လည်း ကောက်တတ်ပါတယ်၊  စိတ်ကောက်နေကြောင်းမပြပဲ ကိုယ့်ဖာသာကျိတ်ပြီး ကောက်တာပါ။ အဲ့ဒီပူဆာပြီး မရခဲ့တဲ့အရာကို နောင်ရလာရင်တောင် မယူတော့တာမျိုးပါ။  အဲ့ဒီတော့Green Rose စိတ်ကောက်တတ်မှန်းတောင် အဖေနဲ့ အမေက မသိကြပါဘူး။ အလတ်ဖြစ်တဲ့သူ ကတော့ […]