kotun winlattMarch 30, 20142min1186
  သူနာပြုဆရာမက ဘာပြောတယ်ထင်လည်း သမီးရဲ့…. အပြင်မှာ ဆေးခန်းထိုင်တဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီးဆီမှာ သွားပြလိုက်ပါ..သူက ဆေးရုံတက်ခိုင်းရင် လာတက်လိုက်ပါတဲ့..ဒီနေရာက ပြင်ပလူနာဋ္ဌာနဆိုတော့ ကိုယ်ဝန်ဆောင်တွေ အတွက် မပါဘူးဆိုပဲ … အံ့ဩလို့ မကုန်နိုင်အောင်ပါပဲ… ဗိုက်နာတယ်ဆိုရင် ဆေးရုံကို လာခဲ့ပါဆိုလို့  သွားလိုက်တဲ့ လူနာကို အပြင်ဆေးခန်းမှာ ပြန်ပြခိုင်းတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့ သမီးရေ.. ဖေဖေတို့ကလည်း သမီးလေးအတွက် စိုးရိမ်သောကနဲ့ ပူပန်နေရတဲ့ အချိန်ဆိုတော့ သူနာပြုဆရာမလေး ပြောတဲ့အတိုင်း ဆရာဝန်မကြီးရဲ့ ဆေးခန်းကို ပြေးကြရပြန်တာပေါ့… ဖေဖေကတော့ ပြည်သူ့ဆေးရုံ ( ကိုယ်ဝန်ဆောင်များ မပါ) ဆိုပြီး ဆိုင်းဘုတ် တင်လိုက်ချင်တော့တာပါပဲ…. ဆရာဝန်မကြီးဆီရောက်တော့ ဘယ်မှာမွေးမှာလဲ ထပ်မေးပြန်ရော.. ဆေးရုံးကြီးမှာ မွေးမှာလို့ ဖြေတော့ .. နားကြပ်လေးနဲ့ ဗိုက်ကလေးကို […]


kotun winlattMarch 28, 20143min2108
အစကတော့ အလွမ်းအကြောင်း မရေးတော့ဘူးလို့ပါပဲ… ကိုဆာမိက လွမ်းးဘာ..လွမ်းးဘာဆိုလို့…လွမ်းတဲ့ အကြောင်းး ရေးမိတာပါ..ခမျ… သမီးလေးရေ …. စာရေးဆရာ မောင်သာချိုက သမီးလေးဖတ်ဖို့ ဆိုပြီး စာတွေရေးတယ်။ အဆိုတော် ထူးအိမ်သင်က သမီးလေးနားဆင်ဖို့ ဆိုပြီး သီချင်း ဆိုတယ်။ ကဗျာဆရာ စိုင်းဝင်းမြင့်ကလည်း သမီးလေး ရွတ်ဖို့ ကဗျာတွေဖွဲ့တယ်။ သူတို့ရဲ့ သမီးလေးတွေအတွက် သူတို့ တတ်နိုင်တဲ့အရာလေးတွေကို ရေးဖွဲသီကုံးစပ်ဆိုခဲ့ကြတယ် သမီးရေ…… ဖေဖေလည်း သမီးလေးအတွက် တစ်စုံတစ်ခုလောက်တော့ လုပ်ပေးချင်တဲ့ ဆန္ဒလေး ပြင်းပြနေမိတာပေါ့ကွယ်။ ခက်တာက ဖေဖေက ဆရာမောင်သာချိုလိုလည်း စာရေးမကောင်းဘူး။ အဆိုတော်ထူးအိမ်သင်လိုလည်း သီချင်းရေးဖွဲ့ပြီး မသီဆိုတတ်သလို ကဗျာဆရာ စိုင်းဝင်းမြင့်လိုလည်း ကဗျာမစပ်တတ်ဘူး သမီးရယ်။ ဒါပေမယ့် သမီးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတရားကတော့ သူတို့တွေထက်မသာရင်နေမယ် လျှော့တော့မလျှော့ပါဘူး။ ဒီစာလေးကို ဖေဖေရေးနေချိန်မှာ […]


kotun winlattMarch 27, 20141min21017
မနေ့ညက ကျနော့် အီးမေလ်းထဲကို ထူးထူးဆန်းဆန်းမေလ်းတစ်စောင်ရောက်လာပါတယ်။ ဖွင့်ကြည့်လိုက်တော့ ကျနော်တို့ ဂဇက်ရွာသူကြီး ဦးခိုင်ဆီကစာပါ။ အကြောင်းအရင်းကတော့ မတ် – ဧပြီလအတွက် မန်းလေးဂဇက် သတင်းစာ ပေးပိုက်လိုက်ပါသည်ဆိုပဲ… ဖတ်ချင်လွန်းလို့ ဒေါင်းလုတ်ဆွဲမယ်ဆိုပြီး ဖိုင်ဆိုဒ်ကြည့်လိုက် 12 MB ကျော်ဆိုတော့ ရွာသူ အန်တီနု ပြောတဲ့ မပုတု (MPT) က လိုင်းအားကောင်းကောင်းဆိုတော့ နောက်ဆုံးမှာ ကျနော်ပဲ အရှုံးပေးပြီး ဒေါင်းလုတ်ဆွဲခြင်းအမှုကို လက်လျှော့လိုက်ပါတော့တယ်။ ပြီးတော့ ပို့တောင့်ပို့ခဲ့ ပေးပို့လာတဲ့ သတင်းစာလေးကို မဖတ်ရတော့ စိတ်ထဲကို အတွေးတစ်မျိုးဝင်လာပြန်တယ်ဆိုပါတော့…. ဘာကြောင့် သူကြီးက ကျနော့်ဆီ တခုတ်တရ ပေးပို့သလဲပေါ့….။ ရွာထဲကိုလည်း မရောက်ဖြစ်တာကြာလှပေါ့။ ကိုထူးဆန်းပြောတဲ့ မရှိခင်ဒုက္ခကို သိပြီးသကာလ ရှိပြီး ဒုက္ခကို ကြံ့ကြံ့ခံနိုင်ဖို့ရာ ကြိုးစားနေတဲ့ ကျနော့်အဖြစ်က […]


kotun winlattOctober 28, 20131min1122
လုပ်ပိုင်ခွင့်၊ လုပ်ကိုင်ခွင့် နှင့် အနင်းခံပြည်သူများ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ဒီမိုကရေစီဆိုနိုင်ငံဆိုသည်မှာ ပြည်သူများ၏ ဆန္ဒကို အလေးထားသည့် အစိုးရအုပ်ချုပ်သည့် နိုင်ငံ၊ တရားဥပဒေစိုးမိုးသည့်နိုင်ငံ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒကို အလေးထားဆောင်ရွက်ပေးသည်ဟု နားလည်ထားခဲ့ပါသည်။ ထို့ပြင် ယနေ့မြန်မာနိုင်ငံကြီးမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ ချီတက်နေပါသည်ဟု ကြွေးကြော်ထားပြန်ရာ အားရကျေနပ်ဖွယ် ကောင်းလှပေသည်။ သို့သော် အမှန်တကယ်ရော ကြွေးကြော်သံအတိုင်း ချီတက်နေကြပါ၏လော။ အပြောင်းအလဲတွေကရော အောက်ခြေအဆင်အထိရောက်ရှိပါ၏လော.. ဟုမေးခွန်းထုတ်မိသည်မှာ အကြိမ်ကြိမ်ပင်။ ကျေးလက်တောရွာများတွင်နေထိုင်ကြသည့် အခြေခံလူတန်းစားများအတွက် မျှတမှု၊ တရားဥပဒေ၏ အကာကွယ်ပေးမှုအစရှိသည့် အခွင့်အရေးများရရှိနေကြပါ၏လော..။ ယခုဖြစ်ရပ်မှာ ဒေသခံ အခြေခံလူတန်းစားများအပေါ် လုပ်ပိုင်ခွင့်ဟူသည့် ဝိသေသတစ်ခုဖြင့် အနိုင်ကျင့်မှု တစ်ခုအဖြစ် မြင်တွေ့ကြားသိရပေသည်။ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို ပြုပြင်ရန်အတွက် အစိုးရမှ ကုမ္ပဏီများကို လမ်းပိုင်းအလိုက် […]


kotun winlattSeptember 14, 20131min1536
စံတော်ချိန် သတင်းစာပါ သတင်း…   စံတော်ချိန်ပါ သတင်းအား တုံပြန်ထားသည့် နံရံကပ်စာ… သတင်းတစ်ပုဒ်၏ နောက်ကွယ်….. @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ချီတက်နေသည့် မြန်မာနိုင်ငံတော်ကြီးတွင် မီဒီယာသမားတို့၏ အခန်းကဏ္ဍအား မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းထားခဲ့သည်မို့ မီဒီယာသမားတို့၏ တာဝန်မှာ မသေးလှဟု ဆိုရပေလိမ့်မည်။ မီဒီယာသမားဟု ဆိုရာဝယ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည် စသည်တို့မှ သတင်းထောက်များဟု အများအားဖြင့် သတ်မှတ်သိရှိထားကြပေသည်။ ၎င်းသတင်းထောက်များတွင်လည်း တိုက်ပိုင် သတင်းထောက် အလွတ်တန်း သတင်းထောက်၊ ကော်လံစား သတင်းထောက် အစရှိသဖြင့် ထပ်မံခွဲထွက်သွားပြန်သည်။ ထိုသတင်းထောက်တို့၏ ဖော်ထုတ်ရေးသားမှုများကြောင့် ပြည်သူများ သတင်းမှန်များကို သိရှိကြရသည်။ ဒေသတွင်း နိုင်ငံတွင်း နေ့စဉ်ဖြစ်ပျက်နေမှုများအား ပြည်သူတို့ထံ တင်ပြနေကြသူများပင်…..ဤသို့ဆိုလျှင် သူတို့တွေ၏ ကျေးဇူးတွေ ကျွန်တော်တို့ ပြည်သူတွေဆီမှာ ရှိနေကြသည်ဆိုရမည်ပင်… […]


kotun winlattSeptember 11, 20133min1255
ကံကိုယုံပြီး နွားလှည်း စီးကြမယ်.. @@@@@@@@@@@@@@@@@ ကျနော်နေထိုင်တဲ့ တောမက မြို့မကျ ရွာကြီးမှာ စက်တင်ဘာ ၆ ရက်နေ့က မိုးတွေသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့တယ်…။ ရွာကြီးကို ဖြတ်သန်းသွားတဲ့ မော်တော်ကားလမ်းမကြီးပေါ်မှာလည်း ရေက တစ်ချို့နေရာတွေမှာ တစ်ပေခွဲ၊ တစ်ချို့နေရာတွေမှာ လေးပေခန့်အထိ ဖုံးလွှမ်းသွားခဲ့တယ်…။ရေပြန်ကျသွားချိန်ကျတော့ လမ်းမကြီးပေါ်မှာ ကျောက်တုံးကျောက်ခဲတွေ ကျင်းတွေချိုင့်တွေ ဖြစ်ကျန်ရစ်ခဲ့တာပေါ့။ ရွာကြီးရဲ့ အဝင်က ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ သစ်သားတံတားကြီးရဲ့ ကြံ့ခိုင်မှုဟာလည်း စိုးရိမ်စရာ အခြေအနေဖြစ်ခဲ့တာပေါ့..။ ရေကြီးရေလျှံမှုနဲ့အတူ မျှောပါလာတဲ့ အမှိုက်သရိုက် သစ်တုံးတွေက တံတားကြီးရဲ့ နာမကျန်းဖြစ်နေမှုကို ပိုမိုချည့်နဲ့အောင် ဇာတ်ရှိန်မြင့်ပေးသွားခဲ့လေရဲ့..။ ရေဖုံးလွှမ်းခဲ့တဲ့ မော်တော်ကားလမ်းမကြီးဟာ ဟိုးရှေးယခင်ကတည်းက ရှိနေခဲ့တာပါ…။ သမိုင်းနဲ့ချီပြီးပြောရရင်တော့ အရှည်ကြီးပေါ့…။ ကျနော်ငယ်ငယ်က ရွာကြီးကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ […]


kotun winlattAugust 16, 20131min1012
ဒီနေ့ ကျနော် လ္ဘက်ရည်ဆိုင်ကို သွားရင်း လမ်းမှာ လူတစ်ယောက်ကို တွေ့တယ်..။ အသက်က ငါးဆယ်နီးပါး ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် ဆံပင်ရှည်ရှည် ပုဆိုးကို တိုတိုဝတ်ပြီး အကျီင်္ကလည်း ကြယ်သီးမတွယ် ရင်ဘတ်ဟောင်းလောင်းနဲ့ပေါ့…။ သူ့မျက်လုံးတွေက ကျီးကန်းတောင်မှောက် ဟိုကြည့် ဒီကြည့် ပါးစပ်ကလည်း မရပ်မနား တတွတ်တွတ် ဘာတွေရွတ်လို့ ရွတ်နေမှန်း မသိ…။ ဪ.. စိတ်မနှံသူ စိတ်ဖောက်ပြန်နေသူပါလား..။ ဒီလိုလူတွေ တော်တော်များများကို ကျနော်မြင်ဘူးတွေ့ဘူးပါတယ်..။ သူတို့လိုလူတွေကို ကျနော် တော်တော်ကြောက်မိပါတယ်…။ ဘာကြောင့်လည်းဆိုတော့ စိတ်မမှန်သူတွေဟာ ဘာမဆိုလုပ်နိုင်တာမို့လေ…။ ဒါပေမယ့် ဒီလို စိတ်မမှန် စိတ်ဝေဒနာခံစားနေရသူတစ်ဦးနဲ့ ကျနော် စကားတွေ အများကြီးပြောဘူးတယ်ဆို ယုံကြည်ကြမလား။ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ဟုတ်တယ်ဗျ… လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပေါ့…။ ကျနော် မြစ်ကြီးနားမှာ ဂျီတီအိုင်တက်တုန်းကလေ..။ ကျနော် […]


kotun winlattAugust 7, 20131min1847
“ဟင်…အို…ဒုက္ခပါပဲ….” ကျမ နှုတ်မှ အာမေဋိတ်သံများ အဆက်မပြတ်ပေါ်ထွက်လာကာ လက်ထဲမှ ကိုင်ထားသည့် ဖုန်းမှ မည်သည့် ခလုတ်ကိုနှိပ်လိုက်ရမည် မသိအောင်ဖြစ်သွားသည်။ ကျမဘေးမှ ရပ်ကြည့်နေသည့် ဆရာကြီးမှာလည်း ကျမကို အံ့ဩသော မယုံနိုင်သော မျက်နှာဖြင့် ကျမကိုတစ်လှည့် ကျမကိုင်ထားသည့် ဖုန်းမျက်နှာပြင်ပေါ်မှာ လှုပ်ရှားနေသည့် ပုံများကို တစ်လှည့် ငေးကြည့်ရင်း ဆွံ့အနေသည်။ ကျမမှာ လူကြီးရှေ့မှာ မိမိသိထားသည့် အချက်အလက်လေးတွေကို ပြောပြလိုသည့် ဆန္ဒဖြင့် ကိုယ့်ဆရာကို လူတတ်ကြီးလုပ်မိခြင်းကပင် ဒီပြဿနာ၏ အစပင်လား မပြောတတ်… တကယ်ကို ကျမ မျက်နှာထားစရာ မရှိအောင် ..ရပ်နေသည့်နေရာလေးကပင် ပျောက်ကွယ်သွားချင်မိလောက်အောင် ရှက်ရွံ့ရမိသည့် နေ့တစ်နေ့ပင်….။   @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@   ကျမနေထိုင်သည့် တောမက မြို့မကျ ရွာကြီးမှာ ဆက်သွယ်ရေးတာဝါတိုင်ကြီး လာရောက်စိုက်ထူးပြီး ဝန်ထမ်းများကို […]


kotun winlattJuly 16, 20131min1668
                **************************************************************************************************************     ၈.၇.၂၀၁၃ တနင်္လာနေ့မှာတော့ သွားလှူဖြစ်တယ်ပြောရမလားးး လှူဖြစ်တယ်ပြောရမလားးးး မသွားရဘူးလားဆိုတော့လည်း သွားရတယ်… အဝေးကြီးတော့ မဟုတ်ဘူးပေါ့…။ ဒီတစ်ခါလှူဖြစ်တဲ့ ရွာကတော့ ကျနော့်ရွာက ကျောင်းကလေးပါ..။ ကျနော့်ရွာလေးဟာ မော်လူးနဲ့ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းသာ ခြားထားတဲ့ ရွာလေးဖြစ်ပါတယ်..။ ရွာဆိုတာထက် ရပ်ကွက်လို့ပြောရမလားးး ဟိုးးအရင်က ကျနော်မမွေးခင်အချိန်က မဲရုံ(၈/၉) ဆိုပြီးခေါ်ခဲ့ပါသတဲ့…။ နောက်ပိုင်းတော့ ရပ်ကွက်(၈/၉)ပေါ့…။ မော်လူးကို မြို့ အဆင့်တိုးမြင့်ပေးဖို့ရာ ကြိုးစားကြတော့ ကျနော်နေတဲ့ ရွာလေးဟာ မြို့နယ်နမိတ်ထဲ မပါတော့ဘူးဆိုလားပဲ..။ မော်လူးကို မန္တလေး-မြစ်ကြီးနား မီးရထားလမ်းနဲ့ မော်တော်ကားလမ်းက တောင်မြောက် အပြိုင်ဖြတ်သန်းသွားတာလေ… မီးရထားလမ်းရဲ့ အရှေ့ဘက် မော်လူး အနောက်ဘက်ကတော့ […]


kotun winlattJuly 10, 20136min1819
ဥရှစ်ကုန်း (ဥသျှစ်ကုန်း) ရွာလေးရောက်ခါနီးမှာ ဖူးတွေ့ရသည့် စေတီတော်လေးးးး လမ်းကတော့ ဒီလို ချောချောလေးပါ…….       ရွာအဝင်တံတားကို ရောက်ပြီဗျို့…စိမ်းရတနာမြေဆိုပါလားးးးးးး လှူဒါန်းဖို့ရာ ပြင်ကြဆင်ကြ မန်းလေးဂေဇက်တံဆိပ်တွေကပ်ကြပေါ့….     အလှူပစ္စည်းလေးတွေ ကျောင်းအုပ်ဆရာကြီးသို့ ပေးအပ်နေစဉ်….         One Candle အဖွဲ့မှ အသက်အငယ်ဆုံး အဖွဲ့ဝင်လေးးးးပါ..ဗျို့….။ ဒါကတော့…ကျနော့်ခင်သော အင်းတော်မြို့မှ ပရဟိတကို စိတ်ဝင်စားသော အစ်ကိုတော်…(မှတ်ချက်။ ။ လူပျိုကြီးးးး)   ကျောင်းသား/သူလေးများအား စာရေးကိရိယာလေးများ ပေးအပ်စဉ်…။ ဟာ…ပြုံးးးထားးမှ ငါ့ကို ဓာတ်ပုံရိုက်နေတာ……။ ရွာထဲကို ဂျာနယ်စာစောင်တွေ အခမဲ့ဝေကြမယ်…….လိုက်ကြဦးမလားဗျို့….။ ဂျာနယ်စာစောင်တွေ အခမဲ့ ဝေနေတယ်နော်…ယူကြဦးးမလားးးးး။ ရွာဆိုင်းဘုတ်လေးရှေ့မှာ အမှတ်တရ…..။   နွေရာသီရေရှားပါးမှုကို ဖြည့်ဆည်းရန် […]


kotun winlattJuly 6, 20131min29118
နားဖာရွာလေးသို့ရောက်ရန်…ကူးရပြန်ချေပြီ…နမီးးးချောင်းးးးး ရေကူးရင်း တက်ကြွနေကြသူများးးးးးးးးးးးးးးးးး အထုပ်တွေကို ဒီလိုထမ်းပြီး အင်အားပြနေကြတဲ့ ကျနော့်အဖွဲ့သားများးးးး ဆရာမလေးသို့ အလှူပစ္စည်းလေးများပေးအပ်စဉ်… ဆရာမလေးမှတဆင့် ကျောင်းသားလေးအား စာရေးကိရယာလေးများပြန်လည်ပေးအပ်စဉ်…. ဆရာမလေးမှတဆင့် ကျောင်းသားလေးအား စာရေးကိရယာလေးများပြန်လည်ပေးအပ်စဉ်….   အားလုံးးးးနှင့် စာသင်ဆောင်လေးရှေ့မှာ အမှတ်တရ…… သူတို့တွေ ရွာထဲသို့ ပြန်ကြလေပြီ…။   ကျနော့်တို့ အဖွဲ့ကို နှုတ်ဆက်နေကြတဲ့ နားဖာရွာလေးမှ အနာဂတ်သားကောင်းလေးများး       မူလခေါင်တုန့်စည်ရွာလေးကို နှုတ်ဆက်ထွက်ခွာလာပြီးနောက် အလာတုန်းက ကူးခဲ့ရတဲ့ ချောင်းလေးတွေကို ပြန်ကူးကြရပြန်တယ်…။ ပထမချောင်းကူးမှာကတည်းက ဆိုင်ကယ်တစ်စီးစ နှစ်စီးစ ပလပ်ကိုရေဝင်ပြီး စက်တွေ ထိုးရပ်ပါတော့တယ်… ကျနော်က ချုတ်ဆွဲပြီး စက်နှိုးခိုင်းတော့ စက်ပြန်နှိုးလာပြန်ရော… နောက်တစ်ခါချောင်းကူးမှာတော့ ကျနော့်ဆိုင်ကယ်ရော စက်ရပ်သွားပါလေရော..ချုတ်ဆွဲလို့လည်းမရ ကစ်စတတ် နင်းလို့လည်းမနှိုး..နောက်ဆုံးတော့ ပလပ်လေးဖြုတ်ပြီး ရေစင်အောင်သုတ်လိုက်မှ အဆင်ပြေသွား၏။ […]


kotun winlattJuly 5, 20132min19610
                                နားမကျိုင်းရွာလေးကနေ မြောက်ဘက်ကို ဆက်ထွက်လာပြီး မကြာခင်မှာပဲ နမီးချောင်းကို ဖြတ်ကူးကြရတော့တာပါပဲ…။ ဒီချောင်းဖျားလေးမှာ မူလခေါင်တုန့်စည်ရွာ တည်ရှိပါတယ်။ ဒီချောင်းလေးကိုပဲ ကျနော်တို့ သုံးကြိမ်လောက်ဖြတ်ကူးရမှာပါ။ ရေများနေတယ်ဆိုလို့ ကျနော်တို့ နားမကျိုင်းမှာ ဆိုင်ကယ်တွေ ချန်ထားပြီး နှစ်ယောက်တစ်စီးနှုန်းနဲ့ စီးလိုက်တာ ဆိုင်ကယ် ဆယ်စီးကျော်ပဲ ပါလာတော့တယ်..။ ချောင်းလေးမှာ ရေများနေတာဆိုတော့ ဆိုင်ကယ်တွေ တစ်စီးပြီး တစ်စီး ထမ်းကူးရမယ်လို့ ထင်ထားခဲ့ပေမယ့် ရေကထင်သလောက် မများတာမို့ ဒီအတိုင် စီးပြီးဖြတ်ကူးကြပါတယ်။ ရေစီးသန်ပြီး ချောင်းပြန့်ကျယ်နေတာလေးပါပဲ….။ ဒီအကြိမ်ဖြတ်ကူးမှုမှာတော့ အားလုံးအဆင်ပြေနေပါတယ်…။ ချောင်းကူးပြီးတော့ တောင်လေးတစ်တောင်ကို […]


kotun winlattJuly 1, 20133min19710
ဖြည်းဖြည်းမှန်မှန်…မောင်းကြမယ်ဗျို့…… ဟာ…..ရောက်ပြီ…..ရွာထပ်က စာသင်ကျောင်လေးးးးးးး   ဆိုင်းဘုတ်ကတော့ အပျံစားပဲ……   မွန်မြတ်စိတ်ထားရှိတဲ့ ဆရာလေးကို လေးစားပါတယ်ခင်ဗျာ… အမယ်….အမယ်….တူဂ…တူဂ…မျောက်မှန်ကြီးနဲ့ ဂိုက်ပေးကြမ်းနေသေးတယ်…ရီချင်တာတော့..(မှတ်ချက်။ ။ ကျောင်းသူလေး၏ စိတ်ထဲမှ ပြောနေခြင်းဖြစ်၏။)   ဟာ….ပွတာပဲ…မုန့်တွေလည်း ပါတယ်ကွ… မနက်က ထမင်းကြမ်းပဲ လွေးခဲ့ရလို့ ဗိုက်ဆာနေတာနဲ့ အတော်ပဲ….   အယ်….ကင်မရာဆရာက နှစ်ယောက်ဆိုတော့ ဘူ့ကို ကြည့်ရမှာလဲ..ဟင်……   ဟာ…မုန့်တွေ ခုံအောက်ကျသွားပြီ……. အေနော်က ရှက်ပါဒယ်ဆိုနေ…လာပြီးးးးဒါ့ပုံရိုက်နေတယ်….လုပ်ကြပါဦးးးးးတားတားးငိုမှာနော်….။   ကျောင်းလေးရှေ့မှာ အမှတ်တရ……. နားမကျိုင်းရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား မော်လူးတွင်(၈.၃.၂၀၁၃) ရက်နေ့က ကျနော်တို့ အဖွဲ့မှ ဦးစီးပြီး စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်းကျင်းပသည့် စာပေဟောပြောပွဲ ဒီဗီဒီအခွေ ဆက်ကပ်လှူဒါန်းစဉ်…။     ကျနော်တို့ အဖွဲ့ ဆားမှော်ရွာလေးက […]