မစုဥာဏ္August 26, 20151min22512
(photo credit to giantbomb.com) ဒီရက်ပိုင်း ကွ ျန် မရဲ ့အတွေးတွေ ကို စိုးမိုးနေတာက “သေခြင်းတရား” ဖြစ်သည်။ လူတွေ သေဆုံးနေကြသည် ကို နာရေးကြော်ငြာတွေထဲမှာဖြစ်ဖြစ်၊ တီဗီဖန်သားပြင်ပေါ်မှာ ဖြစ်ဖြစ် နေ ့စဉ် နဲ ့ အမျှ မြင်တွေ ့၊ ကြားသိနေရသည်မို ့ကျွန်မတို ့ အားလုံး သေခြင်းတရား နှင့် မစိမ်းကြ။ သို ့သော် အဆိုပါ သေခြင်းတရားက ကွ ျ န်မ၏ မိတ်ဆွေ နှစ်ဦး(Susan နှင့် Ting) နှင့် ပတ်သက်လာသောအခါ ကွ ျန်မ အတွေးပိုမိသည်။ တိတိက ျ ကျ ဆိုရသော် သေခြင်းတရား၏ လှည့်စားတတ်သည့် […]


မစုဥာဏ္August 24, 20151min26218
 (photo: Imgion.com) သူမတူအောင် အေးတတ်လွန်းသည့် နယူးယောက်ဆောင်းတွင်းမှာ မနက်စောစော အချိန်ပို အလုပ်ဆင်းရသည့် ရက်တွေ ကို ကျွန်မ မုန်းသည်။ လူနာများ၏ ငြီးငြူသံ (သို ့မဟုတ်) မိသားစုဝင်များ၏ အပြစ်တင်သံ များကို ကြားရတတ်သည့် ဆေးရုံထဲကို ပင် မရောက်သေး၊ အိမ်မှာ အလုပ်သွားဖို ့ပြင်ရ ဆင်ရ ကတည်းက စိတ်ညစ်ခြင်းက စပြီ။ တလောကလုံး အိပ်မောကျနေချိန်မို ့ အေးအေးနှင့် ဆက်ကွေးချင်စိတ်ကို တွန်းလှန်ပြီး နှိုးစက်ကို ပိတ်ကာ ထ ရသည်။ ရေမိုးချိုးပြီး တော့ .. ရေခဲမှတ်အောက်ရောက်တတ်သည့် အအေးဒဏ်ကို ကာကွယ်ဖို ့ အသားကပ် အကျင်္ ီ၊ အသားကပ် ဘောင်းဘီရှည်တွေ ကို အောက်ခံဝတ်၊ အနွေးထည် […]


မစုဥာဏ္August 22, 20151min39927
ရေခဲမှတ်အောက် ရောက်အောင် အေးနေတဲ့ နယူးရောက် ဆောင်းတွင်းတနေ ့မှာ..လမ်းမတွေ ပေါ် ထူထူထဲထဲ ကျနေတဲ့ နှင်းတွေ ကို ဖိနှင်း၊ နှုတ်ကလဲ မြည်တွန်တောက်တီးပြီး Great Neck စာကြည့်တိုက်ကို လာခဲ့တဲ့ ကျွန်မ…. စာကြည့်တိုက်ထဲရောက်တော့ ရှက်မိပါရဲ ့။ လားလား..အသက် ၂ နှစ်ကနေ ၁ဝ နှစ်ကေ ျာ် အထိ ကလေးတွေ ..မောင်မင်းကြီးသားလေးတွေ၊ မယ်မင်းကြီးမလေး တွေက ဒီလောက်အေးတဲ့ ဆောင်းတွင်းမှာ တောင် စာကြည့်တိုက်ကို အရောက်လာပြီး “ကလေးစာကြည့်ခန်း” မှာ အငြိမ့်သား စာထိုင်ဖတ်နေကြလေရဲ ့။ အသက် ၂နှစ်လောက်ကလေးက စာဖတ်နိုင်ပါ ့မလားဆိုပြီး မေးချင်သူတွေ ရှိကြမှာပဲ။ ဟုတ်ကဲ့..စာမဖတ်တတ်တဲ့ ကလေးတွေ ဖတ်လို ့ရတဲ ့စာအုပ် “Picture […]


မစုဥာဏ္December 26, 20141min30616
ဒီဇင်ဘာလ ခရစ္စမတ်ညမှာ နံရံတွေခြား၊ သံတိုင်ကြားမှ မြူနှင်း ပျပျ ဆောင်းအလှ ကို ….. ငါ မှန်းဆမိတယ်။   မာကြော အေးစက်တဲ့ ကြမ်းပြင်ကို ကျောခင်း ကြွက်တွေ၊ ကြမ်းပိုးတွေ ကို မောင်းထုတ်ရင်း …. အမေ့လက်ရာ ထမင်းဟင်းတွေ ကို တမ်းတ ချစ်ခင်သူတွေ ကို ငါ လွမ်းလှတယ်။   မတရားမှုကို အံတု၊ ယုံကြည်မှု ကို အားပြုလို ့ သံတိုင်တွေ နောက် ငါ ရောက်ခဲ့တယ်။ လွတ်မြောက်မှု ကို စတေး၊ အဲဒီ ယုံကြည်ချက် အတွက် နုပျိုမှုတွေ ကို ငါပေးခဲ့ရတယ်။   ဖိ နှိပ် မှု စနစ်ကို တန်ပြန်၊ […]


မစုဥာဏ္December 8, 20141min41722
လူတိုင်း လူတိုင်း အချစ်နဲ ့မကင်းကြဘူးလို ့ဆိုပေမယ့် … ကိုယ်ချစ်တဲ့ သူတစ်ယောက် အတွက် ကျွန်မတို ့ဘယ်လောက်အထိ အနစ်နာခံနိုင်ကြသလဲ။ ဘာသာမတူ၊ ယဉ်ကျေးမှုမတူတဲ့ ကိုယ့်ချစ်သူ ရဲ ့ခံယူမှုတွေ ကို သူနဲ ့ထပ်တူတန်ဖိုးထားနိုင်သလား။ ကုစရာဆေးမရှိတဲ့ ရောဂါဆိုးတစ်ခု ကို ကိုယ်က နာနာကျင်ကျင်ခံစားနေရပြီး၊ သူ ့မျက်နှာလေးကို နောက်ဆုံးမြင်တွေ ့သွားဖို ့လိုအပ်နေချိန်မှာ ကိုယ့်ထက်ပိုအရေးပေးရမယ့်အရာတွေ၊ ငဲ့ညှာမှုတွေ ကြောင့် လာမတွေ ့နိုင်တဲ့ ချစ်သူကို နားလည်ပေးနိုင်လောက်တဲ့ ချစ်ခြင်းမေတ္ထာမျိုး ကျွန်မတို ့မှာ ရှိသလား။ ဟင့်အင်း..ကျွန်မကတော့ ကိုယ့်အနားမှာ အမြဲရှိနေပြီး၊ နားလည်မှုတွေ အပြန်အလှန် ပေးနိုင်တဲ့ ချစ်သူမျိုးကိုပဲ လိုချင်တယ်။ အတ္ထ ကြီးတယ်ပဲပြောပြော၊ နှိုင်းယှဉ်ရွေးချယ်စရာတွေ နဲ ့ ရင်ဆိုင်ရတဲ့အခါ […]


မစုဥာဏ္December 1, 20141min29615
(photo: internet)   မှိုင်းညို ့ညို ့တောင်တန်း ဝိုင်းရံထားတဲ့ ချယ်ရီမြေ စမ်းရေကြည် တသွင်သွင်စီးကျ အေးမြလှပေ။   ဟန်ဆောင်မဲ့ ပြုံးပန်း ပန်ဆင်ထားတဲ့ တောင်ပေါ်သူတွေ ပါးအို ့နီနီ ယဉ်ယဉ်လေးလှ ရိုးသားကြပေ။   အိုးစည်သံခြုံလွမ်း ရိုးရာဓလေ့ နဲ ့ ရာဇဝင်တွေ အာဏာရှင် လူတစ်စုကြောင့် ညှိုးနွမ်းခဲ့ပေ။   ထင်းရှူးမြိုင်တောတန်း သေနတ်သံမစဲတဲ့ ချယ်ရီမြေ မျက်ရည်သွေ တသွင်သွင်စီးကျ သွေးမြေကျလို ့နေ။   ယမ်းငွေ ့တွေ ခြုံ လွမ်း သိန်းပေါင်းချီတဲ့ Refugee တွေ မွေးမြေမှာ…ငြိမ်းချမ်းစွာ..ပြန်နေရဖို ့ တမ်း………..တမ်းတနေ။   စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန် ဖော်ဆောင်ပေးဖို ့….မှန်း..မှန်းဆနေ။   […]


မစုဥာဏ္November 29, 20141min36122
ဉာဏ်ရည်ဖွ ံ့ဖြိုးမှု နှေးကွေးသူတွေ၊ စိတ်ဝေဒနာရှင် တွေ နဲ ့ ပတ်သက်ပြီး ပညာပေးမှု အားနည်းတဲ့ နိုင်ငံမှာ ကြီးပြင်းလာခဲ့ သူ တစ်ဦး ပီပီ …စိတ်ဝေဒနာသည်တွေ (ဒါမှမဟုတ်) ရုပ်ပိုင်းဆိုင်ရာ ချို ့တဲ့ နေသူတွေ အနားကပ်လာတိုင်း ကျွန်မ စိတ်ထဲ မသိုးမသန် ့ဖြစ်ခဲ့ဖူးတယ်။ သူတို ့တွေ ကို သာမာန်လူသားတွေ လို ့မမြင်ပဲ၊ ကျိန်စာသင့် လူသားတွေ.. သနားစရာ လူသားတွေ လို ့သာ ကျွန်မ မြင်တတ်ခဲ့တယ်။   အဲဒီလို အသိပညာမျိုးနဲ ့အမေရိကန်ပြည်ထောင်စု ကို မအူမလည်နဲ ့ရောက်လာခဲ့တဲ့ ကျွန်မ… AHRC ခေါ် အစိုးရမဟုတ်တဲ့ အဖွဲ ့စည်း တစ်ခုမှာ အလုပ်ရတော့ […]


မစုဥာဏ္October 8, 20141min27415
အမေရိကန်ပြည်ထောင်စုရဲ ့ ဆောင်းဦးကာလ ကို ရောက်လာတဲ့အခါ မူလက တပင်လုံးစိမ်းစိုနေတဲ့ သစ်ရွက်တွေက အဝါရောင်၊ အနီရောင်၊ ပန်းရောင် စသဖြင့် အရောင် အမျိုးမျိုးပြောင်းလို ့လာတယ်။ သဘာဝ ရောင်စုံပန်းချီကားချပ် တစ်ချပ် ကြည့်ရသလို လှနေတဲ့ အပင်တွေ ကို မြင်တော့ အမေ့ ကို သတိရ မိတယ်။ ရှမ်းပြည်မှာ သစ်ရွက်ဆိုရင် အစိမ်းရောင်လို ့ သာ မြင်ထားဖူးတဲ့ အမေက နယူးယောက်မှာ ဆောင်းဦးရောက်ရင် အရွက်တွေ အရောင်ပြောင်းတယ်လို ့ ကြားတော့ တအံ့တဩဖြစ်လို ့ နေခဲ့တယ်လေ။ အရွက်ရောင်စုံတွေကို မြင်ဖူးချင်ပေမယ့် ရှမ်းပြည်ကို ကြာကြာမခွဲနိုင်တဲ့ အမေက နယူးယောက် ရဲ ့ ဆောင်းဦးအလှကို စောင့်မကြည့်နိုင်ပဲ ပြန်သွားခဲ့ပါတယ်။ အသက် […]


မစုဥာဏ္October 3, 20141min43419
ဂျူတီကုတ် ကို ချွတ်ပြီး သက်ပြင်းရှည် တစ်ချက် ကို ချ လိုက်ပေမယ့် အမောတွေ က ပြေမသွားဘူး။ ကင်ဆာ ဝေဒနာသည်တွေရဲ ့နာကျင်စွာ ညည်းတွားသံတွေ၊ ပိုက်တန်းလန်းနဲ ့ ခလေးငယ်တွေ။ .. ဆေးရုံဝန်ထမ်းတွေ ကို မကျေမနပ် ပြစ်တင်ပြီး၊ မန်နေဂျာနဲ ့စကားပြောမယ် ဆိုနေတဲ့ လူနာပိုင်ရှင် မိသားစု တစ်စု၊ နံဘေးမှာ အဆက်မပြတ် မြည်နေတဲ့ ဖုန်း စတဲ့ လုပ်ငန်းခွင် က အမောတွေ ကြောင့်၊ အလုပ်ပြီး သွားပေမယ့် ကျွန်မစိတ်တွေ ပေါ ့ပါးမနေဘူး။ အိမ်ပြန်ဖို ့စဉ်းစားမိပေမယ့် “ကြွက်တွင်း သာသာလောက် ရှိတဲ့ အခန်းကျဉ်းထဲ … တယောက်တည်း ငေါင်တောင်တောင်နဲ ့ နေမယ့် အစား၊ […]


မစုဥာဏ္October 3, 20141min422213
တေးသီချင်းတွေ ကို ဆိုတီးပြီး မြန်မာကလေးငယ်တွေ အတွက် ၂၀၀၈ ခုနှစ် ကတည်းက ရံပုံငွေ ရှာပေးနေတဲ့ နယူးယောက်အခြေစိုက် 3hird Medium တီးဝိုင်း ရဲ ့ ခြောက်ကြိမ်မြောက် ဂီတပွဲ ကို စက်တင်ဘာ ၂ရ ရက်နေ ့ က၊ နယူးယောက်မြို ့ရှိ Walter Crowley Intermediate School မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဂီတပွဲ မှာ 3hird Medium ဝိုင်းတော်သားတွေ နဲ ့အတူ အဆိုတော် ခင်ဘုဏ်း ကလည်း ပါဝင်သီဆိုခဲ့ပြီး၊ နယူးယောက်ရှိ မြန်မာမိသားစုများက မြန်မာရိုးရာအစားအစာများ ကို ပါဝင်လှူဒါန်းခဲ့ကြတယ်။ ဂီတဖျော်ဖြေမှု အစီအစဉ်အတွင်းမှာ ထိုင်ခုံတွေ မလောက်ပဲ၊ ရုံပြည့်လျှ ံ […]