waigyeeAugust 9, 20111min1062
စတုတ္ထပိုင်းမှအဆက် …….. အမှန်တော့ ကရင်ကောင့် ဦးလေးက ငါးကန်စောင့်ထားထားတာတဲ့ဗျာ။ ဦးနိုင်က “ အေး၊ အဲဒါမျိုးတွေက ငါတို့အဖွားဘက်ကရွာတွေမှာလည်း ရှိတယ်။ ငါတို့ငယ်ငယ်တုန်းကဆိုဘာခေတ်စားလည်းဆိုတော့၊ ချီးစားစုန်းပေါ့ကွာ။ ငါတို့အဖွားရွာကို အလည်သွားရင် ရွာက ကားလမ်းကနေဆို တော်တော်ဝင်ရတာဟ။ ဒီကြားထဲပိုဆိုးတာက မိုးတွင်းဆိုရင် သေပြီ။ ရေတွေကလျှံ၊ ခါးလောက်အထိရှိတယ်။ လူကြီးခါးကိုပြောတာနော်။ ငါတို့အဲဒီတုန်းကဆို ၄တန်းပေါ့။ ဒီလိုပဲ ရွာရောက်ဖို့ကို ရေထဲဖြတ်ရတာ။ ငါတို့အဖွားရွာက ခရမ်းဘက်မှာ အဖေ့ဘက်ကပေါ့ကွာ။ ငါတို့ကျောင်းပိတ်ရက်ဆိုရင် ငါ့အဖိုးကြီးနဲ့လစ်ပြီ။ ဟိုမှာ(၂)ရက်(၃)ရက်လောက်အေးဆေးနေပြီးမှ ပြန်လာတာပဲ။ ငါတို့ရောက်ပြီဆိုတာနဲ့ ခြံထဲမှာရှိတဲ့ ဘဲလည်းအငြိမ်မနေရဘူး။ ဟင်းအိုးထဲရောက်ပြီ။ ငါးပိ၊ ငံပြာရည်ကလည်းရှယ်ပဲ။ စဉ့်အိုးကြီးတွေနဲ့ သိပ်ထား၊ လှောင်ထားတာ။ အဲဒီအချိန်တုန်းက အဲဒီရွာဘက်မှာ မီးကလည်းမရသေးဘူး။ ညဘက်ဆို အိမ်ရှေ့မှာ ကွပ်ပြစ်ရှိတယ်။ အဲဒီကွပ်ပြစ်မှာ ရေနွေးကြမ်းနဲ့ လက်ဖက်နဲ့ […]


waigyeeAugust 3, 20111min901
“ရုံးပိတ်ရက်တစ်ရက်မှာ ငါတို့ဘော်ဒါ(၃)ယောက်အဲဒီဘက်ကို နံနက်(၉း၃၀)လောက်ကတည်းက ထွက်ကြတာပေါ့။ ဝါးတီးတွေ၊ ဘာတွေလည်း ပါတာပေါ့။ အထုပ်များများစားစားတော့မပါပါဘူး။ ကျောပိုးအိတ်တစ်လုံးထဲစုထည့်ပြီး မသိရင် ပျော်ပွဲစားထွက်တာကျနေတာပဲ။ အဲဒါ လေသေနတ်ကလည်း ခိုးယူလာတာ။ ငါ့အဖိုးကြီးမရှိတုန်း..။ ငါ့အဖိုးကြီးက အရင်က သစ်တောကနေ ပြောင်းလာတာဆိုတော့…။ နောက်ထွန်စက်စခန်းက ကုံးသီးတွေပေါမှပေါပဲ။ လေးခွတွေလည်းပါတယ်။ နောက်ပြီး အဲ…ဒီဘက်မှာ ဝေသာလီဗျိုင်းကြီးတွေလည်းရှိတယ်။ အရင်တုန်းက… ဝေသာလီဗျိုင်းက အဖြူမဟုတ်ဘူး။ အမဲ။ အကောင်ကြီးတယ်။ ရိုးရိုးဗျိုင်းထက်။ ထားပါတော့…။ ဒါနဲ့ငါတို့ တောက်လျှောက်လယ်ကွင်းတွေကိုကျော်ပြီး တောင်ခြေဘက်ကို တဖြည်းဖြည်းနဲ့ရောက်လာချိန်ကျမှ မြက်တွေရော၊ ကနဖော့တွေရော၊ ကညွတ်တွေရော..ဘာပင်တွေလည်းတော့ မသိဘူး။ ထူပိန်းနေတာပဲ အပင်ကြီးတွေလည်း များတယ်အဲဒီဘက်က…မြက်တွေဆိုလည်း အရှည်ကြီးတွေ။ ရေကြက်တွေက အဲဒီလို အထဲမှာနေကြတာ…. လူသံကြားရင် မြက်တွေကြားထဲကနေ ချွတ်ချွတ်အသံကြားရတယ်။ သူတို့ပြေးရင်မြက်ကြားထဲကနေပဲပြေးတာ…. မလွတ်တော့ဘူးထင်ရင် ထပျံပြီး ရေထဲဆင်းသွားရော။  ငါတို့လည်း […]


waigyeeAugust 1, 20111min611
သို့နှင့် ကျွန်တော်လည်း ဝင်ထိုင်လိုက်ပြီး “ကိုသက်၊ အအေးတစ်လုံးလောက်ဗျာ”ဟု မှာလိုက်သည်။ ဆက်ပြီး “ကိုသက်၊ အေးဆေးပဲလားဗျ။” “အေး၊ ညီ အေးဆေးပါပဲ” ကိုသက်က ဆက်ရှင်ပလေယာအဖြစ်လိုက်တီးတဲ့သူပါ။  ဂီတာသမား.. နယ်ဘက်မှာပဲတီးတာသူက.. ကိုသက်က … ငါ့ကောင်ကြီး မင်းဒီမှာကြာဦးမှာလား.. “အင်း ကိုသက် တစ်လလောက်နေဦးမှာ“ ပြောပြီး ဦးနိုင်ဘက်လှည့်ကာ …. ဟေ့လူ …. ဒါနဲ့ညနေက သရဲအကြောင်းလေးဘာလေး ဆက်ပါဦး။ ခင်ဗျားသိထားတာလေးတွေ။ ကိုသက်က ဝင်ပြီး… “ဘာလဲ။ သရဲသုတေသနလုပ်မလို့လား။” “ဟီး… ဟုတ်ဘူး၊ စိတ်ဝင်စားလို့” ကိုသက်ကပဲ… “အေး၊ ငါ့သမီးတောင် ဟိုတလောက ဝင်းသောင်ရွာထဲမှာ ညဘက်ဆိုင်ကယ်မှောက်သေးတယ်။  ဒူးကွဲသွားတယ်။ အဲဒါ လူပြတ်တဲ့နေရာလည်းရောက်ရော၊ ကွေ့ကိုကွေ့ချလိုက်တာ။ ရုတ်တရက် ရှေ့က ကလေးတစ်ယောက်ဖြတ်ပြေးသလိုမျိုး ဖြတ်ကနဲမြင်လိုက်လို့ တစ်ဖက်ကိုဆွဲချတာ။ ဆိုင်ကယ်တော့ […]


waigyeeJuly 31, 20111min16010
“အေး၊ ထားပါတော့…… ဦးနိုင်…ခင်ဗျားရော…ကြုံဖူးလား“ “ဟေအေး၊ ငါလည်း ငကစ်လိုပဲ….ဟဲဟဲ၊ အဲဒီနေရာမှာတော့ကြုံဖူးဘူး။ ဒါပေမယ့် မင်းတို့အဖေစက်ရုံနဲ့ ထုတ်လုပ်ရေး(၂)စက်ရုံကြားက အပင်မှာရှိတာတော့သိတယ်။ အဲဒါဘယ်သူထင်လို့တုန်း… အခု…အောင်ထမင်းဆိုင်ဖွင့်ထားတဲ့ ..ဦးသွင်..မိန်းမလို့တော့ လူတွေပြောကြတယ်။ အဲဒါမင်းဖားသားဒီကိုမရောက်ခင်တုန်းက ….” ဆက်ပြီး ကျွန်တော်က “ဟ…. ဒါဆို …အောင်ထမင်းဆိုင်ဘေးနားက အပင်မှာပေါ့။ မကျွတ်ဘူးလား။ သူကဘယ်လိုဖြစ်ပြီး သေတာလဲ” ဦးနိုင်က “ဖြစ်ပုံက ဒီလို” “မင်းတို့ရောက်ခင်…(၄)လလောက်ကဖြစ်လိမ့်မယ်။ အဲဒီ ဦးအောင်သွင် နဲ့ မစန်းစန်းမြင့် မှာ အခုမင်းတို့လည်း တွေ့တယ်မလား။  အဲဒီဆိုင်မှာ ပေါက်ကြီးက ဦးအောင်သွင်ရဲ့မယားကြီးကပါတဲ့သား၊ သားအကြီးဆုံးက ဗိုလ်ကြီး သူကတခြားနယ်မှာ တာဝန်ကျနေတာ။ နောက် ဟိုကလေးလေး အငယ်မလေး မင်းမြင်တဲ့အတိုင်း ဒီကလေးက မစန်းစန်းမြင့်နဲ့ရထားတဲ့ကလေး အခု(၁)တန်း တောင်ရောက်နေပြီ။ မစန်းစန်းမြင့်သေတော့ အဲဒီကလေးက (၃)နှစ်ခွဲကျော်ကျော်လောက်ပဲရှိဦးမှာ။ […]


waigyeeJuly 31, 20111min861
ဆောင်းအကုန်နွေအကူးကာလလေးဖြစ်သည်။ ဆောင်းအကုန်ဆိုပေမယ့် ဆောင်းအငွေ့အသက်လေးတွေက နည်းနည်းလေးတော့ကျန်သေးသည်။ “ဟေ့ကောင်၊ ထတော့၊ နေမြင့်အောင်မအိပ်နဲ့” ထုံးစံအတိုင်း ဘိုးတော်လာနှိုးသည်။  နာရီကြည့်လိုက်တော့ ရး၃ဝသာသာ။ “ဟူး၊ ဖားသားကတော့လုပ်ပြီ” မနက်သူနိုးတာနှင့် အကုန်လုံးကိုလိုက်နှိုးတတ်သည်မှာ ကျွန်တော့်ဘိုးတော်အကျင့်လိုဖြစ်နေပါပြီ။ ညက ဂိမ်းထိုင်ဆော့လိုက်တာ ၂း၃ဝသွားသဖြင့် လူလည်း မထချင်ထချင်ဖြင့်ထလိုက်ရသည်။ “ဟေ့ကောင်၊ မြန်မြန်လုပ်၊ အီလေးဆွဲမနေနဲ့၊ လက်ဖက်ရည်ဆိုင်သွားမယ်” သို့နှင့်ကျွန်တော်လည်း ကမန်းကတမ်း မျက်နှာသစ်၊ သွားတိုက်၊ တစ်ခါတည်းရေချိုးလိုက်သည်။ ရေပေးလိုက်တော့မှ နည်းနည်းလန်းဆန်းသွားသလိုရှိပြီး သားအဖနှစ်ယောက်သား လက်ဖက်ရည်ဆိုင်ကို ဆိုင်ကယ်ဖြင့်ချီတက်လာခဲ့ကြသည်။ (ကျွန်တော်တို့နေထိုင်ရာ အရပ်က ကျောက်ဆည်မြို့နှင့် ဟန်မြင့်မိုရ်ကြားထဲကျတဲ့ အင်းကုန်ရွာလေးနားမှာပါ။ ကျွန်တော့်အဖေစက်ရုံမှူးဘဝနှင့်တာဝန်ကျရာနေရာပါ။ ဝန်ထမ်းအိမ်ယာက လမ်းတစ်ဖက်တစ်ချက်စီမှာရှိပါတယ်။ ကျွန်တော်တို့နေတဲ့အိမ်၏ ကပ်လျက်မှာ အင်းကုန်းရွာရှိသည်။ လမ်း၏တစ်ဖက်မှာက ဝင်းသောင်ရွာရှိပါသည်။ ဝန်ထမ်းသက်သာဆိုင်တန်းကလည်း တော်တော်ရှည်ပြီး လမ်းတောက်လျှောက်မှာရှိပါသည်) ရုံးပိတ်ရက်ဖြစ်သဖြင့် ဆိုင်တန်းတစ်လျှောက်မှာလည်း စည်ကားနေသည်။ ကျွန်တော်သည်လည်း […]


waigyeeJuly 19, 20111min1237
မနက်ခင်းက အေးအေးချမ်းချမ်းဖြင့် ကြည်နူးစရာကောင်းနေသည်။ အုံ့အုံ့ဆိုင်းဆိုင်းလေးဖြစ်နေသည်။ တနင်္ဂနွေနေ့လည်းဖြစ်သောကြောင့် လမ်းမတွင် လမ်းလျှောက်ထွက်သောသူများ၊ ဈေးသည်များ ကိုယ်စီကိုယ်စီဖြင့် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်။ ကျွန်တော်လည်း စောစောစီးစီးပင် ဘော်ဒါများနှင့်ဆုံနေကျ လက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။ အချိန်အားဖြင့် ၆း၃ဝသာသာ။ ကျွန်တော်တို့အဖွဲ့(၅)ယောက်ရှိသည်။ လက်ရင်းဒိုးပေါ့။ ကျွန်တော်တို့အဖွဲ့ရဲ့ထူးခြားချက်က ၅ ယောက်တွင် (၄)ယောက်က နာမည်တွေဆင်ကြသည်။ ကျွန်တော်က ဝေဖြိုး၊ ကျွန်တော်နဲ့ ငယ်ငယ် ကတည်းက ကျောင်းနေဖက်ဘော်ဒါက ကိုဖြိုး (ကျောင်းနာမည် မင်းသူရှိန်)၊ နောက် နှစ်ယောက်က ကျွန်တော်တို့ထက်(၃)နှစ်လောက်ငယ်ပြီး ညီတွေလိုဖြစ်နေကြသည့် ဝေဖြိုးပိုင် နှင့် ဝေဖြိုးအောင်တို့ဖြစ်ကြသည်။ ကျန်တဲ့တစ်ယောက်ရဲ့နာမည်က အောင်အောင်။ အိမ်နာမည် “ကချစ်”။ များသောအားဖြင့် ကချစ်ပဲခေါ်ကြသည်။ သူ့ကိုမွေးပြီးပြီးချင်း သူ့ဖားသားကြီး ကားအရောင်းအဝယ်က သိသိသာသာကောင်းလာခဲ့တော့ ဒင်းကို “ကားချစ်”လို့နာမည်ပေးရာကနေ အဖျားစွပ် “ကချစ်”ဖြစ်သွားတာဖြစ်သည်။ ဒီကောင်က နောက်မှ […]


waigyeeJuly 16, 20111min1128
အိပ်မက် သိပ်မကြာသေးသော လများအတွင်းက ကျွန်တော့်ချစ်သူက သူ့ရဲ့အိပ်မက်ဆန်းမြင်မက်ကြောင်းကို ကျွန်တော့်အားပြောပြခဲ့ပါတယ်။ အိပ်မက်ထဲမှာ သူက မြစ်ကမ်းနားတစ်နေရာကို ရောက်နေခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့သူလမ်းလျှောက်နေရင်းကနေ ရေအောက်က အသံကြားရတာပါ။ အသံကြားရာကိုကြည့်လိုက်တော့ ရေအောက်တစ်နေရာမှာ သင်္ဘောပျက်တစ်စီးကို တွေ့ရပါတယ်။ “ကယ်ပါဦး၊ ကယ်ပါဦး” ဆိုပြီး ပြောသံကြားလို့ ကျွန်တော့်ချစ်သူက “နင်က ဘယ်နေရာမှာလဲ”လို့မေးတော့ သူသင်္ဘောမှောက်နေတဲ့ကြားနဲ့ ကြမ်းပြင်ကြားထဲမှာပါလို့ပြန်ပြော ပါတယ်တဲ့။ ဒီလိုနဲ့ ကျွန်တော့်ချစ်သူက “ဟာ ၊ ဒါဆိုနင်က သေနေပြီပဲ”လို့ ပြောတော့ မဟုတ်ဘူး၊ သူမသေပါဘူး။ လာကယ်တဲ့သူတွေက သူ့ကိုမမြင်ဘူး။ ကျော်ကျော်သွားတာပါတဲ့။ ငါ့ကို နင်ကယ်မှ ရမယ်လို့လည်း ပြောပါတယ်။ ဒါနဲ့  ကျွန်တော့်ချစ်သူကလည်း “ကဲ၊ ဒါဆိုငါဘယ်လိုကယ်ရမှာလဲဆို တော့ ၊ သူက သင်္ဘောနဲ့ကြမ်းပြင်ကြားထဲကို လက်နှိုက်ကြည့်လိုက်လို့ပြောတယ်။ ကျွန်တော့်ချစ်သူ လည်း နင်ငါ့လက်ကိုမြင်ရင် […]


waigyeeJuly 10, 20111min14813
မိတ္တီလာမြို့၊ စက်မှုလယ်ယာဦးစီးဌာနလက်အောက် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းက မြို့ပြင်အစပ်နားမှာရှိပါတယ်။ (အခုရန်ကုန်-မန္တလေးအမြန်လမ်းဖောက်မှ အဲဒီဘက်က ရန်ကုန်-မန္တလေးကားတွေ ဖြတ်ကြတာပါ။ အရင်ကတော့ လမ်းဟောင်းတုန်းကဆိုရင်တော့ မိတ္ထီလာမြို့ထဲ၊ ကန်ကြီးနားကနေဖြတ်သွားတာလေ) ကျွန်တော်အရင်က စက်မှုလယ်ယာမှာ စက်/ကျွမ်း(၃)ရာထူးနဲ့ အလုပ်ဝင်ခဲ့ဖူးပါတယ်။ အလုပ်ဝင်ပြီး (၆)လလောက်အကြာမှာ ဌာနဆိုင်ရာသင်တန်း တက်ရောက်ရပါတယ်။ သင်တန်းကာလ(၃)လပါ။  (မိတ္တီလာမြို့သို့ တစ်ကျော့ပြန်ရောက်ခြင်းဖြစ်ပြီး ငယ်ငယ်က ၁၉၈ရ မှ ၁၉၈၈ အရေးအခင်းပြီးသည်အထိ ကျွန်တော့်အဖေ တာဝန်နှင့်နေထိုင်ဖူးသည်) ယင်းသင်တန်းကျောင်းမှာ ယခင်ကတည်းက နာမည်ကြီးတယ်။  လူပြောများတယ်။ ကြုံတွေ့ဖူးသူများတယ်။ သရဲခြောက်လွန်းသော နေရာကြီးပါ။ သင်တန်းကျောင်း  အနောက်ကပ်လျက်တွင် သင်္ချိုင်းလည်းရှိပါတယ်။ ငယ်ငယ်ကတော့ မကြုံခဲ့ဖူးပေ။  ကြားသာကြားဖူးခဲ့တယ်။ အခု ကျွန်တော် သင်တန်းတက်မှသာ ကိုယ်တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့သင်တန်းတက်ရမယ့် အဖွဲ့ ရန်ကုန်ကနေ ရထားဖြင့် လာကြပြီး သာစည် ဘူတာတွင် ဆင်းကြတာပေါ့။ […]


waigyeeJuly 5, 20111min1233
အရင်ကျွန်တော်တို့ရပ်ကွက်က သူငယ်ချင်းတစ်စု နှစ်တိုင်းနှစ်တိုင်းစောင့်မျှော်နေသည့်ရက်မှာ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့ညပင်ဖြစ်သည်။ ရပ်ကွက်ထဲမှာ ဘာမှအရည်လည်းမရ၊ အဖတ်လည်းမရ နှစ်စဉ်ပုံမှန်ကစားကြခြင်းဖြစ်သည်။  သိတဲ့အတိုင်း ကျွန်တော်တို့အဖွဲ့က တစ်အုပ်စုလုံး(၁၀)တန်းအောင်ပြီးကာစဆိုတော့ ရပ်ကွက်ထဲမှာ ဝေးလားဝါးလားပဲပေါ့။ လပြည့်ကျော်(၁)ရက်နေ့ရောက်တာနဲ့ ဘာမှလည်းမဟုတ်၊ နေ့ခင်းကတည်းက ပလန်တွေဆွဲကြ သည်။  ပိုက်ဆံတွေလိုက်ကောက်သည်။ မင်းကဘယ်လောက်ထည့် မင်းကဒီလောက်ထည့် စသဖြင့်ပေါ့။ ဟီး . . ဒါကရှက်ကီဝယ်မယ်။ ဒါက . . . ကြက်ဝယ်မယ်၊ မြည်းဖို့ကသက်သက်ဝယ်၊ ဘာမှလည်းမဟုတ် ညနေခင်းလောက်ကတည်းက အကုန်လုံးနီးပါးဝယ်ပြီးနေပြီ။ ညနေခင်းကျ တော့ ကြက်သားသွားဝယ်ထားတဲ့သူက သွားဝယ်ပေါ့။ ဒါနဲ့ဘော်ဒါအိမ်တစ်အိမ်မှာ ပစ္စည်းတွေ အကုန်လုံးကို စုပြီးထားလိုက်တယ်။ ထားပြီးတာနဲ့ ကဲ . . .ရေပြန်ချိုးကြမယ်ပေါ့။ ချိုးပြီးတာနဲ့ ဘယ်နှနာရီ၊ ဘယ်ဆိုင်မှာဆုံမယ်ပေါ့။ ကျွန်တော်တို့ရပ်ကွက်ထဲက ဘုံဆိုင်မှာဆုံကြတယ်ပေါ့။ ဟီး . […]


waigyeeJuly 4, 20111min21419
စိတ်နယ်လွန်ဖြစ်ရပ်လေးပါ။ ကျွန်တော်(၉)တန်းနှစ်(၁၉၉၉)ခုနှစ်တုန်းက အဖြစ်အပျက်တစ်ခုဖြစ်သည်။  ကျွန်တော့် အမေရဲ့ညီမ ကျွန်တော့်အဒေါ်ရဲ့အကြောင်းလေးပါ။  အဲဒီအချိန်က သူ့အသက်ဟာ(၃၀)ကျော်ကျော်သာ ရှိသေးပြီး ချစ်သူရဲ့သစ္စာမဲ့မှုကိုခံလိုက်ရခြင်းကြောင့်  စိတ်ညစ်ပြီး Tablet တွေသောက်ရာက တစ်ဆင့် ဆေးဒဏ်ကိုမခံနိုင်ဘဲ ကုတင်ပေါ်မှအောက်ကြမ်းပြင်ကို လူးလှိမ့်ရင်း ပြုတ်ကျရာမှ ဦးခေါင်းကိုထိသွားခြင်းဖြစ်ပါသည်။ ထိုနေ့က မှတ်မှတ်ရရ Valentine Day! ကျွန်တော့်ဘဝမှာ အမှတ်ရစရာတစ်ခုပါ။ အဲဒီနေ့က ကျွန်တော်တို့မောင်နှမတွေကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာအေးအေးဆေးဆေးပဲ ချက်တဲ့သူက ချက်ပြုတ်တဲ့သူကပြုတ်နဲ့ပေါ့ အမေကိုကူလုပ်တဲ့သူက ကူလုပ်ပေါ့။ အဲဒီနေ့က သူ(ကျွန်တော့်အဒေါ်) အစောကြီးအိမ်ကနေထွက်သွားတယ်။ ထွက်သွားကာနီး မှတ်မှတ်ရရ သူကြက်ဥချဉ်ဟင်းနဲ့ ထမင်းကိုအရမ်းစားကောင်းတယ်ပြောသံကြားတယ်။ အရင် မနက်စာကို ထမင်းမပြောနဲ့ မုန့်တောင်စားချင်မှစားတဲ့သူ၊ ကော်ဖီတစ်ခွက်လောက်ပဲသောက်တဲ့သူ၊ အဲဒါနဲ့သူစားပြီး မြို့ထဲဆိုပြီးသူထွက်သွားတယ်။ နောက် ၂နာရီ၊ ၃နာရီလောက်ပဲကြာမယ်ထင်တယ်။ သူပြန်ရောက်လာတယ်။ မျက်နှာမကောင်းဘူး။ ကျွန်တော်ရိပ်မိလိုက်တယ်။ ကျွန်တော့်အမေတွေ၊ အမတွေကတော့ သတိမထားမိဘူးပေါ့။ […]


waigyeeJuly 4, 20111min1348
(၁) ပုဏ္ဍကအတိုက်ခံရခြင်း အချိန်ကာလအားဖြင့် ၁၉၉ရခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်၊ ကျွန်တော်(၇)တန်းဖြေထားသည်။ ကျွန်တော်တို့မိသာစု စုစုပေါင်း(၆)ယောက်ရှိပါသည်။  ကျွန်တော်သည် တတိယမြောက်ဖြစ်သည်။ ကျွန်တော့်အထက်တွင် အမ(၂)ယောက်ရှိပါသည်။ ကျွန်တော့်အောက်တွင် ညီမတစ်ယောက်ရှိသည်။ ကျွန်တော့်အဖေတာဝန်ကျရာ ဒေသ မြောင်းမြမြို့တွင်ဖြစ်သည်။ ထိုစဉ်က ကျွန်တော့်အဖေသည် လက်ထောက်ညွှန်ကြားရေးမှူးဘဝ၊ စက်ရုံမှူးဘဝဖြင့် ၊ စက်မှုလယ်ယာဦးစီးဌာနလက်အောက်ရှိ အလတ်စားစက်ပြင်အလုပ်ရုံတွင်တာဝန်ကျသည်။ တာဝန်ကျကျချင်း ကျွန်တော်တို့မိသားစု ထောက်ကြန့်မှတစ်ဆင့် မြောင်းမြကိုလိုက်ပါရွှေ့ခဲ့ကြသည်။ မြောင်းမြမြို့ကို ရောက်ရောက်ချင်း ကျွန်တော်တို့မောင်နှမ(၄)ယောက် အလွန်ပျော်သည်။ နေလို့ထိုင်လို့ကောင်းသည့်မြို့လည်းဖြစ်သည်။ ထိုမြို့၏ညနေခင်း ကမ်းနားသင်္ဘောဆိပ်လမ်းတွင် ကြေးအိုး၊ ဆီချက်၊ နန်းပြားဆိုင်များရှိပြီး စားကောင်းသည်။ ကျွန်တော်တို့ မောင်နှမ(၄)ယောက်ကတော့ သဘောကျကြသည်။ ညနေခင်း ဆိုတာနှင့် ကမ်းနားဘက်ကိုသွားကြဖို့ စိုင်းပြင်းကြသည်။ ကျွန်တော်တို့နေရမည့် အစိုးရအိမ်သည် မြို့စွန်ဘက်တွင်ကျသည်။ ရန်ကုန်ဘက်မှလာသည့်လမ်းနှင့် လပွတ္တာဘက်သို့သွားသည့်လမ်း၏ ဘယ်ဘက်ခြမ်းကုန်းပေါ်တွင်ရှိသည်။ ထိုကုန်းကို ကုလားကုန်းဟုခေါ်သည်။ ထိုကုန်းသည် […]