ဘယ်က စပြောရမတုန်းဆိုတော့ ဟိုဘက် ပို့(စ)မှာပြောခဲ့သလိုပေါ့။ ဆုတွေ များကြီးရထားတယ်။ ရည်ရွယ်ချက်ကောင်းတယ် ဘာညာသာရကာနဲ့ အတော်ကို ထင်ထားတာပေါ့။ ထင်တာလည်း ကိုယ့်အမှားမုတ်ပေါင်။ ခါတိုင်းဆို ဥယျာဉ်မြို့တော်ဖြစ်ရမယ်ဘာညာ ဆိုပြီး အလှဆင် စိုက်သမျှ ဘာတွေတုန်းဆိုတော့ ………. စက္ကူပင်တွေ။ စက္ကူပန်းပင်လောက် ဖြစ်တဲ့ မြေကိုးးး ပန်းတွေ မမွှေး အသီးတွေ မချိုသောမြေ….. စက္ကူပန်းကတော့ ရောင်စုံရှိတယ်။ သူတို့လေးတွေ ရေလောင်းဖို့က အလုပ်တစ်လုပ်အနေနဲ့ လုပ်ကြတာ ဆိုတော့။ :mrgreenn: သူတို့ကလည်းပြောတယ်လေ။ Gardens By the Bay – အပင်မျိုးပေါင်း ဘယ်လောက်၊ ကမ႓ာ ရှားပါး အပင်မျိုးစိတ် ဘာညာရှိတယ်ပေါ့။ ကိုယ်ကလည်း အပင်နဲ့ ပတ်သက်ရင် အမြစ်နဲ့ အကိုင်းတောင် ကွဲတာမဟုတ်တဲ့ လူပြိန်းဆိုတော့ အတော်ထင်ထားတာပါ။ […]

