ပုဂံပြည်၏နောက်ဆုံးမင်း နရသီဟပတေ့ (၁၂၅၆-၁၂၈၇)သည် မွန်ဂိုတာတာခေါ် တရုတ်တို့၏ မြို့သိမ်းဘေးရန်မှထွက်ပြေးရခြင်းကြောင့် “တရုတ်ပြေးမင်း”ခေါ်သည်ဟု မှန်နန်းရာဇဝင်တွင်ရှိကာခေတ်ပြိုင် မာကိုပိုလို၏ မှတ်တမ်းလည်းရှိသည်။ သမိုင်းအထောက်အထားများအရ “တရုတ်”ဟူသည် စိန့်တိုင်းခေါ် ဂန္ဓလရာဇ်ပြည်(ယခု China)နှင့် လားလားမှမဆိုင်။ ပထမမြန်မာနိုင်ငံ အနော်ရထာမင်းလက်ထက်ကထဲက ဟန်လူမျိုးများကို စိန့်တိုင်းသား(ဂန္ဓလရာဇ်ပြည်သား) ဟု ကွဲပြားစွာအခေါ် အဝေါ်ရှိပြီးလည်းဖြစ်သည်။ပုဂံပြည်ကိုဝင်သိမ်းခဲ့သူများမှာ ထိုခေတ်က ယူနန်ပြည်ကိုသိမ်းပိုက်ထားသော မွန်ဂိုဧက္ကရာဇ်ကူဘလိုင်ခံ၏ မြေး Esen-Temür နှင့် သူ့တပ်များဖြစ်ရာ Turk, Tatar နှင့် Yi လူမျိူးစုတပ်သားများပါလာသဖြင့် မြန်မာတို့က လွှမ်းခြုံ၍ “တတာရုတ်”များအား “တရုတ်”ဟု ခေါ်ဆိုလိုက်ခြင်းသည် သင့်လျှော်ပါသည်။ ထိုမှသည် ငါးစီးရှင်ကျော်စွာ(၁၃၄၄-၁၃၅၀)ရေးသော မြင်စိုင်းဘွဲ့ ကာချင်းတွင်ထည့်စပ်၍ ပါသော “တရုတ်လာသည်၊ ရိုင်ရိုင်လော၊ ရိုင်ရိုင်။ မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။” တရုတ်သည်လည်း စိန့်တိုင်းသား/Han Chinese […]