Recycleနှင့် ကျမ၏ကိုယ်တွင်းပဋိပက္ခ အမေရိကားကိုစရောက်သည့်အချိန်ကစပြီး ခုချိန်ထိကျမစိတ်အဝင်စားဆုံးအရာတွေထဲမှာ စွန့်ပစ်ပစည်းပြန်လည်လည်ပတ်သည့်ဆိုင်ကလေးများသည် ပထမဆုံးနေရာမှပါဝင်ခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် Recycleဆိုင်ကလေးများသည် အခြားစီးပွားရေးလုပ်ငန်းဆိုင်ခန်းများလို သီးသီးသန့်သန့်သူ့နေရာနှင့်သူမဟုတ်ဘဲ ကုန်စုံဆိုင်ကြီးများအနောက်ဘက်မှာ ဆိုင်ခန်းဖွင့်ပြီးဖြစ်စေ၊ 7/11လိုစတိုးဆိုင်များရှိသော squareခေါ်ဆိုင်ခန်းစုပေါင်းဝန်းထဲတွင် ခပ်ကျဉ်းကျဉ်းတစ်နေရာဖြစ်စေ လူဝင်လူထွက်များသောေ နရာများတင် ယှဉ်ပြီးဖွင့်ထားလေ့ရှိသည်။ ထိုဆိုင်ခန်းလေးများသည် သာမန်အမြင်ဖြင့်ကြည့်လျှင် သပ်သပ်ရပ်ရပ်လည်းမရှိ၊ ဖန်ပုလင်းများတစ်ခုနှင့်တစ်ခုထိခတ်မိသံ၊ အလူမီနီယမ်သံဗူးများကို ဆင့်ကာဆင့်ကာပစ်ချသဖြင့်“ကလုံ၊ကလုံ”မြည်သောအသံ၊ဆိုင်ပိုင်ရှင်နှင့်အလုပ်သမားအများစုမှာ မက်ဆီကန်လူမျိုးများဖြစ်ကြရာ Recycleပစ္စည်းလာရောင်းသူများနှင့်ဖြစ်စေ၊ သူတို့အချင်းချင်းဖြစ်စေအော်ဟစ်ပြောဆိုကြသော မက်ဆီကန်စကားသံများ၊အလုပ်ခွင်တွင်ဖွင့်ထားသော ကက်ဆက်ဆီမှမက်ဆီကန်သီချင်းသံများဖြင့် စည်းမကျဝါးမကျဆူညံနေတတ်သည်။ Recycleပစ္စည်းများကိုဖန်၊အလူမီနီယမ်၊ပလတ်စတစ် သပ်သပ်စီခွဲထားပြီး လူတစ်ဖက်စာသံခြင်းတောင်းများထဲထည့်ကာ ပေါင်ချိန်စက်ပေါ်တင်ပြီးချိန်ကာ ကျသင့်ငွေကို ရောင်းသူလက်ထဲပေးလျှင် Recycleပစ္စည်းလာရောင်းသူက သူတို့ပေးသောစာရွက်ကလေးမှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရသည်။ ပျမ်းမျှအားဖြင့် ဗူးတဗူးလျှင် ၅ဆင့်နှုးံဖြင့် အလူမီနီယမ်ဗူးခွံများဆိုလျှင် တပေါင်ကို၁.၉၉ဒေါ်လာ၊ပလတ်စတစ်ဗူးခွံများဆိုလျှင် တပေါင်ကို၁ဒေါ်လာ၊ ဖန်ဗူးခွံများဆိုလျှင်တပေါင်ကို၁ဒေါ်လာခွဲ စသဖြင့်ဈေးအစားစားပေးပါသည်။ ဆိုင်ခန်းဟုသာဆိုရသော်လည်း နေလုံမိုးလုံ ပလတ်စတစ်ရွက်ဖျင်တဲကိုသာ ယာယီသဘောမျိုးထိုးထားပြီး အလုပ်သမားများနှင့်အတူ ဖန်ပုလင်းခွံ၊အလူမီနီယမ်ဗူးခွံ၊ ပလတ်စတစ်ဗူးခွံများ […]

