kaiFebruary 14, 20131min61313
ဖေဖော်ဝါရီမွေးနေ့ရှင်တွေကို တွေ့တိုင်း ကိုယ် စနေကျ စကားရှိတယ်။ဒီလမှာ မွေးတဲ့သူတွေက သိပ်တော်တယ် သိလား။ ဥပမာ ကြည့်ပါလား။ အမေရိကန် သမတတွေထဲမှာဆိုရင်ကိုပဲ ပထမဆုံး အမေရိကန်သမတဖြစ်တဲ့ အမေရိကန်တို့ရဲ့ ဖခင်ကြီး ဂျော့ဝါရှင်တန်၊ နောက်ပြီး သမတကြီးလင်ကွန်း။ ဟင်နရီ ဟဲရစ်ဆင်နဲ့ သမတ ရော် နယ် ရေဂင်။ တို့နိုင်ငံမှာဆိုရင်လည်း တို့ရဲ့အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း။ ကဲ-နောက်ပြီး မင်းရောပေါ့-လို့။ အဲ၊ ဒါတင် ဘယ်ကမလဲ၊ နောက်တစ်ဦးလည်းရှိသေးတယ်။ အဲဒါ သိတယ် မဟုတ်လား။ ကိုယ်လေ။ ကိုယ်လည်း ဖေဖော်ဝါရီလမွေးပေါ့လို့ စလေ့ရှိပါတယ်။ ကိုယ်နဲ့ရင်းနှီးသူတွေထဲမှာလည်း ဖေဖော်ဝါရီလမွေးနေ့ရှင်တွေ တော်တော်များတယ်။ သူတို့တွေကလည်း မွေး နေ့ပွဲတွေ ကျင်းပတတ်လို့ ခုနောက်ပိုင်း သုံးလေးနှစ်အတွင်းမှာ အခြားလတွေထက် ဒီဖေဖော်ဝါရီလမှာ မွေးနေ့ အကြောင်း […]


kaiFebruary 12, 20131min4826
နိဒါန်း မှုခင်းစုံစမ်းဖော်ထုတ်ခြင်းဟာ တရားဥပဒေ စိုးမိုးရေးအတွက် အရေးအကြီးဆုံး ကဏ္ဍတခု ဖြစ်ပါတယ်။ မှုခင်းဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိပြီးချိန်မှာ ရဲတပ်ဖွဲ့မှုခင်းစုံစမ်းဖော်ထုတ်သူများအတွက် ထမ်းဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ ဒီတာဝန်တွေထဲမှာ သတင်းအချက်အလက်များ ရယူစုံစမ်းခြင်း၊ သက်သေခံ အထောက်အထားများ ရှာဖွေသိမ်းဆည်းခြင်း ဆိုင်ရာ လုပ်ငန်းတာဝန်များ ပါဝင်ပါတယ်။ မှုခင်းစုံစမ်းဖော်ထုတ်ခြင်း ပညာရပ်ဟာ (၁၈)ရာစုခေတ်၊ အင်္ဂလန်နိုင်ငံမှာ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီခေတ်အချိန်အခါတုန်းက အင်္ဂလန်နိုင်ငံမှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးပြောင်းလဲမှု အခြေအနေတွေ ပြောင်းလဲလာတာကြောင့် မှုခင်းတွေလဲ များပြား လာခဲ့ပါတယ်။ ဒါကြောင့် ပထမဦးဆုံး ခေတ်သစ်စုံထောက်တပ်ဖွဲ့ဖြစ်တဲ့ Bow Street Runners ဆိုတဲ့အဖွဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ လန်ဒန်မှာလဲ ပထမဦးဆုံး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို Robert Peel ဆိုသူက […]


kaiJanuary 31, 20131min94117
Recycleနှင့် ကျမ၏ကိုယ်တွင်းပဋိပက္ခ အမေရိကားကိုစရောက်သည့်အချိန်ကစပြီး ခုချိန်ထိကျမစိတ်အဝင်စားဆုံးအရာတွေထဲမှာ စွန့်ပစ်ပစည်းပြန်လည်လည်ပတ်သည့်ဆိုင်ကလေးများသည်  ပထမဆုံးနေရာမှပါဝင်ခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် Recycleဆိုင်ကလေးများသည် အခြားစီးပွားရေးလုပ်ငန်းဆိုင်ခန်းများလို သီးသီးသန့်သန့်သူ့နေရာနှင့်သူမဟုတ်ဘဲ ကုန်စုံဆိုင်ကြီးများအနောက်ဘက်မှာ ဆိုင်ခန်းဖွင့်ပြီးဖြစ်စေ၊ 7/11လိုစတိုးဆိုင်များရှိသော squareခေါ်ဆိုင်ခန်းစုပေါင်းဝန်းထဲတွင် ခပ်ကျဉ်းကျဉ်းတစ်နေရာဖြစ်စေ လူဝင်လူထွက်များသောေ နရာများတင် ယှဉ်ပြီးဖွင့်ထားလေ့ရှိသည်။ ထိုဆိုင်ခန်းလေးများသည် သာမန်အမြင်ဖြင့်ကြည့်လျှင် သပ်သပ်ရပ်ရပ်လည်းမရှိ၊ ဖန်ပုလင်းများတစ်ခုနှင့်တစ်ခုထိခတ်မိသံ၊ အလူမီနီယမ်သံဗူးများကို ဆင့်ကာဆင့်ကာပစ်ချသဖြင့်“ကလုံ၊ကလုံ”မြည်သောအသံ၊ဆိုင်ပိုင်ရှင်နှင့်အလုပ်သမားအများစုမှာ မက်ဆီကန်လူမျိုးများဖြစ်ကြရာ Recycleပစ္စည်းလာရောင်းသူများနှင့်ဖြစ်စေ၊ သူတို့အချင်းချင်းဖြစ်စေအော်ဟစ်ပြောဆိုကြသော မက်ဆီကန်စကားသံများ၊အလုပ်ခွင်တွင်ဖွင့်ထားသော ကက်ဆက်ဆီမှမက်ဆီကန်သီချင်းသံများဖြင့် စည်းမကျဝါးမကျဆူညံနေတတ်သည်။ Recycleပစ္စည်းများကိုဖန်၊အလူမီနီယမ်၊ပလတ်စတစ် သပ်သပ်စီခွဲထားပြီး လူတစ်ဖက်စာသံခြင်းတောင်းများထဲထည့်ကာ ပေါင်ချိန်စက်ပေါ်တင်ပြီးချိန်ကာ ကျသင့်ငွေကို ရောင်းသူလက်ထဲပေးလျှင် Recycleပစ္စည်းလာရောင်းသူက သူတို့ပေးသောစာရွက်ကလေးမှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရသည်။ ပျမ်းမျှအားဖြင့် ဗူးတဗူးလျှင် ၅ဆင့်နှုးံဖြင့် အလူမီနီယမ်ဗူးခွံများဆိုလျှင် တပေါင်ကို၁.၉၉ဒေါ်လာ၊ပလတ်စတစ်ဗူးခွံများဆိုလျှင် တပေါင်ကို၁ဒေါ်လာ၊ ဖန်ဗူးခွံများဆိုလျှင်တပေါင်ကို၁ဒေါ်လာခွဲ စသဖြင့်ဈေးအစားစားပေးပါသည်။ ဆိုင်ခန်းဟုသာဆိုရသော်လည်း နေလုံမိုးလုံ ပလတ်စတစ်ရွက်ဖျင်တဲကိုသာ ယာယီသဘောမျိုးထိုးထားပြီး အလုပ်သမားများနှင့်အတူ ဖန်ပုလင်းခွံ၊အလူမီနီယမ်ဗူးခွံ၊ ပလတ်စတစ်ဗူးခွံများ […]


kaiNovember 27, 20121min79214
စက်တင်ဘာ၂၉၊၂၀၁၂တွင်   လော့အိန်ဂျလိစ်မြို့ Shan Social &Cultural Societyမှ ကျင်းပသောဂုဏ်ပြုညစာစားပွဲ္ပ္ပတွင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဦးခွန်ထွန်းဦးနှင် ့တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဦးခွန်ထွန်းဦးနှင့်တွေ့ဆုံမေးမြန်းနိုင်ရန်စီစဉ်ပေးခဲ့သော Shan Social &Cultural Society အသင်းဥက္ကဌဒေါက်တာစိုင်းထွေးမောင်ကို ကျေးဇူးတင်ရှိ်ပါတည်။ ၁။ဖယ်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်ပြီးအန်ကယ်ပြောချင်တာတွေက။ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာက၁၉၄ရပင်လုံစာချုပ်ကပေါက်ဖွားလာတာ။ တိုင်းရင်းသားအားလုံးရဲ ့ရည်မှန်းချက်ပဲ။ လက်နက်ကိုင်တိုင်းရင်းသားတွေလိုချင်တာလည်း ဒီဖယ်ဒရယ်ပြည်ထောင်စုပဲ။ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာEquality, self determination, Ethic nationality, right culture စတဲ့ တန်းတူရည်တူစစ်မှန်သောပြည်ထောင်စုဖြစ်ရမယ်။ ဒီဟာကလဲဗိုလ်ချုပ်တို့ ရှမ်း၊ကချင်၊ချင်းတိုင်းရင်းသားတွေနဲ့ပင်လုံစာချုပ်မှာသဘောတူညီမှုရခဲ့တယ်။ ကျနော်တို့SLAD (Shan Nationalities League for Democracy) , UNA (United Nation Alliance)တို့ိလိုချင်တာလဲ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုကိုပဲ။ UNAဆိုတာ၁၉၉ဝရလာဒ်ပေါ်မူတည်ပြီးဖွဲ့ထားတဲ့ပါတီဖြစ်တယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကတိပေးတဲ့အတိုင်းဖြစ်မလာဘူး။အမျိုးသားညီလာခံတက်ခွင့်မရဘူး။စစ်မှန်တဲ့ဖယ်ဒရယ်ပေါ်လာဖို့UNA ကလဲရည်ရွယ်တာဘဲ။အစိုးရက ကတိပေးထားလျက်နဲ့မတည်ခဲ့ဘူး။ဘာတွေပဲဖြစ်နေဖြစ်နေ တိုင်းရင်းသားတွေကဖယ်ဒရယ်ပြည်ထောင်စုကိုတောင်းတယ်ဆိုတာ အဆီအငေါ်မတည့်ဘဲတောင်းခဲ့တာမှမဟုတ်တာ။ လွတ်လပ်ရေးမတိုင်ခင်ထဲက ဗမာ-တိုင်းရင်းသားသဘောတူခဲ့ကြတာဘဲ။၁၉၆ဝကရေးခဲ့တဲ့ရှမ်းမူ (ဖယ်ဒရယ်မူ)ဆိုတာရှိတယ်။ ဦးနေဝင်းကဒါကိုခွဲထွက်တဲ့မူဆိုအကြောင်းပြပြီး […]


kaiNovember 26, 20121min5168
ဗမာ့စစ်တပ်ရဲ ့ စစ်ထောက်လှမ်းရေးအကြီးအကဲဘဝက အလွဲသုံးစားမှုနဲ့ အလုပ်ပြုတ်ထောင်ကျခဲ့တဲ့ ဗိုလ်ခင်ညွန့်ဟာ ထောင်ကထွက်လာပြိီးတော့ သင်္ကန်းဝတ်ခဲ့ပါတယ်။ဗမာတွေထောင်ကျပြီး ထောင်ကထွက်လာရင်သင်္ကန်းဝတ်ကြတာဟာ ထုံးစံတစ်ခုလိုပါပဲ။အကုသိုလ်တွေစင်သွားအောင်ဆိုတဲ့သဘောထင်ပါရဲ ့။ဦးဝင်းတင်တို့လိုလူမျိုးတွေကတော့ ခြွင်းချက်ပေါ့။သူတို့ကအကုသိုလ်လုပ်ခဲ့ဖူးသူတွေမဟုတ်ဘူးလို့ ကိုယ့်ဘာသာယုံကြည်စိတ်ချလို့ဖြစ်မှာပေါ့။ ဗိုလ်ခင်ညွန့်တို့ကတော့ ပြည်သူလူအများသံဃာတော်များပါမကျန် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာဆိုတော့ အကုသိုလ်မရှိဘူးလို့ ကိုယ့်ဘာသာယုံကြည်လို့လဲမရ၊သူတပါးမသိအောင်ဖုံးကွယ်ပြောဆိုလို့လဲမရဘူးလေ။ဘာဘဲဖြစ်ဖြစ် သင်္ကန်းဝတ်တယ်ဆိုတာ သူတပါးကိုနှိပ်စက်တာမှ မဟုတ်ဘဲကလား။သာဓုတောင် ခုကြရမှာပေါ့။ဒါပေမယ့် သူဝတ်တဲ့သင်္ကန်းဟာ မုဆိုးကြီးသောနုတ္ထုရ်ပေးလိုက်တဲ့သင်္ကန်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းရပေမယ်။ ခုလို ခဏတဖြုတ်သင်္ကန်းဝတ်တာကို ဒုလ္လဘရဟန်းလို့ခေါ်လေ့ရှိတယ်မဟုတ်လား။ဒါကြောင့် ဆရာကြီးရွှေဥဒေါင်းဆွေးနွေးရေးသားဖူးတာလေးတပိုင်းတစကို သတိရလိုက်မိပါတယ်။ဆရာကြီးက “လုံနှမတန်းလန်းနဲ့၊ဥုံဖွမန်းပြီး၊ဒုလ္လဘရဟန်းဝတ်တယ်”ဆိုတာမျိုးကို သိပ်ပြီးသဘောမကျဘူးခင်ဗျ။ကမ္မဌာန်းထိုင်ရင်ဖြစ်ဖြစ်၊ပုတီးစိတ်ရင်ဖြစ်ဖြစ် လုံနှမတန်းလန်းနဲ့ဆိုတော့ နောက်ဆံငင်စရာတွေဖြစ်မှာပေါ့နော်။ခုလဲ ဗိုလ်ခင်ညွန့်ခမျာ ခဏဘဲ သင်္ကန်းဝတ်ရှာတာပါ။ခုပဲလူထွက်ပြီး တော့ “အမျိုးသားနိုင်ငံရေး”ဆိုတာကြီး လုပ်ဦးမလို့ ဆိုပါကလား။ထန်းရည်သမားလို အမူးပြေတော့ ထန်းပင်မော့ကြည့်ဆိုတာမျိုး ဖြစ်နေမလားဘဲနော်။ ခုလို “အမျိုးသားနိုင်ငံရေး”ဆိုတဲ့စကားမျိုးကြားရပြန်တော့ အများပြည်သူတွေက မျက်ခုံးလှုပ်ကြ မယ်ထင်မိတယ်ဗျ။ဒီစကားလုံးက သူတို့တီထွင်ဆန်းသစ်ဖန်တီးခဲ့တဲ့ စကားလုံးမဟုတ်လား။သူတို့အာဏာသိမ်းရတာကိုက “ပါတီနိုင်ငံရေးသမား”တွေ ပြသနာရှုပ်ကြလို့ ဆိုသလိုလိုဘာလိုလို။ဒါ့ကြောင့် ပါတီနိုင်ငံရေးနဲ့ဆန့်ကျင်တဲ့အနေနဲ့ […]


kaiNovember 18, 20129min4104
စိတ်အားထက်သန်သောကျောင်း (အခန်းဆက်ဘာသာပြန်ဆောင်းပါး) (အပိုင်း-၁) အခန်း (၁) နိဒါန်း ပြောင်းလဲရန် လိုအပ်နေပြီ (၁၉၈၀) မတိုင်မီကာလတွေရဲ့ ကျောင်းသားစီမံခန့်ခွဲမှု သဘောတရားကို ရိုက်နှက်ပြစ်ဒဏ်ပေးမှု အတွေးအခေါ်တွေက ကြီးစိုးထားခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ အခြားနည်းလမ်းဖြစ်တဲ့ စာရွက်စာတမ်းနဲ့ ပြစ်ဒဏ်ပေးမှု (ဥပမာ– ခံဝန်ကတိထိုးခိုင်းခြင်း၊ မိဘလက်မှတ်ထိုးခိုင်းခြင်း စသည်များ)နဲ့ အစားထိုးလာခဲ့ပေမယ့်လဲ ပြုပြင်ရေးပြစ်ဒဏ်ပေးမှု အတွေးအခေါ်တွေကသာ ပိုမို လွှမ်းမိုးနေခဲ့ပါတယ်။ ရိုက်နှက်ပြစ်ဒဏ်ပေးမှုတွေကို ကျောင်းတွေမှာ ကန့်သတ်လိုက်ချိန်မှာ စာသင်ကျောင်းတွေအနေနဲ့ ကောင်းမွန်တဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့ ထိရောက်တဲ့ သင်ယူရေးကို ဘယ်လိုတွန်းအားပေး လုပ်ဆောင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြန်လှန်စဉ်းစားလာကြရပါတယ်။ ပြစ်ဒဏ်ပေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း (punitive approach) ကနေ ပြုပြင်ပေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း (corrective approach) ကို ပြောင်းလဲလာပေမယ့်လဲ ထိန်းချုပ်မှုသဏ္ဍာန် (control model) […]


kaiOctober 16, 201235min5207
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း– ၆) တိုက်ရိုက်ပါဝင်ပတ်သက်သော နိုင်ငံများ၏ မဟာဗျူဟာ တုန့်ပြန်ချက်များ သမိုင်းကြောင်းနဲ့ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေဟာ နိုင်ငံတခုချင်းရဲ့ မဟာဗျူဟာ တုန့်ပြန်ချက်များ အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဘေဂျင်းရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတာနဲ့အမျှ တောင်တရုတ်ပင်လယ်အရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေဟာ နယ်မြေပိုင်နက်အဆိုပြုချက်များကာကွယ်ရေးနဲ့ အင်အားကြီးအိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးတို့အကြားက ချိန်ခွင်လျှာညှိယူမှုတွေကို ပြုလုပ်လာကြရပါတယ်။ ဒီချိန်ခွင်လျှာညှိယူရမှုဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အတွက် အလွန်ပဲ ခဲယဉ်းလှပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့အကြားမှာ (၂၀၀၉) ခုနှစ်ကစပြီး တင်းမာမှုတွေ ရှိနေပေမယ့် ဟနွိုင်းအနေနဲ့ အချုပ်အခြာဆိုင်ရာ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မထိခိုက်သွားအောင် သံတမန်ဆက်ဆံရေးကို စနစ်တကျ စီမံခန့်ခွဲခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်၊ အလယ်ပိုင်းကစပြီး […]


kaiOctober 13, 201220min3942
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း– ၅) Beijing’s Policy Dilemma တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အရေးကြီးတဲ့ ပင်လယ်ရေကြောင်းတွေမှာ choke points တွေ ရှိနေပါတယ်။ အဆိုးဆုံးတခုကတော့ မလက္ကာရေလက်ကြားဖြစ်ပါတယ်။ မလက္ကာရေလက်ကြားကို တရက်ပိတ်ဆို့လိုက်တာနဲ့ တရုတ်နိုင်ငံထဲမှာ အဓိကရုဏ်းဖြစ်သွားနိုင်ကြောင်း တရုတ်တပ်မတော်မှ အရာရှိတဦးက ခန့်မှန်းထားဖူးပါတယ်။ ဒါကြောင့် မလက္ကာရေလက်ကြားကို ရှောင်ရှားပြီး တရုတ်နိုင်ငံထဲကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ သယ်ယူ နိုင်မယ့် ပိုက်လိုင်းတွေကို မြန်မာနိုင်ငံကို ဖြတ်ပြီး တည်ဆောက်နိုင်ရေးက တရုတ်နိုင်ငံရဲ့ အရေးကြီးသော မူဝါဒရေးရာ မဟာဗျူဟာတခုဖြစ်ပါတယ်။ တခြား choke points တွေကတော့ တောင်ရုတ်ပင်လယ်ထဲမှာရှိတဲ့ Lombok ၊ Makassar နဲ့Sunda Straits ရေလက်ကြားတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဒေသအချို့ဟာ တောင်တရုတ်ပင်လယ်ထဲက […]


Nu ThanOctober 12, 20121min3971
ရခိုင်ပြည်နယ်တွင်ညမထွက်ရအမိန်များအားယခုအပတ်မှစတင်ပြီးအချိန်လျှော့ချသတ် မှတ်လိုက်ပါသည်။စစ်တွေ၊မောင်းတော၊ရသေ့တောင်စသောမြို့နယ်(၅)ခုတွင်ညမထွက်ရ အချိန်ကိုည (၁၀)နာရီမှ နံနက်(၄)နာရီအထိလျှော့ချလိုက်ပါသည်။ရခိုင်ပြည်နယ်၏အခြေ အနေမှာအနည်းငယ်တည်ငြိမ်အေးချမ်းလာသည်ဖြစ်သဖြင့်ယခုကဲ့သို့အချိန်လျှောချလိုက် ခြင်းဖြစ်ပါသည်။သို့သော်စစ်တွေ၊မောင်းတော၊ဘူးသီးတောင်။ရမ်းဗြဲတို့တွင်အချိန်လျှောချ လိုက်သော်လည်းလူအများညဖက်အပြင်မထွက်ကြကြောင်းသတင်းရရှိပါသည်။။ကျောက်ဖြူ နှင့်သံတွဲတို့တွင်လုံးဝဖြေလျှော့လိုက်ပြီဖြစ်သဖြင့်ပြည်သူများဝမ်းမြောက်နေကြပါသည်။ ခရီးသွားနိုင်ငံခြားဧည့်သည်များလာရောက်လည်ပတ်သောအချိန်တွင် ၁၄၄ ကို့ရုပ်သိမ်းလိုက် သဖြင့် ဧည့်သည်များ၊လက်လုပ်လက်စားများ၏စီးပွါးရေးအခြေအနေပို့မိုကောင်းမွန်လာမည် ဖြစ်သောကြောင့်လူအများကဝမ်းသာနေကြောင်းသတင်းရရှိပါသည်။အဆိုပါမြို့နှစ်မြို့တွင်ညမထွက်ရအမိန့် ဖယ်ရှားလိုက်သော်လည်း လုံခြုံရေးကိုမှုချထားမည်ဖြစ်ကြောင်းသတင်းရရှိပါ သည်။


kaiOctober 4, 20121min90566
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း- ၄) မဟာဗျူဟာအကျိုးဆက်များ (strategic implications) တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ မရနိုင်ပဲ၊ နိုင်ငံတနိုင်ငံ (သို့မဟုတ်) နိုင်ငံအများစုက စစ်ရေးဖြေရှင်းမှု နည်းလမ်းကိုသာ အသုံးပြုလာခဲ့မယ်ဆိုရင် ဒေသတွင်းသာမကပဲ ကမ္ဘာလုံးဆိုင်ရာ စစ်ရေး၊ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ မဟာဗျူဟာအကျိုးဆက်များ ရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ မဟာဗျူဟာအကျိုးဆက်များ ဖြစ်ပွားလာနိုင်ချေရှိတဲ့ conflict scenarios တွေကို ဖော်ထုတ်ကြရာမှာ တရုတ်- အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှု၊ အာဆီယံ-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ထိုင်ဝမ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိလာနိုင်ကြောင်း ယူဆထားကြပါတယ်။ (၁) တရုတ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှု (PRC-ASEAN Confrontation) တရုတ်-အာဆီယံ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပွားမှုဟာ အာဆီယံနိုင်ငံတွေက အစပျိုးတာ မဟုတ်ပဲ […]


kaiOctober 1, 201235min93681
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း–၃) အပြိုင်အဆိုင် အဆိုပြုချက်များ (competing claims) Spratlys ကျွန်းစုမှာ အနည်းဆုံး (၁၉၀) barren islets တွေ ရှိပြီး၊ အကျယ်အဝန်းအားဖြင့် ခန့်မှန်း 150,000 square mile ရှိပါတယ်။ အချို့ကျွန်းတွေဟာ ရံဖန်ရံခါမှာ ပင်လယ်ရေအောက်မှာ နစ်မြှုပ်နေတာကြောင့် အကျယ်အဝန်းတိုင်းတာချက်တွေမှာ ကွဲလွဲမှုတွေလဲ ရှိနိုင်ပါတယ်။ Spratlys ကျွန်းစုတည်ရှိရာနေရာဟာ ဗီယက်နမ်ကမ်းရိုးတန်းနဲ့ မိုင် (၃၀၀) အကွာမှာ ရှိပြီး၊ ဟိုင်နန်ကျွန်းနဲ့ မိုင် (၆၀၀) အကွာမှာ ရှိပါတယ်။ ဖိလစ်ပိုင်ရဲ့ Palawan ကျွန်းနဲ့ မိုင် (၅၀–၉၀) အကွာမှာ ရှိပြီး၊ မလေးရှား state of Sabah နဲ့ မိုင် (၁၆၀) […]


kaiSeptember 30, 201223min90554
တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း– ၂) The Scarborough Shoal incident နှင့် နောက်ဆက်တွဲဖြစ်ရပ်များ (၂၀၁၂) ခုနှစ်၊ ဧပြီလမှာ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ The Scarborough Shoal incident က ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေးဇာတ်ခုံကိုပါ လှုပ်ရှားသွားစေခဲ့ပါတယ်။ The Scarborough Shoal ရဲ့ ဖိလစ်ပိုင်အမည်က Panatag Shoal ဖြစ်ပြီး၊ တရုတ်အမည်က Huangyan Dao ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်ကို အမည်သုံးမျိုးနဲ့ သတ်မှတ်ခေါ်တွင်နေကြပါတယ်။ မနီလာနဲ့ (၃၅၀) ကီလိုမီတာအကွာမှာရှိပြီး၊ ဟောင်ကောင်အရှေ့ပိုင်းကနေ ကီလိုမီတာ (၈၀၀) အကွာမှာ ရှိပါတယ်။ (၁၉၆၅) ခုနှစ်မှာ ဖိလစ်ပိုင်ရေတပ်က Scarborough’s lagoon အနီးမှာ တာဝါတခု […]