kaiJune 18, 20244min2710
Published June 14, 2024 4:59pm EDT သတင်းအရ.. အမျိုးသားအသက်..၁၈-၂၆ နှစ်အထိကို.. Selective Service က.. စာရင်းသွင်းဖို့ပြင်ဆင်နေပါသတဲ့..။ အခု.. ကွန်ဂရက်က.. 217 to 199 vote နဲ့.. passed ထားတဲ့.. ဥပဒေကြမ်းအရ..။ Who needs to register? အဲဒီဥပဒေကြမ်းကို.. ဟောက်စ်က.. ခွင့်ပြုလိုက်ပြီးသကာလ.. စိနိတ်လက်ထဲ.. ထပ်ပြင်ဆင်ပြီး.. အမျိုးသမီးများပါထည့်ဖို့.. လုပ်နေ..။ စိနိတ်ကိုပါ.. မဲပေးကျော်သွားပြီး.. သမ္မတလက်မှတ်ထိုးရင်.. ဥပဒေဖြစ်လာမှာပါ..။ သဘောက..ဥပဒေသက်ဝင်လာရင်.. အရင်ကလို.. တပ်ထဲဝင်ချင်မှ . ကိုယ့်သဘောအလျှောက်စစ်သားစုဆောင်းရေးသွား.. စာရင်းသွင်းရမှာ.. မဟုတ်တော့ပဲ.. လူငယ်တိုင်း.. အစိုးရဆီမှာမဖြစ်မနေ.. စာရင်းသွင်းထားရတော့မှာဖြစ်ကြောင်း..။ ယူအက်စ်စစ်ဒဇင်ဖြစ်ပြီး.. မြန်မာ-အမေရိကန်.. လူငယ်များ (၁၈-၂၆) နှစ်လဲ.. ပါတာမို့.. အမေရိကန်မိဘများ.. သိထားဖို့ပါ..။စာရင်းသွင်းထားသူများက.. […]

Moorefield-S1-09-1280x853.jpg

kaiJune 7, 202416min4070
“West Virginia ရှိအန္တရာယ်အများဆုံးအလုပ်နေရာများထဲမှတစ်ခုဖြစ်တဲ့ အသားစက်ရုံကြီးဟာ ဆယ်စုနှစ်ပေါင်းများစွာမှာ ရွှေ့ပြောင်းနေထိုင်သူအလုပ်သမားတို့ရဲ့လုပ်အားကနေ အမြတ်ထုတ်ခဲ့သည်။” – by Allen Siegler MOOREFIELD( မိုးဖီး)— ၂၀၂၀ခုနှစ်၏ မိုးရွာထားသောနေ့လယ်ခင်းတခုမှာဖြစ်သည်။ အနောက်ဗာဂျီးနီးယား(West Virginia)ကြက်သားစက်ရုံသည် ညစ်ပေလျက်ရှိသည်။ သားသတ်ရုံမှာ ချွန်မြသောသံချိတ်များ၊ အရိုးဖယ်အသားထွင်သောလွှများနှင့် ကုန်ပစ္စည်းများကိုတင်ပြီး သယ်ပို့သည့် ရွေ့လျားစက်များရှိသည်။ သီတင်းပတ်တိုင်းမှာ ကြက်အကောင်ရေသန်းချီသတ်ရသော သားသတ်စက်သည် တိရစ္ဆာန်တို့မှထွက်သောအညစ်အကြေး၊သွေး၊ ဇီဝအကြွင်းအကျန်တို့ဖြင့် တောက်လျှောက်ပေကျံ နေလျက်ရှိသည်။  ထိုနေ့မှာ Hardy County ၏ အကြီးဆုံးအလုပ်ရှင်ပိုင်ဆိုင်သော အသားစက်ရုံမှ စက်များကို သန့်ရှင်းရေးအလုပ်သမားများက ဆေးကြောသန့်ရှင်းရေးပြုလုပ်နေကြသည်။ ထိုသန့်ရှင်းရေးအလုပ်သမားအများစုမှာ ဟစ်စပန်းနစ်(Hispanic)များဖြစ်ကြပြီး ၎င်းတို့ထဲမှာ လူအများမှာ အမေရိကားသို့ရွှေ့ပြောင်းအခြေချလာသူများဖြစ်ကြသည်။  .ပေါ်တူရီကန်လူမျိုး (Puerto Rican)အမျိုးသားတစ်ဦးသည် မထင်မှတ်ဘဲ လည်ပတ်လျက်ရှိသော ကုန်ပစ္စည်းများကိုတင်ပြီး သယ်ပို့သည့် ရွေ့လျားစက်ကို သန့်ရှင်းရန် ဒူးထောက်လျက်ရှိသည်။   […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ May 23 ။ ၁၀၂၇ စစ်ဆင်ရေးကို အသာစီးရပြီးနောက် စစ်ကောင်စီနဲ့ ယာယီအပစ်ရပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)က သူ့အုပ်ချုပ်မှုဒေသအတွင်းမှာ ပြစ်မှုကျူးလွန်ရင် ပေးမယ့်ပြစ်ဒဏ်တွေကို ထုတ်ပြန်ကြေညာပါတယ်။ လူသတ်၊ ပြန်ပေးဆွဲတာ၊ ငွေညှစ်၊ လုယက်တာ၊ ရည်ရွယ်ချက်ရှိစွာ ဒဏ်ရာရစေတာ၊ ကျားဖြန့်လုပ်တာနဲ့လူကုန်ကူးတဲ့ ပြစ်မှုတွေအတွက် ထုတ်ပြန်ထားပါတယ်။ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူကုန်ကူးတဲ့ပြစ်မှုအတွက် ထောင်ဒဏ်၊ ငွေဒဏ်၊ တသက် တကျွန်း၊ သေဒဏ်၊ ပိုင်ဆိုင်မှုသိမ်းဆည်းတာတွေကို ပြစ်မှုအလိုက်ကျခံရမယ်လို့ စစ်ကောင်စီက ပြောပါတယ်။ စံချိန်တင်မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေး ပြန်ကျလာပေမဲ့ မြန်မာ့ရွှေဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၅,၁၆၀,၀၀၀ ဝန်းကျင်ထိ ဆက်မြင့်တက်နေပါတယ်။ ကမ္ဘာ့ရွှေဈေးကျပေမဲ့ မြန်မာ့ရွှေဈေးက ရက်ပိုင်းအတွင်း ကျပ် ၁ သိန်းဝန်းကျင် မြင့်တက်နေတာ ဖြစ်ပါတယ်။ May 22 […]

MyanmarGazette-May-2024-17-1280x2001.jpg

kaiMay 23, 20242min18250
“မြန်မာဂဇက် မေ/ဇွန်၂၀၂၄ ထွက်နေပါပြီ” (မြန်မာများအတွက် … မြန်မာ့ဂဇက်)✔ Los Angeles က Azusa ရွှေတိဂုံစေတီတော်၁၁ကြိမ်မြောက်ဘုရားပွဲမျက်နှာဖုံးသတင်း။✔ မြန်မာမွတ်စလင်လူမှုအဖွဲ့အစည်းဖြစ်တဲ့ Burmese Welfare Association ရဲ့ ၂၅ကြိမ်မြောက်Annual EID ထွက်ပွဲတော်အခမ်းအနားနဲ့ အသင်းရဲ့နာရေးကူညီမှုစကားမျက်နှာဖုံးသတင်း။✔ Burmese Christian Church Los Angeles ရဲ့ မိခင်များနေ့အခမ်းအနားမျက်နှာဖုံးသတင်း။✔ Fremont to Freedom of Myanmar ကစီစဉ်ရဲ့ သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရန်ပုံငွေရုပ်ရှင်ပွဲ✔ BACC, San Jose ရဲ့ မိခင်များနေ့အခမ်းအနား။✔ New York City မှာကျင်းပခဲ့တဲ့ MAHAA ကစီစဉ်တဲ့ အေးချမ်းမေနဲ့ခင်ဘုဏ်းရဲ့ Two ladies show ရန်ပုံငွေအခမ်းအနား။✔ မျိုးသန့်ထွန်းစစ်ကိုင်းရဲ့ ဝန်ကြီးချုပ်ဦးနုနဲ့ သူု့ဆောင်ရွက်ချက်။✔ Parami […]


kaiMay 23, 20243min4890
Seeing is believingဟု ပရက်စလေသီချင်းလုပ်ဆိုခဲ့သည်။မြန်မာတို့ကမူ ရူပါရုံ၊သဒ္ဒါရုံ၊ဂန္ဓာရုံ၊ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံငါးပါးကို စိတ်ဟုခေါ်သော ဓမ္မာရုံဖြင့် ဆုံးဖြတ်သိတတ်စေသည်ဟူ၏။ နားလည်လွယ်အောင်ဆိုရလျှင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တို့မှ အာရုံခံအနေဖြင့် သတင်းပေးပို့ခြင်းကို ဦးနှောက်မှ ဘာ/ဘယ်ဟုဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။လူ့ခန္ဓာ၏ သတင်းပို့/အမိန့်ပေးလမ်းကြောင်းများသည် နှူရွန်ခေါ်လျှပ်စီးဓာတ်နှင့် ဓာတုအချက်ပြချက်တို့ဖြစ်သည်။ လူ့ဦးနှောက်သည် ၁၂-၂၅ဝပ်မျှ LEDမီးလုံးတလုံးမီးထွန်းစာမျှသော စွမ်းအင်ကိုထုတ်သုံးကာ အမိန့်ပေးမောင်းနှင် လူရှင်သန်နေခြင်းဖြစ်ပါသည်။ အစိုးရတို့၏ ဥပဒေတို့အလိုအရ ဦးနှောက်သေပါလျှင် လူသေသည်ဟု တရားဝင်ဆုံးဖြတ်ကြလေ၏။ တနည်းအားဖြင့် ဦးနှောက်(ဝါ) ဓမ္မာရုံသည် လူ့အသက်ဖြစ်သည်။ “ခေတ်ယောင်၏ အစ” Apple Vision Pro (ဓာတ်မျက်မှန်)ကိုအမေရိကားအတွက်သာဟူ၍ ဖေဖော်ဝါရီ ၂ ၂၀၂၄ မှစထုတ်ဝေဖြန့်ချိခဲ့သည်။ကင်မရာ ၁၂လုံး၊ မိုက်ခရိုဖုံး ၆လုံးပါ ပထမမျိုးဆက် Gen 1 ဖြစ်ပါသည်။ […]


kaiMay 23, 20241min3340
နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ရင်း အင်္ဂလိပ်စာသင်ကြားကြပါစို့ (၅) ယခုလမှာ activism လုပ်ငန်းတွေ အောင်မြင်ဖို့ အထူးအရေးကြီးတဲ့ communication အကြောင်းကို ဖေါ်ပြလိုပါတယ်။ Activism ဆိုတာ တကယ်တော့ လူထုရဲ့နှလုံးသားအတွက် တိုက်ပွဲဝင်နေတာပါ။ မိန်းခလေးတယောက်ရဲ့ နှလုံးသားကို ပိုင်ဆိုင်လိုသူတယောက်ဟာ ရုပ်ချောရုံနဲ့၊ အလုပ်ကြိုးစားရုံနဲ့ မလုံလောက်သေးပါ။ အပြောကောင်းဖို့ လိုပါတယ်။အလားတူပါဘဲ။ Activism လုပ်ငန်း အောင်မြင်ရေးအတွက် စွမ်းဆောင်ရုံနဲ့၊ ကြိုးစားရုံနဲ့ မလုံလောက်သေးပါ။ မိမိရဲ့ စွမ်းဆောင်ချက်များကို အများက မြင်လာအောင်၊ သိလာအောင် communicate လုပ်ပေးနိုင်မှ ထောက်ခံလိုသူများ၊ အားပေးလိုသူများ သိသိသာသာ များလာပြီး အောင်မြင်လာမှာ ဖြစ်ပါတယ်။ communication အောင်မြင်ဖို့ ပထမဆုံးလိုအပ်မှုက clarity ပါ။Clarity in communication is the ability […]


kaiMay 22, 20244min4760
” Asian American, Native Hawaiian and Pacific Islander Heritage Month” by SweSwe Aye ၁၉၇၈ခုနှစ်က US Congress တွင် Asian/Pacific American Heritage Week အတွက် Resolution ကို သမ္မတ Jimmy Carter က လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့ပြီး ၁၉၉၂ခုနှစ်မှ စတင်ပြီး နှစ်စဉ်မေလကို Asian American, Native Hawaiian and Pacific Islander Heritage Month အဖြစ် United States တွင်သတ်မှတ်ထားခဲ့သည်။ Asian American Pacific Islander Month ဟူသောအမည်မှ ” Asian American, Native […]


kaiMay 16, 20245min12390
မြန်မာအမေရိကန်ဒုတိယမျိုးဆက် panelists ၁၀ဦးပါဝင်သော ” 2nd Generation Burman American Empowering the Burmese Community” – စွမ်းအားမြှင့်တင်မည် မြန်မာကွန်မြူနတီ” ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄၊ဧပြီ၇က Langley Center, Monterey Park, California တွင်ကျင်းပခဲ့သည်။ United States တွင်မွေးဖွားသော အထက်တန်းကျောင်းသားကျောင်းသူများဖြစ်ကြသည့် KaiTamsin Bwor, Kathy Arfa Htwe, Sandy Htwe, Rebecca Liu, Nora Maung, Minrama Naing, Asiah Thazin Silva, Christina Tun, ThaingahMoun Win နှင့် အလယ်တန်းကျောင်းသားကျောင်းသူများဖြစ်ကြသော Joyce Lahpai နှင့် David Gampung […]


kaiMay 13, 20241min3150
“ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး “တဲ့..။ မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုတာကို.. ‌ရှင်းပြတဲ့.. စကားပုံပါ..။ တကယ်က.. မှားပါတယ်..။ “butterfly effect,” အရ… ကမ္ဘာ့ဘယ်နေရာမှာမဆို.. ဖြစ်ပျက်လှုပ်ရှားနေတာအားလုံးက.. အဆက်အစပ်ရှိပါတယ်..။ ရန်ကုန်ဗန္ဒုလပန်းခြံထဲ.. လိပ်ပြာအတောင်ခတ်တာ.. အမေရိက.. ဖလော်ရီဒါမှာ.. မုန်တိုင်းဝင်လာနိုင်တာမျိုး.. ဤဒွန္ဒယာလောကပါ..။ ဆိုတော့… အခုနောက်တဆင့်ထပ်မြင့်သွားပါပြီ..။ နေမင်းကြီးမှာ.. မုန်တိုင်းဆင်တာ.. ကမ္ဘာမှာ.. အော်ရိုရာ.. အလင်းမျှင်တွေ.. ပြန့်ပွားထွက်လာတာမျိုးတဲ့..။ ထောင်လိုက်.. ကန့်လန့်ကာ(curtains ) လို.. လှိုင်းတွန့်… ရွေ့လျှားနေတာမို့.. အလင်းမျှင်တို့ရဲ့.. ကန့်လန့်ကာလို့.. အနုပညာဆန်ဆန်လေး.. ခေါ်ပါ့ မယ်..။ နေမင်းမှာ.. မီးလျှံတွေဟုန်းဟုန်းထ… မီးမုန်တိုင်းဘာကြောင့်ဆင်တယ်.. သေခြားမသိရပေမယ့်.. အဲဒီမုန်တိုင်းအရှိန်ကြောင့်.. နေမင်းအလင်းမှုန်တွေက. ကမ္ဘာကို.. တနာရီမိုင်သန်းချီနှုန်းနဲ့.. လာရိုက်ခတ်..။ ကမ္ဘာရဲ့.. သံလိုက်လှိုင်းက.. တုံ့ပြန်တာမှာ.. ကမ္ဘာ့လေထုထဲက.. […]


သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Apr 25 ။ ရခိုင်ပြည်နယ် မောင်တောမြို့အတွင်းက ရက္ခိုင့်တပ်တော်(AA)ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈၈ ဦးကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာပြည် ဒေသအနှံ့မှာ ဧပြီလ နောက်ဆုံးအပတ်ထဲ နေ့အပူချိန်တွေ မြင့်တက်ပြီး အပူဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရကာ သက်ကြီးရွယ်အိုတွေ မူးလဲတာ၊ ကလေးတွေ ခန္ဓာကိုယ်ယားယံတာတွေ ဖြစ်နေပါတယ်။ Apr 23 ။ သုံးလကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၉၀ ဝန်းကျင်အထိ ရှိလာပါတယ်။ ဒီစာရင်းမှာ စစ်ကိုင်းတိုင်းက တိုက်ပွဲအတွင်းနဲ့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား အရေအတွက် […]


kaiApril 27, 20242min4710
တန်ခူးသည် မြန်မာတို့၏ နှစ်သစ်ကူးလဖြစ်သည်။ မြန်မာြပက္ခဒိန်သည် ဟိန္ဒူတို့၏ ဝေဒကျမ်းပါတွက်ချက်မှုများကိုအခြေခံ ပုဏ္ဏားဟူးရားတို့က ထုတ်ပေးထားသော ၁၂ရာသီခွင် (မိဿ၊ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်)ကိုအခြေခံသည့် လမင်းပြက္ခဒိန်ဖြစ်ပါသည်။ တနည်းအားဖြင့် ဝေဒပညာရပ်ဖြင့်တည်ဆောက်ထားခြင်းဖြစ်၍ ဟိန္ဒူနွယ်ဖြစ်သည်။ ကမ္ဘာသုံး ဂရီဂိုးရီးယန်းပြက္ခဒိန်မှာ နေမင်းကြီးအခြေခံပြက္ခဒိန်ဖြစ်သည်။ ဥုံ သြောင်း ဟုံဟုံ ဖွ ဥုံဖွ သွာဟ၊ မန္တန်၊ မန္တရား၊ အတွင်း/အပြင်၃၇မင်းနတ်တို့အပါအဝင် မြန်မာ့ရိုးရာဓလေ့တို့၏ အမြုတေသည်လည်း အိန္ဒိယတောင်ပိုင်းမှလာသော ထေရဝါဒဗုဒ္ဓဘာသာနှင့် ဟိန္ဒူသာသနာကိုအခြေခံပေရာ ဟိန္ဒူတို့၏ ယဥ်ကျေးမှုဓလေ့လွှမ်းသည်ကို ငြင်းဆို၍မရပေ။ ဝေါဟာရအားဖြင့်မူ သင်္ကြန်ဟူသည် သင်္ကန္တ (ပါဠိဘာသာ ) နှင့် သင်္ကြန္တ (သက္ကတဘာသာ)မှ သက်ဆင်းလာသည်။ သင်္ကန္တ၊ […]