ဂုဏ်ယူပါသည် မြန်မာပြည် ..

kaiMarch 28, 20121min442108

[polldaddy poll=5991165]

ကြားဖြတ်ရွေးကောက်ပွဲက နီးလာပြီး..
နီးဆို.. နောက်၄ရက်ပဲလိုတော့တယ်…

ဆိုတော့.. ရွေးကောက်ပွဲ. မဲအကြိုစာရင်း.. စစ်တမ်းကို ..ဒီမှာပြောင်းထားလိုက်တာပါ..
ရွာသူားတွေ.. ကိုယ့်ထင်တာလေးတွေ.လုပ်မှာလေးတွေ.(မပေးရသေးရင်) ပေးစေလိုပါတယ်..။
မန္တလေးဂေဇက်ရွာသူားစာရင်းတွေကြည့်တော့. ဒီနေ့မှာ.. ၈၀၃ရယောက်ရှိနေပါပြီ..

Poll မှာက.. Vote ထားတာ… ၁၃၉ရ ယောက်ပဲပြသေးလို့ပါနော…..။
=
ရွေးကောက်ပွဲနဲ့ပါတ်သက်တာတွေ.. စိစစ်ဝေဖန်ကြပါဦး..
ဘာဖြစ်လာမယ်… ၊ ဘာဖြစ်သင့်တယ်..။ ရေးကြပါဦး..။

108 comments

  • ဦးဦးပါလေရာ

    March 30, 2012 at 11:13 pm

    ဟတ်.. ဟတ်..
    ဒီပိုစ့်လေးက နှင်းဆီပန်းနီနီလေးတွေနဲ့
    ချစ်စရာကောင်းသေးတော့ …… 😉

  • kai

    March 31, 2012 at 1:52 am

    ဒေါက်တာလွဏ်းဆီကနေ.. သတင်းထိပ်လေးတွေချည်းဖြတ်စားလိုက်တာပါ..
    သတင်းတွေအရကောက်ရင်. ကြားဖြတ်မှာ.. သဘောထားမကြီးနိုင်တဲ့.. ပြည်ခို်င်ဖြိုးကို ခြုံမြင်ရနိုင်ပါတယ်..

    မှတ်တမ်းးကျန်ရစ်အောင်ဖြစ်ကြောင်း.. :mrgreen:
    ==============
    မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၃-၂၀၁၂ – ညပိုင်း)

    – လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော click
    – ရွေးကောက်ပွဲ မဲဆွယ်မှု လွတ်လပ်မျှတမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန် click
    – ရွေးကောက်ပွဲ အကြိုအခြေအနေ လက်ခံနိုင်ဖွယ်မရှိ click
    – ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ click
    – မတရားမှုများ ကြုံနေရသော်လည်း NLD ရွေးကောက်ပွဲ ဝင်မည် click
    – ရွေးကောက်ပွဲမတိုင်မီ ၂ ရက်အလို NLD သတင်းစာရှင်းလင်းပွဲ click
    – သတင်းစာရှင်းလင်းပွဲ၌ ပြောသော ဒေါ်အောင်ဆန်းစုကြည်၏ အဖြေစကား click
    – နေ့စဉ် လှုပ်ရှားအသက်ဝင်နေတဲ့ ရွှေဂုံတိုင်က ဒီချုပ်ရုံးချုပ် (ရုပ်သံ) click
    – ကြိုတင်မဲ စပေးပြီ click
    – ကြိုတင်မဲ​ပေး​ပွဲ စတင်၊​ မဲမသမာမှုများ​ရှိ​နေဟု ​စောင့်ကြည်သူများ​ ​ပြောကြား​ click
    – ရွေးကောက်ပွဲ အသုံးစရိတ်မတင်လျှင် ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ခံရနိုင် click
    – ရွေးကောက်ပွဲ ကျင်းပပေးရန် မိုးကောင်း အန်အယ်လ်ဒီ တောင်းဆို click
    – အနုပညာရှင် စည်းရုံးဖျော်ဖြေပွဲ သွားအားပေးတဲ့ ရွာမှာ မီးလောင်မှုဖြစ်ပွား click
    – NLD အဖွဲ့ချုပ်ရဲ့ ရွှေခွပ်ဒေါင်း အလှပြယဉ်ကို နေပြည်တော်အရောက်မှာ ရဲတပ်ဖွဲ့က တားဆီး click
    – မင်္ဂလာတောင်ညွန့်မြို့နယ် NLD အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင်တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲ (ရုပ်သံ) click
    – “အနစ်နာခံခဲ့သူတွေကို ကြားဖြတ်ရွေးကောက်ပွဲမှာ ကျေးဇူးဆပ်မယ်” (ဆောင်းဦးလှိုင်နှင့် အင်တာဗျူး) click
    – VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ – ဆောင်းဦးလှိုင် (ရုပ်သံ) click
    – VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ – မာရဇ္ဇ (ရုပ်သံ) click
    – VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ – R ဇာနည် (ရုပ်သံ) click
    – VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ – လင်းလင်း (ရုပ်သံ) click
    – VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ – ကဗျာဘွဲ့မှူး (ရုပ်သံ) click
    – VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ – ချစ်သုဝေ (ရုပ်သံ) click
    – VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ – ဝေဠုကျော် (ရုပ်သံ) click
    – VOTE NLD ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ကို မဲပေးပါ – ရဲတိုက် (ရုပ်သံ) click
    – ကြိုတင်မဲအတွက် မွန်ပါတီ အချိန်ကိုက်လှုပ်ရှား click
    – ကျောက်ပန်းတောင်းတွင် ကြံ့ခိုင်ရေးပါတီက NLD အား ပုတ်ခတ် မဲဆွယ် click
    – ကော့မှူးတွင် USDP နယ်လှည့် စည်းရုံးရေးဆင်း click
    – ကြားဖြတ်ရွေးကောက်ပွဲသည် အဖြေမဟုတ် (ဆောင်းပါး) click
    – မတ် ၃ဝ ရက် ဗီဒီယိုသတင်းလွှာ click
    – ကြားဖြတ်ရွေးကောက်ပွဲကို ဝန်ထမ်းပေါင်း ၇၂,၅၀၉ ဖြင့် ကျင်းပမည် click
    – မြန်မာကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ထိုင်းဘက်မှ နယ်စပ်လုံခြုံရေး တိုးမြှင့် click
    – ကရင့်အမျိုးသား ညီလာခံတရပ် ကျင်းပရန် DKBA ဖိတ်ခေါ်ခြင်း click
    – ရခိုင်ပြည်နယ်အလံနှင့် ရခိုင်ဝတ်စုံ ပြင်ဆင်ရန် ကြံ့ဖွံ့က ရခိုင်လွှတ်တော်တွင် အဆိုတင် click
    – ဧရာမ ဘက်လိုက်မှုကြီး (ဆောင်းပါး) click
    – မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃) click
    “လွတ်လပ်စွာ သတင်းယူခွင့်ပြုလိုက်သည်” (ကာတွန်း ဘီရုမာ – ဧရာဝတီဝက်ဘ်ဆိုက်)
    – မြန်မာအစိုးရမှ ထိုင်းသို့ ဂက်စ်တင်ပို့မှု ယာယီ ရပ်ဆိုင်းမည် click
    – ချင်းပြည်နယ် ဘတ်ဂျက် လျာထားချက် ဝ.၁ ရာခိုင်နှုန်းသာရှိ click
    – မြစ်ဆုံစီမံကိန်း အလုံးစုံ ရပ်ဆိုင်းရန် ထပ်မံတောင်းဆို click
    – ဧရာဝတီကာကွယ်သူများ​ ​တွေ့ဆုံပွဲ ပြုလုပ် (သတင်း​ဓာတ်ပုံ) click
    – ဆန္ဒပြရန် ပြင်ဆင်သည့်​ အလုပ်သမား​များ​နှင့်​ အာဏာပိုင်များ​ ရုန်း​ရင်း​ဆန်ခတ်ဖြစ် click
    – အာဆီယံ လူထုအခြေပြုအဖွဲ့အစည်းများ ဆွေးနွေးပွဲကို ကမ္ဘောဒီးယားအစိုးရက ကန့်သတ် click
    – လစာသစ် မထုတ်ခင် ကုန်ဈေးနှုန်းတက် click
    – “စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့” သင်္ကြန်သံချပ် စတင် ဖြန့်ဝေ click
    – စည်းကမ်းရှိတဲ့ သင်္ကြန်နဲ့ သံချပ်ကြောက်သူများ click
    – “စားပြီးနားမလည် လုပ်မနိန်ကေ့” ၂၀၁၂ – ရခိုင်သင်္ကြန်သံချပ်ခွေ ဘင်္ဂလာဒေချ့်တွင် ဝယ်ယူသူများ click
    – သင်္ကြန်မဏ္ဍပ်ကြီးများတွင် CCTV ကင်မရာများ တပ်ဆင်မည် click
    – ပါပါလေးတို့ ပွဲမိန့်နဲ့ ကချင်ပြီ click
    – စာပေစိစစ်ရေးက မန္တလေးဂျာနယ်တခုကို တပတ်ပိတ် click
    – ထက်ထက်မိုး​ဦး​ကို ဒဏ်​ငွေကျပ် ၁ ​ထောင် ပြစ်ဒဏ်ချ click
    – ရွှေငါး၊ ဖားပြုပ်၊ စက်ရုပ်နှင့် ပရာဒိုတို့ ကားဈေးကွက်အတွင်း နေရာယူ click
    – Sunday Action ပရဟိတ (ရုပ်သံ) click
    – Made in China Willis Tower, လေလုံးထွားတဲ့မြို့နှင့် မံမီရုပ်တွေနေတဲ့အရပ် (၃) click

  • htoosan

    March 31, 2012 at 7:17 am

    သူကြီး . ဒါပါ ဒီမှာ မှတ်တမ်းတင်မှပေါ့..

    ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
    ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
    အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
    တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD
    ဦးဘလက်ချော

  • ba gyi

    March 31, 2012 at 1:40 pm

    သည်အရေးက သူကြီးမန့်သလိုပဲ၊ ထိပ်ပိုင်းတွေ ညှိနှိုင်းပြီး၊အသက်ဝင်အောင်၊ တရားဝင်အောင်လုပ်ကြ တာပါပဲ။စီအိုင်အေ၊တရုတ်တို့ပါ၊အာစီယံတွေမကင်းပါဘူး၊မည်သို့ဆိုစေထွက်ပေါက်တစ်ခုမှာတိုင်းသူပြည်သားတွေအတွက်သားရွှေအိုးထမ်းတဲ့ကိန်းဖြစ်လာဘို့တော့လိုပါတယ်။
    သည်အတိုင်းတော့မဖြစ်နိုင်သေးပါ၊ပြည်သူတွေကိုယ်တိုင်ရဲရဲဝန့်ဝန့်ပါဝင်လုပ်ယူမှရနိုင်မည့်လမ်းကြာင်း ပေါ်ပြန်ရလာတာပါ၊ လူထုအားကိုအများကြီးလိုပါသည်။
    ပြောရလျှင် ပြည်သူဟာကိုယ့်ကြမ္မာကိုယ်ဖန်တီးဘို့ ဆုံးဖြတ်၊ပြတ်သားခွင့်နဲ့ပြန်ဆုံးဖြတ်ရမှာပါ၊ သည်အ တွက်ပြည်သူ့ဘက်မှ မားမားမတ်မတ် ဦးဆောင်မည့် အဖွဲ့အစည်းကိုသူတို့ဘက်မှလည်းမဖြစ် မနေပြန် လုပ်ခွင့်ပေးလိုက်ရတာလို့မြင်ရပါမယ်၊ပြောရလျှင်အပေးအယူပါပဲ။
    ဒါကို တိုင်းပြည်အတွက်အခွင့်အရေးယူတတ်ကြရပါမယ်၊ အရှေ့တောင်အာရှ အာဏာရှင်တွေပြောင်းခဲ့တဲ့
    ဒီမိုကရေစီနိုင်ငံတွေရဲ့ ဘောင်ထဲမှ ထွက်နိုင်အောင်၊စံပြဖြစ်အောင်အတော်ကိုလုပ်ယူကြရပါလိပ်မယ်။
    နိုင်ငံရေးတိုက်ပွဲက ယခုမှစတာပါခင်ဗျား။
    သည်ကြားဖြတ်ပွဲထက်၊ 2015 ကပိုအရေးကြီးပါသည်၊ သည်ကြားဖြတ်ပွဲဟာ အကဲဖြတ်ပွဲတစ်ပွဲပါပဲ။
    ဘယ် လိုအဖြေရရ ၊အန်အလ်ဒီအတွက် အရှုံးမရှိပါခင်ဗျား။
    ပြည်သူကသာ အမှန်အကန်၊ထက်သန်စွာဝိုင်းရံဘို့လိုပါသဗျား။
    ကြံ့ဖွတ် ဟာ ခုပွဲမှာ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်းဖက်ပေါက် ရမည့် ၊ဖက်ရွက်
    ကလေးတစ်ရွက်ပါပဲ။သူတို့ကျိုက်ရာရွေးကြပါစေဗျား။

  • ဗိုက်ကလေး

    March 31, 2012 at 2:18 pm

    သဂျီးခေါင်းစဉ်အတိုင်းပဲ နိုင်မယ်ဆိုတာ..
    ဗေဒင်မေးစရာတောင် လိုတော့ဘူးဗျာ..
    NLD ကို အားကြိုးမာန်တက် မဲပေးမဲ့လူတွေမှ တစ်ပုံကြီး..တစ်ပုံကြီး

  • MaMa

    March 31, 2012 at 5:23 pm

    ဒီနေ့ပဲ သတင်းရတာ မန်းလေးမှာ သင်္ကြန်ပွဲလိုပဲ စည်ကား လှုပ်ရှားနေကြတာ ပျော်စရာကြီးတဲ့။

  • အံစာတုံး

    March 31, 2012 at 6:53 pm

    သဂျီးရေ …
    အနော်လည်း
    ခုပေးလိုက်ပါပီဂျို့ ….
    ဘာကို ပေးမှာလဲဆိုဒါ သိဒယ် မီဟုတ်လား …
    သများတို့က အမြဲတမ်း ဒေါ်စု ဘက်က …
    ဒါဗြဲ …
    😀

  • နေဝန်းနီ

    March 31, 2012 at 9:29 pm

    စစ်ကိုင်း မတ်လ ၃ဝ ရက်နေ ့၂၀၁၂
    မတ်လ ၃ဝ ရက်နေ့ ညနေ(၇)နာရီခွဲဝန်းကျင်က စစ်ကိုင်းမြို့နယ်ရှိ ဒီပဲရင်းကွဲကျေးရွာတွင်
    အမျိုးသားဒီမိုကရေစီအဖွဲ့၏ အောင်နိုင်ရေးလှုပ်ရှုားမှုများ ပြုလုပ်ပြီး ကျေးရွာသူကျေးရွာ
    သားများ ပျော်ရွှင်နေကြစဉ် အဖွဲ့ချုပ်အားပေးသူများ စီးနင်းပါဝင်သော
    လိုင်းထရပ်ကားကို ကြံခိုင်ဖွံဖြိုးရေးအဖွဲ့များမှ သဲများ၊ခဲများဖြင့်
    ပစ်ပေါက်ပြီး ကားကိုမီးရှို့ပစ်မည်ဟု အုပ်စုဖွဲ့ပြီး ခြိမ်းခြောက်မှုဖြစ်ပေါ်ခဲ့ပါသည်။

    ဒီပဲရင်းကွဲ ကျေးရွာမှကားများ စစ်ကိုင်းသို့မသွားရဟုခြိမ်းခြောက်ပြီး
    ရွာခံကားများ အပြင်မထွက်နိုင်ရန် လမ်းပေါ်တွင်ကျောက်ခဲများဖြင့်
    ပိတ်ဆို့ကာ တာဆီးထားပါသည်။

    ထိုဖြစ်စဉ်ကို ဗိုလ်ချုပ်ခင်မောင်မြင့်၏ ကျေးရွာဖြစ်သောကြွယ်ပုံရွာမှ
    ကြံ့ခိုင်ရေးအမာခံ ရပ်ကွက်ကျေးရွာဥက္ကဌ ဦးညိုလေးမှ ဦးစီးခဲ့ကြောင်း
    သိရှိရပါသည်။

    ဒီပဲရင်းကွဲကျေးရွာမှ မန္တလေး ရွှေဘို ကားလမ်းသို့ ရောက်ရှိရန်
    ကြွယ်ပုံကျေးရွာမှတဆင့် သွားရသည်ဖြစ်ရာ ကြွယ်ပုံကျေးရွာရှိလမ်းသည်
    ကြံ့ခိုင်ရေးမှခင်းသောလမ်းဖြစ်၍ အဖွဲ့ချုပ်နှင့်သက်ဆိုင်သော
    ကားများ မသွားရဟု ခြိမ်းခြောက်ပြီး ကျောက်ခဲများဖြင့်
    ယနေ့တိုင် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။

    စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာအုပ်စု ရွှေလှေရွာတွင်လည်း
    ရပ်ကွက်အုပ်ချုပ်ရေးမှုးကိုယ်တိုင် ၎င်း၏အိမ်တွင်
    ကြံ့ခိုင်ရေးဆိုင်းဘုတ်တပ်ပြီး အတင်းအဓမ္မခြိမ်းခြောက်၍
    မဲဆွယ်နေကြောင်းသိရှိရပါသည်။

    http://www.thithtoolwin.com/2012/03/nld_3791.html

  • နေဝန်းနီ

    March 31, 2012 at 9:55 pm

    “လေးခွဖြင့် ချောင်းမြောင်းပစ်ခံရသူ မပွင့်ဖြူပြုံး နေအိမ်သို့ ပြန်လည်ရောက်ရှိသော်လည်း ကျန်းမာရေးကို စောင့်ကြည့် ကာလအဖြစ် သတ်မှတ်ခြင်း ခံထားရဟုဆို” ဥတ္တရသီရိမြို့နယ် အောင်ချမ်းသာကျေးရွာ NLD ၏မဲဆွယ် စည်းရုံးပွဲ အပြန် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံခဲ့ရသူ မပွင်ဖြူပြုံးသည် ယခုလ ၂၁ ရက်နေ့ကဆေးရုံမှ ဆင်း၍နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သတင်းရရှိသည်။သူမ၏ ကျန်းမာရေး အခြေအနေမှာ အလုံးစုံကောင်းမွန်မှု မရှိသေးသည်ကြောင့် လာမည့် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့ များတွင် ဆေးရုံသို့ တစ်ကြိမ် ပြန်လည်သွားရောက် စစ်ဆေးမှု့ ခံယူရဦးမည် ဟုသတင်းရရှိသည်။လတ်တလော အခြေအနေကိုဆရာဝန်တို့က စောင့်ကြည့် အခြေအနေဟု သတ်မှတ်ကာ ဆိုင်ကယ် စီးခြင်းနှင့် လူရောစိတ်ပါ လှုပ်ရှားနေထိုင်မှုများ မပြုလုပ်ရန် မှာကြားထားသည် ဟုသူမကဆိုသည်။သူမ ယခုကဲ့သို့ချောင်းမြောင်း လုပ်ကြံမှု ခံခဲ့ရသော်လည်း ကျန်းမာရေးကောင်း မွန်သည်နှင်တပြိုင် နက် ဒီချူပ်၏တာဝန်များကို ဆက်လက်ဆောင်ရွက် လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိ အခြေအနေ တွင်စည်းရုံးရေး ခရီးစဉ်ကိုလိုက်ပါနိုင်ခြင်း မရှိသေးသော်လည်း နေအိမ်နှင့် အဖွဲချူပ် ရုံးခွဲ တာဝန်အချို့ကို ဆောင်ရွက်နေသည် ဟုဆိုသည်။လက်ရှိသူမ၏ အခြေအနေကို Popular News Journal ကဆောင်ရွက်မေးမြန်းရာ “ခေါင်းတခြမ်းကတော့ကိုက်နေဆဲပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ ကနီးလာပြီဆိုတော့ အခုလို အရေးကြီးအချိန်မှာ တာဝန်ယူလုပ်နိုင်သလောက်တော့ ဆောင်ရွက်နေပါတယ်။ လောလောဆယ် အရမ်းလှုပ်ရှားလို ့မရဘူးဖြစ်နေတယ်။ နည်းနည်းပို လှုပ်ရှားလိုက်တာနဲ့ မျက်လုံးတစ်ဖက်ကသွေကျလာတယ်။ သွေးတိပ်အောင်စောင့်ပြီး အနားယူလိုက် လုပ်လိုက်ပေါ့။ ဆရာဝန်က အန်တာမျိုး အရမ်းမှိန်းပြီး အိပ်ချင်တာမျိုးဆို ချက်ချင်းပြန်လာဖို့ ့မှာထားပေမဲ့လက်ရှိ အဲ့ဒီလို မဖြစ်ပါဘူး။ ဒါပေမဲ့ အခုခေါင်း ဒါဏ်ရာကြောင့် ခေါင်းညာဘက် တစ်ခြမ်း ကအရမ်းကိုက်နေတတ်တယ်။” ဟုပြန်လည်ဖြေကြားခဲ့ပါတယ်။အမျိုးသား ဒီမိုကရေစီအဖွဲချူပ် (ရန်ကုန်) ကသူမ၏ ဆေးကုသ စားရိတ်ကို အလုံးစုံ တာဝန်ယူခဲ့ပြီး သူမ အနေဖြင့်လဲ ဒီချူပ်နှင့် လက်တွဲဖြုတ်ရန် အလိုမရှိသည့်အပြင် ယခင်ထက်ပိုမိုဆောင်ရွက်မည်ဟုဆိုသည်။မတ်လ ၁၈ ရက်နေ့ညနေတွင် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး မတ်လ ၂၁ ရက်နေ့တွင်နေအိမ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သူမယခုကဲ့သို့ ဒီချူပ်၏ နေပြည်တော် ဥတ္တရသီရိ ကိုယ်စားလှယ်လောင်းကို ကာကွယ်ပေးနိုင် သည်ကြောင့် ဂုဏ်ယူမိကြောင်း တာဝန်ရှိသူများ အနေဖြင့် ပြစ်မှု့ကျူးလွန် သူများကိုအမြန်ဆုံး ဖော်ထုတ် အရေးယူပေးစေရန် မျှော်လင့်ကြောင်း ပြစ်မှုကျူးလွန် သူများအပေါ် ဥပဒေပုဒ်မ မြောက်များစွာ ဖြင့် တရားစွဲနိုင်သည့် အခွင့်အရေး ရှိသော်လည်း ယခုပုဒ်မ နှစ်ခုတည်းဖြင့် သာစွဲဆိုထားသည်မှာ ဟန့်တားရုံ သက်သက်ကြောင့်သာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    http://www.thithtoolwin.com/2012/03/blog-post_4268.html

  • padonmar

    March 31, 2012 at 10:03 pm

    ဘယာဂတိဆိုတာ ကြောက်လို့ အဂတိလိုက်စားတာပါ။
    (ကိုယ့်အကျိုးစီးပွားထိခိုက်မှာ ကြောက်လို့ မှန်တာ မလုပ်ရဲ မပြောရဲတာလည်း အဂတိပါပဲ၊)
    ပြည်သူအပေါင်း အကြောက်တရားမှ ကင်းဝေးနိုင်ပါစေ။

  • Yoko Ono Bono

    March 31, 2012 at 11:55 pm

    ကျနော်ထင်တာတော့ဒီရွေးကောက်ပွဲကိုအနိုင်ပေးမယ်….NLD တစ်ချို ့လွှတ်တော်ထဲရောက်ပြီဆိုရင် ဖွံ ့ဖြို းရေးတွေကိုအနှောက်အယှက်ပေးပြီး image ပျက်အောင်လုပ်မယ်…နောက်ရွေးကောက်ပွဲမှာပြန်တင်းမယ် ပြီးတော့တစ်ဖြည်းဖြည်း ပြောတာနားထောင် စာကြိုးစား လိုချင်တာဝယ်ပေးမယ် ငါတို ့ဝယ်ပေးမှရမှာနော်ဆိုတဲ့ အနေအထားတစ်ဖြည်းဖြည်းရောက်အောင်ဆွဲသွားချင်တဲ့သဘောရှိတယ်…ကျနော်နိုင်ငံရေးကို က ခ လောက်နားလည်တာပါ ထင်တာလေးပြောကြည့်တာ သဘောထားမတူရင်လဲခွင့်လွှတ်ကြပါနော်….

  • kai

    April 1, 2012 at 2:06 am

    ဟေးးး
    NLD နိုင်နေပါတယ်ခင်ဗျ…
    ၃၄+ ( မနက် ၂နာရီ ၅မိနစ် ဧပြီလ ၁ရက် ၂၀၁၂ ) 😆

    ၄ဝကျော်အထိထပ်တိုး.. အောင်နိုင်ဖို့အတွက်.. မဲထည့်ရတဲ့နယ်က.. မိတ်ဆွေ..သူငယ်ချင်း..ဆွေမျိုးတွေဆီ.. (မဲမထည့်ရတဲ့နယ်ကသူတွေက) ဖုံးဆက်အားပေးကြပါလို့..။

  • Khin Latt

    April 1, 2012 at 4:30 am

    မနက် ၄နာရီ ၃ဝမိနစ် ဧပြီလ ၁ရက် ၂၀၁၂

    ဒီအချိန် မြန်မာပြည်မှာ နေရာတစ်ချို့ အသက်ဝင်နေလောက်ပြီ။
    စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်ကြီးစွာနဲ့ ရင်ခုန်နေကြပြီ။
    အေးအေးဆေးဆေး အနှောက်အယှက် ကင်းကင်း အောင်အောင်မြင်မြင် နဲ့ မြို့သိမ်းတိုက်ပွဲ နိုင်ကြပါစေ။

    ရွှေမန်းတင်မောင် ရဲ့ အောင်ပါစေ သီချင်းနဲ့ NLD အတွက် ဆုတောင်းပါတယ်။

    NLD ကို အားပေးမယ့်သူတွေ ….. အောင်ပါစေ။
    ပြည်သူ အတွက် စေတနာ ထားသူတွေ …. အောင်ပါစေ။

    အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။
    အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။
    အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။
    အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။
    အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။
    အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။ အောင်ပါစေ။

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 1, 2012 at 4:44 am

      အရီးလတ်ရေ ကျွန်တော်တော့တစ်ညလုံးအိပ်ကိုမအိပ်ဘူးဗျ အိပ်ကိုမပျော်တာ ကိုယ်မဲမထည့်ရ
      ပေမယ့်ဘယ်သူတွေများနိုင်မလဲလို့ဆုတောင်းနေရတာလဲအမောတကောပါလား….
      အမေစုအမေစုပဲထွက်တော့တယ် နိုင်ပါစေကျန်နေပြီ…….. အရီးလတ်အဆိုအရ
      အောင်ပါစေဗျာ….အောင်ပါစေ….အောင်ပါစေ……… သူကြီးမင်းအပ်ပတူဒုတ်လေးလုပ်ပေးပါဦးနော်….. သူကြီးမင်းကပိုသတင်းစုံတယ်

      • Khin Latt

        April 1, 2012 at 5:03 am

        ဘုရား … ဘုရား … ကိုယ့်ထက်ပိုဆိုးသူနဲ့ တွေ့နေပါရောလား မောင်ရှမ်းရယ်။
        စောစောတော့ထရမှာဘဲ။
        ရလာဒ် က နေ့လည်လောက်မှ သိရမယ်ထင်ရဲ့။ မပြောတတ်ဘူး။
        မပူ နဲ့။ သတင်းတွေက နေရာစုံက တက်လာမှာပါ။
        ဒီအတိုင်း ဆိုရင် တော်တော် အခြေအနေကောင်းမှာပါ။
        ဘီဘီစီ တို့ CNN တို့ ကဆို မြန်မာ သတင်းကို မပြတ်တမ်း တင်နေကြပြီ။

  • Swal Taw Ywet

    April 1, 2012 at 5:26 am

    Now 1:50 am ( April 1, 2012 ) at Qatar.
    Now 5:20 am at Myanmar.
    Still in alert, could not sleep.Still online and reading News from FB.
    Why Tha Gyee can update the latest top secret data???

    Wishing to get a chance to change our mother land.

    With respect,
    Swal Taw Ywet.

  • kai

    April 1, 2012 at 6:56 am

    အခု.. မနက် ရနာရီလောက်ပေါ့..
    အဲဒါ.. NLD အနိုင်ရခုံစာရင်း ထပ်တင်လိုက်ပါတယ်..။
    အနည်းဆုံး ၃၅ခုံနေရာ နိုင်နေပါတယ်လို့နော..။ မနက် ရနာရီစာရင်းပေါ့.. 😆

    ပြောရရင်.. ကျုပ်က..မီဒီယာမို့.. ဘက်မလိုက်ရဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်..။
    မီဒီယာက..ထောက်ခံ..တွန်းပို့လုပ်လို့ရပါတယ်..။
    ပြီးခဲ့တဲ့.. ၂၀၀၈ အမေရိကသမ္မတရွေးပွဲ( ရွေးကောက်ပွဲ)တုံးက.. အယ်လ်အေတိုင်းအပါအဝင်.. သတင်းစာကြီးတွေက.. အိုဘားမားကို သမ္မတအဖြစ်ထောက်ခံပေးခဲ့ကြတယ်..
    အောက်မှာ.. LA Time ရဲ့..အယ်ဒီတာ့အာဘော်ကြည့်ပါ..

    အခုမြန်မာပြည်ရဲ့.. ကြားဖြတ်ရွေးကောက်ပွဲမှာ..ကျုပ်က. NLD ကို.. ထောက်ခံပေးပါတယ်.
    ဒါကဒီနေ့ဒီအချိန်နဲ့..အကိုက်ညီဆုံး..တိုင်းပြည်အတွက်အကောင်းဆုံး.. ဖြစ်သင့်တယ်ထင်လို့ပါ..။
    ဆိုတော့..
    နောက်၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ကိုထောက်ခံမယ်ရယ်တော့ မဟုတ်ပါဘူး..
    ပြည်ခိုင်ဖြိုးက.. အင်အားနည်းသွားပြီး.. NLD ကို.. ထောက်ထားနိုင်တဲ့.. အင်အားမရှိဘူးထင်ရင်.. ပြည်ခိုင်ဖြိုးကို.. endorsement လုပ်ချင်လည်းလုပ်ရမှာပါ..
    လူထုအများစုနဲ့.. တိုင်းပြည်အတွက်.. အတွေ့အကြုံတွေကနေ.. တွက်ချက်ပေးနေတာဖြစ်ပါတယ်လို့.. နော…

    အဲဒါလေး.. :mrgreen:


    http://www.latimes.com/news/opinion/editorials/la-ed-endorse19-2008oct19,0,5198206.story
    Barack Obama for president
    He is the competent, confident leader who represents the aspirations of the nation.
    October 19, 2008
    It is inherent in the American character to aspire to greatness, so it can be disorienting when the nation stumbles or loses confidence in bedrock principles or institutions. That’s where the United States is as it prepares to select a new president: We have seen the government take a stake in venerable private financial houses; we have witnessed eight years of executive branch power grabs and erosion of civil liberties; we are still recovering from a murderous attack by terrorists on our own soil and still struggling with how best to prevent a recurrence.

    We need a leader who demonstrates thoughtful calm and grace under pressure, one not prone to volatile gesture or capricious pronouncement. We need a leader well-grounded in the intellectual and legal foundations of American freedom. Yet we ask that the same person also possess the spark and passion to inspire the best within us: creativity, generosity and a fierce defense of justice and liberty.
    The Times without hesitation endorses Barack Obama for president.
    ==
    Barack Obama for President – The Washington Post
    http://www.washingtonpost.com › Opinions
    Oct 17, 2008 – Friday, Oct. 17 at 3 p.m. ET: Election 2008: Washington Post Endorses Obama · Debate The Post’s Endorsement. The choice is made easy in …

  • MTY

    April 1, 2012 at 10:43 am

    ပူမနေပါနဲ
    နိုင်မှာပါ

  • mz tun

    April 1, 2012 at 12:53 pm

    ခု မနက် ၁၂းဝဝ နာရီလောက်ထိ ဖတ်ရတဲ့ သတင်းတွေထဲမှာတော့ နေရာတော်တော်များများမှာ မဲလက်မှတ်ရဲ့ NLD အကွက်မှာ ဖယောင်းတွေသုတ်ထားတယ်တဲ့ဗျ.. အမှန်ခြစ်ရင် မင်မထင်အောင် ညစ်ပတ်ထားကြတာ.. တချို့ လက်မှတ်လဲပေးပေမဲ့ လက်မှတ်လဲမပေးတာက များတယ်..

  • အိမ်လွမ်းသူ

    April 1, 2012 at 1:05 pm

    12:30 Eleven Media မှာဖတ်ရသောသတင်းအရ ဒေါ်အောင်စမ်းစုကြည်ရဲ့ ကော့မှူးမြို့နယ် ရေကျော်ရပ်ကွက် ညောင်လုံကျေးရွာတွင် ထွက်ပေါ်ခဲ့သော မဲရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ရ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ရ မဲ ရရှိခဲ့ကြောင်း သိရပါသည်။

  • နေဝန်းနီ

    April 1, 2012 at 1:26 pm

    1 April 2012 1:11 PM

    နေ့လည် ၁၂း၄ဝ မိနစ် သတင်းများအရ ကလောမြို့နယ် ဟဲဟိုး၊ ပဲယင်းတောင်ကျေးရွာအုပ်စု၊ ပေါင်းတင်ကျေးရွာ မဲရုံ အမှတ် (၂)တွင် မဲပေးခွင့်ရရှိသူ ၃၄၃ ယောက်ရှိ။ မဲစာရင်းရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုးမှ ၅၂မဲ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၂၂မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅မဲ ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ၉ မဲ၊ ပဲမယ် ၇၆ မဲ ဖြစ်သည်။ အမက ၁၂ အောင်ပန်းမဲရုံ မဲရုံရှေ့တွင် မဲပေးခွင့်စာရင်းတွင်မပါရှိ၍ မကျေမနပ်ဖြစ်နေသူ အချို့ရှိနေပြီး ထိုသူများမှ မဲရုံမှုူးကို ဝင်ပြောမည်လုပ်နေ၍ NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက မဲပေးခွင့်ရှိသူများ ကျန်ရှိနေပြီး မဲရုံပိတ်ခံရမည်စိုး၍ အငြင်းပွားမှုမလုပ်ရန် မေတ္တာရပ်ခံ၍ အဆင်ပြေသွားသည်ဟု သိရှိရသည်။

    http://www.news-eleven.com/index.php?option=com_content&view=article&id=13051:2012-03-31-15-41-19&catid=107:2012-03-18-18-45-29&Itemid=181

  • kai

    April 1, 2012 at 2:36 pm

    ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်မြတ်သူမှပြည်သူများအား မဲစာရင်း နံပါတ်ပါဝင်သော စာရွက်များဝေငှရာတွင် ကျောဘက်တွင် ပုံပါအတိုင်း ပါတီတံဆိပ်နှင့် အမှန်ခြစ် ပါဝင်နေပါသည်။ NLD မှအလားတူစာရွက်များ ဝေငှသော်လည်း ကျောဘက်တွင် မည်သည့်အရာမှ မပါဝင်ပါ။ (အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ခရိုင်ကော်မရှင်မှ ဒေါက်တာအောင်မြတ်သူကို ဥပဒေနှင့် ညိစွန်းသည်ဆိုပြီး ပယ်သွားရန် စီစဉ်နေသည်ဆိုသော သတင်းထွက်နေပါသည်။)

    အီလဲဗန်းက သတင်းလေးတွေ့လို့ပါ…။
    ပုံလေးလည်းပါပါတယ်.။ အဲဒီမှာ.. ပြည်ခိုင်ဖြိုးပါတီအတွက်. .အမှတ်ကလေးကြိုခြစ်ထားတယ်လေ..
    ဆိုတော့..
    လွတ်လပ်တရားမျှတတာ..ပေါ်လွင်သွားအောင်.. ခရိုင်ကော်မရှင်ကနေ… ဒေါက်တာအောင်မြတ်သူကို.. ပယ်ချပေးလိုက်ပါဗျို့..။

    ကဲ..
    တနေရာတိုးမယ်ဗျို့..
    NLD 36+ ( 2:30 pm 4/1/12) :mrgreen:

    • Khin Latt

      April 1, 2012 at 2:52 pm

      စီစဉ်ရုံဘဲ ရှိသေးတာလား။ ဒါဟာ ရာဇဝတ်မှုတောင်မြောက်သင့်တယ်။
      လိမ်ညာလှည့်ဖျားမှု။ 👿

  • Khin Latt

    April 1, 2012 at 2:50 pm

    သစ်ထူးလွင်မှာ ဖတ်ရတဲ့ သတင်းတွေ ကတော့ မယုံရင်ပုံပြင်မှတ် ပါဘဲ။
    ဒီလိုမျိုးတွေ ၂၀၁ဝ မှာ လုပ်ခဲ့ဘူးတယ် ဆိုတာကို လက်ဆုပ်လက်ကိုင် သက်သေပြ သလိုဖြစ်သွားမဲ့ အကြောင်း ထည့်မစဉ်းစားနိုင်လောက်အောင်ကို အသိဉာဏ်မရှိပါလား။
    ဒီတစ်ခါတော့ လုပ်ချင်တိုင်း လုပ်လို့ မရတော့တာ မသိတာလား။ သိသိကြီးနဲ့ သွေးရူးသွေးတန်း လုပ်နေတာလား။ အံ့ဖွယ်သုတပါဘဲ။
    ဒါကို အရေးမယူရင်တော့ ပူးပေါင်းကြံစည်မှုဘဲ။ 👿
    ဒီတစ်ခါတော့ တရားမျှတဲ့ဘက်က ရပ်နိုင်ပါစေ ဆုတောင်းပါတယ်။

  • kai

    April 1, 2012 at 4:24 pm

    အင်း..
    အိပ်တော့မယ်..
    သာမန်အားဖြင့်.. NLD ၉၀%လောက်နိုင်မှာပါ..
    ၄ဝကို.. + – ၃ နဲ့တွက်ချင်တယ်..။
    ဆိုတော့.. ၃ရ ကနေ ၄၃ အထိ ဖြစ်နိုင်ချေရှိပါကြောင်း.. 😆
    Zzzzzzz……… zzzzzzzZ

  • bigchef

    April 1, 2012 at 4:25 pm

    I am not yet sleep from yesterday night to till now. NLD နိုင်ရမည်။.

  • thar ag

    April 1, 2012 at 4:35 pm

    2010 တုန်း က ကြိုတင်မဲကို နောက် ဆုံးမှ ရေ တွက် ပြီးလိမ်တယ် နည် နေတာကို ထပ်ဖြည်.တယ်
    ဒီတခါတော့ ဘယ်လိုညာဦးမလဲ ဆိုတာ ကြည့်ရဦးမှာ ပေါ့နော် ?။

  • kai

    April 1, 2012 at 6:10 pm

    ပြန်ထလာပြီဟေ့… မနက် ၄နာရီ၄၄…

    NLD 44နေရာနိုင်တယ်အိပ်မက်မက်လို့..
    ဟုတ်လားးးးးးးဟင်င်င်င်………… :mrgreen:

  • kai

    April 1, 2012 at 6:52 pm

    * At least 45 seats are being contested by 176 candidates from 17 parties, with eight independents
    * The Lower House has 440 seats (330 elected), the Upper House 224 seats (168 elected) and the regional assemblies 14, with 25% of the seats appointed by the military
    * Aung San Suu Kyi is seeking a seat in Kawhmu district south of Rangoon
    * Her party, the National League for Democracy (NLD), is contesting all seats
    * By-election fills vacancies of those elected in 2010 polls who became ministers and deputy ministers
    http://www.bbc.co.uk/news/world-asia-17571989
    =========================

    ရှုံးတဲ့သူတွေက.. ပြုံးပြုံးလေးနဲ့အရှုံးခံပါ…။
    .တိုင်းပြည်အတွက်.. အနစ်နာခံပေးလိုက်ရတယ်ပဲမှတ်ပါ..။
    ပြိုင်ဖက်ကို… အသိအမှတ်ပြုပါ..

    နိုင်တဲ့သူတွေကတော့..
    မမေ့ပါနဲ့..
    လူထုဟာ..သင့်ကိုခိုင်းဖို့ ရွေးလိုက်ပြီဖြစ်ပါတယ်…
    တိုင်းပြည်အတွက်အကောင်းဆုံးလုပ်ပေးပါ… လို့..။

    ===

    “ကျနော်တို့ ဗမာတွေမှာ စောက်ကျင့်တခုရှိတယ်။
    ဘာစောက်ကျင့်တခုရှိသလည်းဆိုရင် ဒါကလည်းဘဲ ကျနော်တို့
    ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ကျနော် ဂျပန်ခေတ်တုန်းက
    ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတ်ခုရှိတယ်။
    လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလည်းဆိုတော့
    လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက
    ပန်းတိုင်မရောက်သေးဘူး။ ရှေ့ကို နဲနဲရောက်တယ်ဆိုရင်ဘဲ တက်ထောင်တယ်။
    ကြွားတာ ကြွားတာ။
    တခါ ရှုံးတဲ့အနောက်က နေတဲ့လှေကလည်းဘဲ
    ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။
    မကြိုးစားတော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့
    တယ်မခတ်ချင်တော့ဘူး။”

    ဗိုလ်ချုပ်အောင်ဆန်း

  • Onyx

    April 1, 2012 at 8:03 pm

    အခု ရွေးကောက်ပွဲ လိုပဲ နောင်လာမဲ့ ရွေးကောက်ပွဲတွေမှာလဲ ဒီလိုပဲ ငြိမ်းချမ်းစွာ နဲ့ အောင်နိုင် နိုင်ပါစေ
    လို့ စုတောင်းပေးပါတယ် ။
    ပြည်သူ့ဘက်တော်သားများ အောင်မြင်ကြ ပါစေ။

  • ကြောင်ကြီး

    April 1, 2012 at 9:05 pm

    ဖတ်ရတဲ့သတင်းများအရကတော့ အချို့ခန့်မှန်းသလို အန်အယ်လ်ဒီကို လွှတ်တော်ထဲ အစီအစဉ်ရှိရှိနဲ့ ဆွဲသွင်းမယ်ဆိုတာ မှားပါတယ်။ နေရာတိုင်းမှာ ကြံ့ဖွတ်များ အစွမ်းကုန် ညစ်ပတ်ကလိန်ကျတာ တွေ့နေရတယ်။ တခုတော့ရှိတယ် အန်အယ်လ်ဒီ လွှတ်တော်ထဲ ရောက်လာတဲ့အခါ အတိုင်းအတာတခုအထိ ပူးပေါင်းမလား ဆန့်ကျင်မလားဆိုတာ အန်အယ်လ်ဒီအနိုင်ကို မတားဆီးနိုင်မှ ဆုံးဖြတ်ကြပါလိမ့်မယ်။ လောလောဆယ်တော့ မဲမသမာမှုများကို စာရင်းလုပ်ပြီး မတရားအရှုံးခံလိုက်ရတဲ့ နေရာများမှာ ရင်ဆိုင်ဖို့ ပြင်ထားရပါမယ်။ လိုအပ်ရင် ရွေးကောက်ပွဲအသစ်ပြန်လုပ်ခိုင်းရမယ်။ တနေရာ အညစ်ခံရင် နေရာအားလုံးမှာ အညစ်ခံရတယ် မှတ်ကြပါ။ ဈေးဦးအချိုးခံလို့ မရဘူး။ ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းလောက်အထိ အန်အယ်လ်ဒီနဲ့ ကြံ့ဖွတ် ရွေးကောက်ပွဲရလဒ် အငြင်းပွားရလိမ့်မယ်ထင်တယ်။ အဲဒီအထဲမှာ တဝက်လောက်က uphill battle တောင်ကုန်းသိမ်းတိုက်ပွဲ ဖြစ်နိုင်တယ်။ အောင်ပွဲအတွက် အားလုံးအသင့် ပြင်ထားဂျပါ။ ထပ်သတိပေးပါမယ်… မတရားအညစ်ခံရလို့ တနေရာရှုံးခဲ့ရင် အဲဒီအရှုံးကိုလက်ခံခဲ့ရင် အားလုံးရှုံးတာနဲ့အတူတူပဲ။။။

  • kai

    April 2, 2012 at 2:54 am

    မြန်မာပြည်ဟာ.. တကမ္ဘာလုံးက..အတုယူလေးစားရမယ့်လမ်းပေါ်ရောက်သွားပါပြီ…
    ဆက်လက်ထိမ်းသိမ်းကြပါစို့..။

    “ဂုဏ်ယူပါသည် မြန်မာပြည်…”

  • ကိုရင်မောင်

    April 2, 2012 at 4:41 am

    ရွာသူားတို့ရေ ပြိုင်လို့ရတဲ့နေရာအားလုံးအားလုံးအနိုင်ရရှိသွားပါကြောင်း
    ပျော်ရွင်စွာသိလိုက်ရပါပြီခင်ဗျာ….
    မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ (2.4.2012)နံနက်ခင်းပါဘဲ…………………….

  • kai

    April 2, 2012 at 5:32 am

    အိပ်မက်ကမှန်သွားတာပေ့ါ…
    ထင်သား…
    ကျုပ်လုပ်ထားတဲ့.. pollမှာ.. ထိပ်စည်းက.. ၈၈၈ (၈သုံးင်္လုး)
    အယ်အေအချိန်.. မနက်သုံးနာရီခွဲလောက်မှေးပြီး.. ပြန်ထလာတော့.. မနက် ၄နာရီ၄၄..
    အဲဒါနဲ့.. ၄၄ လုပ်ထားလိုက်တာ…
    ဂဏန်းတွေက.. ဗေဒင်နမိတ်ရှိနိုင်တယ်လို့.. ယုံချင်သလိုလိုဖစ်သွားတယ်..။ 😆

    ကဲ..
    ဆက်ခန့်မှန်းမယ်…
    မြန်မာပြည်..အပ်ပါးနဲ့..လိုးဝါးဟောက်စ်မှာ ခုံ ၄၉၈ခုံရှိတယ်..
    အခု NLD က..၄၄နေရာရတယ်ဆို.(ရတယ်ဆို). အရင် အန်ဒီအက်ဖ်က..ပြောင်းလာတဲ့တခုံနဲ့ပေါင်းရင်.. ၄၅ခုံရထားတယ်ပေါ့..
    ဒီအထဲ.. အမျိုးသားနဲ့ပြည်သူ့လွှတ်တော်တွေချည်းပဲလား.. မသေချာပါ..။

    ၂၀၁ဝ တုံးက.. NDF က ၁၆ခုံရထားတယ်လို့ မှတ်မိတယ်..။
    ပေါင်းရင်.. ၆၁ခုံ အနည်းဆုံး ရှိနေပါတယ်.။

    ဆိုတော့..
    ဒီမိုကရက်တွေဖက်က.. (ဒီမိုကရီ အင်အားစုတွေကို.. ဒီမိုကရက်လို့ပဲခေါ်ပါမယ်) .. လွှတ်တော်၂ရပ်ပေါင်းရဲ့.. ၁၂ရာခိုင်နှုန်းကျော်ကျော် ရထားပါတယ်..။

    အစိုးရနေရာမှာ.. နေရာ ၂နေရာလောက် တောင်းလို့ရရင်..၂၀၁၅ အထိ.. တိုင်းပြည်ကောင်းအောင်လုပ်သွားကြရာမှာ.. နိုင်ငံတကာမျက်နှာပန်းလှ.. အဆင်ပြေမယ်ထင်ပါကြောင်း..

    ယူအက်စ်ရဲ့ ဆန်ရှင်.. မကြာခင်ဖြေလျှော့ပေးမယ် မျှော်လင့်ပါကြောင်း..
    ဘဏ်နဲ့.. ဆက်စပ်ရင်းနှီးမြုတ်နှံမှုတွေ ရလာမယ်ထင်ပါကြောင်း…
    အပြီးဖယ်ဖို့ကတော့..ယူအက်စ်ရဲ့..ရွေးကောက်ပွဲနှစ်ဖြစ်တာမို့.. (သမ္မတအပြောင်းအလည်းရှိနိုင်တာမို့) မဖြစ်နိုင်သေးကြောင်း…။ :mrgreen:

  • ဖားသက်ပြင်း

    April 2, 2012 at 7:14 am

    Be like Burma

    Obama

    😀

    တနေ့ သေကြရမည်.
    မသေခင် လုပ်ချင်တာလုပ်ကြ

  • MaMa

    April 2, 2012 at 10:30 am

    ဂုဏ်ယူပါသည် မြန်မာပြည် မီးမှန်မှန် လာစေလိုပါသည်။
    ယခုစာကို မီးလာတလှည့် ပျက်တလှည့်ကြားထဲက ပြောသွားပါသည်။ 🙂

  • Mr. MarGa

    April 2, 2012 at 10:40 am

    ဟစ် ဟစ် ဟူးရေး
    ဟစ် ဟစ် ဟူးရေး
    ဟစ် ဟစ် ဟူးရေး
    ဟစ် ဟစ် ဟူးရေး
    ဟစ် ဟစ် ဟူးရေး
    မန္တလေးသားတွေတော့ ညတုန်းက မြို့ပတ် အောင်ပွဲခံကြတယ်။
    မဲရေပြီးတဲ့ ရပ်ကွက်တွေက ချက်ချင်း ဆိုင်ကယ်တွေနဲ့ လှည့်ပြီး အောင်ပွဲခံကြတယ်ဗျ

  • ဦးဦးပါလေရာ

    April 2, 2012 at 11:34 am

    ဂုဏ်ယူပါတယ်..
    သိပ်ဝမ်းသာပါတယ်။
    မျှော်လင့်ချက်ရောင်နီ (အခုမှ) စသန်းပါပြီ။
    ၂၀၁၅ အတွက် အခုကစလို့ ရေကုန်ရေခန်းပြင်ဆင်ကြပါစို့…။

    ဒါထက်-
    ဒီမနက် မိုးမလင်းခင်ကတည်းက ဘယ်သူမှမီးသိပ်မသုံးလို့ မီးအားပြည့်ရဲ့သားနဲ့ မီးဖြတ်ခံရပါတယ်။
    အဲဒါ ကြံ့စုတ်တွေ ရှုံးမဲ မဲ တာလို့ စွပ်စွဲပါတယ်။
    လူတိုင်းလဲ အဲသလိုစွပ်စွဲမှာပဲဆိုတာ မင်းတို့နားလည်ကြပေါ့ မေတ္တာတုံးတွေရဲ့…။
    အဲဒီသောက်ချိုးတွေကြောင့် ပြည်သူ့မေတ္တာ ခံယူနေရတာပေါ့…။

  • pooch

    April 2, 2012 at 12:23 pm

    မင်္ဂလာရှိသော နံနက်ခင်းများကတော့ စတင်နေပါပြီ ။ ရှေ့ကို ဆက်လက်ပြီး ညီညီညွတ်ညွတ်နဲ့ ဆက်သွားကြရအောင်ပါ။ ရွှေပြည်တော်ခရီး စတင်လိုက်ပါပြီ။ အောင်ပါစေ။ 🙂

    အမေစု ကျန်းမာပါစေ။
    အမေစု ကျန်းမာပါစေ။
    အမေစု ကျန်းမာပါစေ။……………………………………………………………….

  • Green Rose

    April 2, 2012 at 2:35 pm

    Really really great!
    We all knew that NLD will win. We were just afraid of black trick.
    Now…we can pass one step even there were some trap.
    There is so many step infront of us to pass.
    Step by step, time by time, let’s go to the golden land by hand in hand.

    WOW!.. Pyaw Lite Tar

  • ဆူး

    April 2, 2012 at 2:46 pm

    မနှစ်က တနှစ်လုံး ပေးနိုင်ခဲ့ပြီး ဒီနှစ် မဲ ရှုံးမှ မီဖျက်သလားမသိဘူး။
    အဲဒီ ကိစ္စ ဝိုင်း အော် သင့်တယ်။
    မီးတွေ အရမ်းပျက်နေပြီ ဗျို့…
    နောက်နေ့တွေ အချိန်ပိုင်းနဲ့ပဲ အင်တာနက် သုံးတော့မည်။ (မီးမလာလို့) 😀

    • Khin Latt

      April 2, 2012 at 4:45 pm

      စိတ်မပူ နဲ့ “ဆူး” လေးရေ့။
      ဒီတစ်ခါ တကဲ့ ဒိတ်ဒိတ်ကြဲ တွေပါ ဝင်အော်မှာ သေချာတယ်။
      မျှော်။မျှော်။မျှော်။မျှော်။မျှော်။မျှော်။ 🙂

  • Khin Latt

    April 2, 2012 at 4:41 pm

    ဦးဦးပါလေရာ

    ရန်စတာ ဟုတ်ဘူးနော်။
    အတွေးချင်း ဖလှယ်တာပါ။
    ဦးဦးပါလေရာ က “ကျားကစားတဲ့ပွဲ (ဒါမှမဟုတ်) စစ်တုရင်ထိုးတဲ့ပွဲ တွေမှာ လုပ်ရတဲ့ ထိုးကျွေးတယ်” ဆိုတဲ့ စကား ကို သိပ်မကြိုက်ဘူး လို့ ထင်လို့ တုတ်နဲ့ထိုး လိုက်တာ။
    ~~~ ဒီပွဲကလဲ နှစ်ယောက်ထဲထိုးတဲ့ ကျားကစားပွဲမဟုတ်ဘူး။~~~ လို့ ဆိုထားဘူးလို့ပါ။ 😉

    http://www.weeklyeleven.com/index.php?option=com_content&view=article&id=13053:2012-04-02-04-38-55&catid=42:2009-11-10-07-36-59&Itemid=112

    ကျွန်တော်တို့အနေနဲ့ ဆိုးတဲ့သူတွေကြောင့် ကောင်းတဲ့သူတွေကို ဝါးလုံးရှည်နဲ့ သိမ်းကြုံးမဝေဖန်ချင်ပါဘူး။ အဓိက တာဝန်ရှိတဲ့ သူတွေအနေနဲ့ လူကြီးလူကောင်း ပီပီသသ ကိုယ့်တာဝန်ကိုယ် ယူပေးကြရင် ဒီမိုကရေစီစနစ် အတွက် အစဉ်အလာကောင်း ဖြစ်သွားပါလိမ့်မယ်”
    Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်

    အဓိက ကတော့ Decision Maker တွေကို အောက်ကလူတွေက မှန်မှန်ကန်ကန် မတင်ပြခဲ့ဘူး။ ဒီကြားထဲခိုးတဲ့သူက ရှိသေးတယ်။
    ပါမောက္ခ ဒေါ်ရီရီမြင့်

    ဒါပေမယ့် ဒီလောက် များများစားစားကြီး ထုတ်ပြီးတော့ အမှောင်ချထားမယ်။ အငတ်ထားမယ်ဆိုလည်း မဟုတ်သေးဘူး။ အရင်တုန်းက ပြည်သူတွေမကြိုက်တဲ့ အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေလို့ ထင်တာပဲ။ အခုနိုင်ငံတော်ရဲ့ သဘာဝသယံဇာတ ကို နိုင်ငံတော်က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ ဖွဲ့စည်းပုံထဲမှာ ပါလာပြီ။ ဖွဲ့စည်းပုံအရ ရပိုင်ခွင့်တွေကို သေချာလေ့လာပြီး ရပိုင်ခွင့်တွေကို ရအောင်ယူရမယ်။ နိုင်ငံ ရဲ့ယိုပေါက်တွေ၊ ပြည်သူတွေ မခံစားရတဲ့ကိစ္စတွေကို ရအောင်ပြန်ယူရမယ်
    MBNS ဥက္ကဋ္ဌဦးစိုးညွန့်

    ဒီ Link လေးကို ဖတ်လိုက်ပြီး အဲဒီ ထဲ က အဲဒီမှာ မှတ်ချက် တစ်ချို့ ကို သဘောကျမိတယ်။

    အဲဒီက ဆက်ပြီး အစိုးရထဲမှာ ထိုးကျွေး ခံရမဲ့ နယ်ရုပ်တစ်ချို့။ တစ်ချို့ကတော့ နယ်ရုပ်အဆင့်ထက်တောင် ပါဝါကြီး မဲ့ pieces တွေတောင် ရှိလာတော့မယ် ထင်ရဲ့။
    ဒါပေမဲ့ ကျွန်မ မှန်းတာတွေ က လွဲလွဲ နေတာ ခက်တာဘဲ။ 🙁 😉

    အခုက စပြီး ကျွန်မတို့ နိုင်ငံ မှာ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာတွေ များလာတာတော့ အမှန်ဘဲ။
    ဘာကြောင့်လဲ ဆိုတော့ အရင်က ဘာမှမပြောဘဲ နေနေတဲ့ တတ်သိပညာရှင် တစ်ချို့ စပြီးလှုပ် လာလို့ဘဲ။
    တကယ်တော့ ကျွန်မ တို့ပြည်ရဲ့ စီးပွါးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး တွေဟမှာ တကဲ့ကို တော်တဲ့ တတ်တဲ့ အကြံကောင်း တွေပေးနိုင်တဲ့ သူတွေ အများကြီးပါ။
    သူတို့ ပါးစပ်တွေ ကို ပိတ်ထားခံ ခဲ့ရတာပါ။

    စကား လေးတစ်ခု ကြားဘူးတယ်။
    “သာကူး” လို့ ခေါ်ရင်မှားတယ်။
    “မှန်ပြောင်း” လို့ ခေါ်ပါတဲ့။

    ကျွန်မတို့လဲ မှန်တဲ့နေရာကို ပြောင်းလာမဲ့ ဘယ်သူကို မဆို လှိုက်လှိုက်လှဲလှဲ ကြိုဆို ဂုဏ်ယူပါတယ်။
    သူကြီးမင်း ရဲ့ ခေါင်းစဉ်လိုဘဲ။
    “ဂုဏ်ယူပါသည် မြန်မာပြည်”

    ကျွန်မတော့ ကျွန်မတို့ ရဲ့ ပြည်သူလူထု အတွက် ဆက်လက် တိုက်ပွဲ ဝင်ကြပါစို့။
    လေသေနတ် တွေ ကို တရားဝင် ကိုင်ခွင့် ရပြီ ထင်တာဘဲ။
    တကယ်တော့ ပြည်တွင်းမှာ ဆို ကျွန်မလဲ ဝေဖန်ရေးကို အသံတောင် ကျယ်ကျယ် ပြောရဲမှာ မဟုတ်လို့ပါ။ 😀

  • Yoko Ono Bono

    April 2, 2012 at 5:34 pm

    ကဲ မိတ်ဆွေတို ့ရေ ၄၃နေရာတော့ သေချာသွားပြီလွှတ်တော်ထဲမှာ…ဒေါ်အောင်ဆန်းစုကြည်ရောက်သွားရင်တော့မလွယ်ဘူး ဒီလူတွေ…. သတင်းထောက်တစ်ယောက်ရဲ ့မေးခွန်းတောင် ဖင်တုန်အောင်ကြောက်တဲ့လူတွေ သူမ လိုလူတစ်ယောက် ရောက်လာကာ မေးခွန်းတွေထုတ်မှာမကြောက်ပဲနေမလား…ဟိုကလဲ ပြတ်တယ်နော် ဘာဝန်ကြီးညာဝန်ကြီးပေးမယ်လာမပြောနဲ့ စိတ်မဝင်စားဘူးဆိုတဲ့သဘောလေးပြောပြီးပြီနော်။

Leave a Reply