ဂုဏ်ယူပါသည် မြန်မာပြည် ..

kaiMarch 28, 20121min461108

[polldaddy poll=5991165]

ကြားဖြတ်ရွေးကောက်ပွဲက နီးလာပြီး..
နီးဆို.. နောက်၄ရက်ပဲလိုတော့တယ်…

ဆိုတော့.. ရွေးကောက်ပွဲ. မဲအကြိုစာရင်း.. စစ်တမ်းကို ..ဒီမှာပြောင်းထားလိုက်တာပါ..
ရွာသူားတွေ.. ကိုယ့်ထင်တာလေးတွေ.လုပ်မှာလေးတွေ.(မပေးရသေးရင်) ပေးစေလိုပါတယ်..။
မန္တလေးဂေဇက်ရွာသူားစာရင်းတွေကြည့်တော့. ဒီနေ့မှာ.. ၈၀၃ရယောက်ရှိနေပါပြီ..

Poll မှာက.. Vote ထားတာ… ၁၃၉ရ ယောက်ပဲပြသေးလို့ပါနော…..။
=
ရွေးကောက်ပွဲနဲ့ပါတ်သက်တာတွေ.. စိစစ်ဝေဖန်ကြပါဦး..
ဘာဖြစ်လာမယ်… ၊ ဘာဖြစ်သင့်တယ်..။ ရေးကြပါဦး..။

108 comments

  • myanmarcitizen

    March 28, 2012 at 3:40 pm

    သူကြီးရေ နိုင်တာကတော့ အကုန်နေရာမှာနိုင်စေချင်တာပါပဲ။ ပြိုင်တဲ့နေရာတိုင်းမှာ နိုင်စေချင်ပါတယ်။ ဒါမှလဲ့ပြည်သူတွေအတွက်တကယ်အလုပ်လုပ်ပေးမယ့်သူတွေ လွှတ်တော်ထဲကိုရောက်မှာလေ။ မကွယ်တမ်းပြောရင် လွတ်တော်အမတ်တွေသေရင် ဝမ်းသာတယ်ဗျာ ဒါမှ လစ်လပ်ပိုများလာမှာမဟုတ်လား ဒါပေမဲ့ ခုရွေးကောက်ပွဲ မှာတော့သေတဲ့သူတွေရဲ့နေရာတွေအတွက် မပါသေးဘူးနှော်။

    • ချစ်ရင်ထူးနှစ်

      March 30, 2012 at 8:32 am

      ကျွန်တော်တို့တော့ မဲမပေးဖူးဘူးဗျ ၊ နောက်တန်းမှူးကပဲ လက်မှတ်ထိုးပြီးထုတ်တာ ပြီးတော့ သူပဲ ပေးလိုက်တာလေ ၊ ဘယ်သူ့ကို ပေးမှန်းလည်း မသိဘူးခင်ဗျ အဲဒါ စစ်တပ်က တပ်ကြပ် တစ်ယောက် ပြောပြတာပါ ….

      • ချစ်ရင်ထူးနှစ်

        March 30, 2012 at 8:36 am

        သူကြီးရေ ကျွန်တော် တို့ မဲဆန္ဒနယ်မှာတော့ NLD ကနိုင်မှာပါ …
        သေချာပါတယ် .. ဒါပေမယ့် အဲဒီလူလောက်နဲ့ လွှတ်တော် ထဲမှာ ဘာမှတော့ သိပ်ပြီးလုပ်လို့ ရမှာ မဟုတ်လောက်ဘူး လို့ ထင်ပါတယ် ဘာပဲပြောပြော ပြိုင်ဘက်ရှိလာမှာဆိုတော့ အရင်ကလိုတော့ မဟုတ်လောက်တော့ပါဘူး 300000 ယူပြီးတော့ လက်ညှိုးထောင် ခေါင်းညိတ် လုပ်နေမယ့် သူ မဟုတ်မှန်းတော့ သိပါတယ် … ချိန်ခွင် လျှာ မညီ ဘူး ဖြစ်နေတယ်

  • laypai

    March 28, 2012 at 4:02 pm

    ရွေးကောက်ပွဲ စည်းမျဉ်း ဘယ်လို ရှိတယ်၊ ပါတီ ဘယ်နှစ်ခု ရှိတယ် ဆိုတာတော့ တကယ်မသိတာ ပါလို့ ဝန်ခံ တယ်နော် သဂျီး။
    ဒါပေမဲ့
    ကျနော်တို့ ရွာ မှာ member များသာ vote လို့ ရတဲ့ NLD နဲ့ Other နှစ်ခု ထဲ ကို ပဲ
    လုပ်ပေးပါလား။
    လေးရက် အတွင်း ဘာအဖြေထွက်မလဲ ဆို တာ သိချင် လို့။

  • etone

    March 28, 2012 at 4:51 pm

    ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် … နေရာ (၄၇)နေရာမှာ ကချင်ပြည်နယ်က သုံးနေရာ မဲပေးလို့ မရတော့တာကြောင့် ၄၄နေရာမှာ ၃၅ လောက်တော့ နိုင်မယ်လို့ ထင်ပါတယ် … ။ ( မှန်မှန်ကန်ကန် မဲမခိုးလျှင်ပေါ့ ) … ကလိန်ကကျစ်လုပ်လျှင်တောင် ၂၅ နေရာလောက်တော့ အသာလေးရမယ်လို့ ထင်ပါတယ် … ။

    ဒီအချိန်မှာ မီဒီယာတွေရဲ့ သက်ရောက်မှု အလွန်အရေးပါနေပါပြီ …. ။ တိကျမှန်ကန်တဲ့ မဲအရေတွက်နဲ့ မဲထည့်သူတွေကို စောင့်ကြည့်ဖို့ လိုလာပါပြီ ။ စစ်မှန်တဲ့ အသည်းကြားက မဲတပြားဖြစ်ဖို့အရေး …. မှန်မှန်ကန်ကန် မဲထည့်ခွင့်ရမှကို ဖြစ်မှာ ။

    • htoosan

      March 28, 2012 at 9:23 pm

      e-tone ဘယ်သူ့အတွက် တစ်နေရာချန်ပေးထားလဲ မှန်မှန်ပြော… 😀 ..
      48 နေရာပါ ။ အခု သုံးနေရာ ဖယ်တော့ ၄၅ နေရာဖြစ်သွားတယ်။
      ကျွန်တော့် အမြင်ပြောရရင်တော့ မဲ စာရင်းတွေ မှားနေတာ ၊သေတဲ့သူတွေပါနေတာ၊ နှစ်ခါထပ်နေတာတွေဖြစ်တာက လွဲရင် မဲလိမ်မယ်လို့ မထင်ပါဘူး ။ မဲလာပေးသူ အရည်အတွက်နဲ့အဓိက ဆုုံးဖြတ်သွားပြီး ကြိုတင်မဲလည်း လိမ်လိမ့်မယ်လို့ မထင်ပါဘူး။ ၄ဝ ကျော်လောက်နိုင်မယ်ထင်ပါတယ်။
      ဒီတစ်ချီ အစိုးရ က အမှတ်ယူမှာဆိုတော့ မဲလိမ်စရာ အကြောင်းမရှိပါဘူး ။ နိုင်ငံတကာ လာစောင့်ကြည့်ချင်တဲ့ သူ လည်းလာခွင့်ပေးထားပြီး အမှတ်ယူမှာပါ။ ဆက်ရှင်ပြုတ်အောင်လုပ်မှာပါ ။ အဲ သူတို့ ဆက်ရှင်နဲ့ ပိတ်နေတာ တွေ လို ချင်တာယူချင်တာတွေယူပြီးနောက်မှာတော့ နောက်လေးနှစ်ကျမှလိမ်မှာပါ။

      အရေးကြီးတာက လွှတ်တော်ထဲရောက်လာတဲ့ NLD များ ချယ်ရီကားနဲ့ အရည်စဖျော်တာကို မခံကြဘို့ လိုတာပါ။

      • etone

        March 29, 2012 at 8:58 am

        ကိုထူးဆန်းရေ …
        NLD က ၄၈ နေရာလို့ ကြော်ငြာထားခဲ့ပေမယ့် … နောက်ပိုင်း ဂျာနယ်တွေ ၊ စာဆောင်တွေမှာ ၁နေရာ တူညီစွာလျှော့ပြီး ၄ရ နေရာလို့သာ … အတိလင်းထပ်ရေးလာကြပါတယ် … ။ ရွေးကောက်ပွဲဝင်ဖို့ … သတ်မှတ်ချက်မကိုက်ညီလို့ တစ်နေရာလျှော့သွားတယ်လို့လည်း ပြောကြပါတယ် … ယခုလက်ရှိအထိ ကျွန်မသိထားတာတော့ … ၄ရ နေရာပါပဲ …. ။ ကချင်ပြည်နယ်က သုံးနေရာကလည်း မဲပေးလို့ မရဘူးလေ … ။

        • htoosan

          March 29, 2012 at 2:36 pm

          o.K , ကျွန်တော် က နေရာ အားလုံးကိုပြောပြီး e-tone က NLD မှ ဝင်အရွေးခံမဲ့ ကိုယ်စားလှယ်တွေ နေရာ ကိုပြောတာ..

      • photwenty

        March 30, 2012 at 11:39 pm

        NLD က နေရာ၄၄ နေရာဝင်ပြိုင်မှာပါ
        အရင်က ၄၅ နေရာပြိုင်ဖို.စာရင်းတင်ထားတာပါ
        ဒါပေမယ်. ကိုယ်စာလှယ်လောင်းတစ်နေရာ ပယ်ချခံရတဲ.အတွက် ၄၄ နေရာပဲဝင်ပြိုင်နိုင်တော.မှာပါ

        • Mr. MarGa

          April 2, 2012 at 10:29 am

          ထို ၄၄ နေရာတွင်
          နေရာ ၄ဝ အနိုင်ရရှိပါကြောင်း DVB မှ မနေ့က ကြေညာပါသည်။

      • zay yar tun

        April 2, 2012 at 12:01 pm

        ကိုထူးစန်းရေ စစ်ကိုင်းတိုင်းက ကောလင်း၊ဝန်းသို၊ပင်လယ်ဘူး၊ဗန်းမောက် မြိုနယ်တွေရဲ့အမျိုးသားလွှတ်တော်ကိုယ်စား
        လှယ်နေရာအတွက်NLD အမတ်လောင်းပါ။ကြံ့ဖွံ့ကအမတ်လောင်းဦးတင်မြကကန့်ကွက်လို့။နောက်ထွက်တဲ့ရွေးကောက်
        ပွဲဥပဒေ(သူမွေးတဲ့နေ့မှာသူ့မိဘ၂ပါးနိုင်ငံသားမဖြစ်သေးခြင်း)နဲ့ညိပြီးအပါယ်ခံရတဲ့နေရာတစ်နေရာပါ၊ဦးစောလှိုင်က
        India မှာဆေးကုနေပါတယ်။သတင်းဖတ်ချင်ဖရင်ဒီမှာပါ http://www.thithtoolwin.com/2012/03/blog-post_24.html

  • a me

    March 28, 2012 at 5:09 pm

    ဟုတ်ကဲ့ပါ သူကြီးရေ အားမငယ်ပါနဲ့ fighting!

  • Wow

    March 28, 2012 at 5:46 pm

    အားလုံးနိုင်စေချင်တယ်။
    ဒါပဲသိတော့တယ်….

  • kyeemite

    March 28, 2012 at 6:00 pm

    ရန်ကုန်မှာတော့ ရွေးကောက်ပွဲအသံတိတ်နေတယ်ဗျို့
    မဲထည့်ရမဲ့မြို့နယ်နည်းနေတာလည်းပါ ဘာလိမ့်မယ်
    ဂျာနယ်တွေထဲမှာသာ ဆူညံနေတာ အပြင်မှာတော့အသံ
    သိပ်မထွက်ဘူးရယ်..
    ဘာဖြစ်လာမလဲဆိုတော့ မဲရုံတိုင်းလိုလို မဲရေတွက်မှု့ပြသနာတက်လိမ့်မယ်..
    ပြီးရင် ပါတီတွေ မီဒီယာတွေက အသံကုန်ဟစ်ကြလိမ့်မယ်..
    ပွဲဆူမယ်ပေါ့ဗျာ..ဒါပေမဲ့ ခဏကြာရင်အလိုလိုပြီးသွားမှာပါ..
    ဖြစ်သင့်တာပြောပါဆိုရင်တော့…ကြံ့ဖွတ်တွေနောင်တရပြီး
    မဲရုံမသမာမှု့မဖြစ်ရေး သူတို့ကဦးဆောင်ပြီး ကြပ်မတ်သင့်တယ်…
    ဒါဆိုရင်တော့ အထိုက်အလျှောက်ရွေးကောက်ပွဲဟာ
    သမာသမတ်ကျပြီး ပြည်သူတွေက ဦးသိန်းစိန်အစိုးရကို
    ပိုမိုလေးစားလာပြီး တိုင်းပြည်တိုးတက်ရေးလုပ်ဆောင်တဲ့
    နေရာမှာ ပိုမိုလျှင်မြန်အောင်ဆောင်ရွက်နိုင်လာလိမ့်မယ်လို့ထင်တယ်..

  • နေဝန်းနီ

    March 28, 2012 at 6:02 pm

    အဲသဟာတော့ မပြောနိုင်ဘူးသူကြီးရေ….။ ဒီတစ်ခါမဲ ပေးရမဲ့ အထဲ နေဝန်းနီ မပါဘူးဗျ…။ (အရပ်ကတက်တဲ့ လွှတ်တော်အမတ် မသေသေးလို့) အဲဒိတော့ကာ 1 ရက်နေ့ ညနေ လေးနာရီခွဲရင် အဖြေပေးမယ်…။ ဒါပဲနော် ရထားလား

  • windtalker

    March 28, 2012 at 7:37 pm

    မန်းတလေး က တရုတ်စီးပွားရေးသမားအကြီးစားများရဲ ့ခန် ့မှန်းချက် ကို ကြားခဲ့ရတာကတော့ ၊ အမေစု ဟာ သမ္မတတော့ မဖြစ်နိုင်ဘူးတဲ့ ။ အမြင့်ဆုံး နိုင်ငံခြားရေးဝန်ကြီး နေရာဘဲတဲ့ ။ အမေစု ကို ပွဲစားပုံစံ လုပ်ခိုင်းမယ့်သဘော လို ့သူတို ့က ခန် ့မှန်း မြင်နေကြကြောင်းပါ ။

  • kotun winlatt

    March 28, 2012 at 7:45 pm

    အော…. မန်းးးဒလေးးးက တရုတ်တွေက
    အဲ့ဂလိုပြောတာလားးးကိုပေရ…
    အဟင်းးးးးနှုတ်တော့တော်တော်ယားနေပီ…
    ဒါပေမယ့်…ဒေါသတွေကို ပြန်သိမ်းပီးးးးထားးးလိုက်ပါတယ်…
    စိတ်ရှိတိုင်းသာပြောလိုက်ရရင်တော့…
    @@$$##%%%%&&&&******

  • aye.kk

    March 28, 2012 at 8:58 pm

    ဒီမှာကငဖား(မာဖီးယားဈေးကွက်)က..
    စီးပွားသမားတွေကအလိုမရှိနိုင်ဘူးဖြစ်နေကြတယ်။(ရွံမိပါရဲ ့..တကယ်ပါဗျာ)

  • cobra

    March 28, 2012 at 9:13 pm

    ကျွန်တော်အရေးကြီးတာလေးပြောစရာရှိပါတယ်။
    မဲရုံရဲ ့ကိုက်၅၀ဝအတွင်းမှာမဲဆွယ်တဲ့ပုံစံလုပ်ရင်လုပ်တဲ့ပါတီကိုပါယ်ဖျက်မယ်
    ဆိုတာမသိသေးတဲ့ပြည်သူတွေအများကြီးရှိနေပါတယ်။
    NLD နဲ့ပါတ်သတ်တဲ့ရင်ထိုးတွေ၊တံဆိပ်တွေ၊အလံတွေ၊အကျင်္ ီတွေ၊
    ဒီချုပ်တံဆိပ်နဲ့ဆိုင်တဲ့ဟာဘယ်ဟာမှဝတ်မသွားဖို့၊ယူဆောင်မသွားဖို့သတိလေး
    ပေးကြပါဗျာ………။ဆရာကြီးတွေကဉာဏ်များတယ်လေ။
    မဲပေးမယ့်နေ့ကျရင်ကျွန်တော်တို့လည်းလူခွဲပီးမဲရုံရဲ ့ကိုက်၅၀ဝအတွင်းမှာ
    စောင့်ကြည့်နေမှာပါ။ဒါကတော့ကျွန်တော်တို့လှိုင်လူငယ်တွေပဲစဉ်းစားထားတာပါ။
    ကျန်တဲ့မြို့နယ်တွေမပါသေးပါဘူး။အားတဲ့သူများရှိရင်အဲ့နေ့မှာစောင့်ကြည့်သတိပေးစေချင်ပါတယ်။
    သူတို့လူတွေက ဝတ်လာပီးသောင်းကျန်းမှာလည်းကြောက်ရတဲ့အတွက်ပါ။
    NLD ကိုချစ်သူများ၊အန်တီကို ချစ်သူများ ကူညီပေးကြပါလို့တောင်းဆိုစေချင်ပါတယ်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 28, 2012 at 9:47 pm

      ဒီအရပ်ထဲ ဒီမြွေတစ်ကောင်ဘဲ ချစ်စရာအကောင်းဆုံး 😀
      သဂျီးဖြစ်နေလို့ ပြန်မပြောရဲလို့သာ ကြည့်နေရတာ
      မေးတဲ့ပုံကိုက မလောက်လေးမလောက်စားနဲ့
      နိုင်မှာလားရှုံးမှာလားဆိုပြီး နွားပွဲလောင်းတယ်များမှတ်နေသလားသိဘူး
      သေခြာတာကတော့ ခွေးမသားတွေကတော့
      အနည်းနှင့်အများညစ်ပတ်ကြမှာဘဲ
      ဆိုတော့ကာ
      ထည့်ကြပါဟ NLD ကို မဲ
      လို့ဆော်ဩရင်တောင် ဟုတ်တုတ်တုတ်

    • Khin Latt

      March 29, 2012 at 2:51 am

      အားပေးနေပါတယ် cobra ရေ။
      ရွာထဲကလူ အတော်များများ မင်းနဲ့ ရှိနေတယ် လို့ တွေးထားပါ။
      စာမေးပွဲ ဖြေရမှာထက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ နေ့ ဖြစ်နေမှာ အမှန်ဘဲ။

    • ရွာစားကျော်

      March 29, 2012 at 10:37 am

      ကျေးဇူးပဲ ကော်ဘရာရေ
      မဲရုံရဲ ့ကိုက်၅၀ဝအတွင်းမှာမဲဆွယ်တဲ့ပုံစံမလုပ်ရ ဆိုတာတော့ သိတယ်
      အဲဒီလိုလုပ်မိရင် ပါတီကို ပယ်ဖျက်မယ်ဆိုတာ မသိသေးဘူးဗျ
      နီးစပ်ရာကို ထပ်ပီး အသိပေးရအုံးမယ်..
      ဒီပွဲမှာ ဘယ်နှစ်နေရာ နိုင်နိုင် အမြတ်ပါဘဲဗျာ
      ကျနော့်အနေနဲ့ ပိုပြီးအားခဲထားတာတော့ နောက်လာမယ့် လေးနှစ်ရွေးကောက်ပွဲပါ

      • ဖားသက်ပြင်း

        March 29, 2012 at 10:46 am

        နိုင်ဂံဒဂါ မှာတော့ မသိဝူး..
        ကိုက်၅၀ဝ ကြီးများတောင် ဆိုပဲ…
        ကိုက် ၅၀ဝ ဆိုတာ ပေ ၁၅၀ဝ ပေါ့..
        ပေ ၁၅၀ဝ ကို မြင်သာအောင် ဘာနဲ့ပြမလဲ ဆို
        http://en.wikipedia.org/wiki/Willis_Tower
        ဟောဒါကြီးနဲ့ပြမယ်…

        အထပ်၁၀ဝကျော်ပါ တဲ့ မိုးမျှော်တိုက် တလုံး တုံးလုံး လှဲထားတာ သာ မြင်ကြည့်ကြပါတော့ဗျာ…

        • MaMa

          April 1, 2012 at 11:58 am

          ဒီနေ့ပဲ ပြောသံတစ်ခုကြားလိုက်တာ အချို့ရွာတွေမှာဆိုရင် ရွာရဲ့ တနံတလျှားတောင်မှ ကိုက်၅၀ဝ မပြည့်ဘူး။ ကိုက် ၂၀ဝ လောက်ပဲ ရှိတယ်တဲ့။

  • Thanlwinoo

    March 28, 2012 at 10:14 pm

    သူကြီးရေ,
    အလုပ်တွေမအားလို့ ခုမှဘဲ Vote လိုက်တယ်..။ Sorry ပါ..။
    (NLD ပြိုင်မှာ ၄၄ နေရာဆိုတော့ နည်းနည်းလျှော့လိုက်တယ်..)

    ဒီတစ်ခေါက် ကြားဖြတ်ရွေးကောက်ပွဲက တော်တော်စည်မယ်နဲ့တူတယ်..။ နယ်ကအသိမိတ်ဆွေတွေကတော့ ရွေးကောက်ပွဲမှာ မဲပြန်ထည့်ကြဖို့ ပြင်နေကြလေရဲ့..။
    ဒီမိုကရေစီရဲ့အသက်လို့ဆိုတဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာကတော့ တော်တော်လေးညံ့တယ်လို့ ဆိုရမယ်..။ ၂၀၀၈ ဆန္ဒခံယူပွဲ၊ ၂၀၁ဝ ရွေးကောက်ပွဲတွေ ပြီးတာမှမကြာသေးလို့ အရင်ရွေးကောက်ပွဲတွေသာ အမှန်အကန်ဆိုရင် မဲစာရင်းတွေက အဆင်သင့်နီးပါးဖြစ်နေရမှာပါ…။
    ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံနဲ့ ယုံကြည်စိတ်ချရမှုကလည်း ကြီးမားတဲ့ အားနည်းချက်တစ်ခုပါ…။ ၁၉၉ဝ ရွေးကောက်ပွဲအတွက် ဗိုလ်ချုပ်စောမောင်တို့ တာဝန်ပေးခဲ့တဲ့ ကော်မရှင်လူကြီးများရဲ့ အတွေ့အကြုံ၊ သမာဓိက ရွေးကောက်ပွဲတစ်ခုကို ဒီမိုကရေစီနည်းကျကျ ကျင်းပနိုင်ဖို့နဲ့ ရလဒ်များတရားဝင်မှုကို အများကြီးဆုံးဖြတ်နိုင်ခဲ့ပါတယ်..။

  • Khin Latt

    March 29, 2012 at 2:44 am

    NLD နိုင်ဖို့ သင့်ပါတယ်။
    ဘာလို့လဲ ဆိုတော့ နယ်က လူတွေ အတော်များများ ရဲ့ ရင်ထဲ မှာ ၁၉၉ဝ တုန်းက NLD ရှိနေသေးလို့ပါ။
    NLD နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် တွဲရှိ နေမှတော့ နေရာ အတော်များများ ကို နိုင် မယ်လို့ မှန်းထားလို့ ရပါတယ်။

    ကျွန်မ စိတ်နဲ့ မှန်းကြည့်ရရင်တော့ နေရာ အားလုံးကိုတော့ နိုင်ဖို့ မလွယ်ပါဘူး။
    စစ်တပ်နယ်မြေတွေ နဲ့ နေပြည်တော် က တစ်ချို့ နေရာမျိုး ကို မနိုင်နိုင်ပါဘူး။
    နောက်ပြီး အစ်မအေးကေကေ ပြောသလို ရိုက်စားလုပ်ပြီး ချမ်းသာနေတဲ့ လူတွေ များတဲ့ နေရာ တွေမှာ မနိုင်နိုင်ပါဘူး။
    ဒီတော့ ညစ်တာဘာညာ မရှိရင် ၃ဝ က ၃၅
    ညစ်တာကို ထည့်တွက် လိုက်ရင် ၂၅ က ၃ဝ
    လို့ ထင်ကြေးပေးလိုက်ပါတယ်။

    NLD က လူတွေ အားလုံး ဖြစ်နိုင်သ၍ တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်ပါတယ်။
    ကိုယ့် လုပ်ဆောင်ချက်၊ အပြုအမူ တွေ အားလုံး ဟာ ကိုယ့်ပါတီ ကို ကိုယ်စားပြု ထားတာမို့ ကျေးဇူးပြုပြီး မြင့်မားတဲ့ စိတ်ဓာတ် ရှိတဲ့ အသွင်ကို ဆောင်ပေးကြပါ။
    သူများ တရားပျက်တိုင်း မပျက်ဖို့၊ သူများ ရမ်းတိုင်းမရမ်းဖို့၊ သူများ သွေးရူးသွေးတန်း ဖြစ်နေတာတွေ ကိုယ့်ကို လာပြီး မကူးဆက်စေဖို့ အထူးဂရုပြုပြီး သတိနဲ့ နေရမဲ့ အနေအထား ရောက်နေပါပြီ။
    ဒီတစ်ခါက ၂၀၁ဝ ကလိုမဟုတ်ပါဘူး။
    ပြည်ပ ကမီဒီယာ တွေ ကလဲ ကြည့်နေပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် ကိုလဲ လွှတ်တော်ထဲ သွင်းဖို့ ဆန္ဒရှိပါတယ်။
    ဦးနှောက်သိပ်မသုံး နိုင်တဲ့ လက်ရှိ အာဏာရ အထဲ က လူတစ်ချို့ ကို ” မင်းတို့ လုပ်နိုင် ရင် လုပ်ကြည့်၊ ဖြစ်ရင် တော့ ကိုယ့်ဟာကို ခံ” ဆိုပြီး မသိမသာလွှတ် ပေးထားတာကို အဲဒီ သူများ က အဟုတ်မှတ် နေတာပါ။
    သူတို့ ကို ထိုးကျွေးမဲ့ ပွဲ လို့ သူတို့ခမျာ မသိရှာတာ သနားတော့ သနားစရာပါဘဲ။
    ဒီတော့ ကိုယ့်ဖက်က အမှန်တရား ဖြစ်နေဖို့ နဲ့ ဥပဒေကို မချိုးဖောက် မိဖို့သာလိုပါတယ်။
    ဥပဒေ နဲ့ လွတ်မလွတ် မသေချာရင် မလုပ်ပါနဲ့။
    ဒါပါဘဲ။ 😉

    သူကြီး ချွန်ပေးလို့ ပြောတာ ဖြစ်ပါတယ်။
    မိချောင်းမင်းကို ရေခင်းပြခြင်းမဟုတ်ပါ။

    All the Best NLD !!!
    You Can Do it !!!

    အဲဒီနေ့မှာ ကျွန်မတို့ လုပ်သင့်တဲ့ အလုပ်က လား?
    မဲပေးပွဲ ဟာ ဘော်လုံးပွဲ လိုဖြစ်ပြီး မဲ က ဘော်လုံး လို မဖြစ်ဖို့ ကို ဝိုင်းဆုတောင်း ကြ တာပေါ့။

    • Khin Latt

      March 29, 2012 at 2:48 am

      “မဲပေးပွဲ ဟာ ဘော်လုံးပွဲ လို မဲ က ဘော်လုံး လို” မဖြစ်ဖို့ ကို ဝိုင်းဆုတောင်း ကြ တာပေါ့။

      • မှော်ဆရာ

        March 31, 2012 at 6:09 pm

        ဒေါ်အောင်ဆန်းစုကြည် ကိုလဲ လွှတ်တော်ထဲ သွင်းဖို့ ဆန္ဒရှိပါတယ်။
        ဦးနှောက်သိပ်မသုံး နိုင်တဲ့ လက်ရှိ အာဏာရ အထဲ က လူတစ်ချို့ ကို ” မင်းတို့ လုပ်နိုင် ရင် လုပ်ကြည့်၊ ဖြစ်ရင် တော့ ကိုယ့်ဟာကို ခံ” ဆိုပြီး မသိမသာလွှတ် ပေးထားတာကို အဲဒီ သူများ က အဟုတ်မှတ် နေတာပါ။
        သူတို့ ကို ထိုးကျွေးမဲ့ ပွဲ လို့ သူတို့ခမျာ မသိရှာတာ သနားတော့ သနားစရာပါ

        အမှန်ပါပဲ အရီးရေ ..

  • kai

    March 29, 2012 at 3:49 am

    ဒီကြားဖြတ်ဟာ.. NLD နဲ့.. အစိုးရ(ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်) တွေ ညှိနှိုင်းလုပ်တဲ့..ပွဲပါ..။
    တနည်းပြောရရင်.. ၂၀၁ဝ ရွေးကောက်ပွဲကို .တရားဝင်မှုဖြစ်အောင် လုပ်တဲ့ပွဲပါပဲ..

    ညစ်လို့.. ညှစ်လို့.. လိမ်လို့ ဆိုတာတွေ..ဖြစ်သွားရင်( ပေါ်သွားရင်.. ) ၂၀၁ဝ ရွေးကောက်ပွဲရလဒ်လည်း.. ရောပြီး.. ကြက်သွန်နဲ့ရောထောင်းခံရတဲ့.ငရုပ်သီး.. ဖြစ်သွားမပေါ့..

    ဒါကြောင့်.. ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက.. ညစ်လို့.. ညှစ်လို့.. လိမ်လို့ ဆိုတာတွေ.. မပါအောင် လုပ်ပြမယ်တွေးထားပါလိမ့်မယ်..
    ဒ့ါကြောင့်.. ပြည်ပလေ့လာသူတွေ ခေါ်ထား/ခေါ်ရဲတာပေါ့..

    ဆိုတော့…
    … ပြည်ခိုင်ဖြိုးပါတီဝင်တွေကိုယ်တိုင်… NLD ကိုမဲပေးလိုက်ဖို့.. လျှို့ဝှက်ညွှန်ကြားချက်ရှိပါလိမ့်မယ်…။

    ပါတီအမိန့်ကို.. အူကြောင်ကြားနဲ့.. ကလန့်သူတွေရှိရင်.. အဲဒီသူတွေဟာ….. ပြည်ခိုင်ဖြိုးရော.. NLD ရောနဲ့..လွတ်သွားတဲ့သူတွေဖြစ်သွားပါလိမ့်မယ်..
    ကြားဖြတ်ရွေးကောက်ပွဲမှာ.. NLD ကိုနိုင်တဲ့.. နယ်တွေကအမတ်တွေ.. လွှတ်တော်ထဲရောက်ရင်.. .. ရှိတဲ့သက်တန်းမှာ.. ချကြွေးခံတွေဖြစ်သွားပါလိမ့်မယ်….

    အဲဒီလို… :mrgreen:

    • Khin Latt

      March 29, 2012 at 4:34 am

      မှန်လိုက်လေသူကြီးမင်းရယ်။ 😉
      စောင့်ကြည့်ကြတာပေါ့။
      ဒါပေမဲ့လဲ ခဲမှန်ထားဘူး တော့ တထိတ်ထိတ် တော့ တထိတ်ထိတ်ဘဲ။

  • kai

    March 29, 2012 at 5:20 am

    Japan to send election observers to Myanmar
    TOKYO —

    Japan said Wednesday it would send three observers to monitor Myanmar’s upcoming election, adding that it expected the vote to be free and fair.

    Myanmar’s government said last week it would invite observers for the April 1 vote, in which democracy icon Aung San Suu Kyi is seeking a seat for the first time.

    The United States and Australia have already said they will be sending monitors.

    “Upon invitation from the government of Myanmar, the government of Japan has decided to dispatch a total of three electoral monitors,” said a statement from Tokyo. “The government of Japan expects the by-election to be held freely and fairly.”

    Myanmar did not allow foreign observers for its 2010 election, which swept the army’s political allies to power amid widespread complaints of cheating and intimidation.

    But since taking office a year ago, President Thein Sein has surprised even some critics by carrying out reforms including signing ceasefire deals with ethnic minority rebels and releasing hundreds of political prisoners.

    © 2012 AFP
    ==
    Asean Secretariat Officials To Observe Myanmar By-election
    JAKARTA, March 28 (Bernama) — A delegation from the Asean Secretariat, led

    by external relations director Dr Mely C. Anthony, left for Yangon today to

    observe the April 1 by-election in Myanmar.

    The team is accompanied by media personnel from the Thai Public Broadcasting

    Service (Thai PBS), ASEAN Today/Metro TV and Channel News Asia (CNA), the

    secretariat said in a statement.

    “They are expected to arrive in Yangon this evening. The Asean Secretariat

    is grateful to the Myanmar Government for the logistics support,” it said.

    — BERNAMA
    http://my.news.yahoo.com/asean-secretariat-officials-observe-myanmar-election-150610655.html
    ==
    EU to send observers to Myanmar
    (BRUSSELS) – The European Union on Wednesday announced it would be sending observers to monitor the Myanmar elections on April 1 in which democracy icon Aung San Suu Kyi is seeking a seat for the first time.

    Responding to an invitation by the Myanmar government, EU chief diplomat Catherine Ashton “has decided to deploy a small team of experts to be present on election day, joining diplomats from the EU member states embassies in the country,” her office said in a statement.

    The United States, Australia, Japan, and the Association of Southeast Asian Nations have also announced they would be sending monitors to oversee the elections.

    Myanmar did not allow foreign observers for its 2010 election, which swept the army’s political allies to power amid widespread complaints of cheating and intimidation.

    But since taking office a year ago, President Thein Sein has surprised even some critics by carrying out reforms including signing ceasefire deals with ethnic minority rebels and releasing hundreds of political prisoners.

    Text and Picture Copyright 2012 AFP.
    ==

  • maungmoenyo

    March 29, 2012 at 7:32 am

    ရွေးကောက်ပွဲနိုင်ငံတကာ လေ့လာသူ အဖွဲ့ပေါင်းရာကျော် ရောက်လာမယ်လို့ Irrawaddy ကခန့်မှန်းပါတယ်။ ထူးခြားတာက အာဆီယံသာမက၊ အမေရိကအပါအဝင်အနောက်နိုင်ငံတွေကိုပါ လေ့လာသူအဖြစ် ဝင်ရောက်ခွင့်ပြုခြင်း၊ မဲပေးပုံနည်းစနစ်နဲ့ပါတ်သက်ပြီး လူထုကြားကျယ်ကျယ်ပြန့်ပြန့် သိနားလည်အောင်၊ တခန်းရပ်ဇာတ်လမ်းတွေတင်ဆက်ခြင်း၊ ပြင်ပစာပေလောကမှာ ဆောင်ရန်ရှောင်ရန်အချက်တွေ ဖြန့်ဝေခြင်းတိုုအာလုံးဟာ အပြုသဘောဆောင်တဲ့ လက္ခဏာတွေအဖြစ် ကြိုဆိုရပါမယ်။
    NLD ကအမတ်များအဖြစ်ဝင်ရောက်အရွေးခံချင်သူတွေ ဒုနဲ့ဒေးကြားက ခေါင်းခေါက် တာဝန်ပေးကြသူတွေ ဝင်လာကြတာမို့ အားတက်စရာအဖြစ်မြင်ပါတယ်။ တပ်ချုပ်ကြီးဟောင်းသန်းရွှေ ရဲ့ တစ်ဇာတိတည်းသား ဗိုလိတင်အေး ဥိးဆောင်တဲ့ ကော်မရှင်ရဲ့ ခြေလှမ်းဘယ်လောက် ရိုးသားပွင့်လင်းမှုရှိလည်းဆိုတဲ့ အဖြေ ရက်ပိုင်းအတွင်းထွက်လာပါလိမ့်မယ်။
    မောင်မိုးညို ကတော့ ဒီလိုမြင်ပါတယ်။ NLD ရဲ့ လွှတ်တော်အတွင်းချင်းနင်းဝင်ရောက်လာမှု ဟာ ထူးခြားတဲ့ ခြေလှမ်းဖြစ်သလို၊ လျွတ်တော်ရဲ့ အရည်အသွေးကို အကဲစမ်းမဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီအရည့်အသွေးက လူထု သန်း(၆၀)ရဲ့ အနာဂါတ်ကိုကောင်းကောင်းကြီးမီးမောင်းထိုးပေးပါလိမ့်မယ်။
    (၁၉၅၅) (၁၉၅၈) “ပထစ”အစိုးရလက်ထက် ဝက်ဝက်ကွဲတဲ့ ရွေးကောက်ပွဲကာလ၊ ၁၉၇၄ နောက်ပိုင်း လမ်းစဉ်ပါတီ ကာလ တစ်ပါတီရွေးချယ်တင်မြှောက်ပွဲကာလ နဲ့ နောက်ဆုံး (၂၀၁၀) မဲလိမ်ရာမှာ ပြိုင်စံရှားခဲ့တဲ့ ရွေးကောက်ပွဲ အဆက်ဆက်တို့ ရဲ့ ရလာဒ်တွေကို ဒီကြားဖြတ်ရွေးကောက်ပွဲက လမ်းကြောင်းပြောင်းပေးရပါလိမ့်မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 29, 2012 at 9:08 am

    နိုုင်ငံတကာအဖွဲ့တွေ ရွေးကောက်ပွဲစောင့်ကြည့်ချိန် အပြည့်အဝမရ
    By ဦးကျော်ဇံသာ – ဗုဒ္ဓဟူး, 28 မတ် 2012
    မြန်မာနိုုင်ငံမှာ အစုိုးရက ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ရေးကိုုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ဖိုု့ ဖိတ် ကြားတာကိုု မကြုံစဖူး ပွင့်လင်းမှုတစ်ရပ်ဖြစ်တယ်လိုု့ ဥရောပ သမဂ္ဂက ခေါ်ဆိုုထားတဲ့ ကြေညာချက် တစ်စောင်ကိုု ဒီကနေ့ ထုုတ်ပြန်လုိုက်တာ ဖြစ်ပါတယ်။ မဲဆွယ်စဉ်ကာလမှာ ယေဘုုယျအားဖြင့် ငြိမ်းချမ်းတဲ့ သဘောသဘာဝတွေ ရှိနေတာကိုု ကြိုဆိုုတယ်၊ ပါတီတချို့ရဲ့ မသမာမှု၊ ခြိမ်းခြောက်မှုတွေကိုု ကြားရပေ မယ့် အစိုုးရက စုုံစမ်းဖြေရှင်းပေးလိမ့်မယ်လိုု့ ယုုံကြည်တယ်လိုု့ ပြောထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု အားလုုံးကိုုလည်း ချီးကျူးထားတာ ဖြစ်ပါတယ်။ ကက်သရင်း အက်ရှ်တွန် (Catherine Ashton)ရဲ့ ဒီထုုတ်ပြန်ချက်ကိုု အစိုုးရရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုုအေမြန်မာပိုုင်းကိုု အခုု လိုု ပြောပါတယ်။
    “သမ္မတဦးသိန်းစိန်နဲ့သူ့အစိုုးရရဲ့ မှတ်သားလောက်အောင် ထူးခြားတဲ့ နိုုင်ငံရေးပြုပြင်ပြောင်းလဲမှု အစီအ စဉ်တွေကိုု အီးယူ နုိုင်ငံခြားရေးအကြီးအကဲက ကြိုဆိုုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုုင်ငံလွှတ်တော်ရဲ့ အပြုသဘောဆောင် အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ချက်တွေ၊ နိုုင်ငံရေးအကျဉ်းသားတွေကိုု လွှတ်ပေးခဲ့ တာတွေ ၊ဒေါ်အောင်ဆန်းစုုကြည်အပါအဝင် အတုိုက်အခံတွေနဲ့ ဆက်လက်ဆွေးနွေးတာ၊ တုိုင်းရင်းသားအုုပ် စုုတွေနဲ့ငြိမ်းချမ်းရေး ရယူဖိုု့ကြိုးပမ်းတာ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအတွက် လုုပ်ဆောင်တာတွေ အား လုုံးဟာ အရေးကြီးတဲ့ အပြုသဘောဆောင် တုိုးတက်မှုတွေ ဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဟာ မြန်မာနုိုင်ငံ အမျိုးသားပြန်လည်သင့်ြ့မတ်ရေးအတွက် အရေးကြီးတဲ့ကာလဖြစ်သလိုု ဥရောပသမဂ္ဂ ရဲ့ မြန်မာနုိုင်ငံအပေါ် သဘောထားကိုုလည်း သိသိသာသာ ပြောင်းလဲစေနုိုင်ပါတယ်။ အီးယူအကြီးအကဲက မဲဆွယ်ကာလကိုု ဂရုုတစိုုက် စောင့်ကြည့်နေပြီး အမတ်လောင်းတွေ၊ နုိုင်ငံရေးပါတီတွေအားလုုံး သူတိုု့ရဲ့ အစီအစဉ်တွေကိုု အဟန့်အတား၊ အနှောင့်အယှက်ကင်းကင်းနဲ့ တင်ပြဆောင်ရွက်နုိုင်လိမ့်မယ်လိုု့ လည်း မျှော်လင့်ထားပါတယ်။”
    ဥရောပသမဂ္ဂ၊ ပြည်ပဆက်ဆံရေးအကြီးအကဲ ကက်သရင်း အက်ရှ်သွန်ရဲ့ပြောခွင့်ရ မာဂျာ ခိုစီဂျန်စစ် (Maja Kocijancic) ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘားမားကမ်ပိန်း၊ ယူကေ (Burma Campaign for UK) လိုု့ ခေါ်တဲ့ ဗြိတိန်နိုုင်ငံ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ ညွှန်ကြားရေးမှူး မာ့ခ်၊ဖာမနာ (Mark Famaner) ကတော့ – ဥရောပသမဂ္ဂဟာ ကောင်းတဲ့အချက်တွေကိုုသာ ထောက်ပြ ပြောဆိုုနေပြီး အနုုတ်လက္ခဏာပြနေ တဲ့အချက်တွေကိုု မျက်ကွယ်ပြုထားတယ်လိုု့ ဝေဖန်ပါတယ်။
    “ကက်သရင်းအက်ရှ်တွန်နဲ့ သူ့လူတွေက အရင်ကတည်းက ပိတ်ဆိုု့အရေးယူမှုတွေကိုု ရုုပ်သိမ်းချင်နေကြ တာပါ။ သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး မလုုပ်ခင်ကတည်းက ပုုံမှန်ဆက်ဆံရေး ထူထောင်ချင်နေကြ တာပါ။ အခုုလည်းပဲ ကောင်းတဲ့အချက်တွေကိုု ထပ်ခါတလဲလဲ ပြောနေပြီး မကောင်းတာတွေကိုု ဘာမှ မပြောတော့ပါဘူး။ မြန်မာနုိုင်ငံမှာ အခုု နုိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီး ရှိနေဆဲပါ။ လူ့အခွင့်အရေး ချိုးဖောက်ခံရလိုု့ထွက်ပြေးကြရတဲ့ တုိုင်းရင်းသားတွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒါတွေကိုု ကက်သရင်း အက်ရှ်တွန်တိုု့က ဘယ်တော့မှ မပြောကြပါဘူး။ sanction တွေရုုပ်လိုု့ရအောင် ကောင်းတာကိုု ပဲ ရွေးပြောနေကြ တာပါ။”
    ဥရောပသမဂ္ဂထဲက ဥရောပအစိုုးရတချို့နဲ့ ကုုလသမဂ္ဂအရာရှိတွေဟာ အရေးယူပိတ်ဆိုု့မှုကိုု မယုုံကြည် ဘဲ မြန်မာအစိုုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်၊ အကူအညီပေးမယ်၊ ဒီလုိုနည်းနဲ့သာ အပြောင်းအလဲ ပြုလုုပ်နုိုင် မယ်လိုု့ ယုုံကြည်နေကြသူတွေ ဖြစ်တယ်လိုု့ မာ့ခ်ဖာမနာက ဆုိုပါတယ်။ သူတိုု့ရဲ့ ဘားမားကမ်ပိန်း ယူကေ အနေနဲ့ကတော့ မြန်မာနိုုင်ငံမှာ အပြောင်းအလဲတချို့ မြင်လာရတာဟာ ဒီလိုု ဒဏ်ခတ်အရေး ယူမှုတွေကြောင့် ဖြစ်တယ်လိုု့ ယူဆပါတယ်။ အခုု သမတ္တဦးသိန်းစိန်ကလည်း ဒဏ်ခတ်အရေးယူမှုတွေ ရုုပ်သိမ်းစေချင်တဲ့အတွက်ကြောင့် ပြုပြင်ပြောင်းလဲမှုတချို့ လုုပ်ပြနေခြင်းသာဖြစ်တယ်၊ ဒဏ်ခတ်အရေးယူ မှုတွေ ရုုပ်သိမ်းလိုု့ စီးပွားရေးအင်အား ကောင်းလာရင် စစ်အင်အားကိုု တိုုးချဲ့ပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေ ပိုုလုုပ် လာမယ်လိုု့လည်း မာ့ခ်ဖာမနာက ထောက်ပြထားပါတယ်။ ဥရောပသမဂ္ဂကတော့ အခုုအခါ မြန်မာနုိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲကိုု စောင့်ကြည့်မယ့်အဖွဲ့ စေလွှတ်လိုုက်ပြီလိုု့ ဆိုုပေမယ့် ရွေးကောက်ပွဲကိုု အစ၊ အလယ်၊အဆုုံး စောင့်ကြည့်နိုုင်တဲ့အခြေအနေမရှိဘူး၊ အချိန်အလုုံအလောက် မရဘူးဆိုုပြီး ပြောကြားပါ တယ်။
    “ဘရပ်ဆဲလ် (Brussel)က အဖွဲ့ငယ်တစ်ဖွဲ့ ရောက်လာမှာပါ။ သူတိုု့ကိုု ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့လုို့ မခေါ်နိုုင်ပါဘူး။ သူတိုု့ဟာ အချိန်အလုုံအလောက် မရပါဘူး။ ဒါ့ကြောင့် ကျမတိုု့စေလွှတ် သူတွေဟာ ရွေးကောက်ပွဲ ကျွမ်းကျင်သူ အဖွဲ့သာ ဖြစ်ပါတယ်။”
    ကက်သရင်း အက်ရှ်တွန်ရဲ့ ပြောခွင့်ရ မာဂျာ ခိုစီဂျန်စစ် ပြောသွားခဲ့တာပါ။ ရွေးကောက်ပွဲ ပြုလုုပ်တဲ့ကာလ မှာ ဥရောပသမဂ္ဂအပြင် အမေရိကန်ပြည်ထောင်စုု၊ ဥရောပသမဂ္ဂနဲ့ အာဆီယံတုို့ကလည်း အလားတူ ကိုုယ် စားလှယ်တွေ စေလွှတ်ကြမှာ ဖြစ်ပါတယ်။
    http://www.voanews.com/burmese/news/–03_28_12_my-news-burma—-144736545.html

  • Thel Nu Aye

    March 29, 2012 at 9:14 am

    NLD ကတော့ နေရာ ၄ဝ လောက်နိုင်မယ်မှန်းသလို ကြံ့ဖွတ်ကလဲ နေရာအားလုံးကို ပြတ်ပြတ်သားသား နဲ့ သန့်သန့်ရှင်းရှင်းနိုင်မယ်ဆိုပဲ။

  • manawphyulay

    March 29, 2012 at 10:36 am

    ဘယ်သူတွေနိုင်မလဲဆိုတာ ပြည်သူတွေက ဘယ်ကို မဲပေးချင်သလဲဆိုတာ တစ်တိုင်းပြည်လုံးသိပါတယ်။ ဒါကို ကြားဖြတ်မဲမှာ ကြားဖြတ်လိမ်မဲတွေ ထပ်လုပ်ဦးမလားဆိုတာပဲ စောင့်ကြည့်ရတော့မှာပါ။

  • minnannawar

    March 29, 2012 at 10:40 am

    ၁၉၇၄ ဦးသန့်ဇာပနမှာ အာဏာရှင်ဦးနေဝင်း အတ္တကြီးခဲ့လို့ မျက်နှာမရဖြစ်ခဲ့ဘူးပါတယ်။ မင်္ဂလာယူရမဲ့အချိန်မှာ မယူခဲ့မိလို့ပေါ့။
    အခုအချိန်ဟာလဲ သူတို့ရဲ့ အစွန်းထွက်လောက်သာရှိတဲ့ ၄၅နေရာကို ချကြွေးပြီး မင်္ဂလာယူသင့်တဲ့အချိန်ပါ။
    ၁၉၉ဝတုန်းက ပေးလိုက်ရင် အမေရိကန်လို သက်တန်းနှစ်ခုအကြာ ၂၀၀ဝမှာ နားသွာပြီဖြစ်လို့အခုအချိန်မှာ ထုံးလိုခြေရေလိုနှောက်နိုင်နေပြီဖြစ်မှာ။
    အဲဒီအခါတုန်းကလည်း မှားခဲ့၊ အတ္တကြီးခဲ့လို့ အခုအချိန်ထိ သက်တန်းရှည်နေရတယ်လို့ ထင်မိပါတယ်။
    လက်ရှိအချိန်မှာ စားပြီး နားလည်သင့်ပြီလို့ ထင်ပါတယ်။ သူတို့အတွက်လုံလောက်ပြီလို့ယူဆပါတယ်။
    မင်္ဂလာမယူတတ်ရင် နှစ်ခါသေရတဲ့အခြေအနေကိုရောက်သွားပါလိမ့်မယ်။
    အပေးအယူလုပ်လို့အကောင်းဆုံးအချိန်ဖြစ်လို့ ဆက်မမိုက်တော့ဘူးလို့ယူဆပါတယ်။

  • ဦးဦးပါလေရာ

    March 29, 2012 at 12:31 pm

    စိတ်ကုန်တယ်နော်…..

    အထူးသဖြင့် ကျုပ်တို့သူကြီး….

    (kai says:
    ဒီကြားဖြတ်ဟာ.. NLD နဲ့.. အစိုးရ(ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်) တွေ ညှိနှိုင်းလုပ်တဲ့..ပွဲပါ..။
    တနည်းပြောရရင်.. ၂၀၁ဝ ရွေးကောက်ပွဲကို .တရားဝင်မှုဖြစ်အောင် လုပ်တဲ့ပွဲပါပဲ..
    ညစ်လို့.. ညှစ်လို့.. လိမ်လို့ ဆိုတာတွေ..ဖြစ်သွားရင်( ပေါ်သွားရင်.. ) ၂၀၁ဝ ရွေးကောက်ပွဲရလဒ်လည်း.. ရောပြီး.. ကြက်သွန်နဲ့ရောထောင်းခံရတဲ့.ငရုပ်သီး.. ဖြစ်သွားမပေါ့..
    ဒါကြောင့်.. ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက.. ညစ်လို့.. ညှစ်လို့.. လိမ်လို့ ဆိုတာတွေ.. မပါအောင် လုပ်ပြမယ်တွေးထားပါလိမ့်မယ်..
    ဒ့ါကြောင့်.. ပြည်ပလေ့လာသူတွေ ခေါ်ထား/ခေါ်ရဲတာပေါ့..
    ဆိုတော့…
    … ပြည်ခိုင်ဖြိုးပါတီဝင်တွေကိုယ်တိုင်… NLD ကိုမဲပေးလိုက်ဖို့.. လျှို့ဝှက်ညွှန်ကြားချက်ရှိပါလိမ့်မယ်…။
    ပါတီအမိန့်ကို.. အူကြောင်ကြားနဲ့.. ကလန့်သူတွေရှိရင်.. အဲဒီသူတွေဟာ….. ပြည်ခိုင်ဖြိုးရော.. NLD ရောနဲ့..လွတ်သွားတဲ့သူတွေဖြစ်သွားပါလိမ့်မယ်..
    ကြားဖြတ်ရွေးကောက်ပွဲမှာ.. NLD ကိုနိုင်တဲ့.. နယ်တွေကအမတ်တွေ.. လွှတ်တော်ထဲရောက်ရင်.. .. ရှိတဲ့သက်တန်းမှာ.. ချကြွေးခံတွေဖြစ်သွားပါလိမ့်မယ်…. )

    သူက အားအားရှိ ကျားထိုးဖို့ပဲစောင့်နေတယ်….
    ပြည်ခိုင်ဖြိုးက မအူပင်ခရိုင်မှာ လွတ်သွားတဲ့စည်ပင်ဝန်ကြီးနေရာကို သူ့အမတ်မဖြစ်လာရင် –
    လမ်း နဲ့ မီးနဲ့ ပြပြီး ပညာပေးထားလို့
    ကျောင်းဆရာတွေ ဆေးဝန်ထမ်းတွေ ကျူရှင်ဆရာတွေကအစ ပြည်ခိုင်ဖြိုးကိုပဲထည့်ဘို့ (ဘယ်သူမှမခိုင်းပဲ ကိုယ့်စိတ်နဲ့ကိုယ်) ဆော်ဩနေတာ ကြာလှပေါ့။ နယ်သူနယ်သားတွေကလဲ သဘောပေါက်လို့ နီးရာဓါးကိုကြောက်ပြီး ပြည်ခိုင်ဖြိုးကိုပဲထည့်ဘို့ ဆုံးဖြတ်ထားသူတွေ အများကြီး။ ကြံ့ဖွံ့က ဘာမှ မဲဆွယ်စရာတောင်မလိုဘူး။

    ခင်ဗျားတို့သတိပြုဘို့က
    ကြံ့ဖွံ့ဆိုတာ လူတယောက်ထဲမဟုတ်ဘူး..
    ဒီပွဲကလဲ နှစ်ယောက်ထဲထိုးတဲ့ ကျားကစားပွဲမဟုတ်ဘူး။

  • ဦးဦးပါလေရာ

    March 29, 2012 at 12:54 pm

    ပြည်ခိုင်ဖြိုးက အမတ်မဖြစ်ရင် ဘာဖြစ်မယ် သို့မဟုတ် ဘာဖြစ်လာနိုင်တယ် ဆိုတဲ့ အော်လံကြီးနဲ့လှည့်အော်စရာမလိုတဲ့ ခြိမ်းခြောက်မှု့ဟာ နယ်ကျေးရွာတွေမှာ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကြားမှာ ရှိပြီးသားပါ။ အဲဒါကို လက်တွေ့မျက်တွေ့ လေ့လာပြီး နားအစစ်နဲ့ သွားနားထောင်ကြပါ။ ကြံ့ဖွံ့ဆိုတာ ခင်ဗျားတို့ ကျုပ်တို့ဖြစ်စေချင်သလောက်တော့ မချဉ်သေးဘူး။ လျှော့တွက်ရင်မှားမယ်။
    မဲရုံမှာ သွားစောင့်ကြည့်လို့ ဘာဖြစ်မှာလဲ။ မဲရုံမရောက်ခင် ဟိုးပဝေနသီကတည်းက ဘယ်သူ့မဲထည့်မှ သက်သာရာရမယ်ဆိုတဲ့ အိုင်ဒီယာကို ထည့်ပေးထားပြီးသား။

    ဒါကြောင့် ကျုပ်ပြောပြောနေတာ-
    ဒီကြားဖြတ်ပွဲလေးကို သိပ်အလေးမထားနဲ့ …။
    NLD ကတချို့လောက် လွှတ်တော်ထဲရောက်လို့ အဆိုတင်/ဆွေးနွေးခွင့်ရရင် ရင်တော်ပြီပဲထား…။
    အဲဒီမှာ သွားအားကုန်မခံနဲ့..။ နောက်ကြောင်းလှည့်မခံနဲ့..။ မထူးဇတ်ခင်းမခံကြနဲ့…။
    တချို့အပင်တွေက နေပူရင် သူ့ဟာသူသေကုန်မှာ..။
    တကယ့်ပွဲက ၂၀၁၅ မှ။
    ပွဲနီးမှ သွားလှူဘို့ သွားအားပေးဘို့ စည်းရုံးဘို့မစဉ်းစားနဲ့။
    အခုကတည်းက အဲဒါကိုရည်မှန်းပြီး “အားကုန်သွန်” ပြင်ဆင်ထားရမှာ..။
    သုံးနှစ်ဆိုတာ နှစ်ဆယ့်ငါးနှစ်နဲ့စာရင် ပြင်ဆင်ချိန် နဲနဲလေးပဲနော်။
    မြန်မာပီပီ အပျင်းကြီးဘို့ အချိန်ဆွဲဘို့ နီးမှ သွေးပူဘို့ မလုပ်ကြပါနဲ့…။

    (အဲလိုပြောတော့လဲ ဝိုင်းဆဲကြဦးမှာ..။ ကိုင်း… ဆဲချင်လဲဆဲကြ…။)

    • kai

      March 29, 2012 at 1:05 pm

      မဆဲပါဘူး..ဦးဦးရယ်..
      မှန်နေတာပဲဟာ..

      ဒါပေမဲ့.. ကြားဖြတ်ရွေးကောက်ပွဲက.. ဧပြီတရက်နေ့လေ..
      အဲဒီနေ့မရောက်ခင်အထိတော့.. ဒီလိုပဲရေးရတာပါပဲ..။ :mrgreen:

      ဆိုတော့…
      NLD ၄ဝအထက်ခုံမရရင်.. ဆန်ရှင်လျှော့ပေးဖို့လည်း.. ယူအက်စ်အစိုးရကို.. မတိုက်တွန်းဘူး..
      လက်တွေ့ poll ရလဒ်အပြင်.. အပြင်ကလက်တွေလူထုကြီးရဲ့သဘောထားနဲ့လွဲနေကြောင်း.. အထောက်အထားဓါတ်ပုံတွေနဲ့.. ပြပြီး.. ၂၀၁ဝ ရလဒ်ကို ပြန်ဆွဲချမယ်..။
      အခုဒေါ်အောင်ဆန်းစုကြည်နောက်က မြင်နေရတဲ့ လူထုပရိသတ်ဟာလည်း.. မတည်မငြိမ်ဖြစ်သွားနိုင်တယ်ဆိုတာ ထောက်ပြမယ်..
      အခန့်မသင့်ရင်.. ထပေါက်မဲ့ယမ်းအိုးပေါ်ကျတဲ့..မီးပွားစပဲလို့.. သိစေမယ်..
      တိုင်းရင်းသားတွေနဲ့..တည်ဆောက်နေတဲ့.. ယုံကြည်မှုအပါအဝင်.. အတိုက်အခံ-အစိုးရကြားက.. ယု့ကြည်မှုဟာလည်း.. ထိခိုက်သွားမယ် ပြောမယ်..။
      အဲဒါလေး… :mrgreen:

  • Burmese or Chinese

    March 29, 2012 at 1:02 pm

    စုနိုင်မှ ချမ်းသာမည်~စုနိုင်မှကြီးပွားမည­­်.. စုနိုင်မှ တိုးတက်မည်… စုနိုင်မှ ငြိမ်းချမ်းသာမည်..
    ရွေးကောက်ပွဲတွင် NLD နိုင်မည်…နိုင်မည်…တိုင်းပြည်နဲ ့လူမျိုးအတွက် NLD နိုင်မည် 🙂

  • ဦးဦးပါလေရာ

    March 29, 2012 at 1:58 pm

    ကျုပ်သဘောသက်သက်ဆိုရင်တော့
    NLD ကဝင်ပြိုင်သမျှမဲဆန္ဒနယ်အားလုံးမှာ အနိုင်ရစေချင်ပါတယ်။
    တကယ်လဲ လုံးဝမညစ်ပဲ ပြည်သူ့ဆန္ဒသက်သက်ကိုသာ ရမယ်ဆိုရင်
    နေရာအားလုံး NLD ပဲနိုင်မှာဖြစ်တယ်။
    အဲဒါ အသိသာကြီးပါ။

    ဒါပေမယ့်-
    အကယ်၍ ပြည်ခိုင်ဖြိုးက ပြိုင်သမျှနယ်အားလုံးရှုံးမယ်ဆိုရင်
    ဘာဖြစ်လာမယ်ထင်ကြပါသလဲ….။
    ပြည်ခိုင်ဖြိုးရဲ့ လက်ရှိအမတ်တွေအားလုံးနီးပါးဟာ မျက်နှာမရှိတဲ့ လူတွေချည်းပဲ။
    မူလ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေချည်းမို့ ပြည်သူ့ချဉ်ဖတ်တွေများတယ်။
    သို့သော်- ၂၀၁၅မှာ သူတို့ကိုဖယ်ပြီး အသစ်နဲ့အစားထိုးဘို့ အကြောင်းပြချက်မရှိဘူး..။
    အစားမထိုးနိုင်ရင် ၂၀၁၅ မှာ ပြည်ခိုင်ဖြိုး ဝက်ဝက်ကွဲရှုံးမယ်
    အဲဒါမှ အရှုံးအစစ်။
    ဒါလေးကို စစ်ဗျူဟာတွေ လေ့လာနားလည်ထားတဲ့ ပြည်ခိုင်ဖြိုးကြိုးကိုင်ပုဂ္ဂိုလ်တွေ
    ကောင်းကောင်းနားလည်မှာပေါ့..။
    ကျုပ်သာသူတို့ဆိုရင်
    အစားထိုးဘို့ အကြောင်းပြချက်ကို ရှာမှာ…။

    ကျုပ်ကြားဘူးတဲ့သမိုင်းလေးတခုပြောမယ်-
    ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျာမဏီ ဝက်ဝက်ကွဲရှုံးခါနီးမှာ
    S S ဗိုလ်ချုပ်တဦးအပါအဝင် ဂျာမန်စစ်ဗိုလ်ချုပ်တချို့က
    ဟစ်တလာကို လုပ်ကြံဘို့လုပ်တယ်။
    အဲဒါ ဗြိတိသျှ ထောက်လှမ်းရေး MI6 ကကြားတော့
    ဟစ်တလာဆီရောက်အောင် လှမ်းလက်တို့တယ်။
    ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ဟစ်တလာက ရူးကြောင်ကြောင်ဖြစ်ပြီး အမှားတွေချည်းလုပ်နေတာ။
    ဟစ်တလာနေရာမှာ အချိုးကျတဲ့ ဂျာမန်ဗိုလ်ချုပ်ကြီးတယောက် အစားမဝင်စေချင်တော့ဘူး။
    အင်း….
    အဲဒီလို တော်လို့ ဗြိတိသျှတွေ ကမ္ဘာတခြမ်းကို အုပ်စိုးသွားတာပေါ့…။

  • blackchaw

    March 29, 2012 at 2:04 pm

    ကျွန်တော်ကတော့ သီချင်းလေးဆိုပြီး NLD ကိုအားပေးသွားပါတယ်။

    ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
    ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
    အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
    တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

  • ဦးဦးပါလေရာ

    March 29, 2012 at 2:09 pm

    ဒါကြောင့်
    နောက်သုံးရက်အကြာမှာလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ
    NLD အကုန်ရရင်လဲ ဝမ်းသာကြပါ။ ကျုပ်လဲအရမ်းဝမ်းသာမှာ..။
    မရရင်လဲ အလေးမထားပါနဲ့။
    သူတို့ညစ်ရင် ညစ်တဲ့အကြောင်းကတော့ ဖွ ရမှာပေါ့။ ဒါကတကဏ္ဍ။
    ဒါပေမယ့် အဓိကက လက်နှီးစုတ်ကြီး ညစ်ပတ်တဲ့အကြောင်း အားကြိုးမာန်တက်ပြောရင်း
    ရှေ့ဆက်ရမယ့်ကိစ္စတွေ အနှောင့်နှေးမခံကြစေလိုဘူး..။
    ပြည်ခိုင်ဖြိုးဆိုတာ လူတယောက်ထဲမဟုတ်ဘူးနော..။
    အေးဗျာ……
    ကျုပ်လဲတိုင်းပြည်အကျိုးကိုကြည့်ပြီးပြောတာပါ။ သဘောထားမတိုက်ဆိုင်သူတွေ ခွင့်လွှတ်ပါနော။

    • amatmin

      March 29, 2012 at 4:53 pm

      ဦးပါလေရာ ပြောသွားတာက လုံလောက်နေတာမို့ ကျနော်ကတော့သဘောထားတိုက်ဆိုင်ပါတယ်. 🙂
      တကယ့်တိုက်ပွဲက ၂၀၁၅ ဆိုတာကိုလည်း ခြွင်းချက်မရှိလက်ခံပါတယ်..
      အကုန်နိုင်ဖို့တော့မျှော်လင့်မထားပေမဲ့..တကယ်လို့သာ နေရာတိုင်းကို နိုင်ခဲ့မယ်ဆိုရင်..
      အားပေးတဲ့လူတိုင်းအတွက် စုစည်းမှုတခုဖြစ်လာပြီး..
      အားအင်တရပ်အနေနဲ့ လာမဲ့၂၀၁၅ အထိသယ်ဆောင်သွားနိုင်ဖို့.မျှော်လင့်တာပါပဲ…
      ဒီတော့..NLD ပါတီနေရာတိုင်းကို ပြတ်ပြတ်သားသားနိုင်မှာပါ.
      အန်တီစု စေတနာကိုအကောင်းဆုံးတုန့်ပြန်ကြမှာပါ…

  • cobra

    March 29, 2012 at 3:05 pm

    ထောက်ခံတဲ့လူတွေကအများကြီးပါ။
    ဘယ်လိုမှလည်းယှဉ်လို့မရဘူးလေ
    ဒါပေမယ့် အလုပ်ဇယားတွေကလည်းရှိသေးတယ်
    တော်တော်ကို ရင်ခုန်နေရတယ်ဗျာ..။

  • နေဝန်းနီ

    March 29, 2012 at 6:42 pm

    နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် အတွင်း အဏာပိုင်များဇ။် အနှောင့်အယှက် အဟန့်အတား အမျိုးမျိုးကြားမှ မဲဆွယ်စည်းရုံးရေးပြုလုပ်နေရသည် ဟု ဇမ္ဗူသီရိ မဲဆန္ဒနယ် အမျိူးသားဒီမိုကရေစီ ကိုယ်စားလှယ်လောင်း မစန္ဒာမင်း ကပြောသည်။

    အချို့ ရွာများတွင် အဏာပိုင်များနှင့် ကြံ့ခိုင်ရေးပါတီဝင်များက ရွာသားများကို အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် ဟောပြောပွဲ များကို တက်ရောက်ခွင့်မပြုခြင်း ၊ ခြိမ်းခြောက်ခြင်းများ ခံနေရသည်ဟု ရှင်းပြသည်။

    အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း မစန္ဒာမင်းနေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် မဲဆွယ်နေစဉ်။ ဓါတ်ပုံ-ဆိုင်းဆွတ်

    “ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာရောက်စည်းရုံးမယ်လို့ပြောရင် စည်းရုံးနေစဉ်ရော မစည်းရုံးသေးခင်ရော တချို့သော အဏာပိုင်များက ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရွာက လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်တာခံရတာ တွေရှိပါတယ်” ဟု ၎င်းကပြောသည်။

    ရွေးကောက်ပွဲ ဥပဒေတွင်ပါရှိသည့် ကော်မရှင်များဖွဲ့စည်းသည်အခါတွင် ဘယ်ပါတီဝင်မှ မဖြစ်စေရဟု ပါရှိထားသော်လည်း ဇမ္ဗူသီရိ မဲဆန္ဒနယ် ကျေးရွာများကော်မရှင် အဆင့်ဆင့်တွင် ကြံ့ခိုင်ရေးပါတီဝင်များပါဝင် နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

    အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးကလည်း “ ကျွန်တော့်အိမ်ကို ခဲနဲ့ထုခံရတယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးကိုတိုင်တော့လည်း ဘာမလုပ်ပေးဘူး ကျွန်တော့်ဘက်ကထုမယ်ဆိုရင် ကျွန်တော်တို့ကို အရေးယူမှာ သေချာတယ်” ဟုပြောသည်။

    သဲကြီးကုန်းရွာသည် ရွေ့ပြောင်းအလုပ်သမား အများအပြားနေထိုင်သောရွာဖြစ်သည်။ယင်းရွာ ကို NLD မဲဆွယ်စည်းရုံး ဟောပြောပွဲ ပြုလုပ်ခဲ့စဉ်က အဏာပိုင်အချို့က ရွာသားများကို “ မင်းတို့ဒီဟောပြောပွဲကို မတက်နဲ့ ဟောပြောပွဲတက်ရင် အထုပ်ပြင်ပြီး မင်းတို့ဒီရွာက ပြန်ဖို့ပြင်တော့” ဟု ပြောကြောင်း မစန္ဒာမင်းကပြောသည်။

    ဇမ္ဗူသီရိမဲဆန္ဒနယ် ပြန်ကပြေးရွာမှ ကျေးရွာသူတစ်ဦးကလည်း “ ကျွန်မတို့ကို လည်း အမေစုပါတီနောက်လိုက်တဲ့သူတွေကို ဖမ်းမယ်လို့ ရွာမှာပြောနေကြတာ ကျွန်မတို့က အမေစုပါတီမှ အမေစုပါတီဘဲ အမေစုပါတီကိုပဲမဲပေးမှာ သိကြားမင်းဆင်းဖျက်တောင် မပျက်ဘူး” ဟု အသက် ၄ဝ အရွယ် အမျိူးသမီးတစ်ဦးပြောသည်။

    ဇမ္ဗူသီရီမဲဆန္ဒနယ် တွင် မဲပေးနိုင်သူ ၅သောင်းကျော်ရှိပြီး မဲရုံ ၃၆ ထားရှိမည်ဟုသိရှိရသည်။ ၂၀၁ဝ ရွေးကောက်ပွဲတုန်းက သမတ ဦးသိန်းစိန် မဲပေးသူများဇ။် ၉၁ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ခဲ့စဉ်က မဲပေးနိုင်သူဦးရေ ၈ သောင်းကျော် ရှိပြီး ယခုရွေးကောက်ပွဲတွင် ၃ သောင်းကျော် (၃ ပုံတစ်ပုံနီးပါး) လျော့နည်းသွားတာကို တွေ့ရသည်။ ။

    http://www.thithtoolwin.com/2012/03/blog-post_9189.html
    အဲဒိဆိုက်က ကောပီယူလို့မရဘူးဆြာ …။ တော်တော် အကြံအဖန်လုပ်ယူရတယ်…။

  • moe minthar

    March 29, 2012 at 8:11 pm

    သူကြီးရေ……….ကျနော်တို ့လည်းရှိပါသေးတယ်။
    cobraပြောသလိုပဲ…..ဖြစ်သင် ့ပါတယ်…….။

  • unclegyi1974

    March 29, 2012 at 8:48 pm

    သူကြီးသိပ်သိချင်နေတယ်မဟုတ်လား
    ရက်ပိုင်းပဲစောင့်အဖြေပေးမယ်

  • char too lan

    March 29, 2012 at 9:10 pm

    ဒီကစောင့်နေသူ…….. အိုးးး အို …. ဒီကစောင့်…….နေသူ…. 😀

  • shwe kyi

    March 29, 2012 at 9:17 pm

    နိုင်စေချင်သည် “NLD”
    ရွှေကြည် လည်း ၂၀၁၅ ကိုပဲအားခဲထားရတောမှာပဲ။
    ဒီတစ်ခေါက်တော့ ရွှေကြည်တို့မြို့နယ်ကမဲမပေးရဘူး။
    ရွာထဲကသူကြီးဆီမှာပဲ မဲပေးရင်း
    နိုင်စေချင်သည် “NLD”

  • နေဝန်းနီ

    March 29, 2012 at 10:39 pm

    သံဃာတော်တပါး NLD ကို မထောက်ခံဖို ့နေ ့စဉ် အသံချဲ ့စက်နဲ ့အော်နေ
    နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာ ကျောင်းထိုုင်ဆရာတော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မထောက်ခံဖို့ ဒေသခံလူထုကို နေ့စဉ်အသံချဲ့စက်နဲ့အော်ပြီး တားဆီး ပြောဆိုနေတယ်လို့ သိရပါတယ်။

    အဖွဲ့ချုပ်ဝင်တွေလာရင် ထွက်မကြိုကြဖို့နဲ့ အန်အယ်ဒီဟာ ကျေး ရွာပြည်သူလူထုအတွက် ဘာတခုမှ လုပ်ပေးတာမရှိဘူး စသဖြင့် ရွာသားတွေကို နေ့တိုင်းဟောပြော နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
    ိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းက ပြောပါ တယ်။
    ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီက အဲဒီဆရာတော်ကို ငွေ ၁၅ သိန်းနဲ့ မီးစက်တလုံး သွားရောက် လှုဒါန်းခဲ့ပြီးတဲ့နောက်၊ အခုလို နေ့စဉ်ဟောပြောနေတာလို့ သိရပါတယ်။ ဒီလိုဘက်လိုုက်မဲဆွယ် ဟောပြောနေမှုကို မြို့နယ်သံဃာ့မဟာနာယကအဖွဲ့ထံ တိုင်ကြားထားကြောင်း အဖွဲ့ချုပ်ကိုယ်စားလှယ် လောင်း ဦးနိုင်ငံလင်းက ပြောပြခဲ့ပါတယ်။
    တချိန်ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီပါတီကိုယ်စားလှယ်လောင်း
    တွေဟာ နေပြည်တော် မဲဆန္ဒ နယ်လေးခုအနက် အနဲဆုံးနှစ်ခုလောက်မှာတော့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ နေပြည် တော်မှာ ပါတီမဲအောင်နိုင်ရေးဆောင်ရွက်နေတဲ့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ခန့်မှန်းပြောဆိုပါတယ်။
    လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်တွေ ွဖြစ်တဲ့ အန်အယ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတို့ နေပြည်တော်မှာ ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မယ်လို့ အများက ဝေဖန်ပြောဆိုနေချိန်မှာဘဲ ဒေါက်တာမြတ်ဉာဏစိုးရဲ့ အခုလို ခန့်မှန်းချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
    ဒီဗွီဘီ (ဖေ့စ်ဘုတ်)
    http://www.thithtoolwin.com/2012/03/nld_26.html

    • Yoko Ono Bono

      March 31, 2012 at 12:43 pm

      ဘယ်လိုကြီးလဲဗျာ…. စစ်အတွင်းမှာတော့ ဘယ်သူက လမ်းဖောက် တံတားဆောက် ကုန်တိုက်ကြီးတွေဆောက်ပေးနိုင်မှာလဲ အဲဒီသံဃာနားလည်ပါစေဗျာ….လင့်လေးအတွက်ကျေးဇူးပါဗျာ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 30, 2012 at 10:21 am

    ကြာသပတေး, 29 မတ် 2012
    ဩစတြေးလျလွှတ်တော်အမတ်တွေ မြန်မာပြည် ဝင်ခွင့်မရ
    By ဗွီအိုအေ (မြန်မာဌာန)
    ဩစတြေးလျနိုင်ငံက ပါလီမန်အမတ်နှစ်ဦးရဲ့ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားချက်ကို မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်က လေဘာပါတီအမတ် Janelle Saffin နဲ့ အနောက်ဩစတြေးလျ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Mathias Cormann တို့ဟာ မြန်မာနိုင်ငံကို လေ့လာရေး ကိုယ်စားလှယ်အဖြစ် သွားရောက်ဖို့ လျှောက်ထားကြတာကို ကမ်ဘာရာမြို့၊ မြန်မာသံအမတ်ကြီးက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
    မစ္စ် ဆက်ဖဲန်က မြန်မာ့ဒီမိုကရေစီရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတစ်ဦးဖြစ်ပြီး အခုလို သူ့ကို ပြည်ဝင်ခွင့် ငြင်းဆန်လိုက်တာဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးအပေါ် သံသယ ဖြစ်စေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေက ပါလီမန်အမတ်တွေကို လက်မခံချင်ကြဘူးလို့လည်း သုံးသပ်ပါတယ်။
    အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့မှာ ပါလီမန်အဖွဲ့ဝင်တွေကို ထည့်သွင်း ဖိတ်ကြားခဲ့ပေမယ့် အမေရိကန်၊ ဩတြေးလျ စတဲ့နိုင်ငံတွေကကျတော့ အစိုးရအရာရှိတွေကိုသာ သတင်းသမားတွေနဲ့ အတူ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
    http://www.voanews.com/burmese/news/–03_29_12_my-news-burma—-144994635.html

  • phoe tha khwar

    March 30, 2012 at 10:27 am

    တော်တော်များများကတော့ NLD ကို မဲပေးဖို့ ပြောကြတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သိပ်မယုံချင်တော့ဘူး။ အပြင်မှာ ကြားနေရတာတော့ အချို့နေရာဒေသတွေမှာ အတွင်းလွန်ဆွဲပွဲတွေ လုပ်နေတယ်လို့ ကြားနေရတယ်။ အပြောနဲ့ အလုပ် ညီစေချင်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 30, 2012 at 10:28 am

    ကြာသပတေး, 29 မတ် 2012
    ပြည်ပစောင့်ကြည့်သူနှင့် မီဒီယာတွေ မဲရုံနားကပ်ခွင့်မရ
    ကျော်ကျော်သိန်း – နန္ဒာချမ်း
    ဧပြီလ ၁ ရက်နေ့ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရမယ်ဆိုတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ ထပ်မံ အာမခံလိုက်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ လေ့လာအကဲခတ်ရေးအဖွဲ့တွေကတော့ – ဒီကြားဖြတ် ရွေးကောက်ပွဲကို လေ့လာရမယ့်နေရာမှာ အကန့်အသတ်တွေ ရှိနေတဲ့အတွက် တကယ်တမ်း လွတ်လပ် ပွင့်လင်းပြီး တရားမျှတပါ့မလားဆိုတာ စိုးရိမ်စိတ် ရှိနေကြပုံ ပေါ်ပါတယ်။
    ဒီကနေ့ မြန်မာအစိုးရ နိုင်ငံခြားရေးရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာလေ့လာရေး အကဲခတ်အဖွဲ့တွေကို ရှင်းလင်းပြောကြားတဲ့ပွဲမှာ ဒီကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အဓိက ဘာတွေ ရှင်းလင်းခဲ့သလဲဆိုတာကို ရန်ကုန်မှာ ရောက်နေပြီး ဒီရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြထားပါတယ်။
    ကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ခင်ဗျား။ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်းသွားတာ ကတော့ ကျနော်တို့ သတင်းမီဒီယာသမားတွေကို ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေနဲ့ အတော်လေးကို ဆင်တူပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကို ဘယ်လို လေ့လာစောင့်ကြည့်လို့ ရတယ်၊ ဘာတွေအကန့်အသတ်ရှိတယ်၊ ဘာတွေလုပ်ခွင့်ရှိတယ် စသည်အားဖြင့် တော်တော်လေးတော့ ပြည့်ပြည့်စုံစုံ သူပြောသွားပါတယ်။ သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားနိုင်တယ် အတားအဆီး အကန့်အသတ် မရှိဘူး။ ကျနော်တို့ တီဗွီ ရုပ်မြင်သံကြားပေါ့လေ ရိုက်လို့ရတယ်။ သတင်းပို့လို့ရတယ်။ အဲဒါတွေကို သူပြောပါတယ်။
    တကယ်လို့ လေ့လာစောင့်ကြည့်သူတွေက အကူအညီတောင်းမယ်ဆိုရင်လည်း နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာနက အပြည့်အဝ အကူအညီပေးမယ်လို့ သူပြောပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ချက်တွေကို သူဖတ်ပြပါတယ်။ တခါ ဒီလေ့လာစောင့်ကြည့်သူတွေအတွက် Code of Contents လို့ခေါ်တဲ့ စာအုပ်ငယ်ကိုလည်း ဝေတာကို တွေ့ရပါတယ်ခင်ဗျ။
    နန္ဒာချမ်း။ ။ ဒါဆိုရင် ဒီနိုင်ငံတကာကနေ ရောက်ရှိနေတဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွေကရော အဓိက စိုးရိမ်မှု ဘာတွေရှိသလဲရှင့်၊ ဘာဖြစ်မလဲရှင့်။
    ကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ နိုင်ငံခြားရေး ဝန်ကြီး ရှင်းလင်းအပြီးမှာ သူက လေ့လာစောင့်ကြည့်သူတွေကို မေးခွန်းမေးခွင့်ပေးပါတယ်။ မီဒီယာသမားတွေကိုတော့ မေးခွန်းမေးခွင့် မပြုပါဘူး။ ဆိုတော့- လေ့လာစောင့်ကြည့်သူတွေ မေးတဲ့ အထဲမှာ သူတို့ မေးခွန်းတွေ အပေါ်မှာ ကျနော် ခန့်မှန်းကြည့်ရသလောက်ကတော့ အဓိက စိုးရိမ်နေကြပုံရတဲ့ အချက်က ဒီရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံတွေ မဖွင့်ခင်- မဲပေးတဲ့ အချိန်၊ မဲပေးပြီးလို့ မဲတွေရေတွက်တဲ့အချိန်- အဲဒီ တချိန်လုံးမှာ လေ့လာစောင့်ကြည့်သူတွေရော မီဒီယာ သမားတွေရော မဲရုံအတွင်းကို ဝင်ပြီး လေ့လာလို့ မရဘူး၊ သတင်းယူလို့ မရဘူး။ မဲရုံအပြင် ကိုက် ၅၀ဝ အကွာကနေပဲ ကျနော်တို့ သတင်းယူလို့ ရမယ်၊ လေ့လာလို့ ရမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။
    အဓိက ကတော့ လေ့လာစောင့်ကြည့်သူတွေ အနေနဲ့က မဲရုံထဲကို ဝင်ပြီးတော့ သူတို့ လေ့လာခွင့် မရဘူးဆိုရင် မဲပုံးတွေ သေသေချာချာ ပိတ်ထားသလား၊ မဲပုံးတွေက အလွတ်တွေ ဖြစ်ရဲ့လား၊ အထဲမှာ မဲတွေ ရှိနေလား စသည်အားဖြင့် စစ်ခွင့်မရှိဘူး။ မဲရေတွက်တဲ့ အခါမှာလည်းပဲ သူတို့ မဲရေတွက်တာကို ဝင်ကြည့်ခွင့်မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ ပွင့်လင်းမြင်သာတဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား။ ဖြစ်လာနိုင်ဖို့အတွက်က အဲဒီလို ကန့်သတ်ချက်က ဘယ်လောက်ထိ အတားအဆီး ရှိနေသလဲ ဆိုတဲ့အပေါ်မှာတော့ အဓိက စိုးရိမ်ချက် ဖြစ်ပုံရပါတယ် ခင်ဗျ။
    နန္ဒာချမ်း။ ။ ဟုတ်ကဲ့ရှင့်။ ဒါဆိုရင် လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပေါ့လေ လက်ရှိ အခြေအနေက ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်နေတယ်လို့ တခြား ပြည်တွင်းမှာ ရှိနေတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကရော ပြောလဲရှင့်။
    ကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့၊ ပြောတာရှိပါတယ်။ ကျနော် ဒီကနေ့ ညနေပိုင်းမှာပဲ ဒီ ရန်ကုန်မြို့က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ရဲ့ ရုံးခန်းကို ရောက်ပြီးတော့ သူတို့အဖွဲ့က သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးကွန်ယက်ဖွဲ့ပြီးတော့ ဒီမဲဆန္ဒနယ် အသီးသီးမှာ လေ့လာစောင့်ကြည့်တာတွေ လုပ်ပါတယ်။ အဲဒီကနေ သတင်းအချက်အလက်တွေ စုဆောင်းပြီးတော့ ဒါတွေကို စာရင်းပြုစုမယ်။ ပြီးတဲ့အခါကျရင် ဒီရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဆီကိုလည်း သူတို့ ရထားသလောက် အချက်အလက်တွေနဲ့ သူတို့ ပေးပို့မယ် စသည်အားဖြင့် သူတို့ ပြောပါတယ်။ ကျနော် ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးကို ကိုယ်တိုင် တွေ့ဆုံပြီးတော့ မေးတဲ့အခါမှာ ခုန ပြောတဲ့ကန့်သတ်ချက်ပေါ့နော်- မဲရုံအတွင်းကို ဝင်ပြီးတော့ လေ့လာခွင့်မရတဲ့ ကန့်သတ်ချက်က လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဘယ်လောက်အထိ စိုးရိမ်စရာကောင်းလဲ-ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးက ကျနော့်ကို အခုလို ပြောပြပါတယ် ခင်ဗျ။
    ကိုကိုကြီး ။ ။”နိုင်ငံတကာ စောင့်ကြည့်သူတွေကို ခွင့်ပြုတယ်ဆိုတဲ့အခါမှာ ဟို “ပေးကားပေး၏ မရ” တော့- မဖြစ်သင့်ဘူး။ တကယ်ကို သူတို့က သေသေချာချာပေါ့လေ- အချက်အလက်တွေကို ရှာဖွေ စုဆောင်းနိုင်တဲ့ အခွင့်အလမ်းမျိုး၊ လေ့လာနိုင်တဲ့ အခွင့်အလမ်းမျိုးတော့ ပေးသင့်တယ်လို့ ကျနော် မြင်တယ်လေ။ အခု ခွင့်ပြုတဲ့အချိန် ကိုယ်နှိုက်က ပြောရရင် အရမ်းကို နည်းလွန်းတယ်။ တကယ့် တကယ်က ရွေးကောက်ပွဲ အကြိုကာလ လေ့လာဖို့ဆိုရင် တလလောက် ကျနော်တို့ အနည်းဆုံး အချိန်ယူဖို့ လိုတယ်။ အခုဟာ ကျနော်တို့ဟာ မဲစာရင်းထဲမှာ ထည့်သွင်းထားတဲ့ လူအရေအတွက်တွေ ကိုယ်နှိုက်က ကျနော်တို့ အငြင်းပွားစရာ အများကြီး ရှိနေတာ။ ဆိုတော့- အခု ရွေးကောက်ပွဲစောင့်ကြည့်ဖို့ အတွက် နိုင်ငံတကာက လေ့လာသူတွေကို ခွင့်ပြုတယ်ဆိုရင်လည်းပဲ သူတို့အနေနဲ့ ဒါ နိုင်ငံတကာ စံနှုန်းတွေနဲ့ အညီပေါ့လေ- လွတ်လွတ်လပ်လပ် လေ့လာစောင့်ကြည့်သင့်တဲ့ အခွင့်အလမ်းတွေတော့ ရသင့်တယ်လို့ ကျနော် မြင်တယ်လေ။
    ကျော်ကျော်သိန်း။ ။ အဲဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးပါ။ သူတို့က အချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ အခုချိန်ထိ သူတို့ဆီကို မဲဆန္ဒနယ် အသီး သီးကနေ အချက်အလက်တွေ ဝင်နေပါတယ်။ အဲဒါတွေကို သူတို့ ပြုစုနေပါတယ်။ အဲဒီ သိထားပြီးသမျှ အချက်အလက်တွေကနေပြီးတော့ အခု ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေဟာ ဘယ်လိုမျိုးပုံစံကို ဦးတည်နေသလဲ ဆိုတဲ့ မေးခွန်းပေါ်မှာတော့ ကိုကိုကြီးက အခုလိုမျိုး ဖြေပါတယ် ခင်ဗျ။
    ကိုကိုကြီး။ ။ ကျနော်တို့ဆီကို တဦးချင်းကရော အစုအဖွဲ့အလိုက်ရော မဲဆန္ဒနယ်တွေကနေ လှမ်းပို့တဲ့ သတင်း အချက်အလက်တွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ အဲဒီ သတင်းအချက်အလက်တွေကို စုဆောင်း ပြီးတော့ ကျနော်တို့ ဒီ မနက်ဖြန်ဆိုရင်ပဲ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဆီကို ကျနော်တို့ရဲ့ သဘော ထားတွေပေါ့လေ ပေးပို့ဖို့ အစီအစဉ်ရှိတယ်။ လောလောဆယ်မှာတော့ ချို့ယွင်းချက်တွေ တွေ့နေတာတော့ အများကြီးပဲ။
    သို့သော် ဒါတွေအားလုံးကို ကျနော်တို့က တရားဝင် အစီရင်ခံစာ ထုတ်တဲ့အခါကျတော့ ကျနော်တို့ လိုအပ်တာတွေ ထောက်ပြပြီးတော့ ကျနော်တို့ တင်ပြဆွေးနွေးသွားဖို့ ရှိပါတယ်။
    ကျော်ကျော်သိန်း။ ။ အဲဒါကတော့ ရန်ကုန်မြို့မှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကို ကျနော် တွေ့ဆုံမေးမြန်းခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ၂ ရက်ပဲ လိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆွယ်စည်းရုံး ဆိုင်ရာပြဿနာတွေ၊ မဲဆန္ဒရှင် စာရင်းဆိုင်ရာ ပြဿနာတွေ- ဒါတွေကတော့ အခုချိန်ထိ ကျနော်တို့ ကြားနေရတုန်းပါပဲ။ မနက်ဖြန်မှာလည်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း အတွင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲတခု လုပ်ဖို့ရှိတယ်လို့ ကျနော်တို့ သိထားရပါတယ် ခင်ဗျာ။
    http://www.voanews.com/burmese/news/03-29-12_BurmeseFM_byelections-144893895.html

  • yaungchikha

    March 30, 2012 at 10:55 am

    သူကြီးရှင့်.. NLD ကမဲကို 35 နဲ့ 40 ကြားနိုင်မယ်လို့ ခန့်မှန်းမိပါတယ်..

  • Khaing Khaing

    March 30, 2012 at 11:23 am

    NLD ရဲ့မဲဆန္ဒနယ်တွေမှာ နိုင်မှာသေချာပါတယ် …. လူပြောင်းသလို မူတွေလည်းပြောင်းစေချင်တယ် …

  • a me

    March 30, 2012 at 4:53 pm

    နိုင်မလား မနိုင်ဘူးလားတော့မသိဘူး အေမီတော့ သတင်းတစ်ခုရထားတယ် ပြောပြခြင်ပေးမယ့် အဖွဲ့ရဲ့ စည်းတွေ ဘောင်တွေကျော်မိမှာစိုးလို့မပြောတော့ပါဘူး ဘာပဲ ဖြစ်ဖြစ် အေမီတို NLD ကနိုင်မှာပါ

  • alinsett

    March 30, 2012 at 7:17 pm

    NLD နိုင်ကို နိုင်မှာ…တဲ ့ ။

    ဘာလို ့လဲ.ဆိုတော့…….နိုင်မှ ကို ဖြစ်တော့မှာ မို ့လို ့ပဲ..တဲ ့ ။

Leave a Reply