ဗမာ နှင့် တခြားတိုင်းရင်းသားများအကြား အမြင်လွဲနေခြင်း

ေဇာ္ရီApril 12, 20121min37611

အဘဖောက တိုင်းရင်းသားတွေနေရာက ဝင်ရေးခဲတယ်… ဒီလိုပဲ ရွာစားကျော်ကလဲ ဗမာတွေ နေရာက ဝင်ရေးခဲပါတယ်…

ကျတော် ဖတ်ရသလောက်ကတော နှစ်ယောက်လုံးဟာ သူ့နေရာကနေ သူမှန်ကန်နေကြပါတယ်…. ဒီတော ဘယ်ဟာက လိုနေတာလဲ ဆိုတာ ကျတော်တို့ အဖြေမရှာသင့်ပေဘူးလားဗျာ… အဖြေရှာဖို့အရေး ကျတော့ရဲ့ အမြင်လေး တစ်ခုလောက် တင်ပြ ဆွေးနွေးပါရစေ….

တိုင်းရင်းသားတွေ လိုချင်တာ ဗမာတွေကို ပြန်ကလဲ့စားချေဖို့ မဟုတ်ပါဘူး၊ ဗမာတွေကို သတ်ချင်နေတာ မဟုတ်ပါဘူး။ ကိုရွာစားကျော်ပြောသလို အသက်သေပေးတယ်ဆိုတာ ဘာမှ အကျိုးမရှိတဲ့ အလုပ်ပါပဲ၊ ကျတော့ကို သတ်ချင်တဲ့သူ ရှိရင်တောင် သူ့ကို သတ်ခွင့်မကြုံအောင်နေပြီး သူ သတ်ချင်စိတ်ပျောက်အောင်ပဲ ဖန်တီးဖို့ ကြိုးစားမိမှာပါ… ဒါဟာ သေရမှာ ကြောက်လို့ မဟုတ်ပါဘူး… သူ့ကို အပြစ်မဖြစ်စေချင်တဲ့ ဆန္ဒပါ…

“ကျတော့ အဖိုးရဲ့ ဆုံးမစကားလေး ကြားဖြတ်ပါရစေ…”
ကျတော့ ဦးလေး ၂ ယောက်နဲ့ ကျတော် မမြင်ဖူးလိုက်တဲ့ ကျတော့ရဲ့ အကိုအကြီးဆုံးဟာ သူများ ပြုစားလို့ သေခဲကြရပါတယ်… အဲဒီအချိန်မှာ အဖိုးရဲ့ ညီတွေက ခံပြင်းလွန်းလို့ အဖိုးအား တစ်ခုခု ပြန်လုပ်သင့်ကြောင်းပြောကြပါတယ်… သိရသလောက် ပြုစားလို့ သေတာဆိုရင် သေသူရဲ့ ဆံပင်ကို ပါးစပ်ထဲ ငုံထားလိုက်ရင် အဲဒီ အပြစ်က ပြုစားသူဆီ ပြန်ရောက်တယ်လို့ ဆိုခဲပါတယ်… အဲဒါကို ကျတော့ အဖိုးဖြစ်သူက ဆုံးမခဲတာက ဘယ်တောမှ ကလဲ့စားချေတဲ့ အလုပ်မလုပ်ပါနဲ့တဲ့ သံသရာမှာ တစ်ယောက်ကို တစ်ယောက်သတ်ရင်းနဲ့ တကယ် လုပ်ရမဲ့ အကြောင်းအရာတွေ ပျက်စီး ဆုံးရုံးရပါတယ်တဲ့ဗျာ…

 

ပြန်ဆက်ရရင်… တိုင်းရင်းသားတွေ လိုနေတာ ဘာလဲ… တိုင်းရင်းသားတွေ လိုနေတာ ထူးဆန်းတဲ့ ခက်ခဲလွန်းတဲ့ အရာ မဟုတ်ပါဘူးထင်ပါတယ်…

ကျတော်တို့ ကမ္ဘာကိုပဲ အရင်ကြည့်ကြပါစို့ ကမ္ဘာဆိုတဲ့အထဲမှာ နိုင်ငံတွေ ရှိနေကြပါတယ်… ဒီတော နိုင်ငံတွေ အရင်က စစ်တွေဖြစ်ခဲဖူးကြတယ်။ အခု စစ်တွေ မရှိတောဘူး ငြိမ်းချမ်းနေကြတယ်… တစ်နိုင်ငံက ဆူနာမီမိတယ်၊ ငလျှင်လုပ်တယ်၊ မီးတောင်ပေါက်တယ် ပျက်စီးတာတွေ ရှိတယ် သေကြတယ်၊ တခြားနိုင်ငံတွေက ထိုင်မကြည့်နေကြပါဘူး၊ သူတို့ ငွေလှူတယ် စားစရာ လှူတယ်၊ ဒါ့အပြင် လူကိုယ်တိုင် ဝင်ရောက် ကူညီကြပါတယ်လေ… အခု တောင်ကိုရီးယားက မဟုတ်တရုတ် လုပ်မယ်လို့ ကြားသိရတော နိုင်ငံတိုင်း လိုလိုက သူ့အား ဝိုင်းပြီးတော တွန်းအားပေးကြတယ်… မဖြစ်သင့်တာ မလုပ်ဖို့ တကယ်လို့ ဇွတ်လုပ်ခဲရင် နိုင်ငံတိုင်း လိုလိုက သူ့အား ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးကြမယ်။ သူဟာ ကမ္ဘာမှာ အထီးကျန်သူ ဖြစ်သွားမှာပါ… ဘယ်သူက အထီးကျန်ခြင်းကို နှစ်သက်ပါမလဲ… ဒီတော သူတို့ရဲ့ လုပ်ရပ်ကို အခု တခြားနိုင်ငံတွေကို ဝင်ရောက် လေ့လာကြည့်ရူးခွင့်ပေးမယ်လို့ သတင်းကြားမိပါရဲ့…

ကဲ ဒါဆို ဒီနီုင်ငံတွေ ဘယ်လို ရပ်တည်နေကြသလဲ ကုလသမ္မက တစ်ခုတည်းက အကုန် ထိမ်းချုပ်ထားတာလား စီးပွားရေး လူမူ့ရေး ဘဏ္ဍာရေး စတာတွေကို၊ ကုလ တစ်ခုတည်းက စိုးမိုးထားလို့ အခုလို ငြိမ်းချမ်းနေတာလား… တကယ်တော မဟုတ်ပါဘူး… သူ့နိုင်ငံရေးကို သူတို့ပဲ ဖန်တီးကြပါတယ်၊ သူ့နိုင်ငံ တိုးတက်ရေး၊ လူမူ့ရေး၊ စီးပွားရေး စတာတွေ အကုန်က သူတို့ နိုင်ငံသားတွေပဲ ကိုယ်တိုင် အုပ်ချုပ ်ကိုယ်တိုင် ဖန်တီးယူနေကြတာပါ၊ အိန္ဒိယ နိုင်ငံ လူမူ့ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးကို ဘယ်နိုင်ငံကမှ ဒါလုပ်ပါ ဒါမလုပ်နဲ့ ဆိုတဲ့ အမိန့်အာဏာစက်မရှိပါဘူး၊ အမေရိကရဲ့ ထောက်ပံ့မူ့ ကိုများစွာ ယူနေကြတဲ့ ထိုင်း၊ စင်္ကာပူ၊ အင်တိုနီရှား စသော နိုင်ငံတွေကိုလဲ အမေရိက ဘယ်လူမျိုးကမှ သွားရောက်ပြီး စီမှန်အုပ်ချုပ်တာ မရှိပါဘူး… သူ့နိုင်ငံ သူ အုပ်ချုပ်ကြတာပါပဲ…

နောက်တစ်ခုက သူတို့ နိုင်ငံ အချုပ်အချာအာဏာကို ကာကွယ်ဖို့အတွက် စစ်တပ်တွေကိုလဲ သူတို့ လူမျိုးတွေ ဖန်တီးထားကြတာပါပဲ၊ အမေရိက စစ်တပ်ရဲ့ အကူအညီနဲ့ လူအင်အားတွေ ယူထားသည့်တိုင် သူ့တို့နိုင်ငံ စစ်တပ်တွေဟာ အမေရိက စစ်တပ်ရဲ့ အမိန့်အောက်ထဲမှာ မဟုတ်ပါဘူး သူတို့စစ်တပ်ရဲ့ အမိန်အာဏာတွေဟာလဲ သူတို့ လူမျိုးအောက်ထဲမှာပဲ ရှိနေကြတာပါပဲ… ဘာကြောင့် စစ်တပ်ဆိုတာကြီး ထည့်ထားရတာလဲ မိတ်ဆွေတို့လဲ အသိပါပဲ သူများကို အနိုင်ယူ ဗိုလ်ကျချင်လို့မှ မဟုတ်ဘဲဗျာ… အားနည်းသူကို အားများသူက အနိုင်ကျင့်တတ်တဲ့ သဘာဝ ရှိတာကို ကာကွယ်ဖို့ အတွက်ပဲ မဟုတ်ပါလား…

ဒီလိုဆို ကျတော်တို့ မြန်မာပြည် ဘက်ကို ပြန်လှည့်ကြည့်ကြပါစို့လား… မြန်မာကို ကမ္ဘာ နေရာမှာထားပြီး… ပြည်နယ်နှင့် တိုင်းတွေကို နိုင်ငံတွေ အဖြစ် စဉ်းစား တွေးခေါ် ကြည့်လိုက်မယ်ဆိုရင် မြန်မာပြည်ဟာလဲ ကမ္ဘာ ငြိမ်းချမ်းနေသလို မငြိမ်းချမ်းနိုင်ဘူးလို့ ဘယ်သူများ ငြင်းချက် ထုတ်ချင်ပါသလဲ… အခုခေတ် ကမ္ဘာမှာ တူရာ တူရာ ပေါင်းစည်းရေးကို ဆောင်ရွက်နေကြတဲ့ အချိန်အခါမှ ဘယ်သူမှ ခွဲထွက်ရေးကို စိတ်မဝင်စားပါဘူး…

ကျတော်တို့ အကျဉ်းချုပ် မေးခွန်းလေး ထုပ်ပြီး ဖြေကြည့်ကြပါစို့လား။ ကျတော်က စပြီး ဖြေပေးထားပါမယ်၊ စာဖတ်သူ မိတ်ဆွေ သူငယ်ချင်း အားလုံးလဲ ဖြေကြည့်စေချင်ပါတယ်။ သူမှန်တယ် ငါမှားတွေ ဆွေးနေနေတာထက် မေးခွန်းလေးကို ဖြေကြည့်တာက တူတူရာလေးတွေ ဆွဲထုတ်ပြီး အဖြေကို ပိုပြီးတော အမြန်ရနိုင်မလားဆိုတဲ့ အတွေးလဲ ဝင်လာမိတာကြောင်းပါ။
မေး၊ ။ တိုင်းရင်းသားတွေ လိုချင်တာ၊ လိုအပ်နေတာ ဘာလဲ။
ဖြေ။ ။ အတိုချုပ်ပဲ ဆိုရပါသော် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ပါ… သူတို့ဒေသ၊ သူတို့စာပေ၊ သူတို့ယဉ်ကျေးမူ့၊ သူတို့ သမိုင်း စာတာတွေကို လွတ်လပ်စွာ ဖန်တီးနိုင်ရန်နှင့် ဖယ်ဒရယ်မူအတိုင်း ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ပိုင်ခွင့်ပါပဲ။

မေး။ ။ အုပ်ချုပ်သူ တွေ ဘယ်လို လုပ်သင့်သလဲ။
ဖြေ။ ။ အုပ်ချုပ်သူတွေ အနေနဲ့ ဖယ်ဒရယ်မူကို လိုက်နာပြီး ပြည်နယ်အလိုက် ချထားတဲ့ သက်ဆိုင်ရာ ဗမာ အုပ်ချုပ်သူတွေကို ဖယ်ရှားပြီး၊ ပြည်နယ် အစိုးရမှ ရွှေးချယ်တင်မြောက်တဲ့ ဒေသခံ လူမျိုး အုပ်ချုပ်သူဖြစ်အောင် ဖန်တီးပေးရေးပါ။

မေး။ ။ အုပ်ချုပ်သူ မဟုတ်တဲ့ သာမှန် ဗမာလူမျိုးတွေ အနေနဲ့ တိုင်းရင်းသားတွေ အပေါ် ဘယ်လိုမြင်သင့်သလဲ။
ဖြေ။ ။ တိုင်းရင်းသားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးလိုက်တာဟာ၊ သူတို့ရဲ့ ရပိုင်ခွင့်ကို သူတို့ကို ပေးအပ်လိုက်တာပါပဲ၊ သူတို့ဟာ ခွဲထွက်ချင်ကြလို့ မဟုတ်ဘူး၊ သူတို့ဘဝ တိုးတက်ရေးအတွက် သူတို့ ကိုယ်တိုင် ဖန်တီးလိုကြတယ် ဒါဟာ ကောင်းမြတ်တဲ့ အကျင့်လက္ခဏာပဲ လို့ယူဆသင့်ပါတယ်။

မေး။ ။ လူမျိုးတိုင်းမှာ ကိုယ်ပိုင် စစ်တပ်ရှိသင့်ပါသလား။
ဖြေ။ ။ ကျတော် အပေါ်မှာ ပြောခဲသလိုပါပဲ လူမျိုးတိုင်းမှာ သူတို့ လူမျိုးနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကိုယ်စီ ရှိသင့်ပါတယ် ဒါဟာ အချင်းချင်း ရန်ဖြစ်ရန် မဟုတ်ဘဲ၊ လူ့တွေရဲ့ သဘာဝအရ ခိုအောင်းနေတဲ့ အားနည်းသူကို လှံစိုက်ချင်တဲ့ စိတ်ကို ထိမ်းချုပ်ဖို့ အတွက်တာပါပဲ…

တခြား မေးခွန်းများ လိုအပ်တယ်ဆိုရင်လဲ ထပ်ဖြည့်ပြီး ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေသွားပေးစေချင်ပါတယ်… ပိုမိုထွက်ရှိလာတဲ့ မေးခွန်းတွေ အတွက် ကျတော် ကိုယ်တိုင်လဲ ဝင်ရောက် ဖြေဆိုသွားပါမယ်…
ခင်မင်လေးစားစွာဖြင့်
မောင်ဇော်ရီ

11 comments

  • ရွာစားကျော်

    April 12, 2012 at 12:54 pm

    ပထမဆုံး အနေနဲ့ အသက်ပေးတယ်ဆိုတာကို လူမျိုးရေးအငြင်းပွားနေတာတွေရဲ့ အဖြေလို့ ကျနော်မဆိုလိုခဲ့ပါကြောင်း အထူးပြောချင်ပါတယ်
    တခြားတိုင်းရင်းရင်းသားတွေက အဘဖောထောက်ပြထားသလို ဗမာတွေပြန်တောင်းပန်လို့ စိတ်ပြေမလား ကျနော်တောင်းပန်နိုင်တယ်၊ သူကြီးပြောသလို အချင်းချင်းကျေးဇူးအပြန်အလှန်တင်ရင်း ချစ်ကြည်ရင်းအောင်လုပ်မလား ထောက်ခံတယ်..
    အဲလောက်နဲ့ မကျေနပ်ကြလို့ အနိုင်ကျင့်ခဲ့ဖူးတဲ့ ဗမာလူမျိုး တချို့ အသက် စတေးပေးခဲ့ပါက ပြေလည်ရာဆိုလည်း ကျနော်ပိုင်တဲ့ အသက်နဲ့ သန်း ၆ဝ ကျော်သော မြန်မာလူမျိုးတွေ အေးချမ်းရေးအတွက် ပြည်ထောင်စုကြီး တည်တံ့ရေးအတွက် ကျနော်ထည့်ဝင်ပေးဆပ်ချင်တဲ့ အတတ်နိုင်ဆုံး၊အများဆုံးပမာဏကို စိတ်ရင်းနဲ့ လှစ်ပြခဲ့ခြင်းပါဗျာ..

    • ဇော်ရီ

      April 12, 2012 at 1:54 pm

      ဟုတ်ပါတယ် ကိုရွာစားကျော်… တိုင်းရင်းသားတွေ ဘက်က ဗမာ လူမျိုးက အုပ်ချုပ်သူ လူတစ်စုအတွက် အခုလို ပေးဆပ်မူ့တွေ အနစ်နာခံမူတွေ လိုချင်တာမဟုတ်ကြဘူးဆိုတာရေ… တိုင်းရင်းသားတွေမှာ ကလဲ့စားချေလိုစိတ်မရှိဘဲ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုခြင်း သာဖြစ်ကြောင်းကို ဦးတည်ပြီးရေးထားတာပါ…

      တိုင်းရင်းသားတွေက ဗမာ ဆိုတဲ့ လူမျိုးနာမကို အသုံးပြုပြီး အုပ်ချုပ်သူတွေအစား ဗမာလူမျိုးက ဖိနစ်တယ်လို့ အမြင်တွေကို တချို့သော ဗမာတွေက ငါတို့ လုပ်တာ မဟုတ် အုပ်ချုပ်သူတွေ လုပ်တာ ဗမာတွေလဲ ခံရတာပဲကို ဗမာလို့ သုံးရလားဆိုတာတွေ စသည့် စသည့် အချင်းချင်းပတ်ပြီး ငါမဟုတ် သူဟုတ်တယ် သူမဟုတ် ဟိုသူဖြစ်တယ် ငြင်းနေကြမဲ့အစား ဪ ဒါဟာ ဒါကြောင်းဖြစ်ရတာ… ဆိုတဲ့ တစ်ဦးအပေါ် တစ်ဦး နာလည်ပေးမူတွေ တည်ဆောက်နိုင်ရေး ကိုလည်းရည်ညွန်းပါတယ်….

      တကယ်တန်းမှာတော အုပ်ချုပ်သူတွေက အချင်းချင်း ပတ်ရန်တိုက်ခဲတာပဲ ဖြစ်ပါတယ်… အဲဒီအတွက် ဗမာနှင့်တကွ မြန်မာပြည်ထဲက အုပ်ချုပ်သူ အသိုင်းအဝန်းက လွဲပြီး ကျန်တဲ့သူ အကုန်လုံး ခံစားရတဲ့ ဒုက္ခတွေပါ… ဒါကို အုပ်ချုပ်သူတွေ အနေနဲ့ အမြင်မှန်ရပြီး ကိုယ့်အသိုင်းအဝန်း တစ်ခုစာ ကောင်းစားရေးအတွက် မဟုတ်ဘဲ တတိုင်းပြည်လုံး ကောင်းစားရေ အတွက် ဖယ်ဒရယ်မူကို လက်ကိုင် ကျင့်သုံးစေချင်ပါကြောင်းကို ရေးရတာပါ….

  • (၁)မေး၊ ။ တိုင်းရင်းသားတွေ လိုချင်တာ၊ လိုအပ်နေတာ ဘာလဲ။
    ဖြေ။ ။ အတိုချုပ်ပဲ ဆိုရပါသော် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ပါ… သူတို့ဒေသ၊ သူတို့စာပေ၊
    သူတို့ယဉ်ကျေးမူ့၊ သူတို့ သမိုင်း စာတာတွေကို လွတ်လပ်စွာ ဖန်တီးနိုင်ရန်နှင့် ဖယ်ဒရယ်မူအတိုင်း
    ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ပိုင်ခွင့်ပါပဲ။
    (၂)မေး။ ။ အုပ်ချုပ်သူ တွေ ဘယ်လို လုပ်သင့်သလဲ။
    ဖြေ။ ။ အုပ်ချုပ်သူတွေ အနေနဲ့ ဖယ်ဒရယ်မူကို လိုက်နာပြီး ပြည်နယ်အလိုက် ချထားတဲ့ သက်ဆိုင်ရာ
    ဗမာ အုပ်ချုပ်သူတွေကို ဖယ်ရှားပြီး၊ ပြည်နယ် အစိုးရမှ ရွှေးချယ်တင်မြောက်တဲ့ ဒေသခံ လူမျိုး
    အုပ်ချုပ်သူဖြစ်အောင် ဖန်တီးပေးရေးပါ။
    ————————-
    သဘောကျလို ့ကူးယူပြီးပြန်မန် ့လိုက်ပါတယ်နော့်။

  • San Hla Gyi

    April 12, 2012 at 6:32 pm

    ကိုဇော်ရီရေ ခင်ဗျားဟာ ကျနော်ထင်သလိုပဲ တော်တော်သဘောထား ပျော့ပျောင်းတာတွေ့ရလို့ .ဝမ်းသာတယ်ဗျာ။ ကျနော်နဲ့ တွေ့ဘူးတဲ့လူတွေ တော်တော်ပြင်းထန်တာ တွေ့ဘူးတယ်။ ဗမာတွေ တောင်းပန်နေတာကို လက်မခံနိုင်တာလည်း တွေ့ဘူးတယ်။ ဒီလိုဆိုရင် ခင်ဗျား နဲ့ ကျနော် ဆက်ပြီး အဆင်ပြေပြေနောက်ပိုင်း ဆက်ဆွေးနွေးဖြစ့်တော့ မယ်ဗျ။ ဝမ်းသာပါတယ်ဗျ။

    • ဇော်ရီ

      April 12, 2012 at 10:12 pm

      အခုုလိုု ကျတော့ အပေါ် သဘောထား ပျော့ပျောင်းသူလိုု့ မြင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်… တခါတလေ ဆွေးနွေးတဲ့အချက်မှာ ကြမ်းတမ်းတဲ့ စကားလုုံး မဟုုတ်သော်လဲ နားခါးတဲ့ စကားလုုံးတွေလဲ ပါကောင်း ပါတတ်ပါတယ်… အချိန်အခါအရ ခါးသက်တဲ့အရသာကိုု ထည့်ပြီး ရေးရတဲ့ အခြေအနေမျိုးမှာပါ… အဲဒါတွေ ပါလာခဲရင်လည်း နားလည် ခွင့်လွတ်ပေးစေလိုုပါကြောင်း မေတ္တာရပ်ခံထားပါရစေ…

      မတူတဲ့ အမြင်လေးများ ရှိနေရင်လဲ ဝင်ရောက် ပြောပါ ဆိုုပါ ပြင်သင့်တာတွေ တွေ့ခဲလဲ အားမနာတန်း ဝေဖန်နိုုင်ပါကြောင်းလဲ ပြောထားပါရစေ… ကျတော်ဟာ ခါးသက်တဲ့ အရသာကိုု တခါတလေ သုုံးတတ်သလိုု ကျတော့အပေါ်လဲ ခါးသတ်တဲ့အရသာပေးစွမ်းတဲ့ အပေါ်မှာလဲ အပြစ်မယူ ဒေါမာန်မထ တတ်ပါဘူး… ဒါကြောင့် လွတ်လပ် ပေါ့ပါးစွာ ဆွေးနွေးနိုုင်ပါတယ်… ဖိတ်ခေါ်ပါတယ်…

  • Patriotic Burma

    April 12, 2012 at 10:12 pm

    It’s not about our races.It’s mainly concerned with our government.The article posted by FR is
    too pessimistic about the argument between Myanmar People and other races in our country a long time ago.Maybe he’s a racist.Anyway, I totally agree with u Ko Zawyee.I also like the opinion of Ywarsarkyaw’s article.His opinion about the argument is also same with mine. By the way, I’m a new member of Gazette Village and pls forgive me if there is any mistake in my comment.

    • ဇော်ရီ

      April 13, 2012 at 8:21 am

      လက်ရှိ ဒီမိုကရေစီအစိုးရ ဆိုတဲ့ အခု လက်ရှိ သင်္ကြန်အတွက် ရိုးရာ ဓလေ့ကို မေးခွန်းထုတ်ပြီး… သူဆန္ဒအတိုင်း လုပ်ဖို့ပြောတဲ့ ကျတော့ မွေးရပ်မြေ ပုဏ္ဏားကျွန်း မှာ ဖြစ်ပျက်ခဲတာလေးကို ပေးဖတ်ချင်ပါတယ်…

      တကယ်တန်းတော ပြည်နယ်တွေကို သွားရောက် တာဝန်ကျနေတဲ့ အုပ်ချုပ်သူတွေအနေနဲ့ ဆွေမျိုးအသိုင်းအဝန်းနှင့် ခွဲခွာ ထွက်လာရတာပါ… အဲလိုမဖြစ်ရအောင် သူ့ဒေသမှာပဲ သူ့တို့ကို နေရာပေးလိုက်၊ ပြည်နယ်တွေမှာ သူတို့ ဒေသခံတွေကို နေရာပေးလိုက် ဆိုတော၊ သူရိုးရာ သူဖေါ်ထုတ်ရင်း ဘာမှ ပြဿနာမရှိ ငြိမ်းချမ်းနေမှာပါ…

      ပုဏ္ဍားကျွန်း ရခိုင်ရိုးရာ သင်္ကြန် မေးခွန်းထုတ်ခံရ

      ပုဏ္ဏားကျွန်းမြို့တွင် လွန်ခဲ့သောအပတ်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ဦးစီးပြီး ပြုလုပ်ခဲ့သည့် ရခိုင်ရိုးရာ သင်္ကြန် ဖြစ်မြောက်ရေး အစည်းအဝေးတွင် ရခိုင်ရိုးရာ သင်္ကြန်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

      “အဲဒီနေ့က အစည်းအဝေးကို ဌာနဆိုင်ရာ ဦးစီးများနဲ့ မြို့ပေါ် ရှိ ရပ်ကွက် (၄)ခုမှ အုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက မြန်မာရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပမယ်ဆိုပြီး ဆွေးနွေးတဲ့ အခါ တစ်ချို့က ရခိုင်ရိုးရာ ဓလေ့ထုံးစံ အတိုင်း နံ့သာသွေး၊ ဘုရား ရေသပ္ပါယ်ပြီးမှ သင်္ကြန်ပွဲတော်ကို ကျင်းပမယ်ဆိုတော့ ဦးညီညီအောင်က ဘုရား ရေမသပ္ပါယ်ဘဲ ရေကစားရင် ဘာပြဿနာ ရှိသလဲလို့ မေးပါတယ်” ဟု ပြောသည်။

      အပြည့်အစုံကို ဒီမှာ သွားရောက် ဖတ်ကြည့်နိုင်ပါတယ်… -> http://www.narinjara.com/detailsbur.asp?id=3923

      • San Hla Gyi

        April 13, 2012 at 6:55 pm

        ကိုဇော်ရီရေ ခင်ဗျားအဲဒီလို ပြောတဲ့အတွက် ဝမ်းသာပါတယ်ဗျ။ ခင်ဗျားမေးတဲ့ မေးခွန်းကိုတော့ ကျနော်ရေးတဲ့ ပို့စ်မှာများ ဖြေနိုင်မလားပဲ။ ဒါပေမယ့် ရာနှုန်းပြည့် တော့အာမမခံနိုင် သေးဘူးပေါ့ဗျာ။ နှစ်ပေါင်းများစွာ ဖြစ်တဲ့ဒီအနာကို ဆောင်းပါးလေးတပုဒ် လောက်နဲ့ပြေလည် မယ်ထင်ရင်လည်း ကိုယ့်ကိုကိုယ် အထင်ကြီးရာကျမှာပေါ့။ သိပ်တော့ မထင်ပေမယ့် ကြိုးစားကြည့်အုံးမယ်။ ဒါပေမယ့် ခင်ဗျားပေးတဲ့ လင့်ခ်ကတော့ လူမျိူးရေးမုန်တီးမှုများ တယ်ထင်တယ်။ ဦးညီညီအောင်ကို ကျနော်လူချင်းတောင် သိလေသလားပဲ။ သိပ်တော့ တိုင်းရင်းသားမုန်းတီးရေးတို့ လူမျိုးရေးတို့ မရှိရှာဘူးထင်တယ်ဗျ။ ရိုးလဲရိုးသားတယ်ထင်တယ်။ ဒါပေမယ့် ကိုယ်တိုင် မြင်ရတာမဟုတ်လို့ အပိုင်တော့ မပြောနိုင်ဘူးပေါ့ဗျာ။ နောက်တော့ ဆက်ဆွေးနွေးတာပေါ့ဗျာ။

        • ဇော်ရီ

          April 13, 2012 at 7:53 pm

          အကိုု့ရဲ့ အမြင်လေးကိုု အခုုလိုု ချရေးပေးခဲတဲ့ အတွက် ကျေးဇူးတင်ပါတယ်… ဝမ်းလည်းသာပါတယ်… မေးခွန်းတွေအတွက် အဆင်ပြေသလိုု ဖြေဆိုုနိုုင်ပါတယ်… လိုုအပ်တာရှိရင်လည် ဖြည့်စွပ်နိုုင်ပါတယ်…

          ဟုုတ်ပါတယ် ကျတော်တိုု့ ပြောကြတယ် ဆိုုကြတယ် ဒါတွေဟာ အုုပ်ချုပ်သူဆီ ရောက်ဖိုု့က အလမ်းဝေးပါတယ်… ဒါကြောင့်လဲ အုုပ်ချုပ်သူတွေကြောင်း ကျတော်တိုု့ ငြင်းမနေချင်ပါဘူး… သိုု့သော်လဲ သူတိုု့နားထဲများ ရောက်လေမလား ဆိုုတဲ့ မေ ျှာ်လင့်ချက်လေးနဲ့ ရေးမိကြပြန်ပါတယ်…

          ကိုုယ့်ကိုုကိုုယ်တော အထင်ကြီးစေချင်ပါတယ်… အထင်ကြီးတယ်ဆိုုတာ ဘဝမြင်တာကိုု ဆိုုလိုုတာတော မဟုုတ်ပါဘူး… ကျတော်ယုုံကြည်ပါတယ် အကိုုစွမ်းနိုုင်လိမ့်မယ်လိုု့… နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ အနာကိုု တခါတလေမှာ ဘာမှ မဟုုတ်တဲ့ ဆေးလေး တစ်ခုုနဲ့ ကောင်းသွားရင် ကောင်းသွားတတ်ပါတယ်… ဒီလိုုပါပဲ အကိုုကစားဖူးမလားမသိဘူး… စတုုဂံကိုု မျဉ်းကြောင်းဆွဲပြီး ပုုံဖေါ်တဲ့ ဂိမ်းလေး ဆိုုရင် ပထမ တစ်ဆင့်ချင်း တက်သွားပြီး နောက်ဆုုံး မေးခွန်းလေး ကျတော ၉ဝ ရာခိုုင်နှုုန်းသော ကစားတဲ့သူတွေက အဖြေကိုု ရှာရ ခက်ခဲလွန်းကြပါတယ်… ဘာလိုု့လဲဆိုုတော အဲဒီ သူတွေက ရှေ့က ကစားခဲတဲ့ လက်ကျန်တွေနဲ့ ဆင့်ပွားစဉ်းစား နေကြလိုု့ပါပဲ.. ပြေလည်ခဲတဲ့သူတွေက ရှေ့က ဖြစ်ပျက်တာတွေ မေ့ပြီး ဂိမ်းကိုု အစကနေ တွေးလိုုက်တော မျဉ်းဖြောင့်လေး ၆ ကြောင်းလေး ဆွဲလိုုက်တာနဲ့ အဖြေက ရနေခဲပါတယ်… အကိုု့ ဆောင်းပါး အတွက်လဲတစ်ခုုလောက် အကြံပြုပါရစေ… မြန်မာပြည်ရဲ့လွတ်လပ်ရေး ရပြီးကတည်းက အခုုအချိန်ထိကိုု မေ့ပစ်လိုုက်ပြီး လွတ်လပ်ရေး ယူတဲ့နေ့ကိုု ပြန်သွားပြီး.. ရိုုးရှင်းစွာ တွေးပြီး ရေးကြီးပါလိုု့ အကြံပြုလိုုက်ပါတယ်…

          ကျတော် ပေးတဲ့ လင့်က ကျတော့ အမြင်မှာတော လူမျိုးရေး မုုန်းတီးကြောင်း သိပ်မတွေ့မိပါဘူး… ပါကောင်းပါပါလိမ့်မယ် ကျတော် မမြင်တာလဲဖြစ်နိုုင်ပါတယ်… အဲဒီ ထဲက သတင်းနန့်ပတ်သတ်ပြီး လူမျိုးရေး မုုန်းတီးစေတဲ့ အကြောင်းအရာတွေ ပါနေတယ်ဆိုုရင် အဲဒါကိုု ထောက်ပြပြီး ကျတော်နဲ့ ဆွေးနွေးစေလိုု့ပါတယ်… ရခိုုင် လူမျိုး လုုပ်ထားတဲ့ သတင်းမိုု့ မှားနေရင်လဲ သူ့ဘက်က မပါပါဘူး မှားတဲ့အကြောင်း ထောက်ပြမှာက ကျတော့ရဲ့တာဝန်ပါ… မှားမမှားဆိုုတာကိုုတော တစ်ယောက်တည်း အမြင်မဟုုတ်ဘဲ အမြင်မတူတဲ့ သူတွေနဲ့ ဆွေးနွေးပြီးတော အဖြေရှတွေ့နိုုင်မယ် ထင်ပါတယ်…

          အမှန်အတိုုင်းပြောရရင် ကျတော်တိုု့ မြို့လေးက ထွက်လာခဲတာ ကြာပါပြီ.. ဒါပေမယ့် အုုပ်ချုပ်ရေး ပိုုင်းနဲ့ ပြဿနာဖြစ်တာ ကျတော်တိုု့ မြို့မှာ နည်းပါးလှပါတယ်… မရှိသလောက် နီးနီးဆိုုပါတော… ဒါပေမယ့် စစ်တပ် ရောက်လာပြီး နောက်ပိုုင်းမှာတော စစ်တပ်နဲ့ပဋိပက္ခလေးတွေတော ရှိတတ်ကြပါတယ်… ဒီနေ့ပဲ သူငယ်ချင်းဆီက သိရပါတယ်… ပုုဏ္ဏားကျွန်းမှ ၅၅ဝ တပ်ရင်းမှူးအပါအဝင် စစ်သား ၁၁ဝ ဒုလ္လဘ ရဟန်းခံပါတယ်တဲ့… ဒီ ကောင်းမူ့ အတွက် သာဓုု အပြည့်အဝ ခေါ်ဆိုုပါတယ်…

          ဒီလိုုပါပဲ ဦးညီညီအောင်ကိုုလဲ ကျတော်က လုုံးလုုံးကြီး အပြစ်တင်လိုုခြင်းမဟုုတ်ပါ… သူအနေနဲ့အထက်ကပဲ ဗမာ ရိုုးရာအတိုုင်း ကျင်းပစေဖိုု့ အမိန့်ရှိမရှိ မသိပါဘူး သိုု့သော်လဲ သူဟာ ဒေသခံတွေရဲ့ ရိုုးရာ ယဉ်ကျေးမူ့ကိုု အပြည့်အဝ မသိနိုုင်ပါဘူး… ဒါကြောင် မေးတာလဲ ဖြစ်ကောင်းဖြစ်နိုုင်ပါတယ် ဒါကြောင့် ကျတော့ အပေါ်က comment မှာ ဦးညီညီအောင်လိုု့ လည်းကောင်း အုုပ်ချုပ်မူ့ အတွက် အနယ်နယ် အရပ်ရပ်မှာ ချထားတဲ့ သူတွေကိုု သူတိုု့ရဲ့ ဇာတိ မြို့ရွာတွေမှာ နေရာပေးစေပြီး ပြည်နယ်တွေထဲက အုုပ်ချုပ်သူတွေကိုုလဲ အဲဒီပြည်နယ်သူ ပြည်နယ်သား ဖြစ်တဲ့သူကိုု ထားစေချင်ကြောင်း စကားဦး ခံထားခဲတာပါ…

  • တောတွင်းပျော်

    April 14, 2012 at 3:02 pm

    ဒီလိုပိုစ်မျိုးကောင်းတယ်။ အရည်လည်းရ အဖတ်လည်းရ……
    လက်မထောင်ခဲ ့တယ်။

  • Gipsy

    April 14, 2012 at 3:33 pm

    အင်း..ဒါလဲ ဘယ်သူ့ကဗျာလေးလည်းမသိဘူးဗျ.. သိမ်းထားတာကြာပီဆိုတော့….
    ………………………..
    ချစ်ပင် မုန်းပင်
    ဤနှစ်ပင်
    လူတွင်မစိုက်နဲ့
    မျိုးစေ့ မေတ္တာ
    မြေသစ္စာ မှာ
    ချကာစိုက်ပျိုး
    ရေကြည်ထိုး၍
    ပြုံးပန်းရင်မှာ
    ပွင့်စေသတည်း…..

Leave a Reply