Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂေဇက်ချစ်သူများစာပေဆု (ဇူလိုင်လ)

padonmarAugust 14, 201214min107767

CJ ကြီး ကထူးဆန်းက ရံပုံငွေ အငြိမ့်ပွဲ မကြည့်လိုက်ရတဲ့သူတွေ အတွက် Link လေးပေးပါလို့ တောင်းဆိုထားလို့

မန်းဂေဇက် ချစ်သူများစာပေဆုပေးပွဲ (ဂျုလိုင်လ)
https://myanmargazette.net/143974/creative-writing

အချိန်-၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ရက် တနင်္ဂနွေနေ့ နံနက် ၈ နာရီ

နေရာ-အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး၊နေပူတော်

Air A.K.S Pazin ပိုင် Pazin One (Air Force One နှင့် တည်ဆောက်မှုပိုင်းတွင် ချွတ်စွပ်တူ၍ အမည်သာကွဲသော)

လေယာဉ်ကြီး ဟာ မူလသတ်မှတ်ထားတဲ့ အချိန်အတိုင်း ဆိုက်ရောက်လာပါတယ်။ လေယာဉ်မှူးကြီး Mr.Cobra ဟာ လေယာဉ်မှူးခန်းမှ ထွက်ပြီး သူ့ရဲ့ဘော့စ်ဖြစ်တဲ့ A.K.S Group of Companies ရဲ့ ဥက္ကဋ္ဌကြီးMr.  Alexander Kennedy Swe ကို ချစ်ခင်လေးစားစွာ အလေးပြုလိုက်ပါတယ်။ဒီလေဆိပ်ကနေပဲ သူ့ရဲ့ဘော့စ်ပြန်အလာကို  စောင့်နေရမှာဖြစ်ပါတယ်။

ဟုတ်ပါတယ်၊သူ့ရဲ့ဘော့စ်ဟာ လွန်ခဲ့တဲ့ ၂၄နှစ်က မြန်မာပြည်ကနေဆယ်တန်းအောင်ပြီးစ ၁၈နှစ်ရွယ် ကျောင်းသားလေး အောင်ကျော်ဆွေ အဖြစ်နဲ့ ထွက်ခွာခဲ့ပြီး ဗြိတိန်နိုင်ငံမှာ စားသောက်ဆိုင်ဝန်ထမ်းလေးဘဝမှ ရိုးသားကြိုးစားခဲ့လို့ AKS Gourmet Corner အမည်နဲ့ စားသောက်ဆိုင်များ၊ AKS Petrolium အမည်နဲ့ ဓာတ်ဆီဆိုင်များ အပြင်  AKS Pazin International Air Line ကိုပါပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အာဏာရပါတီတိုင်းကို ငွေကြေးထောက်ပံ့တဲ့အတွက် ဗြိတိန်ဘုရင်မကြီး ကွင်းအယ်လဇ်ဇဘက်က ယော့ရှိုင်းယားနယ်စားဘွဲ့  ချီးမြှင့်ခြင်းခံထား ရပါတယ်။

မြန်မာပြည်ကို မပြန်ရတဲ့ လွမ်းဆွတ်မှုတွေကို ဖြေဖျောက်ဖို့ မန်းဂေဇက်ကို မအားလပ်တဲ့ကြားက ဖတ်ရှုအားပေးနေရာကနေ မန်းဂေဇက်ချစ်သူများ စာပေဆုချီးမြှင့်မယ့် သတင်းဖတ်အပြီးမှာ ဝမ်းသာတက်ကြွစွာနဲ့ ဒေါ်လာတစ်သိန်းကို ရက်ရက်ရောရော မတည်ပေးခဲ့ပါတယ်။  ဆုပေးပွဲကြီး ကျင်းပချိန်မှာတော့ ချစ်သောမြန်မာပြည်ကို ပြန်ဖို့ ဗီဇာလည်း ကံကြီးစွာရပြီဖြစ်တဲ့အတွက် မိတင်တွေ ပို့စပုန်း လုပ်ပြီး စာပေဆုချီးမြှင့်ပေးဖို့ အချိန်ကိုက်ရောက်လာပါတယ်။

ဇာတ်ဆရာကြီးဦးဦးပါက မင်းသမီးတွေနဲ့ အဖွဲ့ကို Mr.AK Swe ရောက်ရင် လေးစားချစ်ခင်မှုကိုပြတဲ့အနေနဲ့ အဘဆွေလို့ ခေါ်ခိုင်းပါတယ်။  အဘဆွေရဲ့ လေယာဉ်ကြီးဟာ မင်္ဂလာဒုံလေဆိပ်ရဲ့ ပြေးလမ်းမဆန့်အောင် ကြီးမားတဲ့အတွက် နေပူတော်လေဆိပ်မှာ လာဆင်းရတာဖြစ် ပါ တယ်။

ကြွေသားလိုဖွေးဖွေးဖြူဆွတ်နေတဲ့ ကုတ်အကျီနဲ့ ဘောင်းဘီ ကိုဝတ်ဆင်ကာ ဗြိတိန်ရဲ့ တော်ဝင်နှင်းဆီနီလေးတစ်ပွင့်ကို ကုတ်အကျီအိတ်မှာ ထိုးစိုက်ထားတဲ့ ယော့ရှိုင်းယားနယ်စားကြီး အဘဆွေဟာ Pazin  One လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာဘဲ လေယာဉ်လှေခါးနားထိလာကြိုပေးတဲ့ ယာဉ်မောင်း Mr.Intro မောင်းတဲ့ BMW ကားပေါ်တက် အသည်းနှလုံး ရှိကြောင်းထောက်ခံစာပြပြီး နေပူတော်အမြန်လမ်းက  တစ်နာရီမိုင် ၁၂ဝ နှုန်း နဲ့ မောင်းနှင်လာနေပါတယ်။

ညောင်လေးပင်နားအရောက်မှာ ကားလမ်းပေါ်ကျော်နေတဲ့ ရေတွေကိုတွေ့လိုက်ရပါတယ်။ ဂူဂယ်နယူးစ်ကနေ ရေကြီးတဲ့ သတင်းဖတ်ပြီးတဲ့ အဘဆွေဟာ အမြော်အမြင်ရှိလှစွာနဲ့ စပိဘုတ်တစ်စင်း အရံသင့်စီစဉ်ခိုင်း ထားတာကြောင့် အဆင်ပြေသွားပါတယ်။အချိန်နည်းနည်းတော့ ဖင့်သွား တာပေါ့။  ကိစ္စမရှိပါဘူး။ နေပူတော်နဲ့ရန်ကုန် မိုင် ၂၀ဝ အတွက် နေ့လည် ၁၂နာရီတိတိမှာ စတင်မယ့် အခမ်းအနား အမီသွားဖို့ ၄ နာရီတောင် အချိန်ပေးထားတာပဲ။ ကိုကိုသန်ဒါ မောင်းလာတဲ့ အဘဆွေရဲ့ စပိဘုတ်ဟာ ရေပြင်ကျယ်ကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်ကျော်ပြီးသကာလ နေ့လည် ၁၁ နာရီမှာ ရေပြင်အဆုံးသတ်ရာ ပဲခူးဘူတာကိုရောက်ရှိလာပါတယ်။

ကျန်နေသေးတဲ့လမ်းပိုင်းကို သစ်လွင်ခန့်ညားနေတဲ့ မမ (မြန်မာ့မီးရထားပါ သတ်ပုံ မမက အဘဆွေ အနည်းငယ်နောက်ကျမယ်လို့ ဗိုင်ဘာနဲ့ အကြောင်းကြားလိုက်တဲ့အတွက် ဆုပေးပွဲပြီးမှ ကရမယ့်အစား အစီ အစဉ် ရှေ့တိုးပြီးကပြနေ ပါတယ်)စီးပြီး ကွမ်းခြံဘူတာကြီးကို ဆိုက်ရောက်လာတဲ့အချိန်မှာ မွန်းတည့် ၁၂နာရီရှိပါပြီ။

အင်တာနက် မတ်စိ်တွေအရ ကြိုတင်စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်များနဲ့(အဲဒီသတင်းထောက်တွေက ကိုမြတ်ကျော်လို အတွင်းလူမဟုတ်တော့ ပွဲကို ဝင်ပြီးသတင်းယူခွင့်မရရှာဘူး၊ညွတ်ညွတ်ညွတ်-ခရက်ဒစ်တူ ကိုဖိုးထောင်) ပန်းစည်းကမ်းတဲ့ ပရိသတ်ကြီး ကို နေကာမျက်မှန်အမည်း ကုတ်အကျီင်္မည်းမည်းဝတ်ထားတဲ့ ဗလကောင်းကောင်း သက်တော်စောင့် ၁ဝယောက်က တွန်းဖယ်ပြီး ရာဇဝင်လူဆိုးမောင်းပေးမယ့်  ကြူကြူသင်း(QQ3)ကားပေါ်တင်ပေးလိုက်ပါတယ်( ဒါကတော့ ပြန်ပေးဂိုဏ်းရန်ကလွတ်အောင် ပုံမှားရိုက်တာပါ)

ရာဇဝင်လူဆိုးဟာ ကြူကြူသင်းလေးကို ကျွမ်းကျွမ်းကျင်ကျင်မောင်းလာတာ လှည်းတန်းမီးပွိုင့်ရောက်လာပါတယ်။ ခုံးကျော်တံတားဆောက်ဖို့ ပြင်ဆင်နေလို့ ကျဉ်းမြောင်းနေတဲ့ လမ်းမှာ ပါရမီနဲ့ အဓိပတိဘတ်စကားကြီးတွေက ယာဉ်ကြော၂ခုလုံးပိတ်ထားတဲ့အတွက် ရာဇဝင်လူဆိုးဟာ မတိုးသာတော့ပါဘူး။ နေ့လည် ၁နာရီမှာ လှည်းတန်းမီးပွိုင့်က လွတ်လို့ ပြည်လမ်းမကြီးပေါ်မှာ အရှိန်နဲ့ မောင်းလာရာက အင်းယားကန်အလွန် IBC ရှေ့ကနေ ဦးထုပ်ဖြူ၊အကျီင်္ဖြူ၊ဘောင်းဘီပြာနဲ့ လူတစ်ယောက်က လက်တားလာပါတယ်။

အဘဆွေက“ဘာများအရေးတကြီး ဒုက္ခရောက်နေပါလိမ့်၊ရပ်ပြီးကူညီလိုက်ပါကွာ”လို့ အပြော ရပ်ပေးလိုက်တဲ့ ကားဘေးမှာ လက်တားတဲ့သူက လိုင်စင်၊ဝှီးတက်လေးပြပါတဲ့။ သူ့ရဲ့ ဒုက္ခကို ရာဇဝင်လူဆိုးက ကူညီအပြီးမှာ ဆက်လက်ပြီး အခမ်းအနားကျင်းပမယ့် လှိုင်သာယာက Diamond City Shopping Mall ကို ဦးတည်မောင်းလာပါတယ်။

(မှတ်ချက်၊ ဆီဒိုးနားမှာ ကျင်းပလို့ရပေမယ့် ဦးဦးပါက ပွဲအပြီးဝါဆိုထမင်းလေးကျွေးချင်ပါတယ်လို့ အဆိုပြုလာတာကြောင့် လှိုင်သာယာမှာ စီစဉ်ရတာဖြစ်ပါတယ်)

အင်းယားလေးကနေ ပါရမီလမ်း၊မင်းဓမ္မလမ်း၊ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အရှိန်နဲ့မောင်းလာတဲ့ ကြူကြူသင်းလေးဟာ သမိုင်းခုံးကျော်တံတားက အဆင်းမှာ ရှေ့ကရှင်လောင်းလှည့်သလို တန်းစီနေတဲ့ ကားတန်းကြီးဲကိုတွေ့လိုက်ရပါတယ်။  ဘုရင့်နောင်မီးပွိုင့်မှာ လကမာ္ဘက ချိုင့်ဝှမ်းကြီးတွေ ထဲ ခေါင်းချင်းဆိုင်ပြီးဝှေ့နေတဲ့ ကျွဲကြီးတွေလို ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေကြတဲ့ ကားတွေကြား တစ်လက်မတောင် မရွေ့တော့ တာနဲ့ နေ့လည် ၃နာရီထိုးသွားပါပြီ။

(ပွဲမှာလည်း မင်းသမီးချစ်မမ၊မင်းသမီး လတ်ခင်ခင်တို့အလှည့်တွေပြီးလို့ ခေါင်းဆောင်မင်းသမီး တစ်ပြည်လုံးပြန်နှင်းဝေဝေ ဖြေဖျော်နေရပါပြီ။)

အဘဆွေ မကြံသာတော့ဘဲ ဘန်ကောက်မှာရှိတဲ့ သူ့ရဲ့ Air AK Pazin ရုံးကို ဖုန်းခေါ်ကာ Rescue Chopper ခေါ်လိုက်ရတော့ပါတယ်။  Chopper ဟာ နာရီဝက်အတွင်းရောက်ရှိလာပြီး အဘဆွေကို ကြူကြူသင်းလေးနဲ့တကွ မကာ အခမ်းအနားကျင်းပမယ့် Diamond City Shopping Mall ရှေ့ကွက်လပ်ကို ချပေးလိုက်ပါတယ်။

(တံတား Toll Gate ပေါ်က Chopper & QQ 3 အဖြတ်မှာ တံတားကြေးကောက်သူတွေက QQ3 ယာဉ်ငယ်မို့ ၁၅ဝ ကောက်ရမလား၊ Chopper အတွက်ပါ ပေါင်းပြီး ၃၀ဝ ကောက်ရမလား အငြင်းပွားနေကြပါတယ်)

ဒီအချိန်မှာဘဲ အဘဆွေနဲ့ မရှေးမနှောင်း China Southern Air Line နဲ့ ရောက်လာတဲ့ စိနတိုင်းက ကိုရင်မောင်ဟာ ၁၉နှစ်သမီးလေးကို အဖော်ခေါ်ပြီးရောက်လာပါတယ်။သမီးက အားကစားလုပ်ရာက ထလိုက်လာရတဲ့အတွက် ခါးလှည့်တဲ့ ကွင်းကြီးလက်မှာဆွဲလို့။

ဒီလိုဘဲ  China Air Line စီးပြီး မြေပဲကျွန်းကလာတဲ့ ကိုအောင်ကလည်း ဇနီးသည်လက်ဆွဲပြီးဝင်လာပါတယ်။  သူတို့ကတော့ ရန်ကုန်လေဆိပ်တင် ဆင်းပေမယ့် အဘဆွေလို  ချော့ပါ မစီးနိုင်တော့ သမိုင်းခုံးကျော်ကနေ လှိုင်သာယာထိလမ်းလျှောက်လိုက်ရလို့ မောနေကြပါတယ်။

အဘဆွေ ကြူကြူသင်းထဲက အထွက် ရွာ့ဓာတ်ပုံဆရာတွေ အပြေးလာပြီး တဖျပ်ဖျပ် ရိုက်နေကြစဉ်မှာဘဲ သတင်းထောက်မြတ်ကျော်က အဘဆွေကို ခုမှဘဲ သာေးကာင်တွေ့ရတော့တယ်ဆိုပြီး ဝမ်းသာအားရအင်တာဗျူးပါတော့တယ်။

“အခုလို ဆုပေးပွဲကြီးကို မတည်ပေးရတာ ဘယ်လို ဝမ်းသာပီတိဖြစ်ရပါသလဲခင်ဗျာ” အမေးမှာ အဘဆွေက ဆူညံနေတဲ့ အသံတွေကြားမှာ မကြားရတာကြာပြီဖြစ်တဲ့ ဗမာစကားကို နားမလည်နိုင်တဲ့အတွက် သူဖြေချင်ရာ “I’m sorry.I’m late”  လို့ဘဲ ပင်ပန်းနွမ်းနယ် စွာ ဖြေလိုက် ပါတော့တယ်။သူ့စိတ်ထဲလည်း ဒါဘဲပူနေတာကိုး။

မြတ်ကျော်က ဆက်ပြီး သမီးလေးမျက်နှာနဲ့ ကိုရင်မောင်ဖက် မိုက်ကိုထိုးပေးလိုက်ပါတယ်။

ကိုရင်မောင်က “မိထူး”လို့ဖြေလိုက်ပါတယ်။

ဘေးက ကိုအောင့်ဇနီးက ကိုအောင့်ခါးကိုတို့ပြီး ရှင်လည်း ဝင်ဖြေလေလို့ တွန်းလိုက်ပါတယ်။ဒါနဲ့ ကိုအောင်လည်း မြတ်ကျော်လက်ထဲက မိုက်ကိုဆွဲပြီး “အေးမိစံ”လို့ပြောလိုက်ပါတယ်

(မှတ်ချက်-ကိုအောင့်သမီး နာမည်က အေးမိစံပါ)

မြတ်ကျော်လည်း ဂျာပွန်လိုပြောလိုက်တာဖြစ်မှာဘဲဆိုပြီး “အာရိဂတော”လို့ ခါးလေးညွှတ်ပြောလိုက်ပါတယ်။

ဒီအချိန်မှာ ဦးဦးပါနဲ့ ကြိုဆိုရေးလူကြီးများရောက်ရှိလာတာကြောင့် ဆက်မဗျူးနိုင်တော့ပါဘူး။

အဘဆွေဟာ အခုဆိုရင် ဆုပေးပွဲကျင်းပရာ စင်မြင့်ဆီကို ကော်ဇောနီပေါ်က လျှောက်လှမ်းလာပါပြီ။

စင်မြင့်ပေါ်ကို ခန့်ငြားစွာတက်လာပါပြီ၊

ဒူးလေးညွှတ်ပြီးပေးလိုက်တဲ့ ချာတူးလန်ရဲ့ လက်ထဲက စာအိတ်ကိုယူပြီး မနောဖြူလေး ရဲ့ အလှဆုံးအပြုံးနဲ့ ကမ်းပေးတဲ့ ရွှေကပ်ကျေးနှင့် ဖွင့်ဖောက် ဖတ်ကြည့်ရင်း ပရိသတ်ကို တစ်ပတ် လှည့်ကြည့်လိုက်ပါတယ်။

ပြီးတော့မှ စင်ပေါ်မှာ တန်းစီရပ်နေကြတဲ့ ဆန်ကာတင် ၁ရယောက်ထဲက ဝင့်ပြုံးမြင့် ရှေ့မှာရပ် အိတ်ကပ်ထဲက ခရီးကြမ်းကြောင့် နွမ်း သွားပြီဖြစ် တဲ့  တော်ဝင်နှင်းဆီလေးကို တယုတယ (ဆူးစူးမှာစိုးလို့) ဆွဲထုတ်ပြီး ဝင့်ပြုံးမြင့်လက်ထဲထည့်ရင်း “ကိုယ်လည်း ၄ဝ ကျော်ပါကွယ်၊ မင်းရဲ့ ကွဲနေတဲ့ အသည်းကို ကိုယ်ရဲ့မေတ္တာရေဖျန်းပြီး လန်းဆန်းစေချင်ပါတယ်” လို့ပြောလိုက်ပါတယ်။

စင်ရဲ့ ညာဖက်က ကာလသားတွေက တရွှီရွှီ လက်ခေါက်မှုတ်ကြပါတယ်။

စင်အောက်မှာကြည့်နေတဲ့  ဝင့်ပြုံးမြင့်ရဲ့ အိမ်ကအဝယ်တော်ကြီးကတော့ ဆေးဆိုးတဲ့ငါးပိနဲ့ မျှစ်တွေ စားရလွန်းလို့ မျက်စိမှုန်ပြီးသူ့မိန်းမလက်ကို အဘဆွေဆွဲတာ မမြင်ပါဘူး။  ဝင့်ပြုံးမြင့်က အလန့်တကြား လက်ကိုရုန်းတော့ ဦးဦးပါက “အဘဆွေ၊မှားမယ်နော်။ သူအသည်းကွဲတာက အစားအသောက်တွေ ဆေးဆိုးလို့”ဆိုတော့မှ အဘဆွေလည်း ရှက်ရှက်နဲ့ “ကျ..ကျနော် ဝတ္ထုရေးမလို့ ဒီလို စာသားလေးလှသလားမေးတာပါ” လို့ ပြောလိုက်ရပါတော့တယ်။

ဆက်လက်ပြီး အစီအစဉ်အရ လူရွှင်တော်ကြီးများက ဆုရနဲ့ ဆန်ကာတင်များရဲ့ ပို့စ်အမည်နဲ့ မှတ်ချက် အကြံပြုချက်တွေ ကို အောက်ပါ အတိုင်း ဖတ်ပြကြပါတယ်။

 

July Result

No.

Author

Post Title

Post Link

Point

Head Count

1

ဝင့်ပြုံးမြင့်

၄ဝ ကျော် ကျမရဲ့

အသည်းကွဲ တမ်းချင်း

https://myanmargazette.net/137385

14

5

2

ကောင်းမြတ်ထွဋ်

ဒေတာသူခိုးများ

(Data natchers)

https://myanmargazette.net/139993

9

3

3

surmi

မန်းဂေဇတ်၏

ရံပုံငွေ လောလုံးပြိုင်ပွဲ

https://myanmargazette.net/140154

8

4

4

စံလှကြီး

မိဘမဲ့ကလေး

တဦးကို မွေးစားခဲ့ခြင်း

https://myanmargazette.net/137880

6

3

5

ဘုန်းကျော်

ကုမ္မဏီတိုင်း

အမြတ်အစွန်းကိုပဲ

အာရုံမစိုက်သင့်ပါ

https://myanmargazette.net/139408

6

3

6

TTNU

အားသွားပြီလား

သူငယ်ချင်း

https://myanmargazette.net/138823

3

1

7

ဧရာ လှိုင်း

မှတ်သားစရာ

ကျန်စေမယ့်

ဇာတ်သဘင်..သို့

https://myanmargazette.net/140746

3

1

8

etone

အလုပ်ခွင်အတွင်းမှ

လူမသိ ၊ သူမသိ ဆုံးရှုံးမှုများ

https://myanmargazette.net/140801

3

2

9

သကြားလုံးကြော်

ရင်လေးစရာ

အမွေတွေကိုဘာ

လုုပ်သင့်သလဲ

https://myanmargazette.net/133848

2

1

10

ကြောင်ကြီး

ဒုတိယသမဒရွေးဗွဲ

Selection

https://myanmargazette.net/136148

2

1

11

Surmi

surmi ငါးပိထောင်းနေသည်

https://myanmargazette.net/137565

2

2

12

အံစာတုံး

လေလံပွဲ

https://myanmargazette.net/139554

2

1

13

Kyeemite

ကြီးမိုက် အိုသွားသောအခါ..

https://myanmargazette.net/140247

2

1

14

aye.kk

လူဟာလူလိုသိဘို ့ရာအတွက်

https://myanmargazette.net/140425

2

1

15

ရှူံးနိမ့်မှုများနဲ့..လူ

အိပ်ယာဝင်ပုံပြင်

https://myanmargazette.net/138625

1

1

16

Blackchaw

ချို ပေါ့ ကျ (July)

https://myanmargazette.net/139945

1

1

17

Mocho

ဟန်းဖုန်းနဲ့ ဒရိုင်ဘာ

https://myanmargazette.net/140243

1

1

18

htet way

သည်းခံတတ်သော

တောက်ပမျက်ဝန်းများနဲ့

အလှဆုံးပြုံး မယ်
( ညီမလေး ဖတ်ဖို့)

https://myanmargazette.net/141273

1

1

 

အကောင်းဆုံး ဆုရတဲ့ပို့စ်နဲ့ ဆန်ကာတင်တွေရဲ့ ပို့စ်တွေအတွက် အကဲဖြတ်ဒိုင်တွေရဲ့ မှတ်ချက် အကြံပေးချက်တွေကို

လူရွှင်တော်ကြီးများက အလှည့်ကျ ဖတ်ပြကြပါတယ်။

https://myanmargazette.net/137385/mandalay-gazette-2/editors-choice

၄ဝ ကျော် ကျွန်မရဲ့ အသည်းကွဲတမ်းချင်း

ဝင့်ပြုံးမြင့်Jul 12, 2012 Editor’s Choice, My Dear Diary

ပရို အရေးအသားဆိုတာ ဘာလဲကိုပြသွားတာပါ ။ အရမ်း သိသာပါတယ် ။

အကြောင်းအရာ ၊ ဆွဲဆောင်ပုံ ၊ အဆုံးသတ်ပုံ ၊ အကုန်ကောင်းပါတယ်

စာဖတ်သူကို ဈေးသို့ ရောက်အောင် ခေါ်သွားနိုင်သည့် အပြင် ကွက်ကွက်ကွင်းကွင်းမြင်စေပါသည်။ ယခု လက်ရှိ အချိန်အပြင် အဖိုး အဖွားတို့ခေတ် ကိုပါ ခေတ္တပြန်ခေါ်သွားပေးနိုင်ပါသည်။ ကိုးရီးယား ယဉ်ကျေးမှု့ လွှမ်းမိုးမှု့အားလည်း စာတစ်ကြောင်းတည်း နှင့်  မြင်သာအောင်  သတိပေးသွားသည်မှာ အတုယူဖွယ်ကောင်းလှပါ်သည် ။

ဆွဲဆောင်မှု ရှိသော ခေါင်းစဉ်

– ပြေပြစ်ချောမွေ့သော စကားပြေ နှင့် တင်ပြပုံကောင်းမွန်ခြင်း

– ရသ စာပေ မဟုတ်သော်လည်း ရသပါဝင်အောင် ရေးဖွဲ့နိုင်ခြင်း

– အကြောင်းအရာ ကောင်းမွန်သည့်အပြင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အရေးကြီးခြင်း

– စားသုံးသူ အခွင့်အရေးကို မီးမောင်းထိုးပြသော စာတစ်ပုဒ်

– ဆင်ခြင်ဝေဖန်တတ်သော အမှားကို အမှားဟု တင်ပြရဲသော စာပိုဒ် အဆုံးသတ်

ဖတ်မိသူတိုင်း အသည်းကွဲစေလောက်တဲ့ အကြောင်းအရာရွေးချယ်မှု၊

ပရိုဆိုတာ ဒါဘဲလို့ပြောရလောက်တဲ့အရေးအသားပြေပြစ်မှု

ဖတ်မိသူတွေကတဆင့် စားသုံးသူတွေအခွင့်အရေးကာကွယ်တဲ့ အဖွဲ့အစည်းတွေထွက်ပေါ်လာအောင် တိုက်တွန်းပေးနိုင်မှု(အနည်းဆုံးတော့ သတိနဲ့စားကြတော့မယ်)

ကွန်မန့် ၈၅ ခုနဲ့ လက်မပေါင်းများစွာရတဲ့ လူကြိုက်များမှု)

သတ်ပုံအမှားတစ်ခုမျှမတွေ့ရမှု အပြင် စာအဖြတ်အတောက်ကလည်းရှင်းလင်းမှု

ဒေတာ သူခိုးများ   – ကောင်းမြတ်ထွဋ်

https://myanmargazette.net/139993/computers-technology/business-office-software-graphic-software-internet-software-utilities-operating-systems-software-web-development-software

– တိကျသေချာစွာဖြင့် အချက်အလက်များကို စုဆောင်းတင်ပြနိုင်မှု

– ဆန်းသစ်သော လှျို့ဝှက်သော အကြောင်းအရာ ကို ဖွင့်ထုတ်တင်ပြနိုင်မှု

– အင်တာနက်အသုံးပြုသူများ သတိထားသင့်သည်ကို ဆင်ခြင်သင့်သည်ကို သတင်းပေးနိုင်မှု

– ခေတ်သစ် အိုင်တီ စီးပွားရေးများ ကမာ္ဘကျော် ဖေ့စ်ဘွတ် အပါအဝင် အချို့သော အင်တာနက်စာမျက်နှာများ၏ ငွေရပေါက်ရလမ်းကို နားလည်စေနိုင်မှု

– နည်းပညာအကြောင်းအရာကို နားလည်စေရန် လွယ်ကူရှင်းလင်းသော စကားပြေအရေးအသား

စသည်တို့ကြောင့် အကြိုက်ဆုံး စာပုဒ်အဖြစ် ဆန္ဒပြုပါသည်။

အကြောင်းပြချက်ကတော့ တခုတည်းရှိပါတယ်

၁နှစ်လုံးနေလို့ သည်လိုပိုစ့်တခု ဖတ်ရဖို့ ခက်ခဲလွန်းလို့

တန်ဖိုးမြင့်လွန်းလို့ ရွေးတာဖြစ်ပါတယ်….

သည်ပို်စ့် အကြောင်း ..ထပ်မံ ဂုဏ်ပြု ရရင် ..

ယခု (ကျနော် အပါအဝင်)ရွေးချယ်ရေးအဖွဲ့ ဝင်

တွေအားလုံး ရေးနို်င်မယ့် ရေးတတ်မယ့်

အနေအထားမှာ မရှိတဲ့.. ပိုစ့်ဖြစ်လို့ ရွေးလိုက်ပါတယ်ဗျို့.

ကွန်းမန့်နည်းသော်လည်း စာဖတ်သူ ကျွန်တော်ကိုယ်တိုင်  ရင်းနှီးကျွမ်းဝင်မှု မရှိသေးသည့် အကြောင်းအရာဖြစ်ခြင်း…၊

နည်းပညာဆိုင်ရာ အကျိုးပြု ပိုစ့်ကောင်းတစ်ပုဒ်ဖြစ်သည်ဟု ယူဆမိခြင်း

မန်းဂေဇက်၏ရံပုံငွေ ဘောလုံးပြိုင်ပွဲ
https://myanmargazette.net/140154/creative-writing

Posted by surmi on Jul 25, 2012

1။  လက်ရှိမန်းလေးဂေဇက် တွင်လက်ရှိဖြစ်ပျက်နေသောအကြောင်းအရာများ

ထင်ဟပ်နေခြင်း။

2။  အမှန်တကယ်ရှိနေသောရွာသူားများ၏အမည်များကိုသုံးစွဲထားသော်လည်း

စိတ်ဆိုးစရာဖြစ်အောင်ဖန်တီးမထားခြင်း

3။ ဖတ်လေ တွေးလေ စိတ်ထဲတွင် သဘောကျ၍  ရီရလေဖြစ်အောင် ရေးဖွဲ့နိုင်စွမ်းရှိခြင်း

4။ စာရေးသားရာတွင် ဆက်ဖတ်ချင်အောင် ရေးနိုင်ခြင်း

ကိုဆာမိရဲ့ ဘောလုံးပွဲ-

အခုရွာထဲမှာခေတ်စားနေတဲ့ မိုးပြာနဲ့ ထေရဝါဒတိုက်ပွဲ ကို ခေတ်မီမီရေးထားတဲ့ အကြောင်းအရာ

ပါးစပ်တောင်စေ့မရတဲ့ အရေးအသား(လက်တို့ပြီးဖတ်ခိုင်းရတယ်)

ရွာထဲကိစ္စဆိုတော့ အများအကျိုးရှိမှုမှာ အမှတ်ပြည့်မပေးနိုင်

တစ်ရွာလုံးကို ဘောပွဲထဲအချိုးကျကျထည့်လိုက်တော့ လူအားလုံးကြိုက်(တစ်ရွာလုံးကရွာသူသားတွေ အကြောင်းရေးတဲ့ ပို့စ်တွေထဲ တိုတိုနဲ့ထိထိမိမိအရှိဆုံး)

သတ်ပုံမမှားတဲ့အပြင် လိုအပ်တဲ့နေရာ bold လုပ် အပိုဒ်ခွဲတော့ ပိုရှင်းလင်း

ဒီစာကို ဖတ်ခြင်းဖြင့် ဆာမိရဲ့ ရွာသက်ကို ခန့်မှန်းလို့ရပါတယ်။

ကွန်မန့်ပေါင်း ၆၈ ခု၊ လက်မပေါင်း ၁၃ ခုနဲ့ ရွာသူားတွေ အားပေးခဲ့တဲ့ ပိုစ့်လည်း ဖြစ်ပါတယ်။

ရွာသူားတွေကို သူ့နေရာနဲ့သူ အပိုအလိုအရှိ ကွက်တိစီစဉ်သွားတာ အကြောင်းအရာ အချိတ်အဆက်မိမိနဲ့ အရေးအသား ပြေပြစ်ချောမွေ့တာတွေကို သဘောကျပါတယ်။

မိဘမဲ့ကလေး တဦးကို မွေးစားခဲ့ခြင်း                                       Posted by San Hla Gyi on Jul 14, 2012 in Drama, Essays.., Short Story

https://myanmargazette.net/137880/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

မိဘမဲ့ ငှက်ကလေးကို ကောက်ယူ စောင့်ရှောက်ခဲ့ပြီး လူ နဲ့ တိရိစ္ဆာန်ကြား ဖွဲ့နှောင်ခဲ့တဲ့ သံယောဇဉ် ကို ရေးပြထားတဲ့ ဝတ္တုတိုလေး ဖြစ်ပါသည်။

ရုပ်ရှင်ဇာတ်လမ်း လေး တစ်ခု ကို ကြည့်နေရသလို မျက်စိထဲ မြင်လာပြီး ခံစား ရအောင် ရေးဖွဲ့ နိုင်တဲ့ အတွက် ရွေးချယ်ပါသည်။

ဘယ်လိုကလေးလေးများမွေးစားပါလိမ့်လို့ သိချင်စိတ်ဖြစ်စေတဲ့ အကြောင်းအရာနဲ့ ခေါင်းစဉ်

အရေးအသားကလည်း သူ့ကြင်ဖက်လေးခေါ်လာပြီး ဘာဖြစ်မလဲလို့ ဆွဲဆောင်သွား၊

အများအကျိုးရှိမှုမှာတော့ အမှတ်ပြည့်မရ၊

လူကြိုက်တာမှာတော့ ဆရာမကြီး တီတီနုကိုတောင်ဆွဲဆောင်နိုင်ပါတယ်။

သတ်ပုံလည်း မမှားဘူး။

ကုမ္မဏီတိုင်း အမြတ်အစွန်းကိုပဲ အာရုံမစိုက်သင့်ပါ

-https://myanmargazette.net/139408/business-economy

Posted by phone_kyaw on Jul 21, 2012 in Business & Economics, Know-How, DIY

မှတ်ချက်။            ။ ပြည်ပက ရွှေတူးဖေါ်ရေးကုမ္ပဏီကြီးတခုရဲ့ စံနစ်ကျနတဲ့ လုပ်ငန်းစဉ်တွေ၊ စည်းကမ်းတွေ၊ တာဝန်ယူမှု့တာဝန်ခံမှု့တွေကို ရေးပြထားတဲ့ဒီဆောင်းပါးဟာ လက်ရှိမြန်မာပြည်တွင်းက သယံဇာတ တူးဖေါ်ထုတ်လုပ်နေတဲ့လုပ်ငန်းတွေအတွက် အတုယူစရာကောင်းလှတယ်လို့ ထင်မြင်မိပါတယ်။ ခေတ်ကာလအခြေအနေလိုအပ်ချက်နဲ့ကိုက်ညီပြီး အချက်အလက်တွေကို စီစဉ်တကျတင်ပြထားမှု့ကိုလဲ သတိထားမိလို့ ကြိုက်မိတဲ့စာတပုဒ်အဖြစ် ရွေးချယ်ရပါတယ်

https://myanmargazette.net/category/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

အလုပ်ခွင်အတွင်းမှ လူမသိ ၊ သူမသိ ဆုံးရှုံးမှုများ

etone

အငြင်းပွားဘွယ်ရာ အချက်များရှိနို်င်သော်လည်း လုပ်ငန်းခွင်များတွင်

အမြဲတမ်းဖြစ်ပေါ်နေသောပြဿနာများကို ပြတ်သားစွာတင်ပြထားသည့်

အတွက်နှစ်သက်ခြင်းဖြစ်ပါသည်

မြန်မာနိုင်ငံအတွင်းမှ အလုပ်သမားလူတန်းစားများ လုပ်ငန်းခွင်အတွင်းအန္တရာယ်ရင်ဆိုင်ရမှုကို

ထင်သာမြင်သာအောင်မီးမောင်းထိုးပြနိုင်သောပိုစ့်ဖြစ်ခြင်း။

https://myanmargazette.net/139945/creative-writing

ချို ပေါ့ ကျ (July)

blackchawon Jul 24, 2012 in Contributor, Columnist, Creative Writing,Editor’s Choice,

Myanma News, News, Opinions & Discussion, Photography, Travel

ခေါင်းစဉ်ပေါင်း မြောက်များစွာ ပါဝင်ပေမယ့် ၊ တခုချင်းစီတိုင်းမှာ သေချာရှင်းလင်းညွှန်းဆိုပေးခဲ့ပါတယ် ။

စာရေးသူရဲ့ သာသာလေး အသောအထေ့ ရေးသားပုံကိုလည်း ကြိုက်နှစ်သက်မိပါတယ်

သကြားလုံးကြော်ရဲ့ ရင်လေးစရာ အမွေတွေကို ဘာလုပ်သင့်သလဲ

https://myanmargazette.net/133848/uncategorized-other/copypaste

ရှေးဟောင်းအမွေအနှစ်တွေကို မသိနားမလည်မှုကြောင့် ဆုံးရှုံးမသွားရလေအောင် သတိပေးထားတာမို့ သဘောကျမိပါတယ်။

ကျမတို့ ပုဂံကို ရောက်ဖူးပေမယ့် အဲလိုအတွေးအမြင်မျိုး မရခဲ့ပါဘူး။

အတွေးအခေါ်ရော အရေးအသားကိုပါ ကြိုက်ပါတယ်။

အစားထိုးမရနိုင်တဲ့ အဖိုးတန် ရှေးဟောင်းအမွေအနှစ်တွေကို ဦးပါပြောသလို မျောက်ဝင်ဆော့လို့ မပျက်စီး မဆုံးရှုံး စေချင်ပါဘူး။

ဟန်းဖုန်းနဲ့ ဒရိုင်ဘာ (ရေးသူ – မိုချို)

https://myanmargazette.net/140243/creative-writing

ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ခု၏ မိုဘိုင်းဖုန်းပြသနာများမှ ကားမောင်းရင်းဖုန်းပြောခြင်းကြောင့် ဆုံးရှုံးသွားသောအသက်များနှင့် ကြုံတွေ့နိုင်သောအမှုများကို ထင်သာမြင်သာအောင်ရေးသား နိုင်သည့်လူထုအကျိုးပြုပိုစ့်တစ်ခုဖြစ်ခြင်း။

ထက်ဝေးရဲ့ သည်းခံတတ်သော တောက်ပမျက်ဝန်းများနဲ့ အလှဆုံးပြုံးမယ် (ညီမလေးဖတ်ဖို့)

https://myanmargazette.net/141273/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

လောကမှာ တွေ့ကြုံလာရတဲ့ လောကဓံနဲ့ ဘဝပေးအခြေအနေတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်အောင်၊ ရင်ဆိုင်တတ်အောင်၊ ရင့်ကျက်အောင် အသိပညာပေးတဲ့ ဆောင်းပါလေးမို့ သဘောကျမိပါတယ်။

အကြံပေးချင်တစ်ခုက- စာကြောင်းခွဲပြီး စကားပြောတွေကို ` ´ ကြားထဲမှာ ထည့်ပေးမယ်ဆိုရင် ဖတ်ရသူတွေအတွက် ရှင်းလင်းလွယ်ကူသွားပြီး စာကပိုမို ဆွဲဆောင်မှုရှိသွားပါလိမ့်မယ်။

မှတ်သားစရာ ကျန်စေမယ့် ဇာတ်သဘင်..သို့                                 Posted by ဧရာ လှိုင်း on Jul 28, 2012 in Poetry

https://myanmargazette.net/140746/creative-writing/poetry-songs

လူ့ဘဝ ကို ဇာတ်ပွဲ ကဲ့သို့ တင်စား ဖော်ကျူးထားသော ကဗျာ ဖြစ်ပါသည်။

ဖတ်လိုက်ရတဲ့ စာလုံး များက ကဗျာ ဆိုပေမဲ့ ပြောချင်တာကို မြင်ခဲ့ရပါသည်။

စာလုံးတွေ ဖောင်းပွ မနေဘဲ အသက်ပါအောင် အနှစ်ထုတ် ရေးနိုင်တာ ကိုလဲ မြင်ရပါသည်။

ကျွန်မ မှာ ကဗျာ ရေးဖွဲ့နိုင်သော စွမ်းရည် မရှိသောကြောင့် ထိုသို့ မြင်သာအောင် ရေးဖွဲ့နိုင်သော စွမ်းရည် ရှိသူ ကို အားကျမိ၍ အနှစ်သက်ဆုံး အဖြစ် ရွေးချယ်ပါသည်

“အားသွားပြီလားသူငယ်ချင်း”

-https://myanmargazette.net/138823/creative-writing/

Posted by TTNU on Jul 18, 2012 in Creative Writing, Drama, Essays..

မှတ်ချက်။            ။ (မအားသေးဘူး နောက်မှကွယ်) အမည်ရှိ ကဗျာကလေးကိုကျောရိုးပြု၍ ရေးသားထားသော တီချာနုရဲ့ ဆောင်းပါးလေးပါ။ (“မအားသေးဘူး” ဆိုတဲ့ ဆင်ခြေလေးတစ်ချက်ရှိလိုက်တာနဲ့ “နောက်မှကွယ်”ဆိုတဲ့ ငြင်းဖို့စကားထွက်လာတော့တာပါပဲ။) ဆိုတဲ့အချက်လေးကို မီးမောင်းထိုးပြရင်း လက်တွေ့ဘဝက နေ့ရွှေ့ညရွှေ့ အချိန်ရွှေ့နေမှု့များကို သတိပေးအသိဝင်စေခဲ့တာမို့ ကြိုက်မိတာပါ

surmi ငပိထောင်းနေသည်

https://myanmargazette.net/137565/creative-writing/

Posted by surmi on Jul 13, 2012 in Creative Writing, Food, Drink & Recipes

မှတ်ချက်။            ။ ငယ်စဉ်က အိမ်မှာ ငါးပိလုပ်ခဲ့ပုံလေးရယ်၊ အလွယ်ငါးပိလုပ်နည်းလေးရယ်ကို ခပ်သောသော ခပ်သွက်သွက်အရေးအသားနဲ့ ပုံဖေါ်သွားတဲ့ ပိုစ့်လေးပါ။ ကိုယ်တိုင်သေသေချာချာသိခဲ့ လုပ်ခဲ့တဲ့ကိစ္စမို့ အသေးစိတ်အစီအစဉ်တကျ ရေးပြသွားတာလေးကိုကြိုက်မိပါတယ်။

https://myanmargazette.net/140425/creative-writing/my-dear-diary

လူဟာလူလိုသိဘို ့ရာအတွက်”aye.kk

လူ့ဘဝနေ့စဉ်ဖြတ်သန်းမှု့အတွက် လိုအပ်ချက်ကိုရိုးရှင်းလွယ်ကူစွာရေးသားထားသောကြောင့်

နှစ်သက်မိပါသည်။

လူတိုင်းအခြေခံသိသင့်လိုက်နာသင့်သောအချက်များလည်းဖြစ်ပါသည်

ဒုတိယသမဒရွေးဗွဲ Selection- ကြောင်ကြီး |                                                Jul 6, 2012

https://myanmargazette.net/136148/society-lifestyle/aha-jokes

ဦးကြောင်ကြီး ထုံးစံအတိုင်း အထေ့ အငေါ့များ နှင့် ရေးသွားသည်မှာ များစွာသက်ဝင်လှသည့် အပြင် ဦးကြောင်ကြီး ရေးစဉ်တွင် အဆိုတင်သွင်းခံရမည့်သူ နံမည် ထွက်ပေါ်ခြင်း ထင်ကြေးပေးခံရခြင်းမရှိသေးပါ ။ ဦးကြောင်ကြီး  မှ အများ မတွေး ထား မထင်မှတ်သူ အား ရုတ်တစ်ရက် ရွေးချယ်လိုက် သည်မှာ ဦးကြောင်၏ ရသစာ ရေးခြင်း ပညာ အား ပြသလိုက် သကဲ့သို့ ပင် စစ်တပ်ကိုယ်စားလှယ်များမှ အဆိုတင်သွင်းခဲ့သူမှာ သတင်းပြေးနေသူများ မဟုတ်ဘဲ အခြားသူ တစ်ဦးဖြစ်နေခြင်းတို့မှာ ဦးကြောင်၏ သရော်စာ အား ပိုမို အသက်ဝင်သွားစေပါသည်။

အိပ်ယာဝင်ပုံပြင်

Posted by ရှူံးနိမ့်မှုများနဲ့.. လူ on Jul 18, 2012 in My Dear Diary | 26 comments

https://myanmargazette.net/138625/creative-writing/my-dear-diary

;သာယာတဲ့ အိမ်ထောင်စုလေး ကို ပြတာ အသက်ဝင်ရာကမှ သူဖန်တီးနေတဲ့ ဇာတ်ကောင်ပါဆိုပြီး အဆုံးသတ်ခဲ့တာကို သဘောကျခဲ့ပါတယ် ။ ဇတ်ထဲမှာ စီးဝင်မျောပါသွားတဲ့ အတွက် ဒီလို ဇတ်သိမ်းလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး ။  အငိုက်မိသွားပါတယ် ။

လေလံပွဲ

Posted by မဟာရာဇာ အံစာတုံးon Jul 22, 2012 in Creative Writing, Poetry

https://myanmargazette.net/139554/creative-writing

နေ့စဉ် ဖြတ်သန်းနေရသော ဘဝ ထဲက ရီရမလို ငိုရမလို အဖြစ်အပျက် ကလေးများ ကို သရော် သယောင် ရေးဖွဲ့ထားသော ချစ်စဖွယ် ကဗျာ လေး ဖြစ်ပါသည်။

သူ့စာလုံး တွေထဲက စာတစ်ပိုဒ်မှာ ကိုယ်ကိုယ်တိုင် ရဲ့ အဖြစ်အပျက် များ လို ဖြစ်နေတာမို့ သဘောကျစွာ ရွေးချယ်ခဲ့ပါသည်။

ဒီလို ကြေငြာအပြီးမှာတော့ အဘဆွေက စာပေဆုပေးပွဲအဖွဲ့သားများ အားလုံးကို သစ်သီးခြင်းပေးအပ်ပြီး ဓာတ်ပုံများရိုက်ကြပါတယ်။

အခမ်းအနားအစီအစဉ်အားလုံးအပြီး ဦးဦးပါက သူ့ရဲ့ နာမည်ကျော် ဝါဆိုထမင်း၊ချဉ်ပေါင်ဟင်းနဲ့ ငပိထောင်းစပ်စပ် လေး ကြွားဖို့ရာ

အားလုံးပဲ ထမင်းစားသွားကြရအောင်လို့ ဖိတ်မန္တကအပြုမှာ  အပြင်က အသံကြီး တစ်သံကြားလိုက်ရပါတော့တယ်။

အဲဒီအသံကတော့

တစ်နှစ်သုံး ၊ထမင်းကုန်ပါပြီဗျိုး

67 comments

  • Mလုလင်

    August 14, 2012 at 12:43 am

    ဖတ်ပြီး ဘာမှတ်ချက် ပေးရမှန်း လတ်တလော စဉ်းစားမရဘူး ..။ .. သပ်သပ် ရပ်ရပ် ကိုလုပ်ထားတာမို့ … အပင်ပန်း ခံ နိုင်တာကို ချီးကျူးပါကြောင်း …။

  • padonmar

    August 14, 2012 at 12:51 am

    ဇယားက ကြော်ငြာနဲ့ရှုပ်နေတယ်။“အ” တွေက A ဖြစ်နေတယ်။
    ကြောင်ဝတုတ်ကတော့ပြောသား ၊DoPDF အသစ်ဒေါင်းပြီးသုံးပါဆိုတာ နားမထောင်မိလို့ ၊
    ပြင်လို့ရတဲ့သူပြင်ပေးကြပါအုံး။

  • TTNU

    August 14, 2012 at 1:07 am

    ပဒုမ္မာရေ…
    ဟိုတစ်ပုဒ်ကိုဖတ်ပြီးရယ်မိပြုံးမိပြီး
    အိပ်မှပဲလို့ အတွေး၊ ဒီတစ်ပုဒ်တွေ့ပြန်ရော။
    ပြုံးမိ၊ရယ်မိ၊တခိခိဖြစ်မိရာကနေ လုပ်နှိုင်လိုက်တာလို့
    လေးစားမိ၊ အားကျမိ၊ သွားရည်ယိုမိပါတယ်။ ( I envy you. ) ကို
    တိုက်ရိုက်ဘာသာပြန်တာပါ။ 😀

    • ဂန္ဓာရီ ဆြာအုပ်

      August 14, 2012 at 9:15 am

      ဟုတ်တယ်ဗျို့
      ဟိုတစ်ပုဒ်တောင် ဖတ်လို့ရီလို့မဝသေးဘူး
      ကောင်းပါ့ ….လေးစားပါတယ်ဂျို့

  • အဟဲ…. အိပ်ယာဝင်ပုံပြင်လေးက ကျွန်တော်အိပ်ယာမဝင်ခင်မှာ အမြဲမက်နေတဲ့ အိမ်မက်လေးကို ချပြခြင်းသာဖြစ်ပါကြောင်းနဲ့ ဇကာတင်မှာ နာမည်ထည့်ထားတာတွေ့မိလို့ ဝမ်းသာမိပါတယ် အန်တီပဒုမ္မာရေ..

    သို့သော်လည်း… တန်းဝင်စာပေတစ်ပုဒ်မဟုတ်ပါကြောင်း ..

  • အရီးခင်လတ်

    August 14, 2012 at 4:09 am

    အဘဆွေ ရဲ့ ပုံကို အတိအကျ ဖော်ပေးနိုင်တာဘဲ အစ်မပဒုမ္မာ ရေ။

    ဒီတစ်ခါ မှာတော့ တဟားဟား နဲ့ ကို ရီနေမိပါတယ်။
    မိထူး နဲ့ အေးမိစံ ကို ကြိုက်သရှင်။
    ဒီလို ရေးဖို့ ဉာဏ်က တော်ရုံနဲ့ မကွန့်မြူးနိုင်ဘူး နော်။
    ပရိတ်သတ်ကြီး လဲ ကျေနပ် သဘောကျ ကြမယ် ထင်ပါရဲ့။
    ပွဲဦးအထွက် ကောင်း လေးမို့ Big Congratulations! ပါ အစ်မရှင့်။ 🙂

    • padonmar

      August 15, 2012 at 8:02 pm

      မလတ်ရေ
      အဘဆွေကို မမြင်ဖူးပေမယ့် စိတ်ထဲက ရင်းနှီးပြီးသားမို့
      ခွင့်မတောင်းဘဲ ဇာတ်လိုက်ကြီးလုပ်လိုက်မိတယ်။
      သူ့နာမည်က akswe ကို ရမ်းသမ်းမှန်းပြီး နာမည်ပေးလိုက်တာပါ။
      သူကြီးရဲ့ မူနဲ့များငြိနေမလားလို့ (Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….)
      အဘဆွေကတော့ စိတ်မဆိုးလောက်ဘူးဆိုတာ သေချာပြီးသား။
      အသက်ကလည်း ဝင့်ပြုံးမြင့် ပို့စ်နာမည်နဲ့လိုက်အောင် ၄ဝ ကျော်ဖြစ်အောင် ရေးလိုက်ရလို့ အသက်ကြီးသွားတာ ခွေးလွှတ်ပါလို့ပြောပေးပါနော်။

  • pu ma

    August 14, 2012 at 7:15 am

    မကြာလေးရေ
    ဒီပွဲမှာကားကြော်ငြာပါသွားသလားလို့(QQ3)တဲ့….ဟဲဟဲနောက်တာနော်..
    အရမ်းဖတ်လို့ကောင်းပါတယ်၊ချီးကျူးပါတယ်မကြာလေးရေ
    ဆက်ရေးအုံးနော်

    • padonmar

      August 15, 2012 at 8:03 pm

      Pu ma ကို အပျိုဂျီးထဲ ထည့်ပေးရမလား၊အပျိုလေးထဲထည့်ပေးရမလား၊
      အလယ်က မိသားစုထဲထည့်ပေးရမလား။

  • padonmar

    August 14, 2012 at 7:37 am

    မလတ်/စိန်ဗိုက်ဗိုက်ရေ
    ဇယားကြီးထည့်တာ ကြည့်လုပ်ကြပါအုံး။
    Point /Head Count မမြင်ရတော့ပြန်ဘူး။
    ဝလုံးတန်းဒုက္ခ၊
    လုလင်လည်း မနက် ၂နာရီထိ စာပေးစာယူနဲ့ကူတာ ကျမဒုံးဝေးလို့ လက်လျှော့လိုက်ရပြီ။

    • ရဲစည်

      August 14, 2012 at 5:34 pm

      အန်တီပဒုမ္မာရေ
      ကျွန်တော်လဲ မနက်က ၃နာရီ ထိုးတဲ့အထိ တခါဝင်လိုက် ဖွင့်လိုက်
      မရတာနဲ့ ပြန်ထွက်လိုက် တော်တော် အလုပ်ရှုပ်တယ်ဗျို့ ခုမှဘဲ အေးဆေးဖတ်ရတော့တယ်

  • MaMa

    August 14, 2012 at 7:43 am

    အဖွဲ့အတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ စေတနာကတွေကနေ ယိုစီးထွက်လာတဲ့ စကားလုံးလေးတွေမို့ ပြောင်မြောက်လှပါဘိ။
    ထန်းတက်သမားကောင်း လက်မှတ်ရတယ်လို့တော့ မထင်ပါနဲ့။
    သူမတူအောင် ထူးချွန်ပြောင်မြောက်စွာ ဆုရစာရင်းကို ကြေညာပေးသွားလု့ိ ရာသက်ပန် အစီအစဉ်ကြေညာသူအဖြစ် တင်မြောက်ကြလိုသူတွေနဲ့ အတူ…..
    မီတူး 😀

    • Ma Ei

      August 14, 2012 at 9:22 am

      မမရဲ့ အဆိုကို ထောက်ခံပါတယ်…
      အထူး အစီအစဉ် ကြေညာသူ အဖြစ်
      ဆက်လက်ဆောင်ရွက်ပေးပါနော်…

  • ကိုရင်မောင်

    August 14, 2012 at 8:24 am

    ပဒုမ္မာရေ တတ်လဲတတ်နိုင်ပါပေ…
    ရယ်လိုက်ရတာ သူရေးမှဘဲ ကွင်းကြီးတကွင်းပါအဆစ်ပါလာရတယ်လို့
    အေးလေ ဒီပွဲမျိုးကလဲ တက်ရောက်ဘို့ကလွယ်တာမှတ်လို့…ဟဲဟဲ….
    အစီအစဉ်လေးကတော့အရမ်းသဘောကျတယ်ဗျို…..
    တို့ရွာသားတွေရဲ့စည်းလုံးချင်းကလဲအံမခန်းဘဲမဟုတ်ပါလား….

    • padonmar

      August 14, 2012 at 8:24 pm

      အဲဒီကွင်းကြီးက ကိုရင်မောင် ထည့်ပေးတာလေ။ဒီမှာကြည့်ပါလား

      http://myanmargazette.net/101807/creative-writing

      ထက်ဝေးအဆီကျ အသားကျစ်ဆေး သုတေသန အတွက် အကြံဉာဏ်တောင်းခံခြင်း
      ကိုရင်မောင် says:
      မိန်းခလေးတွေအဆီကျ ခါးလှချင်ယင်တော့
      ဗိုက်အဝိုင်းလှည့်တဲ့လေ့ကျင့်ခန်းလုပ်ကြည့်ပါလား
      ကြိမ်းသေအဆီကျ ခါးလှလာမှာအမှန်ပါ
      မျက်မြင်ကိုယ်တွေ့မို့ပါ
      အစားလဲရှောင်စရာမလိုပါ ရွာသူအပေါင်းတို့။။။

      ကိုရင်မောင် says:
      ဗိုက်အဝိုင်းလှည့်လို့ဗိုက်မှာဗိုက်ခေါက်မထွက်
      လေ့ကျင်ခန်းလဲလုပ်ပြီးသားဖြစ်သွားတာပေါ့
      ကျနော်သမီးကြီးဆိုဗိုက်အဝိုင်းလှည့်နေတာတွေ့လို့
      အကြံပေးလိုက်တာပါ…….

      • padonmar

        August 14, 2012 at 8:24 pm

        ကိုရင်မောင် says:
        ကျနော်သမီးကအသက်၁၉နှစ်ရှိပါပြီ
        သူ့ကိုသင်ပေးတဲ့အမဝမ်းကွဲက၃၅နှစ်ပါ
        အဝိုင်းလှည့်သင်တာ ရရက်လောက်နဲ့တတ်တယ်လို့
        ပြောပါတယ်..
        အဝိုင်းလှည့်တတ်တဲ့သူကိုမေးပြီးလက်တွေ့သင်ခိုင်းယင်
        တတ်မှာပါဆူးရေ
        သမီးကတော့အလုပ်ကပြန်လာယင်ရေမချိုးခင်လေ့ကျင့်ပါတယ်…

      • ဦးဦးပါလေရာ

        August 14, 2012 at 9:01 pm

        ဒါကတော့ မပဒုမ္မာ ပိုစ့်တွေကို ဘယ်လောက် အလေးအနက်ထားဖတ်တယ်၊ မှတ်မိတယ် ဆိုတာ ပြနေတာပါပဲ..။

        ဒီလောက်မှတ်မိတာ ကျုပ်ကို အံ့ဩယူရတယ်။

        • padonmar

          August 14, 2012 at 9:28 pm

          ဦးပါကလဲ
          ဒါက ကျမရေးတဲ့ ပို့စ်မှာ ကိုရင်မောင်မန့်ထားတာလေ။
          ဒါကြောင့် မှတ်မိတာပါ။
          ကျမလိုဘဲ သူများတွေလည်း ကိုယ့်ကိုမန့်တာလေးတွေတော့ မှတ်မိမှာပါ။
          ……..
          ဒီဂေဇက်ထဲမှာ ရေးကြတဲ့ မန့်ကြတဲ့ စာတိုင်းမှာ ပရိသတ်ရှိပါတယ်။

  • မောင်ပေ

    August 14, 2012 at 8:44 am

    အန်တီမာရဲ့ စာဖတ်အား
    ရွာသူရွာသားများရဲ့ကာရိုက်တာကို မှတ်နိုင်စွမ်းကတော့ first class ပါပဲ။ လေးစားပါတယ်။

  • လေပြေ ရှိုင်း

    August 14, 2012 at 8:55 am

    မြန်မာပြည် လာရတဲ့ခရီးက သည်းထိပ်ရင်ဖို ပါပဲ။ ဂျိမ်းစ်ဘွန်းကား ကြည့်နေရသလိုပါပဲ။ နေပူတော်မှသည် ခန်းမဆီသို့ တော်သေးတယ် ဒါတောင်မှ လကုန်လိုနေ့မျိုး ပိတ်ရက်နှစ်ရက်ခံတဲ့ နေ့မျိုးနဲ့ မကြုံလိုက်သေးလို့။ (မိုးလဲသဲထန်စွာရွာနေတဲ့ပုံမပေါ်ဘူး)။ စလုံး ဆလိမ် ဟုတ်ပါဘူး ယပလက်နဲ့ မလေးက သယ်ချင်းတွေကို (မြန်မာပြည်ရဲ့ ခရီးစဉ် အခြေအနေလေးတွေကို ဗဟုသုတ ရနိုင်စေခြင်းစေတနာဖြင့် ) ဒီစာလေးကို ဖတ်စေချင်လွန်းလို့ ခုပဲ ဗိုက်ဘာနဲ့ လင့်ခ်ပို့လိုက်တော့မယ်။

  • mocho

    August 14, 2012 at 8:58 am

    ဂေဇတ်ရဲ့ ပထမဆုံးအကြိမ် ဆုရွေး ခြယ်တဲ့ အကြောင်း အသိပေးတဲ့ ပိုစ့် ကို ဒီလိုမျိုး ဆွဲ ဆောင်မှု ကောင်း ကောင်း နဲ့ ဟဒယ နှလုံး ရွှင်ပြုံး စေတဲ့ ပုံစံမျိုး နဲ့ လာလိမ့် မယ်လို့ မထင်မိခဲ့ဘူး။ အန်တီ padonmar စိတ်ကူး ကောင်း လေး ကို တကယ်ပဲ ချီးကျူး မိပါတယ်။
    မိုချိုက တော့ ကိုယ့် နာမည် ကို စကာတင် ထဲ တွေ့ လိုက် ရ လို့ အံ့ ဩနေမိတယ်။

  • kyeemite

    August 14, 2012 at 9:03 am

    မင်းသမီးလေး ပဒုမ္မာရဲ့ အတွေးနဲ့အရေးကို
    ချီးမွန်းစရာ စကားလုံးတောင်ရှာမတွေ့ဘူးဗျာ..
    ဇတ်ကွက်ကလေးထဲ အခုလက်ရှိဖြစ်ပျက် တွေ့ကြုံခံစားနေကြရတဲ့
    ရေကြီးတဲ့ဘေး..ကားဂျမ်းဖြစ်လို့ နေ့စဉ်တွေ့နေရတဲ့ဒုက္ခ..လေးတွေကိုလှလှပပ
    ထည့်ရေးသွားတာ..တော်တော်ထိမိပြီး ဇတ်ထုတ်ကိုလည်း
    မိုမိုရုပ်ကြွ အသက်ဝင်စေပါတယ်…
    အချိန်တွေအများကြီးပေးပြီးကြိုးစားတင်ပြသွားတာ လေးစားပါတယ်ဗျို့…
    ၃ချောင်းမြောက် လက်မတစ်ချောင်းထောင်သွားပါဂျောင်းးးးးး။

  • surmi

    August 14, 2012 at 9:34 am

    ဘရာဗို ပါဗျို ့ ဆရာမနဲ ့ အစ်မပဒုမ္မာရေ ့
    ကျနော်ငါးပိအကြောင်း ရေးမိတာလဲ ဆရာမရဲ ့ပို ့စ်ကိုဖတ်မိပြီး သတိယသွားလို ့ပါ
    ဖတ်သူရေးသူအားလုံးကိုအသိပညာပေးပြီး အတုယူရမည် ့ပို ့စ်မို ့
    ဂုဏ်ယူပါတယ်ဆရာမရေ
    အစီအစဉ်တွေကလဲကောင်း သမို ့နောက်လအတွက်ပါစီစဉ်တင်ဆက်သူလုပ်ပေးဖို ့
    ထောက်ခံပါတယ်ဗျ ဒါနဲ ့ မင်းသမီးလဲ ဆက်လုပ်ပါဦးဗျ

  • ရွာစားကျော်

    August 14, 2012 at 9:37 am

    တီတီပဒုမ္မာရေ နှစ်ပို့စ်ပေါင်းပြီး လက်မထောင်အားပေးသွားပါတယ်ဗျာ..
    အတွေး အရေးက လန်းမလန်းပဲ….
    စာပေဆုရသွားတဲ့ ဆရာမဝင့်ပြုံးမြင့်ကိုလည်း ဒီနေရာကပဲ ကွန်ဂရက်ကျူလေးရှင်း လုပ်ပါတယ်..
    မန်းဂေဇက် စာပေဆုလေး အဓွန့်ရှည်ပါစေ…
    ဓားစွမ်းထက် ကလောင်စွမ်းထက်သူတွေ ဂေဇက်မှ မွေးထုတ်နိုင်ပါစေဗျာ..

  • metallic

    August 14, 2012 at 10:06 am

    ဘဝအမောတွေပြေပျောက်တာထက်ကို

    ပိုပြီးကျေနပ် နှစ်ခြိုက်မိပါတယ်

    ကြိုးပမ်းအားထုတ်နိုင်စွမ်းကို လေးစားလျက်

  • shwe kyi

    August 14, 2012 at 10:29 am

    အန်တီပဒုမ္မာရေ တော်ချက်။ ဖတ်ရင်းပြုံးနေမိတယ်။ အေးမိစံလည်းရောက်ရောရီချမိလိုက်ပါရော။
    သေသေချာချာစေ့စေ့စပ်စပ်ပုံဖော်ပေးသွားတာကောင်းလိုက်တာ။

  • weiwei

    August 14, 2012 at 10:36 am

    အားလုံးနဲ့ထပ်တူ မိထူး ပါပဲ … 😛
    ဩဂုတ်လထဲ ဖတ်မိသမျှပို့စ်တွေထဲမှာ အကောင်းဆုံးပဲမို့ ဒီလိုမျိုးပို့စ်ကို ဗုတ်လို့ရမရ သိချင်ပါတယ်ရှင့် …. 🙂

    • htoosan

      August 14, 2012 at 10:59 am

      ဒီမိုရွာ ကြီးဆိုတော့ မိထူး မိထူး နဲ့ အများ တောင်းဆိုတဲ့ ရာသက်ပန် အထူးကြေညာ တင်ဆက်သူ မင်းသမီးလေး ပဒုမ္မာ ဖြစ်သွားကြောင်း လူရွှင်တော် အရုပ်ဆိုးဆိုး အဖိုးကြီးကထူးဆန်း မှ လူရွှင်တော် ပီပီ အဆင်းဘီးတပ်ရုံ မက တွန်းပေးရင်း မင်းသမီးလေးရဲ့ မျက်စောင်းအထိုုး ခံပြီး ကြေညာသွားကြောင်းပါ … :mrgreen: :mrgreen:

      စကား အတင်းစပ် .. သူကြီးရေ ဖြစ်နိုင်ရင် ပထမ ပိုင်းလေးပါ stick လုပ်ပေးထားပါလားဟင် .. ပထမပိုင်း မဖတ်မိလိုက်သူ ရှိမှာစိုးလို့ပါ ။
      ဒါမှ မဟုတ် အီလက်ထရစ်ချံပီယန် မဟာ အံ မှ သူ့ အခန်းဆက်မှာ လုပ်သလို ပထမ ပိုင်း link လေးတင်ပေးထားပါလား အန်တီပဒုမ္မာရေ …

    • nozomi

      August 14, 2012 at 5:12 pm

      အရမ်းကိုသဘောကျပါတယ်
      အေးမိစံ ပါ

      • padonmar

        August 14, 2012 at 8:31 pm

        အောင်မြက်လေး
        ဒါကြောင့်ဆင်နင်းခံရတယ်လို့ အိပ်မက်မက်တာ။
        ကျမက အကိုနဲ့ ယောင်းမအိမ်မှာ အဖီ(ဦးကျောက်ခဲရဲ့ ကလဖျင်း မဟုတ်ပါ)လေးနဲ့ နေပြီး
        ကလေးထိန်း၊ထမင်းချက်နေရတာပါ။
        အခု အကိုနဲ့ယောင်းမ ဘုရားဖူးထွက်တုံး ဟိုလူကြီးဦးဦးပါ မြှောက်ပေးလို့ ဆတ်ဆတ်ဆော့ဆော့ အငြိမ့်ဝင်ကမိတာပါ။
        အကိုပြန်လာရင် ထမင်းအိုးကလည်းပျော့ပြဲ၊ပုခက်ထဲက ကလေးက အာပြဲ၊တောက်တောက်သွားတဲ့ ကလေးက ဒူးပြဲ ဆိုရင် အိမ်ပေါ်ကကန်ချလို့ အိုကြီးအိုမကျမှ ဒုက္ခရောက်နေပါအုံးမယ်။
        ချမ်းသာပေးကြပါ။ဒီတစ်ပွဲပြီးဆက်မကပါရစေနဲ့တော့ ၊မောလှပြီ။

        • ဦး ကျောက်ခဲ

          August 15, 2012 at 9:39 am

          ဟား ဟား ဟား၊ ကျွန်တော့ရဲ့ ပေါက်ကရတွေကို ဒေါ်ကြီးလဲ ဖတ်သကိုး! Bravo ပါဗျာ။

        • pooch

          August 15, 2012 at 3:49 pm

          “အခု အကိုနဲ့ယောင်းမ ဘုရားဖူးထွက်တုံး ဟိုလူကြီးဦးဦးပါ မြှောက်ပေးလို့ ဆတ်ဆတ်ဆော့ဆော့ အငြိမ့်ဝင်ကမိတာပါ။
          အကိုပြန်လာရင် ထမင်းအိုးကလည်းပျော့ပြဲ၊ပုခက်ထဲက ကလေးက အာပြဲ၊တောက်တောက်သွားတဲ့ ကလေးက ဒူးပြဲ ဆိုရင် အိမ်ပေါ်ကကန်ချလို့ အိုကြီးအိုမကျမှ ဒုက္ခရောက်နေပါအုံးမယ်။ ”

          ပြောတတ်လိုက်တာ ဒေါ်ဒေါ်ရယ် ။ ဇဝနဉာဏ်ရွှင်တယ် ။ ထင်တောင် မထင်ထားဘူး။
          ရှေ့တပိုင်းရော နောက်ပိုင်းရော ဖတ်ပြီး သဘောကျသွားပါတယ်။ 😀

          ဒီလ ဇကာတင်ထားတဲ့ စာတွေ အားလုံးကို လည်း ကြိုက်သလို ဆရာမ ဝင်းပြုံးမြင့်ရတဲ့အတွက်လည်း ဝမ်းသာတယ်။

          ကျမလည်း ကြိုးစားရေးပါ့မယ်။ ပါးစပ်နဲ့ပဲ ရေးလို့ရ ရင် သိပ်ကောင်းမှာပဲ :mrgreen:

  • Khaing Khaing

    August 14, 2012 at 10:37 am

    ဆရာမ ဝင့်ပြုံးမြင့်ရဲ့ပို့စ်လေး ဖတ်မိကတည်းက ဈေးသွားတိုင်း ရန်သူတွေကြားကနေ ဝှေ့ဝိုက်သွားရသလို ခံစားနေခဲ့ရတဲ့ ဖီလင်လေးဖြစ်မိခဲ့ပါတယ် ……. အခုဒီပို့စ်လေးအရွေးခံရတော့ အတိုင်းမသိ ဝမ်းသာမိပါတယ် ……….

  • ဖိုးထောင်

    August 14, 2012 at 12:27 pm

    ဘာပြောပြောဒီပို့စ် တစ်ခုလုံးမှာ ခရက်တစ်ပေးခံရတာ ကိုယ်တစ်ယောက်ပဲရှိတယ် သဘောပေါက် တီတီပဒုမ္မာရဲ့ ခရက်တစ်ကိုလေးလေးစားစားခံယူသွားပါကြောင်း ညွှတ်ညွှတ်ညွှတ်

  • ko khin kha

    August 14, 2012 at 12:56 pm

    မင်းသမီးလေး မပဒုမ္မာရေ နောက်ထပ်ဘယ်တော့ ကမှာလဲ အားပေးအုံးမယ်နော်။
    အခုတစ်ခါအတွက်လည်း လက်ခုတ်တီးအားပေးသွားပါတယ်။

  • mocho

    August 14, 2012 at 1:53 pm

    လင့်ခ် ပေးထားတဲ့ စကာတင် ပိုစ့် တွေ ဖတ်ပြီး တခေါက် ပြန်လာ ပါတယ်။ အမှန်တိုင်း ပြော ရရင် ဂျုလိုင် တစ်လုံး ရန်ကုနြ်ပန်တာနဲ့ ၊ ပြန်ရာက်တော့ လည်း အိမ်လွမ်း နာ ကျနေ တာနဲ့ စာတွေ ဟုတ်တိပတ်တိ မဖတ်ဖြစ်ခဲ့ ပါဘူး။ အခုမှ ပြန်ဖတ် ရပါတယ်… လွတ်သွား ခဲ့ တဲ့ တကယ့် ရှယ်တွေပြန်ဖတ်ရ လို့ အကဲဖြတ်အဖွဲ့ နဲ့ အန်တီ padonmar တို့ ကို ကျေးဇူး ပါ။
    ဆရာမ ဝင့် ပြုံး မြင့် ရဲ့ အသဲကွဲ တမ်းချင်း ကတော့ တကယ့် ကို ထိုက်တန်ပါတယ်။ ပုံနှိပ် ထုတ်ဝေတဲ့ သတင်းစာ ၊စာစောင်တခုခုမှာ ပြန်မြင် ရဖို့ မျှော်လင့် ပါတယ်။
    ကျန်တဲ့ သူတွေရဲ့ ပိုစ့် တွေ က လည်း တကယ့် ကို ရသအဖုံ ဖုံ နဲ့ ထိထိမိမိ ရှိလှပါတယ်။ အဲဒီ ထဲမှာ ဘယ်လိုမှ မမျှော် လင့် ထား ပဲ ကျမရဲ့ ပိုစ့် ပါ ပါနေ တဲ့ အတွက် အားငယ်စွာနဲ့ ဂုဏ်ယူမိပါတယ်။

  • etone

    August 14, 2012 at 2:04 pm

    အန်တီပဒုံမ္မာရေ … ဖတ်ပြီး ရယ်လိုက်ရတာ ..တခွိခွိနဲ့ … ဘေးက လူကတောင် … ထိုင်နေရင်းနဲ့ ထရယ်နေတာ … ဒီမိန်းမရူးနေသလားဆိုတဲ့ အကြည့်နဲ့ ပေါ့ … ။ 😀 အဘဆွေ သမိုင်းကနေ ဒိုင်းမန်းစီးတီးထဲရောက်လာပုံက … အတော်ရယ်ရတယ် အန်တီရေ …. Toll Gateက … ပိုက်ဆံတောင်းပုံလေးပါ ပမာဏအတိကျ ထည့်ရေးသွားတာ… သဘောကျမိပါတယ် … ။

    ဆရာမဝင်းပြုံးမြင့်ရေးတဲ့ အဲ့ဒီပို့စ်လေးကို သဘောကျမိလို့ ၊ ပရင့်ထုတ်ပြီး အိမ်က အိုးသူကြီးကိုပေးဖတ်ဖူးတယ် ။ အိမ်ရှင်မတစ်ယောက်အနေနဲ့ ၊ မိသားစုကို သန့်ရှင်းတဲ့ အစားစာ ချက်ပြုတ်ပေးဖို့ စေတနာထား ရွေးချယ်ရင်း ၊ ဈေးထဲက ကုန်စိမ်းတွေနဲ့စားသောက်ကုန်အချို့မှာ မစားသင့်တဲ့ အခြေနေဖြစ်နေတာလေး ရေးပြသွားတဲ့ဒီပို့စ်လေးကို နှစ်သက်မိပါတယ် ။ ထိုက်တန်တဲ့ ပို့စ်ကောင်းလေးတစ်ခုမို့လို့ …… ဝမ်းသာဂုဏ်ယူမိပါတယ် ဆရာမရေ။

  • မွန်မွန်

    August 14, 2012 at 2:29 pm

    အရင်ဆုံးအနေနဲ့ ဒီလိုပွဲလေးကို အပြင်မှာ တကယ်ကျင်းပခဲ့သလိုမျိုး မြင်ယောင်လာအောင် ရေးနိုင်တဲ့ အန်တီပဒုမ္မာကို ဘယာကြော်လို့ ပြောချင်ပါတယ်။

    ဆကာတင်တွေအတွက်ရော၊ ဆုရသွားတဲ့ ဆရာမဝင်းပြုံးမြင့်အတွက်ရော ဂုဏ်ယူပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ ဒီလိုအောင်မြင်စွာရွေးချယ်နိုင်ခဲ့တဲ့အတွက် ဆုရွေးချယ်ရေးအဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်မိပါတယ်။

    အပြင်မှာဆုပေးပွဲလုပ်ရင် ဖိတ်ဦးနော်… 🙂

  • ဆူး

    August 14, 2012 at 4:39 pm

    ဆု ကြေညာဖို့ အဘဆွေ က အင်္ဂလန်ကနေတောင် လာတယ်လား.. ကိုရှုံး က ကြက်ကြော်လေး ဘာလေး ဧည့်ခံတဲ့ အစီအစဉ် မပါဘူးလား။ ပရိတ်သတ် တွေ ဗိုက်ဆာ လာလို့ပါ။

  • သကြားလုုံးကြော်

    August 15, 2012 at 2:07 am

    ပွဲပြီးသွားပြီဆိုုတော့ အော်လိုု့ရပြီလား။
    ” ကြောင်မျိုးနွယ်များ တိုးပွားရေး ဒို့အရေး”

    • padonmar

      August 15, 2012 at 8:09 pm

      ဆူးရေ
      ရှုံးလူက ကြက်ကြော်တွေ expire ဖြစ်မှာစိုးလို့ ကိုယ်တိုင်လာကြော်ပေးဖို့ စီစဉ်ပြီးမှ လေယာဉ်လက်မှတ်မရလို့ ဝါဆိုထမင်းပဲ စီစဉ်လိုက်ရပါကြောင်း။
      ……………
      သကြားလုံးကြော်ခေါ် ကြောင်မလေးရေ
      ကြောင်တွေ ဒို့အရေး အော်မယ်အလုပ် ထမင်းကုန်ပါပြီဗျိူး အသံကြောင့် အော်ဖို့ရာ ပို့စပုန်းလုပ်လိုက်ရပါတယ်ကွယ်။

  • ကြောင်ကြီး

    August 15, 2012 at 7:16 am

    အန်တီပဒုမ္မာ
    ကြံစည်
    ဒုံချာ၊
    သံမြည်စုံနွှာ
    ဟန်ချီ
    ပုံပမာ၊
    တန်သည်
    ယုံပါ
    မကျန်ပြီရုံခါ..။
    ဗဲရီးဂွတ်၊ ဗဲမဂွတ်ပါဗျို့…။ အပင်ပန်းခံ (ဘဂျီးနွားကျောင်းသူများ) လုပ်သူများ၊ အထူးသဖြင့် သူများထက်ပို အားထုတ်ပေးတဲ့ အန်တီပဒုမ္မာ (နွားကျောင်းတဲ့အပြင် နွားနို့ပါညှစ်ပေးသူ) ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောက်တခါ ဆုပေးပွဲကို ထရေးဒါးဖြစ်ဖြစ် ဆီဒိုးနားဖြစ်ဖြစ်မှာ ညစာစားပွဲနဲ့ လုပ်ပါလို့ အကြံပြုပါတယ်။ :mrgreen:

  • htet way

    August 15, 2012 at 10:42 am

    ဆုကိစ္စကို ဖတ်ပြီး ဒေါက်တာကို ဆုပေးချင်မိပါတယ်။
    စနစ်တကျရွေး ချယ်တာရယ် စေတနာရယ်ကို လေးစားပါတယ်။
    တကယ်ကောင်းတဲ့ စာတွေ ထွက်ဖို့ အလားအလားကောင်းပါပဲ ဆရာဦးဦး
    နဲ့ဆုရွေးချယ်ရေး အဖွဲ့ကို လည်း ပိုမို လေးစားမိပါတယ်။ ဆက်လက်အောင်မြင်
    ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း

  • aye.kk

    August 15, 2012 at 11:48 am

    ဒေါက်တာပဒုမ္မာ…ရေ။
    ကျမရေးထားတာကိုမမျှော်လင့်မိပါဘူး။
    ဖော်ပြပေးတာခံရတော့အတိုင်းမသိဝမ်းသာမိရပါတယ်။
    ဝမ်းသာမိတဲ့စိတ်နဲ ့ထပ်ထူခံစားရမိတာက..
    ပိုပြီးကောင်းအောင်ရေးသားချင်တဲ့စိတ်ဖြစ်ပေါ်လာခဲ့ရပါတယ်။
    ဒေါက်တာရေးတဲ့postကိုဖတ်ပြီးအလွန်အားကျမိပါတယ်။
    စာရေးချင်စိတ်ဖြစ်အောင်အထောက်အကူပြုခဲ့တဲ့..
    သူကြီးရဲ ့ဂေဇက်ကိုအတိုင်းမသိကျေးဇူးတင်မိပါတယ်။
    ကျမစာအလွန်ရေးတတ်ချင်ပါတယ်။
    အရေးအသားကောင်းသူတွေကိုအရမ်းအားကျမိခဲ့ရပါတယ်။
    ဗဟုသုတတွေရှာဖွေဆည်းပူးလေ့လာချင်ပေမယ့်ကျမရဲ ့
    အားလပ်ချိန်လွန်စွာနည်းပါးလွန်းလှခဲ့ပါတယ်။(ပြည်သူ ့ဝန်ထမ်းတဦးဖြစ်နေခဲ့လို ့ပါဘဲ)
    သိထားတာလေးတွေကိုစိတ်ထဲကခံစားမှုအတိုင်း
    လက်တန်းချရေးနေသလိုမျိူးဖြစ်နေတဲ့အတွက်ရေးထားတာတွေ
    ကိုစိတ်တိုင်းမကျသလိုခံစားမှုမျိုးအမြြဲဖစ်နေခဲ့ရပါတယ်။
    ဒီကြားထဲကျမရေးထားတာလေးပါလာခဲ့တော့…
    ကျမစိတ်ထဲဝမ်းနည်းဝမ်းသာခံစားမိရပါကြောင်းရင်ဖွင့်ပြောပြလိုက်ပါရစေ။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 15, 2012 at 1:21 pm

    ဟိုလူ့ကို ဆုပေးရနိုးနိုး
    ဒီလူ့ကို ဆုပေးရနိုးနိုးဖြစ်နေကြရင်
    ကျုပ်ကို ဝိုင်းပြီးစုချကြပါလား
    အားနာပါးနာနဲ့ လက်ခံပေးပါ့မယ် 😀

    • မောင်မားဒင်း

      August 15, 2012 at 4:26 pm

      ကျုပ် စုထားတာတွေတော့ ရှိတယ် …
      ယူမလား … 😀

  • ကြောင်ဝတုတ်

    August 15, 2012 at 3:21 pm

    ဒီတစ်လတော့ ဆုရသွားသော ဆရာမဝင့်ပြုံးမြင့်အတွက် ဂုဏ်ယူပါတယ်…
    တို့လဲ ထပ်မံကြိုးစားကြရဦးမယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ရဲစည်

    August 15, 2012 at 3:47 pm

    ကျနော်ကတော့
    အခုလို စနစ်တကျ စီစဉ်ပီး ရွေးချယ်ပေးထားလို့
    အတုလဲ ယူမိပါတယ် …..
    ရွေးချယ်ထားတဲ့ ပို့စ်တွေကလဲ အငြင်းပွားဖွယ် မရှိမို့
    လွှတ်ကြိုက်သဗျို့
    အမြင်မတူတာလေး ဝင်ပွားရရင် ……

    ဆရာမကြီးTTNU ရဲ့ အားသွားပီလား သူငယ်ချင်းနဲ့
    ဦးကြီးမိုက်ရဲ့ ကြီးမိုက် အိုသွားသောအခါ ဆိုတာလေး ၂ပုဒ်တော့ ပိုခိုက်မိပါတယ် ဆိုတဲ့အကြောင်း
    အရေးထက် အတွေးကို ပိုကြိုက်ပါကြောင်း

  • မောင်မားဒင်း

    August 15, 2012 at 4:51 pm

    မင်းသမီးချောလေး ခည ..
    ဂျူလိုင်ရော၊ အခု ဇူလိုင်ပါ ဖတ်ဖြစ်ပါတယ်ဗျ …
    မမန့်ဖြစ်တာပါ … လို့ ..
    မင်းသမီးလေး ရေးထားတာ မိုက်တယ် …
    တော်တော် ရီရတယ် .. 😀

    ဒါနဲ့ စကားမချပ် ..
    အနော့်နာမည် စကာတင်ထဲ ပါလာလို့ ..
    အဲ .. မပါပါဘူးလို့ .. အဟီးးး :mrgreen:

  • padonmar

    August 15, 2012 at 8:11 pm

    ဖိုးမားဒင်း
    ရုပ်ဖျက်လာတော့ မျက်သိတွေလည်လို့။
    အမှန်တော့ ဂျူလိုင် ကိုကြိုက်တာ။
    သတ်ပုံမမ ပွဲကောင်းကောင်း မကရမှာစိုးလို့ ဇူလိုင်ပြောင်းလိုက်ရတယ်။

    • မဟာရာဇာ အံစာတုံး

      August 16, 2012 at 7:47 pm

      ဒေါက် … ဒေါက် … ဒေါက် …

      အန်တီပဒုမ္မာနဲ့ တွေ့ချင်လို့ဘာ ခည … 😀

      ကျနော်ရဲ့ ကဗျာလေး ခုလို စကာတင် စာရင်းထဲ ပါလာတာ
      ထင်တောင် မထင်ထားခဲ့ပါဘူးဗျာ …
      ခုလို အမှတ်မထင် ပါလာတော့ ရင်ထဲမှာ တစ်ငြိုးဂျီးဘဲ .. :mrgreen:

      အဲ့ အပေါ်ဂ ဖိုးမာဒင်း ဆိုတဲ့ကောင်က
      ဘာကောင်တုန်း မသိပါဘူးဗျာ ..
      အဲ့ကောင်က တော်တော် ဆိုးတယ် ကြားတယ်ဂျ ..
      အန်တီ နည်းနည်း ဆုံးမပေးလိုက်ပါဦးဂျာ …
      အဟိ .. 😀

  • padonmar

    August 15, 2012 at 8:31 pm

    မလတ်ရေ ကယ်ပါအုံး။
    ပထမပို့စ် link ထည့်တာ ဇယားပျက်သွားပြန်ပြီ။

  • ko win

    August 15, 2012 at 8:33 pm

    ရွှင်ရယ်ပြုံးတုံ့ မပြုံးတုံ့နှင့် နှစ်ထောင်းအားရ သဘောကျစွာ အားရပါးရ ဖတ်ရှုခဲ့ပါကြောင်း။

  • မပဒုမ္မာရေ
    အခုရက်မအားလို့ရယ်။
    မအားဆို ရိုက်ထားသမျှဓါတ်ပုံတွေကို ပြန်ပြီး သိမ်းနေရလို့ပါ။
    နောက်စာတွေကိုလဲ မှတ်တမ်းတင် ကော်ပီကူးပြီးသိမ်းနေရလို့။
    ရေးပြီးသမျလေးတွေ ရိုက်ပြီးသမျှလေးတွေကို ပြန်စုနေရပါတယ်။
    ဒါကြောင့် ကွန်မင်းအပေးနောက်ကျသွားကြောင်းခွင့်တောင်းပါ၏။
    ကောင်းလှပါ၏………………………………
    အောင်မြင်ခြင်းအတူတူလေးကို စောင့်မျော်နေပါ၏။

  • akswe

    August 16, 2012 at 9:10 am

    မပုဒုမ္မာ ရေ…
    ကိုယ်ဇာတ် လိုက် လုပ်ရတဲ့ ပိုစ့် ကို သူများထက်နောက်ကျမှ ဝင်ဖတ်ပြီးမန်းရတဲ့ အတွက်..
    ရေးသူကို မဟားတရား ကို အားနာမိကြောင်း အရင်ဆုံးတောင်းပန်ပါရစေ ခင်ဗျား…
    ပြီးတော့ ကိုဘလက်ချောကို ကျွန်တော် ကတိပေးထား တဲ့ မန်းဂေဇက်ချစ်သူများ စာပေဆု အတွက် အလှူ ငွေကို လည်း
    အခုထိ မပို့ပေးရသေးတာ ကို ရှက်ရှက် နဲ့တောင်းပန်ရင်း ဆုပေးပွဲစပြီဆိုတာ မသိလိုက်တဲ့ကျွန်တော့်ညံ့ဖျင်းမှုပါလို့ဝန်ခံပါရစေ
    ဒီနေ့ မှ ရွာထဲရောက်ပြီး ဖတ်လိုက်ရမှ ”ဟာ” ကနဲဖြစ် သွားရတယ်…
    ကိုချောကို မေးလ် ပို့လိုက်ပါပြီ… ဂေဇက်အတွက် ကိုယ်တတ် နိုင်တာလေး နှမ်းတစ်လုံးတော့ဖြစ်အောင် သူ့ကိုအကူအညီတောင်းထားပါတယ်..ကျွန်တော့ကို အဖတ်ဆယ်ပေးမှာ သေချာတယ်ဆိုတာ ယုံကြည်ပါတယ်….
    ဆန်ကာတင် စာရင်းဝင်များနဲ့ ဆုရတဲ့ ဆရာမ ဝင်းပြုံးမြင့် ကို လည်း အားကျလေးစားပါတယ် ဆိုတာ အသိပေးပါရစေ…
    လူချင်းဆုံမိကြမယ် ဆိုရင်လည်း လက်တစ်ကယ် မဆွဲပါဘူးဆိုတာ ကတိပေးပါတယ်..(အမေ့နာမည်နဲ့ဆင်နေလို့)
    မပုဒုမ္မာ ရဲ့ ကြိုးစားမှုနဲ့ အရေးအသားကို လက်ဖျားတွေ သွက်သွက် ခါသွားကြောင်း လည်း သိပါနော်…
    ကျွန်တော် လို ဘာမဟုတ်တဲ့ အညတရ တစ်ယောက်ကို ဆုပေးတဲ့သူလုပ် နယ်စားဘွဲ့တွေပေး လင်ပျံတွေ၊စပုတ်ဘိတွေ၊ဟယ်လီကော်ပလာတာ တွေ ပေးစီးပြီး
    စားသောက်ဆိုင်တွေ ကမ်ပနီတွေ ပရပွပေးပိုင်ဆိုင် အဝတ်အစားရှယ် ဆင်ပေးတာကိုဖတ်ပြီး ဟီဟိ ဟီဟိ နဲ့ သဘောတွေကျမိတာ အူပွမိတာ ကိုတော့ ပါးစပ်တွေ နားမှာချိတ် သွားတွေဖြီးပြီး ဝန်ခံပါရစေ..(စာရိုက်နေရင်းကိုဟီနေတုန်း)..

    အဓိက မပြုံးပဲ ဝါးလုံးကွဲရယ်မိရတဲ့ နောက်ဆုံးအပိုဒ် ကတော့

    (နွမ်း သွားပြီဖြစ် တဲ့ တော်ဝင်နှင်းဆီလေးကို တယုတယ (ဆူးစူးမှာစိုးလို့) ဆွဲထုတ်ပြီး ဝင့်ပြုံးမြင့်လက်ထဲထည့်ရင်း “ကိုယ်လည်း ၄ဝ ကျော်ပါကွယ်၊ မင်းရဲ့ ကွဲနေတဲ့ အသည်းကို ကိုယ်ရဲ့မေတ္တာရေဖျန်းပြီး လန်းဆန်းစေချင်ပါတယ်” လို့ပြောလိုက်ပါတယ်။
    စင်ရဲ့ ညာဖက်က ကာလသားတွေက တရွှီရွှီ လက်ခေါက်မှုတ်ကြပါတယ်။

    စင်အောက်မှာကြည့်နေတဲ့ ဝင့်ပြုံးမြင့်ရဲ့ အိမ်ကအဝယ်တော်ကြီးကတော့ ဆေးဆိုးတဲ့ငါးပိနဲ့ မျှစ်တွေ စားရလွန်းလို့ မျက်စိမှုန်ပြီးသူ့မိန်းမလက်ကို အဘဆွေဆွဲတာ မမြင်ပါဘူး။ ဝင့်ပြုံးမြင့်က အလန့်တကြား လက်ကိုရုန်းတော့ ဦးဦးပါက “အဘဆွေ၊မှားမယ်နော်။ သူအသည်းကွဲတာက အစားအသောက်တွေ ဆေးဆိုးလို့”ဆိုတော့မှ အဘဆွေလည်း ရှက်ရှက်နဲ့ “ကျ..ကျနော် ဝတ္ထုရေးမလို့ ဒီလို စာသားလေးလှသလားမေးတာပါ” လို့ ပြောလိုက်ရပါတော့တယ်။)

    စိတ်ဆိုးဖို့နေနေသာသာ သူများပိုစ့်မှာကိုယ့်နာမည် ပါတာတွေ့ရင်ပဲ ကိုယ့်ကို ခင်မင် မေတ္တာ ထား အရေးတယူ အသိအမှတ်ပြု
    ခံရတယ်ဆိုပြီး ပီတိဖြစ်နေရတာပါ…
    အခုပိုစ့်ကိုဖတ်ပြီး ရယ်ရ ပျော်ရွှင်ရ စိတ်ကြည်နူးမိရတဲ့ အတွက် အစ်မကြီး မပုဒုမ္မာ လည်း ထပ်တူအကျိုးရပါစေ
    မေတ္တာဖြင့်
    အဘဆွေ

  • အလင်းဆက်

    August 16, 2012 at 6:49 pm

    အင်မတန့်အင်မတန်…. ဝမ်းသာစရာ.. အစီအစဉ်ကြီးပါနော်
    အမြဲ..တည်တံ ့နေပါစေ…လို ့ ဆုတောင်းမိပါတယ် ။

  • ngamyo ngaaa

    August 16, 2012 at 8:07 pm

    TTNu ရဲ့အားသွားပြီလားသူငယ်ချင်းကိုဖတ်ရပြီးတော့အတော်သံဝေဂရမိပါတယ်အော်ကိုယ့်ကိုများပြောနေသလားလို့လဲ တွေးမိတယ်။

Leave a Reply