ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု

 

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂

———————————————————–
ဆယ်တန်းစာက ခက်လားဆိုရင် မခက်ဘူးလို့ ပြောရမယ်။ တစ်ခန်းချင်းစီကို သင်ကြည့်၊ အဲ့လောက်ကြီး မခက်ဘူး။ တကယ့်ပြဿနာက စာများတာ။ တစ်အုပ်လုံးကို အစအဆုံးကျက်ပြီး ဖြေရတာ အခုမှ ကြုံဖူးတာလေ။ စာအုပ်တွေကိုလည်း အမှတ်စဉ်တွေထိုးပြီး သိမ်းရသေးတယ်။ အလုပ်ကို ရှုပ်နေတာပဲ။ စာတွေဆိုတာကလည်း ရှေ့ကကျက်၊ နောက်ကမေ့၊ နောက်ကစာကို ပြန်နွှေးရင် ရှေ့စာတွေက မသိတော့ဘူး။ (၆) ဘာသာဆိုတော့ တဖြည်းဖြည်းနဲ့ မနိုင်တော့ဘူး။ တစ်ချိန်လုံး revision ပြန်နေရတာ။ ဆယ်တန်းမှာ ကျွန်မ ကံကောင်းခဲ့တဲ့တစ်ချက်က ကိုယ်ပိုင်စာကြည့်ချိန် အလုံအလောက် ရှိခဲ့တာပါပဲ။ အိမ်မှာသင်တဲ့ဝိုင်းက တစ်ပတ် (၂၄) ချိန်ပြီးရင် ကျန်တာ ကျွန်မရဲ့ စာကျက်ချိန်ပဲ။ ဘာဂိုက်မှလည်း မခေါ်ဖြစ်ဘူး။

ဆယ်တန်းအကြောင်းပြောရင် ကျွန်မ ထည့်မပြောလို့ မရတဲ့ အကြောင်းတစ်ခု ရှိပါတယ်။ ကျွန်မ ကိုးတန်းအထိ စာသွားကျက်နေတဲ့ ငယ်ဆရာမဆီမှာ ကျွန်မထက် တစ်တန်းကြီးတဲ့ တပည့်တစ်ယောက်ရှိတယ်။ နှစ်တိုင်း ပထမချည်းပဲ ရတာ။ စာအရမ်းတော်တယ်။ အဲဒီအစ်ကိုက ကိုးတန်း နဲ့ ဆယ်တန်းမှာ ရန်ကုန်မှာ လာတက်တာ။ ကျွန်မ ဆယ်တန်းတက်တော့ သူက နယ်ကို ပြန်ရောက်နေပြီ။ ဒီလိုနဲ့ ဆရာမနဲ့ သူနဲ့ ကျွန်မအကြောင်းပြောဖြစ်ကြတော့ သူက ကျွန်မကို ဂိုက်လုပ်ပေးမယ်တဲ့။ ကျွန်မမှာ ကျူရှင်စရိတ်ကတင် အတော်ကြီးနေတော့ ဂိုက်လည်း မခေါ်နိုင်တော့ဘူးလေ။ ကိုယ့်ဘာသာကိုယ်ပဲ ကျက်နေရတာဆိုတော့ သူက သူအားနေတဲ့အချိန်မှာ ကျွန်မကို အလကားသင်ပေးမယ်တဲ့။ ဒီလိုနဲ့ ကျွန်မလည်း နေ့ခင်းဘက် ကျူရှင်ချိန်မရှိရင် သူ့အိမ်ကိုသွားပြီး စာသင်ရတာပေါ့။ မေးခွန်းဟောင်းတွေ လေ့ကျင့်ပေးတယ်၊ ရှေ့ခန်းတွေ ကြိုသင်ပေးတယ်။ သူဆယ်တန်းတုန်းက စာအုပ်တွေကို ပေးတယ်၊ ဗလာစာအုပ်အလွတ်တွေလည်း ပေးတယ်၊ နေ့လည်ဘက်ဆို ငိုက်တတ်တော့ အအေးလည်းတိုက်သေးတယ်။ ကျွန်မအတွက်ကတော့ တကယ့် ကျေးဇူးရှင်ပါပဲ။ သူ ကျွန်မကို စာသင်ပေးနေတာကတော့ ဘယ်သူမှ မသိတဲ့ ဝှက်ဖဲပေါ့။ သူ ဆေးကျောင်းသွားမတက်ခင် (၁၀) လပိုင်းလောက်အထိ စာသင်ဖြစ်တယ်။ ရန်ကုန်ကို သင်တန်းသွားတက်ဖြစ်ရင်တောင် သင်တန်းပိတ်ရက်တွေမှာ တကူးတက ပြန်လာပြီးတော့ကို စာသင်ပေးတာ။ သူ ကျောင်းသွားတက်လို့ မသင်ဖြစ်တော့တဲ့ အချိန်မှာလည်း လိုတဲ့စာအုပ်တွေကို ဝယ်ပေးတယ်။ နောက်ဆုံး စာမေးပွဲဖြေခါနီးမှာတောင် သူ့အိမ်က ကျွန်မရဲ့ မွေးသက္ကရာဇ်ကိုတောင်းပြီး သူတို့မေးနေကျ ဗေဒင်ဆရာဆီမှာ ဗေဒင်တွက်ပေးသေးတာ။ ပြီးရင် ဟောစာတမ်းစာရွက်ကို ပြန်ပို့ပေးတယ်။ စာမေးပွဲရက်တွေဆိုလည်း နေ့တိုင်း ဖုန်းဆက်ပြီး လှမ်းမှာတယ်။ ကျွန်မရဲ့ အောင်မြင်မှုမှာ သူတို့တစ်အိမ်လုံးက အဓိက အခန်းတစ်ခုကနေ ပါဝင်ခဲ့တာပါ။ တက္ကသိုလ်တက်တဲ့အချိန်အထိတောင် သူတို့က တတ်နိုင်သလောက် ထောက်ပံ့ပေးတုန်း။ ကျွန်မကသာ အားနာလို့ သိပ်မသွားဖြစ်တော့တာ။ စာသင်တဲ့အချိန်တုန်းကဆို ကျွန်မက သူ့ကို အရမ်းကြောက်တာ၊ စကားတောင် သေချာ မပြောရဲဘူး။ သူကလည်း စာချည်းပဲ ဖိလုပ်နေတဲ့သူဆိုတော့ အပိုမပြောဘူး။ အခုနောက်ပိုင်းမှာတော့ သူလည်း ပေါင်းသင်းဆက်ဆံရေး တော်တော်လေး ကောင်းလာတော့ အရင်ကလောက် မကြောက်တော့ဘူး။ ဆရာ နဲ့ ဆရာမကတော့ ကျွန်မအတွက် အလေးထားဆုံးသူတွေပါပဲ။

ကျွန်မက စာကျက်ရင် ညဘက်ပဲ ကျက်တတ်တဲ့ အကျင့်ရှိတယ်။ နေ့ခင်းဘက်ဆို အရမ်းအိပ်ချင်တာ။ စာကြည့်စားပွဲမှာ ထိုင်ရင်ကို အိပ်ငိုက်ပြီ။ ဘာကော်ဖီမှလည်း မကယ်နိုင်ဘူး။ ညဘက်ဆို ကျွန်မရဲ့ စာသင်ချိန်က (၉) နာရီခွဲမှ ပြီးတာ။ စာသင်ပြီးရင် ကိုရီးယားကားကြည့်တယ်။ အမေကတော့ ဘယ်ကြည့်စေချင်မလဲ။ ဒါပေမယ့် ကျွန်မက တီဗီမကြည့်ရရင် စာလည်း မကျက်တော့ဘူးဆိုပြီး ဂျစ်တိုက်တာ။ ဟုတ်တယ်လေ၊ စိတ်ကို အနားပေးတဲ့အချိန်လေးတော့ ရှိဦးမှပေါ့။ ဇာတ်လမ်းက (၁၀) နာရီခွဲလောက် ပြီးပြီဆိုမှ စာစကျက်တာ။ ည (၂) နာရီလောက်အထိပေါ့။ အဲဒီတုန်းကတော့ ကော်ဖီတွေသောက်တာ။ များသောအားဖြင့် စူပါကော်ဖီတွေကို ဒီအတိုင်းစားတာ။ မနက်ဘက်ကတော့ ဆရာလာတဲ့အချိန် (၆) နာရီခွဲမှ အိပ်ယာထတယ်။ တကယ်ဆို ကျွန်မရဲ့စာကြည့်ချိန်က တစ်နေ့ကို (၃) နာရီလောက်ပဲရှိတာ။ ဒါပေမယ့် လုံလောက်တယ်။ ကျောင်းပိတ်ရက်ဆိုရင်တော့ အချိန်ပိုတာပေါ့။ တစ်ခါတစ်ခါကျတော့လည်း အရမ်းပင်ပန်းနေရင် စာသင်ပြီးတာနဲ့ တန်းအိပ်လိုက်တာလည်း ရှိတယ်။ အဲ့လိုအချိန်မျိုးဆိုရင် အမေက သိပ်မကြည်ဘူး။ ဒါပေမယ့် ပြောလို့မရလို့ မပြောဘူး။ အချိန်ဇယားလည်း ဆွဲမထားပါဘူး။ စိတ်ပါတဲ့ဘာသာကို ကြည့်လိုက်တာပဲ။ ကျွန်မက ကန့်သတ်ချက်တွေကို သိပ်မုန်းတယ်။ အရာရာကို ပေါ့ပေါ့ပါးပါးပဲ သဘောထားတယ်။ စိတ်ထဲမှာ ဖိစီးမှုတွေသိပ်များပြီး သိပ်ဖြစ်ချင်လွန်းနေရင် အမှားတွေပါလာတတ်တယ်။ ပေါ့ပေါ့ပါးပါးကနေ ပေါ့လွန်းသွားတာမျိုး မဖြစ်အောင်တော့ ထိန်းရတာပေါ့လေ။ ကျွန်မ အမှတ်မိနေဆုံး အချိန်တစ်ခုရှိတယ်။ ကျွန်မတို့အိမ်က တံတားနဲ့ နီးတယ်။ ဒီတော့ လမ်းထိပ်က တံတားအောက်မှာ နီယွန်မီးထွန်းထားတယ်။ ညဘက် လူခြေတိတ်ချိန် ဝရန်တာမှာထိုင်၊ နားထဲကို walkman ကက်ဆက်လေးရဲ့ နားကြပ်ကိုတပ်၊ နီယွန်မီးရောင်အောက်က မိုးဖွဲလေးတွေကို လှမ်းကြည့်ပြီး စာတွက်ရတာ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး။

ပြီးတော့ ကျွန်မက စာကျက်ရင် ရေးပြီး ကျက်တာများတယ်။ စာမေးပွဲဆိုတာ ရေးဖြေရတာကိုး။ စာတစ်ပုဒ်ကို ကျက်ပြီဆိုရင် ပထမဆုံး အဓိပ္ပာယ်ကို နားလည်အောင်၊ concept မိအောင် ဖတ်တယ်။ နားလည်တာ သေချာပြီဆိုရင် အော်ကျက်တယ်။ (ခုနစ်အိမ်တော့ မကြားပေမယ့် သုံးအိမ်လောက်တော့ ကြားရတယ်။) ကျက်ပြီးပြီဆိုရင် စာအုပ်ကိုပိတ်ပြီး ချရေးတယ်။ မေ့နေရင်လည်း နည်းနည်းပြန်ကြည့်တာပေါ့။ ပြီးရင် ပြန်တိုက်ပြီး စစ်တယ်။ မင်နီနဲ့ အမှတ်ခြစ်တယ်။ မေ့တာမျိုးလည်း သိပ်မရှိဘူး၊ အမှားလည်း သိပ်မပါဘူးဆိုရင်တော့ တစ်ခေါက်တည်းနဲ့ လုံလောက်တယ်ပေါ့။ မေ့လို့ ခဏခဏပြန်ကြည့်ထားရတယ်၊ မှားတာလည်း များနေတယ်ဆိုရင်တော့ နောက်တစ်ခေါက် ပြန်ကျက်ပြီး ပြန်ရေးတယ်၊ ပြန်စစ်တယ်။ အဲဒီတော့ ကျွန်မ စာကျက်ပြီဆိုရင် ဝူးဝူးနဲ့ ထအော်ပြီး ငြိမ်ကျသွားတာ အကြာကြီးဖြစ်နေရော။ အမေတို့က အောက်ထပ်ကနေ အိပ်ငိုက်နေပြီလား ဆိုပြီးတော့ လှမ်းအော်တယ်။ ဖယောင်းတိုင်နဲ့ ကျက်ရတာများတော့ အငိုက်လွန်ပြီး မီးလောင်မှာတွေဘာတွေလည်း စိုးရိမ်တာ ပါတာပေါ့လေ။ အဲဒီလိုမျိုးဆို ကျွန်မက သိပ်စိတ်ဆိုးတာ။ အိပ်ချင်မှတော့ ဝင်အိပ်မှာပေါ့။ အိပ်ချင်လျက်နဲ့ စာကြည့်စားပွဲထိုင်နေရအောင် ကြောက်ရတဲ့သူလည်း တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် နှစ်သာကုန်သွားတယ်၊ အမေရော အဘွားရောက ကျွန်မ ငြိမ်နေပြီဆိုရင် လှမ်းအော်ပြီးမေးကြတုန်းပဲ။

ကျွန်မရဲ့ နောက်ထပ်ကံကောင်းတဲ့ တစ်ချက်က ကျောင်းနဲ့ ကျူရှင်နဲ့ကြားမှာ ဗျာမများခဲ့ရတာပဲ။ ကျောင်းက ဆရာတွေကလည်း ကျွန်မအကြောင်းကိုသိတော့ နားလည်ပေးကြတယ်။ တစ်ခါတစ်ခါ ကျောင်းနားချိန်အိပ်ပျော်သွားရင် ဆရာမက မနှိုးခိုင်းဘူး။ အိပ်ပါစေတဲ့။ စာမေးပွဲနီးတဲ့ နောက်ပိုင်းလတွေမှာဆို တစ်ပတ်ကို (၂) ရက်လောက် ကျောင်းပျက်တယ်။ ဒါပေမယ့် လကုန်လို့ ကျောင်းခေါ်ချိန်စစ်ရင် အတန်းပိုင်ဆရာမက ခွင့်စာတွေကို ကျွန်မကို ပြန်ပေးပြီး တစ်ပတ်ကို တစ်ရက်ပျက်တယ်လို့ပဲ ဖြည့်ပေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ကျောင်းတွင်းစာမေးပွဲတွေကို အသေအချာဖြေတယ်။ မလေးမစား မလုပ်ဘူး။ အချိန်ပြည့်တဲ့အထိ ဖြေတယ်။ အဲဒီစာမေးပွဲတွေရဲ့ ရလာဒ်ကိုလည်း အသေအချာလေ့လာတယ်။ ကျောင်းစာမေးပွဲက ဘယ်လိုပဲ အမှတ်မယူဘူးပြောပြော စာမေးပွဲအတွေ့အကြုံကို ရအောင်ယူတယ်။ အဲဒီတော့ ဆရာမတွေကလည်း ကျွန်မအတွက် အဆင်ပြေအောင် လုပ်ပေးကြတယ်။ ကျောင်းကသင်တဲ့နည်းနဲ့ ကျူရှင်ကသင်တဲ့နည်း မတူခဲ့ရင်လည်း ပိုလွယ်တဲ့တစ်နည်းကိုပဲ မှတ်ထားတယ်။ ဘယ်စာမေးပွဲဖြစ်ဖြစ် အဲဒီနည်းနဲ့ပဲ ဖြေတယ်။

လူတွေက ကျွန်မကို တော်တယ်လို့ ထင်ကြတယ်။ တကယ်တမ်းကျ ကျွန်မက အရမ်းအပျင်းထူတယ်။ ကံ၊ ဉာဏ်၊ ဝီရိယမှာ ဉာဏ်ကယ်ပေလို့သာ တော်သေးတယ် ပြောရမှာ။ စာသင်ရင် နားလည်လွယ်တော့ ကျက်ရတာ သိပ်မခက်ဘူး။ အဲဒီတော့ ကျွန်မက ခဏလေးနဲ့ကျက်ရင် ရတာပဲဆိုပြီး စာကို မကျက်ချင်တော့ဘူး။ အချိန်ဆွဲတယ်။ အဲဒီလို အချိန်ဆွဲပြီး အပျင်းထူလို့ အမေက အနောက်က တစ်ချိန်လုံးပြောပြီး တွန်းနေရင်လည်း မကြိုက်ဘူး။ စိတ်ဆိုးတယ်။ သူများပြောမှ လုပ်တယ် ဆိုတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒါပေမယ့် ကျွန်မကို တွန်းအားပေးတဲ့အရာတစ်ခုတော့ ရှိတယ်။ ကျွန်မရဲ့ ပြိုင်ဘက်ပဲ။ သူ့ထက်သာမှဖြစ်မယ် ဆိုပြီး ကိုယ့်ကိုကိုယ် သတိပေးနေရတာ။ တစ်ခါတစ်ခါ အရမ်းအိပ်ချင်လွန်းလို့ လှဲအိပ်မိရင်တောင် အောင်စာရင်းထွက်တဲ့နေ့မှာ သူ့က ငါ့ထက်သာခဲ့ရင် ဆိုတာမျိုး ပြန်တွေးပြီးတော့ ချက်ချင်းထထိုင်မိခဲ့တာတွေ ရှိတယ်။ ကျွန်မ ပြန်စဉ်းစားကြည့်မိတယ်။ ကျွန်မရဲ့ ဘဝမှာ သူနဲ့ ပြိုင်ဆိုင်ခြင်း ဆိုတာသာ မရှိခဲ့ရင် ကျွန်မလည်း ကြိုးစားဖြစ်ခဲ့မယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်မရှိတော့တဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ စာမေးပွဲတွေကို ဖြစ်သလို ဖြတ်သန်းဖြစ်ခဲ့တာကြောင့်ပါပဲရှင်။

20 comments

  • kolumbus

    May 22, 2014 at 1:48 pm

    ဪ. အကိုကြီးတစ်ယောက်ရှိခဲ့တယ်ပေါ့၊
    မဟာရာဂျာ ခြောက်မျက်နှာလာတော့မယ်။
    နောက်တာပါ။ ဆက်ရေးပါ။ ဖတ်ရတာစိတ်ဝင်စားတော့ အင်တာနက်ဖိုးကုန်မှန်းတောင်မသိဘူး။

  • JackSkellington

    May 22, 2014 at 2:09 pm

    ကျနော်တော့ ဆယ်တန်း တုန်းက အတော် အိပ်တာ ကလား။
    ည ရှစ်နာရီလောက် စာကျက်တော့မယ်ဆိုပြီး အိမ်ပေါ် တက်သွားပြီးရင် နာရီဝက်လောက် နေရင် အောက် က နေ အမေ က ခေါ်ရပြီ။ နိုးနေသေးလားပေါ့။
    အသံ မထွက်လာတော့ဘူး ဆိုရင် သေချာတယ် ကြမ်းပြင်မှာ အိပ်နေပြီ :)။
    ဆယ်တန်း တစ်နှစ်လုံး သားအမိ ၂ ယောက် ဒီလိုပဲ လုံးလည်ချာလည် နဲ့။
    မုန့်စားရင် အိပ်ချင်ပြေသလိုလိုပဲ ဆိုပြီးတော့လဲ ညကျ စားလိုက်တာမှ။
    စားနေတုန်းလေးပဲ အဆင်ပြေတာ။ပြီး ဒုံရင်း က ဒုံရင်းပဲ။
    ရလဒ် က တော့ ဆယ်တန်း နှစ်မှာ လူက ပေါင်သုံးဆယ် လောက် တက်သွား ရှာတယ်။ 🙂

    • ဟုတ်ပါ့ ဟုတ်ပါ့
      စားကောင်းအိပ်ကောင်းတာပြောမနေနဲ့.။ ပေါင်သုံးဆယ်တက်တယ်ဆိုလို့ မနာလိုဘူး ။ လုံမက ပိန်မြဲပိန်ဆဲပဲ 🙂

  • snow smile

    May 22, 2014 at 2:51 pm

    တီ နှင်း ပြုံး လဲ ည ဘက် ဘဲ ကျက် တတ် တယ်
    ည ဆို ဘယ် လောက် ထိ ကျက် ကျက် ရ တယ်
    မ နက် ထ ကျက် ပါ ဆို ရင် တော့
    လုံး ဝ ကို မ ထ နိုင်

  • snow smile

    May 22, 2014 at 2:52 pm

    ရေး ဘို ့ ကျန် ခဲ့ လို ့
    မ ပျင်း ပါ
    ဖတ် နေ ပါ တယ်
    ဆက်ရေးပါ

    • အားပေးနေတယ်ဆိုတာ သိရလို့ ဝမ်းသာမိတယ် တီနှင်းပြုံးရေ …

      တီတီနဲ့ သမီးကအကျင့်တူတူပဲ 🙂

  • ကေဇီ

    May 22, 2014 at 3:06 pm

    ဟိုဘက်မှာ ကြွားရတာ အားမရလို့။
    သိပ္ပံတွဲကို ၉၈ နဲ့ ဂန်ဒူးရတာ။
    ခိခိ။

    မမဂျီးက အချိန်ဇယားနဲ့ ဘောင်ခတ်တာမကြိုက်ဘူးးးး
    စိတ်ပါမှ စာထကျက်တာ။စိတ်မပါလို့ကတော့ တနေကုန်ကျက်တာကို စာက လုံးးးဝမရဘူးးး
    မမဂျီး က ညာဉ် မကောင်းဘူးးးး ဉာဏ်ပဲ ကောင်းတာ.တာ။ ဟိ။
    ဘယ်တရုတ်ကားစီးရီးမှ မလွတ်ဘူးးးး
    ဘယ် သီချင်းမှလည်း မလွတ်ဘူးးး
    ဘယ် ရုပ်ရှင်မှလည်း မလွတ်ဘူးးးး
    ပြိုင်လည်း မပြိုင်ဘူးးး
    ကွကိုယ် ပင်ပန်းမှာကြောက်လို့။
    ပြိုင်ဘက်ထားရရင် ပင်ပန်းတယ်လေ။
    အာကြောင့် ဘွမှာ ရောက်သင့်သလောက် အမြင့်မရောက်တာ။
    ကံ လေး ကောင်းလို့သာ။ :mrgreenn:

    ဘာပဲပြောပြော အမွန်က တော်တယ်။
    အမွန်တို့ သက်တန်းမှာ အမွန်လောက် တော်တဲ့၊ လိမ္မာတဲ့ တွေးတတ်တဲ့ သူ မမြင်ဖူးဘူးးးး
    မမဂျီး အမွန်အရွယ်မှာ ဆိုးလိုက်တာ တာတေလန်လို့။

    :mrgreen:

    • တကယ် တကယ် လေးစားပါတယ် ။ အနော်ဆိုတစ်ဘာသာမှ ၉ဝ မကျော်ဖူးဘူး …

      Virgo တွေပဲ မမဂျီးရယ် ။ အကျင့်တွေ တူမှာပေါ့ 🙂

  • nozomi

    May 22, 2014 at 4:58 pm

    ရေးထားတာ ပါစင်နယ် ဆိုပေမဲ့ လူအများစု ဖြတ်သန်းဘူးတဲ့ ဘဝတွေကို အရေးသွက်သွက်နဲ့ ရေးထားတာမို့ ဖတ်ကောင်းတယ် မပျင်းဘူး ဆက်ရေးပါ ဆက်ဖတ်မယ်
    “၁ဝ လ ပြည့်” ဆိုတာထိ ဆက်ရေးနော်

    • Foreign Resident

      May 24, 2014 at 9:23 am

      nozomi says:
      ” “၁ဝ လ ပြည့်” ဆိုတာထိ ဆက်ရေးနော် ”

      ဟုတ်တယ် ။ ထောက်ခံပါတယ် ။
      ၁ဝ လ ပြည့်” ဆိုတာထိ ဆက်ရေးပေးပါ ။ 😛

    • တိန် တိန် တိန်
      အခါခါတိန် 🙂
      အဲဒီ ၁ဝ လပြည်‌့က ၁၂ လပြည်‌့မှ ‌ေ‌ရးမယ်‌‌လေ 🙂

      အားပေးတဲ့အတွက် ကျေးဇူးအများ ကြီးတင်ပါကြောင်း

  • TNA

    May 22, 2014 at 5:09 pm

    စာအော်ကျက်တယ်ဆိုလို့ ကျောင်းတုန်းက စာအော်အော်ကျက်ခဲ့တဲ့သူငယ်ချင်းလေးကိုအမှတ်ရမိသား။ သူ့စာကျက်သံက ဖားအော်သံနဲ့တူုလို့ ခုထိဖားအော်သံကြားတိုင်းသူ့ကို်သတိယမိတယ်။ အဟိ။ ကိုယ်တွေကတော့ စိတ်ထဲကပဲကျက်တာဆိုတော့ အော်ကျက်ရင်စာမရသလိုပဲ

    • hee… အမေက စာမကျက်ဘူးလားမေးလို့ စိတ်ထဲက ကျက်နေတယ်လို့ ဖြေရင် အိပ်ငိုက်ရင်ငိုက်၊ မဟုတ်ရင် တစ်ခုခုခိုးလုပ်နေတာပဲ.. (ဝတ္ထုခိုးဖတ်တာကို ပြောပါတယ်..)
      တကယ်စာကျက်ပြီဆိုရင်တော့ သုံးအိမ်ကြားပဲ.. ရေဒီယိုဒေးဒရဲပေါ့ .. အဟိ… :mrgreen:

  • naywoon ni

    May 22, 2014 at 9:52 pm

    မွန်​မွန်​​ရေးသွားတာဖတ်​ပြီး ပညာ​ရေး စနစ်​အ​ကြောင်​း ​ပြောချင်​စိတ်​ပြန်​​ပေါ်လာတယ်​ ။ တိုင်​းရင်​း ​ဆေးအ​ကြောင်​းပဲ သိတဲ့သူက အ​နောက်​တိုင်​း​ဆေးအ​ကြောင်​း ​ဝေဖန်​သလိုလဲ ဖြစ်​မှာစိုးရ​သေးတယ်​ ။

  • kyeemite

    May 23, 2014 at 11:35 am

    ကျုပ်ဆယ်တန်းတုန်းကလား??????
    ပထမနှစ်….ဝုန်းကနဲကျတယ် 😆
    ဒုတိယနှစ်…ဘီလစ်နဲ့ တန်းလန်းကြီး 😛
    တတိယနှစ်…ဝုန်း ကနဲအောင်တယ်.. 😀

  • Mr. MarGa

    May 23, 2014 at 3:22 pm

    ဉာဏ်…..ဉာဏ်…..
    အဲ့ဟာလေးကယ်လို့သာ
    မဟုတ်ရင် ကျပြီ အဟိ
    မဖြေခင် သုံးလ၊ လေးလလောက်အလိုမှာ ဆရာက ကျူရှင်ခေါ်သိပ်တယ်
    ပြီးတော့ ည မှာ အတန်းတစ်တန်းသင်နေတုန်း ဒီဘက်မှာ စာလုပ်ဖို့ သီးသန့် လုပ်ပေးထားတယ်
    အဲဒီမှာ ထိုင်ပြီး လေပေါလိုက်၊ ငိုက်လိုက်၊ ဆရာအားလို့ ဒီဘက်လာရင် ထပ် လေပေါလိုက် နဲ့
    စာကျက်ဖို့ သီးသန့်ပေးထားတဲ့အချိန်က လေပေါချိန်ဖြစ်သွားရော အဟိ
    ပြီးတော့ ဘိုင်အိုမဖြေခင်ညမှာ အီကိုသမားတွေကြားမှာရောက်နေလို့ ကွကိုယ်စာကျက်မဟဲ့ဆိုပြီး စာသင်ခန်းအလွတ်ထဲသွား စာအုပ်လေးလှန်လိုက်တာ တစ်မျက်နှာတောင်မပြီးသေးဘူး တိုက်ပွဲကျပါလေရော..

    ဟီးး ဘာတွေပြောနေမိမှန်းမသိ :mrgreenn:

  • Crystalline

    May 23, 2014 at 4:25 pm

    😥 😥 😥
    ၁ဝတန်းဖြတ်သန်းပုံကို အစ်မဝမ်းကွဲမှတ်ချက်ချတာက ကြိုးစားမှုက သူငယ်တန်းကလေးကိုတောင် မမှီဘူးတဲ့… နောင်တလည်းအခုထိမရသေးဘူး…

  • alinsett (gazette)

    May 24, 2014 at 1:06 pm

    တိန် တိန် နှစ်ခါတိန်
    :mrgreen:

    နာက နှစ်ခါပဲ တိန် တာ
    တူက အခါခါတိန်သွားတယ်. . .
    ——

    မွန်မွန့်အကြောင်းတွေ ဖတ်ရတာ မပျင်းပါဘူးဟာ
    ရသရော သုတပါ ရပါတယ်
    ဆက်ရေးနော့
    😆

Leave a Reply