ကာတွန်းကားထက်ပိုတဲ့ ကာတွန်းကား – Inside Out (2015)
ကာတွန်းကားလေး တစ်ကား အကြောင်းပြောချင်တယ်။
ကာတွန်းကားထက်ပိုတဲ့ ကာတွန်းကား လေးမို့ပါ။
သာမာန်အားဖြင့် ကာတွန်းကား တစ်ကား ကို ကြည့်ဖို့ ကျနော် ပျင်းတတ်ပါတယ်။ သူတို့ ကာတွန်းကားတိုင်း ကောင်းတာမှန်းသိသိကြီးနဲ့ကို စကြည့်ဖို့ ဝန်လေးမိတာပါ။
Inside Out (2015) ဆိုတဲ့ ကားလေးကိုလည်း ဒီလိုပဲ။
စိတ်မပါ လက်မပါနဲ့ စကြည့်ဖြစ်တဲ့ အချိန်ကနေ နောက်ပိုင်းမထတမ်း ပြီး တဲ့ထိ ကြည့်မိအောင် ဆွဲဆောင်နိုင်တာကို ပြောပြချင်လာတာပါ။
Rating – 8.5/10
ဇာတ်လမ်းကတော့ သဘောပေါက်လွယ်ပါတယ်။
ကာတွန်း မောင်မောင် (လို့ထင်ပါတယ်) ဦးခေါင်းထဲက ဌာနလေးတွေ အလုပ်လုပ်ပုံ ကာတွန်းကို ဖတ်ဖူးရင် ပိုသဘောပေါက်လွယ်ပါတယ်။
နားတွင်း အလုပ်လုပ်ပုံ၊ မျက်လုံး အလုပ်လုပ်ပုံ စသည်ဖြင့် စိတ်ကူးယဉ်ကာတွန်းလေးတွေ ဖတ်ဖူးရင် ပိုကြည့်ပျော်ပါတယ်။
.
.
.
“Riley” ဆိုတဲ့ ကလေးမလေး ခေါင်းထဲက အာရုံတွေ၊ မှတ်ညာဏ်တွေ၊ စိတ်ကူးတွေ ကို ရုပ်ဝတ္ထု တင်စားချက်လေးတွေ နဲ့ ပြသွားတာမို့ …..
စိတ်ရဲ့ အလျင်၊ အလုပ်လုပ်ပုံ အသွားအလာကို အဲဒီ ကာတွန်းဇာတ်ကောင်လေးတွေက တစ်ဆင့် ပုံဖော် သိရပါတယ်။
အဘိဓမ္မာ ကို လေ့လာဖူး၊ ဖတ်ဖူးရင်တော့ ပို နားလည်မှာပါ။
.
.
.
ဒီကာတွန်းရဲ့ အနှစ်သာရက …..
စိတ်အာရုံ အလုပ်လုပ် ပုံ၊
စိတ်ခံစားချက်ကို တုံ့ပြန်ပုံ အယူအဆတွေက သိပ္ပံပညာနဲ့ ချဉ်းကပ် ရိုက်ထားပေမဲ့လည်း ကျနော်တို့ ဘုရားဟောတဲ့ တရားး နည်းနည်းလေ့လာဖူးသလောက်နဲ့ သွားပြီး တူနေတာကို တွေ့မိတယ်။
သူတို့ မရှာဖွေနိုင်သေးတာ သံသရာက လွတ်လမ်း ပဲ ရှိတော့တယ်လို့ မြင်မိတယ်။
ဒါတောင် မဝေးတော့တဲ့ တစ်နေ့မှာ ကျနော်တို့ရဲ့ မိရိုးဖလာယုံကြည်မှုတွေကို ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ်လို့ သိပ္ပံပညာက သက်သေပြနိုင်တဲ့ အချိန်ရောက်လာတော့မယ်ထင်ရဲ့။
မျက်စိမှိတ် ယုံကြည်ကိုးကွယ်မှုတွေကို သိပ္ပံပညာက စိန်ခေါ်လာသလို က ကျနော် အခုမှ တကယ် ခံစားရတာ။
.
.
.
.
.
ပြောချင်တာ အများကြီးပေမဲ့ ဘာသာရေးကို ကိုယ် လက်လှမ်းမှီသလောက်နဲ့ မပြောချင်လို့ ရပ်ပါပြီ။
ကာတွန်းကားလေးသာ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့။
13 comments
kai
October 6, 2015 at 3:38 am
ဇီမမ… နိဗ္ဗာန်ကို ဘယ်လိုသဘောပေါက်နေသလည်း.. သိချင်သား..
ထားပါတော့…
လာမယ့်နှစ်၁၀ဝထဲ.. မြန်လှ.. ဆယ်စု၂ခုလောက်ထဲ.. အသက်ဇီဝဝိဉာဉ်ကို.. စမ်းသပ်ဓာတ်ခွဲခန်းကနေထုတ်လုပ်ပြကြလိမ့်…
အဲဒီ ဖန်တီးမှုထဲ..နိဗ္ဗာန်ပါ.. တွဲထည့်လိုက်ပေးဖို့.. ပြောလိုက်ပါ… ။ :k:
ဇီဇီခင်ဇော်
October 6, 2015 at 9:02 am
ညာဏ်မမှီပါဘု တဂျီးရယ်။
နိဗ္ဗာန် ဆိုတာ နေရာ တစ်ခုမဟုတ်သလို၊
လားရာ တစ်ခုလည်းမဟုတ်ဘူးလို့ ယူဆထားတယ်။
သံသရာမှာ ဘာ သတ္တဝါမျိုး ဘာဘဝမျိုးမှ ပြန်မဖြစ်ပဲ ဖြစ်တည်မှု အလုံးစုံ ချုပ်ငြိမ်းသွားတယ် လောက်ပဲ သဘောပေါက်ပါတယ်။
kai
October 7, 2015 at 3:12 pm
မနေ့က.. Martian ၃ဒီ သွားကြည့်တယ်..။
ကားရှည်သမို့.. ခေါင်းပါမူးသွား…
တွေးနေတာက…
Mars အင်္ဂါဂြိုလ်မယ်…နေသူတွေကို.. Martian ခေါ်တာမို့…
Myanmar နဲ့အဆုံးသတ်တဲ့.. Myanmar ပြည်နေသူတွေကို.. Myanmartian မခေါ်သင့်ဘူးလားလို့…
ဗမာလို..ဘာသာပြန်ရင်တော့.. မြန်တဲ့.. အင်္ဂ ါဂြိုလ်သားများပေါ့…။
အပေါ်က… ရုပ်ရှင်နဲ့ဆက်စပ်ပြောရရင်တော့…
အဲဒီကားကို.. အိမ်က..ပိပိလေး.. ကြည့်ချင်လို့ပူဆာနေတာကြာလှပြီ…။
အခွေထွက်မှလို့ပြောထားတယ်..။
ကလေးတွေကြား.. တော်တော်ပေါ်ပြူလာဖြစ်ပုံရ…။ :k:
မြစပဲရိုး
October 8, 2015 at 12:15 am
သူတို့ မရှာဖွေနိုင်သေးတာ “လူ့ ဘဝ သံသရာ အစ” လဲ မရှာနိုင်သေးပါဘူး။
အဲဒါမျိုး ကို တစ်နေ့ တွေ့လာမယ် မှန်းတာဘဲ။
ဒါပေမဲ့ ဗုဒ္ဓ က တွေ့နေပြီးပါ။ အဲဒါကို သက်သေပြဖို့ ဘဲ ပေါ့။
အခွင့်ကြုံရင် ရစ်ချာ့ဒေါ်ကင်စ် ကို မေးချင်တာ တွေ မေးကြည့်ချင်သား။ :-)))
kai
October 8, 2015 at 6:20 am
ဂေါတမဗုဒ္ဓဖြေတော်မမူတဲ့မေးခွန်းတွေအထဲ.. အဲဒီ”သံသရာအစ”ပါတယ်..။
အရီးလတ်လက်ထက်မှ.. ဘယ်ကဘယ်လို… ဗုဒ္ဓကတွေ့သွားသလဲတော့မသိ…။
=
The Fourteen Questions to Which Buddha Remained Silent
Alexander Berzin
February 2007
There are fourteen unspecified points (lung-du ma-bstan-pa bcu-bzhi), which are points about which Buddha did not specify an answer when asked. Often this set of fourteen is referred to as the “fourteen questions to which Buddha remained silent.”
The Mahayana Version
To those who believe in a true findably existent “me” or “self” (bdag, Skt. atman) and a true findably existent universe, Buddha did not answer when they asked are the “I” or the “self” and the universe:
eternal,
not eternal, since they undergo gross impermanence at the time of their destruction,
as both, in the sense that some beings and their environments, like the Creator Brahma and his heaven, are eternal; while all else, such as his creations, are not eternal and end at the time of their destruction,
neither, since it is impossible to know?
Are “I’s” or “selves” and the universe:
finite,
infinite,
both finite and infinite, in the sense that limited beings (sentient beings) are infinite in number, but the universe is finite in size,
neither, since it is impossible to know?
Does the “I” or the “self” of a Buddha:
continue to exist after death,
not continue after death,
both, in the sense that the body does not continue, but the life-force (srog) does,
neither?
Buddha did not answer these because there is no such thing as a true findably existent “me” or “ self” for either limited beings (sentient beings) or a Buddha, and no such thing as a true findably existent universe. Therefore, there can be no question whether such things are eternal or not eternal, or finite or infinite. It is like asking do rabbit-horns, turtle-hair or chicken-lips last forever or only a limited time. If Buddha said the “me,” and so on are eternal, these people would fall to the position of eternalism. If he said they are not eternal, they would fall to the position of nihilism, since they would not understand his answer. Therefore, it was more skillful not to specify an answer at all.
To those who believe in a true findably existent body and life-force, Buddha did not answer when they asked are the body and life-force:
the same entity,
totally separate and different entities?
He remained silent for a similar reason, since they would only misunderstand anything he said.
The Theravada Version
An earlier, abbreviated list of ten unspecified points appears in the Pali canon in the Sutta of Shorter (Instructions) to Malunkya (Pali: Cula-Malunkyovada Sutta, within the The Collection of Middle-Length Discourses (Pali: Majjhima Nikaya). In this version, the monk Malunkyaputta was continuously distracted by metaphysical speculation during his meditation. In order to turn him back to his intensive meditation practice, Buddha remained silent when Malunkyaputta asked whether:
the universe is eternal,
the universe is not eternal,
the universe is finite,
the universe is infinite,
after death, a Buddha continues to exist,
after death, a Buddha does not continue to exist,
after death, a Buddha both continues to exist and not to exist,
after death, a Buddha neither continues to exist or not to exist,
the body and the “self” are the same entity,
the body and the “self” are totally separate and different entities.
မြစပဲရိုး
October 8, 2015 at 11:54 pm
သူကြီးမင်း
ကျွန်မ ရေးထားတာ ” “လူ့ ဘဝ သံသရာ အစ” လို့ ဆိုတာ နော်။
လူ့ ဖြစ်စဉ် ကို ပဋိစ္စသမုပါဒ် စက်ဝိုင်း နဲ့ ရှင်းပြထားတဲ့ အဝိဇ္ဇာ နဲ့ တဏှာ အရင်းခံပြီး ဥပ္ပဒါန် ကံ ကြောင့် ရုပ်နာမ် ပေါ်တာက ဘုရားဟော မဟုတ်ဘူးလား။
“မူလ နှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခု အလွှာ” က စပြီး ငယ်တုန်းက အဖွားတိုင် ပေးပြီး ကျက်ရတာ။
အဲဒီ Richard Dawkins ကို အဲဒီ လို ဆွေးနွေး ပေးနိုင်ခဲ့ ရင် သူဘာပြောမလဲ အမြဲ တွေးမိနေတာလေး ကို ရေးလိုက်တာ။
ကျွန်မ ပြောတာ မှားလား/မှန်လား ဆိုတာ နောက်တစ်ခါ ဆရာတော် ကို တွေ့ရင် မေးပါ့မယ်။
သူကြီး ပြောတာ ကို လဲ ကူးသွားပြီး ပြပါ့မယ်။
မှားတယ်လို့ ပြောရင် ဝန်ခံပြီး ဆရာတော် ရှင်းပြတဲ့ စကား ကို ပြန်ပြောပြပေးပါ့မယ်။
အဲဒီ အချိန်ကျ ဆက်ပြီး အမှားဖြစ်တာ ထင်ရင် ထပ်ပြီး ထောက်ပြ ပေါ့ သူကြီးရာ။
:-))
kai
October 9, 2015 at 1:43 am
ပဋိစ္စသမုပါဒ် စက်ဝိုင်းကို.. လူသားမွေးတာကနေ…သေတဲ့အထိ… ဒီဘဝ…ဒီခန္ဓာထဲက.. အဖြစ်အပျက်..ဘဝ… အပိုင်းအပိုင်းလေးတွေထဲ.. Apply လုပ်ကြည့်နိုင်တယ်ဗျ…။
အဲဒီလို.. အဲဒီဆရာတော်ရှင်းပြခဲ့ရင်… ဆွေးနွေးစရာတွေအများကြီးဆက်ရှိနိုင်တယ်….. လို့စ်..။ :k:
Alinsett @ Maung Thura
October 9, 2015 at 7:30 am
ကာတွန်းကားတွေတော့ ကြိုက်သမို့
ဒီဇာတ်ကားလေးလည်း ကြည့်ဖြစ်အောင်ကြည့်အုန်းမယ်လို့ တွေးထားမိ
အခုလတ်တလောတော့ ဆယ့်ငါးမိနစ်တောင်
ကွန်ပြူတာရှေ့မထိုင်ဖြစ်သေးး
ဦးကြောင်ကြီး
October 11, 2015 at 11:15 am
လူမိုက်ခင်ဇော ်… နီ မင်းတမီး မဖြစ်မည့်တူတူ ကာတွန်းဇာတ်ကောင် လှုပ်ပါလား..။
လုံမလေးမွန်မွန်
October 12, 2015 at 2:40 pm
ကြည့်ပြီးပြီ..
တရားသဘောနဲ့ မဆင်ခြင်နိုင်သေးပေမယ့်.. Joy နဲ့ Sadness မရှိတဲ့အချိန်.. တစ်ခုပြီးတစ်ခု ပြိုလဲသွားတဲ့ islands တွေ… Sadness နဲ့ Joy တို့ရဲ့ ဆက်စပ်ပုံ…
ဘဝအနှစ်သာရတစ်ခုကိုတော့ တွေ့သွားမိတယ် ထင်တာပဲ.. 🙂
kai
March 13, 2016 at 6:27 am
Shin Nyarna
March 2 at 6:38am ·
ဓမ္မဝိဟာရီအား လေးစားချစ်မြတ်နိုးကြသူများကို ဓမ္မဝိဟာရီက ထူးထူးဆန်းဆန်းသိစရာအဖြစ် အသက်အကြောင်း ပြောပြခဲ့တယ်။ ဒါပြောပြတာကို ထူးထူးဆန်းဆန်းလို့ ပြောလိုက်ရတာက အသက်ကို လူတိုင်းလိုလို သိကြသလိုရှိကြပေမယ့် အသက်ရဲ့အရ ယူစရာကို ဘယ်သူမှ တိတိကျကျ ယူပြတာမရှိကြလို့ပဲ။
မသေသေးတဲ့သူမှာ အသက်ရှိတယ်။ သေပြီးသူမှာ အသက်မရှိကြတော့ဘူးလို့ လူတိုင်းသိကြပေမယ့် မသေသေးသူမှာရှိတဲ့ အသက်ဟာ သေသူမှာ ဘယ်လိုမရှိသွားတာလည်းလို့ မသိကြဖူး။ ဒီလိုဖြစ်တာဟာ အသက်ကို သိသလိုရှိကြပေမယ့် အမှန်တကယ်မသိကြတာ အသေအချာပဲ။ ဒီတော့ အသက်အကြောင်းပြောတဲ့စကားဟာ ထူးထူးဆန်းဆန်းစကား ဖြစ်တာပဲ။
ဒီလိုပြောနေတာက အသက်နဲ့စပ်တဲ့ ဒီစကားတွေကို အမှတ်တမဲ့ သိသွားတာ မဖြစ်စေချင်လို့ပဲ။ အသက်ဟာ မသေကြသေးတဲ့လူတိုင်းမှာ ရှိနေတဲ့ အရာပဲ။ ဒီအသက် ဘယ်လိုဖြစ်တယ်လို့ ရေရေရာရာမသိရင် နောက်ဆက်တွဲရေရေရာရာ မသိတာတွေ ပြောမဆုံးအောင် ဖြစ်လာတာ ခံရဖို့ရှိတယ်။
လူ့ရဲ့တန်ဖိုးဟာ သိတတ်တာပါ။ ဒီလိုဖြစ်ပေမယ့် သိတာက သိစရာမဟုတ်တာတွေလည်း သိနိုင်ပြန်တယ်။ သိစရာ မဟုတ်တာသိတာဟာ မသိတာထက်ဆိုးတာပဲ။ မသိတာက သိတာဆီရောက်ဖို့ အကြောင်းရှိပေမယ့် သိစရာမဟုတ်တာသိတာကတော့ သိဖို့အကြောင်းမရှိတော့လို့ပဲ။ ဒီတော့ ဒီလိုအဖြစ်ခံရရင် လူ့အရည်အချင်းအပျက်ခံထိတာပဲ။
အဲဒါကြောင့်ဘာဖြစ်တယ်လို့ ထူးထူးဆန်းဆန်း ဖြစ်ပေမယ့် ဓမ္မဝိဟာရီက ပြောလိုက်တာပဲ။
အသက်ဟာ အသက်ရှင်နေသူဆီကို အသက်ဝင်လာအောင် ဘယ်သူကမှ မှုတ်သွင်းခံထားလို့ ရှိလာတာမဟုတ်ဖူး။ ပြီးတော့ ဘယ်တနေရာရာဆီကနေမှ ဝင်လာခံရတာလည်းမဟုတ်ဖူး။ အမေတို့ အဖေတို့ဆီကလည်းရလာခံရတာလည်း မဟုတ်ဖူး။ ဒီလိုတွေ အသက်အရကို အမှန်တကယ်မသိကြဖူး။
အသက်ဟာ ဘယ်ကမှ ရလာတာ မဟုတ်ဖူး။ အဖေ အမေတို့ဆီကတောင် ရလာတာ မဟုတ်ဖူးဆိုတော့ အသက်ဘယ်လို အသက်ရှိသူဆီဝင်လာတယ်လို့ မသိအောင် ဖြစ်သွားစရာရှိတယ်။ အဲဒီလို မဟုတ်ကြောင်းပြောရမယ်။
အသက်ဟာ အသက်ရှင်မယ့်သူဆီမှာ အသက်ဝင်လာအောင် အသက်ရှင်မည့်သူကိုယ်တိုင် လုပ်ယူထားခံရတဲ့အရာပဲ။ အသက်ရှင်မည့်သူကို သူ့အဖေအမေတွေက သူတို့ရှိတဲ့ဝန်းကျင်က မွေ့ပျော်စရာတွေကို လက်ခံဖို့နဲ့ လက်ခံရတာတွေကို တွက်ချက်ဖို့ အစိတ်အပိုင်းတွေကိုပဲ ပေးလိုက်နိုင်ကြတယ်။
အသက်ကတော့ အသက်ရှင်မည့်သူကိုယ်တိုင်က အသက်ဝင်လာအောင် လုပ်ယူကြရတယ်။ အသက်ကို ကိုယ်တိုင်လုပ်ယူရတယ်ပေါ့။ ဒီနေ့ ဒါပဲနော်။
အားလုံးချမ်းမြေ့ပါစေ။ ။
=============================================
ဓမ္မဝိဟာရီကို လေးစားချစ်ခင်ကြသူတွေထံ အလွန်အမှုမဲ့ အမှတ်မဲ့ အထားခံခဲ့ကြရတဲ့ အသက်ဆိုတာနဲ့ အသက်ဘယ်က ရတယ်ဆိုတာကလေးနှစ်ခုကို သိသာရုံလေးလောက် မိတ်ဆက်ပေးတာလုပ်ခဲ့တယ်။
ဒီလိုကလေး သိရတာလောက်နဲ့ပဲ အကျိုးများအောင်ဖြန့်ကြည့်ရင် အကျိုးများကြလိမ့်မယ်လို့ထင်ပါတယ်။ အဲဒီလိုဖြစ်အောင် အသုံးချကြဖို့လည်း တိုက်တွန်းရမှာပဲ။
အသက်ကို အဖေ အမေက မပေးလိုက်ဖူး။ ဘယ်သူ့ဆီကမှ ရတာလည်းမဟုတ်ဖူး။ ကိုယ့်ဟာကိုယ် အသက်ကိုလုပ်ယူရတာ ဆိုတော့ ဘယ်လိုကိုယ့်ဟာကိုယ် လုပ်သလဲ မေးစရာရှိတာပေါ့။ ဒီနေ့ ဒါလေးဆက်ပြီး မိတ်ဆက်ပေးဖို့ ရည်ရွယ်တယ်။ လူဟာ အမေ့ဝမ်းထဲမှာနေစဉ်က အမေအဖေတို့ဆီက
ကိုယ်လက်အင်္ဂါအပြည့်အစုံရခဲ့တယ်။ အဲဒီအထဲမှာ မျက်စိလည်းပါတယ်၊ နားလည်းပါတယ်၊ နှာ လျှာ ကိုယ်နဲ့ ဦးနှောက်လည်း ပါတယ်။
အဲဒါတွေက လူ့ဝန်းကျင်မှာ ရှိကြတဲ့ အဆင်းအမျိုးမျိုးတွေ အသံအမျိုးမျိုး အနံ့အမျိုးမျိုး အရသာအမျိုးမျိုး အတွေ့အမျိုးမျိုးနဲ့ အဲဒါတွေရဲ့တခုနဲ့တခု မတူကွဲပြားတဲ့
ခြားနားချက်တွေအတွက် တွက်ချက်စရာအမျိုးမျိုးတွေကို လက်ခံတဲ့အရာတွေပဲ။
အဲဒီအရာတွေထဲက တချို့ဟာ အမေ့ဝမ်းထဲမှာကတည်းက အလုပ်လုပ်တာတွေ့ရတယ်။ အများစုကတော့ အမိဝမ်းအပြင်ဘက်ကျမှ အလုပ်လုပ်ကြတာပဲ။
အဲဒါတွေဟာ သိစရာတွေကို လက်ခံတဲ့ အစိတ်အပိုင်းတွေပဲ။ အရေအတွက်ခြောက်မျိုးပေါ့။ သိစရာတွေကလည်း ဒီလိုပဲ ခြောက်မျိုးပဲရှိတာပဲ။ မြင်စရာ ကြားစရာ အနံ့ အရသာ အတွေ့ခံစရာတွေနဲ့ သိစရာတွေပေါ့။
အဲဒီသိစရာတွေဟာ သိသူရဲ့အပြင်ဘက်မှာ အများအားဖြင့်ရှိကြတယ်။ အဲဒီသိစရာတွေကို လက်ခံတဲ့ အစိတ်အပိုင်းတွေကတော့ သိသူဆီမှာ ရှိနေကြတယ်။
အသက်က အဲဒီနှစ်ခုပေါင်းဆုံမှုရှိမှ ဖြစ်လာကြရတာ။ အဲဒီနှစ်ခုတွေ ပေါင်းဆုံမှုကလည်း အချိန်နဲ့အမျှ အမြဲရှိနေတော့ အသက်ကလည်း အမြဲရှိနေတာပေါ့။ အိပ်ပျော်နေ သတိလစ်မေ့မြောနေရင်းတောင် အပြင်ဘက်က တွေ့သိထားတာတွေရဲ့ တခုနဲ့တခု မတူကွဲပြားခြားနားတာတွေကို တွက်ချက်တာတွေလုပ်နေသေးတယ်။
အသက်ဝင်ရှင်သန်တာ အကြောင်းသိတော့ အသက်မဝင် မရှင်သန်ပဲ အသက်မရှိတာ အကြောင်းသိကြပြီပေါ့၊ အသက်ဖြစ်တဲ့အကြောင်းနှစ်မျိုးထဲက သိစရာအကြောင်းတွေ ရှိနေပေမယ့် သိစရာတွေကို လက်ခံတဲ့ အစိတ်အပိုင်းခြောက်မျိုးက အလုပ်မလုပ်တော့ရင် အသက်မရှိသူဖြစ်တာပဲ။
အားလုံးချမ်းမြေ့ပါစေ။
====================================
အသက် အပိုင်း (၃)
ဓမ္မဝိဟာရီကို လေးစားမြတ်နိုးကြသူများ
သိကြဖို့ အသက်နဲ့စပ်ပြီး ဓမ္မဝိဟာရီပြောလာခဲ့တာ သုံးကြိမ်ရှိသွားခဲ့ပြီ။ အလေးထား သိမြင်အောင် နားလည်ပေးကြမယ်လို့ ဓမ္မဝိဟာရီက ထင်ပါတယ်။
အသိပေးခဲ့ပြီးတာတွေအရ သိရတာက အသက်ဟာ အထူးအဆန်း မဟုတ်ဘူးလို့
ဖြစ်မှာပဲ။ အသက်ဟာ အသက်မဟုတ်ကြတဲ့ အသိခံတွေနဲ့ အသိခံတွေကို လက်ခံတဲ့ အစိတ်အပိုင်းတွေရဲ့ ဓါတ်ပြုရာက ဖြစ်ပေါ်လာတဲ့ အရာမျှပဲ မဟုတ်လား။
ဒီတော့ အသိခံတွေကို လက်ခံတဲ့ အစိတ်အပိုင်းတွေ အလုပ်လုပ်နိုင်အောင် ကောင်းမွန်နေရင် အသိခံတွေနဲ့ ပေါင်းဆုံနိုင်တာကြောင့် ဓါတ်ပြုကြတော့ အသက်ရှိပြီး
ဓါတ်မပြုနိုင်ကြတော့ရင် အသက်မရှိတာပဲ။
ဒီလို အသက်ရှိတာနဲ့ မရှိတာမှာ အထူူးအဆန်းမရှိပေမဲ့ အသက်ရှိတာထဲမှာတော့ အထူးအဆန်းတွေရှိတယ်လို့ပြောရမှာပဲ။ အဲဒါကို သတိချပ်မိကြဖို့ အရေးကြီးလှတယ်။
အဲဒါက ပြောခဲ့ပြီးတဲ့ အသက်နှစ်မျိုး ရှိနေလို့ပဲ။ ဝယအသက်နဲ့ အမတအသက် ဆိုပြီးတော့ပဲ။ ဒီလိုဖြစ်ပေမဲ့ ဒီအသက်နှစ်မျိုးလုံးဟာ သိစရာခြောက်မျိုးနဲ့ သိစရာကိုလက်ခံတဲ့
ခြောက်မျိုးတို့ ဓါတ်ပြုကြရာက သိတယ်ဆိုတာ ခြောက်မျိုးရဲ့ နာမည်တွေပဲ ဖြစ်တယ်။
ဝယအသက်လည်း အသိရဲ့နာမည်ပဲ၊ အမတအသက်လည်း အသိရဲ့နာမည်ပဲ။ ဝယအသက်နဲ့ အမတအသက်ဟာ အသိအဖြစ်တူပေမယ့် သိပုံ လက္ခဏာချင်း ခြားနားကြတယ်။ နောက်ထပ်ခြားနားချက်တွေလည်း ၂ ခု ရှိသေးကြတယ်။
အဲဒါတွေကတော့ အဲဒီအသက်တွေကို
ဖြစ်စေတဲ့ ဓါတ်ပြုတာထဲက တခုဖြစ်တဲ့ သိစရာခြောက်မျိုးကို လက်ခံတဲ့အရာခြောက်မျိုးဟာ ခြားနားချက်တခုပဲ။ နောက်တခုကတော့ အဲဒီအသက်တွေကဖြစ်စေတဲ့ ကိုယ်
နှုတ် နှလုံး တုန့်ပြန်မှုတွေ ခြားနားကြတာပဲ။
ဝယအသက်နဲ့ အမတအသက်ဟာ အသက်ဖြစ်ပုံခြင်းလည်း တခုနဲ့တခုခြားနားသလို အဲ့ဒီအသက်ဖြစ်ကြောင်းနဲ့ အဲဒီအသက်က
ဖြစ်စေချက်တွေလဲ တခုနဲ့တခု ခြားနားကြတယ်ပေါ့။
ဒီအသက်နှစ်ခုမှာ ထင်သာမြင်သာရှိရှိ
ခြားနားတာလည်း ရှိသေးတယ်။ အဲဒါက လူ့လောကဖျက်ဆီးတာနဲ့ လူ့လောကကို အကျိုးပြုတာပဲ။ ဝယအသက်က ဖျက်ဆီးပြီး အမတအသက်က အကျိုးပြုတာပဲ။
ဓမ္မဝိဟာရီကို ချစ်ခင်ကြသူတွေလည်း အသက်ရှိသူတွေပဲ။ ကိုယ့်အသက်ဟာ ဝယအသက်လား အမတအသက်လား သိဖို့ ဆက်လေ့လာရမှာပဲ။
အားလုံးချမ်းမြေ့ပါစေ။
==============
https://www.facebook.com/profile.php?id=100011172077247&fref=ts
မှကူးသည်။။
ခင်ဇော်
March 14, 2016 at 10:19 am
အဲ။
အသက် ၂ မျိုး အကြောင်း ပါဠိလို
ဂဃနဏ တော့ အခုမှ စ ဖတ်ဖူးတယ်။
သိပ္ပံပညာ/ဆေးပညာ တွေ့ရှိမှုနဲ့ ကျ ဘယ်လို ညှိလည်းတော့မသိ။
ကျနော် အဲဒီ အကြောင်းကို စ တွေးဖူးတော့ ကိုမာ ဖြစ်လို့ လူနာက နှလုံးပဲခုန်တော့တယ်။ ဦးနှောက်က သေသွားပြီမို့ နောက်ဆုံး နှလုံးကိုပါ ရပ်ပြီး လက်လျှော့လိုက်ရတာတို့ ဘာတို့ဖတ်ဖူး ကြည့်ဖူးတာက စတာ ပဲ။
ဒါဆို အသက်က ဘယ်ပေါ်မူတည်ပြီး ရှိတယ်၊မရှိဘူး သတ်မှတ်ရမလဲ မသိ။
အခြေခံသိသလောက်က နှလုံးခုန်ရပ်ရင် သေတာလို့သိခဲ့တာကိုးးး
ခုတော့ ဦးနှောက် ဖန်ရှင်းတွေ ရပ်လည်း သေတယ်ပြောရမှာပေါ့နော့။
🙄
kai
March 14, 2016 at 1:37 pm
ကိုမာသမားရဲ့ ဘရိမ်းဝေဗ့်တွေလှုပ်နေတာ တွေ့ကြရတာမို့.. အလုပ်မလုပ်တော့ဘူးလို့ ပြောလို့ခက်မှာပါ..။
အပြင်လူ.. ဘယ်သူသိနိုင်တာမှတ်လို့..
ဆိုတော့…
အဲဒီအသက်အတွေးအခေါ်ကိုရေးတဲ့ သူက မိုးပြာဆရာတော်ဦးဉာဏဗျ…။
အတွေးအခေါ်ဆန်းလို့.. အဲ.. ဆန်းတယ်ဆိုတာထက်.. ကွန်ပျူတာကြီးကြည့်ပြီးများပြောနေသလားထင်လို့.. မှတ်တမ်းထားတင်လိုက်တာပါ…။
ကြည့်ရတာ.. သံသရာအစကို.. သူတွေ့နေပြီထင်ပါရဲ့.. :k: