Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တက်နိုလိုဂျီ သုံး၍ အင်္ဂလိပ်စာ သင်ယူကြပါစို့ (၂)Using Technology to Learn English

kaiSeptember 21, 20232min14820

ယခင်လက Zoom သင်တန်းလေးများအကြောင်း ရေးသားဖေါ်ပြခဲ့ပါတယ်။ ယခု ဒီ Zoom သင်တန်းလေးတွေရဲ့ benefits သို့မဟုတ် advantages လေးတွေ ထပ်မံ တင်ပြလိုပါတယ်။ ပထမဦးဆုံး တွေ့ရှိရတဲ့ benefit ကတော့ အကြိမ်ကြိမ် အဖန်ဖန် ပြန်လည်ကြည့်ရှုနားထောင်နိုင်ခြင်း ဖြစ်ပါတယ်။ In – person သင်တန်းမှာ ဆရာနှင့်၊ ဆရာမနှင့် တကြိမ်သာ တွေ့ခွင့် ရှိပါတယ်။ ယခု Zoom session တွေကို recording လုပ်ထားသည့်အတွက် တကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ် ကြိမ်ဖန်များစွာ ပြန်လည် ကြည့်ရှုနားဆင်နိုင်ပါသည်။ နားမလည်မခြင်း၊ သဘောမပေါက်မခြင်း ပြန်လည် ကြည့်ရှုနားဆင်နိုင်ပါသည်။ တကယ့်ကို တန်ဖိုးကြီးတဲ့ advantage တခုပါ။
ဒုတိယအချက်ကတော့ သင်ကြားပို့ချသွားတဲ့ lesson ကို နားထောင်နိုင်ရုံမက transcript အဖြစ်ပါ ဖော်ပြပေးခြင်းပါ။ ကျောင်းသူကျောင်းသားအများစုဟာ Notes လိုက်မှတ်ရတဲ့ အခက်အခဲရှိပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာ သိပ်မကျွမ်းသေးဘူးဆိုရင် ရှေ့က ဆရာ၊ ဆရာမ ပြောသွားတာတွေကို နောက်ကလိုက်ပြီး မှတ်စုရေးရတာ မလွယ်ကူလှပါ။ ယခု zoom session မှာကြတော့ ဒီအခက်အခဲတွေ မရှိတော့ပါ။ transcripts လုပ်ပေးနိုင်တဲ့ zoom ရဲ့ button လေးကို အသုံးပြုထားရင် transcripts တွေက အလိုလို ပေါ်လာပါလိမ့်မယ်။ အချိန်ကုန်ခြင်းလည်း သက်သာတယ်။ လူပင်ပန်းခြင်းလည်း သက်သာပါတယ်။
နောက်ဆုံး Benefit လေး တခုကတော့ convenience ပါ။ Zoom သင်တန်းကို မိမိ၏ နေအိမ်မှ၎င်း၊ အလုပ်ဌာနမှ၎င်း၊ အလွယ်တကူ တက်ရောက်နိုင်ပါတယ်။ အချို့ ကျောင်းသူကျောင်းသားများဆို ခလေးထိန်းရင်းနဲ့ playground ကတောင် laptop လေးနဲ့ သင်တန်းတက်တာ တွေ့ဘူးပါတယ်။ ဒီတော့ အင်္ဂလိပ်စာ တိုးတက်လိုသူတိုင်း နီးစပ်ရာနီးစပ်ရာ College များက ပို့ချပေးနေတဲ့ zoom သင်တန်းများကို တက်ရောက်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။ နမူနာအနေနဲ့ စာရေးသူတို့ရဲ့ Mission College က အင်္ဂလိပ်စာ zoom သင်တန်းအချို့ကို အောက်တွင် ဖေါ်ပြပေးလိုက်ပါတယ်။

ESL Section / CRN: 74219
Instructor Instructional Mode
Myint, Myo Online Synchronous

English Section / CRN: 73549
Instructor Instructional Mode
Sullivan, Sarah Online Synchronous

Myanmar Gazette ကို မှန်မှန် အားပေးနေတဲ့ စာဖတ်ပရိသတ်ကတော့ မှတ်မိမှာပါ။ English Grammar နဲ့ ပတ်သတ်လို့ စာရေးသူ ဆောင်းပါးများစွာ ရေးသားဖော်ပြဘူးပါတယ်။ Grammar နဲ့ ပတ်သတ်လို့ သင်ကြားသူတွေက ဘယ်လောက်ဘဲ သင်သင်၊ လေ့လာသူတွေကိုက ဘယ်လောက်ဘဲ လေ့လာမှတ်သားကြ၊ စကားပြောသည့်အခါ၊ စာရေးသည့်အခါ grammar mistakes လေးတွေ ပေါ်လာတတ်တာ အများအသိပါ။ သို့သော် ယခုခေတ်မှာတော့ ထို grammar mistakes လေးတွေ အများကြီး လျော့သွားအောင်၊ လုံးဝ ပပျောက်သွားအောင် ကူညီပေးမဲ့ Grammarly ဆိုတဲ့ software လေး၊ app လေး ပေါ်ပေါက်လာပါပြီ။ တကယ်တော့ စာရေးသူက နောက်ကျနေလောက်ပါပြီ။ Technology နဲ့ ရင်းနှီးတဲ့ မြန်မာမိသားစုတွေဟာ Grammarly ကို သုံးနေလောက်ပြီ ထင်ပါရဲ့။
မသုံးဘူးသေးတဲ့သူများ အားလုံးကို Grammarly ကို သုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ စာရေးသူရဲ့ writing courses များမှာ တက်ရောက်သူ သင်တန်းသူ၊ သင်တန်းသား အားလုံးအတွက် ကျောင်းက Grammarly account လေးတွေ ဖွင့်ထားပါတယ်။ ဒီတော့ ဒီသင်တန်းသူ၊ သင်တန်းသား အားလုံးကို ဝါကျဘဲ ရေးခိုင်းရေးခိုင်း၊ paragraph လေးတွေဘဲ ရေးခိုင်းရေးခိုင်း Essay လေးတွေဘဲ ရေးခိုင်းရေးခိုင်း Grammar mistakes တွေ အထူးကို နည်းပါးသွားတာ တွေ့ရပါတယ်။ ဆရာ၊ ဆရာမ လုပ်သူအတွက် အထူးသက်သာသလို ကျောင်းသားကျောင်းသူများအတွက်လည်း အထူးကို အကြိုးရှိပါတယ်။
စာရေးတဲ့အခါ grammar mistakes တွေကို အချိန်ကုန်ခံပြီး ပြင်နေမဲ့အစား၊ စာအရေးအသား ပိုမိုညက်လာအောင်၊ ထိထိမိမိ ဖြစ်လာအောင် အာရုံစိုက်နိုင်တာပေါ့။ Grammarly မှာ ရိုးရိုး Account ဘဲ ယူရင် free လို့ သိရပါတယ်။ free account ဘဲ ဖြစ်ဖြစ်၊ paid account ဖြစ်ဖြစ် တခုခုတော့ ယူထားဖို့ ကောင်းပါတယ်။ တကယ်တော့ paid account ယူနိုင်ရင်တော့ Bells and whistles လို့ ခေါ်ကြတယ်။ အပိုလေးတွေ ပါတာပေါ့လေ။ ကိစ္စ မရှိပါ။ free account နဲ့လည်း အလုပ်ဖြစ်ပါတယ်။ Grammarly ရှိထားရင် အလုပ်ခွင်မှာ email လေးတွေ ရေးတဲ့အခါ၊ report လေးတွေ ရေးတဲ့အခါ Grammar mistakes လေးတွေ ကင်းစင်သွားမှာ သေချာပါတယ်။
စာရေးသူရဲ့ အတွေ့အကြုံကို ပြောရရင်တော့ Grammarly ကို သုံးတဲ့သူများအားလုံး grammar mistakes ကင်းစင်သွားတဲ့ အကျိုးကျေးဇူးကို ရမှာ သေချာလှပါတယ်။
နောက်ထပ်ဖော်ပြလိုတဲ့ language learning app လေးတခုကတော့ Kahoot လို့ ခေါ်ပါတယ်။ Cell phone မှာဘဲဖြစ်ဖြစ်၊ Computer မှာဘဲဖြစ်ဖြစ်၊ games ကစားလိုတဲ့ ပုဂ္ဂိုလ်များနဲ့ လျော်ညီတဲ့ app လေးတခုပါ။ အင်္ဂလိပ်စာတွက်မက အခြား Mathematics တို့၊ chemistry တို့ အစရှိတဲ့ content subjects တွေကိုပါ သင်ယူကြတဲ့အခါမှာ အထူးအထောက်အကူပေးတဲ့ app လေး ဖြစ်ပါတယ်။ ဒီ Kahoot လေးရဲ့ ထူးခြားချက်ကတော့ မိမိရဲ့ ဆရာ၊ ဆရာမတို့ရဲ့ Lesson လေးတွေသာမက အခြား ဆရာ၊ ဆရာမများ create လုပ်ထားတဲ့ lesson လေးတွေကိုပါ ကစားနိုင်ခြင်း၊ ကစားရင်းနှင့် ပညာရယူနိုင်ခြင်းပါ။ မိမိအချိန် ပေးနိုင်ရင် ပေးနိုင်သလောက် အကျိုးရှိမဲ့ app လေးတခုပါ။ စာရေးသူရဲ့ သင်တန်းအချို့မှာ အသုံးပြုဘူးတဲ့ lesson လေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ “Public” လုပ်ထားတော့ မည်သူမဆို ကစားရင်း ပညာယူနိုင်ပါတယ်။

My kahoot!


ယခုလ ဒီမှာဘဲ ရပ်ကြပါစို့။ နောက်လတွေမှာ ယခုခေတ်စားနေတဲ့ ChatGPT အကြောင်း ပြောကြတာပေါ့။

  • Prof: Myo Kyaw Myint