လူ ့ အဖွဲ ့အစည်းတရပ် အတွက် လိုအပ်တဲ ့အချက်…..
အမေဇုန်ဒဏ္ဍာရီတစ်ပုဒ် ဖတ်ဖူးပါတယ် ။
ဘုန်းကြီးတစ်ပါးက ဘုရားကို ငရဲ နဲ ့ နိဗ ာန် အကြောင်း သိချင်ပါတယ် လို ့ ပြောသတဲ ့။
ဘုရားက ငရဲ ကို ပြမယ် ဆိုပြီး အခန်းတစ်ခု ထဲ ကို ခေါ်သွားတယ်။
အဲဒီ အခန်းထဲမှာ စားပွဲကြီး တစ်လုံး ၊ အလယ် မှာတော့ အလွန် အနံ ့အရသာ ရှိပုံရတဲ ့ အသားဟင်းတစ်ခွက်…ရှိတယ် ။
စားပွဲရဲ ့ ပတ်လည်မှာတော့ လူတွေထိုင်နေကြတယ် ။ ခက်တာက အဲဒီလူတွေကို ထိုင်ခုံတွေမှာ ကြိုးနဲ့ ့ပူးချည်ထားတာပဲ…။
အဲဒီလူတွေကလည်း အပြင်းအထန် ဆာလောင် ငတ်မွတ်နေကြတယ် ။ သူတို ့လက်ထဲမှာ ကိုင်ထားတာက လက်ကိုင် အရှည်ကြီးတွေနဲ ့ ဇွန်းတွေ….။
အဲဒီ ဇွန်းတွေနဲ ့…. ဟင်း ပန်းကန်ဆီကို လှမ်းခပ်တဲ ့အခါ….ဇွန်းတွေက ဟင်းပန်းကန်ဆီကိုတော့ ရောက်ပါရဲ ့..(.ဟင်းကိုတော့ ယူ လို ့ရပါရဲ ့)။ ဒါပေမယ် ့ လက်ကိုင်တွေက ရှည်လွန်းတော့ ဟင်းကို ခပ်ပြီးတဲ ့အခါ သူတို ့ပါးစပ်ဆီကို ပြန်ယူလို ့ မရဘူး။
သူတို ့ကြုံနေရတာက တကယ် ့ကို ကြောက်စရာပါပဲ..။ စားစရာကို မြင်နေပါလျက် မစားရတဲ ့ ဆာလောင်မှု ဒုက္ခ ..။
အဲဒီနောက်တော့ ဘုရားက နိဗ ာန် ကို ပြမယ် လို ့ဆိုပြီး…ခုဏက လို ဆင်တူ နောက်ထပ် အခန်းတစ်ခု ထဲ.. ထပ် ခေါ် သွားတယ် ။
အဲဒီမှာလည်း အရသာ ပြည့်ဝတဲ ့ ဟင်းတစ်ခွက်၊ ထိုင်ခုံမှာ ပူးချည် ခံထားရသော လူတွေ၊ လက်ကိုင် ရှည်လွန်း
သော ဇွန်းများ……၊ အားလုံးက ငရဲခန်းထဲကလိုပါပဲ။ မတူတာ တစ်ခုတော့ရှိနေတယ် ။
အဲဒီ လူတွေမှာ ( ငရဲခန်းထဲက လူတွေလို) ဆာလောင်မှု မရှိဘူး။
ဝလင်အောင် စားသောက် ထားရလို့ ပျော်ရွှင်နေကြတယ်။ ဘုန်းကြီးက နားမလည်သေးဘူး။ သူတို ့ လက်ကိုင်ရှည်တဲ ့ ဇွန်းတွေ နဲ ့ ဘယ်လိုများ စားသာက်ထားကြသလဲ……..?
ဘုရားက ပြောပြတယ် ။
“””” ဒါဟာ လွယ်ကုူတဲ ့အလုပ်ပါပဲ..။ ဒီအခန်းထဲက လူတွေက
တစ်ယောက်ကိုတစ်ယောက် ခွံ ့ကျွေးဖို ့ သိထားကြတယ်လေ……….၊။ ” ”
* * *
ဒီဇာတ်လမ်းလေးကို အားလုံး ဖတ်ဖူး မှတ်ဖူးကြမှာပါ ။ ကျွန်တော်ကတော့… ဒီဇာတ်လမ်းကို ဖတ်ပြီးချိန်မှာ
တွေးစရာလေးတွေအများကြီး နဲ ့ကျန်ခဲ ့ပါတယ် ။
ကောင်းမွန်သော…၊ ဖွံ ့ဖြိုးတိုးတက်သော…လူ ့အဖွဲ ့အစည်းတစ်ခု ဖြစ်ဖို ့..
လိုအပ်တာတွေ အများကြီးထဲက တစ်ခုသော လိုအပ်ချက်ပဲ…ထင်ပါတယ်။
ကောင်းမွန်တိုးတက်သော…အဝန်းအဝိုင်း ( လုူ ့အဖွဲ ့အစည်း ပေါ့လေ. ) တည်ဆောက်ဖို ့
ကျွန်တော်တို ့ဟာ… တစ်ယောက်ကို တစ်ယောက် ခွံ ့ကျွေးတတ်ရမယ်..။
အပြန်အလှန် ခွံ ့ကျွေးခြင်း အတတ်ပညာကို သင်ယူတတ်မြောက်ထားရမယ် လို ့
မြင်မိပါတယ် ။
( အထူးသဖြင် ့…. အခုလို ဟင်းခွက်အရှေ ့နားမှာ….ထိုင်ခုံနဲ ့ပူးချည်တာ ခံထားရသလို…
အချိန်မျိုးမှာ….. …………… …….။)
* * * * *
Ref ; Vital Speech of the day ;
အားလုံးကို လေးစား ခင်မင်စွာ…
အလင်းဆက်
16 . 8 2011 20 း13 pm
11 comments
ရာဇဝင်လူဆိုး
August 19, 2011 at 7:36 pm
ကောင်းတယ်ဗျာ… ၊ကျူပ်တို. ပတ်ဝန်းကျင်မှာ၊ကူပ်တို.တိုင်ပြည်မှာ ဒီလိုအတွေးအခေါ်တွေပေးနိုင်ရင် ၊ ပေးလို.ရခဲရင်၊ပေးဖို.လူတိုင်းက ဒီလိုအသိစိတ်ရှိခဲ.ရင် ……?????
စုန်းထီး
August 19, 2011 at 7:50 pm
ကြိုက်တယ်ဗျာ …
ဥပမာလေးကို ကြားဖူးတာတော့ ကြာပြီ … အသုံးချပြီး မြင်အောင်ပြသွားတဲ့ အလင်းစက်
အလင်းစက်ကနေ အလင်းရောင် ဖြစ်လာအောင် ထွန်းလင်းပေးလှည့်ပါ ….
thit min
August 19, 2011 at 11:37 pm
Very nice story! I agree that the kindly love (Myit tar) is most important thing although there are important matters such as wealth, character, and so on.
I have learnt it from a novel of Sayar MintheinKha before. He said that truth is good but useless in everywhere and only kindly love or “myit tar” is more important than that.
zawmyothu
August 20, 2011 at 9:16 am
ဖတ်ရတာ ကောင်းတယ်ဗျာ
“အပြန်အလှန် ခွံ ့ကျွေးခြင်း အတတ်ပညာကို သင်ယူတတ်မြောက်ထားရမယ်”
တစ်ဦးနဲ. တစ်ဦး ကူညီရိုင်းပင်း ရမယ်ဆိုတဲ. အသိလေး ပေးသွားတာ……..။
manawphyulay
August 20, 2011 at 11:08 am
ခက်တာက သူများ ခွံ့ကျွေးဖို့ထက် ကိုယ့်ဝမ်းကိုယ်သာ ဝအောင် သိမ်းဆည်းယူငင်နေတာတွေ အများကြီးဖြစ်နေတာဆိုတော့ သူများအလှည့်ဆိုတာ မရှိလာတော့ ဘယ်လိုလုပ်ပြီး တိုးတက်လာနိုင်မှာလဲ။
အားလုံးတိုးတက်ကောင်းမွန်ဖို့ စားနေတဲ့သူတွေက မရှိတဲ့သူတွေကို ဝေမျှနိုင်ရင်တော့ ပိုပြီး အဆင်ပြေကောင်းမွန်တိုးတက်လာမယ်လို့မြင်မိတာပါပဲ။
ကြောင်ကြီး
August 20, 2011 at 11:10 am
တချို့က ခွံ့ကျွေးပြန်တော့ ဇွန်းပါကိုက်ယူထားကြတယ်။ အချို့ကတော့ သူ့အလှည့်စားတုန်းက ဇိမ်နဲ့စားပြီး ကိုယ့်အလှည့်ကြတော့ မြန်မြန်ပြီးအောင် ဇွတ်ထိုးထည့်ကြပြန်တယ်။
mnoe
August 20, 2011 at 11:51 am
ပို့စ်လေးဖတ်ရတာ ခွံ့ကျွေးခံလို်က်ရသလိုပါပဲ။ ကျေးဇူးပါ။ ဒါမဲ့ ခွံ့ကျွေးဖို့ ဇွန်းတွေအပြင် အစားအသောက်တွေကလည်း လိုသေးတယ်နော်။ အင်း ကိုယ့်ရှိတာ နည်းနည်းစီနဲ့ စုပေါင်း စပ်ပေါင်း လုပ်လိုက်ရင်တော့ ဟင်းတစ်ခွက် ထမင်းတစ်အိုး ဖြစ်လာမယ် မျှော်လင့်မိပါတယ်။
မီးမီး သော်
August 20, 2011 at 12:50 pm
နိဗ္ဗာန်ဘုံနဲ ့ငရဲဘုံရဲ ့ခြားနားချက်ကို ခွဲခြားပြတော့ ကျေးဇူးပါနော်။လူ ့အသိုင်းအဝိုင်းသာယာစိုပြေပါစေရှင်
alinsett
August 21, 2011 at 6:19 pm
အားပေး ကြလို ့ ဝမ်းသာရပါတယ် ။ တင်ရ ရေးရ ကျိုးနပ်ပါပြိ။
TTNU
August 22, 2011 at 11:30 pm
Alinsett’s ဆောင်ပုဒ်…… (1) To know and not to do : is not yet to know . ( 2) There are no mistakes: only lessons .
I like your motto: Despite the awareness, we sometimes couldn’t help getting involved in something subconsciously. Maybe that’s what we presume to name lessons in the shadow rather than announce visible mistakes.
True Answer
August 23, 2011 at 7:55 am
အလွန်ကောင်းတယ် idea လေးပါ။
မေတ္တာ၊ အကြင်နာ၊ ကရုဏာ ရဲ့ လိုအပ်ပုံကို တင်ပြထားတာ ။