ရန်ကုန် တက္ကသိုလ်ကို ကယ်တင်ကြပါ။

black chawOctober 17, 20111min26560

[polldaddy poll=5589554]
လေးစားရပါသော kai ခင်ဗျား။

ဒီရက်ပိုင်း လှိုင်နယ်မြေသမိုင်းဝန်းထဲကို ရောက်တော့  အင်းလေးဆောင်ရှေ့မှာ ဆောက်လုပ်ဆဲ လုံးချင်းအိမ်ယာ စည်မံကိန်းတစ်ခု ကိုတွေ့မိတယ်ဗျာ။

Parami Resident ဆိုတာကြီး တစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ အိမ်ယာတည်စရာ ဒီလောက်

ရှားနေပြီလားဗျာ။ စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေရှေ့ ကိုရောက်တော့ ဆိုင်းဘုတ်တော့ ချိတ်ထားသေးတယ်ဗျ။ ဂိတ်ပေါက်မှာ

မေးကြည့်တော့ ဒီမှာ ဒီပလိုမာ တန်းတွေပဲ ဖွင့်တော့တယ်တဲ့။  ဟိုဘက် လှိုင်နယ်မြေထဲမှာ ကျတော့ တီတီစီ က မူလတန်းကျောင်းသား

လေးတွေ တက်နေကြတယ်ဗျာ။ တက္ကသိုလ် ကျောင်းသားဘဝဆိုတာ ဘဝမှာ တကယ် အထွတ်အထိပ် ဂုဏ်ယူရတဲ့ ကာလတိုလေးတစ်ခုပါ။

လူငယ်လေးတွေဟာ တက္ကသိုလ် ကျောင်းသားဘဝကို စိတ်ကြည်နူးချမ်းမြေ့စွာ ပညာသင်ယူလို့ ရတဲ့ နေရာမျိုးလေးမှာ ဖြတ်သန်းချင်ရှာ ကြမှာပဲ။

ဖြတ်သန်းခွင့်လည်း ရသင့်ကြပါတယ်။

လွမ်းစရာ အတိတ်ရှိမှ လွမ်းလို့ရတာပါ ဆရာ kai ရေ။ ကျွန်တော်တို့ တသသပြောနေကြတဲ့ ကြည်နူးစရာ အတိတ်ဆိုတာမျိုးကို

ဒီခေတ်ကလေးတွေအတွက် ကျွန်တော်တို့က လက်ဆင့်ကမ်းပေးသင့်တယ် မဟုတ်လားဗျာ။

ငွေရဘို့ တစ်ခုတည်းကြည့်ပြီး ဒီနေရာတွေကို ရောင်းမစားသင့်ပါဘူးဗျာ။ ဧရာဝတီကိုတောင် ကျွန်တော်တို့ ပြည်သူတွေ ကယ်တင်ခဲ့ကြပြီးပါပြီ။

ရန်ကုန် တက္ကသိုလ် နဲ့ အရင်က RC 1, RC2, RC3 တွေကိုလည်း တတ်နိုင်သလောက်ပေါ့လေ။ ကယ်တင်ဘို့ ကြိုးစားသင့်တယ်လို့

ကျွန်တော် ထင်ပါတယ်။ အင်းစိန်မှာ ရှိတဲ့ နာမည်ကျော် စက်မှု တက္ကသိုလ်ကြီးကိုလည်း မေ့မထားသင့်ပါဘူး။

ကြည့်မြင်တိုင်နယ်မြေဆိုလည်း အခြေခံပညာ ဦးစီးဌာနက အခိုင်အမာ နေရာယူထားပြီးနေပါပြီ။

အားလုံးမေ့နေကြမယ်ထင်လို့ သတိပေးတာပါ။ တာဝန်ရှိတယ်ဆိုတဲ့ လူတွေက တန်ဘိုးထားရကောင်းမှန်း မသိရင်လည်း

တန်ဘိုးထားရကောင်းမှန်းသိအောင် ဆရာ kai တို့လို လူတွေက Knowledge ထည့်ပေးစေချင်ပါတယ်။

နောက် ဆရာမောင်သာရ မွေးနေ့ကို ဆရာ kai သွားတက်မယ်လို့ သိထားပါတယ်။

အဲဒီမှာလည်း ဒီအကြောင်းလေးကို ကျေးဇူးပြုပြီး highlight လုပ်ပေးပါလို့ ခင်မင်ရင်းနှီးစွာ တောင်းဆိုချင်ပါတယ်။

မေ့များမေ့နေကြသလားလို့ပါ။

အဲဒီအတွက် Poll တင်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ် ဆရာ kai ရေ။

လေးစားစွာဖြင့်

BLACKCHAW

 

သမိုင်းဝန်းထဲက ပါရမီ Resident

 

မှတ်ချက်။  ။ အက်ဒ်မင်မှ Poll ကို ပူးတွဲထည့်ထားပါသည်။

60 comments

  • manawphyulay

    October 17, 2011 at 11:04 am

    ရန်ကုန်တက္ကသိုလ်ဆိုတာ ခုတော့ ပြတိုက်တစ်ခုသဖွယ်ပေါ့လေ။ မနောတို့တုန်းကတော့ ပထမနှစ်မှာ RC 1 ဒုတိယနှစ်နဲ့ တတိယနှစ်မှာ RC 2 တက်ရင်းနဲ့ အနီးကပ် ၁ဝ ရက်ကို RC 3 သွားတက်ဖြစ်ခဲ့သေးတယ်။ တက္ကသိုလ်ဆိုတာ ပျော်စရာကမ္ဘာအဖြစ် သတ်မှတ်ခဲ့တာ ခုချိန်တိုင်အောင်ပါပဲ။ စတုတ္တနှစ်ရောက်တော့ အရှေ့ပိုင်းတက္ကသိုလ်စဖွင့်ဖွင့်ခြင်းမှာ ဘယ်သူမှမရှိလို့ လှိုင်ကောလိပ်တက်သူတွေ အကုန် ပို့ခြင်းခံရတော့ တာဝဆိုတာ ဘယ်လိုနေရာလဲ သွားရောက်ခံစားခဲ့ရပြန်ပါတယ်။ စာမေးပွဲဖြေတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ရှေ့က သိပ္ပံဆောင်ဟောခန်းမကြီးမှာ ဖြေဆိုခဲ့ရတယ်။ အတိတ်ဆိုတာ အရိပ်ဆိုပေမယ့် တကယ့်ကို မမေ့သင့်အပ်တဲ့နေ့ရက်တွေအဖြစ် ဖြတ်သန်းခဲ့ရတာ ခုချိန်တိုင် လွမ်းမောစရာတွေပါပဲ။

  • ကြောင်ကြီး

    October 17, 2011 at 11:28 am

    မေမြို့စစ်တက္ကသိုလ်ကို စိတ်ရောဂါရှင်များ နားလန်ထရေးဌာန လုပ်ဖို့တိုက်တွန်းပါတယ်။ ဒါမှ ငစစ်ကောင်တွေ ကိုယ်ချင်းစာတတ်မှာ….

  • weiwei

    October 17, 2011 at 11:29 am

    သမိုင်းဝင်းထဲကို ဖြတ်သွားတိုင်း စိတ်မကောင်းဖြစ်ရပါတယ် …. သဇင်ဆောင်မှာ နေခဲ့ဖူးလို့ အင်းလေးတို့ ပုပ္ပါးတို့ဆိုတာ မောင်နှမဆောင်တွေမို့လို့ အားလုံးအမှတ်တရတွေချည်းပါပဲ …
    အဆောင်နေတက္ကသိုလ်ကျောင်းသူဘဝကို အခုနေပြန်ပြောရရင် ပုံပြင်ပြောနေရသလိုဖြစ်နေပြီ …

  • ba gyi

    October 17, 2011 at 11:50 am

    ဟိုတုန်းကတက္ကသိုလ် ကိုတွေးမိရင်— ba gyi မျက်ရည်ဝဲမိတယ်၊ ခုခေတ်ကလေးတွေကို အဲသည်—
    တစ်ခါတုန်းက တက္ကသိုလ်ဆီပြန်ပို့ပေးချင်တယ်၊ ဒါပေမည့် ——၊
    ပြေးစရာလည်းမြေမရှိ – ပေးစရာလည်းငွေမရှိ
    ပုဇွန်ထုပ်လည်းသွေးမရှိ – ရွှေအိတ်လည်းဘေးမရှိ တဲ့ခေတ်ထဲတစ်ကယ်ရောက်နေရတဲ့ တို့နိုင်ငံသား
    တွေရဲ့ ဘဝ လုံးဝဥသုံ မပြည့်စုံတဲ့ အခွံလုံ ဟာလာဟင်းလင်းအိမ် ကြီးထဲ မှ အားလုံးရုန်းကန်ထွက်နိုင်ကြမှပဲ
    ရုံးထွက်နိုင်ကြဘို့ပဲ။
    ဥဩတွန်သံ ခါခါကြားလို့—- ဘာသာစကားကြွယ်ခဲ့သည်
    ဪ—- တစ်ခါတုန်းက တက္ကသိုလ်ဆီ——————

  • parlayar46

    October 17, 2011 at 12:13 pm

    တက္ကသိုလ်ကျောင်းသားကြီးတွေရဲ့ အမှတ်တရနေရာတွေ အထိမ်းအမှတ်နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်နေတာလို့ မြင်ပါတယ်။

    နောင်တခေတ်မှာ တက္ကသိုလ်ကျောင်းသားဆိုတာ ဝေးဝေးလံလံ ချောင်းကြိုမြောင်းကြားထဲမှာ စာကောင်းကောင်းမသင် အလုပ်မရှိ အလေလိုက် ပျက်စီးနေတဲ့ လူမျိုးတွေလို့ ထင်အောင် တက္ကသို်လ်ကျောင်းသားတွေရဲ့ image ကို သေသေချာချာ ဖျက်စီးထားတာ။

    အေးပေါ့
    ဒီကောင်တွေက ဘိနပ်တိုက်ရင်း ဖက်တိတ်လုပ်ရင်းနဲ့ BSC,DSA ရတာလေ ။ စာသင်းပြီး ရတာမှမဟုတ်တာ။

  • taungpawthar

    October 17, 2011 at 1:38 pm

    စက်မှုတက္ကသိုလ် ( ယခု နည်းပညာ တက္ကသိုလ် ) ကို တော့ ပြန်အသက်သွင်းတော့ မှာ ပါ
    မာစတာ တန်း နဲ ့ ဒေါ်က်တာ ဘွဲ ့တွေ အဒီ ကျောင်းထဲ မှာ ပြန်ဖွင့် ဖို ့လုပ်နေ ပါပြီ

  • windtalker

    October 17, 2011 at 1:50 pm

    ဒီလို နေရာတွေ ကို ရောင်းခွင့်ရှိသူ တွေ ကို
    အသိပေးစာတမ်း ပို ့ရမှာပေါ့နော်… ကိုဘလက်

  • FattyCat

    October 17, 2011 at 2:07 pm

    (၃)နှစ်လုံးလုံး ဒဂုံတက္ကသိုလ်မှာ မိုးထဲရေထဲ ရွံ့ဘွက်ထဲမှာကျောင်းတက်ခိုင်းပြီးတော့
    ဘွဲ့ပေးတော့မှ ရန်ကုန်တက္ကသိုလ်ထဲက Convocation မှာပေးမယ်ဆိုလို့ ဘွဲ့ကိုတောင် တက်မယူခဲ့ဘူး
    အခုထက်အထိ စာတိုက်ကနေ ပို့ပေးတဲ့ စုပ်ပြတ်သပ်နေတဲ့ ဘွဲ့လက်မှတ် အစုတ်ကလေးရှိသေးတယ်….

    ကြောင်ကြီး
    ခေတ္တ ရန်ကုန်

    • ကြောင်ကြီး

      October 18, 2011 at 10:21 am

      ဟိတ်ကောင် ကြောင်ဝတုတ် ငါ့နာမည်ပြန်ပေးစမ်း…………. 😡

  • aungnng87

    October 17, 2011 at 3:27 pm

    ဒီရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတော်ကဘဲကြီးကြပ်ပြီး နိုင်ငံပိုင်တက္ကသိုလ်နေနဲ့ဘဲ ဆက်လက်တည်ရှိစေချင်ပါတယ်။ ပြီးတော့ကျောင်းသားတွေကိုလည်း အဲဒီမှာ
    ကျောင်းပြန်တက်ခွင့်တွေ ရစေချင်ပါတယ်။ ကိုယ်တွေတုံးကဆိုရင် ရန်ကုန်တက္ကသိုလ်တက်ဖို့ အတွက်အမှတ်၁၂ဘတ်(စ)ကားစီး၊ သီးသန့်ဆိုပြီး၂စီးတွဲ ွဲယာဉ်ကြီးစီးပြီး ကျောင်းသွားတက်ရတာ၊ ပြီးတော့အတန်းမတက်ဘဲ အင်းယားကန်ဘောင်ဘေးကဗူးသီးကျော်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ စားသောက်ရီမောပျော်ရွှင်ခဲ့ရတာ မမေ့နိုင်ပါဘူး။

  • MaMa

    October 17, 2011 at 3:34 pm

    အရေးကြီးတဲ့ မက်ဆေ့ချ်လေးပါပဲ။ ဘလက်ချောရေ။
    တက္ကသိုလ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီတဲ့ တည်နေရာ အဆောက်အဦတွေကို လန်းဆန်းတက်ကြွနေတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ပြန်လည် မြင်တွေ့လိုပါတယ်။

  • pooch

    October 17, 2011 at 3:51 pm

    ရန်ကုန်တက္ကသိုလ်ကြီး တဖန်ပြန်လည် ရှင်သန်လာစေဖို့ ကိုယ်တွေလည်း မျှော်လင့်နေပါတယ်နော်

  • etone

    October 17, 2011 at 4:00 pm

    အဲ့ဒီအိမ်ယာရှေ့ကို ကားနဲ့တော့ဖြတ်ဖူးတယ် … ဈေးတော့ အတော်ကြီးမယ် … စက်ကျူရတီတွေကလည်း ယူနီဖောင်းအစုံနဲ့ အပြည့်ပဲ … လူတစ်ဦးတစ်လေမှ လမ်းလျှောက်သွားတဲ့ လူမတွေ့သလို… အရာရာက တိတ်ဆိတ်နေတယ် .. ဆောက်ထားတဲ့ အိမ်တွေကလည်း ဒီခေတ်လူငယ်မျက်စိနဲ့ဆို .. လန်းမှ လန်းပေါ့နော် .. သဘာဝနေရောင်ကို ဝင်အောင် လုပ်ထားတာတို့ … ရှေ့ဝရန်တာကို မှန်တွေချည်း ကာထားတာတို့ … ။

    အတော်လည်း အကွက်မြင်တဲ့လူတွေ .. ဒီနေရာမှာ ဒီလို အိမ်မျိုးလာဆောက်လို့ကတော့ … ပိုက်ဆံများများ ရမယ်ဆိုတာ ကြိုတွက်ထားပုံရတယ် 🙄

    • pan pan

      October 17, 2011 at 5:08 pm

      ပိုက်ပိုက်များများရမှန်းသိလို့ လုပ်တာပေါ့အစ်မရ
      အဲဒီအိမ်ရာလည်း အပြင်မှာမမြင်ဖူးသေးပါဘူး
      ဒါပေမယ့် ဒီလိုနေရာမှာဆောက်ပြီဆိုမှတော့ လန်းမှာပဲဆိုတာ မှန်းလို့ရပါရဲ့
      ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကတက္ကသိုလ်ပဲ
      ကျောင်းသားတွေပဲရှိသင့်တယ်
      တက္ကသိုလ်ဟောင်းကြီးမဖြစ်သင့်သလို အိမ်ရာလည်းဖြစ်မသွားသင့်ဘူး
      ဟော်တယ်လည်း ဖြစ်မသွားသင့်ဘူး
      ပိုက်ပိုက်ရတယ်ဆိုတိုင်း မလုပ်ကြပါနဲ့လို့

  • kocho

    October 17, 2011 at 4:36 pm

    အလိုအပ်ဆုံး အဖြစ်သင်ဆုံး အရာတခုကို ဆင်ခြင်မှုတရားနဲ့ ပြည့်ဝတဲ့ ကျောင်းသားဟောင်း တဦးမှ ထောတ်ပြသွားသည် ဟုယူဆမိပါကြောင်း(အလွယ်တကူစဉ်းစားခြင်းများသည် နောင်တများ၏ အခြေခံဖြစ်ပါကြောင်း)

  • blackchaw

    October 17, 2011 at 6:15 pm

    manawphyulay ၊ ကြောင်ကြီး ၊ weiwei ၊ ba gyi ၊ parlayar46
    taungpawthar ၊ windtalker ၊ FattyCat ၊ aungnng87
    MaMa ၊ pooch ၊ etone ၊ pan pan ၊ kocho
    တို့ အားလုံးကို
    ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

  • unclegyi1974

    October 17, 2011 at 10:18 pm

    ရောင်းတာကဘယ်သူရောင်းတာတုန်း
    နအဖလက်ထက်လား လွှတ်တော်တက်ပြီးမှရောင်းတာလား
    လွှတ်တော်ဖြစ်ပြီးမှဆိုလွှတ်တော်ထဲဆွေးနွေးသံလည်းမကြားလိုက်ပါလား
    သူများနိုင်ငံတွေကငါတို့တက္ကသိုလ်ကနှစ်ပေါင်းဘယ်လောက်ကြာပြီဆိုပြီးဂုဏ်ယူကြတာ
    ဒီမှာက….

  • Foreign Resident

    October 18, 2011 at 2:45 am

    စစချင်း ထိမယ်ဆိုရင် RC-2 ( လှိုင်နယ်မြေ ) ကိုစထိမှာလေ ။
    သူက ကျယ်လဲကျယ် နေရာအကွက်အကွင်းလည်းကောင်းတာကိုုး ။
    RC-2 ( လှိုင်နယ်မြေ ) မှာတက်ခဲ့တာပါ ။
    တကယ်လှတဲ့ တက္ကသိုလ်ပါ ။

    တစ်ခြားနည်း မရှိတော့ဘူးလားဗျာ ။

  • small cat

    October 18, 2011 at 5:37 am

    ရန်ကုန်တက္ကသိုလ်ကို မတက်ဖူးပေမဲ့ ရနကုန်မှာတော့ဘွဲ့တော့ သွားယူခဲ့ပါတယ်၊
    အင်းလျားကန်ဘောင်ကိုလည်း ရည်းစားလေးနဲ့ သွား သွားပျော်ခဲ့ဘူးပါတယ်။
    ခဏတာလေးကျင်လည်ခဲ့ရတဲ့ကျွန်တော်တောင် နှမြောတသမိတာ အချိန်အကြာကြီး
    ဖြတ်သန်းခဲ့ကြဘူးတဲ့ ကာယကံရှင်တွေ ဘယ်လောက်နှမြောလိုက်မလဲလို့ ကိုယ်ချင်းစာမိပါတယ်။
    သူတို့တွေအတွက်ကတော့ ပါလေရာ ပြောသလို ပဲဆိုတော့ သိပ်ခံစားချက်ရှိမယ်မထင်ပါ။

  • kyeemite

    October 18, 2011 at 8:53 am

    အင်း ်တက္ကသိုလ် အကြောင်းတွေးမိရင်..အစိုးရကိုတော်တော်ဒေါသထွက်တယ်ဗျာ..
    အာဏာအတွက်ကျောက်ချီးပန်းပြီး…်တက္ကသိုလ်ကျောင်းသားတွေကို…ဗွက်တောပို့ပြစ်တာ…
    အခုတက္ကသိုလ်တက်နေတဲ့ ကျောင်းသားလေးတွေကို သနားတယ်ဗျာ..သွားရတာတမျှော်တခေါ်နဲ့…
    နောက်ပီးတော့..ကျွန်တော်တို့တုံးက…ပျော်ရွှင်ကြည်နူးစွာကျောင်းတက်ခဲ့ရတဲ့…အရသာလေးတွေ…
    သူတို့လေးတွေကိုခံစားစေချင်မိတယ်…တိတ်ဆိတ်နေတဲ့ ်တက္ကသိုလကျောင်းကြီးတွေ တွေ့တိုင်း
    တောက်….အရုတ်တမာ ကလိမ်ကကျစ် အစိုးရကို ဒေါသထွက်တယ်ဗျာ….
    တနေ့..တက္ကသိုလ် ကျောင်းတော်ကြီးတွေ ပြန်ဖွင့် ဖြစ်ခဲ့ရင်…အလွမ်းပြေသွားကြည့်ပြီး..ကြည်နူးချင်သေးတယ်.

  • good

    October 18, 2011 at 10:21 am

    စက်မှုတက္ကသိုလ် ( ယခု နည်းပညာ တက္ကသိုလ် ) ကို တော့ ပြန်အသက်သွင်းတော့ မှာ ပါ
    မာစတာ တန်း နဲ ့ ဒေါ်က်တာ ဘွဲ ့တွေ အဒီ ကျောင်းထဲ မှာ ပြန်ဖွင့် ဖို ့လုပ်နေ ပါပြီ လို့taungpawthar က ပြောတယ်။
    အဲလို့ ဘဲ Main , လှိူင်၊ ကြည်မြင်တိုင် နဲ့ ဗိုလ်တထောင် အား လုံး ကို အဆင့်မြင့် မာစတာ တမ်း တွေ အတွက် နဲ့ နယ်ပယ်အသီးသီး က ထူးချွန် ကျောင်းသားတွေ အတွက် အဆင့်မြင့် ပညာရေး တက္ကသိုလ် ကျောင်း တွေ အဖြစ် နိုင်ငံတော်ပိုင် အနေ နဲ့ ဖွင့် ပေးစေချင်တယ်။
    ခေတ်အဆက်ဆက် ဘိုး ဘေး စစ်တပ်နဲ့ လက်ရှိ စစ်တပ် က ကျောင်းသားတွေ အပေါ် ရက် စက် ခဲ့ သမျှ ကို လက်ရှိ အစိုးရ အနေ နဲ့ ပြန်လည်ပေး ဆပ်ချင်တယ် ဆိုရင် ပေါ့ လေ။

  • fatty

    October 18, 2011 at 4:40 pm

    အဲလိုတွေဖြစ်မှာစိုးလို့ကျနော် အင်းယားအမှတ်တရလုပ်ခဲ့ပြီးပြီလေ …..။
    အခုတက္ကသိုလ်အမှတ်တရလုပ်အုံးမှထင်တယ်ဗျို့ ……..။

  • blackchaw

    October 18, 2011 at 5:36 pm

    ကိုဖက်တီးရေ။
    ုတက္ကသိုလ်အမှတ်တရ လုပ်အုံးမှ ထင်မနေပါနဲ့ဗျာ။
    လုပ်ကိုလုပ်လိုက်စမ်းပါ။
    တကယ်လိုအပ်ပါတယ်။

  • thit min

    October 18, 2011 at 6:09 pm

    တကယ် ~ လှပတဲ့ အရိပ်ကလေးမှာ ~ချစ်တဲ့သူများ~~ငြိမ်းချမ်းနေတယ်
    အို~~~~~ခွဲရမဲ့ အဖြစ်နဲ့ ကြုံရင် ဘယ်သူ ရင်ထဲ ကောင်း မလဲကွယ်~~~
    တနေ့လုံး ဘဲကွယ် ~~ဒီနေရာလေးမှာ ပူပင်စရာသောကများတွေ ကင်းဝေးလို့ရယ်~~
    ချစ်သူချင်းတွေ ဒို့သူငယ်ချင်းတွေ ~~ဒီလိုသာ အမြဲတမ်း နေချင်တယ်~~~
    အေးမြတဲ့ ကျောင်းအရိပ်ကို ခွဲရမဲ့အချိန် ~~~~တက္ကသိုလ်မြေ နေဝင်မှာကို စိုးတယ်~~~~~~~~~

    (ကိုကိုင်ဇာရဲ့ တက္ကသိုလ်မြေ နေဝင်မှာကို စိုးတယ် ဆိုတဲ့ သီချင်းလေးပါ၊ သေသေခြာခြာဆိုမိရင် ဘယ်လိုဖြစ်မှာလဲစဉ်းစားကြည့်)

    • oakermg

      October 18, 2011 at 9:39 pm

      လွမ်းတယ်ဗျာ…. တက္ကသိုလ်မြေကို ချမ်းသာပေးတော်မူကြပါ…
      အဆောင်သူလေးတွေ အတွက် ဂစ်တာလေးကိုင် သီချင်းလေး
      ဆိုခဲ့ဘူး ပါတယ်….ဦးချစ်ဆိုင် မှာလဲ ချစ်သူလေးနဲ့ ထိုင်ခဲ့
      ဖူးပါတယ်…
      တက္ကသိုလ် အမှတ်တရ လုပ်ပေးကြပါဗျာ….။

  • eyes

    October 19, 2011 at 11:40 am

    မရောက်ဘူး၊ မတက်ဘူးပေမဲ့ စာအုပ်တွေ ရုပ်ရှင်တွေမှာကြည့်ဖူးတော့ နှမျောစရာကောင်းတဲ့ နေရာလေးတစ်ခုဆိုတာကို သိပါတယ် ။ လူတော်တော်များများ ကလဲစိတ်ဝင်စားတဲ့ နေရာလေးတစ်ခုဆိုတော့ဧရာဝတီလို ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့

  • blackchaw

    October 19, 2011 at 1:11 pm

    ရန်ကုန်တက္ကသိုလ် ဆိုတာ
    ဗိုလ်ချုပ်အောင်ဆန်း တက်သွားတဲ့ကျောင်းကြီးပါ။
    အင်မတန် တန်ဘိုးရှိတဲ့ သမိုင်းအဖြစ်အပျက်တွေ
    ဒီကျောင်းကြီးမှာ ဖြစ်ခဲ့ဘူးတယ်ဗျ။
    ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲ့ အမျိုးသားနေ့ ဆိုတာကြီးကို
    ရန်ကုန် တက္ကသိုလ် က မွေးဖွားပေးခဲ့တာ မမေ့ကြပါနဲ့။

  • လင်းဝေကျော်

    October 19, 2011 at 4:30 pm

    တကယ်တော့ ရန်ကုန်တက္ကသိုလ် ဆိုတာ ခုထိ နိုင်ငံခြားသားတွေ စိတ်ထဲမှာ အရမ်းကောင်းတဲ့ တက္ကသိုလ်အဖြစ်မှတ်ယူဆဲပါ။ ကိုယ့်ကို ဘယ်က ကျောင်းပြီးတာလည်း မေးရင် ရန်ကုန်တက္ကသိုလ်ကလို့ ဖြေပြီး ခပ်တင်းတင်းနေဖြစ်တယ်။ အထူးသဖြင့် ဂျပန်တွေက ရန်ကုန်တက္ကသိုလ်ကို သူတို့ဆီက တိုကျိုတက္ကသိုလ် လိုမျိုး မြန်မာပြည်မှာ အတော်ဆုံးတွေမှ တက်လို့ရတဲ့ ကျောင်းလို့ထင်မှတ်နေကြတာ။
    ရန်ကုန်တက္ကသိုလ် ပါချုပ်လုပ်ခဲတဲ့ ဒေါက်တာထွန်းမောင်ရဲ့ စကားတစ်ခွန်းကို မှတ်မိတယ်။
    “တက္ကသိုလ် ဆိုတာ ပြည်ထောင်စုငယ်ပါပဲ” တဲ့။

  • blackchaw

    October 19, 2011 at 4:55 pm

    ကိုလင်းဝေကျော်ရေ။
    ခင်ဗျားအတွက် သထုံဆောင်ပုံလေး
    အလွမ်းပြေ ၂ မှာ တင်ပေးထားသေးတယ်။
    ကြည့်လိုက်ပါဦးဗျာ။

  • Thanlwinoo

    October 19, 2011 at 7:32 pm

    ရန်ကုန်တက္ကသိုလ်…
    ကင်းဗရစ်ချ်နဲ့ အောက်စဖို့ဒ်ကို နမူနာယူပြီး တည်ထောင်ခဲ့တဲ့….
    ၁၉၂ဝ နဲ့ ၁၉၅ဝ လောက်ထိ အရှေ့တောင်အာရှနဲ့ အာရှအကောင်းဆုံးထဲမှာပါခဲ့တဲ့…
    လွတ်လပ်ရေးကျိုးပမ်းမှုနဲ့ အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာ ထင်ရှားတဲ့..
    မြန်မာ့သားကောင်း အာဇာနည်တွေပေါ်ထွန်းခဲ့တဲ့…
    မြန်မာပြည်ရဲ့ ရတနာတစ်ပါးဖြစ်တဲ့..
    အဖိုးမဖြတ်နိုင်တဲ့ ရန်ကုန်တက္ကသိုလ်…
    အခုတော့ တန်ဖိုးမထား စွန့်ပစ်ခံဘဝရောက်နေပြီး အိုမင်းပြိုလဲတော့မှာလား?
    ကိုယ်ကျိုးရှာသူတွေရဲ့ လက်ထဲမှာ ဘဝပျက်တော့မှာလား..?

  • alinsett

    October 21, 2011 at 6:40 pm

    ရန်ကုန်တက္ကသိုလ်ကိုလည်း ကယ်တင်ကြပါ။ ကြောင်နှစ်ယောက်..ရန်ဖြစ်တော့မှာကိုလည်း

    ဆွဲကြပါဥိး။

  • susunosuki

    October 22, 2011 at 1:35 pm

    လူထုဆန္ဒနဲ့ ဧရာဝတီက ဆည်စီမံကိန်းကို ရွှေ့ဆိုင်းနိုင်လိုက်တယ်။ ခုရန်ကုန်တက္ကသိုလ် ကိစ္စ။ ဝန်ကြီးများရုံးကိစ္စ။ အားလုံးကတော့ နှမြောစရာတွေဖြစ်နေတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ လောကကြီးမှာ တစ်ခုလိုချင်ရင် တစ်ခုပေးရတာပဲ။ အားလုံးကိုဖက်တွယ်ထားချင်လို့ မရနိုင်တာ သိကြပါတယ်နော။

    ရန်ကုန်တက္ကသိုလ် ကြီးကို ထိန်သိမ်းထားဖို့ဆို ငွေကုန်မယ်။ ဝန်ကြီးများရုံးကို ထိန်းသိမ်းထားဖုို့ဆို ငွေကုန်မယ်။ အဲဒီတော့ ထိန်းသိမ်းထားပြီးသားလဲဖြစ်အောင်နိုင်ငံရဲ့ ဝင်ငွေလည်း ပြန်ရအောင် လုပ်ငန်းရှင်ကို ငှားသင့်တယ်။ တစ်ခါတည်း ရှေးဟောင်းအမွေနှစ်ကို မထိခို်က်ရအောင် စောင့်ရှောက်ပါမယ်ဆိုတဲ့ အချက်မျိုးကို စာချုပ်ချုပ်ထားပေါ့။

    • kai

      October 25, 2011 at 12:24 am

      ဖေါက်ထွက်လာတဲ့အတွေးမို့ ကြိုဆိုပါတယ်..။
      တကယ်တော့..Rights တွေ.. ဖြစ်ချင်တာတွေကို.အုပ်ချုပ်နေတဲ့.. အစိုးရဆီမှာတောင်းဆိုတာဟာ နိုင်ငံသားကောင်း Good Citizen တွေရဲ့ duties တာဝန်လည်းဖြစ်ပါတယ်..။

      Rights! There are no rights whatever without corresponding duties.
      Samuel Taylor Coleridge (1772-1834)

      မြန်မာပြည်က.. မကြာခင်.Rights တွေ.. တောင်းဆိုတာတွေ.. ဆန္ဒပြုတာ..ပြတာတွေ.. များလာမယ်ထင်မိတယ်..။
      အောက်က ကုတ်ကလေးကြိီုက်လို့ တင်ပေးလိုက်ပါတယ်..။

      We have the Bill of Rights. What we need is a Bill of Responsibilities.
      Bill Maher

      တကယ်တော့..အခွင့်အရေး တွေတောင်းရာမှာ.. တာဝန်ယူမှုပါတာပေါ့..။
      မြစ်ဆုံကိစ္စ ဖျက်ခိုင်းဖို့ပြောကြတဲ့.. ပညာရှင်တွေဟာ.. ရပ်လိုက်.. ဖျက်လိုက်ရင်ဖြစ်လာမဲ့.. အကျိုးဆက်တွေ တာဝန်ယူပေး.. နားလည်းပေးရတာမျိုးပေါ့…။
      ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးလည်း ဒီအတိုင်းပါပဲ..။
      ထိုက်သင့်တဲ့ ဝင်ငွေရအောင် ဘယ်လိုပြန်လုပ်မလည်း ထည့်စဉ်းစားပေးတာ.. တာဝန်ယူမှုတခုပါ..။
      နိုင်ငံတော်က အိပ်စိုက်ဆက်လုပ်ရအောင်.. ဘတ်ဂျက်က ..ဘယ်သူပေးမှာလည်း…။
      လူထုအားလုံးရဲ့အခွန်ငွေထဲက.. ကျခံသင့်သလား.. စသဖြင့်စဉ်းစားကြဖို့ပါ…။

      ဆိုတော့…
      အဲဒီကျောင်းမှာတက်ချင်သူတွေကို.. ကျောင်းလခ ထိုက်ထိုက်တန်တန်လေး… ကောက်ရမှာလားပေါ့..။ ပေးကြမှာလား..။
      … ယူအက်စ်ဒါမှမဟုတ်..ယူကေရဲ့.. တက္ကသိုလ် တခုခုနဲ့ချိပ်ဆက်နိုင်တဲ့.. တက္ကသိုလ်အဖြစ် အဆင့်မြင့်သင့်တယ်..ထင်သလား.. ဘယ်သူလုပ်ပေးနိုင်သလည်း..
      ဘယ်သူရင်းနှီးမြုတ်နှံမှာလည်း…။

      ပုဂ္ဂလိကပိုင်တက္ကသိုလ် ဖြစ်ဖြစ်.. နိုင်ငံပိုင်ဖြစ်ဖြစ်ပါ…။
      ===
      Bill of Responsibilities
      With Rights come Responsibilities–As Americans, we must accept responsibility with the gift of security of our rights. As the Founding Fathers of our nation set down the Bill of Rights, the first ten amendments to the US Constitution, to establish certain rights of American citizens, the Freedoms Foundation has outlined responsibilities of American citizens in a free society:

      Preamble.

      Freedom and responsibility are mutual and inseparable; we can ensure enjoyment of the one only by exercising the other. Freedom for all of us depends on responsibility by each of us.

      To secure and expand our liberties, therefore, we accept these responsibilities as individual members of a free society:
      1. To be fully responsible for our own actions and for the consequences of those actions. Freedom to choose carries with it the responsibility for our choices.

      2. To respect the rights and beliefs of others. In a free society, diversity flourishes. Courtesy and consideration toward others are measures of a civilized society.

      3. To give sympathy, understanding and help to others. As we hope others will help us when we are in need, we should help others when they are in need.

      4. To do our best to meet our own and our families’ needs. There is no personal freedom without economic freedom. By helping ourselves and those closest to us to become productive members of society, we contribute to the strength of the nation.

      5. To respect and obey the laws. Laws are mutually accepted rules by which, together, we maintain a free society. Liberty itself is built on a foundation of law. That foundation provides an orderly process for changing laws. It also depends on our obeying laws once they have been freely adopted.

      6. To respect the property of others, both private and public. No one has a right to what is not his or hers. The right to enjoy what is ours depends on our respecting the right of others to enjoy what is theirs.

      7. To share with others our appreciation of the benefits and obligations of freedom. Freedom shared is freedom strengthened.

      8. To participate constructively in the nation’s political life. Democracy depends on an active citizenry. It depends equally on an informed citizenry.

      9. To help freedom survive by assuming personal responsibility for its defense. Our nation cannot survive unless we defend it. Its security rests on the individual determination of each of us to help preserve it.

      10. To respect the rights and to meet the responsibilities on which our liberty rests and our democracy depends. This is the essence of freedom. Maintaining it requires our common effort, all together and each individually.

      Copyright ©1985 by Freedoms Foundation

    • Mg Joker

      October 25, 2011 at 12:37 am

      susunosuki ပြောထားတာတွေက လုံးဝပြည့်စုံသွားပြီ
      ထောက်ခံတယ်

  • susunosuki ရေ အမှန်ကန်ဆုံးသော ကွန်မင်းပါ။
    လက်တွေ့ကျကျစဉ်းစားပြီး လုပ်မယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ကို မရောင်းဘဲ ကျောင်းဖြစ်အောင်
    ပြန်လုပ်သင့်ပါတယ်။

  • cobra

    October 22, 2011 at 7:17 pm

    မြန်မာနိုင်ငံကအရောင်းစားခံနိုင်ငံဖြစ်နေပြီလား။
    နိုင်ငံကရှိသမျှဟာတွေအကုန်ရောင်းနေတော့မှာလား။
    အဖေတို့ခေတ်တုန်းကတက္ကသိုလ်တွေကိုအရမ်းကြိုက်တယ်
    ခုခေတ်တက္ကသိုလ်တွေကတော့စိတ်ပျက်ဖို့ကောင်းတယ်
    နေပူကြီးထဲမှာသွားရတယ်၊သွားရတော့လည်းအဝေးကြီး၊
    ပျော်စရာဆိုတာကလည်းလုပ်ယူမှရတယ်။

  • Mg Ni Tut

    October 23, 2011 at 2:32 am

    ကယ်တင်ရှင်တွေများတယ်နဲ့တူတယ်နော်.. ကယ်တင်မယ်ဆိုတာချည်းပဲ :]

  • blackchaw

    October 23, 2011 at 10:24 am

    Mg Ni Tut ခင်ဗျား။
    ကျွန်တော်တို့ဟာ ကယ်တင်ရှင်တွေ မဟုတ်ကြပါဘူး။
    ကျွန်တော်တို့ဟာ တန်ဘိုးထားရမယ့် အရာကို တန်ဘိုးထားရကောင်းမှန်း သိသူတွေပါ။
    အဲဒီကျောင်းကြီးမှာ ကျောင်းသားတွေ ကျောင်းပြန်တက်တော့လည်း
    ကျွန်တော်တို့ ဘဝကြီးက ဘာတွေများပြောင်းလဲသွားမှာတဲ့လဲ။
    ဒီပို့စ်ကလည်း
    မြန်မာပြည်သူ သန်း ၅ဝ လောက်ထဲက ညောင်နာနာ အသံလေးတစ်သံပါဗျာ။
    စိတ်အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ။
    ခင်ဗျားအနေနဲ့ ကျွန်တော့် ပို့စ်မှာ ကွန်းမန့် ဝင်ရေးပေးတဲ့ အတွက်ကျေးဇူးပါ။

    • Mg Ni Tut

      October 23, 2011 at 1:20 pm

      ကျွန်တော်က တော့ တန်းဖိုးထားရမဲ့အရာတစ်ခုကို တန်ဖိုးထားရမှန်းမသိသူတစ်ယောက်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အဲ့မှာ ကျောင်းမတက်ဖူးဘူး။ ရောက်တော့ရောက်ဖူးတယ်။ အဲ့ဒါကြောင့် ရောင်းလိုက်ရင် ဒါမှမဟုတ် တစ်ခုခုပြောင်းဆောက်လိုက်ရင် ဘယ်လိုမှခံစားမိမှာမဟုတ်ဘူး။ ဖြစ်သမျှအကြောင်းကို အကောင်းဘက်ကပဲ မြင်ကြည့်ချင်ပါတယ်။

      • amatmin

        October 23, 2011 at 11:51 pm

        ကိုနီတွတ် ခင်ဗျား..bro ပြောတဲ့..
        “..ကျွန်တော်က တော့ တန်းဖိုးထားရမဲ့အရာတစ်ခုကို တန်ဖိုးထားရမှန်းမသိသူတစ်ယောက်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အဲ့မှာ ကျောင်းမတက်ဖူးဘူး။ ရောက်တော့ရောက်ဖူးတယ်။.. ” ဒါဆို.ဘာကြောင့်သူတို့ဒီလို.တန်ဖိုးထားပြောနေရတာလဲဆိုတဲ့အကြောင်းရင်းကို..
        ဆန်းစစ်ကြည့်နိုင်ရင်ကောင်းတာပေါ့.ဇစ်မြစ်လေးတွေကိုမြင်အောင်ကြည့်ပါဗျာ..
        “ဖြစ်သမျှအကြောင်းကို အကောင်းဘက်ကပဲ မြင်ကြည့်ချင်ပါတယ်။” ဒါဆိုကျောင်းသားနဲ့ ကျောင်းကိုမူလအတိုင်းပေါင်းပေးရင်
        ပိုမကောင်းဘူးလားဗျာ..
        ခင်မင်စွာဖြင့်…..

  • kocho

    October 23, 2011 at 1:51 pm

    ငါ့အတွေ့အကြုံနဲ့ ကွာခြားတော့ ငါ့စကားမင်းနားလယ်ဘို့မလွယ်ဘူး မနုတ်သတ်တ ဒုန်လဘ (sorry! i am
    using burglish if i did mistake for spelling )ဒီလိုပဲ စိုင်းထီးဆိုင် သီချင်းလေးဘဲ ဆိုပြလိုက်ပါဗျာ ဆရာချောရေ 😀

  • nikita

    October 24, 2011 at 10:58 am

    အရင်တုန်းက တက္ကသိုလ်ကျောင်းသားဆိုရင် ဘယ်သူမဆိုလေးစားကြတယ်
    တက္ကသိုလ်ကျောင်းတော်ကြီးဆိုရင် ဘယ်သူမဆိုရောက်ချင်ပြီး ကြိုးစားကြတယ်
    …………………………….
    အခုတော့
    ရိုင်းရိုင်းပြောရရင်
    တက္ကသိုလ်ကျောင်းဆိုတာ ထောင်တစ်ခုနဲ့တူလာတယ်
    ဘယ်သူမှမသွားချင်ကြဘူး
    တက္ကသိုလ်ကျောင်းသားဆိုလည်း ဘယ်သူမှအဖတ်မလုပ်တော့ဘူး
    အခုပိုဆိုးလာတာက လွန်ခဲ့တဲ့ ၃နှစ်လောက်က ဆေးတက္ကသိုလ်တွေရဲ့အမှတ်ကိုလျှော့ချလိုက်တာပဲ
    အုတ်ရောရော၊ကျောက်ရောရောဝင်ကုန်တယ်
    ပြီးတော့ကျ ကျတယ်
    ကျောင်းသားတွေ ကိုယ်တိုင်လဲ အနာဂတ်တွေပျောက်ကုန်တယ်
    အဓိက က တက္ကသိုလ်ကျောင်းတစ်ခုတည်းကို ကယ်တင်ရမှာမဟုတ်ဘူး
    မြန်မာနိုင်ငံရဲ့ပညာရေးကိုပါ ကယ်တင်ရမှာ

  • blackchaw

    October 24, 2011 at 1:19 pm

    Mg Ni Tut ခင်ဗျား။
    ကိုယ်ချင်းစာစိတ် ဆိုတာလေးရှိရင်
    ကြုံဘူးစရာမလိုပါဘူး။
    ဪ သူတို့ ဒီလိုခံစားရရှာ မှာပဲ ဆိုတဲ့ စိတ်မျိုးပေါ့ဗျာ။

    “အဓိက က တက္ကသိုလ်ကျောင်းတစ်ခုတည်းကို ကယ်တင်ရမှာမဟုတ်ဘူး
    မြန်မာနိုင်ငံရဲ့ပညာရေးကိုပါ ကယ်တင်ရမှာ”
    nikita ရေ။ ကောင်းလိုက်တဲ့ စကားလေး ဗျာ။
    တစ်ဆင့်ချင်းပေါ့ဗျာ။ တစ်ခါတည်းတော့ အကုန်လုံး ဘယ်ရနိုင်မှာလဲ။

    • Mg Ni Tut

      October 24, 2011 at 4:46 pm

      နည်းနည်းတွေးကြည့်မယ်ဗျာ..။ ခံစားချင်တဲ့လူ ခံစားပေါ့။
      မြန်မာနိုင်ငံရဲ့ ပညာရေးကိုကယ်တင်ဖို့စဉ်းစားနေသင့်တာ ကျွန်တော်တို့မဟုတ်ဘူး။ ပညာရေးဝန်ကြီးလေ။ တာဝန်ရှိသူတွေသူ့ဟာသူဆုံးဖြတ်လိမ့်မယ်။ ကိုယ်က ဖြစ်တာတွေကို အကောင်းမြင်မှပဲ ခံသာမှာမဟုတ်လား။ ဟာ တက္ကသိုလ်ကြီးရောင်းလိုက်ပြန်ပြီ ဟာ ဧရာဝတီမြစ်ဆုံလုပ်လိုက်ပြန်ပြီ ဆိုပြီး ကြေကွဲနေလို့ကတော့ အသစ်သစ်သော ပြောင်းလဲမှုတွေကြားမှာ နှလုံးရောဂါဖိဆီးပြီးသေသွားမယ်။ မခံသာတဲ့လူတွေအတွက် တစ်ခုတော့ လုပ်ခွင့်ရှိပါတယ်။ ဘုရားမှာ ဦးချဆုတောင်းပေါ့..။ အခု စီးပွားရေးသမားတွေအနေနဲ့ကိုယ်ချင်းစာ ကြည့်ရင် ရန်ကုန်တက္ကသိုလ်ကို သူတို့လဲ သူ့ထက်ငါအရင်ရပါစေဆိုပြီး ဆုတောင်းနေမှာပဲ။ ဝင်ချင်တဲ့ဝင်ထွက်ချင်တဲ့လူထွက်လို့ မရတဲ့နေရာ တစ်ခုကို အရင်က ရန်ကုန်တက္ကသိုလ်ဆိုတဲ့ အခံနဲ့ ဆိုင်တစ်ခုခုဖွင့်ပြီး လူစည်အောင်လုပ်ရင် အောင်မြင်မှာပဲ။ အဲ့ကျမှာ ဒါအရင်က သမိုင်းဝင်တက္ကသိုလ်ကြီးပါလားလို့ ခံစားချင်တယ်။ ဘောလုံးကွင်းတွေ ဆောက်သလို ကိုယ်က ရှယ်ရာဝင်ပြီးဆောက်ထားလို့ ရှယ်ယာရှင်တွေ ကန့်ကွက်နေတယ်ဆိုရင်လဲထားတော့။ ရန်ကုန်တက္ကသိုလ်ကြီးက ရှယ်ယာနဲ့ ဆောက်ခဲ့တယ်လို့လဲမကြားမိပါဘူး။ အဲ့ဒါကို ကန့်ကွက်နေတဲ့လူတွေကို ကိုယ်ချင်းစာကြည့်ရမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ emotion တစ်ခု လိုပဲ ခေါင်းစဉ်တပ်ပေးပါရစေဗျာ။ (တကယ်ကိုယ်ချင်းစာကြည့်တာပါ ကိုယ်သာဆိုအဲ့လိုဖြစ်မှာ မဟုတ်ဘူး။)

      • MaMa

        October 24, 2011 at 7:15 pm

        ရှယ်ယာမပါဘူးလို့ ဘယ်လို ပြောနိုင်မလဲ မောင်နီတွတ်ရယ်။ အဲဒီတက္ကသိုလ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ခဲ့တဲ့၊ မြန်မာနိုင်ငံသမိုင်းနဲ့ ရင်းနှီးထားတဲ့၊ မြန်မာပြည်က ကျောင်းသားတွေ ဂုဏ်ယူနေရတဲ့၊ သမိုင်းဝင် အဆောက်အဦကြီး မဟုတ်လား။ အားလုံးနဲ့ဆိုင်တာမို့ ကိုယ်မတက်ခဲ့ရရုံနဲ့ (ငါ့မိဘ၊ ငါ့မောင်နှမ မဟုတ်လို့ ဖြစ်ချင်ရာဖြစ်ဆိုသလို) ပေ့ါပေ့ါလေး မတွေးစေလိုပါဘူး။
        တကယ်လို့များ ဒါ့ထက်ပိုကောင်းတဲ့ တက္ကသိုလ်ကြီးဆောက်နိုင်ပြီ ဆိုပါစို့ သမိုင်းအမှတ်အသားတွေ၊ နှစ်ကာလတွေကိုတော့ အစားမထိုးနိုင်ပါဘူး။

        • Mg Ni Tut

          October 24, 2011 at 8:11 pm

          ရှယ်ယာမပါဘူးလို့ပြောလို့ရပါတယ် အဲ့ဒါ အင်္ဂလိပ်နယ်ချဲ့တွေဆောက်ခဲ့တာပါ။

        • MaMa

          October 24, 2011 at 10:19 pm

          အင်္ဂလိပ်နယ်ချဲ့တွေဆောက်ခဲ့တာ မှန်ပါတယ်။ အဲဒီကျောင်းကနေ မြန်မာပြည်သူ/သားတွေ အများကြီး ပညာတတ်တွေ ဖြစ်ခဲ့ကြပါတယ်။

      • Ko Ko Aung

        October 25, 2011 at 3:31 pm

        ပြောချင်တာများလွန်းလို့ ဘယ်ကစပြောရမှန်းတောင်မသိပါဘူး
        မိတ်ဆွေရေ – ခင်ဗျားနဲ့ လုံးဝ ရာနှုံးပြည့် သဘောကွဲလွဲပါတယ်။
        မြန်မာနိုင်ငံရဲ့ ပညာရေးသာမက ဘယ်အရေးကိုမဆို မြန်မာပြည်သူအားလုံး စဉ်းစားသင့်ပါတယ်
        တာဝန်ရှိသူတွေဟာ သင့်တော်တဲ့ခေါင်းဆောင်မှု့ အုပ်ချုပ်မှု့ကိုမရယူနိုင်သေးတဲ့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။
        ပညာရေးဝန်ကြီးဆိုတာကတော့ အစိုးရရဲ့ ရုပ်သေးပါ
        လက်ရှိအစိုးရကတော့ ဘယ်သူ့ရုပ်သေးဖြစ်မလဲ စဉ်းစားကြည့်ရုံပါပဲ
        ကိုယ်က ဖြစ်တာတွေကို အကောင်းမမြင်နိုင်ပါဘူး ၊ကောင်းမှမကောင်းပဲ၊ အဲဒါမခံသာလဲရပါတယ်။ ကိုယ့်ဝေဒနာ ကိုယ့်ခံစားချက်နဲ့ကိုယ်ပေါ့။
        ဟာ တက္ကသိုလ်ကြီးရောင်းလိုက်ပြန်ပြီ ဟာ ဧရာဝတီမြစ်ဆုံလုပ်လိုက်ပြန်ပြီ ဆိုပြီး ကြေကွဲနေရုံမကပါဘူး။ ဝိုင်းဝန်းကြတယ် ဆော်ဩကြတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က အသံပေးကြတယ်။ vote လုပ်ကြတယ်။ အကျိုးက မြစ်ဆုံကိစ္စ ရပ်သွားတယ်။
        အခုလဲ အင်တာနက်မှာ ဝင်ပြောတာဟာ ကိုယ်လုပ်နိုင်တာကိုလုပ်တာတမျိုးပါပဲ။ အပြင်မှာလဲ ကိုယ်ယုံကြည်တဲ့အတိုင်း ကိုယ်တတ်နိုင်သလောက်လုပ်နေသူတွေ ဒုနဲ့ဒေး ဆိုသလိုပါဗျာ။
        ပြည်သူ့အကျိုး အမျိုးသားအကျိုးနဲ့ ထိပ်တိုက်တွေ့လာရင် စီးပွားရေးသမားတွေကို ကိုယ်ချင်းမစာနိုင်ပါဘူး။
        ရန်ကုန်တက္ကသိုလ်ဆိုတဲ့ အခံနဲ့ ဆိုင်တစ်ခုခုဖွင့်ပြီး လူစည်အောင်လုပ်ရင် အောင်မြင်မှာဆိုပေမယ့် အခြားနည်းနဲ့ ပိုပြီး ဂုဏ်သရေရှိရှိ အောင်မြင် အထိမ်းအမှတ်ဖြစ်တာကိုပဲ ပိုမြင်ချင်ပါတယ်။ ဗိုလ်ချုပ်နေခဲ့တဲ့ကျောင်းဆောင်မှာ တနေ့ မာဆတ်လာဖွင့်မှာကို လုံးဝ မမြင်ချင်ပါဘူး။

        MaMa ပြောထားသလို ရှယ်ယာမပါဘူးလို့ ဘယ်လို ပြောနိုင်မလဲ ဆိုတာနဲ့ပါတ်သက်လို့

        ရန်ကုန်တက္ကသိုလ်ဆိုတာ အမျိုးသားအထိမ်းအမှတ်တွေ အမျိုးသားသမိုင်းဝင်အဖြစ်အပျက်တွေ အမျိုးသားအမှတ်တရတွေနဲ့ ပြည့်နေတဲ့နေရာပါ။ ပြည်ထောင်စုတိုင်းရင်းသားအားလုံး/ တမျိုးသားလုံးနဲ့ဆိုင်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဆီက အခွန်အခတွေနဲ့ ကျွန်တော်တို့မြေမှာဆောက်ထားတာမို့ ပိုက်ဆံရှယ်ယာလဲပါပါတယ်။
        ဒါ့ထက်- ပြည်သူ့အကျိုး အမျိုးသားအကျိုးကို ကာကွယ်ခဲ့တဲ့ သွေး ချွေး ရှယ်ယာတွေလဲပါပါတယ်။
        ဥပမာတခုကတော့ အမျိုးသားဂုဏ်သရေကို အသက်ပေးကာကွယ်ခဲ့တဲ့ ဦးသန့်အရေးအခင်းပေါ့။

      • Mg Mg Fight

        October 25, 2011 at 4:54 pm

        “ဘောလုံးကွင်းတွေ ဆောက်သလို ကိုယ်က ရှယ်ရာဝင်ပြီးဆောက်ထားလို့ ရှယ်ယာရှင်တွေ ကန့်ကွက်နေတယ်ဆိုရင်လဲထားတော့။ ရန်ကုန်တက္ကသိုလ်ကြီးက ရှယ်ယာနဲ့ ဆောက်ခဲ့တယ်လို့လဲမကြားမိပါဘူး။”

        ရန်ကုန်တက္ကသိုလ် ကြီးကို ကိုလိုနီခေတ်က စပြီးဆောက်ခဲ့ပေမယ့် အင်္ဂလိပ်တွေက သူ့ဘိုးဘွားပိုင်ငွေနဲ့ဆောက်ခဲ့တာ မဟုတ်ပါ။ မြန်မာ့သယံဇာတ တွေကို ထုတ်ယူ လို့ရတဲ့ အကျိုးမမြတ်တွေထဲက မစို့မပို့ ငွေနဲ့ ကျွန်ပညာရေးတည်ထောင်ဖို့ဆောက်ခဲ့တာပါ။

        ၁၉၂ဝ ပထမ ကျောင်းသားသပိတ်က စလို့ ဒီတက္ကသိုလ်ရဲ့ အဆင့်အတန်း မြင့်မားတိုးတက်ဖို့ မြန်မာ တိုင်းရင်းသား ကျောင်းသားပေါင်း များစွာနဲ့ မြန်မာပြည်သူ/ပြည်သား (မြန်မာပညာရှင်ဆရာကြီးများ အပါအဝင်)တွေရဲ့ အသက် သွေးချွေး စတေးပြီး တည်ထောင်ခဲ့တာပါ။

        ဒီတက္ကသိုလ်ကြီး ဟာ မြန်မာတိုင်းရင်းသား အားလုံးပိုင်ပါတယ်. မြန်မာမှန်ရင် အလိုလို ရှယ်ယာဝင် ဖြစ်ပြီးသားပါ။

        Mg Ni Tut ကကော မြန်မာ စစ်ရဲ့လား၊ စစ်ရင်တော့ ထပ်မပြောနဲ့တော့ကွာ။

  • blackchaw

    October 24, 2011 at 8:45 pm

    “မြန်မာနိုင်ငံရဲ့ ပညာရေးကိုကယ်တင်ဖို့စဉ်းစားနေသင့်တာ ကျွန်တော်တို့မဟုတ်ဘူး။ ပညာရေးဝန်ကြီးလေ။ တာဝန်ရှိသူတွေသူ့ဟာသူဆုံးဖြတ်လိမ့်မယ်။”
    အင်မတန် တာဝန်မဲ့သော၊ ကွန်းမန့်တစ်ခုလို့ ခေါင်းစဉ်တတ်ချင်ပါတယ်။
    ယှဉ်ဆွေးနွေးရလောက်တဲ့ ကွန်းမန့်မျိုး မဟုတ်ပါ။
    “မခံသာတဲ့လူတွေအတွက် တစ်ခုတော့ လုပ်ခွင့်ရှိပါတယ်။ ဘုရားမှာ ဦးချဆုတောင်းပေါ့..။ ”
    ကောင်းလိုက်တဲ့ ထင်မြင်ချက်။
    ကျေးဇူးပါ Mg Ni Tut ။
    ခင်ဗျားမြင်တာထင်တာကို လွတ်လွတ်လပ်လပ်သာရေးပါ။
    ဖတ်တဲ့သူတွေမှာ အမှားအမှန်ကို ချင့်ချိန်နိုင်တဲ့ အသိဉာဏ်ရှိကြမယ်လို့
    ယုံကြည်ပါတယ်။

    • Mg Ni Tut

      October 24, 2011 at 9:04 pm

      မည်သည့်တာဝန်မှယူမထားခဲ့သောကြောင့် ကျွန်တော် တာဝန်မဲ့တာ အပြစ်မဟုတ်ပါ။ လွတ်လွတ်လပ်လပ်မရေးနဲ့လို့လဲ blackchaw မှာ ပြောခွင့်မရှိပါ။ အတိုက်အခံကို မခံနိုင်ရင် ကိုယ်ကိုယ်တိုင်လဲ အတိုက်အခံတွေလိုက်လုပ်မနေသင့်ဘူး လို့ အကြံပြုချင်ပါတယ်။

      • Mg Joker

        October 24, 2011 at 11:44 pm

        မှန်တယ်လေအားလုံးကလွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိတယ်
        လွတ်လပ်စွာတိုက်ခိုက်ခွင့်လည်းရှိတယ်
        ဒါက ခင်ဗျားတို့လိုချင်နေတဲ့ ဒီမိုကရေစီ ရဲ့အခြေခံအုတ်မြစ်တွေပဲမဟုတ်လား
        ရွာထဲမှာလည်း ဒီလိုပဲကျင့်သုံးမယ်ဆိုပိုပြီးစည်ကားလာနိုင်ပါတယ်

      • phantom

        October 26, 2011 at 2:28 pm

        ကျွန်တော်တစ်ခုတော့ ပြောချင်တယ်ဗျာ ကိုနီတွတ် ကျွန်တော်က ရန်ကုန်တက္ကသိုလ်ကို မတက်ဖူးသလို ရောက်လဲမရောက်ဖူးပါဘူး ဒါပေမယ့် ကျောင်းနဲ့ပတ်သက်တဲ့ အတွက် ကျွန်တော်တို့အားလုံးနဲ့ ဆိုင်တယ်လို့တော့ထင်တယ်။ စိတ်တော့ မဆိုးနဲ့ဗျာ ကျွန်တော်ထင်တာ ကိုနီတွတ်ပြောပုံက နည်းနည်း ကျွန်စနစ်ဆန်နေသလားလို့ ကျွန်တော်တို့လူသားတိုင်းမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတာ ရှိပါတယ် တကယ်လို့များ ကိုနီတွတ်ပြောပုံအရဆို အင်္ဂလိပ်တွေ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တုန်းကလဲ သူတို့ဟာသူတို့လုပ်တာပဲလို့ အကောင်းဖက်က တွေးနေမှာလား ဘယ်သူတွေဘာပဲလုပ်လုပ် ငါ့အလုပ်မဟုတ်ဘူး ငါ့တာဝန်မဟုတ်ဘူးလို့ မြင်နေမှာလား။ ဒီလိုဆိုရင် ကျွန်တော်တို့တွေ ဒီအချိန်ဆို ဗိုလ်ကပြားလေးတွေဖြစ်နေမယ်ထင်တယ်နော်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေက မှန်တာမှားတာကို ထောက်ပြနိုင်ရမယ် ကျွန်တော်တို့ ကိုယ်တိုင်လုပ်ခဲ့လို့ မဖြစ်ခဲ့ရင်တောင် ဖြစ်နိုင်တဲ့သူပေါ်လာရမယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့အကုန်လုံးဟာ ကျွန်တွေမဟုတ်ကြလို့ပဲ ( ကျွန်တော် နှိုင်းတာ ရိုင်းသွားရင်တော့ ခွင့်လွွှတ်ဗျာ ) ကျွန်ဆိုတာက သခင်ပြောတာကို ပြောတဲ့အတိုင်းလုပ်ရတယ် မှန်တယ်မှားတယ် ပြောခွင့်မရှိဘူး ဒါပေမယ့် ကျွန်တော်တို့မှာရှိတယ်။ ကျောင်းဆိုတာ ကျောင်းသားနဲ့ တွဲနေတာပါ ပညာရေးစနစ်ကြီး ဘာဖြစ်ခဲ့သည်ဖြစ်စေ ရန်ကုန်တက္ကသိုလ်ဆိုတာ တစ်ခေတ်တစ်ခါက အကောင်းဆုံးတက္ကသိုလ် စာရင်းဝင်ခဲ့တယ်ဆိုတာ ( စာတတ်သူတိုင်း ) သိကြပါတယ်။ ဒီလို သမိုင်းဝင် အထင်ကရ နေရာကို မျက်နှာလွဲ ခဲပစ်လုပ်မှာကို ကိုယ်နဲ့မဆိုင်ဘူးဆိုရင် ဘယ်သူနဲ့ ဆိုင်ပါသလဲ။ ဝန်ကြီးတွေလား သူတို့ကလဲ ဒီလိုပြောမယ်ဆို ဘယ်သူ့ကို လက်ညိုးထိုးကြမှာလဲ။ မျက်နှာလွဲပြီး ငါ့တာဝန်မဟုတ်လုပ်ရတာ လွယ်ပါတယ်။ ကျွန်တော်တို့တွေ ကိုယ့်ဟာကို သိဖို့လိုပါတယ် ကျွန်လိုနေမှာလား ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးကြမှာလားဆိုတာ။ ဘာပဲဖြစ်ဖြစ် လူတိုင်းကိုအကောင်းမြင်တယ်ဆိုတဲ့လူက ( ကယ်တင်ရှင်တွေ များတယ်နဲ့ တူတယ်နော် ) ဆိုတဲ့စကားကို ဘယ်လိုအဓိပ္ပာယ်ရောက်တယ်ဆိုတာ စဉ်းစားတတ်မယ်ထင်ပါတယ်။ အကောင်းမြင်တာလား သရော်တာလားလို့ပေါ့

  • padonmar

    October 24, 2011 at 10:55 pm

    အင်္ဂလိပ်နယ်ချဲ့ဆောက်ခဲ့လည်း မြန်မာပြည်က ရတဲ့ အခွန်တွေကနေဆောက်ခဲ့တာပါ။
    အဲဒီအင်္ဂလိပ်နယ်ချဲ့တောင်မှ ဒီတက္ကသိုလ်တွေကို infrastructure တွေစုံစုံလင်လင်နဲ့ တစ်နေ့တိုင်းပြည်အုပ်ချုပ်မယ့် ပညာတတ်တွေရဲ့ အဆင့်အတန်းနဲ့ညီအောင်ဆောက်ပေးခဲ့တာပါ။
    နောက်ပြီး တက္ကသိုလ်ဆိုတာ ရိုးရိုးလူနေအိမ်နဲ့မတူပါဘူး။
    မိဘအိမ်ကို သားသမီး ၁ဝ ယောက်ရှိရင် ၁ဝ ယောက်စလုံးကပိုင်သလို တက္ကသိုလ်ကျောင်းသားတွေ ကလည်း ပိုင်ပါတယ်။
    ကျောင်းသားဟောင်းတွေရဲ့ ဆန္ဒမပါဘဲ မလုပ်သင့်ပါဘူး။

    “တစ်ခုတော့ လုပ်ခွင့်ရှိပါတယ်။ ဘုရားမှာ ဦးချဆုတောင်းပေါ့.”
    ဖေမြင့်ရဲ့ ကြွက်ထောင်ချောက်ပုံပြင်လေးရှာဖတ်ကြည့်ပါ။
    နောက်ဆုံးကြွက်ထောင်ချောက်က မောင်နီတွတ် ညပ်သွားတာဖြစ်နေပါအုံးမယ်။

    • Mg Ni Tut

      October 24, 2011 at 11:30 pm

      သတိပေးတာကျေးဇူးတင်ပါသည်။ ကြွက်ထောင်ချောက်က ကြွက်ကိုပဲမိနိုင်တာကြောင့် ကျွန်တော် မစိုးရိမ်ပါ။ ခင်ဗျားမှာ ဘုရားဝတ်ပြုတာအပြင် ဘာလုပ်ခွင့်ရှိမှန်း ကျွန်တော်မသိပါ။ ရှုတောင့်တစ်မျိုးမှကြည့်၍ ဝေဖန်ခဲ့ခြင်းသာဖြစ်ပါသည်။

      • chitmg

        October 25, 2011 at 6:12 pm

        ဆရာဖေမြင့်ရေးတဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ စာမှာ ကြွက်ထောင်ချောက်ကြောင့်
        သေရတာ”ကြွက်” မဟုတ်တဲ့အကောင်တွေပါဘဲ။ အဲဒီဟာရည်ညွန်းပြောတာပါ။

        ကြွက်ထောင်ချောက်ဆိုုတာငါနဲ့ မဆိုင်ဘူး ကြွက်ဘဲသေမှာပေါ့လို့ပြောတဲ့ကြွက်မဟုတ်တဲ့ကောင်တွေ
        အသေဆိုးနဲ့သေရတာကိုရေးထားပါတယ်။

        ရှာဖတ်ကြည့်ပါ။ တော်တော်ကောင်းတဲ့စာတပုဒ်ပါ။

  • zoe

    October 25, 2011 at 10:20 am

    အမှန်တော့ ဒီကွန်မန့် ကိုမရေးချင်ပါ ။ “နိုင်ငံပိုင်တက္ကသိုလ်အဖြစ် ပြန်တည်ဆောက်သင့်” ကိုမဲ အများဆုံး ပေး ထားတာ ဟာဖြစ်နိုင် ဖို့သိတ်မလွယ်ဘူးလို့ ထင်ပါတယ် ။ တက္ကသိုလ် ကို အရင်လို စည်စေချင်တယ်ဆို ဘွဲ့လွန် သင်တမ်းပဲ ထားမှာလား ။ under-graduate ကောထားမှာလား ?? ဘယ် major တွေထားမှာလည်း ။ ဘွဲ့လွန် သင်တမ်း အတွက် သုသေသန ဓာက်ခွဲ ခန်း တွေဘယ်လို ဆောက်မှာလဲ ။ အခုလိုပဲ paper work တွေလား?? စည်စေချင်လို့ under-grad ပါထားမယ်ဆိုရင် ကျောင်းသား ဦးရေ နဲ့ နိုင်မလား ? ရန်ကုန် ပါတ်ဝန်း ကျင်က တက္ကသိုလ် တွေ ကိုပြန် ဖွဲ့စည်း မှာလား ။ ဒါဆိုရင် သူ့တက္ကသိုလ် နဲ့သူ ရှိနေတဲ့ ရှိနေ professor တဲ့ assistant professor ကို ဘယ်လို ပြန်နေရာ ချမှာ လဲ ? ယခုလက်ရှိ ဒဂုံတို့ ဘာတို့ ကိုကော ဘယ်လို စီစဉ်မှာ လဲ ။ စဉ်းစားစရာ တွေ အများကြီးထွက် လာမှာပါ ။ အခု တက္ကသိုလ် စံနစ် က အရင် regional college တွေလို mainရဲ့ affiliated college မဟုတ်တော့ဘူး ။ သူ့ တက္ကသိုလ် နဲ့သူ့ professor နဲ့ စာမေးပွဲမေးခွန်း သူ့ဖာသာ ထုတ် ဒီလို ။ …..ဆို တော့ ဖြစ်နိုင်ဖို့ မလွယ် နဲ့ ကြာပါအုန်း မယ် လို့ထင်ပါတယ် ။

  • Ko Ko Aung

    October 25, 2011 at 3:42 pm

    ရန်ကုန်တက္ကသိုလ်ကြီးဟာ
    ပညာရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကိုင်တွယ်မှု့အောက်မှာ
    ရစရာမရှိအောင် ပျက်စီးခဲ့ပြီးပြီမို့
    နိုင်ငံပိုင်တက္ကသိုလ်ကြီးအဖြစ် အသစ်တဖန်ပြန်စဘို့
    ဒီအစိုးရကို အယုံအကြည်မရှိပါဘူး

    စီးပွားရေးသမားတွေကိုရောင်း/ငှားရင်လဲ
    ကိုယ့်ဘို့ပဲကြည့်ပြီး ပိုက်ဆံပဲရှာသွားမှာ

    ကောင်းတာကတော့ ဂုဏ်သိက္ခာရှိတဲ့ ပြည်ပတက္ကသိုလ်တခုခုနဲ့
    ပညာရေးရော အုပ်ချုပ်မှု့ပါ တွဲဖက်ပြီး
    ဘာသာရပ်တခုခုကို အထူးပြုသင်ကြားတဲ့ ကျောင်းတော်ကြီးအဖြစ်
    ပြန်လည်တည်ထောင်သင့်ပါတယ်
    ဥပမာ – စီးပွားရေးတက္ကသိုလ်ကြီး
    သို့မဟုတ် ဥပဒေအထူးပြုတက္ကသိုလ်ကြီး အဖြစ်ပေါ့။

Leave a Reply