သက်မွန်မြင့် လော့စ်အိန်ဂျလိစ်သို့ ရောက်ရှိ..

kaiNovember 18, 20111min22336

ယနေ့ (နိုဝင်ဘာ ၁၇) ညဦးပိုင်းက စတုတ္ထအကြိမ်မြောက် မြန်မာရုပ်ရှင်ပွဲတော်တက်ရောက်ရန် မင်းသမီးသက်မွန်မြင့် နှင့်ရုပ်ရှင်ကားပရိုဂျူဆာတို့နှစ်ဦး ထိုင်းနိုင်ငံမှတဆင့် လော့စ်အိန်ဂျလိစ်သို့ ရောက်ရှိလာပါသည်။
‘အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်’ ရုပ်ရှင်ကားပြသမည့်ပွဲသို ့တက်ရောက်လာခြင်းဖြစ်ပြီး ဆန်ဖရန်စစ္စကို၊ မြောက်ကာရိုလိုင်းနားတို့တွင်လည်း ရုပ်ရှင်ပြသဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

NetMAA ( netmaa.org) အသင်းမှဦးစီးကျင်းပသော မြန်မာရုပ်ရှင်ပွဲတော်သည် ယခုနှစ်တွင် ၄နှစ်( စတုတ္ထအကြိမ်)ရှိပြီဖြစ်ပြီး ယခင်နှစ်များကလည်း မင်းသမီးကြီးချိုပြုံး၊ ဒါရိုက်တာမီးပွား၊ Kyaw Entertainment မှပရိုဂျူဆာ ဦးကျော်ကျော်အောင်တို့ လာရောက်ခဲ့ဖူးသည်။
ယခုနှစ်တွင် ထူးခြားချက်အဖြစ် မင်းထင်ကိုကိုကြီးရိုက်ကူးသော “အင်းသီး”(အင်းလေးကန်အတွင်းရှိ ဓါတုမြေဩဇာသုံးခရမ်းချဉ်သီးများကြောင့် သဘာဝပျက်စီးပုံအကြောင်း) ဇတ်ကားနှင့် “Crossing Salween” (အိုင်ယာလန်မှရိုက်ကူးသော ကရင်တိုင်းရင်းသူမိန်းကလေးငယ် သံလွင်မြစ်ဖြတ်ကျော်ပြေးခန်း) တို့ပါ ပူးတွဲပြသရန် ရွေးချယ်ထားကြောင်းသိရှိရသည်။
ပွဲတော်နေ့မှာ လာမည့် (၁၉ရက်)စနေနေ့ တွင် အထူးပွဲဖြစ်ကာ ၂ဝရက်နေ့(တနင်္ဂနွေ)တွင် ဝင်ကြေး ၈ဒေါ်လာဖြင့် မည်သူမဆို ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။



သက်မွန်မြင့်အား ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ်


36 comments

  • inz@ghi

    November 18, 2011 at 4:13 pm

    မွ မွ …
    ရွသား အားလုံးထက် ဦးအောင် …
    မွ မွ …….မွ …..

    ပုံ ဂီဂီ

    • Moe Z

      November 18, 2011 at 4:44 pm

      နိုင်ကိုမနိုင်ဘူး နေရာတကာအရင်ဆုံးရောက်ချင်တယ်လား
      ယမမင်းဆီကိုရော 😛
      ဂေဇတ်အတွက် အင်တာဗျူးပေးဖို့ သဂျီးကရွာထဲကသတင်းထောက်လွှတ်မယ်ကြားတယ်
      အားလုံးထက်ဦးအောင် ကိုအင်ကြီး အရင်သွားလိုက် မြန်မြန်နော် 😀 😛

        • ကိုရင်စည်သူ

          November 18, 2011 at 9:07 pm

          သဂျီးရေ.. ကအင်ကြီးကို ထိန်းပါဗျို့..
          သက်မွန်းလေး ဟိုရောက်ရင် စောင့်ရှောက်ပေးဖို့
          သဂျီးကို ကိုရင် အစောကြီးထဲက အပ်ပြီးသားနော်..
          ဒါတော် မွမွ လုပ်ချင်သေးတယ်…
          အင်း… သဂျီး …….. ကြောင်ကြီး……. အင်ကြီး… သက်မွန်လေးအတွက်…
          ကိုရင်.. စိုးတယ်… စိုးမိတယ်… စိုးရိမ်မိတယ်… 😳 😳 😳

    • အီးတီ

      November 18, 2011 at 7:05 pm

      ကိုအင်ကြီး ဘယ်သူ ့ကို မွ မွ လုပ်နေတာတုန်း။ ပိုစ့်တင်တဲ့သူကိုလား 😀 သဂျီးကတော့ ဦးဦးဖျားဖျား အမွ ခံရလို ့ ကိုအင်ကြီးကို ပိုင့်တိုးပေးမလို ့ လုပ်နေတယ်တဲ့။

  • blackchaw

    November 18, 2011 at 4:37 pm

    ဂိုင်း ၏ မန်းချက်များလို့ တင်စားလိုက်ပါတယ်။
    မွမွ မွမွ မွမွ အင်း ဒါလည်း မန်းနည်းတစ်မျိုးပဲနော။
    သက်မွန်မြင့်လေး ဂရုစိုက်ပါ သူကြီးရေ။
    အိမ်က လေဒီkai ထက်ကို ဂရုစိုက်ပါ။
    အမေရိကားက ကျွန်တော့်ကာယ သမားတွေများတယ်ကြားလို့
    စိတ်ပူထှာ။ စိတ်ပူထှာ။

  • etone

    November 18, 2011 at 4:48 pm

    အဲ့ဒီကား ကြော်ငြာတုန်းကတော့ အရမ်းကောင်းတယ် …။
    ဇာတ်ကားကြည့်တော့လည်း …စိတ်ဝင်စားတယ် … နောက်ပိုင်းမှာ ချာသွားတယ်လို့တော့ ထင်မိတယ် … ။

    ကိုုယ့်ပေါ် အနိုင်ယူနေတာတောင် သိသိကြီးနဲ့ ကြိတ်မှိတ်ချစ်တတ်တဲ့ သက်မွန်မြင့်လို လူရှားတယ် .. ရှပ်ပြာရှပ်ပြာနိုင်တဲ့ လူလည်း ရှားတယ်…။အချစ်ကြီးတယ်လည်း ပြောတယ် …နောက်ပိုင်းသူ့အချစ်တွေ နာလွန်းလို့ ဆက်မကြီးနိုင်တော့ပဲ … အချစ်သစ်ကို ပြောင်းခဲ့တာ …ပထမတစ်ယောက်ကို တန်ဖိုးထားခဲ့တာတွေ … ပေါ့တီးပေါ့ပျက်ဖြစ်သွားတယ် … ။

    အတ္တအရမ်းကြီးပြီး ကိုယ့်ချစ်သူကိုတောင် အစမ်းသပ်လုပ်တတ်တဲ့ လူမျိုး ၊ သွေးရူးသွေးတန်းလုပ်နေတဲ့ လုပ်ငန်းရှင်မျိုး .. ဒါကတော့ အစွန်းရောက်လွန်းတယ် … ။ နောက်ဆုံး ကိုယ့်ချစ်သူကိုတောင် လမ်းမှာ ကားပျက်ချင်ယောင်ဆောင်ပြီး ထားခဲ့တဲ့ အဖြစ် …. သိပ်ပေါ်လွင်ပါတယ် … ရုပ်ရှင်ဆိုတာကိုပေါ့…တကယ့်အပြင်မှာ ဘယ်သူကမှ သူ့ချစ်သူကို တောကြီးမျက်မဲထဲ အဲ့လို လုပ်ရပ်မှာ မဟုတ်ဘူး … သူများကို ချောက်ချချင်တာနဲ့ … အသည်းနှလုံးကို ..ငါးစာအဖြစ်သုံးခဲ့တဲ့ လူမျိုး … ။

    ချစ်သူရှိပြီးသား ကောင်မလေးတစ်ယောက်ကို အစစ အရာရာဖြည့်စည်းပေးရင်း ချစ်လာမိတဲ့ကောင်လေးတစ်ယောက်ရဲ့ …အကြွေပန်းပေမယ့် ကောက်ယူမယ့်စိတ်မျိုးနဲ့ … လူငယ် … ရှိတော့ရှိတယ် ရှားတယ် … ။ ကောင်မလေးရဲ့ မတော်တဆရှပ်တီးရှပ်ပြာ ကိစ္စမျိုးမှာ အမြဲလိုလို အကူညီပေးဖို့စောင့်ဆိုင်းနေတတ်တဲ့အတွက် အံ့ ဩမိပါတယ် 😀

    • windtalker

      November 18, 2011 at 7:00 pm

      တစ်ကယ့် ကိုယ်တွေ ့ခံစားချက် အမှန်တွေ နဲ ့ယှဉ်ပြလိုက်စမ်းဘာ

      • etone

        November 19, 2011 at 8:03 am

        ကိုပေရေ … ခံစားချက်အမှန်တွေနဲ့တော့ ယှဉ်လို့မရပါဘူး … ဘာလို့လဲဆိုတော့ ကြုံထောင့်ကြုံကဲ ထူးထူးခြားခြားသုံးယောက်သား စုနေကြတာဆိုတော့လေ .. ဟီးဟီး ။
        ချစ်ရတာနဲ့မတန်အောင်ရတဲ့ ဥပက္ခာ ၊ ချစ်တာကိုဗန်းပြပြီး အနိုင်ကျင့်တဲ့စရိုက် ၊သူများပစ္စည်းလည်း ဘယ်တော့များ ဖိတ်စင်လာမလဲတွေးပျော်ကျေနပ်နေတဲ့ စရိုက်တွေက .. လူတွေထဲမှာ ရှိတော့ ရှိတယ် … ရှားတယ် … ။ 😆

  • Maung Dae`

    November 18, 2011 at 4:50 pm

    ကြည့်စမ်း.. နာ့ကိုတောင် ဖုန်းလေးတစ်ချက်ဆက်ပြီး ပြောသွားဖော်မရဘူး.. 😀

  • အေမီ

    November 18, 2011 at 5:05 pm

    မြန်မာဇာတ်ကားတွေ အောင်မြင်ပါစေ………….
    “အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်” ကားကို အရမ်းကြည့်ချင်နေတာ။ အေမီတို့ မြို့မှာ ရုပ်ရှင်ရုံမရှိလို……အခွေထွက်မှပဲ ကြည့်ရတော့မှာပဲ။ အင်းသီးကားလည်း အခွေထွက်ရင်ကောင်းမယ်….ဒါရိုက်တာမင်းထင်ကိုကိုကြီး ရဲ့ဇာတ်လမ်းတွေက ထူးခြားတယ်။ ကြည့်ချင်လိုက်တာနော်……

    • inz@ghi

      November 18, 2011 at 10:18 pm

      အော် မီလေးရယ် …စောစောက ကိုအင်ဂျီးကိုပြောရောပေါ့ …..
      မီဂန်ဖောက်စ် အစ ..လျူရီဖေးအလယ် ကင်ဟီဆွန်း အဆုံး
      ရှေ့လည်နောက် နှံ့စပ်တဲ့ ကြက်မောက်သီးလေးရယ်ပါ….
      သင်္ဘောသီးတွေ မသိခင် …DVDအမြန်ခုတ်ပီး ပို့လိုက်မယ်နော် ဟုတ်ပလား…

      ပေး …….လိပ်စာ..address..

      • အေမီ

        November 18, 2011 at 11:44 pm

        အဲ……….တယ်စေတနာကောင်းပါလား…ငါတို့ဘရာသာက 😀
        တကယ်ကြီး….အဟုတ်ကြီးကို အဲဒီ “အင်းသီး”တို့…”အာဒမ်….” ကားတွေရှိတယ်လား??

  • blackchaw

    November 18, 2011 at 5:07 pm

    ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ် ဆိုတဲ့
    စိုင်းထီးဆိုင် သီချင်းက အလကားဖြစ်လာတာ မဟုတ်ပါဗျာ။
    အဲဒီသီချင်းအော်ပြီး
    တကယ်အကောင်းအတိုင်းဖြစ်စေခဲ့တဲ့
    ပေးဆပ်ခြင်းနဲ့ ချစ်ကြသူတွေ အပြင်မှာ အများကြီးရှိကြပါတယ်ဗျာ။
    ကဲ ဇာတ်လမ်းရေးသူ ဒေါ်ပုညခင် နဲ့ ဒါရိုက်တာ ကိုဝိုင်း။ ပေးပါ ရှေ့နေလိုက်ခ။ ၆ပွိုင့်။ ဟားဟား။

  • naywoonni

    November 18, 2011 at 6:39 pm

    စိုးရိမ်တယ် ညီမလေးရေ…… စိုးရိမ်တယ်…။ ညီမလေးရေ……… ညီမလေးရယ်…။
    နေရာလွဲပြီးရေးမိလို့……………… 😛

  • Gipsy

    November 18, 2011 at 6:58 pm

    ဪ ဒါ့ကြောင့် ပျောက်နေတာ….
    ရှာရတာ ဖတ်ဖတ် ကိုမောနေပြီ… 😆

  • windtalker

    November 18, 2011 at 7:02 pm

    သဂျီး ၊ သဂျီး
    ဘာပဲဖြစ်ဖြစ်ဗျာ
    အနော်တို ့ဖို ့ပေးဖို ့ပွိုင့်လေးတွေ တော့ ချန်ထားပါဦးနော်
    🙂

  • ပေါက်ဖော်

    November 18, 2011 at 7:02 pm

    နာ့ကိုလွမ်းလို ့လားမသိဘူး.
    အိုစာသွားလိုက်တာ…………
    😀

  • alinsett

    November 18, 2011 at 7:13 pm

    အင်း….သက်မွန်မြင့် ပုံက တော်တော် မလှမပ ဖြစ်နေသလိုပဲ..။ မီးထိုး မှန်ထို းတွေ..မရှိလို ့ပဲ..နေမှာ…

  • cobra

    November 18, 2011 at 9:13 pm

    ရုပ်ကြီးကဆိုးလိုက်တာ
    ဘယ်လိုကြီးလဲမသိဘူးနော်…။

  • သော်ကြီး

    November 18, 2011 at 9:30 pm

    အားလုံး ကျွန်တော့အပြစ်တွေပဲ ထားလိုက်ကြပါဗျာ။ နားလည်ခွင့်လွှတ်ပေးကြပါလို့။ ဟား….ဟား……

  • z-Z

    November 18, 2011 at 10:07 pm

    အော် မာမီသော် ရဲ့ မိတ်ကပ် အစွမ်းနဲ့ ရုပ်ဖျက်သွားတာကိုး
    ဒါကြောင့် ဓါတ်ပုံကိုကြည့်နေတာ သက်မွန်မြင့် ဘယ်မှာလည်း ရှာမတွေ့ဘူး
    နောက်မှ … တော်တော်အိုစာသွားတယ်နော် ……. 😀 😀 😀

  • သော်ကြီး

    November 18, 2011 at 10:14 pm

    ခံလိုက်ရပြီဗျို့။ ဘုန်းကညာတစ်ပါး လုံးရာက ပြားသွားရလေခြင်း။ အောင်မလေးဗျန့်………..။

  • ကြောင်ကြီး

    November 19, 2011 at 11:21 am

    အပေါ်ဆုံးပုံထဲမှာ သက်မွန်မြင့်ဘေးက မမဂျီးနဲ့ သူ့ရှေ့တည့်တည့်က GAP အင်္ကျီဝတ်ထားတဲ့ ခလေးမလေး ဘယ်သူဆိုတာ မှန်အောင်ပြောနိုင်တဲ့ ပထမဆုံးငါးယောက်ကို ပွိုင့်တသောင်းစီ မေတ္တာလက်ဆောင်ပေးမယ်တဲ့။ အကျီင်္အဝါနဲ့ ကောင်မလေးက အဲဒီ့လူဂျီးရဲ့ တူမ။။။။။။။ 😉

    • inz@ghi

      November 19, 2011 at 11:32 am

      အဲ့ရာ နီနီဝင်းချွေ ရီးဟုတ်ဝူးလား ဥကြောင် (- ီး ကျန်ခဲ့လို့ပါ…)
      ဂက်ပ် လေးက တူ့ တမီးလေးဟုတ်ဝူးလား …ဟင်င်င်
      ဝါလေးက တားတို့ အရွယ်ဝတ်လေး ..လား …အဲ့လေ. …ရွယ်တူလောက်ပြောပါတယ်
      ဟီး … သဂျီးတူမလား ဗျ….

      😀

    • kai

      November 19, 2011 at 4:11 pm

      ညာဖက်အစွန်က.. ကိုအောင်မင်းနိုင်၊ မနီနီဝင်းရွှေ၊ သူတို့သမီးလေး မရွှေသု၊ သက်မွန်မြင့်၊ အာဒမ်ဧဝရုပ်ရှင်ပရိုဂျူဆာ၊ မဇင်မာ တို့ဖြစ်ပါတယ်..။
      ပေး.. တသောင်းပွိုင့်..။ 😆

      • inz@ghi

        November 19, 2011 at 4:25 pm

        ဒီ သဂျီး ရွာသားမရိုသေတာလည်း မပြောနဲ့ …
        အခြေအနေ အချိန်အခါကို မသိဝူး။.

        ခုဗမာနဲ့ မလေးယားနဲ့ ကန်နေတယ်ဗျ….
        ဒါ မီလျံဘစ်ဇနက် မဟုတ်ပေမယ့် …
        အမျိုးသားရေးဗျ..ကျုပ်တို့ ခြေသာတယ် …
        အားပေးစမ်းပါဗျ…. first half ပီးလို့ အမြင်မတော်လို့ရေးတာနော်
        ball possession ၅၃% ရှိတယ်….

        လောလောဆယ် 0-0 ပဲ …

        Kick ass Malaysia ဗျာ ….
        သေရောကျေရောပဲ …
        ကျုပ်တို့ ဘယ်တောင်ပံတိုက်စစ်ကို မဟားဒယား ခုခံရလို့ ..
        ဒင်းတို့ ကပ္ပီတန် အဝါထိထားပြီ ….
        အားပေးကြဆို့ ..

        Cheers ….. Myanmar U23 ….

        • kai

          November 19, 2011 at 4:50 pm

          အဲဒါ..ခုနကတောင်.. သတင်းထဲသွားရှာသေးတယ်..။
          မတွေ့လိုက်လို့…။
          နိုင်မှာပါ..။
          ဒီလောက်စိတ်ဓါတ်တွေ ..ဇာတိမာန်တွေ.. ကြွတက်နေကြတာ.. 🙂

        • inz@ghi

          November 19, 2011 at 4:55 pm

          မိနစ် ၆ဝ ရှိပီဗျ. .ခုထိ ဇီး-ဇီး ..
          ပထမပိုင် းကျုပ်တို့ခြေသာတယ် ..
          ခု ငတိတွေ ပြန် ဖိလာတယ် …
          အလွန်အကျွံတော့ မဖိရဲဝူး …
          ကျုပ်တို့မှာ သိပ်မြန်တဲ့ တောင်ပံလူတွေနဲ့
          ကောင်တာ တက်ခနစ်ကောင်းကောင်းရှိတာ ..ဒင်းတို့သိတယ်..
          ရေးနေတုန်း ဂိုးရတော့မလို့ပဲ ၆၃ ရှိပီ …

        • inz@ghi

          November 19, 2011 at 5:17 pm

          WTF they scored @ 85′ mins

      • ကြောင်ကြီး

        November 20, 2011 at 8:27 am

        တိန်….. အဖြေမှန်သူ ပေါ်လာပြီ သဂျီးရေ။ သူ့ကိုပဲ ပွိုင့်တွေအကုန် ပေးလိုက်ပါတော့။ 😆

        • ဆူး

          November 25, 2011 at 11:13 am

          သဂျီးက မောင်သာရ နောက်မှာ သတိစွဲပြီး ရပ်နေတာ တွေ့သားပဲ.. အရပ်ကတော့ တစ်တောင်လောက် ကွာမယ် ထင်တယ် အန်တီ သဂျီး နဲ့ ဟိဟိ..

  • manawphyulay

    November 19, 2011 at 3:25 pm

    မြန်မာဇာတ်ကားတွေ နိုင်ငံတကာမှာ ပြသလာနိုင်ရင် အရမ်းကောင်းမယ်နော်။ ဟိုတစ်ခါ ကိုရီးယားမင်းသမီးက မြန်မာအလည်လာခါနီးမှာ မြန်မာဇာတ်ကားကြည့်မလို့ရှာတာမတွေ့ဖူးလို့ ပြောပြီး ပြန်မှကြည့်ရတော့မယ်လို့ ပြောတော့ မြန်မာဇာတ်ကားတွေ နိုင်ငံတကာကို မထိုးဖောက်နိုင်သေးပါလားလို့ စိတ်ထဲမကောင်းဖြစ်မိတယ်။ တိုးတက်လာရင် အရမ်းကောင်းမယ်။

    • etone

      November 25, 2011 at 1:44 pm

      အဲ… မျက်စိထောက်ထောက် ကြည့်နေတဲ့ ကြားက …..
      ဘယ်တုန်းကပြောသွားပါလိမ့် … ။ 😆

  • zarlay

    January 26, 2012 at 2:59 pm

    မြန်မာကားတွေကို မကြည့်ဖြစ်တာ နှစ်တောင်ချီနေပြီ မြန်မာကားက စကြည့်လိုက်တာနဲ့ နောက်ဆုံး
    ဘာဖြစ်မယ်ဆိုတာ မှန်းလို့ရတယ်လေ ကိုရီးယားကားတွေကတော့ ဆွဲဆောင်မှုရှိတယ်လို့ထင်တယ်လေ

Leave a Reply