HAPPY BIRTHDAY inz@ghi

black chawJanuary 6, 20121min69691

ညီလေး အင်ဇာဂီရေ
မနက်ဖြန် January 7, 2012 ဟာ ညီလေးရဲ့ မွေးနေ့လို့ သိထားတော့ အမှတ်တရမွေးနေ့လက်ဆောင်လေး ပေးချင်နေမိပါတယ်။
စဉ်းစားရင်းနဲ့ ညီလေးအတွက် တန်ဖိုးရှိမယ်လို့ထင်တဲ့ စာပိုဒ်လေးတစ်ပိုဒ် လက်ဆောင်ပေးချင်ပါတယ်။ စိတ်ဝင်တစား ဖတ်ပေးပါနော့။
ဖတ်ပြီးသားဖြစ်ဖို့များပေမယ့် ဒီအချိန်မှာ ဒီစာဟာ ကိုယ့်ညီအတွက် သင့်တော်တယ်ထင်လို့ လက်ဆောင် ပေးတာပါ။ ကဲ ဖတ်ကြည့်ဗျာ။

မိမိတန်ဘိုးကို အသိအမှတ်ပြုပါ
တစ်ကြိမ်မကတော့ပါဘူး။ ဒီပုံပြင်ကို ကျွန်တော်ပြောဖြစ်ခဲ့တာ၊ ကျွန်တော်နဲ့ သူငယ်ချင်း ဂယ်ရီစမောလေတို့ဟာ
လူထုပရိသတ်ကို စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းက လူထုပရိသတ်တစ်သောင်းလောက်ရှေ့မှာ
ဒေါ်လာ ၅ဝ တန် ငွေစက္ကူ ကို ကိုင်မြှောက်ပြပြီး “ဒီဒေါ်လာ ၅ဝ တန်ကို ဘယ်သူလိုချင်လဲ” လို့ မေးလိုက်ပါတယ်။
နေရာတိုင်းမှာ လက်တွေမြှောက်လာတာ တွေ့ရပါတယ်။
“ကျွန်တော် ဒီဒေါ်လာ ၅ဝ ကို ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကို ပေးမယ်။ ဒါပေမယ့် ကျွန်တော့်ကို ပထမ ဒါတော့ လုပ်ခွင့်ပေးပါ” ဟု ပြောရင်း ငွေစက္ကူကို လက်ဖြင့် ခြေမွပစ်လိုက်ပါသည်။ ပြီးတော့ “ကဲ အခုဆိုရင်ကော၊ ဘယ်သူလိုချင်ကြသေးလဲ” ဟု မေးပါသည်။
မကြာခင်က ထောင်ခဲ့သော လက်တွေ လေထဲ ထောင်လာပြန်ပါသည်။
“ကောင်းပါပြီ။ ကျွန်တော် ဒီလိုလုပ်လိုက်ရင်ကော” ဟု ပြောပြောဆိုဆို ငွေစက္ကူကို မြေကြီးပေါ်ချပြီး ဖိနပ်ဖြင့် နင်းခြေပါသည်။ ပြီးတော့ ကောက်ယူလိုက်ပါသည်။ အားလုံးညစ်ပတ်စုတ်ကြေသွားပါသည်။ ထို့နောက် “ကဲ…အခု ဘယ်သူ လိုချင်သေးလဲ” ဟု
မေးရာ ယခင်က ထောင်ခဲ့သော လက်တွေ လေထဲမြောက်တက်လာပါသည်။
“ခင်ဗျားတို့အားလုံး တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုကို ရသွားပြီ။ ကျွန်တော် ဘာပဲလုပ်လုပ် ခင်ဗျားတို့က လိုချင်တာပဲ။
ဘာကြောင့်လဲဆိုတော့ တန်ဖိုးလျော့မသွားလို့လေ။ ညစ်ပတ်စုတ်ကြေသွားသော်လည်း ဒေါ်လာ ၅ဝ ဟာ ဒေါ်လာ ၅ဝ တန်ဖိုး ရှိနေတယ် မဟုတ်လား”
ဂယ်ရီ၏ ရှင်းလင်းသော သရုပ်ပြကွက်လေးသည် အရေးကြီးသော အချက်တစ်ချက်ကို ထောက်ပြနေပါသည်။
ကျွန်တော်တို့သည် ဘဝတွင် လျော့ကျတာတို့၊ တွန့်ကြေဒဏ်ခံရတာတို့၊ မြေမှာလူးပြီး ညစ်ပတ်သည့်အဖြစ်နှင့် ကြုံရတာတို့ ရှိပါသည်။
ထိုအခါမျိုးမှာ မိမိကိုယ်ကို တန်ဖိုးမရှိတော့သည့်လူ ဟု မိမိဘာသာ မြင်လာတတ်ပါသည်။ အခြားလူတွေ၏ အမြင်မှာလည်း သုံးမရတော့ပါဘူး ဟု မြင်လာတတ်ကြပါသည်။ ဘယ်လို၊ ဘာတွေပဲဖြစ်ဖြစ် လူသားဆိုသော တန်ဖိုးကတော့ ဆုံးရှုံးမသွားပါဘူး။ ထိုတန်ဖိုးကို ဘာကမှ
ယူဖယ်မသွားနိုင်ပါဘူး။ ထိုအချက်ကို ဘယ်တော့မှ မမေ့ပါနှင့်။

ဒေါက်တာသိန်းလွင် ရေးသားသော အောင်မြင်လိုလျှင် လူတွေ အောင်မြင်အောင် ကူညီပါ စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

ဒီစာစုလေးကို ကိုယ့်ဘဝမှာ လူတွေရဲ့ တစ်ဖက်သတ် ဖိနှိတ်ပြောဆိုမှုတွေကို ကြုံခဲ့ရတဲ့ ၂၀၀၉ ခုနှစ်လောက်က စဖတ်မိခဲ့တာပါ။ ဖတ်လိုက်ကတည်းက ငါဟာ သူတစ်ပါး မဟုတ်မတရားပြောဆိုရုံနဲ့တော့ ငါ့တန်ဖိုးလျော့ကျမသွားပါဘူး ဆိုတဲ့ စိတ်ခွန်အားကို ရရှိခဲ့ပါတယ်။ ညီလေးလည်း ဘဝမှာ နိမ့်မြင့်တက်ကျတွေ ကြုံရဦးမှာပါ။ တစ်ဖက်သတ်စွတ်စွဲပြောဆိုမှုတွေကို ရင်ဆိုင်ရဦးမှာပါ။ အဲဒီအခါ ဒီစာစုလေးကိုဖတ်ပြီး ညီလေးရဲ့ ကျနေတဲ့စိတ်ကို ပြန်လည်မြှင့်တင်နိုင်ပါစေ။

မွေးနေ့မှာ ပျော်ရွှင်ပါစေ။
ဘဝရဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်ပါစေ။
ချစ်တဲ့သူကို ပိုင်ဆိုင်နိုင်ပါစေ။
မန်းဂဇက်မှာ အသက်ထက်ဆုံး နေထိုင်သွားနိုင်ပါစေ။

ခင်တဲ့
ဘဘ ဘလက်

91 comments

  • Wai Phyoe

    January 6, 2012 at 12:54 pm

    ပာတ်ပီးဘတ်ဒေး ပါကိုဂီ
    မွေးနေ့မှာပျော်ရွင်ပါစေ

    • inz@ghi

      January 6, 2012 at 1:10 pm

      ကျေးဇူးတင်ပါတယ် ညီလေး ဝေဖြိုးရေ..

      • thit min

        January 6, 2012 at 2:15 pm

        Hmmm?!
        ဖင်းသက်ပြား (^^)
        ညီလေးဂီသို့—————
        မွေးနေ့သည်ရက်
        သည်တရက်မှ
        ရက်ပေါင်းသိန်းသန်း
        ညီရွှင်လန်းစေ
        မြဲအလိုပြည့်
        နှလုံးမွေ့ရာ
        ဝါသနာနှင့်
        အသပြာလည်းစုံ
        ချစ်ရင်ငွေ့လှုံ
        ကုံလုံစေသား
        အို
        ညီဘွားငဲ့။

        • inz@ghi

          January 6, 2012 at 8:19 pm

          ကဗျာလေး ချီးမြှင့်တာ ကျေးကျေးပါ ကိုသစ်ရေ…
          ကျနော့် ကို ထိပ်ဆုံး ရေးပေးဖူးတဲ့ ကဗျာလေးမို့
          အမှတ်တရ …အမြတ်တနိုး သိမ်းဆည်း မိပါသည်ခင်ဗျား..

  • Onyx

    January 6, 2012 at 12:59 pm

    HAPPY BIRTHDAY !!!
    ပါ ကိုဂီ မွေးနေ့မှာ ပျော်ရွှင်ပါစေ

    • inz@ghi

      January 6, 2012 at 8:19 pm

      ဆုတောင်းပေးတာ ကျေးဇူးပါ Onyxရယ်

  • water-melon

    January 6, 2012 at 1:07 pm

    မွေးနေ့မှာ ပျော်ရွှင်ပါစေ
    မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သားလိမ္မာ တစ်ယောက်ဖြစ်ပါစေ
    ဆုတောင်းပေးပါတယ် ကိုဂီ

    • inz@ghi

      January 6, 2012 at 8:20 pm

      ဟုတ်…
      ကြိုးစားပါ့မယ် .. ဖရဲသီးလေးရယ်…
      သိုင်းခရု ပါ

  • inz@ghi

    January 6, 2012 at 1:09 pm

    ကျေးကျေးပါ ဘဘ ဘလက်ရေ ….
    ကောင်းမွန်စွာ ..မှတ်သား နာယူပါသည်ခင်ဗျား ..

    မနက်ဖြန် တွေ့ဆုံပွဲအတွက်လည်း ဆုမွန်ကောင်းတောင်းပါသည်ခင်ဗျ …
    ကျနော် မမီပေမယ့် … မနောနဲ့ တက်ရောက်မည်ဟု ကတိပြုပါသည်ခင်ဗျား…( မနောဟူသည် မစိတ်ဖွေးပိစိ ဟု မဆိုလိုပါ)

    ခင်တဲ့ ဂီ

  • ဟတ် ပီး ဟတ် ပီး ဟတ် ပီး ဘတ် ဒေး ဘတ် ဒေး
    ဟီး ပတ် ဟီး ပတ် ဘေး ဒတ် ဘေး ဒတ်
    ကျန်းမာပျော်ရွှင် စိတ်ကြည်လင်၍ လိုအင်ဆန္ဒ ပြည့်ဝကာ သားကောင်းရတနာ တစ်ယောက် ဖြစ်ပါစေလို့
    ဆုမွန်ကောင်း ပို့သလိုက်ပါတယ် …
    😛 😀 🙂

    • inz@ghi

      January 6, 2012 at 8:21 pm

      အဂ္ဂမဟာသရေစည်သူ၊အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ ပြောင် ..အဲ့လေ ..ကင်းရေ..
      ကျေးဇူးပါခင်ဗျာ ….

  • Novy

    January 6, 2012 at 1:18 pm

    ဂီဂီရေ..
    Happy Birthday ပါနော်
    လိုသောဆုတွေ မတောင်းပဲနဲ့ ပြည်ဝနေပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်

    • inz@ghi

      January 6, 2012 at 8:22 pm

      ဟုတ်ကဲ့ပါဗျာ ..
      ကျေးဇူးပါ ..
      ကြိတ်ကြိတ်ပြီးတောင်းတဲ့ဆုတွေ ပြည့်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ မနိုဗီ ရယ်..

      ခင်တဲ့
      ဂီ

  • Moe Z

    January 6, 2012 at 1:29 pm

    မနက်ဖြန်မှ မွေးနေ့ဆုတောင်းပို့ပေးမလို့စဉ်းစားထားပေမယ့်
    ဒီမနက်ပဲသတိရလို့မေးလ်ပို့ထားပါကြောင်း 🙂
    အခု ဘဘဘလက်က ပို့စ်တင်ပေးတော့လည်းထပ်ပြီးဆုတောင်းလိုက်ပါတယ်
    ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျပါစေနော်..

    • inz@ghi

      January 6, 2012 at 8:26 pm

      မိုးစက်ရေ …
      ကျနော် စောစောက ပဲ gmail ဖွင့်ပြီး စာဖတ်ဖြစ်ပါတယ်..
      ကျေးဇူးပါနော်… တခုတ်တရ ..စာရေးပေးတဲ့အတွက်….
      အလွန်လှပ ညက်ညောသော အင်္ဂလိပ်စာ အရေးအသား အတွက်လည်း
      ကျေးဇူးတင်ရင်း ချီးကျူးမိပြန်ပါသည်..

      ကျနော်လည်း မိုးစက်နဲ့သိခွင့်ရတာ ဝမ်းသာ ဂုဏ်ယူမိပါတယ်လို့ ….

      ခင်တဲ့ …
      မိုးစက် ခေါ်တဲ့ ကိုအင်ဂျီး..

  • nozomi

    January 6, 2012 at 1:32 pm

    ဂီဂီ ကတော့ ပြည့်ပါစေလို့ ဆုတောင်းပေးစရာ မလိုအောင် ပြည့်စုံသူပါ
    ဆက်လက်ပြီး ရွာထဲမှာ တဂီထဲ ဂီ တဲ့သူ ဆက်ဖြစ်နေပါစေ

    • inz@ghi

      January 6, 2012 at 8:27 pm

      ဦးနိုရေ…
      ကျနော့်မှာလည်း မပြည့်စုံမှုတွေနဲ့ပါဗျာ ….ဟီဟိ…

      ရွာထဲမှာ တပျော်တပါး စုစုရုံးရုံး …ဖြတ်သန်းကြတာပေါ့ဗျာ…

      ခင်တဲ့

  • htoosan

    January 6, 2012 at 1:44 pm

    ဂီဂီရေ.
    ကိုးနတ်ရှင် ကယုံစားလို့မရတော့ သေချာတဲ့ နေ့မှာဘဲမွေးနေ့ဆုတောင်း ပေးလိုက်ပါတယ်.
    “Happy Birthday”
    တစ်ကိုယ်တော်ဘဝမှလည်း အမြန်ကျွတ်လွတ်နိုင်ပါစေ။ ဝါသနာပါသည်များလည်း များများလုပ်နိုင်ပြီး များများပြန်လည် ဖြန့်ဝေနိုင်ပါစေ။

    • inz@ghi

      January 6, 2012 at 10:40 pm

      ကျေးကျေးပါ …ကိုထူးဆန်းရယ် …
      ရွာထဲ လှည့်ပတ် သောင်းကျန်းနေဦးမှာပါ…

      ရွာသူားတွေ အားလုံးကိုလည်း ကျေးကျေးပါဗျာ ….
      အထူးသဖြင့် ဘဘ ဘလက် ကိုပေါ့ ..

      ရွာ့ ဂျလေဘီ ..ဂီ

  • MaMa

    January 6, 2012 at 1:58 pm

    ံHappy New Year နဲ့ ပေါင်းပြီး Happy Birthday ကို ဆုတောင်းပေးပြီးသွားပြီနော်။
    အဲဒီ အတိုင်းပဲ 🙂

    • inz@ghi

      January 6, 2012 at 8:30 pm

      ဟုတ် မာမား ..
      တားတား ကို မိန်းမလိုက်တောင်း ပေးဘာလား ဟင်င်င်င်…
      😀

      • MaMa

        January 6, 2012 at 9:38 pm

        လူပျို့အမေ ဆန်တစ်အိတ်နဲ့ တောင်ထိပ်မှာ ပုန်းအိပ်ရမယ်လို့ ကြားဖူးတာ..
        မောင်ဂီ့အမေဆိုရင်တော့..
        မာမား က ဆန်၁ဝ အိတ်နဲ့ တောင်ထိပ်မှာ ဘန်ကာလို ကာပြီး ပုန်းရမယ်။ 😆

        • ငပေါက်ဖော်

          January 6, 2012 at 9:51 pm

          မာမားချင့်
          ဆန် ၁ဝအိတ်ဆိုတာ
          ကောက်ညှင်းဆန်လား ပေါ်ဆန်းမွှေးဆန်လား
          ဘာဆန်ပါလဲချင့်

  • hmee

    January 6, 2012 at 2:03 pm

    Happy Birthday ပါ မောင်မောင်ဂီဂီရေ။ avator ပုံတွေ ခဏခဏပြောင်းသူ၊ FB မှာလည်း နာမည် ခဏခဏ ပြောင်းသူ၊ ထှာ ဆိုတဲ့ စကားလေးတလုံးဖြင့် တခြားသူတွေ အတုယူ သုံးစွဲချင်အောင် အစွမ်းထက်လှသူ၊ ဘက်စုံ ထူးချွန်သူ အဖြစ် အမြဲ သတိရနေမှာပါ။
    ခင်တဲ့ မမှီ

    • inz@ghi

      January 6, 2012 at 8:32 pm

      အားပေးတာ ကျေးကျေးပါ မမမှီရယ် …
      မဟာဖေ့စဘုတ်တော်ကြီးမှာတော့ တခါဘဲ ပြောင်းဖူးတာဘာဂျာ ..
      ဖားသက်ပြင်းလေးဘာ…

      မမမီလက်ရာကို တကယ်စားဘူးချင်ပါသည်…..
      ရန်ကုန်လာရင် ထွက်မပြေးရဘူးနော ..ပုန်းမနေရဘူးနော်..

  • နွယ်ပင်

    January 6, 2012 at 2:08 pm

    Happy Birthday ပါ ဂီဂီရေ ………….
    မွေးနေ့မှာ ပျော်ရွှင်ပါစေ ………………. 🙂

    • thit min

      January 6, 2012 at 2:16 pm

      မမ ရဲ့ ၁၂၅ လမ်းပို့စ်မှာမနွယ်အတွက်ကဗျာရှိလေရဲ့။(^^)

      • နွယ်ပင်

        January 6, 2012 at 4:36 pm

        ကဗျာလေးကို ကြိုက်လို့ကူးသွားပါတယ် ကိုသစ်မင်းရေ
        အခုလို တကူးတက ကဗျာ ရေးပေးတဲ့ ကျေးဇူးပါနော် ………

    • inz@ghi

      January 6, 2012 at 8:33 pm

      ကျေးကျေး မမ နွယ်ပင်

      ခင်တဲ့

    • inz@ghi

      January 6, 2012 at 10:41 pm

      ကျေးဇူးပါ မမနွယ်ပင် …ရယ်..

      ခင်တဲ့ ဂီ

  • tt lay

    January 6, 2012 at 2:17 pm

    Happy Birthday inz@ghi
    7-1-2012 မှာကျရောက်သော မွေးနေ့မှသည် ပျော်ရွင်ချမ်းမြေ့သောဘဝကို ပိုင်ဆိုင်နိုင်ပါစေ……….။

    • inz@ghi

      January 6, 2012 at 8:35 pm

      ကျေးဇူးပါ တီတီလေး ရယ်

      ခင်တဲ့ ဂီ

  • pooch

    January 6, 2012 at 2:28 pm

    ံHappy Birthday !!!! ပါ မစ္စတာဂီ….

    ဒီနှစ်ရဲ့ ဆန္ဒသစ်တွေ အားလုံး အကောင်အထည်ဖော်နိုင်ပြီး မျှော်လင့်နေတဲ့ မိုးစက်လေးများလည်း မကြာခင်မှာ သွန်းဖြိုး လာပါစေလို့ ….

    • inz@ghi

      January 6, 2012 at 8:37 pm

      ကျေးဇူးပါ မမပုချ်ရယ်…
      အရင် အားပေးဖူးတဲ့ကွန်းမန့်တွေပါ အပါအဝင်ပေါ့ …..
      ကျနော် လည်း မမပုချ်မွေးနေ့ရောက်ရင် ပြန်လည် ဆုတောင်း ပေးပါဦးမယ်နော…

      ခင်တဲ့…

  • moegyothwar

    January 6, 2012 at 2:46 pm

    Happy Birthday Brother …

    Wishing you all the best and may your birthday be full of happiness and wonders!!!

    • inz@ghi

      January 6, 2012 at 10:42 pm

      thx u bro …

      nothing special for this year ….but planned to dine with my folks …

      thx U .again …

      See Ya @ da ToP!
      Regards,
      Inz@ghi

  • Shwe Tike Soe

    January 6, 2012 at 4:03 pm

    ပျော်ရွှင်စရာမွေးနေ.မင်္ဂလာပြီးရင် နောက်ထပ် မင်္ဂလာ ဆောင်ရပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်. ကိုဂီ.. 😀

    • inz@ghi

      January 6, 2012 at 10:44 pm

      နောက်ထပ် မင်္ဂလာဆောင် …..??
      အင်းးးးးး မမပါနဲ့ ဆြာသမားရယ် …
      ဂီ့ ကို ရွာထဲမှာ married but not oversea လို့ ထင်နေဘာဦးမယ်. ….

      ညည်းတို့ MPS ကဆြာတွေ သိပ် ဇဂါးတတ် …ဟွန့် …

      အတူတူ ထွက်ရိုက်ချင်သေးတယ်ဗျာ …
      တနေ့ ပေါ့နော ….

      ကျေးဇူးပါ

      ခင်တဲ့

  • Anzartone

    January 6, 2012 at 4:04 pm

    Happy Birthday! ပါ ကိုဂီ …
    မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ ……..

    • inz@ghi

      January 6, 2012 at 10:46 pm

      ကျေးဇူး ကို အံစာတုံးရေ ..

      အစ်ကို့ စာတွေ ဖတ်ဖြစ်ပေမယ့် မမန့်ဖြစ် ဖြစ်ဖြစ်နေတာ ..
      အားနာလှသဗျာ ….

      ခုလို တခုတ်တရ ချီးမြှင့်ပေးတဲ့အခါ …ကျနော် မိတ်ဆွေမပီသခဲ့လို့ ပိုပြီး သိမ်ငယ်မိပါရဲ့

      ကျေးဇူးတင်တယ်ဗျာ ….တကယ်ပါ …

      အစ်ကိုလည်း ပျော်နိုင်ပါစေ လို့ ဆုတောင်းပါတယ်ဗျ

      ခင်တဲ့ ဂီ

  • ဆူး

    January 6, 2012 at 4:30 pm

    ဂိဂိ ရေ.. မနက်ဖန် မှာ ကျရောက်မဲ့ မွေးနေ့မှသည် ကျန်းမာ ချမ်းသာပြီး လိုချင်တဲ့ ဘဝ ပန်းတိုင်တွေကို တခုပြီး တခု ပိုင်ဆိုင်ပြီး ဆန္ဒနဲ့ ဘဝ တထပ်တည်းကျပါစေ။
    နက်ဖန်မှာ ဘာပဲ ဖြစ်ဖြစ် အမှတ်တရ အနေနဲ့ ကိတ်မုန့် ခွဲဖို့ စီစဉ်ထားတယ်။ မွေးနေ့ရှင် အစား ခွဲတဲ့ လူတွေ စားလိုက်ကြမယ်။ အခု ကွန်မန်းလိုက်ပေးထားတာ စိတ်ပန်း လူပန်းမှုတွေ များနေတယ်လို့ ထင်တယ် ဘာရယ်တော့ မဟုတ်ဘူး မန်းတာ သိပ်မတက်ကြွလို့ မှန်းကြည့်တာ.. မွေးနေ့ ကျော်သွားရင်တော့ အားလုံး ကောင်းသွားမှာပါ။ စိတ်အားငယ်နေတဲ့ မောင်ဂီဂီ အစား ဆုတောင်းပြီး ကိတ်မုန့် စားပေးမယ် (အစာကြေပါစေလို့) ဟိဟိ.. ဆုတောင်းထားတယ် ဆိုပြီး ဘယ်သူမှတော့ အတုံးလိုက် မြိုမှာ မဟုတ်ပါဘူး။ ဆုတောင်းပြည့်မှာပါ။ အစစ အရာရာ အဆင်ပြေပါစေနော်။

    • inz@ghi

      January 7, 2012 at 7:17 am

      စိတ်ပင်ပန်းထက် လူပင်ပန်း များသွားလို့ပါ ဖွားဆူးရယ် ….
      တယ်လဲ …လူကဲခတ်တော်သကိုး ….
      စိတ်အားတော့ မငယ်ပါဘူးဗျာ ……

      ပန်းသီးအတွက် သောကရောက်နေတယ်လို့ ထင်ပီး စိတ်ပူပေးကြတဲ့ ….
      ရွာသူားအားလုံးကို ကျေးကျေးပါနော် …..
      ကျနော် စိတ်ထဲ မထားတော့ပါဘူး…

      တကယ်က ကျနော် အလုပ်ရှုပ် သွားလို့ …သိပ် မရေးနိုင်တာပါဗျာ…..
      နောက်ပိုင်း ပြန်ရေးနိုင်လာမှာပါဂျာ…

      ခင်တဲ့
      ဂီ

  • ငပေါက်ဖော်

    January 6, 2012 at 4:32 pm

    Happy deadday အဲအဲ..Happy birthday ပါ ကိုကိုဂီ
    မွေးနေ ့မှ ဝမ်းဆွေ ့ဝမ်းဆွေ ့..ဝမ်းဝမ်းဆွေ ့ပါစေ

    • inz@ghi

      January 7, 2012 at 7:19 am

      ဘဘ ပေါက်ဖော် ချင့် ….
      ဂီ့ကို ရွာထဲစရောက်တဲ့အချိန်ကတည်းက …လက်တွဲခေါ်ယူခဲ့သော…
      ပိုစ့်တိုင်းဝင် မန့်ပေးသော ….ဘော်ဒါတယောက်အနေနဲ့ရော စကားတွေပြောဖြစ်သော

      ဘဘပေါက်ဖော်ကို ကျေးကျေးပါချင့် …
      သည်တော့ ကျေးကျေး ဆပ်တဲ့အနေနဲ့…

      မွ မွ ……မွ..မွ….

  • manawphyulay

    January 6, 2012 at 4:46 pm

    မွေးနေ့အထိ်မ်းအမှတ် ဆံပင်ဖြတ်မလို့လား ဂီဂီ ဖြတ်နဲ့နော်။ ဂီဂီလည်း မွေးနေ့မှ စပြီး လိုအင်ဆန္ဒများ အားလုံး အားလုံး မတောင့်မတ မကြောင့်မကြပဲ ရရှိပါစေနော်။ မန်းဂေဇက်မှာ သက်ထက်ဆုံးနေထိုင်ဖို့ မန်းဂေဇက်ကြီး သက်ထက်ဆုံးတည်မြဲစေဖို့ပါ ဆုတောင်းပေးလိုက်ပါတယ်။

    • inz@ghi

      January 7, 2012 at 7:21 am

      ကျေးဇူးပါ မစိတ်ဖွေးပိစိရေ….

      အိမ်သစ်တက်ပွဲမှာ ဂတ်စ်မထွက်လို့ ခုထိတိုင်ပတ်တုန်းမို့ ….
      ကလင်ဒါအတွက် ဒါ့ပုံ မပို့ဖြစ်သေးတာ ဗွေမယူပါနဲ့နော်..

      ခင်တဲ့
      ဂီ

  • Thel Nu Aye

    January 6, 2012 at 4:57 pm

    Happy Birthday ပါကိုဂီ

    ( ) ပြည့်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာစိတ်သွားတိုင်းကိုယ်ပါလိုရာဆန္ဒပြည့်နိုင်ပါစေ။

    • inz@ghi

      January 7, 2012 at 7:22 am

      ဟုတ်….
      ကျေးကျေးပါ …..
      ကျနော် ၂၆ပြည့်တာပါဗျ…

      ခင်တဲ့

  • favourite

    January 6, 2012 at 4:58 pm

    ဟာပီးဘတ်ဒေးပါ ဂီကြီးရေ
    နှစ်သစ်မှာ စိတ်သစ်နဲ့ လန်းနိုင်ပါစေ။

    ဘဘ ဘလက် ချိတ်ချိုးဘူးဆိုရင် တခုလောက်ပြောချင်လို့
    ဒေါ်လာက စုတ်ပြတ်သတ်သွားရင်တောင် တန်ဘိုးမလျော့တာ သူတို့ဆီမှာတော့ ဟုတ်မှာပေါ့
    ဒီမှာက ခေါင်းလေး နည်းနည်းကျိုးနေရင်တောင် (ကျိုးတာတောင် ဟုတ်ပါဘူး အရာလေးနည်းနည်းထင်တာလောက်) မဝယ်ချင်ဘူး ဈေးကလည်း လျော့သေးတယ်
    ခုလို လုံးခြေပြီး ချနင်းထားတဲ့ဟာဆို သွားရောပေါ့ ခစ်ခစ်

    ဒေါ်လာဥပမာက မြန်မာကလူတွေတွက်ဆို သိပ်မမှန်ဘူး
    တခြားဥပမာ ထပ်ပေး

    မတူတဲ့ အတွေးနဲ့ တွေးကြည့်တာနော် ချိတ်ချိုးရဘူး

    • inz@ghi

      January 7, 2012 at 7:31 am

      ကျေးဇူး ပါ ဖေးဘရိုက် ရေ …(ဟီး ..ဂီက အသံထွက်ညံ့တယ်..တိရား..)

      ဘဘ ဘလက်ရေ …ဥပမာ သစ်လုပ်ပါဦးနော…

      ခင်တဲ့
      ဂီ

    • inz@ghi

      January 7, 2012 at 7:32 am

      ကျေးဇူးပါ ဦးဦး ပါလေရာ ရေ …

      ကျနော်တို့ သည်၅ယောက် က ကွန်းမန့်လေးအတွက်လည်း …
      အထူးကျေးဇူးပါနော်….

      ်ခင်တဲ့ ဂီ

  • မှော်ဆရာ

    January 6, 2012 at 6:30 pm

    ၂၀၁၂ မှာ ဂီဂီတစ်ယောက် (၁)———– (၂) ————-(၃) ————- ရပါစေဗျာ ….
    ကဲ ဂီဂီ လိုချင်တာကို ကွက်လပ်ထဲမှာ ဖြည့်လိုက်နော်
    ခင်မင်စွာဖြင့်
    မှော်ဆရာ ….

    • inz@ghi

      January 7, 2012 at 7:34 am

      ကိုယ့်ဘာသာ ကြိတ်ကြိတ်ပီး တောင်းနေတဲ့ ဆု တွေ ချရေးလိုက်မိတယ်နော…
      ၁.၂.၃ မှာ …ကျေးဇူး ကိုမှော် ….

      ကိုယ့်ဆြာလည်း ..ပျော်ရွှင် အောင်မြင်တဲ့ နှစ် ၁နှစ်ကို မိသားစုနဲ့ အတူ
      ဖြတ်သန်းနိုင်ပါစေ လို့ ဆန္ဒပြုရင်း …

      ခင်တဲ့ ဂီ

  • ရွှေဘိုသား

    January 6, 2012 at 6:32 pm

    အင်း အိမ်ကွင်း အဝေးကွင် မရွေအနိုင်ကန်နိုင်ပါစေဗျာ
    သက်ကျော်ရာကျော်ရှည်ပါစေ
    မွေးနေ့ကိတ် သွားမှာတုန်းလားဗျ

    • inz@ghi

      January 6, 2012 at 9:56 pm

      အသာလုပ်ပါ ကိုရွှေဘိုသားရယ် …..
      အိမ်ကွင်း ပိုင်ရင် တော်ဘာဘီ…ဟီး ….

      ခင်တဲ့ ဂီ

  • padonmar

    January 6, 2012 at 7:23 pm

    ကျောက်ဆင်းတုခေါင်းငြိမ့် လူစွမ်းကောင်း ဒါ့ပုံဆရာ ဦးဖွတ်ကျား ဖားသက်ပြင်း ဂီဂီ
    ကျောက်ဆစ်ရုပ်လို လှပတဲ့ ချစ်သူလေးရယ်၊
    ဒါ့ပုံကင်မလာ ဂွတ်ရှယ်ရယ်၊
    မန်းဂေဇက်ရယ် တို့နဲ့
    သက်တော်ရာကျော်ရှည်စွာ ကိုယ်စိတ်ချမ်းသာစွာ လက်တွဲသွားနိုင်ပါစေ၊

    • inz@ghi

      January 6, 2012 at 9:52 pm

      နာမည်တွေ မှတ်မိနေတာနဲ့တင်ကို ကျေးဇူး အလွန်တင်ပါပြီဗျာ …
      ကျေးကျေးပါ…

  • Foreign Resident

    January 6, 2012 at 7:40 pm

    Happy Birthday Inzaghi !!!!!
    Happy & Prosperous More !!!!!

    • inz@ghi

      January 6, 2012 at 9:51 pm

      thank you Uncle FR !!!!!!

      when will you back to Aussi???

      • Foreign Resident

        January 7, 2012 at 4:57 am

        Inz@ghi ရေ

        အခုလောလောဆယ်တော့ Ausi ကို မပြန်သေးပါဘူးကွယ် ။
        June လလောက်တော့ Ausi အရောက်ပြန်ရမယ် ။
        Ausi ပြန်ပြီး UK & Schengen Visa ပြန်လျှောက်မလို့ ။

        Inz@ghi ရန်ကုန် ရောက်တဲ့အချိန်ထိ ရှိချင်ရှိဦးမှာ ။

  • naywoonni

    January 6, 2012 at 9:10 pm

    HAPPY BIRTHDAY inz@ghi
    အချိန်မှီပါသေးတယ်နော်…။

    • inz@ghi

      January 6, 2012 at 9:48 pm

      ကွက်တိမီ သည် အဘနီ ….
      ခု ၁၂နာရီကျော် ရရက်နေ့ ချဉ်းနှင်းဝင်ရောက်လာတာနှင့် ကွက်တိပါဗျာ…

  • M-Lulin

    January 6, 2012 at 10:16 pm

    ပျော်ရွှင်ပါစေ ဗျာ။

  • weiwei

    January 6, 2012 at 10:24 pm

    မွေးနေ့ဖြစ်တဲ့ ရ ရက်နေ့အထိ စောင့်ပြီးမှ မန်းလိုက်တယ် …..

    Happy Birthday ဂီဂီ …
    မွေးနေ့မှာ ပျော်ရွှင်ပါစေ …
    祝你生日快乐!

    • inz@ghi

      January 7, 2012 at 7:36 am

      ကျေးဇူးပါ အန်တီဝေဝေ ရယ်…

      မွန်ပြည်နယ် က ပိုစ့်တွေစောင့် ဖတ် နေဖြစ်ပါတယ်…

      ဆုတောင်းမကောင်းလို့ ကပေပြောသလို ရှမ်းကုလား ရုပ်ပေါက်နေပေမယ့်
      ဂီ က မွန်ဗမာ ပါ …
      ကျနော် မွန် ကာလချာ ကို ချစ်တယ်…

      ခင်တဲ့
      ဂီ

  • memeseku

    January 6, 2012 at 10:30 pm

    နောက်ဆုံးတောင်ရောက်နေပြီး…..အဟီး……
    ဒီနှစ်မွေးနေ့ကစလို့နောင်နှစ်ပေါင်းများစွာ……
    သယ်မနိုင်သော…လန်း(စ)အကောင်းစားဂျီးထမ်းပြီး…………ဒါ့ပုံများပါသော
    မောထှာ….သနားထှာ……စိတ်မကောင်းထှာ….ဘာထှာ…ညာထှာ…..စသဖြင်. ရွှင်လန်းစရာပိုစ့်လေးများကိုရွာထဲတွင်ဆက်လက်လက်မရှောင်နေတော့ဘဲ……ချီးမြှင့်နိုင်ပါစေလို….
    ပန်ကြားရင်း……လေဒီဂီနဲ.အမြန်ဆုံးဖူးစာဖက်နိုင်ပါစေကြာင်းဆုတောင်းပေးပါ၏။
    မောထှာ….
    လျာရှည်မိပါပေါ့
    ခင်တဲ.
    မီ 😛 😀 :O

    • inz@ghi

      January 7, 2012 at 7:43 am

      နောက်ဆုံး မရောက်ပါဘူး မီရယ်…
      ကျေးဇူးပါ …
      လန်းစ်… တွေ အပေါ် ကျနော့် ရူးသွပ်မှုအတွက် ဆုတောင်းပေးတာ ကျေးဇူးပါ. …
      ကျနော့် မီးကျိုးမောင်းပျက် ဗမာ စာ အတွက် လည်း …ကျေးဇူးပါ…
      လေဒီဂီ ကတော့ …..အင်း ……..အင် း……
      အသည်းယားထှာ ….

      ဘာပဲဖြစ်ဖြစ် …အားလုံးသော ပေးတဲ့ဆု တွေနဲ့ သာ ပြည့် ရပါစေလို့ ……

      ခင်တဲ့……
      ဂီ

  • Gipsy

    January 6, 2012 at 11:23 pm

    မွေးနေ့မှ စ ထာဝရ ပျော်ရွှင် ကျန်းမာပါစေဗျား…။

    • inz@ghi

      January 7, 2012 at 7:39 am

      ကျေးဇူးပါ ကိုဂျစ်ပစီ …..

      စကားမစပ် … ကျနော် ကိုညီထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်ကို အလွန်နှစ်သက်တယ်ဗျ…
      အစ်ကို့ nick က ကျနော် ရွာထဲဝင်တော့ သုံးမယ်လို့ စိတ်ကူးရဖူးတဲ့ နာမည်လေးပါဗျာ …..
      ခုထိ …ကျနော်လည်း ထားရာနေ စေရာသွား ဂျစ်ပစီပဲလေ …နော…..

      အစ်ကိုလည်း ဘီလီယံဒေါ်လာတွေထက် အဖိုးတန်တဲ့ စိတ်ကူးများ …အိပ်မက်များ …
      အတွေးများ .. ပိုင်ဆိုင်ပါစေလို့ ဆန္ဒပြုရင်း….

      ခင်တဲ့

  • amatmin

    January 6, 2012 at 11:29 pm

    ကိုဂီရေ..
    မွေးနေ့ရက်အထိအောင်စောင့်ပြီး မန့်လိုက်ပါတယ်..(၂ နာရီလောက်တော့ရှိပြီထင်ပ)
    နောင်နှစ်ပေါင်းများစွာတိုင်အောင် သူများအတွက်ပျော်စရာတွေပေးရင်းနဲ့ အခုလိုမျိုး ကိုယ်တိုင်အမြဲ ပျော်ရွှင်ပါစေ..
    နှစ်ပေါင်းများစွာလည်း နေ့ရက်တိုင်းချမ်းမြေ့နိုင်ပါစေ ဗျာ…..

    • inz@ghi

      January 7, 2012 at 7:46 am

      ကျေးကျေးပါ ညီ အမတ်မင်းရေ ..
      လွှတ်တော်ထဲ သွားတဲ့အခါ … ဂီဂီတို့ ဂေဇက်မှာ အော်ဟစ်နေတဲ့
      အကြောင်းတွေ တင်ပြဖို့ မမေ့နဲ့နော…

      ခင်တဲ့ ဂီ

      • amatmin

        January 7, 2012 at 8:48 am

        ကိုဂီရေ..
        အမှန်တော့ ကိုယ်က ၃ဝ စွန်းရုံလေးပါ.. 🙂
        ဂီဂီ့ ကို “ကို” တပ်ခေါ်တာကတော့ညီလေးရေးတဲ့စာတွေက ကိုတပ်ခေါ်ပြီးမန့်သင့်တယ်လို့ တွေးထားလို့ပါ..
        တော်ကြာအောက်က အမတော်လို အမှတ်မှားမှာစိုးလို့ပါ.. 🙂
        ရှင်းပြရတာ မောထှာ.. 🙂
        ဪ မန့်ရတာကိုကအရသာရှိနေသောပို့စ်ပါလား ဗျို့…

  • Khin Latt

    January 7, 2012 at 4:56 am

    Wowwww – ဝီရိယကောင်းကြ သော ရွာသူ/သား များနောက် တွင် Belated Birthday Wish ဖြစ်တော့ မည်လားမသိ။
    ချစ်ခင်တတ်ကြသော မောင်နှစ်မ များ ရဲ့ မွေးနေ့ ဆုတောင်း များက “ဂီဂီ ရဲ့ မွေးနေ့” ကို ပျော်ရွှင်ခြင်း မင်္ဂလာ တွေ ဆောင်ယူပေး လာတာမို့ ကြည်နူးစရာ ကောင်းလှပါတယ်။
    Here is my wish.
    I know that I am late.
    That’s why I have brought a whole lot of smiles to make it up to you!
    🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂 🙂
    Wishing you all the joy and hoping all your dreams come true.
    May you be blessed with happiness, peace, health, love and success for ever.
    A Very Happy Birthday to You … My Little Brother!
    おたんじょうびおめでとう!
    ပျော်ရွှင်ဖွယ် မွေးနေ့မှသည် အောင်မြင်မှု၊ ပျော်ရွှင်မှု များ ဘဝတစ်လျှောက် ပြည့်လွှမ်းနေပါစေ။
    အမေ့ ကျေးဇူးကိုလဲ သတိတရ နဲ့ ကန်တော့လိုက်ပါဦး။

    ဆန္ဒမွန်ဖြင့်
    အစ်မတော်
    PS- ၃ဝ အောက်မွေးနေ့ ဖြစ်ပါက “အစ်မတော်” အစား “အရီးတော်” ဟု ပြောင်းလဲ ခေါ်ပါရန် 😉

    • inz@ghi

      January 7, 2012 at 7:49 am

      ဂျာပွန်လိုပါ ဆုတောင်းပေးတဲ့ …
      အစ်မတော် ..အဲ့ ..အရီးတော်ရေ့ ….

      ကျေးကျေးပါဗျာ …ဂယ်ပြောလာဘာ …
      နောက်မကျပါဘူးဗျာ …
      အရီးတော် ဘယ်ရောက်နေလဲ ဂီ မသိပေမယ့် အရီးတော် ရောက်နေတဲ့ နေရာရဲ့ navigation အရ..
      ကိုယ်ပိုင် အားလပ်ချိန်အရ …ခုလို တခုတ်တရ ရေးပေးဖြစ်တာကိုပဲ ကျေးဇူးတင်လှပါပြီဗျာ..
      (အောက်မှာ သဂျီးကို ရန်တွေ့ထားတာ အပါအဝင်ပေါ့ …အာဟိ…)

      ခင်တဲ့ ..ဂီ

      PS အရီးတော် လို့ပြောင်းခေါ်ရတာ ….ဂီအခု ၂၆ ပြည့်လို့ပါ….
      အသက် အတိအကျ မသိခဲ့ဘဲ ..အစ်မတော် လို့ ရမ်း ခေါ်မိတာ …မရိုသေသလိုဖြစ်ရင်
      ဂီ့ ကိုခွင့်လွှတ်ပါနော် ……….

  • kai

    January 7, 2012 at 6:53 am

    ဟေ့..
    အခုမှ ၆ရက်နေ့ညနေ ဆည်းဆာကျချိန်ရှိသေးတယ်..
    ခင်လို့..
    ကြိုတင်ပေးလိုက်မယ်..
    ဆု..
    နောက်နှစ်မွေးနေ့ ..
    လူ ၂ယောက်..
    ဝိုင်၂ခွက်နဲ့ ကဗျာ၁ပုဒ်ညည်းရင်း..
    .. ကျင်းပနိုင်စေသတည်း..။ 😆

    • Khin Latt

      January 7, 2012 at 7:01 am

      ကဗျာလဲ ၂ပုဒ် လို့ခွင့်ပေးလိုက်ပါ သူကြီး ရယ်။ 😀
      တော်ကြာ လုပြီး စပ်နေမှ …… jk

      • Khin Latt

        January 7, 2012 at 7:04 am

        ~~~ အခုမှ ၆ရက်နေ့ညနေ ဆည်းဆာကျချိန်ရှိသေးတယ်..~~~~
        သို့သော် သူကြီး ရဲ့ Avator date က ရရက်ပြောင်းနေပြီ မဟုတ်လော။

    • inz@ghi

      January 7, 2012 at 7:59 am

      သဂျီးရေ… ဂီက UTC +9 မှာနေတာလေ ….
      စံတော်ချိန်က …LA နဲ့ဆို အတော်ကွာတာနော …

      စကားမစပ် …ဂေဇက်ကို မြန်မာ စံတော်ချိန်အတိုင်း ချိန်ညှိပေးထားတာ
      အလွန်ကျေးဇူးတင်သဗျ…..
      အချို့ ဘလော့ဘ်တွေများ ဆာဗာ ရှိတဲ့ ဒေသ အချိန်တွေအတိုင်း….
      ထားထားတော့ ..ပိုစ့်အသစ် ဖတ်မလို့ကြည့်လိုက်ရင် …
      ဗမာစံတော်ချိန် ညနေ ၃-၅ နာရီလောက်သာရှိသေး …
      မနေ့ကတင်ထားသလို …ပြပြ နေတတ်တာကိုး …

      ဂေဇက်ကတော့ ..ကိုယ်ရောက်နေတဲ့နေရာ ဆာဗာ ထားတဲ့နေရာ …
      ကြည့်စရာ တွက်စရာ မလိုဘဲ …ကိုယ့်အမိမြေ စံတော်ချိန်နဲ့ ချိန်ထိုး ဖတ်ရှုနိုင်လို့ …..အလွန်
      နှစ်သက်မိပါကြောင်း……..

      နောက်ထပ် စကားမစပ်
      ဆုတောင်းကိုတော့ ကျေးကျေး…
      ဘတ်ထ် …သိပ် မနှစ်သက်လှပေ. ……
      အဘယ်ကြောင့်ဆိုသော်…

      ၁) ပစ္စုပ္ပန် တည့်တည့် မရှုသောကြောင့် …..
      ၂) ၂၀၁၂ မှာ ကမာ္ဘပျက်မယ် အော်နေပီး ၂၀၁၃ မှာမှ ပြည့်မည့် …ဆု ကိုပေးသောကြောင့်

      အာဟိ…
      နောက်တာပါဗျာ…. သဂျီး ဝင်မန့်ပေးတာကိုက ကျေးဇူးတင်လှပါပြီ….
      တတိယ …စကားမစပ် ..သဂျီးရဲ့ ကမာ္ဘပါတ် စားပွဲပုံလေး.. တင်ပေးမယ်ဆိုဗျ…..
      တင်တေးဝူးလား ……

      ဂီ က ကြည့်ချင်ဒါထက် ..သဂျီး မုသားပြောသလိုဖစ်တွားမှာ …..စိုးတယ် ..စိုးမိတယ် ..စိုးထိတ်မိတော့တယ်..

      ပုံ
      ခင်တဲ့ …
      ရွာ့ အော်ကြောလန်
      ဂီဂီ

  • padonmar

    January 7, 2012 at 8:10 am

    ဂီဂီ အသက်အရဆိုရင်
    အန်တီတို့ house surgeon ဆင်းတဲ့အချိန် မွေးပေးရတဲ့ ကလေးတွေထဲက တစ်ယောက် ဖြစ်လောက်တယ် 😀

  • Rose Minn

    January 7, 2012 at 10:12 am

    ဂီ ရေ happy birthday ပါ။ lucky seven ပဲမွေးနေ့က။ 7 ဂဏန်းသမားတွေ အကြောင်းနောက်မှ မ rose ပို့ ပေးမယ်။ သိပြီးသားလဲဖြစ်ချင် ဖြစ် မှာပါ။ စာအရေးသားကောင်းလို့ အားကျနေတာ။ နောက်လဲ စာပန်းချီ ဒီထက်ပိုပြီး ချယ်နိုင်ပါစေနော်။

  • MAUNG

    January 7, 2012 at 11:16 am

    HAPPY B’DAY BRO

    WITH BEST WISHES
    MG

  • ကြောင်ကြီး

    January 7, 2012 at 1:54 pm

    နှစ်ဆဲ့ခြောက်နှစ်
    တရက်စွန်းရဲ့
    မနက်မိုးလင်းမှာ
    ချစ်သောညီယေး
    မောင်ဂီတယောက်
    ဖြတ်ချုပ်ဖောက်နဲ့ (မှားလို့ အဲဒါပါဘူး)
    စုပ် လာဘ်ရာက်ပြီး
    ဇာတ်ထုပ်ပေါက်နိုင်ပါစေကွယ်။။။

  • ကိုရင်စည်သူ

    January 7, 2012 at 2:55 pm

    ဟတ်ပီဘတ်ဒေး.. ချစ်ကိုကြီး ဇာဇာဂီ့ရေ..
    တစ်လပိုင်းမှာမွေးတယ်ဆိုတော့… ဘာပဲဖြစ်ဖြစ်
    အမြဲတစ်ဖြစ်နေတဲ့သဘော…
    ဘဲရီးဂွတ်… ဘဲရီးဘတ်..
    ဘဲရီးဘတ်ဒ်က မွေးနေ့အရောက်နောက်ကျတာကော
    မစားခဲ့ရလို့ပါ။။။ 😆 😆

Leave a Reply