ကဲ…နံကြားထောက်ပြီးရွေးပေးပါအုံး… Best web awards
၈-ပုဒ်မြောက် တောက်တယ်ကျင်း
အမြင့်မြတ်ဆုံးသော
ကောင်းမွန်မှုကား ရေနှင့်တူလှ၏ ။
အရာရာတိုင်း၏ကောင်းကျိုးကိုသာဆောင်လျှက်
လူအပေါင်းတို့ မထီမဲ့မြင်ပြုသော နေရာများသို့
မညည်းမငြူ သွား၏ ။
သို့ရာတွင်…သူသာလျှင် ကျင့်စဉ်တော်နှင့်
အနီးစပ်ဆုံး သဘာဝရှိချေမည် ။
အိမ်၏ကောင်းမွန်မှုသည် မြေ၌တည်သည် ။
စိတ်၏ကောင်းမွန်မှုသည်
နက်ရှိုင်းတည်ငြိမ်မှု၌တည်သည် ။
အချစ်၏ကောင်းမွန်မှုသည်
အကျွမ်းဝင်ခြင်း၌တည်သည် ။
စကား၏ကောင်းမွန်မှုသည်
မှန်ကန်သောသစ္စာတရား၌တည်သည် ။
အစိုးရခြင်း၏ကောင်းမွန်မှုသည်
တရားဥပဒေစိုးမိုးမှု၌တည်သည် ။
လုပ်ငန်း၏ကောင်းမွန်မှုသည်
ကျွမ်းကျင်ခြင်းစွမ်းရည်၌တည်သည် ။
ပြုမူချက်တစ်ရပ်၏ကောင်းမွန်မှုသည်
အချိန်အခါ ဆီလျှော်မှု၌တည်သည် ။
ထို့အတူပင် ကျင့်စဉ်တော်၏ ကောင်းမွန်မှုသည်
ပန်းတိုင်ဖြစ်သော ငြိမ်းချမ်းခြင်း၌တည်သည် ။
ကျင့်စဉ်တော်လမ်းအတိုင်းလိုက်သူသည်
မည်သည့်အခါမှ ပန်းတိုင်မှမသွေဖည်ချေ ။
( ဆရာသက်လုံ ၏ စေ့ထားသောတံခါးများစာအုပ်မှ)
ဒါလေးကတော့ ခုတလောပြန်ဖတ်ဖြစ်နေတဲ့ ဆရာသက်လုံရဲ့ စေ့ထားသောတံခါးများစာအုပ် ပထမတွဲထဲက
၈-ပုဒ်မြောက် စာစုလေးဖြစ်ပါတယ်။ ပြောရရင်တော့ တရုတ်လူမျိုးတို့၏ ရှေးဟောင်းကျမ်းကြီးတစ်ဆူဖြစ်သော
“တောက်တယ်ကျင်း” ခေါ် ဆောက်တည်ရေးကျင့်စဉ်တော် ကျမ်းကြီးထဲက တစ်ပိုဒ်ပေါ့….များသောအားဖြင့်
တောက်တယ်ကျင်းမှ စာပိုဒ်တော်တော်များများမှာ တင်စားမှုများ အလိန်အဝှက်များ ဖြင့်ရေးသားထားသဖြင့်
စာဖတ်သူအနေနှင့် ရုတ်တရက် အလွယ်တကူနားမလည်နိုင်ဖြစ်ရပါတယ်…သို့သော်..ကျုပ်အခုရေးပြခဲ့တဲ့
၈-ခုမြောက်စာပုဒ်ကတော့ ရိုးရိုးရှင်းရှင်းလေးရေးထားတာဖြစ်လို့ ဖတ်လိုက်တာနဲ့အလွယ်တကူဆိုလိုရင်းကို
သဘောပေါက်နိုင်ပါရဲ့ဗျာ။
ရွာသူားတို့တွေးဖို့ နှစ်သစ်လက်ဆောင်လေးပေါ့ ..
အဲ့ထဲကမှ..“ အစိုးရခြင်း၏ကောင်းမွန်မှုသည်
တရားဥပဒေစိုးမိုးမှု၌တည်သည် ။” ဆိုတဲ့ဟာလေးပိုသဘောတွေ့မိတယ်……
ဒီနေ့ခေတ်ကာလ ကျုပ်တို့ တိုင်းပြည်ကြီးမှာ တရားဥပဒေစိုးမိုးမှုရှိပါရဲ့လား….တရားမျှတမှုရော
ဘယ်အဆင့်ရောက်နေပါသလဲ…..အစိုးရတစ်ရပ်ကို ဒီပေတန်နဲ့တိုင်းတာကို ကျုပ်တော့သဘေကျတယ်ဗျာ
တရားဥပဒေစိုးမိုးမှုရှိ ဖို့ရာ နိုင်ငံ ဆင်းရဲတာ ချမ်းသာတာ နဲ့မဆိုင်ပါဘူး…လုပ်လို့ရပါတယ်…
လုပ်ချင်ဖို့ပဲလိုပါတယ်……အင်း..ကျုပ်လည်းတောက်တယ်ကျင်းဖတ်မိပြီးဘာတွေတွေးနေမိတယ်မသိပါဘူးဗျာ..
တကယ်တော့…ဒီကိုလာရင်းကိစ္စက..ဒီလိုပါဗျ…ကျုပ်တို့ မန်းဂဇက်ချစ်သူများ စာပေ၊ ကဗျာဆုပေးပွဲနဲ့ ရွာသူားများ တွေ့ဆုံပွဲကို
နောက်လာမဲ့တနင်္ဂနွေနေ့ (၁၁-၁-၂၀၁၅)နေ့မှာ ကျင်းပကြတော့မှာဆိုတော့
ဖတ်ရွေးအဖွဲ့ အဖွဲ့ဝင်တွေအနေနဲ့ ၂၀၁၄ နိုဝင်ဘာလနဲ့ ဒီဇင်ဘာ နှစ်လအတွင်းရေးခဲ့ကြသမျှထဲက
အကြိုက်ဆုံးရွေးခဲ့ကြရာမှာတော့…အဓိကဆန်ခါတင်အဖြစ် (၉) ပုဒ်တိတိရွေးထုတ်မိာကပြန်ပါသဗျို့….
ပိတ်သပ်ကြီးလည်း ဖတ်ပြီးခန့်မှန်းကျိကြပါအုံးလေ…
၁။အသဲ ကွဲပါစေ – ဘီ(လ်) နှင့် မီလင်ဒါ ဂိတ်(စ်) တို့၏ ၂၀၁၄ ခုနှစ် စတင်းဖို့(ဒ်) တက္က္ကသိုလ် ဘွဲ့နှင်း မိန့်ခွန်း – မြစပဲရိုး
https://myanmargazette.net/206715
၂။ သူမနဲ့အိမ်မက် – La Yeik
https://myanmargazette.net/208478
၃။ ဆားလေး တပွင့်နှစ်ပွင့် – padonmar
https://myanmargazette.net/207846
၄။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (1) & (2) -မြစပဲရိုး
https://myanmargazette.net/207616
https://myanmargazette.net/207580
၅။ လက်ခံရခက်ခဲသော…………
https://myanmargazette.net/207540
၆။ အားကျမိတဲ့ အမေရိကန်တယောက်
– padonmar
https://myanmargazette.net/207186
၇။ အမှောင်ခေတ်မှာ ကြောင်ဖြစ်လာ Darkness
https://myanmargazette.net/208260
၈။ အပူပင်မဲ့စွာ စာသင်ခွင့်ရကြပါစေ
– etone
https://myanmargazette.net/208583
၉။ အွန်လိုင်းနှင့်ဆက်နွယ်သောမှုခင်းများ
– ရာမည
https://myanmargazette.net/208499
နှစ်သစ်အခါသမယမှာ ရွာသူရွာသားအားလုံးကျန်းမာချမ်းသာစွာနဲ့ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ။
ခင်မင်ရင်းနှီးစွာဖြင့်
ထာဝရလမ်းဆက်လျှောက်နေတဲ့…
ကြီးမိုက်။
၅၊၁၊၂၀၁၅
17 comments
ခင်ဇော်
January 5, 2015 at 2:44 pm
ထောက်စရာ နံက အသားတွေ အောက် ပျောက်နေလို့
ရွေးမရဘူးးး
ဟီးဟီး
:k:
kyeemite
January 5, 2015 at 2:51 pm
.သိုင်းကျူ းပါ လူမိုက်ခင်ဇော်ရေ… :k:
.ကျုပ်ပို့ထဲက ဇကာတင်စါရင်း ဘိုဖစ်တယ်မသိ မညီမညာနဲ့..တောက်စ် :dd:
Mr. MarGa
January 5, 2015 at 3:01 pm
ဘယ်နေ့အဖြေတိုက်ကြမလဲဗျို့
kai
January 5, 2015 at 3:02 pm
တကယ်ကို နံရိုးထောက်ရွေးရမယ့်ပုံပဲ..
လူမှာ နံရိုး ၂၄ချောင်းရှိတာ…။ တဖက်..၁၂ချောင်း…။
ဆိုတော့…
နံရိုးထောက်ထည့်လိုက်တာ… နံပါတ်၁၁ ရတယ်..။ :k:
Ma Ma
January 5, 2015 at 5:36 pm
ဆန်ခါတင်စာရင်းက ၉ ကို စိတ်ထဲမှာမှတ်၊
ပိုစ့်ပိုင်ရှင်ကို ၁ ထည့် ပေါင်း
အင်းးးး ၁၁ ခုမြောက်ဆိုတော့ကာ…..
ဒီတခါ ဆုပိုင်ရှင်က သဂျီးဖြစ်ရမယ် :k:
kotun winlatt
January 5, 2015 at 3:43 pm
ခစ်ခစ် နံရိုးထောက်ပီးးရွေးတာပဲ လူက ဝလာတော့ နံရိုးမထောက်မိဘူးးဖြစ်နေတယ် ဘလိုလုပ်မလဲ
Maung Thura
January 5, 2015 at 7:15 pm
ဒါနဲ့… ပိုစ့်ထဲက …ပုံက ဦးကြီးမိုက်လား ဟင်…
:kwi:
မွသဲ ( 17082011 )
January 5, 2015 at 7:47 pm
ခိခိ အပေါ်ကပြောတဲ့အတိုင်းပဲ နံကြားထောက်ဖို့နံရိုးပျောက်
kyeemite
January 6, 2015 at 8:24 am
.အင်း…နံရိုးပျောက်တဲ့သူတွေတယ်ပေါလာပါလား :k:
Maung Thura says:
ဒါနဲ့… ပိုစ့်ထဲက …ပုံက ဦးကြီးမိုက်လား ဟင်…….အမှန်ပဲကွ
:kwi:
kai
January 6, 2015 at 11:34 am
အာဒမ်ရဲ့..နံရိုးကနေ.. ဧဝဖြစ်တယ်လို့ဆိုတော့…
နံရိုးပျောက်တာက… ဧဝဖြစ်ပြီးသွားတာလား…
ဧဝပျောက်နေတာလား.. ? :k:
Kaung Kin Pyar
January 6, 2015 at 10:56 am
Post အကုန်လုံးက ကောင်းကွက်တွေရှိတာချည်း….
လူကြီးတွေပဲ ရွေးကြပါတော့…
ကလေးတွေကတော့….ဘရာဗိုအော်ဖို့ စောင့်နေပါ့မယ်…
Yae Myae Tha Ninn
January 6, 2015 at 1:00 pm
တားကို ရွေး… တားကိုရွေး… 🙂
ဝင့်ပြုံးမြင့်
January 6, 2015 at 2:18 pm
.နံကြားမထောက်ဘဲ စာဖတ်ကြည့်ပြီး ကြိုက်မိတာကတော့ အန်ကယ်ကြောင်နဲ့ လယ်သမားကြီး ရာမည။ အန်ကယ်ကြောင့်စာထဲက စာလုံးပေါင်းတွေကိုတော့ ဘယ်လိုတွေးယူရမလဲ မသိတော့ဘူး။
မြစပဲရိုး
January 7, 2015 at 2:26 am
စန္ဒရား တင်ဝင်းလှိုင် လို ဒဲ့ထိ အောင် ကျေးဇူးတင်စကား ပြောမဲ့ သူ ရပါစေသား။
မပြောရင်တော့ အဲဒီ အကယ်ဒမီ ကို ပြန်သိမ်း မယ်ပြောပါ။
PS – နံကြား ထောက်လိုက်တာ အကင် နံ့ ထောင်း ကနဲ ထွက်လာတယ်။
ဘာ ကို ဘာဘီကျူး ရမလဲ မသိ။
lol:-)))))
kyeemite
January 7, 2015 at 8:09 am
.တော်လိုက်ကြတာ :n:
manawphyulay
January 7, 2015 at 8:28 am
နံရိုးထောက် ရွေးမလို့ပဲ နံရိုးတွေနာနေတော့ ထောက်လို့မရဘူးဖြစ်နေတယ်။ ဘိုလိုလုပ်ရပါ့
Kaung Myat Thu
January 7, 2015 at 1:26 pm
ဦးနှောက်အစားမခံပါနဲ့ဦးကြီးမိုက်ရယ် စာရင်းထဲကလူရွေးဖို့ခက်ရင် စာရင်းထဲမပါတဲ့ Kaung Myat Thu ရဲ့
တစ်ခါတစ်လေရေးသောPost ကိုရွေးလိုက်ပေါ့လို့။