manawphyulayMarch 3, 20111min1764
ရွှေနတ်တောင်ဘုရားကြီးအကြောင်းကတော့ ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ ရွှေနတ်တောင်ဘုရားသည် မြန်မာနိုင်ငံတွင် ထင်ရှား၍ တန်ခိုးကြီးဘုရားစေတီတော်တို့တွင် တစ်ဆူအပါအဝင် ဖြစ်တယ်။ ရွှေနတ်တောင် ဘုရားသည် ရွှေတောင်မြို့တောင်ဖက် လေးမိုင်အကွာ ဒေဝါဂီရီခေါ် ရွှေနတ်တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိပြီး စေတီတော်ဆိုင်ရာ သမိုင်းဟောင်း၊ သမိုင်းလတ်များအပြင် ပါဠိဘာသာဖြင့် ရေးသားထားသော သမိုင်းသစ် စသည်ဖြင့် အထင်အရှားရှိပါသည်။ သမိုင်းအဆိုအရ မြတ်စွာဘုရား သခင်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် တစ်နှစ်မြောက်ဖြစ်သော သက္ကရာဇ် ၁၀၄ ခုနှစ်တွင် ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတိုက်မှ ယခု ရွှေနတ်တောင် ဘုရားတည်ရာ ဒေဝါဂီရိတောင်သို့ အရံသံဃာမပါ ကိုယ်တော်တစ်ပါးတည်းသာလျှင် တောင့်စောင့်ကြီးနတ်ကြီးအသွင်ဖြင့် ကြွရောက်တော်မူသည်။ ထိုကာလက ယင်းတောင်ကြီး၏ အနီးရှိ ယခု ရွှေတောင်မြို့ နေရာဖြစ်သော ကဉ္စန ဂီရိ နိဂုံးသူ နိဂုံးသားတို့သည် ဘာသာအလိုက် စရိုက်အားလျော်စွာ […]


manawphyulayMarch 3, 20111min17310
စာရေးတိုင်းလည်း စာရေးဆရာတစ်ယောက် မဟုတ်ဘူး။ ကဗျာရေးတိုင်းလည်း ကဗျာဆရာတစ်ယောက် မဟုတ်ဘူး။ ပန်းချီဆွဲတိုင်းလည်း ပန်းချီဆရာတစ်ယောက် မဟုတ်ဘူး။ ဆောင်းပါးရေးတိုင်းလည်း ဝေဖန်ရေးသမားတစ်ယောက် မဟုတ်ဘူး။ နိုင်ငံအကြောင်းရေးတိုင်းလည်း နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူး။ လွမ်းတိုင်းလည်း အလွမ်းသမားတစ်ယောက် မဟုတ်ဘူး။ ဘလောဂ့်ရေးတိုင်းလည်း ဘလောဂ့်ဂါတစ်ယောက် မဟုတ်ဘူး။ ကဲ မိတ်ဆွေတို့ကော ဘယ်လိုထင်မြင်မိပါသလဲ… အကြံပြုတာကို လက်ခံပါတယ်ရှင်…


manawphyulayMarch 3, 20111min2061
Photo Effects Studio 2.55 ဓာတ်ပုံတွေကို ဘယ်လို ကောင်းသည်ထက် ကောင်းအောင် လုပ် ရမယ်လို့ ကြံဆနေသူများအတွက် effects (filters) တွေ အများ ကြီးပါတဲ့ Photo Effects Studio နဲ့ မိတ်ဆက်ပေးလိုက်ရပါ တယ်။ AMS Software (http://www.ams-software. com/) က ထုတ်လုပ်ပြီး တစ်ခုဖြစ်တဲ့ Photo Effects Studio သည် သင့် ဓာတ်ပုံများကို မရေမတွက်နိုင်တဲ့ filters လုပ်ဆောင် ချက်တွေ သုံးပြီး အသွင်ဆန်းစေမှာပါ။ ဒီနေ့ ဓာတ်ပုံခေတ်မှာ မဖြစ် မနေဆောင်ထားသင့်တဲ့ ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။ ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲလို့လည်း ပြောနိုင်ပါတယ်။ Photo Effects Studio သည် file […]


manawphyulayMarch 2, 20111min1463
တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း “အဘွား ဆရာတော်ကြီး… ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ဝင်ကန်တော့ကြ” လို့ ခေါ်တော့ မိန်းကလေးက “တော်ပြီအဘွား” တဲ့။ “ဟဲ့၊ ဘာလို့တုန်း” လို့ တအံ့တဩ ပြန်မေးမိတော့ “ဘုန်းကြီးနဲ့ စကားမပြောတတ်လို့” တဲ့ ရယ်လို့။ ဒီစကားကို ဒီကလေးမလေးက ရှက်ကိုးရှက်ကန်း ပြောတာလည်း မဟုတ်ပါဘူး၊ ရိုးရိုးအေးအေးပဲ ထမင်းစားရေသောက်လို ပြန်ပြောလိုက်တာပါ။ ကြားရတဲ့ အမေ့အဖို့သာ “ဪ ကလေးတွေ ဒီလို ဖြစ်နေပြီကိုး” […]


manawphyulayMarch 2, 20111min1836
စီးပွားရေး ဆက်ဆံမှုမှာ ဖြစ်စေ၊ နိုင်ငံရေး စည်းရုံးရာမှာဖြစ်စေ၊ ချစ်သူများ အကြားမှာဖြစ်စေ၊ အမှန်တရားနှင့် လိမ်ညာခြင်းကို ခွဲခြားတတ်ဖို့ အလွန်အရေးကြီးပါသည်။ တကယ်တော့ လူတစ်ယောက် လိမ်ညာစကား ပြောနေသည်ကို သိနိုင်ရန် အလွန် ခက်ခဲလှပါသည်။ အချို့မှာ အမှန်ပြောနေသလိုပင် လွယ်လွယ်ကူကူ လိမ်ညာ စကား ပြောဆိုတတ် လေ့ရှိသည်။ မည်သို့ဖြစ်စေကာမူ သင်သည် ထိုလူတစ်ဦးက သင့်အား လိမ်ညာပြောနေသည် ဟုတ်မဟုတ်ကို သိမြင် နားလည် တတ်ဖို့လိုပါမည်။ သို့မဟုတ်ပါက သင်သည် သူတပါး၏ လိမ်ညာ လှည့်ဖျားခြင်းကို အလွယ်တကူ ခံရပါလိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သင့်အားလိမ်ညာနေခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ လူတစ်ယောက်က လိမ်ညာစကား ပြောနေသည်ကို သိနိုင် ကြည့်မြင်နိုင်သော နည်းလမ်းများ ရှိပါသည်။ ထိုနည်းလမ်းမှာ လူတစ်ယောက်၏ […]


manawphyulayMarch 2, 20111min1126
မန်းဂေဇက် အဖွဲ့သားတို့ ဝါသနာတူ လာစုကုန်ကြ စာပေပန်းခင်း မန်းဂေဇက်တွင် ရနံ့သင်းသင်း လှိုင်လှိုင်ရေးရင်း အဖွဲ့သားတို့၊ သွားစို့ ခရီးတူ…….. ခဏဆုံကြ ဒီလောကတွင် ရင်းနှီးမှုကို ဖလှယ်ကြရင်း ခင်မင်ခြင်းဖြင့် ရေးခွင့်ကိုဆို အဖွဲ့သားတို့၊ ရေးစို့ စာပေချိုချို…… ရေးကြသည့်ကဗျာ၊ ကာရန်ညီထွေ အတူစပ်ရင်း ဒီလောကတွင် ဝါသနာတူ တွေ့ကြဆုံကြ၊ စာပေဧည့်သည် ခဏတာမျှ ကြုံရပေတယ် ရန်သူ မိတ်ဆွေ မခွဲခြားပဲ စာပေမောင်နှမ စာပေလောက အဓွန့်ရှည်အောင် စည်းလုံးစွာဖြင့် ရပ်တည်ကြရင်း စာပေခင်းလမ်း ဆက်လက်ချီတက် ခရီးဆက်မည် မန်းဂေဇက် အဖွဲ့သားတို့……….. ၇၊ ၂၊ ၂၀၁၁ ည ၁၁:၃၅ မနောဖြူလေး ရေးစပ်သည်။


manawphyulayFebruary 26, 20111min1903
A – Accepts you as you are. သင့်ကိုအရှိအတိုင်းလက်ခံသူ B – Believes in ”you” . သင့်ကိုယုံကြည်သူ C – Calls you just to say ”HI” . “နေကောင်းရဲ့လား”ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ D – Doesn’t give up on you. သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ E – Envisions the whole of you (even the unfinished parts) သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအဝင်)ကို မှန်းမျှော်ပီတိဖြစ်နေသူ F – Forgives your mistakes. […]


manawphyulayFebruary 20, 20111min1342
ကံကိုစမ်းတာလား ကုသိုလ်ကိုစမ်းတာလားဆိုတာ မသိပေမယ့် ကျွန်မကတော့ ကံစမ်းမဲဆိုတာနဲ့ အမေရိကန်ဒီဗွီပေါက်ပြီးထဲက လန့်ပြီး နောက်တွန့်နေမိပါတယ်။ အဝတ်အထည်ဆိုင် သွားတော့လည်း အမရေ ကံစမ်းမဲပါတယ်နော် တစ်ထည် ဝယ်ရင် တစ်ထည် လက်ဆောင်ဆိုတာနဲ့ ကြည့်ပြီး မဝယ်ပဲ ပြန်ထွက်ခဲ့တဲ့နေရာတွေလည်း ရှိလာပါတယ်။ နောက် ကော်ဖီဝယ်သွားတော့လည်း Gold Rose မှာ ကံစမ်းမဲပါပြန်ရော မဲကတော့ ၁၀၀ဝ ကျပ်တန်တို့ ကော်ဖီမစ်ထုပ်တို့ ပေါက်ပြန်ရော။ ထီကျတော့ထိုးလားဆိုတော့လည်း မထိုးခဲ့တာ နှစ်နဲ့ချီကြာနေတာ ခုချိန်တိုင်ပါပဲ။ ထီထိုးမယ့် ပိုက်ဆံကို တရားပွဲတွေလှူ၊ မိဘမဲ့ကလေးတွေလှူ၊ ကြွလာတဲ့သံဃာတွေလှူနဲ့ပဲ နေလာခဲ့တာ။ အဲ ဟိုတစ်လောက သူငယ်ချင်းများဖိုရမ်ကနေ တွေ့ဆုံပွဲလုပ်မလို့ လာခဲ့ပေးပါဆိုလို့ ကျောင်းကနေ အပြေးလေးတစ်ပိုင်းနဲ့သွားလိုက်ပါတယ်။ တာမွေမွန်းမှာလုပ်တာဆိုတော့ အချိန်တော့ နည်းနည်းပေးရတာပေါ့။ ဟိုရောက်တော့ လာတဲ့ မန်ဘာတွေ အချင်းချင်းမိတ်ဆက် […]


manawphyulayFebruary 20, 20111min2075
ကံစမ်းမဲတစ်ခါ ပေါက်ပြီးထဲက ကံစမ်းမဲဆိုတာ ဘာကြောင့်လုပ်တာလဲ၊ ဘယ်လိုလူတွေပေါက်တာလဲ စဉ်းစားမိရင်းနဲ့ ၂၀၀၆ ခုနှစ်မှာ အံ့ဩဖွယ်ရာ အကြီးအကျယ် ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။ အဲဒါဘာလဲဆိုတော့ လူအတော်များများ စိတ်ဝင်စားတဲ့ အမေရိကန်ဒီဗွီလို့ ခေါ်တဲ့ အမေရိကန်ရဲ့ ကံစမ်းမဲလက်မှတ်ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ လမ်းဘေးမှာ စာအိတ်နဲ့ ထည့်ပြီး ရောင်းချတာကို တွေ့ရှိရပါတယ်။ လူတွေက ဝယ်ပြီး ဖောင်ဖြည့်ပြီး စာတိုက်က ထည့်ကြရပါတယ်။ သူငယ်ချင်းတွေက အင်တာနက်ခေတ်စားလာတော့ အကူညီတောင်းပါတယ်။ ထည့်ပေးဖို့ကို ပြောတော့ အေး လုပ်ပေးမယ်ပြောပြီး ဘာရယ်မဟုတ် သူတို့ကို ဖောင်ဖြည့်ပြီး ထည့်ပေးတဲ့ လုပ်ငန်းလုပ်တဲ့နေရာကို ခေါ်သွားပါတယ်။ နောက်ပြီး ဓာတ်ပုံကိုလည်း သူတို့က တိုက်ရိုက်တစ်ခါထဲ ပိုက်ဆံမပေးရပဲ ရိုက်ပေးပြီး တင်ပေးပါတယ်။ ကိုယ်က ခေါ်သာသွားတာ သိပ်စိတ်မဝင်စားဘူး။ သူငယ်ချင်းတွေက […]


manawphyulayFebruary 20, 20111min1462
မနော ငယ်ငယ်တုန်းကတော့ ကံစမ်းမဲဆိုတာ ရှိသလား မရှိသေးဘူးလားဆိုတာ မမှတ်မိတော့ပေမယ့် သိတတ်စထဲက ဈေးကွက်စီးပွားရေးအတွက် စီးပွားရေးသမားများရဲ့ ရောင်းကုန်များကို မဝယ် ဝယ်ချင်အောင် လုပ်ဆောင်လာမှုတွေဟာ ခုချိန်ထိ ပိုမို ကျယ်ပြန့်လာတာကို တွေ့မြင်နေရပါတယ်။ တချို့ကတော့ ကုန်ပစ္စည်းအတွက်၊ တချို့ကတော့ ရွှေဆိုင်တွေမှာကျတော့ ဝယ်တဲ့ပစ္စည်းပေါ် မူတည်ပြီး ဗလာမပါ ကံစမ်းမဲဆိုပြီး လုပ်ကြတယ်။ လက်ဆောင်သဘောမျိုးလည်း ဖြစ်အောင် ဝယ်သူတွေလည်း စိတ်ဝင်စားပြီး ထပ်ပြီး ဝယ်ချင်အောင် ဆွဲဆောင်တဲ့နည်းတစ်မျိုးပဲလားဆိုတာ စီးပွားရေးသမားတွေအတွက် တွက်ခြေကိုက်တဲ့ နည်းတစ်မျိုးလားဆိုတာ ထင်စရာပါပဲ။ နောက် ဘာနေ့မို့လို့ လျော့ဈေးနဲ့ရောင်းတယ်ဆိုပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဆိုပြီး နှစ်ခုစာ ဈေးနှုန်းတင်ထားသလားဆိုတာ ဝယ်သူတစ်ယောက်အနေနဲ့ မြင်မိမှာ မဟုတ်လောက်ဘူးထင်ပါတယ်။ မနောလည်း လူတွေထဲ လူတစ်ယောက်မို့ ဒီလို ကံကို စမ်းတဲ့အရာလေးတွေကို စိတ်ဝင်စားမိပါတယ်။ ဒါဟာ […]


manawphyulayFebruary 20, 20111min1541
အရှင်ဘုရား တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ ဟူသော စကားရှိပါသည်။ ယခုခေတ် ဘုရားပွဲတို့သည် ကုသိုလ်မရ၊ အပြစ်သာရှိ ပါသည် ဟု ပြောကြရုံမက အလှူလုပ်သော်လည်း အလှူမမည်၊ အကုသိုလ်ဖြစ်သည်ဟု လူအများပြောနေကြသော အလှူမမည်သော အလှူများအကြောင်း စာလာပေလာအတိုင်း သိလိုပါသည်ဘုရား၊ ဗုဒ္ဓဘာသာဝင်များ ဗဟုသုတဖြစ်စေ ရန် ဖြေကြားစေလိုပါသည်။ မောင်စောလှိုင် လမ်းမတော်၊ရန်ကုန်။ ပဉ္စဒါနာနိ အပုညသမတာန လောကသ္မိ ံ မဇ္ဇဒါနံ၊ သမဇ္ဇဒါနံ၊ ဣတ္ထိဒါနံ ဥသဘဒါနံ၊ စိတ္တကမ္မဒါနန္တိ။ ယခုခေတ်၌ ကုသိုလ်ကောင်းမှုဟု ပြောဆိုသတ်မှတ်၍ လှူဒါန်းနေကြသော်လည်း ကုသိုလ်ကောင်းမှုမဟုတ်၊ အကုသိုလ် အလုပ်သာဖြစ်ကုန်သော အလှူငါးမျိုးတို့ သည် ရှိကုန်၏။ ၎င်းတို့မှာ ယစ်မျိုးတို့ကို လှုဒါန်းခြင်း၊ ပွဲလမ်းသဘင် ကချေသည် ပျော်ရွှင်ပွဲတို့ကို ခင်းကျင်း လှူဒါန်းခြင်း၊ မိန်းမပျို […]


manawphyulayFebruary 17, 20111min1691
Photo-Brush 5 ဓာတ်ပုံတွေကို ချယ်သကြတဲ့ လုပ်ငန်းက အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ငယ်ငယ်တုန်းက ခဲထိုးတယ်လို့ ခေါ် ပါတယ်။ မူရင်း ဓာတ်ပုံကို အရောင်ခြယ်သလို စိတ်ရှည်လက်ရှည်နဲ့ လုပ်ရတာပါ။ အခု ဒစ်ဂျစ်တယ်ခေတ်မှာတော့ လွယ်နေပါပြီ။ တစ်နည်းအားဖြင့် ဆော့ဖ်ဝဲအားကိုးနဲ့ကိုယ်လိုချင်တဲ့ အနေအထားကို ဖန် တီးနိုင်ကြပါတယ်။ အဲဒီအတွက် Mediachance ရဲ့ Photo-Brush ကို စမ်းသပ် သုံးကြည့်ပါ။ ဖိုင်အရွယ်အစား 14.6 MB ဖြစ်ပြီး တန်ဖိုး ၄၅ ဒေါ်လာက များသလိုပါ။ ဒါပေမယ့် ရက် ၃ဝ အခမဲ့ စမ်းသပ်သုံးခွင့်ရထားပါတယ်။ Photo-Brush သည် ပုံများကို အရောင်ခြယ်ရုံသာမက texture များနဲ့လည်း ခြယ်မှုန်းနိုင်ပါတယ်။ ၎င်းသည် image editor […]