manawphyulayFebruary 17, 20111min2315
Speaking Clock Deluxe နှိုးစက်နာရီတွေ အများကြီးပါ။ လက်တံကို လက်နဲ့လှည့်ပေးပြီး နှိုးစက်ကို ချိန်မလား၊ ဒစ်ဂျစ်တယ်နည်းနဲ့ အချိန်ကို ရွှေ့ပြီး နှိုးစက်ချိန် မလား။ ဒီလို နှိုးစက်တွေနဲ့ မတူဘဲ ကွန်ပျူတာထဲကနေ သင် လိုအပ်တဲ့ အချိန်မှာ အတိအကျ နှိုးပေးမယ့် နာရီက ပိုပြီး ကောင်းမယ်ထင်လို့ မိတ်ဆက်ပေးလိုပါတယ်။ Lux Aeterna Software (www. lux-aeterna.com) က ထုတ်လုပ်ပေးတဲ့ Speaking Clock Deluxe သည် ကွန်ပျူတာ desktop ပေါ်က နာရီဆိုတာထက် နှိုး စက်ကို အသားပေးထားပုံက နှစ်သက်စရာပါ။ နှိုးဖို့ အချိန်သတ်မှတ်ပေးပြီး နှိုးရမယ့် တေးက Endless Love.wav နဲ့ဖြစ်ပါတယ်။ လက်တွေ့လည်း အတိအကျ […]


manawphyulayFebruary 17, 20111min1562
ဒီလောကတွင် အမုန်းတရားဖြင့် အမုန်းတရားကို မငြိမ်းသတ်နိုင်… မေတ္တာတရားကသာ အမုန်းတရားကို ငြိမ်းသတ်နိုင်၏… ဒီဥပဒေသသည် ယွင်းမှားမသွားနိုင်သော ရှေးအစဉ်အဆက်တရားဖြစ်၏… သင်ကိုယ်၌ပင် တစ်နေ့သေရအံ့မည်ကို သိလျှင် မည်သည့်အတွက်ကြောင့် ဖက်ပြိုင်ငြင်းခုန်၍ နေမည်နည်း….


manawphyulayFebruary 14, 20111min2526
ကမာ္ဘတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀ဝ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်းအနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀ဝ ကျော်ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ […]


manawphyulayFebruary 14, 20111min2485
သတင်းတစ်စုံတစ်ရာကို အများပြည်သူ သိရှိစေဖို့၊ ဟိုအရင်တုန်းက (ကျင့်သုံးခဲ့တဲ့) ရှေးကျတဲ့ နည်းလမ်းကတော့ သတင်းအချက်အလက်တွေကို ခရီးသည်တွေဆီက ဒါမှမဟုတ် အစိုးရရဲ့ သတင်းရနိုင်တဲ့ နေရာတွေဆီက စုဆောင်းရယူတယ်။ ပြီးမှ အဲဒီသတင်းကို ရေးပြီး သတင်းထုတ်ပြန်တဲ့ သင်ပုန်းမှာ ကော်နဲ့ကပ်ပြီးကြေညာခဲ့တာလို့ သိရပါတယ်။ ပထမဆုံး သတင်းစာကိုတော့ တရုတ်ပြည်မှာ ခုနစ်ရာစုတုန်းက အများပြည်သူအတွက် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီသတင်းစာကို အစိုးရက ပြည်သူလူထုအတွက် ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ ဆယ့်ရှစ်ရာစုရောက်လာတဲ့အခါမှာတော့ သတင်းစာတွေဟာ အချိန်မှန် ပုံမှန်ထုတ်ဝေတဲ့ ပစ္စည်းတစ်မျိုး ဖြစ်လာခဲ့ပါတယ်။ ၁၆၆၃ ခုနှစ် အင်္ဂလန်မှာ သတင်းစေတမန်ဆိုတဲ့ သတင်းစာကို စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပထမဦးဆုံး အမေရိကန်သတင်းစာကိုတော့ ပြည်သူ့ဖြစ်အင်လို့ အမည်ပေးခဲ့ပြီး ဘောစတွန်မြို့မှာ ၁၆၉ဝ ပြည့်နှစ်က စတင်ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ အရှိန်အဝါကြီး ဩဇာအညောင်းဆုံး သတင်းစာလို့ […]


manawphyulayFebruary 12, 20111min42114
ခြင် ဆင်ခြင်ဉာဏ်ကင်း ညံ့ဖျင်းတဲ့လုံ့လနဲ့ ဝမ်းဝရုံရှာစား ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တဝါ ပုရွက်ဆိတ် ထူးခြားသွက်လက် ထက်မြက်တဲ့ဆင်ခြင်ဉာဏ် ရင့်သန်တဲ့လုံ့လနဲ့ မနိုင်ဝန်အားမာန်နဲ့ထမ်း ဘဝအတွက် စုဆောင်း နောင်ရေးအတွက် မျှော်ကြည့် အနာဂတ်ကို သိတဲ့သတ္တဝါ လူ ဘဝထဲကလူ အူကြောင်ကြားနဲ့ လမ်းသွား သွေးပျက်နေတဲ့ အယူအဆများနဲ့ ကမ္ဘာလောကကြီးထဲ လျှောက်သွား အတ္တတရားကို ရှေ့တန်းတင် ခြင်သတ္တဝါကို အားကျ တစ်ဘဝစာနဲ့ ကျေနပ်မှာလား…. ဒါမှမဟုတ် ပုရွက်ဆိတ်ကို နည်းယူ ကြည်ဖြူတဲ့စိတ်ထား မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့ ကုသိုလ်တံတားတွေ တည်ဆောက် သံသရာလမ်းကို လျှောက်မှာလား… အဲဒါကို သင် စဉ်းစား…..


manawphyulayFebruary 12, 20111min32114
မနောရဲ့ လက်ရှိဘဝကို ကိုယ့်ဘာသာ ဝေဖန်သုံးသပ်ချက်ကလေးပါ။ ၁။ လူကဲခတ် ညံ့ဖျင်းခြင်း ၂။ လုပ်ချင်တာ သိပ်များနေခြင်း ၃။ လူတိုင်းကို ယုံကြည်စိတ်ရှိခြင်း ၄။ တစ်ယောက်ထဲ အလုပ်များနေခြင်း ၅။ သူတစ်ပါးကို အမြဲကူညီတတ်ခြင်း ၆။ လုပ်ချင်ရာကို မဖြစ်မနေ လုပ်တတ်ခြင်း ၇။ အပေါင်းအသင်း အရမ်းပဲ သံယောဇဉ်ကြီးခြင်း ၈။ သူတပါးမကျေနပ်လည်း မှန်ရာကို ပြောတတ်ခြင်း ၉။ မိမိ သိနေတာကို ပြန်လည်ဖောက်သည်ချတတ်ခြင်း ၁၀။ လူအများ၏ ဂရုတစိုက် အသိအမှတ်ပြုမှုကို လိုအပ်ခြင်း ဤသို့ဖြင့်… မနောတစ်ယောက် လူများကို ယုံကြည်၊ အလုပ်များ ကူညီတတ်ပြီး သံယောဇဉ်ကြီးသူ မိမိ၊ အားလုံးရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်နေပါတယ်။


manawphyulayFebruary 11, 20111min3314
မဲဝဲလ်(malware) ပိုင်ဆိုင်နေတဲ့ ဘလော့တစ်ခုကို မိမိတို့ရဲ့ ဆိုဒ်ဘား(sidebar) မှာ google reader ဖြင့် ချိတ်ဆွဲထားရုံနဲ့ အဲဒီဘလော့ဟာ ကျိန်းသေပေါက် မဲဝဲလ်(malware) ကူးစက်ခြင်း ကို ခံရမှာပါ။ အဲဒီအပြင် မိမိလင့်ခ်ကို တဖန် ချိတ်ဆွဲပေးထားတဲ့ မိတ်ဆွေ ဘလော့များထံသို့လည်း မဲဝဲလ်(malware) ကို အလွယ် တကူ တင်ပို့ပေးသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ ဘလော့ လိပ်စာများကို ဒီလင့်ခ် http://sitecheck.sucuri.net/scanner/ မှာ ထည့်သွင်း စစ်ဆေးပြီး မဲဝဲလ်(malware) ပါရှိနေတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ပို့စ်များကို အသစ် ပြန်လည် ပြုလုပ်ကြပါ။ အခြား မိတ်ဆွေ တွေရဲ့ လင့်ခ်တွေမှာ မဲဝဲလ်(malware) ရှိနေခဲ့ရင်လည်း မိမိ ဘလော့ ပေါ်မှာ သူတို့ရဲ့ […]


manawphyulayFebruary 11, 20111min40018
ကျွန်မတို့ဟာ တစ်ခါတစ်ရံမှ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို မလုပ်ချင်ဘဲနဲ့ လုပ်နေကြရတယ်။ ဒါဟာ ဘာလဲဆိုတော့ ဥပမာ ကျွန်မအကျင့်ပေါ့လေ။ ကားစီးတဲ့အခါဖြစ်ဖြစ်၊ ဒါမှမဟုတ် လမ်းလျှောက်တဲ့အခါဖြစ်ဖြစ် ပုတီးစိတ်တာတို့၊ ဘုရားစာရွတ်တာတို့ လုပ်ကျင့်ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ လူတွေရဲ့အမြင်ပေါ့ လေ။ အတွေးဆိုရင်လည်း မမှားပါဘူး။ ဪ သူက လူအထင်ကြီး အောင် လုပ်နေတာပဲ။ အသက်ကလေးကဖြင့် ငယ်ငယ်လေးရှိသေး တယ်စသဖြင့်ပေါ့လေ။ ဒီပြင်အတွေး ဪ သူတောင် အသိတရား ရှိရင် ငါတို့ကကော ဘာလို့မရှိရမှာလဲလို့ မတွေးကြဘဲနဲ့ ကိုယ့်အမြင်နဲ့ ကိုယ် မြင်တတ်ကြတယ်။ အဲဒီလို ကြည့်တဲ့အကြည့်ကို အရင်တုန်း ကတော့ လိုက်ကြည့်ပြီး ပုတီးစိပ်ရမှာ၊ ဘုရားစာရွတ်ရမှာ သိပ်ပြီး မဝံ့ရဲခဲ့ဘူး။ ဘေးပတ်ဝန်းကျင်က ငါ့ကို အမြင်တစ်မျိုးဘဲပေါ့။ ဒီလို အတွေးဝင်ရင် […]


manawphyulayFebruary 11, 20111min62620
မြေကြီးရေချိုးနည်း ဂျပန်နိုင်ငံမှာ ရိုးရာဓလေ့အဖြစ် Kyushu ကျွန်းမှာ မြေကြီး ရေချိုးနည်းကို ဆင်နွှဲလေ့ရှိကြပါတယ် ။ ဒီရေချိုးနည်း ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးရှိစေပြီး ချွေးထွက်စေပါတယ် ။ စိတ်ကို ပြေလျော့စေပြီး ခန္ဓာကိုယ် တောင့် တင်းမှုတွေကိုလည်း သက်သာစေတဲ့အပြင် လန်းဆန်းမှုကိုလည်းပေးပါတယ် ။ ဦးခေါင်းမှလွဲ၍ တကိုယ်လုံးကို မြေကြီးထဲ နစ်မြှုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။ ရေနံနှင့် ရေချိုးနည်း အန္တရာယ်အများဆုံး ရေချိုးနည်းတွေထဲက တစ်ခုကတော့ ရေနံနဲ့ ရေချိုးနည်းပဲ ဖြစ်ပါတယ် ။ ရေချိုးတော့ မယ်ဆိုရင်တော့ သင့်ရဲ့ ပါးစပ် ၊ နှာခေါင်း ၊ ပါးစပ်တို့ကို လုံခြုံစွာ ဖုံးအုပ်ထားဖို့တော့ လိုပါလိမ့်မယ် ။ ရေနံနဲ့ ရေချိုး နေစဉ်မှာ ဆေးလိပ်သောက်ဖို့ မီးမညှိရန်လည်း […]


manawphyulayFebruary 11, 20111min1350
ဂျီနီဗာရေကန်ကြီးရဲ့ ကမ်းခြေတစ်နေရာမှာ …. ညဉ့်နက်ပိုင်း တစ်ညမှာပေါ့။ လော့ဘိုင်ရွန်က သူ့မိတ်ဆွေတွေကို အကြံပြု ပြောဆိုတယ်။ ဘာအကြောင်းကိုလည်းဆိုတော့ သရဲ တစ္ဆေဝတ္ထုတွေရေးဖို့ကို ပြောဆိုခဲ့တယ်။ ဒါကြောင့် ပါစီဗစ်ရှီရှယ်လီရဲ့ဇနီး မေရီရှယ်လီက ဒီ ထိတ်လန့်ဖွယ်ကောင်းတဲ့ ကြောက်စရာအလွန်ကောင်းတဲ့ Frankenstein ကောင်ကြီးကို ဖန်တီး မွေးဖွားရေးသားခဲ့ပါတော့တယ်။ အဲဒီတုန်းကတော့ သူမရဲ့အသက်က ၁၉ နှစ်ပဲ ရှိပါသေးတယ်။ Frankenstein ဇာတ်ကောင်ကြီးဟာ တကယ် အပြင်မှာ အသက်ဝင်လာတယ်လို့ ထင်ရလောက်အောင် ကျော်လှိုင်ဦး ဘာသာပြန်စာအုပ်ထဲမှာ ဖတ်ရတော့ စဉ်းစားမိတယ် အပြင်မှာသာ တကယ်လို့ ဒီလို ကိုယ်ဖန်တီးထားတဲ့ အရိုင်းအစိုင်းကောင်ကြီးဟာ ထိန်းချုပ်မှုမဲ့ပြီး အသိဉာဏ်တိုးတက်လာရင် တော်တော်ကို ကြောက်စရာကောင်းမယ်လို့ တွေးမိတယ်။ ဖတ်ခါစက အတော် စာဖတ်သူကို ဘယ်လောက်တောင် ဆွဲဆောင်နိုင်သလဲဆိုရင် လက်ကကို မချချင်အောင် […]


manawphyulayFebruary 10, 20112min1421
၁။ ITPEC ဆိုတာ ဘာလဲ? ITPEC = Information Technology Professional Examination Council မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် (၇) နိုင်ငံပါဝင်တဲ့ IT Professional ဆိုင်ရာ Skill များ သတ်မှတ်ပြီး စာမေးပွဲများ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းပါ။ ITPEC မှာ မြန်မာနိုင်ငံက MCF (မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်)၊ မလေးရှားက (METEOR)၊ မွန်ဂိုလီးယားက (NITP)၊ ထိုင်းက (NECTEC)၊ ဂျပန်က (IPA)၊ ဗီယက်နမ်က (VITEC)၊ ဖိလစ်ပိုင်က (PhiINITS) စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။ ၂။ ITPEC Exam ဆိုတာ ဘာလဲ? ITPEC က စစ်ဆေးတဲ့ စာမေးပွဲတွေပါ။ […]


manawphyulayFebruary 9, 20111min1100
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဟာ ပြည်ထောင်စုနေ့အတူ ၁၃ ရက်နေ့က ကျွန်တော်တို့ ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၆ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့ အတွက်ကြောင့် ထိုနေ့တွေကို အမှတ်တရ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်ပြည့် အမှတ်တရ အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ ရေးသားထားသော ဆောင်းပါးလေးတစ်ပုဒ်ကို စာဖတ်သူများအတွက် အမှတ်တရ အနေနဲ့ ပြန်လည် မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကိုတော့ တစ်ချိန်တုန်းက အွန်လိုင်းမှာ ဖတ်လိုက်ရတော့ နှစ်သတ်မိလို့ Word File အနေနဲ့ သိမ်းယူထားလိုက်မိပါတယ်။ ထိုအတွက်ကြောင့် ယခုလို အွန်လိုင်းမှာ ပြန်လည်ဖော်ပြ ပေးတဲ့အခါမှာ မူရင်းက အွန်လိုင်းမှာ ဘယ်သူ ရေးသား […]


manawphyulayFebruary 9, 20111min1820
ချစ်သူတွေ ကို သွားမေးရင်တောင် မသိလောက်ဝူး..ဒီတော့ ဖော်ပြလိုက်ပါတယ်….. အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။ ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းမြတ်က ပြည်သူတွေကိုအတင်းအကျပ် သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေက မိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက […]