– – – – – – – – – – – – ငပလီ beauty ပြောတာပါဗျို့.. သွားတဲ့ ရက်တွေထဲမှာ သုံးရက်က ပင်လယ်ထဲ တစ်ရက် က သံတွဲ သွားဖြစ်တာ မို့လို့ ကမ်းခြေကိုတော့ သိပ်မရိုက်လာခဲ့ ဖြစ်ပါဖူး.. ဒါကြောင့်ရှိတာလေးပဲ ကြွားလိုက်ရကြောင်းပါ       ငပလီကမ်းစပ်ကိုတော့ ညနေတိုင်းလိုလိုရောက်ဖြစ်ပါတယ်.. ဝင်သွားတဲ့ နေလုံးကြီးကိုကြည့်ပြီး ပုစွန် အစိမ်း သုတ်ကလေးနဲ့ ဘီယာလေး သောက်ရင်း လေညင်းခံ ရင်း  အမတ်မင်း. ကလုလင်.ကရဲစည်. ဦးကျောက်တို့ ကို သတိရလာတာနဲ့ ၃ ခွက်လစ်မစ်ထက် ပိုပြီးသောက်ခဲ့ပါသဗျို့….


ဒွါရဝတီ သံတွဲ ဗျာဒိတ်တော်ပေး စေတီရှိ ကျောက်စာထက်တွင် တွေ့ရသော သံတွဲသမိုင်း မဇ္ဈိမဒေသ ကဿဖ ဘုရားရှင်လက်ထက် ကောရပ္ပတိုင်းတွင်  မင်းစော အမည်ရှိမင်းလက်ထက်တွင် နဂါးညီနောင် ဖျက်စီးသဖြင့် ကောရပ္ပတိုင်း ပျက်စီးလေ၏။ ထိုမင်းသည် ဒွါရဝတီမြို့ဟောင်းနေရာတွင် မြို့တည်၍ ဒွါရဝတီမြို့အမည်ဖြင့် စိုးစုံတော်မူ၏.. ထိုမင်းစောမှ (၈)ဆက်မြောက်မင်းသည် ဘီလူမအား မိဖုရားမြှောက်မိ၍ သားတော် ၃ ပါး နှင့် သမီးတော် ၁ ပါး ဖွားမြင်၏.. ထို့နောက်မှ ဘီလူးမှန်းသိ၍ သားတော်အကြီးမှတပါး ကျန်သားတော်/သမီးတော်တို့ကို နန်းမှနှင်သဖြင့် ဒွါရဝတီမြို့၏ အရှေ့ဘက်ကမ်းခြေတွင် နေ၏ ခမည်းတော်နတ်ရွာစံ၍ သားတော်ကြီး မင်းဖြစ်သော အခါတွင် ဒွါရဝတီမြို့အား ညီတော် ဘီလူး ၂ ပါးနှင့် ညီမတော် ဘီလူးမတို့ စောင့်ရှောက်၏ မဇ္ဈိမတိုင်းမှ ညီနောင် တကျိပ်တို့က ဒွါရဝတီမြို့ကို လာရောက်တိုက်ခိုက်သော […]


– – – – – – – – – – – – ဒီနှစ် သင်္ကြန်မှာ တော့ ဆြာအုပ်တစ်ယောက်တော့ လောကုတ် အလုပ်မလုပ်ဖြစ်ပဲ အပျော်ကျူးလိုက်ဦးမယ် ဆိုပြီးသကာလ. လေဒီအုပ် သင်တန်းတွေနဲ့ မအားလပ်တာ ကို အခွင့် ကောင်းယူပြီး သကာလ  မြန်မာနိုင်ငံရဲ့ အနောက်တံခါး လို့ သမုတ်ကြတဲ့ ဒွာရာဝတီ သံတွဲပြည် က ကမ်းခြေညီညီ ငပလီကို တစ်ပွေတည်း ခြေဆန့်ခဲ့သည် တမုံ့.. ခရီးစဉ်ကတော့ မာတာမိခင်ကို ပုဂံကိုလိုက်ပို့ပြီး ညောင်ဦးကနေ အဲပုဂံ လေယာဉ်နဲ့ သံတွဲကို ထွက်ခဲ့ပါတယ်.. ညောင်ဦးကနေ အရင်ဆုံး ဟဲဟိုးကို ဝင်ပြီးမှ သံတွဲကို ခရီးထက်ဆက်ပါတယ်.. စုစုပေါင်း ၂ နာရီ လောက် အကြာမှာ သံတွဲကိုရောက်ပါတယ်.. သံတွဲလေဆိပ်ဟာ ငပလီကမ်းခြေ အစ လောက်မှာ တည်ရှိပါတယ်.. ငပလီကမ်း ခြေကတော့ […]


အင်း နက်ဖြန်သဘက်ဆိုရင် သင်္ကြ ရောက်ပီ.. ရွာသားတွေဘာအစီအစဉ်တွေရှိလဲတော့မသိဘူး.. ဟက်ပီးနူးရီးယားကို ဒီပို့စ်လေးတင်ပြီး နှုတ်ဆက် လို်က်ပါတယ်ဗျို့.. အင်း.. ၄ ခေါက်မြောက် တောင်ကြီး အင်းလေး ခရီးစဉ်ပေါ့ဗျာ.. အံစာတုံးတို့ တို့လဲ အပါအဝင် ၁၂ လပိုင်း ၂၀၁၂ တုန်းက ရုံးအဖွဲ့နဲ့သွားတဲ့ ခရီးစဉ်ပေါ့.. စာလဲသိပ်မရေးချင်ဘူး ပြင်းနေတာနဲ့ ကွန်နက်ရှင်ကလဲ ရုံးမှာတောင် စုတ်ပြတ်သတ် ဖွတ်သရတ်ညက် နေလို့ မတင်ဖြစ်တာတောင် တော်တော်ကြာသွားတာနဲ့ ရှာကြံပြီး ကြွားလိုက်ရပါဂျောင်း ပါဝင်တဲ့ ဓာတ်သေတွေကတော့ ပင်းတရ၊ အောင်ဘန်း၊ အင်းလေး၊ ထမ့်စမ်း၊ ကက္ကူ၊ ကလော တို့မှာ ရိုက်လာတဲ့ ဓာတ်သေတွေဖြစ်ပါတယ်.. ပင်းတယကနေ အောင်ဘန်းကို အပြန်မှာ ကားနဲ့ လိုက်မပြန်တော့ဘဲ  ဆိုင်ကယ်ငှားစီးပြီး ရိုက်လာတဲ့ ပုံလေးတွေ ဖြစ်ပါတယ်.. နေအဝင်မှာ နောက်ဆုံး ရိုက်ခဲ့တဲ့ […]


ကြာပါပြီ.. ဘာမှလဲ မထုူးသေးပါဘူး ဂျာနယ်မှာ လဲ ဖတ်ရပါတယ်.. ဖေ့ဘွက်မှာလဲ တွေ့ပါတယ်.. မပြောင်းလဲပါဘူး ရေးထားပြီးသားလဲ ဖြစ်မယ်ထင်ပါတယ်. ဒါကတော့ ကျုုပ်ရဲ့ကိုယ်တွေ့လေးပါ ဆူးလေက စောရဆိုတာတွေကတော့ ဆူးလေ မြို့တော်ခန်းမရှေ့၊ လွတ်လပ်ရေးပန်းဲခြံဘေး၊ ၃၅ လမ်း နားမှာ တွေ့တွေ့နေရတဲ့ လက်လှည့်ဝိဇ္ဖာ  စောရများဖြစ်ပါတယ်.. အဲဒီနားက ဖြတ်သွားပြီး ဟိုကြည့်ဒီကြည့် လုပ်လိုက်တာနဲ့  လဲမလားအကို အစိမ်းလား ဈေးကောင်းတယ် နော် ဆိုပြီး လက်ထဲမှာ ပိုက်ဆံ ထပ်ကိုင်ပြီး မျက်လှည့် ပြစား နေတဲ့ သူတွေကို တွေ့ရမှာ ဖြစ်ပါတယ်.. အရင်တခေါက်ကလဲ ဆူးလေမှတ်တိုင်မှာ နိုင်ငံခြားသားတွေနဲ့  စကားများနေတာ တွေ့ခဲ့ရပါသေးတယ်.. မနေ့ကလဲ facebook မှာ နိုင်ငံခြားသားတွေကို လုပ်စားနေတာကို ဖတ်လိုက်ရပါသေးတယ်.. ကျုပ်လဲ မြို့ထဲ သွားရင်း အဲဒီကောင်တွေ လိမ်နေတာတွေကို မြင်ရတာ ၃ ခါလောက်ရှိပါပြီ.. ကျုပ်ကိုယ်တိုင် ကြုံတာကတော့ ၂ ခါ.. ဒါပေမယ့် ကျုပ်က လူလည်ကိုးဗျ.. သကောင့်သားတွေဘယ်ရသွားမလဲ ဟဲဟဲ ပထမတခါက မြို့တော်ခန်းမဘေးမှာ ရောင်းမယ်ဆိုတော့ […]


၁ ရက်နေ့က အလုပ်ကိစ္စနဲ့ တောင်ကြီးကို စတုတ္ထ အကြိမ်မြောက်ရောက်တယ်.. အဝေးပြေးက ထွက်မဲ့ကားက တောင်ပေါ်သား ၆ နာရီ.. ဘောစိက ၆ နာရီကားနဲ့ သွားရမယ်ဆိုတာကို ၄ နာရီမှ ဖုံးဆက်တယ်.. ပထမစီစဉ်ထားတာက ရ နာရီ.. အိမ်ကို အသည်းအသန်ပြန်ပြီး ရေမိုးချိုး ၅ နာရီထွက်တယ် အိမ်က အရင် က နာရီဝက်လောက်ဆို ရောက်တာမို့လို့ အေးဆေးလို့ထင်ထားတာ.. ဝေဇယန္တာမှာ စပြီးပိတ်တယ်.. နောက် မြောက်ဥက္ကကလာ အဝိုင်း.. ၆ ကွေ့ တောက်လျှောက်ပိတ်လိုက်တာ အဝေးပြေးရောကတော့ ၆ နာရီ ၁ဝ မိနစ်.. ကားဂိတ်ကိုဆက်လိုက်တော့ ကားကထွက်နေပြီတဲ့ အိုကေ ဒါဆို အပြင်က စောင့်နေမယ်ဆိုပြီး ဇေကမ္ဘာဘုရားရှေ့ကစောင့်နေလိုက်တာ ၆ နာရီ ၄ဝ […]


  – – – – – – – – – – –   ခုတလော fb မှာ ဘုရားဆင်းတုတွေကို မရိုမသေ ပြုနေတဲ့ ပုံတွေ တွေ့နေရပါတယ်. မခံချင် ဖြစ်လို့ ရှဲကြတယ်.. ဗုဒ္ဒဘာသာ ကို စော်ကားလို့ ရှုတ်ချတယ် တယ်ဆိုပြီးရှဲကြတယ်.. ဆဲကြတယ်.. ဆက်ပြီး ဖြန့်ဝေပေးပါဆိုပြီးလဲ ရှဲကြတယ်.. ခင်ဗျားတို့ သေသေချာချာစဉ်းစားကြစေချင်ပါတယ်.. အဲလိုပုံတွေကို တွေ့ရတာ ကျွန်တော် တို့လို့ စိတ်မချမ်းသာပါဘူး.. မခံချင်ပါဘူး.. ဒါပေမယ့် ကြည့်မိလိုက်တဲ့ အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတယ်.. မခံချင်ဖြစ်ရတယ်.. အဲလိုဖြစ်တဲ့အခါ ငါတို့ဘာသာကို စော်ကားလေခြင်းဆိုပြီး ဒေါသထွက်ရတယ်.. ဒေါသထွက်မိတဲ့ အတွက် အကုသိုလ်ဖြစ်ရတယ် ဒါသထွက်ပြီး […]


– – – – – – – – – – – – – ဖိုးကြား ဆင်စခန်း (19.310302,96.25216) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ)   ၁၉ ရက်  မေလ၊ ၂၀၁၂ ။ ရန်ကုန်က မနက် ၅ နာရီလောက်ထွက်ကြတယ်. ၁၁၅ မိုင်ကို ၉ နာရီလောက်ရောက် ပြီး မနက်စာစား၊ ဆက်ထွက်ပြီးမနက် ၁၁ နာရီလောက်မှာ ရောက်တယ်… ဖိုးကြား ဆင်စခန်းဟာ ရန်ကုန်၊ မန္တလေး အဝေးပြေးလမ်းမဘေး မိုင်တိုင် ၂၀၄ နား မှာ ရှိပါတယ်.. ဆွာ၊ ပြီးရင် သာဂရ ကျော်ရင် အဝေးပြေးလမ်းပေါ်ကနေ ဘယ်ဖက်ကို ချိုးပြီး ပဲခူးရိုးမထဲကို ဝင်ရပါတယ်။ အရမ်းမဝေးပဲ […]


– – – – – – – – – – – ရသေ့ပျံဂူ လတ်လောင်  (16.82276,97.58575) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ) ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၃) မှာ ဆဒ္ဒန်ဂူ ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၄) မှာ ကော့ဂွန်း ကိုရောက်ခဲ့ပြီး နေ့လည်လောက်မှာ ထွက်ခဲ့ကြပါတယ်.. နာရီဝက်လောက် အကြာမှာတော့ မြင့်မားတဲ့ တောင်ကဘားယံ ကြီးအောက်က ရသေ့ပျံဂူကို ရောက်ရှိကြပါတယ်.. ဆဒ္ဒန်ဂူ နဲ့  ကော့ဂွန်းဂူ ကိုရောက်လာခဲ့ပြီးပြီမို့ ရသေ့ပျံဂူရောက်တဲ့ အခါမှာ တော့ နဲနဲလဲ ပြိုင်းနေတာကြောင့် စိတ်သိပ်မပါတော့ ပါဘူး ရသေ့ပျံဂူက တောင် အပေါ်ဘက်ကို ထပ်တက်ရသေးတာ မို့လို့ တော်တော်လေးကြိုးစားပမ်းစား တက်လိုက်ရပြီး လျှာတောင် တော်တော် ထွက်သွားပါရဲ့.. ဂူပေါက်ကိုရောက်တဲ့ အခါမှာ တော့ ရင်ပြင် […]


– – – – – – – – – – –   ကော့ဂွန်းဂူ လတ်လောင်  (16.835032,97.57039) မှာတည်ရှိပါ တယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ) ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၃)  မှာ ဆဒ္ဒန်ဂူ ကိုသွားအပြီးမှာ ဘားအံကို ပြန်ရောက်၊ ညအိပ် နောက်နေ့မနက် စောစော ထ sunrise ရိုက် ပြီး ကော့ဂွန်းဂူကို ထွက်ခဲ့ကြပါတယ်၊ ဘားအံကနေ သံလွင်မြစ်ကိုဖြတ်ပြီး သွားရပါတယ်။ လမ်းတစ်လျှောက် တောင်တန်းကြီးတွေနဲ့ တဲလေးတွေကတော့ သဘာဝကျကျကို လှပနေပါတယ်.. ထွက်လာပြီး နာရီဝက်လောက်အကြာ ၁ဝ နာရီ လောက်မှာ ကော့ဂွန်းကိုရောက်ပါတယ်.. ကော့ဂွန်းကတော့ ကရင်ပြည်နယ်ရဲ့ နာမည်ကျော် နေရာတစ်ခုဖြစ်ပါတယ်. ဂူအတွင်းမှာ ရှိတဲ့ ရှေးဟောင်း သမိုင်းဝင်လက်ရာတွေကြောင့် […]


အခုတလော Website တွေအပြင် Gmail , facebook account တွေပါ hacking လုပ်ခံရတာတွေ များလာတာ တွေ့နေရပါတယ်.. မကြာသေးခင်က နာမည်ကြီး ဂျာနယ်တစ်စောင်ရဲ့ facebook account အဟက် ခံလိုက်ရပါတယ်.. Gmail ကနေဝင်ပြီး ဟက်သွားတယ်လို့ ထင်ပါတယ်.. ဆက်ပြီးတော့လဲ နာမည်ကြီး account တွေ ဟက်မယ်လို့ ထင်ရပါတယ်.. facebook account ကို ဟက်သွားတာဟာ Gmail ကဝင်ဟက်သွားတာ ဖြစ်လို့ Gmail ကို ပိုပြီး စိတ်ချရအောင် လုပ် ဖို့လိုပါတယ်။ 


– – – – – – – – – – – ဆဒ္ဒန်ဂူ လတ်လောင်  (16.742116,97.716542) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ) ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင်ကို ရောက်အပြီးမှာ ကရင်ပြည်နည်ရဲ့ ကျော်ကြားလှတဲ့ နောက်နေရာတစ်ခု ဖြစ်တဲ့ ဆဒ္ဒန်ဂူ ကို ဆက်လက် ခရီးဆက်ခဲ့ ကြပါတယ်. လမ်းကလဲ မကောင်း တာ ကြောင့် ဇွဲကပင်တောင်က နေ ထွက်လာပြီး ၁ နာရီ ခွဲ ကျော်ကျော် လောက် ကားစီးရပြီး နေ့လည် ၂ နာရီ မှာ လောက်မှာ မှာ ဆဒ္ဒန်ဂူ ကိုရောက်ပါတယ်.. စားသောက်ဆိုင်လေး ၃ ဆိုင်လောက်ရှိပြီး ထမင်း၊ ယိုးဒယားကင်၊၊ ကြက်ကြော်၊ […]