လင်းဝေMarch 30, 20111min2357
“အားနွဲ့သူပါရှင်” ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။ သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ…. တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်… “ခြံအမှတ် ဝ၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်” “သိတာပေ့ါ၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ” “ဒါဆို ဘယ်လိုသွားရမလဲရှင်” “ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့” “လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကိို လက်တဖက်ဆီမှာဆွဲလိုက်” သူမပြောသလိုုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။ အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်… “ရှင်..ရှင်…ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ […]


လင်းဝေMarch 30, 20111min28110
ဒီနေ့မနက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့အသစ်ကို အာဏာလွဲပြောင်းပေးလိုက်ပါပြီတဲ့။ နေပြည်တော် ပြည်ထောင်စုလွှတ်တော် ခန်းမတွင်းမှာလည်း သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော် နာယကများ၊ လွှတ်တော်အမတ်များရှေ့မှောက်မှာ ပြုလုပ်ခဲ့ပါတယ်။ အသက် ၆၆ နှစ်ပြည့်တော့မယ့် သမ္မတအသစ် ဦးသိန်းစိန်ဟာ လွန်ခဲ့တဲ့ လေးနှစ်လောက် ကတည်းက ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရတာပါ။ လက်ရှိအာဏာရ ခေါင်းဆောင်တွေထဲ လာဘ်စားမှု အနည်းဆုံးလို့တော့ ပြောကြတာပါပဲ။ သူဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ရှစ်ဦးမြောက် သမ္မတ ဖြစ်လာပါတယ်။ ဝန်ကြီးဌာန ၃၄ ခုမှ ဝန်ကြီး ၃ဝနှင့် ဒုဝန်ကြီး ၄ဝ ခန့်ပါဝင်သော ကက်ဘိနက်ကို ဦးဆောင်မှာပါ။ ထိုဝန်ကြီးအဖွဲ့ထဲ အဓိကအားဖြင့် အငြိမ်းစား စစ်အရာရှိများနှင့် နှင့် လက်ရှိတာဝန်ထမ်းဆောင်နေကြဆဲ စစ်ဘက်အရာရှိများ […]


လင်းဝေMarch 29, 20111min22910
တယ်လီဖုန်းပြောရင် စတင်နှုတ်ခွန်းဆက်စကားကို လူမျိုးအလိုက် ဘာသာစကားအရ အမျိုးမျိုးပြောကြပါတယ်။ “မိုရှိ မိုရှိ” ဆိုတာ ဂျပန်တွေပါ “အညော်ဆေးရော” ကတော့ ကကြီး ကိုရီးယားတွေ “ဝေ” ဆိုတာကျတော့ ဝေဝေတို့အမျိုး စိနတိုင်းသား တရုပ်တွေ ပြောတာ။ အများစုကတော့ “ဟယ်လို” “ဟဲလိုး” လေသံပြောင်းလို့ Hello ကိုပြောကြတာများပါတယ်။ သို့သော်လည်းပေါ့ မြန်မာပြည်ကိုရောက်လာတဲ့ ပြင်သစ်လူမျိုးတစ်ယောက်ခမျာမှာတော့ မြန်မာတွေ အသုံးအနှုန်းကို နားစွင့်ရင်း အလွဲကြီး လွဲသွားရှာပါတယ်။ အဲဒီပြင်သစ်လူငယ်က မြန်မာပြည်က ပစ္စည်းတွေဝယ်နေတဲ့သူပါ။ စီးပွားရေးသမားပေါ့။ သူဝယ်နေတဲ့ ပစ္စည်းတွေထုတ်ရာ မြန်မာပြည်က စက်ရုံကို အလုပ်ကိစ္စနဲ့ရောက်လာတာပါ။ စက်ရုံက လှိုင်သာယာ စက်မှု ဇုန်မှာပါ။ လှိုင်သာယာ စက်မှုဇုန်က စက်ရုံထဲမှာ booster / repeater တပ်မထားရင် ဖုန်းလိုင်းမမိပါဘူး။ တပ်ထားတာတောင်ကောင်းကောင်းမမိပါဘူး။ […]


လင်းဝေMarch 29, 20111min2408
တရုပ်နိုင်ငံကနေလုပ်တဲ့ Cherry Wagon ဆိုတဲ့ ကားသေးသေးလေးတွေ၊ တီကိုထက်နည်းနည်းလေးဖောင်းပြီး ဆူဇူကီး R+ ထက်သေးတဲ့ ကားတွေကို စက်မှု(၂)ကနေ မြန်မာမီနီဆလွန်း လို့ အမည်တပ်ပြီး ရောင်းချပေးပါမယ်တဲ့။ ရောင်းချပေးမယ့် ဈေးကတော့ ကျပ်ငွေ (၅၅)သိန်းဖြစ်ပါတယ်။ အခွန်အခ ဘာညာ ပေါင်းလိုက်ရင်တော့ ကျပ်သိန်း၆ဝ ပတ်ဝန်းကျင်လောက် ကျမယ်လို့ဆိုပါတယ်။ ဒီကားတွေကို ပြီးခဲ့တဲ့အပတ်က စလို့ ဝယ်ယူလိုသူတွေရဲ့ ဝယ်လိုကြောင်းလျှောက်လွှာတွေကို စပြီးလက်ခံပေးနေတာပါ။ ပထမတော့ နေပြည်တော်ကြီးမှာလို့ကြားပါတယ်။ သို့သော် အရင်အပတ် သောကြာနေ့က ကမာ္ဘအေးဘုရားလမ်း စက်မှု(၂)နားဖြတ်တော့ စုရုံးစုရုံးလုပ်နေကြတာတွေ့ခဲ့တယ်။ ဒီတစ်ပါတ်တော့ နည်းနည်းစုံစမ်းလိုက်တော့ ဟုတ်ပါတယ် အဲဒီနေရာမှာ လျှောက်လွှာတင်ရတာပါတဲ့။ ကားကတော့ ဓါတ်ဆီသုံး ဘယ်မောင်း လေးယောက်စီးဖြစ်ပါတယ်။ တရုပ်ပြည်မှာပဲ အစိတ်အပိုင်းအားလုံးကို ထုပ်လုပ်တပ်ဆင်ထားတယ်လို့ဆိုပါတယ်။ ဂီယာကတော့ ရိုးရိုး Manual ဘောဂီယာပါ။ […]


လင်းဝေMarch 25, 20111min1867
ရယ်စရာအလွန်ကောင်းနေပေမယ့် မရယ်နိုင်ပါဘူး။ ဒေါသပဲ အတောင့်လိုက်ထွက်ရင် မျိုချနေရတာလေး ပြေလိုပြေညား နည်းနည်းဖြေလျှော့ချကြည့်တာပါ။ ပြောချင်တာတွေက အများကြီး။ ရန်ကုန်မြို့တော်ဝန်လုပ်စားသွားတဲ့ အောင်သိန်းလင်းက စလို့ ပြောရပါမယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေ ခင်းတာ ပြင်တာနဲ့ ပတ်သက်လို့ သိချင်ပါတယ် ဆိုပြီး မေးတာကို ပြန်ဖြေတာလေးပါ။ အဖြေရဲ့ စ စချင်း မှာ ရန်ကုန်မြို့မှာ မိုးတွင်း ဆိုရင် မိုးတွေရွာပါသတဲ့။ ဒီလိုမိုးရွာတဲ့အခါ မိုးရေကြောင့် ကတ္တရာလမ်းက ကတ္တရာတွေဟာ စည်းကပ်မှု နည်းလာပြီး လမ်းများ ပျက်စီးခြင်း ငါးပါး ဆိုက်ပါသတဲ့။ ဒါကြောင့် ကွန်ကရစ်လမ်းတွေ ခင်းဖို့လုပ်နေပါတယ် ဆိုပါရောလား။ ကဲ…. စကာင်္ပူတို့ ကွာလာလမ်ပူတို့ လို တစ်နှစ်ပတ်လုံး မိုးတွေရွာနေတဲ့ မြို့မှာ ကတ္တရာလမ်းတွေကို ဘယ်လိုလုပ်ပြီး ခင်းထားပါလိမ့်။ လမ်းတွေ […]


လင်းဝေMarch 25, 20111min1262
ကိုယ့်ကိုကိုယ် သပ်ရပ်ခန့်ငြားမှုမရှိဘူးလို့ထင်ရင် နည်းနာယူဖို့ ဆက်ဖတ်ပါ။ မခန့်ငြားမသပ်ရပ်လည်း ဘာမှ မဖြစ်ဘူး လို့ ထင်ရင်လည်း ဆက်ပြီး ဖတ်ပေးပါဦး။ သပ်ရပ်ခန့်ငြားပြီးသား လူများလည်း ကိုယ့်သူငယ်ချင်း၊ ညီ၊ညီမ နဲ့ တူ၊တူမ များကို သွန်သင်ဖို့ ဆက်ဖတ်သင့်ပါသေးတယ်။ ဘယ်လိုမျိုး စတိုင်ကျကျ(ပဲများတာ ဟန်များတာ၊ အပေါ်ယံဆန်ဆန် ရှိုးထုတ်တာမျိုးကို မဆိုလို) နဲ့ သပ်ရပ်ခန့်ငြားပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတည် ဆောက်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ… ရုပ်မချောလည်း ကိုယ်ရည်ကိုယ်သွေး တောက်ပြောင်အောင်လုပ်လို့ရတယ်။ ကိုယ်ရည်ကိုယ်သွေးဆိုတာ စိတ်ဓါတ်နဲ့ မိမိကိုယ်ကို ယုံကြည်မှုအပေါ်တည်ပါတယ်။ ဝတ်စားဆင်ယင်မှုသပ်ရပ်သန့်ရှင်းဖို့ ကောင်မွန်စွာဝတ်စားဖို့လည်းပါတာပေါ့။ ကောင်းမွန်သပ်ရပ်သန့်ရှင်းဖို့ဆိုတာ ပိုက်ဆံများများပေးပြီးမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ငွေကြေးတတ်နိုင်မှုအပေါ်မူတည်ပြီး အဝတ်အစား အသုံးအဆောင်ကို ရိုသေစွာ သိမ်းဆည်းတာ။ သေချာ လျှော်ဖွပ် မီးပူတိုက်ပြီး ဝတ်ဆင်တာက စလို့ […]


လင်းဝေMarch 25, 20111min2808
ပုံမှန်အားဖြင့် လူဟာ ပြောင်းလဲခြင်းကို ခုခံတတ်ပါတယ်။ Resistance to Change ဆိုတာက ပုံမှန်လည်ပတ်နေတာကနေ အသစ်တစ်မျိုးပြောင်းလဲလှုပ်ရှားရမှာကို မယုံမရဲစိတ်ကနေ ပေါက်ဖွားလာတာပါ။ အသစ်ပုံစံနဲ့ပြောင်းလဲရမယ် တိုးတက်မယ်ဆိုတာ သေချာသိရင်တော့ တက်ကြွစွာပြောင်းလဲချင်ကြမှာတော့ အသေအချာပေါ့။ သို့သော် ပိုကောင်းလာမလား၊ အတူတူပဲလား ဆိုတာ မသေချာတဲ့အချိန်မှာတော့ စွန့်စားပြီး မပြောင်းလဲချင်ကြတာလည်း ဓမ္မတာပါပဲ။ ပိုကောင်းလာဖို့မရှိပဲ အခြေအနေအတူတူပဲ အဆင်မပြေရင်တောင် နိမ့်သွားနိုင်တဲ့ပုံစံဆိုရင်တော့ လုံးဝကို မပြောင်းလဲချင်ကြပါဘူး။ အဲဒီတော့ အပြောင်းအလဲ ဆိုတာ ကိုယ့်ကိစ္စတစ်ခုချင်းစီကို ပြန်လည်သုံးသပ်ရမှာဖြစ်တဲ့အတွက် သုံးသပ်ရာမှာ အထောက်အကူဖြစ်အောင် သိမ်းငှက်တွေအကြောင်း ပြောရင်း စဉ်းစားခန်းလေး ဖွင့်ပေးလိုက်ပါတယ်။ သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၎င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ပြောင်းလဲမှုတစ်ခုကိုလုပ်ရပါမယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို […]


လင်းဝေMarch 24, 20111min2296
မြန်မာနိုင်ငံမှာ မိုးလေဝသ၊ရာသီဥတု ဆိုင်ရာ ကိစ္စတွေကို အများပြည်သူ သိရှိနိုင်အောင်လို့ မိုး/ဇလ ဌာနက တိုင်းထွာရရှိသမျှကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ အခုနောက်ပိုင်း အက်ဖ်အမ် ရေဒီယိုများကနေတစ်ဆင့် ထုတ်လွှင့်ပေးမှသာ လူထုက သိရှိနိုင်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင် ( ဒါ ဦးထွန်းလွင်ရဲ့လေသံပါ) အခုနောက်ပိုင်းသဘာဝဘေးအန္တရာယ်ကို မြန်မာလူထုက ခံစားနေရတာနဲ့ပတ်သက်လို့ မြန်မာတာဝန်ရှိသူများဟာ ကြိုတင် အသိပေးမှုနဲ့ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်မှု အားနည်းလွန်းတယ်လို့ အများက စွပ်စွဲပြောဆိုလာကြပြီဖြစ်ပါတယ်။ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်လို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့ရာသီ ဥတု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မိုးဇလ ကမှ မထုတ်ပြန်ရင် ဘယ်သူမှ မသိနိုင်ပါဘူး လို့ ဆိုကြပါတယ်။ စင်စစ်အားဖြင့် မိုးဇလကနေပြီး သတင်းဖြန့်ဖြူးဖို့အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ လုပ်ရတယ်ဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ နောင်များ […]


လင်းဝေMarch 24, 20111min1477
ပြီးခဲ့တဲ့အပတ်က မြစ်ဝကျွန်းပေါ်ဘက် တိတိကျကျပြောရရင် ပင်လယ်ဝ ( တိုးမြစ် ၊ ရွေးမြစ် ၊ ဧရာဝတီမြစ် စသည် ) မြစ်များရဲ့ ပင်လယ်ဝမှာ ဖြစ်ပေါ်ခဲ့တဲ့ စိုက်ဆင်းလေပွေမုန်တိုင်းများကြောင့် ထိုနေရာတွေမှာ လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေ ဖောင်ပျက်ပြီး ပင်လယ်ထဲမျောပါသွားကြပါတယ်။ ရေလုပ်သားအရေအတွက်ဘယ်လောက်တောင်မျောပါသွားတယ်ဆိုတာသေချာမသိရသေးပေမယ့် ခန့်မှန်းချက်အရတော့ ဖျာပုံခရိုင် အတွင်းမှာပဲ လုပ်သား လေးထောင်ကျော်ခန့် ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။ ဖျာပုံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကျားဖောင် ၁၅ဝဝ နဲ့ ၊ မှတ်ပုံမတင်ထားတာ ၅ဝဝ ကျော်လောက်ရှိပြီး ဖောင်တစီးကို အနည်းဆုံး လူသုံးယောက် ပါတယ်ဆိုတော့ လူလေးထောင်ထက်မနည်း ပျောက်ဆုံးတယ်လို့ ခန့်မှန်းကြတာပါ။ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနကတော့ ဖျာပုံခရိုင်အတွင်းရှိ ကျားဖောင်များ အားလုံး ရာနှုန်းပြည့် ပျက်စီးသွားကြောင်းနှင့်၊ ပိုက်များမှာမူ ရေတွင်ချထားပြီး ဖြစ်၍ […]


လင်းဝေMarch 23, 20111min1525
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အကြောင်းပြောမိရင်း နဲ့ ကျင့်ဝတ်ပိုင်းအရ တန်းဖိုးထားမှု ပိုင်းအရ ပြန်လှန်စောင့်ထိမ်းကြဖို့သင့်တာ ဆင်ခြင်တွက်ဆ သင့်တာတွေကို ဆွေးနွေးဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်လာဖို့မရှိသေးပေမယ့် ကြိုတင်ပြင်ဆင် ရင့်ကျက်ထားတာကတော့ အမှားလည်းမဖြစ်နိုင်တာမို့ ဖတ်ထားမိတာ မှတ်ထားမိတာလေးတွေ ပြန်လည် ဝေမျှလိုက်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို လူ့ အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ မှာ ဖော်ပြထားပါတယ်။ ပြင်သစ်တော်လှန်ရေးကနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ဆိုတဲ့ အယူအဆကို စတင် မွေးဖွားပေးခဲ့တာပါ။ ပြင်သစ်တော်လှန်ရေး ကာလမှာ ပြင်သစ် အမျိုးသား လွှတ်တော်က The Declaration of the Rights of Man and of the Citizen, 1789 ကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ […]


လင်းဝေMarch 22, 20113min1471
အကျဘက်မှာ ငြိမ်နေတဲ့ ငွေဈေးပါပဲ။ ဆိတ်သားဈေးကတော့ ရန်ကုန်မှာ လက်လီ တစ်ပိဿာ ၉၀၀ဝဖြစ်သွားပါပြီ။ ဝက်နားရွက်ပြာတာနဲ့ ဆိတ်ဈေးလိုက်ခုန်တာပါ။ ခဏနေ ဝက်တွေ နေပြန်ကောင်းလာရင် သူလည်း ဈေးလိုက်တက်မယ်။ ဆိတ်က မသိချင်ဆောင်ပြီး ဈေးမချဘူး။ သင်္ကြန်ပိတ်ရက်မတိုင်ခင်တောင် ကြက်ဈေးလည်း တက်ချေရှိပါတယ် (ကဲ ငွေလဲနှုန်းဆိုပြီး ကြက်ဈေးကွက် ရောက်သွားပြီ။) ပုံမှန်ကတော့ ပါ့ခ်ရိုင်ရယ်၊ ဆီဒိုးနား၊ နဲ့ ဒီဂျေဘားမှာ ၅၀,၀၀ဝ (သို့) ဒေါ်လာ၆ဝ ပါ။ (ကြက် ၁ဝကီလို သွင်းဈေးပြောတာနော် ) း)) US Dollar Exchange Rate ( Tuesday , March 22, 2011 ) Yangon Market (Offer Price @ […]


လင်းဝေMarch 22, 20111min1524
အားလုံး သတိထားစေချင်လို့ပါ။ ရန်ကုန်မှာနေသူများ သတိထားကြပါ။ ၂၀၀၅ တုန်းက လက်သည်ကို သေချာတိကျစွာ ဖော်နိုင်ခဲ့တာမဟုတ်ပါဘူး။ အစိုးရက ဒီမိုအင်းအားစုနဲ့ ကရင်ဘက်ကို လက်ညိုးထိုးသလို လူထုကလည်း အစိုးရကို ပြန်ထိုးရင်းပြီးခဲ့တာပါပဲ။ တကယ်တမ်း လက်ရာက နိုင်ငံတကာမှာ ခွဲပုံမျိုးပါပဲ။ လန်ဒန်မှာ ဖြစ်တာနဲ့ ဆင်လွန်းပါတယ်။ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်းတောမြို့နယ် အတွင်း၌ တာလီဘန် အကြမ်းဖက် သမားများဟု သင်္ကာမကင်းသူ အစ္စလမ်ဘာသာဝင် ၁၀ဝ ဝန်းကျင်ကို မောင်းတော အခြေစိုက် နအဖအစိုးရ၏ နယ်စပ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(နစက) စစ် တပ်မှ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဖမ်းဆီးခံထားရသူများသည် ယခုလဆန်းပိုင်းတွင် မောင်းတောမြို့နယ်အတွင်းရှိ နစက တပ်ဖွဲ့တည်ရှိရာ ခမောင်းဆိပ်ကျေးရွာ အနီး၌ ဖောက်ခွဲရေးနှင့်ပတ်သက်သော […]


လင်းဝေMarch 21, 20111min1044
ကိုယ်တိုင်လည်း ထိုင်တာများပြီး ခါးညောင်းတတ်တယ်။ တစ်ခါတစ်ခါ ကိုယ့်ခါးကို ပြန်နှိပ်တဲ့အခါနှိပ်ရင် အညောင်းဆန့်တဲ့အခါဆန့်ရင်း အညောင်းဖြေပါတယ်။ များသောအားဖြင့် ဓါတ်လှေကားစောင့်နေရင်းဖြစ်ဖြစ်၊ တစ်ခုခုထယူရင်းဖြစ်ဖြစ် ခါးကိုလှည့်ပြီး အညောင်းဖြေဖြစ်ပါတယ်။ ကိုယ့်လိုပဲ သူများတွေလည်း ညောင်းတတ်မယ်။ ညောင်းတာနည်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေး ဝေမျှလိုက်ပါတယ်။ တနေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီလို နာရီများစွာ ထိုင်တဲ့အခါ ထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ်ပုံသဏ္ဍာန် ပျက်ယွင်းတာကစပြီး အသက် ၄၅-နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တနေရာတည်း နာရီများစွာ မလှုပ်မယှက် ထိုင်နေတာများလာရင် တင်ပါးအသားတွေ ပျော့တွဲလာတာ၊ သွေးကြော ပိတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ထိုင်နေတဲ့အခါ မတ်တတ်ရပ်အနေအထားထက် ပိုပြီး […]