“သီချင်း ငှက်ကလေးတစ်ကောင်နှင့်……………..……” တစ်ရက် အိမ်ရှေ့မှာထို်င်နေုတန်း ဟိုးခပ်ဝေးဝေးကနေ ဖွင့်ထားတဲ့သီချင်းလေးကခပ်သဲ့သဲ့လေးပျံ့လွင့်လို့လာပါတယ်။ “အဝေးမိုးကောင်းကင်ထက်မှာ ငါ့အလွမ်းငှက်ငယ်လေးတစ်ကောင်……………… အလင်းရောင်လေးရေ ဘယ်ဆီမှာ မင်းလင်းလက်လို့နေလဲ အဝေးက မင်းလေးရဲ့ခေါ်သံ ခြေရာခံရင်းတွေ့တဲ့ ထိရှာမယ်” ဒီသီချင်းလေးကိုကြားမိတော့ ကမ္ဘာမြေကို ပြန်မလာနိုင်တော့တဲ့ သီချင်းငှက်ကလေးတစ်ကောင်ကို သွားသတိရမိပါတယ်။ သတိရတယ်ဆိုလို့ သူနဲ့ကိုယ်နဲ့တွေ့ဘူးသလားဆိုတော့လဲမဟုတ်သေးပါဘူး။ သိလားဆိုရင်တော့ မသိဘူးပေါ့။ မသိဘူးလားဆိုရင်လဲ သိတယ်လို့ဘဲဖြေရပါမယ်။ သိလဲသိတယ် မသိလဲမသိဘူးပေါ့။ အဲဒီအလွမ်းငှက်ကလေးနဲ့ကျနော်ရဲ့ ဆုံတွေခြင်းအစကိုပြန်စဉ်းစားမိတော့…………………… 1985 တက္ကသို်လ်နောက်ဆုံးနှစ်အပြီး မှာတော့ ကျနော်မနှစ်သက်ပေမယ့်လဲ မိသားစုအလိုကျအောင့်အည်းလို့ လေးနှစ်လောက်နေခဲ့ရတဲ့နေရာဌာနကြီး ကိုကျောခိုင်းထွက်ခဲ့ပါတော့တယ်။ ကျနော်အဖေ့ဘက်က မိသားစုအားလုံးက ကျောင်းဆရာ ဆရာမ စာရေးစာချီအစရှိတဲ့ဝန်ထမ်းမိသားစုပါ။ နေ့စဉ် မှန်မှန်ရုံးတက် ရိုးရိုးကုပ်ကုပ်နေ ရလာတဲ့ဝင်ငွေကို တစ်လစာဝေပုံချလို့သုံး၊ ရှုပ်ရှုပ်ထွေးထွေးမရှိ၊ အပြောင်းအလဲမရှိသောဖြတ်သန်းမူ့နဲ့ဘဝကိုတည်ဆောက်လို့ထားကြပါတယ်။ ကျနော်ကတော့ အပြောင်းအလဲအသစ်အဆန်းနှစ်သက်သူ။ ဂီတကိုနှစ်သက်လို့ စာဖတ်ခြင်းကို စွဲမက်သူတစ်ယောက်။ ဆယ်တန်းအောင်စဉ်ကာလ […]


စဆရ ႀကီးAugust 11, 20111min56713
ငါဟာ မြန်မာပါ။ ငါဟာ မြန်မာပြည်ထဲက လူမျိုးနွယ်စုတွေထဲက လူတစ်ယောက်ဖြစ်တဲ့အတွက် ငါဟာလဲ မြန်မာပါပဲ။ ဒုဋ္ဌဝတီနဲ့ ကြီးပြင်းလာရပေမယ့်လည်း သူ့ရဲ့အရှင်သခင် ဧရာဝတီကို ငါမြတ်နိုးတယ်။ ငါ့သမိုင်းမှာ ဧရာဝတီဟာ မှတ်သားလောက်စရာ ကျေးဇူးမပြုခဲ့ပေမယ့်လည်း မြန်မာနိုင်ငံ အဓွန့်ရှည်နေခဲ့ဖို့ အဓိကအကျဆုံး သမိုင်းတွေကို ဖန်တီးခဲ့လို့ ငါလေးစားတယ်။ သူစီးဆင်းနေခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ စပါးကျီ ဖြစ်ပေါ်ခဲ့ရတဲ့အတွက်လည်း ငါကျေးဇူးတင်တယ်။ ကမ္ဘာမှာ မြန်မာလို့ သိရှိစေနိုင်တဲ့ ဧရာဝတီလင်းပိုင်တွေကို ရင်ဝယ်ပိုက်ထွေး မွေးမြူစေခဲ့တဲ့ သင့်ကို ငါ ချစ်ခင်ပါပေတယ်။ နိုင်းမြစ်ကြီးလောက် မရှည်ပေမယ့် မြန်မာနိုင်ငံရဲ့ အတွင်းအကျဆုံးအပိုင်းကနေ မျိုးချစ်စိတ် ထက်သန်စွာနဲ့ နှစ်ပေါင်း ထောင်သောင်းချီအောင် စီးဆင်းနေတဲ့ သင့်ကို ငါ ချီးကျူးတယ်။ မြစ်ဝါကြီးတော့ တိမ်ကောတော့မယ်။ သူ့လူမျိုးကတော့ ချစ်ကြပါရဲ့။ ခုတော့ ကယ်ဆယ်ဖို့ […]


“ဘယ်လိုခွဲမလဲ……………?” ပြီးခဲ့တဲ့ ဥပုဒ်နေ့ကပြင်ဦးလွင်ကိုသွားတော့ ပြင်စာအလွန်လောက်ရောက်တော့ ဆွဲကြိုးလေးတစ်ကုံး လမ်းပေါ်မှာကျနေတာတွေ့ရပါတယ်။ ကျနော်တို့အဖွဲ့ထဲက ကလေးတစ်ယောက်ကဆိုင်ကယ်ရပ်ပြီး ဆင်းကောက်ပါတယ်။ အသွားအလာကလဲရှင်းတယ်လို့လဲသူ ကောက်ရဲတာပါ။ လူဆိုတာ ဒီအတိုင်းပါဘဲ ကိုယ်လုပ်တာ ကို သူများမသိရင် မမြင်လောက်ဘူးထင်ရင် ဘာဖြစ်ဖြစ်လုပ်ရဲကြတာများပါတယ်။ ဆွဲကြိုးဆင်းကောက်တဲ့ကောင်လေး ကျနော့်ဆိုင်ကယ်ကိုမှီလာတော့ “လေးပေါက်ရေ တောင်ပြုန်း တောင်ပြုန်း”လို့ ရီကျဲကျဲနဲ့ ပြောတော့ ကျနော်သဘောပေါက်သွားပါတယ်။ ဒါနဲ့ဘဲဆက်ပြီး စီးလာလိုက်ကြတာ ပြည်တော်ချစ်ဘုရားကို အရင်ဝင်ဖူး၊ ပြီးတော့မှ သူအောက်မှာရှိနေတဲ့ ပွဲကောက်ရေတံခွန်ကိုဆင်းကြပါတယ်။ တနင်္ဂနွေနဲ့ဥပုဒ်နေ့တိုက်တာရယ် နယ်က ဘုရားဖူးတွေကတောင်ပြုံးပွဲကိုလာကြရင်း ပြင်ဦးလွင်ကိုဆက်တက်လာကြတော့ နေရာအနှံ့ လည်ပတ်သူတွေနဲ့စည်ကားလို့နေပါတယ်။ (ကျနော့်တို့မန်းလေးသားမှန်ရင် ဘယ်သူမှ” ပြင်ဦးလွင်သွားမယ်”လို့မပြောပါဘူး၊ “မေမြို့တက်မယ်”လို့ဘဲပြောလေ့ရှိပါတယ်။ ဒါလေးက ကြုံလို့ ပွားလိုက်တာပါ။) ပွဲကောက်ရေတံခွန်ကိုတော့ ငယ်ငယ်လေးကတည်းက BE FALL(ဘီးအီးဖော)လို့ နုတ်ကျိုးနေပြန်ပါတယ်။ ရေတံခွန်က ရေတွေတဝေါဝေါကျနေတာမြင်တော့လူကြီးလူငယ် မိန်းမယောက်ျားအတော်များများက ရေဆင်းကူးကြပါတယ်။ […]


kaiAugust 10, 20111min45612
မှောင်မည်းတိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲမှာ အသက်ကို တပင်တပန်း ရှူရှိုက်နေရစဉ် ညတိုင်း ချောက်ချားနေရမြဲဖြစ်သော အသံတို့က တဖျတ်ဖျတ်နှင့် နားထဲသို့ ဆိုးဆိုးရွားရွား ဝင်ရောက်လာသည်။ ဒါ … အဲဒီအသံ။ ဘုရား ဘုရား … လူ့ဘဝမှာ အသက်ရှင်နေထိုင်ရစဉ် ခဏလေးမှာ အဲဒီအသံတွေက ဘာဖြစ်လို့ ညစဉ်လို လိုက်ပြီး နှိပ်စက်နေရတာလဲ။ လူတဦးတယောက် ဒဏ်ရာတွေ ဗရပွနဲ့ ဒယိုင်းဒယိုင် ပြိုလဲနေတဲ့အ ချိန်မှာ အဲဒီသတ္တဝါတွေက ဒီလောက် နားဝင်ဆိုးလှတဲ့ အသံတွေမျိုးစုံ အော်ဟစ်ပြပြီး ပျော်ရွှင်မြူးထူးပြနေဖို့ မကောင်းဘူးဟု ထင်ပါသည်။ သူတို့မှာ ဦးနှောက်လည်းမရှိ၊ နှလုံးသားလည်း မရှိ၊ ဒါကြောင့် ကိုယ်ချင်းစာတ ရားရှိကြောင်းလည်း စိုးစဉ်းမျှ မျှော်လင့်နေစရာမလို။ ထို့အပြင် သူတို့မှာ (သူတို့ကိုလည်း ရန်မပြုပါဘဲနှင့်) လူတွေကို ရောဂါပိုးပေါင်းများစွာ […]


naywoon niAugust 9, 20111min3806
စာမေးပွဲခန်းက ထွက်တော့ စောစောက ကောင်မလေးကို ကင်းန်တင်းမှာ မုန့်ကျွေးမယ်ဆိုပြီး ခေါ်လာခဲ့တယ်..။ ခပ်တည်တည်ပဲ..။ ကင်းန်တင်းရောက်တော့ ဆရာသိန်းထွန်းနဲ့ တွေ့တယ်..။ ဆရာက နေဝန်းနီကို စာရွက်တစ်ရွက်ပေးပြီး ထွက်သွားတယ်..။ အဆောင်ရောက်မှ ကြည့်တော့ တဲ့..။ အဲဒါနဲ့ အိတ်ထဲပဲ အသာထည့်ထားလိုက်တယ်..။ ပါလာတဲ့ ကောင်မလေးကတော့ မုန့်တစ်ပွဲမှာစားနေတယ်..။ ခုထိသူ့နာမယ်လည်း သိသေးဘူး..။ ကောင်းရော..။ ခဏနေတော့ နောက်တစ်နေ့ မေဂျာ ဖြေရမှာမို့ ပြန်မယ်တဲ့..။ အဲဒိတော့မှ..။ “ ဆရာ ..စောစောကပေးတာ ငါ့လည်းပြောဦး” တဲ့…။ နေဝန်းနီက “ အင်း… ညနေကျတော့ နင့် အဆောင်ငါလာပြောမယ်လေ…။ ခုတော့ လူရှုပ်နေတာ ဆရာကလည်း အဆောင်ရောက်မှ ကြည့်လို့ မှာသွားတယ်..။ “ လို့ ပြောတော့ “အင်း…။ နင်အခု […]


ကျနော်တို့ မိုးကုတ်ရောက်တဲ့ည ကျတော့ ညနေစာ ထမင်းစားထွက်ရင်းတည်းခိုးခန်းနားလေးမှာရှိတဲ့ညဈေးလေးကို လမ်းလျှောက်ကြပါတယ်။ လမ်းဒေါင့်နားလေးမှာ အင်တာနက်ဆိုင်လေးတစ်ဆိုင်ရှိတယ်။ အဲတော့လဲ ရန်ကုန်သွားတုန်းကလို့ မနက်စောစော အင်တာနက်ဆိုင် ထိုင်လို့ရနိုင်တယ်ပေါ့။ နောက် ပူရီ တိုရှည် ချပါတီရတယ်လို့ စာရေးထားတဲ့ အိန္ဒိယ စားသောက်ဆိုင်လေးကိုတွေ့တော့ မနက်လာစားမယ်ဆိုပြီး စိတ်ကူးထားကြပါတယ်။ မနက် ခြောက်နာရီလောက် အိပ်ယာထ လမ်းလျှောက် 7နာရီထိုးခါနီးလောက် ညကတွေ့တဲ့ဆိုင်လေးကို မုန့်စားဘို့လာတော့ ဆိုင်ကမဖွင့်သေးပါဘူး။ ကိုးနာရီကျော်လောက်မှ ဖွင့်မယ်လို့သိရပါတယ်။ အဲဒါနဲ့ဘဲ လမ်းဒေါင့်နားက ရတနာကောင်းကင်စာပေနဲ့မျက်နှာခြင်းဆိုင်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်လေးမှာဘဲ မနက်စာ စားလိုက်ကြပါတယ်။ အဲဒါနဲ့ညကတွေ့လိုက်တဲ့အင်တာနက်ဆိုင်လေးကိုကြည့်လိုက်တော့ သော့ပိတ်ရက်သား။ သူလဲကိုးနာရီဘဲနေမှာလို့တွေးမိတော့ ခြေဦးတည့်ရာလမ်းလျှောက်လို့လာခဲ့ကြပါတယ်။ မနက်7နာရီကျော်ပေမယ့် မနက်စောစော ကားဟွန်းသံမရှိ ၊ ကလေးငိုသံမရှိ၊ ဟန်းဖုန်းမြည်သံမရှိ မြိုု့လေးက ပကတိ တိတ်ဆိတ်ငြိမ်သက်။ လမ်းပေါ်မှာရှိနေတဲ့ အနည်းငယ်သောလူတွေကလဲ အေးအေးဆေးဆေး။ ကားတွေကလဲအေးဆေး၊ […]


“လိုအပ် တောင့်တ ……..မျှော်လင့်…….ကြောင့်ကျ” 2011 ဇူလိုင်26 ကျနော်နဲ့ကိုအောင်မောင်း အလုပ်ကိစ္စနဲ့မိုးကုတ်ကို တက်ခဲ့ကြပါတယ်။ ရတနာမြေ ဒယ်အိုးထဲက မြို့ကလေး ဓါတ်ပုံတွေထဲမှာသာ ငေးခဲ့ရပေမယ့်တစ်ခါမှတော့မရောက်ဘူးခဲ့။ အကွေ့ပေါင်း 999 ကွေ့ရှိတယ်လို့ ကြံကြံဖန်ဖန်မှတ်သူက မှတ်ထားပါသေးတယ်။ မန်းလေးမြို့မြောက်ဘက် မန်းလေးတောင်ကြီးကိုပတ်လို့ထွက်၊ အိုးဘို ရွှေကျင်ကို ကျော်လိုက်ပြီဆိုတာနဲ့ ရိတ်သိမ်းချိန်နီးနေတဲ့အဝါရောင် စပါးခင်းတွေမှာတွေ့ရတာ စိတ်ကြည်နူးစရာကောင်းလှပါတယ်။ မန္တလေးမြို့မြောက်ဘက်ကိုထွက်တဲ့လမ်းဘက်ကို မရောက်တာ ကြာပြီလို့ဆိုနိုင်ပါတယ်။ ကြာနီကန်သုဿန်ကို နာရေး လိုက်ပို့တာကလွဲရင် သူ့ရဲ့မြောက်ဘက်ကိုကျော်လွန်လို့မသွားဖြစ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့မြို့ပြင်ကိုရောက်လေ ကျယ်ပြန့်လွတ်လပ်တဲ့မြင်ကွင်းတွေကို တွေ့ရလေပါဘဲ။ မတ္တရာကိုကျော်တာနဲ့အရှေ့ဘက်မှက တောင်စဉ်တန်း တွေ၊ အနောက်ဘက်မှာတော့ စိမ်းတချို့ဝါတစ်ချို့စပါးခင်းတွေထဲမှာနေပူတာတောင်ဂရုမထားနိုင်အားဘဲလုပ်ငန်းခွင်ဆင်းနေကြ။ ကားလေးက မြောက်ဘက်ကိုသွားရင်း ဟိုး အနောက်ဘက်ဝေးဝေးမှာဖြူဖွေးနေတဲ့ကျောက်ဆောင်ကြီးတွေ့လို့မေး ကြည့်တော့ “ စကျင်တောင်”လို့ဖြေပါတယ်။ မျက်စေ့တစ်ဆုံးရှိနေတဲ့လယ်ကွင်းတွေရဲ့အလွန်မှာ ထီးထီးကြီးရှိနေတဲ့ဖြူဖွေးမြင့်မားတဲ့တောင်ကြီးမြင်ရတာတမျိုးလှပ၊ တဖြည်းဖြည်းနဲ့နီးလာမှ ဖြူဖွေးနေတဲ့စကျင်ကျောက်တွေကိုထမ်းထားတဲ့အကြီးအသေးတန်းစီနေတဲ့ တောင်ကြီးလေးလုံးကိုမြင်ရပါတယ်။ ဟိုငေးဒီငေးနဲ့လိုက်သွားလိုက်တာ 11နာရီလက်ပန်လှရောက်တော့ထမင်းစား။ […]


naywoon niAugust 6, 20111min2260
စာမေးပွဲ ဖြေရတာ သိပ်မခက်ခဲပါဘူး..။ နေခင်းဖြေရတာဆိုတော့ မနက်စာကို ဆယ်နာရီလောက် ကတည်းက စားထားလိုက်တယ်..။ အနားကပ်စားရင် ထမင်းဆိပ်နဲ့ အိပ်ငိုက် နေမှာစိုးလို့ ..။ အဆောင်ကလည်း အဆင်ပြောအောင် စီစဉ်ပေးပါတယ်..။ နေဝန်းနီ တို့က ဘီးအီးဒီစီ အဆင့်မဟုတ်တော့ဘူး ။ မန္တလေး ဒရိုင်းဂျင် အဆင့်ရောက်သွားပြီ..။ အံမာ… တစ်လုံး ခုနှစ်ကျပ် ပြားနှစ်ဆယ်ကနေ လေးဆယ့်ငါး ကျပ်တန် အဆင့်ရောက်သွားတာပါ…။ သံပုရာသီး ဆောင်ရ သကြားရှာရနဲ့ ကရိကထ တော့ နိုင်တာပေါ့…။ အရက်သမားတွေပြောနေကြ စကားရှိသား…။ ဘီအီး-ဘီယာ …။ ရမ်-ဆော်ဒါ ..။ ဂျင်-သံပုရာတဲ့..လေ..။ စာမေးပွဲတွင်းကို အပြန်ကဲနေတာ..။ အိမ်ပြန်ရောက်သွားရင် အရက်သောက်ဖို့ ထင်သလား ဆိုင်ရှေ့ကတောင် ဖြတ်လျှောက်လို့ ရမှာမဟုတ်ဘူး..။ စာမေးပွဲ ပထမဆုံးနေ့ နိုင်ငံရေး […]


မောင် ပေAugust 5, 20111min4077
နွေ ၊ မိုး ၊ ဆောင်း တို ့တစ်လှည့်စီ ပြောင်းလဲခြင်း နှင့် အတူ ရန်ကနား ၏သမီးလေး ချစ်စုသည် လည်း မူကြို တက်သည့် အရွယ်  ၊ ၅ နှစ်ကျော် သို ့ရောက်လာခဲ့သည် ။ အရွယ်ရောက်လာသည် နှင့် ချစ်စု လေး ၏ မျက်နှာမှာ တရုတ်ရုပ်တစ်ဖြည်းဖြည်းပေါက်လာသည် ။ ချစ်စု ကို တရုတ်မ လို ့လည်း ရပ်ကွက် က ဝိုင်းအမည်ပေးထားသည် ။ ချစ်စု (ခ) တရုတ်မ ပေါ့လေ ။ ရန်ကနား တစ်ယောက် သမီး ကို သူများ သားသမီးတွေ လို မူကြို ထားချင်သောကြောင့် ၊ […]


fattyAugust 4, 20111min60213
အမေ အတော်ပျော်နေပုံရသည်။ ပင်စင်လစာအသစ်တွေ တချို့ထုတ်နေရပြီဖြစ်ကြောင်း ဂျာနယ်များတွင်ပါလာပြီ။ အနှစ် ၃ဝ လုံးလုံး အစိုးရအမှုထမ်းအဖြစ် တာဝန်ယူပြီး အသက်မပြည့်မီ မြေးများကိုထိမ်းရန် ပင်စင်ယူလိုက်ရသည်။ ဝန်ထမ်းဘဝကလည်း ထားရာနေ စေရာသွား တာဝန်ကျေအောင် အနယ်နယ်သို့လှည့်ခဲ့ရသည်။ တခါတခါ အမေနေမကောင်းသော်လည်း အားခဲကာ ရုံးတက်ခဲ့ရသည်များကို အမှတ်ရမိပါသည်။ သားသမီးများတက္ကသိုလ် ဆက်ထားနိုင်ရေး အိမ်တိုင်ပါ ချွတ်ရောင်းခဲ့ရသည်။ အဖွားအရွယ်ရောက်တော့ သားသမီး မြေးများကို မုန့်ဖိုးပေးချင်သည်။ အမေ့မှာ တပြားမှမရှိတော့ … သူများလာ ကတော့သည့်ငွေလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မလှုရက်မတန်းရက် .. မုန့်ဖိုးပေးရမှကျေနပ်သည်။ အမေပေးသောမုန့်ဖိုးသည် ယနေ့ခေတ် ဆိုက်ကားခသာရှိတော့သည်ကို အမေသိချင်မှသိမည်။ ဘာပြောပြော သူကတော့ ပေးလိုက်ရလျှင် အကျေနပ်ကြီးကျေနပ်နေပါတော့သည်။ ကျနော်ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်စဉ် အဆောင်မှာ ထမင်းစားမကောင်းပါက လှည်းတန်း ကိုယုန် […]


မောင် ပေAugust 4, 20111min61614
ရန်ကနား သည် ဘယာကြော် ဟု ခေါ်သော ၊ကုလားပဲ ကို ကြိတ်ပြီး လက်ဆွဲမီးဖိုလေး နှင့် လမ်းတစ်ကာ လိုက်ကြော်ရောင်းသူ တစ်ယောက်ဖြစ်သည် ။ ရန်ကနား သည် အသက် ၃ဝ ကျော် ခန် ့ရှိ လူပျိုတစ်ဦး ဖြစ်ပြီး သူတို ့အမျိုးတွေ ကြားမှာတော့ တွန် ့တိုတတ်သူ ကပ်စေးနည်း သူ တစ်ဦးအဖြစ် ကျော်ကြားသည် ။ နေ ့လည်ခင်း အချိန်များတွင် စာသင်ကျောင်းပေါက် များ၌ လိုက်လံ ဈေးရောင်းသည် ။ ညနေခင်းနှင့် ညပိုင်းကိုတော့ စည်ဘီယာဆိုင် များ အရက်ဆိုင် များ အနီးတွင် လိုက်လံ ရောင်းချသည် ။ ရန်ကနား ၏ တစ်ရက် ဝင်ငွေ […]


လူတော်တော်များများ ့မဟာဓမ္မဂန္ဒီရဲ ဖိနပ့်တစ်ဖက်အကြောင်း ကိုဖတ်ခဲ ့ဘူးမှာပါ။ဖတ်ဖူးခဲ ့ရင်လည်းမှတ်မိအောင်ထပ်ဖတ်ကြည့်မယ်နော် တခါကဂန္ဓီဟာ ခရီး တခုကို ရထားစီး သွားဖို့ ရထားဘူတာကိုရောက်လာခဲ့ပါတယ်။သူရောက်လာတယ်ဆိုရင်ပဲ ရထားက စတင်ပြီး ထွက်ခွါဖို့ ဘီးစလှိမ့်နေပြီ။ ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတန်းတက်လိုက်ရတယ်။ရထားခြေနင်းခုံနဲ့ သူ့ရဲ့ခြေထောက်တဘက်တိုက်မိပြီး သူ့ရဲ့ဖိနပ်တဖက် ဟာ ရထားအောက်သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။ဒီတော့ ကျန်နေတဲ့ ဖိနပ်တဖက်နဲ့ ဂန္ဓီရထားပေါ်ကို သေချာရောက်သွားတယ် ဆိုရင်ပဲ ဂန္ဓီက ကျန်နေခဲ့တဲ့ ဖိနပ်တဖက်ကိုကမန်းကတန်းချွတ်လိုက်ပြီး စောစောကကျသွားတဲ့ ဖိနပ်ရှိမှန်းသိပြီး ကျန်နေတဲ့ဖိနပ်ကိုပစ် ချလိုက်ပါတယ်။ သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတယောက်တွေ့တော့ “ဘာလုပ်တာလဲဗျ…။ ဘာဖြစ်လို့ ကျန်နေ တဲ့ ဖိနပ်တဖက်ကို လွှင့်ပစ်လိုက်ရတာလဲ။” လို့မေးတယ်။ အဲဒီအခါမှာ ဂန္ဓီကြီးက အခုလိုပြန်ဖြေခဲ့သတဲ့။ “ကျနော့်ဆီမှာကျန်နေခဲ့တဲ့ဖိနပ်က ဘာမှလုပ်လို့မရတော့ ဘူးလေ။ […]


“အဂွမ်းဇယားတွေနဲ့လွင့်သွားတဲ့ကံစမ်းမဲ” တစ်ချို့လူတွေက ပစ္စည်းကိုမက်တာမဟုတ်ပေမယ့်ကံစမ်းမဲပေါက်ဘူးချင်တာ။ မဲပေါက်တယ်ဆိုတာ ကံကောင်းမှပေါက်တယ်လို့ယူဆထားတာကိုးဗျ။ ကျနော်သိတဲ့တစ်ယောက်ဆို ကံစမ်းမဲပေါက်ချင်လွန်းလို့ မဲပါတယ်လို့ဆိုတဲ့ပစ္စည်းမှန်သမျှ ဝယ်စား ဝယ်သုံးလုပ်ပါတယ်။ ကောင်းကောင်း မကောင်းကောင်းမဲပါတဲ့ ဆပ်ပြာမူန့်ကိုဝယ်သုံးပါတယ်။ အနံ့ကြိုက် ကြိုက် မကြိုက်ကြိုက် ကံစမ်းမဲပါတယ်ဆို တဲ့ ကိုယ်တို်က်ဆပ်ပြာကို ပြောင်းသုံးပါတယ်။ သူ့မိန်းမက သူ့ကို ချစ်စနိုးနဲ့ “မောင်ကဲ” လု့ိခေါ်ပါတယ်။ သူကတော့ အဟုတ်တွေမှတ်လို့ ဟိုက ရွှဲ့ပြီး သူကို့ “မဲကောင်”လို့ခေါ်တာ သူမသိရှာဘူး။ စက်ဘီးပါတယ် TV ပါတယ်ပန်ကာ ပါတယ်ရွှေဆွဲကြိုး ပါတယ် မီးပူ ပါတယ်ငွေသား ပါတယ်လို့ပြောတာနဲ့ သူ့မှာဝယ်လိုက်ရတဲ့နေကြာစေ့ထုပ်စားလိုက်ရတာလဲပါးစပ်တွေတောင်ပေါက်လို့။ တစ်ခါတစ်လေများ သူမစားချင်ရင်တောင်မှ ကလေးတွေကို ဝယ်ပေးပြီး ကလေးတွေက နေကြာစေ့စား သူက ကံစမ်းမဲယူပေါ့။ အဲလောက်တောင် ဇွဲကြီးရှာတာပါ။ သူ့မှာ ခြင်းတောင်းနဲ့တစ်လုံးအပြည့် သိမ်းထားပါတယ်။ “ကျေးဇူးတင်ပါသည်”အိပ်မက်လှလှမက်ပါစေ”တို့ […]