နွယ်ပင် အလုပ်လုပ်တဲ့ မဂ္ဂဇင်းက ကဏ္ဍာအသစ်လေးတွေကိုလဲ အယ်ဒီတာတွေက စဉ်းစားပေးရတယ် တစ်ခြား မဂ္ဂဇင်းကမဟုတ်တဲ့ ကိုယ်ပိုင် ကဏ္ဍာလေးတွေကို မန်းနေဂျင်းဒါရိုက်တာဆိုတဲ့ မမကြီးဆီကို တင်ပြပြီး သူက သဘောတူရင် လုပ်ပေးရတယ် ။ ကဏ္ဍာ အသစ်ကို စပြီးစဉ်းစားပြီဆို အရမ်းကို ဦးနှောက်စားပြီး စိတ်ညစ်စိတ်တိုတဲ့ နေ့ရက်တွေပါပဲ နောက် ကဏ္ဍာကလည်း တစ်ခုထဲ မဟုတ်ဘဲ နှစ်ခု သုံးခုလောက်ကို တစ်ခြား မဂ္ဂဇင်းတွေနဲ့ မတူတဲ့ ကိုယ်ပိုင်စစ်စစ်တွေဖြစ်အောင်လဲ ဂရုစိုက်ရသေးတယ် နွယ်ပင်နဲ့ နွယ်ပင်ရဲ့တစ်ယောက်သောသူက entertainment ဘက်ကို တာဝန်ယူထားရတော့ အဲ့အချိန်ဆိုရင်တော့ တကယ့်ရန်သူတွေလိုမျိုး စကားများကြ ရန်ထောင်ကြနဲပေါ့ ။နောက်ဆုံး နှစ်ယောက်လုံး သဘောကျပြီး အဆင်ပြေမယ့် ကဏ္ဍာလေးကို စဉ်းစားမိကြတယ် ဒီဟာလေးက အနုပညာရှင်တွေရဲ့ အခြားတစ်ဖက်ကလုပ်ဆောင်နေတဲ့ အနုပညာနဲ့ ပတ်သတ်တဲ့ […]