ကျွန်တော်က စာပေကိုချစ်သည်။ဘဝတစ်ခြမ်းကိုယ်လွမ်းစရာကဗျာဟုတင်စားမိသည်လေ။ ကဗျာကို ချစ်သူလို မက်မောခဲ့သည်။ကဗျာကို ချစ်တတ်သော ချစ်သူတစ်ယောက် ကံကောင်းစွာပဲ ရခဲ့ဖူးသည်။ကဗျာတွေရွတ်ပြခဲ့ ကြ၊လသာညတွေမှာ နှစ်ယောက်သားဆုံတွေ့ကာ ကဗျာတွေ ပြောဖြစ်ရင်းသူမက ဂစ်တာတီးလို့ သီချင်းဆိုပြခဲ့သည်။ဘဝဟာ အလှတရားနှင့် ကဗျာဆန်ခဲ့ ဖူးပါသည်။ အညာရွာမှာ ညာတာဝါတာမရှိ အချစ်ကြီးချစ်တတ်ပေမယ့် ညစ်တီးညစ်ပတ်တွေမရှိ…..။ ကွန်စစ်ကောင်းရဲ့ ကဗျာ တစ်စ သတိရမိသည်။သို့သော် အချစ်စစ်သည် ဆုံးစည်းရန်ခဲယဉ်းသည်ထင်ဝေးခဲ့ ကြရသည်။ဝေးတာမှ ရေခြားမြေခြား။ ချစ်ခြင်းတစ်စ ၊သမုဒယအပူ သူ့မှ သူဆိုတဲ့ အစွဲ….။ကျွန်တော်၏တဏှာ အစွဲကို တော်တော်ကြီး ပါးအောင်ပြုခဲ့ရသည်။ ဒီတော ကျားရဲပေါ၏….လာအချစ်မျှစ်ချိုးလိုက်ခဲ့။အချစ်သည် ကျားကို မကြောက်၊အန္တရာယ် ကိုပင်ရင်ဆိုင်ရဲသည်။အချစ်သည် တစ္ဆေမကြောက်မြွေမကြောက်ပါမောင်လာခဲ့ မည် လာခဲ့ မည်ဟု ကြွေးကြော်ခဲ့သည်လေ.အော် ငါငယ်ခိုက်ပေမို့ မိုက်မိတယ်ပဲပြောလေမလား။ မောင်မဝါရဘူးနော် သူပြောတဲ့ နေ့က ကောက်ရိုးနံ့သင်းတဲ့ တလင်းပြင်မှာ […]