ဦး ဂ်စ္March 28, 20121min1804
ဆက်သွယ်ခြင်းရဲ့ နိမိတ် ——————————– အစပြုတယ်ဆိုတာ သင့်ကို ဂရုစိုက်လို့ဖြစ်တယ်.. . မဆက်သွယ်ဘူးဆိုတာ…ကိုယ့်ကိုယ်ကို သိမ်ငယ်မိလို့ဖြစ်တယ်…. မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေးတစ်ယောက်က မိမိရဲ ့လှုပ်ရှားမှု အကျင့်တွေကို စွန့်လွှတ်ပြီး…သင့်ကို အစပြု ဆက်သွယ်တယ်…. ဖုန်းတွေဆက်တယ်…စာတွေပို့တယ်…. တကြိမ်… နှစ်ကြိမ်…သုံးကြိမ်….စသဖြင့်.. မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေးတစ်ယောက်က မိမိရဲ့ ့မာနတရားကို မျက်ကွယ်ပြုပြီး..ကိစ္စရှိရှိ မရှိရှိ သင့်ကို ဆက်သွယ်တယ်.. သင် ဘာလုပ်နေလဲ ဆိုတာ သိချင်တယ်…. တရက်… နှစ်ရက် …သုံးရက်…စသဖြင့်… ဒီလိုနဲ့ကြာလာတဲ့အခါ… သင့်အနေနဲ ့သူဟာ အဖိုးမတန်ဘူးလို့ ထင်လာတယ်… သင် လုံးဝ ဂရုမစိုက်တော့ဘူး… တခါတလေမှာ…သင်ဟာ အကြောင်းအကျိုးကြောင့်ဖြစ်တယ်လို ့ယူဆတတ်လာတယ်… မိမိဟာ လှပ ကံကောင်းလို့… သူ့အနေနဲ့ ဆက်သွယ်သင့်တယ် ဆိုတဲ ့မာနတရားဝင်လာပြီဆိုရင် […]


ကြောင်လတ်March 27, 20121min2899
ခွေးတစ်ကောင်ရဲ့ခံစားချက် တောထဲမှာ သားကောင်ငယ်တွေရှားပါးတော့ ပုံမှန်ရှာဖွေ စားသောက် ဖို့ရာအခက်အခဲဖြစ်လာတဲ့အခါ ကျားတစ်ကောင်ဟာ တောနဲ့ကပ်လျက် ရွာတစ်ရွာထဲက နွားပေါက်ကလေးကို ဝင်ဆွဲပြီးစားတယ်။ ဒီလိုစားရတာလဲ တစ်ကြိမ်တည်းမဟုတ်ပါဘူး။ အခြေအနေ ပေးရင်ပေးသလို အကြိမ်ကြိမ် သွားပြီး ဆွဲစားခဲ့တာပါ။  နွားပေါက်လေးကို ရွာနောက်ဖက်တောစပ်ကိုဆွဲသွားပြီး ပေါင်သား၊ လက်ပြင်သားနဲ့ အသားကောင်းတွေကို စား၊ ကျန်တာတွေကို ထားပြီး မိုးမလင်းခင်တောထဲပြန်ဝင်သွားပါတယ်။ ကျန်တဲ့ နံရိုး တွေ နဲ့လက်တွေခြေတွေ ကို တောခွေးတစ်အုပ်က ဝိုင်းတုတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ အသားနဲ့ အရွတ် အကြောအနည်းငယ်ကျန်တဲ့ အရိုးတွေကို တော့ သိန်းငှက်တစ်ကောင်က ရွာနဲ့ ကပ်လျှက်သချင်္ု ိင်းအနီးကကုက္ကိုပင်ကြီးတစ်ပင်ကို ချီယူလာပြီး စားပါတယ်။ သစ်ပင်ရဲ့အောက်မှာတော့ ခွေးတစ်ကောင်ဟာ စောင့်ကြောင့်ထိုင်ရင် အပင်ပေါ်က သိမ်းငှက် ကိုမော့ကြည့်ရင်း ပါးစပ်ကိုဟ၊ လျှာလေးတစ်လစ်ထုပ်ပြီး သွားရေတမျှားမျှားနဲ့ […]


alinsettMarch 25, 20121min46310
* သူငယ်ချင်းေ၇… မင်းရဲ ့လက်တွေနဲ ့ ဖန်ဆင်းတဲ့.. ပျိုးခင်း လှလှတွေ.. ဘယ်သူ ဆွဲ နှုတ်နေခဲ့သလဲ.. ? * မင်းတို ့ ငါတို ့ရဲ့ မျက်ရည်ကို ညှစ် ထုတ်နေတဲ့ လက်တွေ….။ * ချွေး စက်တွေ..နဲ ့ ပျိုးတဲ့…စိုက်ခင်းတွေကိုတောင်… အပိုင်..စိုး…လို ့.. ငါတို ့ပဲ…. ငိုရတယ် ။ * အဲဒီနောက်… ငါတို ့ပဲ..ငိုကြွေး.ရတယ်။ * သူငယ်ချင်းရေ… ကြောက်ရွ ံ့သူတွေရဲ ့နယ်မြေထဲ..ကို… အလိုကြီးသူတို့ ….စီး..တတ်တယ် ။ * သူငယ်ချင်းလေးရေ…. အစ အန မကျန်အောာင်.. မရှင်းလင်းနိုင်သေးသ၍တော့ ငါတို ့…..”.မှောင် ” …နေရဦးမယ် ။ […]


ETMarch 25, 20121min144436
နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကူးပြောင်းလာမှာကို ကြိုဆိုပေးမယ့် မင်္ဂလာ အတာသင်္ကြန်ကာလကလဲ မကြာခင်ရောက်လာတော့မှာပါ………….. တစ်ခြားနိုင်ငံတွေမှာတော့ မသိပါဘူး။ မြန်မာနို်င်ငံမှာတော့ နှစ်သစ်ကူးချိန်နဲ့ သစ်ပင်များက ရွက်သစ်လောင်းလို့ ရွက်ဟောင်းခြွေချချိန်က သိပ်မကွာလှပါဘူး။ မဆီမဆိုင် ရေးခဲ့ဖူးတဲ့ တိုးလို့တန်းလန်း ကဗျာတစ်ပိုဒ်ကို သွားသတိရမိသေးတယ်……….. “ရွက်ဟောင်းမကြွေ….တည်နေသောကြောင့် ရွက်သစ်တွေလည်း…….မဝေနိုင်။ (အလင်္ကာည) သစ်ပင်ပေါ်မှာပုရစ်ဖူးတွေဝေပြီဆိုရင် သင်္ကြန်ရောက်တော့မယ် ၊ နှစ်ကူးတော့မယ် ဆိုတာ အချက်ပြလိုက်သလိုပါဘဲ။ ကမ္ဘာပေါ်မှာရှိကြတဲ့လူမျုးိအသီးသီးတိုင်းရဲ့တိုင်းပြည်တိုင်း မှာ “နှစ်သစ်ကူး” ဆိုတာ ရှိကြပါတယ်။ ကျွန်တော်တို့နဲ့ ဝေးကွာလွန်းတဲ့အလှမ်းဝေးတဲ့နိုင်ငံတွေက လူမျုးိတွေမှာဘယ်လိုနှစ်သစ်ကူးပွဲကို ဆင်နွဲ တယ်ဆိုတာ သိပ်မသိရပေမယ့် မြန်မာနိုင်ငံနဲ့ဆက်စပ်ပါတ်သက်နေတဲ့ အာရှတစ်လွားက နိုင်ငံများမှာ တော့ နှစ်သစ်ကူးပွဲတော်ကို အထွဋ်အမြတ်ထားလို့ ဆင်နွဲကြတာကိုတော့ သိနေကြားနေရပါတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်သစ်ကူး မတိုင်ခင်ရက်မှာ နှစ်ဟောင်းက အညစ်အကြေးတွေဆေးကြောတဲ့ “မဟာသင်္ကြန်” ပွဲတော်ကို ဆင်နွဲကြပါတယ်။ […]


ကထူးဆန္းMarch 25, 20121min60523
ကထူးဆန်း အသစ်စက်စက် ဝတ်စကုပ်ကိုဝတ်လိုက်သည်။ သူကြီး ဦးခိုင် ပို့လိုက်သော မနေ့ ကမှ ရရှိသည့် CJ ကဒ်ပြားကို ပလပ်စတစ်လောင်း ပြီးလည်ပင်း မှာ အနီရောင် ကြိူးဖြင့် ခန့်ခန့်ကြီး ချိတ်ဆွဲလိုက်သည်။ ပြီး ကင်မရာအိတ် နှစ်ခုထပ်ကာ ချိတ်ဆွဲလိုက်သည်။ အိတ်သာ ချိတ်ဆွဲထားခြင်းဖြစ်ပြီး တစ်ကယ့်တစ်ကယ်တော့ အထဲမှာ ဘာမှ မရှိ။ အများမြင်လျင်လက်ထဲမှာလည်း ကင်မရာတစ်လုံး လည်ပင်းမှာလည်း နှစ်လုံးနှင့် အထင်ကြီး စရာဖြစ်အောင် လုပ်နေခြင်းသက်သက်သာ။ အပြာရောင် ဝတ်စကုပ်နောက်ကျောတွင် အဖြူရောင် CJ ကို နောက်ကျော အပြည့်နီးပါးရေးထားသည်။ သူ့နောက်ကျော သူမမြင်ရသောကြောင့် မှန်ရှေ့ ပြောင်းပြန်ရပ်ပြီး ခေါင်းငဲ့ကြည့်ရတာလဲ ဇက်နာသည့် အထိပင်။ နောက်ဆုံး ဇက်နာတော့မှ အခန်းထဲမှထွက်၏။ CNN သတင်းများတွင် တွေ့တွေ့နေသော […]


Phaung PhaungMarch 24, 20121min3658
ဟာသလေးတွေပါ…………… 🙂 ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ။ ရယ်စရာ(1) အင်မတန်ချောမောပြီး ယောက်ျားပီသတဲ့ လူတစ်ယောက်ကိုတွေ့ရင် မင်းဘာလုပ်မလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးတယ်။ ခင်ဗျားကိုလည်း ကျွန်တော်က အဲဒီမေးခွန်းပြန်မေးချင်တယ်။ ကျွန်တော့်အဖြေလား။ ခင်ဗျားစိတ်ဝင်စားရင် ပြောပြမယ်။ အဲဒီလူကို ကျွန်တော်သေသေချာချာကို စိုက်ကြည့်မယ်။ ကျွန်တော့်မျက်လုံးတွေ ဘယ်ကိုမှ မရွှေ့ဘဲ အဲဒီလူကို စိုက်ကြည့်နေမယ်။ စိတ်ထဲမှာလည်း အတော်ကို ဥပဓိရုပ်ကောင်းတဲ့လူပါလားဆိုပြီ း ချီးကျူးနေမယ်။ ဒီလူလောက်ချောမောပြီး ယောက်ျားပီသတဲ့လူ ဒီကမ္ဘာပေါ်မှာ ရှိမှရှိပါ့မလားလို့လည်း တွေးနေမယ်။ ပြီးရင် ကျွန်တော်ပြုံးပြမယ်။ ထပ်ပြီးပြုံးဦးမယ်။ အဲ… အဲဒီလူကိုစိုက်ကြည့်နေရတာ အတော်လေးကို ကျွန်တော်ပင်ပန်းသွားပြီဆိုပါတော့ဗျာ။ ဘာလုပ်မလဲ… ဟုတ်လား။ ဘာလုပ်ရမလဲဗျ။ ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ မှန်ကို အောက်ချရတော့မှာပေါ့။ မှန်ကို ကျွန်တော်အကြာကြီး ကိုင်မထားနိုင်ဘူးလေဗျာ။ ရယ်စရာ(2) အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ […]


nyiminsattMarch 23, 20121min2769
အားလုံး ပဲ မင်္ဂလာပါ……. ပထမဦးစွာ ကျွန်တော်ပြောခြင် တာ က ဒီ post  ဟာ  ကျွန်တော် ရဲ့ ပထမ ဦးဆုံးဖြစ်ပြီး မရေးတတ် ၊ ရေးတတ် ဖြင့် စရတာ ဖြစ်လို့ အားလုံးသော စာဖတ် ပရိတ်သတ်များ၊  နောင်တော့် နောင်တော်များ အားလုံး  အမှား အယွင်း များပါရှိ ခဲ့ ရင် ခွင့်လွှတ် သည်းခံ ဖတ်  ပေး ပါ ရန်။ ကျွန်တော် တို့ရဲ့  အမိ မြန်မာ ပြည်ကြီး ကို ကျွန်တော် အပါ အဝင် မြန်မာ နိုင်ငံ သား အား လုံ ချစ်မြတ်နိုး ကြမှာပါ။ အကြောင်း အမျိုးမျိုးကြောင့် […]


etoneMarch 20, 20121min49523
မသန်စွမ်း လူငယ်များအတွက် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ် http://www.myanmar.mmtimes.com/2012/news/561/news14.html ယမုံဖူးသစ် အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ – ၂၂ ၊ ၃၊ ၂၀၁၂) မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု နှင့် အတွေးအခေါ်စွမ်းရည် မြင့်မားလာ စေရန်ရည်ရွယ်၍ အမျိုးသားအဆင့် မသန်စွမ်း လူငယ်များခေါင်းဆောင်မှု မြှင့်တင်ရေးသင်တန်းကို ပထမဆုံး အကြိမ်အဖြစ် ယခုလ ၁၂ ရက်နေ့မှ စတင်ခါ သုံးပတ်ကြာဖွင့်လှစ်သွား မည်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အစီအစဉ် ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။ အဆိုပါသင်တန်းကို အဖွဲ့၏ရုံးချုပ် ရှိသော အလုံမြို့နယ်ဖွင့်လှစ်နေပြီး ခေါင်းဆောင်မှုပညာ၊ အဖွဲ့အစည်းစီမံ ခန့်ခွဲမှုပညာနှင့် မသန်စွမ်းသူများနှင့် ပတ်သက်သည့် တိုးတက်ပြောင်းလဲလာ သော အတွေးအခေါ်အယူအဆများ အပါအဝင် ဘာသာရပ်ပေါင်း […]


တဖြည်းဖြည်း နည်းပါးလာသော စာကြည့်တိုက်ရှိ စာအုပ်ဗီဒိုကိုကြည့်ရင်း စိတ်ပျက်လာမိသည်။ စာအုပ်လာငှားပြီး ပြန်လာမအပ်သော လူများကိုလည်း သူ မအံဩချင်တော့ပေ။ ပြန်လာအပ်သော စာအုပ်များကိုလည်းကြည့်လိုက်ဦး။ အဖုံးမရှိတော့သော၊ အထဲက စာရွက်များ စုပ်ပြဲနေသော၊ ဟိုတစ်ရွက် ဒီတစ်ရွက် တစ်ပိုင်းတစ်စ ဖြဲထားသော စာအုပ်များက များတထက်များလာသည်။ စာကြည့်တိုက်ထားရခြင်း ရည်ရွယ်ချက်သည် ကုမ္ပဏီရှိ ဝန်ထမ်များ အတွေးအမြင် ဗဟုသုတရရှိစေရန်က အဓိက အချက်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် မွေ့လျော်စေရန်၊ စာအုပ်များမှပေးသော အသိပညာ၊ အတတ်ပညာ၊ တွေးဆ ဆင်ခြင်ခြင်းအနုပညာများ ရရှိစေရန်အလို့ငှာ ထားရှိပေးခြင်းဖြစ်ပါသည်။ အပျော်ဖတ် စာအုပ်များမှ စပြီး ကာတွန်း၊ အချစ်ဝတ္ထု၊ သုတ၊ရသစာအုပ်များ၊ တက်ကျမ်းများ၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ အဆုံး စုံလင်စွာ ထားရှိခဲ့သည်။ သို့သော် ထို […]


alinsettMarch 18, 20121min79717
ကျွန်တော်…ချစ်သော…အမေ… ကျွန်တော့် ဘဝမှာ… အမေ နှစ်ယောက် .ရှိပါသည် ။ ပထမ အမေသည်..ကျွန်တော့်ကို မွေးဖွါးသန့်စင်ပေးခဲ့သော…မွေးမေမေ ဖြစ်သည်။ မေမေ့ကို ကျွန်တော်..ချစ်သည် ။ ကိုးကွယ်..သည် ။ မေမေသည်… ကျွန်တော့် ဘဝ ဖြစ်သည် ။ အဲသည်..မေမေ အပြင်..နောက်ထပ် အမေတစ်ယောက် ထပ်..ရှိလာပါသည် ။ ဒုတိယ…အမေ…။ သို ့သော်…..ထိုမေမေသည်….ကျွန်တော် တစ်ဦးတည်း ၏ အမေ မဟုတ်ပါ ။ ကျွန်တော်တို ့တိုင်းပြည်..လက်ရှိ မျိုးဆက်….လူငယ်များ..အားလုံး၏ အမေ လည်း..ဖြစ်ပါသည် ။ ထိုအမေ..ကို အမေစု…ဟု ခေါ် ရုံဖြင့်….တစ်ကမ္ဘာလုံးမှ..သိကြပါသည် ။ အမေ့ ဂုဏ်သတင်း.၊ အမေ့…တည်ကြည်မှု..၊ အမေ့ ငြိမ်း ချမ်းရေးနှင့် …အမေ့ ဇွဲ သတ္တိ…တို ့ကို…အားလုံးက […]


ကထူးဆန္းMarch 17, 20121min88163
ဘယ်လိုလုပ်ရပါ့မလဲရှင်ရယ် ။ ကျွန်မ ခေါင်းတွေလည်းပူ ၊ ရင်တွေလည်းပူနဲ့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး ။ မသိပေမဲ့လည်း ကျွန်မ ဆုံးဖြတ်ချက်ချရတော့ မှာပါ။ ဒီရေကိုတော့ မသိပေမဲ့ အချိန်ဆိုတာ လူကို မစောင့်ဘူးဆိုတာတော့ အရမ်းကို စိတ်ညစ်စရာ ဖြစ်နေရပါတယ် ။ နာရီစက်တံများ ရပ်လို့ ရရင် ရပ်ထားချင်လှပါတယ် ။ ဒါမှ လကုန်ရင် ဒီအိမ်ပေါ်က ဆင်းပေးရမယ်ဆိုတဲ့ အချိန်ဆီကို မရောက်အောင်ပေါ့ ရှင်ရယ်။ ရှင် ။ ဟုတ်ကဲ့ ။ကျွန်မ အသက် အခု ၂၂ နှစ်ရှိပါပြီ။ ကျွန်မ အကြောင်းလား နဲနဲ ပြောပြပါ့မယ်ရှင် ။ ကျွန်မ ပညာရေး ကံခေခဲ့ပါတယ် ရှင်ရယ်။ စာတော်တဲ့ ကလေးမ လေးရယ်လို့ ငယ်ငယ် […]


alinsettMarch 16, 20122min81120
၁ ။ ပါးစပ်သေနက် မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ — တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် ) ၂။ မျက်စောင်း အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊ အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ —- (ရောစွပ်မျက်စောင်း ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – […]


Khaing KhaingMarch 16, 20121min68955
ဒီနေ့မနက် ရုံးလာခါနီ သနပ်ခါးကို ကံ့ကော်ဝတ်ဆံမှုံလေးတွေနဲ့ရောကာ အားရပါးရသွေးပြီး လိမ်းခါနီး အတွေးတစ်ခုဝင်လာတယ် …. ဒီနေ့ သနပ်ခါး အကြောင်းလေးတစ်ခုကို ရွာသူရွာသားတွေကို ပြောပြချင်လာတယ် ….. သနပ်ခါးအကြောင်း ဆိုတာထက် ကျွန်မကြိုက်နှစ်သက်တဲ့အကြောင်းကို ပြောချင်တာပါ ……… အိမ်မှာ မေမေက ကံ့ကော်ပွင့်ချိန်ဆို နှစ်တိုင်းလိုလို ကံ့ကော်ပန်းတွေကို ဘုရားတင်လေ့ရှိတယ်…  ဘုရားမှ စွန့် ပြီးရင် အခြောက်ခံပြီး ကျွန်မတို့သနပ်ခါးလိမ်းချိန်ဆို ဝတ်ဆံမှုန်လေးကို အရင်သနပ်ခါးတုန်းနဲ့ မှုန့်ညက်အောင်ကြိတ်ပြီးမှ ရေထည့်ပြီးသွေးလိမ်းလိုက်တယ် … ကံ့ကော်ဝတ်ဆံမှုန်လေးတွေနဲ့သွေးထားတဲ့သနပ်ခါးကို မျက်နှာပေါ်ကို စလိမ်းချိန်မှာ ရရှိလိုက်တဲ့ မွှေးရနံ့ကြောင့် ကျွန်မစိတ်ထဲ အရမ်းကိုစိတ်ကြည်နူးလန်းဆန်းမိတယ် ……. အခုစာရေးနေချိန်မှာတောင် ကျွန်မမျက်နှာက သနပ်ခါးနံလေးတွေရနေတာကြောင့် စာရေးတာကို ပိုမိုအားဖြည့်ကူညီသလိုဖြစ်မိတာအမှန်ပါ …. ကျွန်မ ရ တန်းကျောင်းသူဘဝတုန်းက  ကျွန်မကျောင်းသွားဖို့အချိန်ကို ၂နာရီလောက်ယူရတယ် …. […]