အာဂApril 10, 20121min214135
“ဒီမှာ ခင်ဗျားကို….ဟာဗျာ ရှင်းရှင်း ပြောရရင် ခင်ဗျား မျက်နှာကို အခုလိုရေနဲတောင် မဟုတ်ဘူး အက်စစ်နဲ့ပက်ချင် တာဗျ.။” “ဘာဖြစ်လို့လဲ” “ဘာဖြစ်ရမှာလဲဗျ။ ကျွန်တော့်ဘဝ တစ်လျောက် လုံးခင်ဗျားကိုမုန်းခဲ့တာဗျ။” သူကြီးက သူ့နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း သူကို ဘဝတစ်လျောက်လုံးမုန်းတယ်ဆိုတဲ့ လူငယ်တစ်ယောက် ရှိတဲ့အပေါ် အံဩမှင်သက်မိပြီး ထူးဆန်းသောမျက်လုံးများဖြင့်။ “ဘာလို့မုန်းရတာလဲကွာ။ငါဘာလုပ်ခဲ့မိလို့လဲ” သူကြီးရဲ့ စကားများက ကျွန်တော့်အတွက် အတိတ်ကိုပြန်လည်တွေးတောမိပြီး နာကြည်းသလိုလိုခံစား ရလာသည်။ထို့အတူ ကျွန်တော့်ခံစားချက်များလည်း ပြန်လည်ပေါက်ကွဲလွင့်စင်ကုန်၏။ “ဟာ …..ဘာလို့မုန်းရတာလဲ ဟုတ်လား၊ ခင်ဗျား…..ခင်ဗျား… ဗျာ။” “ တောက် ခင်ဗျားပေးမဲ့ ငွေတစ်သိန်း…” “အေးလေ အခုဆိုရင် ဘီယာ တစ်ဗူး ဖိုးလောက်ပဲတန်ဖိုး ရှိတဲ့ငွေအတွက် ကျွန်တော့် အမေ နွယ်ပင်နဲ့ အဖေ အာဂ တို့ မစားနိုင်မသောက်နိုင် […]


အာဂApril 10, 20121min42527
“ဗွမ်း” မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကာလဖြစ်သည်။ ကျွန်တော် ခွက်စောင်းလေးဖြင့်နာအောင် ပက်လိုက်မိ သူမှာအခြားမဟုတ် အမေရိကားပြန် သူကြီးမင်း မစ္စတာခိုင် ဖြစ်နေသည်။ သို့သော်သူကြီးက တော့ ကျွန်တော့်ကို သိမည်မထင်။ “ဗွမ်း” သူကြီးမင်းက ခွက်စောင်းခုတ်ခံလိုက် ရသောကြောင့်ဒေါသစိတ်ဖြင့် သူရဲ့ နေကာ မျက်မှန်ကို ခပ်ဆတ်ဆတ် လေးချွတ်လိုက်ရင်း။ ဒေါသမျက်ဝန်းတွေဖြင့် ကျွန်တော့်အားကြည့်ကာ။ “မင်းဘယ်လိုလုပ် လိုက်တာလဲကွ” သူကြီးရဲ့လေသံထက် ဒေါသသံသက ပိုမိုပြင်းထန်နေသည်။ “ဒါသင်္ကြန်ပဲလေ ခင်ဗျား အမေရိကားမှာ ဘယ်လောက်အနေကြာကြာဗျာ။ ဒါက ကျွန်တော်တို့ မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်ပဲလေဗျ။ ဒီကိုလာရင် ဒီလို ရေပက်ခံရမှာပဲ ဆိုတာခင်ဗျားမသိ ဘူးလား။” ကျွန်တော် ကလည်း ခပ်ပြတ်ပြတ်နှင့် ဘုပြန်တောလိုက်သည်။ ကျွန်တော် ပြောတဲ့ စကားများကို သူကြီးက သူမျက်နှာကိုရေသုတ်လိုက်ရင်း […]


သူရႆဝါApril 9, 20121min9672
(၁) မနေ့ညက ညဉ့်နက်မှ အိပ်ယာဝင် ခဲ့သော်လည်း ဒီမနက် အစောကြီး ပြန်နိုး၍ လာခဲ့သည်။ သူ့အကျင့်က ဒီလိုပါပဲ။ လုပ်လက်စ အလုပ်တာဝန် တစ်ခု မပြီးပြတ် သေးလျှင် ဘယ်တော့မှ အခြားအရာများ အပေါ်တွင် စိတ်အာရုံ လွှဲမထားတတ်။ ထို လုပ်လက်စ အလုပ်ကိုပဲ အမြန်ဆုံး ပြီးစီးအောင် လုပ်ဖို့ဆိုသည့်စိတ်က သူ့ကို အချိန်ပြည့် စိုးမိုး နေတတ်သည်။ သူ ဝတ္ထုတစ်ပုဒ် ရေးနေခြင်း ဖြစ်၏။ မနေ့ညက လူခြေတိတ်သည့် ဆယ်နာရီလောက် မှစပြီး သူ စာရေးခြင်း အလုပ်ထဲ ဈ ာန်ဝင်စား နေခဲ့သည်။ စာရေးနည်း ပရိယာယ်ကို အတော်အတန် ကျွမ်းကျင်သူ ဖြစ်သည့်အတွက် ဝတ္ထုကို အစပျိုးပြီး ရေးသားရခြင်းမှာ သူ့အတွက် အခက်အခဲ […]


marblecommetApril 8, 20121min2279
သူတို့ဟာ ကျိန်စာတစ်ခု မိနေခဲ့ပြီလား လို့ တွေးရမလို ဖြစ်နေခဲ့ပါပြီ။ မမြင်ကွယ်ရာက အကြောင်းတရားတစ်ခုခု သူတို့ကို ဒုက္ခပေးနေတယ်လို့ ယူဆရတော့မယ့် အဖြစ်ဆီကို ဦးတည်နေသလိုလိုပေါ့..။ အရင်ကတော့ သူတို့ ဟာ ဘယ်တော့မဆို ထိပ်တန်း အံ့ဩဖွယ်အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာနဲ့ ပရီးမီးယားလိဂ်မှာ ဖျော်ဖြေမှုရသ အပေးနိုင်ဆုံးအသင်းတစ်သင်းဆိုတာ တစ်လောကလုံးသိထားကြပါပေရဲ့….။ ဒါပေမဲ့ သူတို့ဟာ အကောင်းဆုံးအရှုံးသမား၊ အကောင်းဆုံး ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဘယ်တောင် ကြာခဲ့ပြီလဲ ။ ဒီတော့ ဘောလုံးပွဲတစ်ပွဲရဲ့ သာမန်အကြောင်းတရား ၊ သမားရိုးကျ ရှုထောင့်ကနေ ဖောက်ထွက်သွယ်ဖယ်ပြီးတော့ပဲ ကြည့်ရတော့မလို ဖြစ်နေခဲ့ပြီမဟုတ်လား …….။ တစ်ချိန်ကတော့ သူတို့ဟာ `ဟိုက်ဘူရီးတောင်ကုန်းမှာ ခြေကုတ်စခန်းယူပြီး အရပ်လေးမျက်နှာကို တစ်ချိန်လုံး ပစ်ခတ်ထိုးစစ်ဆင်နေခဲ့တဲ့ ကမ္ဘာကျော် အမြောက်တပ်ဖွဲ့ တစ်ဖွဲ့ပါပဲ။ ပြိုင်ဘက်အသင်းကစားသမားတွေရဲ့ နှလုံးသားကို […]


San Hla GyiApril 7, 20121min83731
ဦးအောင်ဇေယျဟာ ၁၇၅၃မှာအင်းဝကိုသိမ်းပြီး ၁၇၅၅နှစ်ဦးမှာ ပြည်ကိုသိမ်းပါတယ်။ ပြည်တိုက်ပွဲအပြီးမှာ အင်္ဂလိပ်တွေက အလောင်းဘုရားထံကို သံတမန်အဆက်အသွယ် စလုပ်ပါတယ်။ ဘယ်သူနိုင်မယ်ဆိုတာသူတို့အနေနဲ့သေချာသွားပါပြီ။ စစ်ပွဲဖြစ်စတုန်းကတော့ ပြင်သစ်တွေက ဟံသာဝတီတပ်တွေဘက်က ကူပြီးအင်္ဂလိပ်တွေက အခြေအနေကို စောင့်ကြည့်ပြီးနေကြပါတယ်။ ၁၇၅၅ မေလမှာရန်ကုန်မြို့ကို သိမ်းပါတယ်။ ၁၇၅၆မှာ သံလျှင်နဲ့ဟံသာဝတီကို သိမ်းပါတယ်။ ၁၇၅၆မှာပဲ ရှမ်းပြည်နယ်အားလုံးနဲ့ ဇင်းမယ်ကလည်း အလောင်းဘုရားထံမှာ သစ္စာခံပါတယ်။ မြန်မာတွေလက်လွှတ်လိုက်ရတဲ့တနင်္သာရီကိုလည်း ပြန်ရပါတယ်။ ဦးအောင်ဇေယျဟာ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံကတည်းက အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတဲ့ မြန်မာနိုင်ငံတော်ရဲ့နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ။ ၁၇၆ဝမှာ အလောင်းမင်းတရားဟာ ယိုးဒယားက ိုချီတက်ပါတယ်။ ၁၇၆ဝဧပြီလမှာ အလောင်းဘုရားဟာ အယုဒ္ဓယမြို့ကြီးက ိုဝန်းရံပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျဟာ အယုဒ္ဓယမြို့က ိုအပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ယိုးဒယားတေ ွလက်နက်ချကာနီးဆဲဆဲနာမကျန်းဖြစ်လို့မြန်မာတပ်တွေပြန်ဆုတ်ကြပါတယ်။ သထုံနယ်ကင်းရွာမှာ အလောင်းဘုရား နတ်ရွာစံပါတယ်။ နတ်ရွာမစံခင်မှာ အလောင်းမင်းတရားကသားတော်များလက်ညှိုးတိုရှည်ကဲ့သို့ညီနောင်စဉ်ဆက်ထီးနန်းဆက်ခံရမယ်လို့မှာခဲ့ပါတယ်။ ဒီမှာတမ်းဟာနောက်ပိုင်းကုန်းဘောင်ခေတ်နန်းလုပွဲများဖြစ်လာစေခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျကတော့သူ့သားတော်၆ပါးစလုံးအပေါ်မှာဖခင်တဦးအနေနဲ့မျှမျှတတဖြစ်စေချင်တယ်ထင်ပါတယ်။ […]


marblecommetApril 6, 20121min56944
ခေး……. သက်တန့်ကို လက်ညှိုးလေးနဲ့ ထိပြီး ကွေးဝိုင်းကြည့်တဲ့အခါ မင်းမျက်နှာကလေး ပေါ်လာတယ် . . .။ ကိုယ့် အိပ်မက်ထဲမှာ နှင်းဆီနက်တွေနဲ့ အသဲအသန် တိုက်ခိုက်ရလေ့ရှိတဲ့အခါ  ကိုယ့်ကို လာရောက်ကယ်တင်သူဟာလည်း ခေးပါပဲ….။ ဟုတ်တယ်ခေး……။ ကိုယ်ဟာ အရာရာမှာ ခေးရဲ့စောင့်ရှောက်မှုကို ခံနေရတယ်ဆိုတာ မင်းလေး မင်းလေး နည်းနည်းမှ  မရိပ်မိဘူးလား……။ ကိုယ်တို့ လေညှင်းတွေကို တန်ဖိုးထားရအောင်….။ ကိုယ်တို့ ဘဘာဝတရားကို တန်ဖိုးထားရအောင်…..။ ကိုယ်တို့ ပကတိ ရိုးဂုဏ်အလှကို တန်ဖိုးထားရအောင်ခေး…။ လေတဟူးဟူး တောင်ကုန်းပေါ်မှာ ကိုယ်တို့အငေး ပြိုင်ရအောင်….။ တောကြီး ဝင်္ကပါ ကမ္ဘာကြီးထဲက ကိုယ်တို့တွေ တိတ်တိတ်ကလေး ခိုးထွက်လာရအောင်ပါခေး…။ မရေရာမှု(၁)။       ။ ရင်ခုန်သံ တုန်လှုပ်နေတဲ့ ရမ္မက် မီးသင်္ဘောလေးဟာ အပြာရောင် မီးတောက်လေးကို […]


TTNUApril 5, 20121min58944
ကျမဒီလမ်းထဲပြောင်းလာတာမကြာသေးပါဘူး။ တစ်နေ့တော့ ရုံးကပြန်အလာ ကားမောင်းကွေ့အဝင် ကျမတို့ အိမ်နီးချင်းတစ်ဦးရဲ ့အိမ်ရှေ ့ လမ်းဘေးမှာ အပြာရောင်တောက်တောက် ပုံးတစ်လုံး ကိုတွေ့လိုက်မိပါတယ်။ ကားအရှိန်လေးလျှော့မောင်းရင်း ဘာမှာပါလိမ့်လို့ လှမ်းကြည့်မိပါတယ်။ အဝါရောင် ဝင်းမှည့်စိုရွှမ်းနေတဲ့ ရှောက်သီးတွေပါ။ အလုံးလှလှကြီးတွေပါ။ ပိုစိတ်ဝင်စားစရာကောင်းတာက လက်ရေးနဲ့ရေးထားတဲ့ စာရွက်လေးတစ်ရွက်ကို တုတ် တစ်ချောင်းမှာချည်ပြီး ပုံးထဲမှာထောင်ထားပါတယ်။ ရေးထားတာကလည်းနှစ်လိုဖွယ်ရာ။ “အခမဲ့ပါ။ နှစ်ခြိုက်ရင်ယူသွားပါ” ….တဲ့။ ဒါနဲ့ ကျမလည်း အရည်ရွှမ်းရွှမ်းနှစ်လုံးလောက်ယူခဲ့ပါတယ်။ စိတ်ထဲမှာလည်း ဒီ မိတ်ဆွေရဲ ့ ရက်ရောမှု စေတနာပြသမှုလေးတွေ တွေးကြည့်ရင်နဲ့ အလိုလိုပျော်နေမိပါတယ်။ နာရီတော် တော်ကြာကြာကို တွေးနေမိတာရှင့်။ ညပိုင်းစားသောက်ပြီးတော့ ကျမ စိတ်ထဲ ချက်ချင်းတစ်ခုခုလုပ်ချင်စိတ်ပေါက်လာပြီး အလုပ်စားပွဲမှာထိုင်လိုက်ပါတယ်။စာရေးစက္ကူအုပ်ကိုဆွဲယူလိုက်ပြီးအကောင်းဆုံးအလှဆုံး လက်ရေးနဲ့ ကျေးဇူးတင်စာတစ်စောင် စတင်ရေးနေမိပါတော့တယ်။ ကျမ စာအိပ်ထဲမထည့်ခင် တစ်ခေါက်ဖတ်လိုက်သေးတယ်။ ကျမရဲ […]


alinsettApril 3, 20121min74723
ဝမ်းနည်းစရာကောင်းတဲ့ ညနေခင်းတစ်ခုကို ဖန်ဆင်းပေးခဲ့လို ့… နင့်ကိုငါ….ကျေးဇူးတင်ပါတယ် ဟာ…..။ ယောကျာ်းတန်မဲ့.. နာကျင်စရာ.စိတ်ဒဏ်ရာ..ရတိုင်း..ငိုကြွေးတတ်တာ..၊ ငါ့ အားနည်း ချက်ပါ ။ ယောကျာ်းတစ်ယောက်အနေနဲ့…မျက်ရည် မကျသင့်ပေမယ့်…. နင် လမ်းခွဲ ဖို ့ပြောတော့…ငါ မျက်ရည်ကျမိတယ်။ မျက်ရည်ကျတယ်..ဆိုတာ..မိန်းကလေးတစ်ယောက်အတွက်တော့ လက်နက်တစ်ခုကို စနစ်တကျ ထုတ်သုံးတာ ပါ ။ ငါတို ့ ယောကျာ်းတွေ ဘဝမှာတော့ “” မျက်ရည်ကျခြင်း..” .ဆိုတာ.. “”အရှုံးကို ကြောက်ရွံ ့စွာ…ခံစားခြင်း “”သက်သက်ပါပဲ ။ ဒါမေယ့်… ငါ…ငိုပါရစေ….။ ” နောက်ထပ် မပက်သက်တော့ဘူး.”…. ဆိုတဲ့ စကားတစ်ခွန်း အတွက်…ငါ..ငိုပါရစေ..။ မရေရာတဲ့ စွပ်စွဲချက်တွေနဲ ့….ငါ့ကို တိုက်ခိုက်..၊ ငါ့ရင်ကို မီးမြျိုက်သွားတာ…ခံရလို ့…ငါ..ငိုပါရစေ..။ ယောကျာ်းတစ်ယောက် ရဲ ့ […]


Mr. MarGaApril 3, 20121min45413
မြင်းမိုရ်တောင်ခြေရင်း ပင်လယ်ကသစ်ပင်အောက်တွင် အသူရာနတ်မင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည်။ အနီးတွင်ကား အသူရာတို့၏ မှူးကြီးမတ်ရာ သေနာပတိများသည် အသူရာနတ်မင်းကြီး၏ အရိပ်အကဲကိုကြည့်၍ ခေါင်းခြင်းရိုက်ကာ ဆွေးနွေးနေကြလေသည်။ ထိုသို့ အရေးတကြီး ခေါင်းချင်းရိုက်ကာ ဆွေးနွေးနေရခြင်းကား ယမန်နေ့က ကျင်းပခဲ့သော တာဝတိ  ံသာနတ်ပြည် လွှတ်တော်အတွက် ရွေးကောက်သော ရွေးကောက်ပွဲတွင် အသူရာတို့သည် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲသောကြောင့်ပင် အသူရာတို့၏ နတ်ပြည်ပြန်တက်ရန် လမ်းစကလေးမှာ နောက်တစ်ကြိမ် ပျောက်ပျက်ပြန်လေပြီ။ အသူရာတို့သည် ပင်လယ်ကသစ်ပွင့်လေတိုင်း နတ်ပြည်ကို သတိရလေသောကြောင့် အကြိမ်ကြိမ် စစ်မက်ယှဉ်ပြိုင်၍ နတ်ပြည်သို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းသော်လည်း နတ်ပြည် သမ္မတ ဦးမာဃ၏ တပ်တော်များကို မယှဉ်နိုင်သောကြောင့် အကြိမ်ကြိမ်ပင် အရေးနိမ့်ခဲ့လေသည်။ ထိုအတွက်ကြောင့် အသူရာတို့က စစ်မက်ယှဉ်ပြိုင်ခြင်း မပြုလိုတော့ဘဲ တရားမျှတစွာဖြင့် ရွေးကောက်ပွဲလုပ်၍ အရွေးခံနိုင်ရန် […]


etoneApril 3, 20122min37117
      ဒီနေ့မနက်အဆိုတော်လေးဖြူရဲ့ အသည်းကြားက မဲတပြားအကြောင်းရေးခဲ့တဲ့ Envoy News Journalရဲ့ ရေးသားချက်များအပေါ် မှန်ကန်ခြင်းမရှိကြောင်းနှင့် ပြန်လည်ရုပ်သိမ်းစေလိုကြောင်း အတိလင်းပြောကြားခဲ့တဲ့ အဆိုတော်လေးဖြူကို Envoy News Journal က အောက်ပါအတိုင်း တောင်းပန်လိုက်ပါသတဲ့ … ။ အယ်ဒီတာအဖွဲနဲ့ တာဝန်ခံဖြစ်သူတို့ က အနူးညွှတ်တောင်းပန်ပါတယ်လို့ရေးထားသော်လည်း … ဖုန်းနဲ့ ဆက်သွယ်မေးမြန်းသတင်းယူခဲ့တဲ့ … သတင်းထောက်ဖြစ်သူကရော ……….. ……….. ………….. ။ %%%%%%%%%%%%%%%%%%%%% ဒီသတင်းတွေကို ဖတ်ပြီးတော့မှ ဇဝေဇဝါဖြစ်သွားတော့တယ် …. ။ တစ်ဖက်ကလည်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားတာဆိုပြီးရေးတယ် … သို့သော် ကာယကံရှင်ရဲ့ …. ကန့်ကွက်မှုအပေါ်တောင်းပန်တယ် … ။ တစ်ဖက်ကလည်း … သူ့ကိုဆက်သွယ်လာခြင်းမရှိဘူး ၊ […]


Foreign ResidentApril 3, 20121min39125
မီတာခ ကုန်လို့ တဲ့ ။   အဘ သနားလွန်းလို့ တင်မိတာပါ ။ ရက်စက်လိုက်တာ ။ အပျိုပေါက်လေးရဲ့ ဝမ်းနည်းနေတဲ့ မျက်လုံးလေးကြည့်ပြီး စိတ်မကောင်း လိုက်တာ ။ တစ်သက်လုံး သေရာပါ အမာရွတ် ဖြစ်တော့မှာပဲ ။ သူလည်း အမာရွတ် ဖြစ်တော့မှာကို သိပုံ ရပါတယ် ။ သူ့ရဲ့ ဆင်းရဲလှတဲ့ ဘဝ ကို ဝမ်းနည်း နေပုံပဲ ။         မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး ။   (၂၅၊ ၃၊ ၂၀၁၂) ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို ့ ဥဿာမြို […]


နွေဦးApril 2, 20121min49418
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်..။ တောအုပ်ကလေး တခုမှာ တိရစ ္ဆာန်လေးတွေ ငြိမ်းချမ်း စွာ စုပေါ့င်းနေထိုင်ကြသတဲ့ကွယ်..။ အဲဒီတောအုပ်ထဲမှာ ကြံ့ ကြီး တကောင်နဲ့ ဖွတ်အိုမကြီး တကောင်လဲ နေထိုင်သတဲ့ကွယ်..။ ကြံ့ကြီးဟာ တောထဲက သစ်ပင်တွေ စားပင်တွေကို သူ့အင်အားနဲ့ တိုက်လှဲပြီး အကုန်စားသုံးပစ်သတဲ့ကွယ်..။ဖွတ်မကြီး ဆိုလဲ မြေအောက် တွင်းတွေတူးပြီး ရသမျှ စားပစ် သတဲ့ကွယ်..။ တောထဲနေကြတဲ့ သတ္တဝါလေးတွေက နေစရာ မရှိ စားရမဲ့ သောက်ရမဲ့ ဖြစ်နေကြသတဲ့ကွယ်..။ ကြံ့ကြီးနဲ့ ဖွတ်မကြီး တို့က အမြဲ နှိပ်စက်သမျှ ဒုက္ခပေးသမျှကို ခံနေရရှာသတဲ့ကွယ်..။ သတ္တဝါလေးတွေမှာ အားကိုးရာမဲ့ပြီး ရှိသမျှအင်အားလေးတွေနဲ့ တွန်းလှန်ကြပေမဲ့ အင်အားက မမျှတော့ အမြဲတမ်း နှိပ်စက်ခံရ အရှုံးပေး နေကြရတာပေါ့ကွယ်..။ ဒီလိုအချိန်မှာ ဟိုးအဝေးကြီးမှာရှိတဲ့ တောအုပ်ကြီးကနေ […]